ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Showing posts with label ကျွန်တော်တို့ဂေဟာမှာဗျာ. Show all posts
Showing posts with label ကျွန်တော်တို့ဂေဟာမှာဗျာ. Show all posts

Thursday, May 27, 2010

တိမ်မြုပ်ပျောက်ကွယ်နေသော ကုန်စည်ဖလှယ် နည်းပညာ

တနေ့သ၌ ကျွန်တော် သဘာပတိသည် ငပေါဂေဟာ၏ စည်ပင်ဝဖြိုးနေသည်ကို သိချင်စိတ်ပြင်းပြ၍ ဂေဟာအတွင်းသို့ round လှည့်ရန် အလို့ငှာ ရုပ်ဖျက်ခြင်း အမှုကိစ္စကို ဂေဟာအကျော်အမော် ဖိုးဂျယ်ဖြင့် တိုင်ပင်ကာ ရုပ်ဖျက်၏။ ဘောင်းဘီချွတ်လိုက်သည်။ သို့သော် တောင်ရှည်ပုဆိုး ကျန်ပါသေးသည်။ ထို့နောက် စီးထားသော တရုတ်ပြည်ထုတ် LV ကို ချွတ်က မနေ့က ဝယ်ထားသော ဖိနပ်တွေထဲက ပုံအတုံးဆုံး LV ခြေညှပ်ဖိနပ်ကို ယူလိုက်သည်။ မည်သူမှ မမှတ်မိစေရန် ရည်ရွယ်၍ ဖိနပ်လဲ စီးကာ ရုပ်ဖျက်လိုက်၏။ တွင်း၂ကို ငတိရုပ်ဖျက်ထားကြောင်း မည်သူကိုမှ မပြောရန် ကြိုတင် အမိန့်ချထားလေသည်။

သို့သော် ညက အရက်မူးကာ ငတိကိုယ်တိုင် မနက်ဖြန် ရုပ်ဖျက်ကာ round လှည့်မည့်အကြောင်းကို အာပေါင် အာရင်း သန်သန်ဖြင့် ပြောထားသောကြောင့် အကုန်လုံး သိနေသည်ကို တွင်း၂က မသိချင်ယောင်ဆောင်ကာ ခေါင်းငြိမ့်ပြီး ငတိ စိတ်ချမ်းသာစေရန် " ဟုတ်ကဲ့ " ဟု ပြောလေသည်။ ထို့နောက် ဂေဟာအတွင်းသို့ လှည့်လည် လမ်းသလား ကြ့ည်ရာ မိမိကို မည်သူမှ မမှတ်မိပဲ အံ့အားသင့်သော မျက်နှာတွေဖြင့် ကြည့်နေကြလေသည်။ ကဲ ဘယ်လောက် ရုပ်ဖျက်တာ ပီပြင်လဲ ဟု ဖိုးဂျယ်က ပြားနေသော ရင်ကို ကော့ပြ၏ တော်သေးသည် ဖိုးဂျယ်က ဘောင်းဘီချွတ် အဖွဲ့ဝင် မဟုတ်သဖြင့် မတော်တရော်တွေ မမြင်ရခြင်းဖြစ်သည်။ ဘေးတွင် တွင်း၂က ဘောင်းဘီချွတ် လိုက်သောကြောင့် ဝတ်စရာ မရှိ၍ လန်ကွတ်တီလေးဖြင့် ပါလာကာ "ငဂျယ် သွားကြစို့ဗျာ " ဟု လက်တို့မှ လှည့်ထွက်လာခဲ့လေသည်။ ညတည်းက သူ့အား ငဗီဟုခေါ်ရန် ငတိအား ငဂျယ်ဟု ခေါ်မည်ဖြစ်ကြောင်း ပြောထားလေသည်။

