ငပေါဦးတည်ချက် ၄-ရပ်
* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။
Thursday, January 21, 2010
လျှောက်လွှာ လက်ခံခြင်း (၂၈)
အမည်...=လက်လက်တောက် (အိမ်ကလူတွေကတော့ ကျက်သရေတုံး လို့ အနော့်ကို ခေါ်ကြတယ်) (ယုံ၏)
အသက်..= အမေကပြောတော့ အနော်က ငယ်သေးတယ်တဲ့ ။ (အသက်မေးရင် စိတ်ဆိုးမှာနော်... ဟွန်း ပြောဘူး အသေသတ်ချင်သတ်)
အလုပ်အကိုင်= ၁၀၉ ၁၁၀ လည်ရာပြန်စားရေး (သင်တန်းပေါင်းစုံ လျှောက်တက်နေပါသည် )
                      မှတ်ချက်။  ။ အထင်မကြီးပါနှင့် အောင်လက်မှတ်တောင် တစ်ခုမှ မရှိပါ...။
(ထောက်ခံပါသည်။ သေချာ စစ်ဆေးထားသောကြောင့်)
ပညာအရည်အချင်း= အလှူအိမ်တွင် ဖိနပ်အသစ်များ ခိုးတတ်ခြင်း ၊ လူမသိအောင် အီးပေါက်တတ်ခြင်း ။
                              (သင်တန်းပေးနေပါသည် ။ ၃လပြတ် အထူးရှယ် )
ဝါတဏှာ= ကောင်လေးချောချောလေးများ မြင်ရင် ပိုးစိုးပက်စက် အငမ်းမရ (သွားရည်တမြားမြား ) လိုက်ငမ်းတတ်ခြင်း ။
(ဒါကြောင့် ကျွန်တော် သဘာပတိ ရှောင်တိမ်းနေရခြင်း ဖြစ်သည်။)
အားနည်းချက် = အလွန် ပက်ပက်စက်စက် ချောမောလှပခြင်း ။
                         (အမေက ရေညှိဖင်ထိုင် ငါးရှဥ့်ကိုင်မွေးပြီး တရော်နဲ့ဆေး ကော်ရည်ကျွေးထားသောကြောင့် အလွန်ချောကြောင်း ထောက်ခံပါသည်) 
( လျှောက်လွှာတွင် လိမ်လည် ဖြေဆိုခြင်း ခွင့်မပြု။ )
လျှောက်ထားလိုသောရာထူး = အတင်းတပ်ဖွဲ့ ၀ံဂျီးဂျူပ် ။ (ဒါတော့ ခွင့်ပြု၏။)
ရရှိလိုသောလစာ = ဘီလ်ဂိတ်လောက် ချမ်းသာရင် တော်ပါပြီ ။ 
(လစာက နည်းလိုက်တာ သန့်ရှင်းရေး အဆင့်လောက်ပဲရှိတယ်)
လက်မှတ်
ငတိ
Sunday, January 17, 2010
ကူးသန်းဝံဂျီးထုတ်ပြန်ချက် ၁ နှစ်ပိုင်းတစ်ပိုင်း မြင်းဇောင်း ၂၀၁၀..
ကူးသန်းဝံသည် ဂေဟာတွင်း စည်းကမ်းတင်းကြပ်သည့် ဥပဒေတစ်ရပ်ပြဋာန်းလိုက်သည် ။
ငပေါဂေဟာမှ ကူးသန်းရောင်းဝယ်ရေးဝံဂျီးပေါညီသည် ဂျပန် နိုင်ငံသို့အလည်အပတ်ရောက်ရှိပြီးနောက် ဂျပန်နိုင်ငံရှိ ပေါကူဆာခေါ်ဂိုဏ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှိပ်စက်ပြီး
၎င်းတို့၏ စည်းမျဉ်းများကိုလေ့လာမှတ်သား ခဲ့ပါသည်။ ဂေဟာတွင်း ပိုစ့်မတင် သူများအား ၄င်းပေါကူဆာဂိုဏ်းများ၏ အပြစ်ပေးပုံများနှင့် အပြစ်ပေးကာစည်းကမ်းတင်းကြပ်တော့မည်ဖြစ်ပါကြောင်း ..........