တွင်း၂သည် မနက်မှ ငတိ မသိခင် ပျံဝံဆီက တောင်းထားသော ဆောင်ရန် ရှောင်ရန် လမ်းပြမြေပုံကို စိတ်ထဲမှ ရွတ်ဖတ်နေလေသည်။ ထို့နောက် ၉၆၉၃ ဖြင့် round လှည့်လေရာ
ငတိက "ဝေ့ . . . ငဗီ ရှေ့က တိုက်တတိုက်လုံးကြီး မည်းနေပါ့လား ဟ . . . . ဘာဖြစ်တာတုန်း "
ထိုအခါ တွင်း၂ တကိုယ်လုံး ကြက်သီးမွှေးညင်းတွေထကုန်၏ ပါးစပ်မှလဲ " သေပြီ ဆရာ " စိတ်ထဲမှ ပျံဝံကို ကျိန်ဆဲနေလေသည်။ ဒင်း သတင်းမှား ပေးတာလား၊ သက်သက် ချောက်ချတာလား၊ ဒါမှ မဟုတ် ငါကျက်ထားတာပဲ မှားတာလား ဟ တွေဝေနေစဉ် ဒီဈေးမီးလောင်တာ မသိအောင် ရှောင်ချင်ပါတယ်ဆိုမှ တည့်တည့်တိုးနေတယ်။
ထိုစဉ် ငတိက " ဘာဖြစ်တာတုန်း ငဗီရ"
"ဘာမှ မဟုတ်ပါဘူး ငဂျယ်ရ အခုခေတ်က Emo ခေတ်လေ ဒီတော့ တိုက်တွေကိုလဲ Emo ဆန်ဆန်ဖြစ်အောင်
အမှုရှောင် နညက သူလိုချင်တယ်ဆိုလို့ ဆေးသုတ်ခိုင်းထားတာ မိုက်တယ် ဟုတ်. . . . ဟူး မဖြစ်ဘူး တယောက်ယောက်ကို မြန်မြန် ရောင်းမှ ဖြစ်တော့မယ်"
ငတိက " ကဲနောက်တနေရာ သွားတာပေါ့ " ထိုအခါမှ တွင်း၂ သက်ပြင်းချနိုင်သည်။

"ဟ ငဗီရေ ရှေ့က တိုက်က ပိုမိုက်တယ် ဟ . . . . အပေါ် တထပ် နှစ်ထပ်လောက်ပဲ မည်းနေတာ ရှိတ်ပြေးနေတဲ့ ပုံစံလေးကွ ဒါလဲ နည ဒီဇိုင်းပဲလား "
ငဗီ " ဟိုက် "
ငတိ " ဒီတိုက်တော့ ငါ ယူမယ်ကွာ ဘယ်သူမှ မသိစေနဲ့ဦး မင်းလိုချင်ရင်လဲ နညကို တလုံးလောက် ဒီဇီုင်း လုပ်ခိုင်းပေါ့"
ငဗီ " အော် ဟုတ်ကဲ့ ဟုတ်ကဲ့ "
ငတိ " မောပြီကွာ ရေခဲရေ ဝယ်သောက်ရအောင်"
ငဗီ " ကောင်းသားပဲ ငဂျယ် ကျွန်တော်လဲ ရင်တွေ ပူနေတာ "
ငတိ "ရေခဲရေ ၁ ခွက်လောက်"
ငဗီ "အာာာ ငဂျယ် ကျွန်တော်လဲ ရေဆာတယ်လေဗျာ "
ငတိ "အေးလေ တယောက် တဝက်သောက်မယ်လေကွာ . . . တခွက် ဘယ်လောက်လဲ "
ရေခဲရေသည် " ၄၀၀၀ပါ "
ငတိ " ကဲရော့ ၅၀၀၀ တန် "
ရေခဲရေသည် " ရော့ tissue ယူသွား အမ်းစရာ ၁၀၀၀ တန် မရှိလို့"
အပြန်လမ်းတွင် သူတောင်းစား တယောက်က " တနား ကျပါ ခင်ဂျာ မယားကြီး ပြုပြင်ဖို့နဲ့ မယားငယ် နားကပ်ဖိုးလေးလောက်ပါ "
ငတိလဲ အရမ်းသနား သွားသဖြင့် " ကဲ ကဲ ခုဏက အမ်းလိုက်တဲ့ tissue ထုတ် ပေးလိုက်ကွာ "
ငဗီက " ဟုတ် ငဂျယ် "
ထိုအခါ သူတောင်းစားက " အာ ဗျာ တယောက်လာလဲ tissue တယောက်လာလဲ tissue နဲ့ မလိုချင်ပါဘူးဗျာ "
ငတိက " အလကား ညာဏ် မရှိတဲ့ ကောင် ဒါကြောင့် သူတောင်းစားဖြစ်ပြီး မိန်းမ ၂ယောက်ပဲ ရသေးတာ " သူတောင်းစား " ဗျာ "
ငတိ " ဟုတ်တယ်လေ ၁၀၀၀ တန် မရှိတော့ tissue ပေးတာပေါ့ မင်းက စုပြီး ရေခဲရေသည်တွေကို ပြန်သွင်းပေါ့ သူများတွေ လုပ်တာ မမြင်ဖူးဘူးလား "
သူတောင်းစား " ဟုတ်သားပဲ ဒီလမ်းရဲ့ ဈေးသည်တွေဆီက စာရွက်လေးပြပြီး ပိုက်ဆံ လိုက်လိုက် တောင်းနေတဲ့ အဆင့်မြင့် လိုင်စင်ရ သူတောင်းစားဆို tissue ကို ၁၀၀၀၀ ဖိုး ၉ထုတ် နဲ့ ပြန်ရောင်းတယ် မှန်လိုက်လေဗျာ ဒါဆို နောက် မိန်းမတယောက်လောက်တော့ ထပ်ယူလို့ရပြီ ကျေးဇူးပါ ဗျာ "
ငတိ " အေး မင်းကို ပေးတာ တိမ်မြုပ်ပျောက်ကွယ်နေသော ကုန်စည်ဖလှယ် နည်းပညာ ပဲ "
တွင်း ၂ " ငဂျယ် ပြန်မယ်ဗျာ"
ငတိ " အေး အေး ပြန်ရောက်မှ ၁၀၀၀၀ တန်တို့ ၁၀၀၀၀၀ တန်တို့ ထပ်ထုတ်ဖို့ အစည်းဝေးကျင်းပရဦးမယ် "
ငဗီ " လိုနေတာက ၁၀၀၀ တန်လေ ငဂျယ်ရ "
ငတိ " ပိန်းလိုက်တဲ့ ငဗီ ငါက သေးသေးလေးတွေ မလုပ်ချင်ဘူး . . . သူတို့ကို နည်းပညာ ပေးထားပြီပဲ တော်ရောပေါ့ ကမ္ဘာမှာ ငါတို့ ဂေဟာခုပဲ အဲ့နည်း ပြန်ဖော်ထုတ်သေးတာ "


အပြန်လမ်းတွင် ဆောင်ရန်လမ်းမှ ဘာပြဿနာမှမဖြစ်ပဲ ပြန်ရောက်ရန် တွင်း၂ ကြိတ်၍ ဆုတောင်းနေလေသည်။ သို့သော် ဆုတောင်း မပြည့်ပေ
ငတိ " ငဗီ ရှေ့က လူတွေက သံချပ်ကာ ဦးထုတ်တွေ စွတ်ပြီး လမ်းလျှောက်နေပါလား ဘယ်သူတွေတုန်း ဟ "
ငဗီ " အော် အဲ့တာ အတင်းထောက်တွေပါ အတင်းမေးဖို့ သွားနေကြတာ"
ငတိ " ဟေ . . . . ဘယ်လို "
ငဗီ "မေ့လို့ မဟုတ်ပါဘူး အရင်နေ့က ကူးသန်း လုပ်သွားတဲ့ ပရိုးမိုးရှင်းအောင်မြင်လို့ပါ "
ငတိ " အော် အေး အေး ဟုတ်သားပဲ ငါတောင် တလုံးယူလာသေးတာပဲ"
ငတိလဲ ဂေဟာပြန်ရောက်တော့ ရုပ်ဖျက်တဲ့ အတိုင်းပဲ နေလို့ ကောင်းသဖြင့် ဘောင်းဘီ ပြန်မဝတ်တောပေ။