စစ်ဆေးခြင်း
တစ်လတွင်းပိုစ့်တစ်ပုဒ်မတင်သူမျ
ားအားရှေးဦင်္းစွာအောက်ပါအတိုင်းစစ်ဆေးပါမည် ။
စစ်ဆေးခြင်း ၊ အပြန်အလှန်စစ်ဆေးခြင်း၊အမှားစောင့်စစ်ဆေးခြင်း၊အမှားထောက်စစ်ဆေးခြင်း၊
သက်သေပြစစ်ဆေးခြင်း၊ကြက်ခြေခတ်စစ်ဆေးခြင်း၊တိုက်ဆိုင်စစ်ဆေးခြင်း၊အယုံသွင်းစစ်ဆေးခြင်း
အချိန်အမှားထောက်စစ်ဆေးခြင်း၊နေရာအမှားထောက်စစ်ဆေးခြင်း၊အရေအတွက်အမှားထောက်စစ်ဆေးခြင်း၊
(အောင်မငီး .. မောလိုက်တာနော်) လူခွဲစစ်ဆေးခြင်း၊ခြောက်လှန့်စစ်ဆေးခြင်း၊စိတ်ဓါတ်ချစစ်ဆေးခြင်း
အသံတိတ်စစ်ဆေးခြင်း၊အမှားသရုပ်ပြစစ်ဆေးခြင်း၊အယောင်ဆောင်ပုံပြစစ်ဆေးခြင်း၊အနံဆိုးပေး၍စစ်ဆေးခြင်း၊
အဆိပ်ရှိသတ္တ၀ါများနှင့်စစ်ဆေးခြင်း တို့ဖြင့်စစ်ဆေးပါမည် ။
၎င်းစစ်ဆေးနည်းများဖြင့် စစ်ဆေးနည်းတစ်ငှက္ကဥ ၊ ငတိ ၊ နယက ၊အမှုရှောင် ၊ ထောက်ချုပ် ၊ တွင်း ၁/၂  တို့ကအလှည့်ကျ စစ်ဆေးပေးရန် ။ ထိုသို့လူဂျီးမြင်းများစစ်ဆေးပြီးသော်လည်း ကျေနပ်အားရဖွယ်ကောင်းသောအဖြေမျိုးမရရှိပါကကျန်ဝံဂျီးများကဆက်လက်၍အထက်ပါအစီအစဉ်အတိုင်းစစ်ဆေးပါမည် ။(မှတ်ချက် - အထက်ပါနည်းအတိုင်းတစ်ခုမကျန်စစ်ဆေးရမည် ၊ မစစ်ဆေးပဲဒါဏ်ပေးခြင်းမပြုလုပ်ရ)
ထိုသို့စစ်ဆေးပြီးပိုစ့်မတင်ကြောင်းသေချာပါက ..
၁) တစ်လအတွင်းပိုစ့်မတင်သူများအား ဆံပင်လက်တစ်ဆစ်ဖြတ်ခြင်း (သို့ ) လက်သည်းညုပ်ခြင်း ။
၂) နှစ်လအတွင်းပိုစ့်မတင်သူများအား နောက်ထပ် ဆံပင်လက်နှစ်ဆစ်ထပ်ဖြတ်ခြင်း ။
၃) ၅လ အတွင်းပိုစ့်မတင်သူများအား မျက်ခုံးမွှေးတစ်မွှေးတိတိအားရိတ်ပစ်ခြင်း ။
၎) ၆လ အတွင်းပိုစ့်မတင်သူများအား ကတုံးတုံးခြင်း ။
၅) တစ်နှစ်အတွင်းပိုစ့်မတင်သူများအား နှာခေါင်းမွှေးညုပ်ခြင်း ၊ နှုတ်ခမ်းမွှေး တစ်ဝက်တိတိညပ်ခြင်းများပြုလုပ်တော့မည်ဖြစ်ကြောင်း ။
ထို့နောက် စည်းကမ်းမလိုက်နာသူများအား ဂေဟာအတွင်းတွင် ပုဂံဆေးခြင်း ၊ တံမြက်ဆီးလှည်းခြင်း စသည်ဖြင့် အလုပ်ချောနှင့် ထောင်ဒဏ်ချမှတ်တော့မည်ဖြစ်သည် .. ထိုသူများအားမထွက်ပြေးစေရန် ခြေထောက်နှစ်ဖက်လုံးတွင် နို့ဆီဗူးခွက်များအားချည်ထားခြင်းလည်ပင်းတွင် အုန်းသီးခြောက်ဆွဲထားခြင်း .. တို့ကိုပြုလုပ်သွားမည်ဖြစ်ကြောင်း ။
ချွှင်းချက် ။       ။ ထိုသို့မပြုလုပ်လိုပါက ကျောက်စာပေါ်တွင် ပျူ ၊ မွန် ၊ ရိုမန်စ့် ၊ သကရ စသည့်ဘာသာစကားများဖြင့်
စည်းကမ်းလိုက်နာသူများအတွက်လည်း အစီအစဉ်ချမှတ်ထားပါကြောင်း .. ........... အထက်လူဂျီးများ၏အမိန့်များကိုသဝေမတိမ်း တစ်ခါလိုက်နာနိုင်လျှင် လခကိုတစ်လလျှင် မြန်မာငွေတစ်ပြားနှုန်းတိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ကြေငြာအပ်ပါသည်ခင်ဗျား...........
မှတ်ချက် ။                  ။ ထောက်ခံသူများအား အီတီယိုးပီးယားနိုင်ငံမှထုတ်လုပ်သောအစားအစာများတင်သွင်းခွင့် ပါမစ်ချပေးမည်။
ပေါညီကိုယ်တိုင်လက်မှတ်ရေးထိုးမှာစားသည်
            လက်မှတ်
အောက်မှ ရုပ်တည်နဲ့  လက်မှတ်ထိုးလိုက်သည်။
ငတိ