ရေးသားသူ - ဖိုးဂျယ်

Thursday, May 13, 2010

ကျွန်တော်တို့ဂေဟာမှာဗျာ

တစ်နေ့ သ၌ ဂေဟာ၏ အစည်းဝေးခန်းမ၌ မူးနေကြသော ဘုတ်အဖွဲ့၏ ဘေး၌ ဖဲခိုးနေသည့် ကက်စီနိုမမက
မမ ။ ။ “အား…. နံတယ်နံတယ်။ ဘယ်ကောင့် လက်ချက်လဲ ပြောစမ်း”
ထိုအခါ မှောက်နေသည့် ငတိက ကမူးရှူးထိုး ထလာကာ
ငတိ ။ ။ “ဟိုကောင် ပေါညီ၊ မင်းမလားကွ၊ ဟိုဘက်က ဂျင်ဂျင်လေးလား၊ ဂေဟာမှာလာလာပြီး ဒါမျိုးလုပ်လို့ရမလားကွ၊ ဟို…… ဟို….”
စာအုပ်တစ်အုပ် ဆွဲကာ ထွက်လာသော ပျံဝံက
ပျံဝံ ။ ။ “ကဲပါ အသာနေစမ်းပါ ငတိရာ။ ကဲပြော… ပို့စ်ရေးမယ်။ မမ ပြင်းအား ဘယ်လောက်ရှိလဲ။ အချိန် ဘယ်လောက်ကြာလဲ၊ ဘာစားထားတဲ့ အနံ့မျိုးလဲ”
ငှက္ကဌ ။ ။ “ဟရောင်၊ ပျံဝံ။ မင်းအကြံ ငါမသိဘူးများမှတ်နေလား။ မီဒီယာလို့ မပြောရဘူး။ ဉာဏ်ဖြူ၊ ဉာဏ်မဲ ဆို အကုန်ထွက်တယ်။ မင်းဘာသာမင်း ပဲကြီးလှော်တွေ ခိုးစား၊ မင်းဘာသာမင်း ပေါက်၊ ပြီးတော့ မင်းဘာသာမင်းပဲ ပို့စ်ရေး။ ဒါမျိုးတွေ ရိုးနေပါပြီကွာ။ ရေးမယ့်ရေး ဟိုတလောက ဂေဟာကို လေပြင်းတိုက်တဲ့ ကိစ္စ ရေးပါလား။”
အမှုရှောင် ။ ။“အို ဒါကတော့ ဟော့တာလေး ရေးရတာတော်ရေ့။ ရေးစရာမရှိရင် ဂေဟာကို ဘာနဲ့ ပို့စ် အသစ်တင်မတုန်း၊ ငှက်ရယ်။ ဒါလေးတွေရေးမှ ငပေါဂျာနယ် ရောင်းအားကောင်းမှာ။ ငပေါဂေဟာ လူလာများမှာ။ ဒီဂွင်ကို လူတွေ မသိသေးပါဘူး။ ဟတ်ဟတ်”
နာယကဂျီး ။ ။ “အေးလေ။ တွင်းတူး။ ညည်းက ပို့စ်ဖြင့် မရေးဘူး ရေးတဲ့ သူတွေကို အပြစ်လိုက်ရှာနေတာလား။ အသာနေစမ်းပါ။ ဒါနဲ့ နေစမ်းပါဦး။ ဂျင်ဂျင်လေးက ဒီည ဂေဟာမှာ အိပ်မှာမလား။ ဧည့်စာရင်းတိုင်ပေး ပြီးပြီလား။”
ငှက္ကဌ ။ ။ “ဟိ၊ တိုင်ရတေးဝူး။”
ငတိ ။ ။ “အေး၊ အဲဒါပဲ။ ငှက်ရဲ့။ မြန်မြန် သွားတိုင်ချေ။ ရပ်ကွက်လူကြီး ဦးနီစပ်က ဂေဟာကို သိပ်ကြည့်ရတာမဟုတ်ဘူး။ ဒါနဲ့ စကားမစပ်။ ဟိုဘက်ခြံက မနေ့က ရန်တွေ ဖြစ်ကြတယ်ဆို…။”
ပေါညီ ။ ။ “ဟုတ်တယ်ဗျာ။ ရန်ဖြစ်တာမှ တစ်အိမ်လုံးကို ဗြောင်းသတ်နေတာပဲ၊ ဦးရှနီလုပ်လိုက်တာ တစ်ယောက်ဆို လက်ပါ ကျိုးသွားတယ်ဆိုပဲ၊”
တွင်းတစ် ။ ။ “ဟုတ်ပါ့။ အဲဒါကိုလည်း ရပ်ကွက်လူကြီး ဦးနီစပ် က ဘာမှ လာမပြောဘူး။ ကျုပ်တို့ဂေဟာများ အသံလေး ကျယ်ကျယ်မပြောလိုက်နဲ့ ပြောလိုက်တာနဲ့ ရပ်ကွက်လုံခြုံရေး ထိခိုက်တယ် ဆိုတာက တမျိုး။ ဘာရိုက်၊ ညာရိုက်၊ စမာရိုက် ကို ချိုးဖောက်တယ် ဆိုတာက တစ်မျိုး၊ အီးပေါက်တာတောင် လေထုညစ်ညမ်းတယ် ဆိုပြီး အစည်းဝေးထိုင်ရတာနဲ့ မဲခွဲဆုံးဖြတ်ရတာနဲ့ မောကို မမောနိုင်ဘူး။”
ပေါငြိမ် ။ ။ “ဟားဟားဟား။ အဲဒါက လူရှိန်အောင်လုပ်ပြနေတာပါဗျာ။ တကယ်တမ်းဂေဟာကို ဘယ်သူ ပြဿနာလာရှာရဲ သလဲ၊ ဂေဟာကို ရုတ်ရုတ်လာလုပ်ရဲသလဲ၊ ရောက်တော့လာပါတယ်။ ကက်စီနိုမမ ဆီက ဖဲဝိုင်းအကောက်လေးး နည်းနည်းပါးပါး ခါးကြားထိုးပေးလိုက်ရင် ပြန်သွားတာပဲမဟုတ်လား။ ဟားဟားဟား။ ဘူးထွားထွားထွား။”
ထိုအခိုက် ဇေပုလင်းဖက်ကာ အိပ်နေရာမှ ထလာသည့် တွင်းတူးက မူးမူးနှင့် ဘောင်းဘီဇစ်ကို ကိုင်ရင်း ရုပ်ရှင်ထဲမှ သရုပ်ဆောင် ရှဲဒိုး စတိုင်ဖြင့်
တွင်းတူး ။ ။ “ဘာတွေပြော နေကြတာလဲကွ။ ကြားလိုက်ပါတယ်။… ဘာတဲ့။ အူနီစပ် အဲလေ… ဦးနီစပ်က ဘာပြောလို့လဲ။ ဘာပြောပြော မပြောပြောကွာ။ ပြန်ပြောလိုက်…. ဘာကောင်မှေ-ာက်ဂရုမစိုက်ဘူး။ တို့ကတော့ ပြောင်ပြောင်ပဲဟေ့ ပြောင်ပြောင်ပဲ….။ လုပ်စရာရှိတာ လုပ်တယ်။ ချွတ်စရာရှိတာ ချွတ်တယ်။ လိမ်စရာရှိတာ လိမ်တယ်။ သောက်စရာရှိတာ သောက်တယ်။ ကဲ…. ကြာပါတယ်ကွာ……………။”
ပြောရင်းဆိုရင်း ဘောင်းဘီဇစ်ကို ဆွဲချလိုက်သည်။ ဇွိ………………………
“ဟိုက်………….” (အားလုံး)
ငှက္ကဌ နှင့် ပေါငြိမ် ၂ ယောက်သား တွင်းတူး၏ လက်ကို လှမ်းဆွဲလိုက်ကြရင်း အားလုံးလည်း ကိုယ့်နဖူးကိုယ် ရိုက်မိလေတော့ သတည်း…………….။

တိုက်ဆိုင်မှုရှိလျှင် ခွင့်လွှတ်ကြကုန်………
တွင်းတူး

Wednesday, February 3, 2010

http://www.crazyvilla.net/ ၊ ငပေါများဂေဟာ နှင့် ဘလော့အကယ်ဒမီပွဲ

တနေ့သ၌ ငပေါများဂေဟာ တွင်း၂ ဗီလိန်သည် စင်္ကာပူဒေါ်လာ ထောင်ဂဏန်းပေး၍ အဲကွန်းတပ်ထားသည့် အခန်းထဲတွင် ဘလော့ဂင်းခြင်း၊ ချက်တင်ထိုင်ခြင်း လုပ်ငန်းများကို လုပ်ခိုင်းထားသော ကုမ္ပဏီမှ တိုက်သည့် ကော်ဖီ တစ်ခွက်ကို သောက်ရင်း လွန်ခဲ့သော တစ်နှစ်ကျော်ခန့်က အတွေးများကို ပြန်ပြောင်း အောင့်မေ့လျက် ရှိနေလေသည်။
ညည်းတို့ လောကဓာတ်တွေ နားမလည်ပါဘူးအေ ဟုပြောပြီး သူချည်း လောကဓာတ်တွေ လုပ်နေသော နာယကဂျီး မတူးတူးသာ
ဥက အကောင် ပေါက်ကာ ဥက္ကဌ မဖြစ်ပဲ ငှက်ကဌ ဖြစ်သွားရသော ငှက္ကဌ အင်ဒီ။
၃၀-၁၀-၂၀၀၈ တုန်းက ငပေါများဂေဟာကြီးကို ကျနော်နဲ့ ပေါင်းပြီး ဆောက်ခဲ့တဲ့ သဘာငတိ ဖိုးဂျယ်။
အသင်းသား ကနေ တွင်း ၁ ရာထူး တက်သွားတဲ့ ကိုကေလာ။
မနိုင်မနင်းနဲ့ ဂေဟာ ဆိုင်းဘုတ်ကြီးကို ကိုယ်တိုင် ခြယ်မှုန်းပြီး သယ်လာပေးတဲ့ အမှုရှောင် နန်းညီ။
ဂေဟာအတွက် လိုအပ်တာတွေ တိုလီမုတ်စ အကြံပေးတဲ့ အကျန်ပေးအရာရှိ အပြည့်
ဂေဟာအတွက် အသင်းသားတွေအတွက်ဆို အမြဲတမ်းမားမားရပ်ရပ် ရပ်တည် ရန်တွေ့ပေးတဲ့ အသင်းသားဂျုပ်ကြီး ခေါင်ခေါင်
ကိုယ်ရေးကိုယ်တာကိစ္စကြောင့် ဂေဟာမှာ ကိုယ်ယောင်ဖျောက်နေတဲ့ ဂေဟာအတွက် မရှိမဖြစ် ပေါမမ
ပွဲလုပ်မယ်ဟေ့ဆို ရှေ့ဆုံးက ကောင်းပေ့ ဆိုတဲ့ စာတွေ ရေးပေးတဲ့ လျှောက်လုပ်ရေ ဝံဂျီး ပေါငြိမ် တဖြစ် ကိုဟန်သစ်ငြိမ်
ရုံးမှန်မှတ်တက်တဲ့ ပေါညီ။ ဂေဟာသူမဟုတ်ပေမယ့် အမြဲလာတဲ့ ဂျင်ဂျင်လေး။ ဒီနှစ်ထဲမှာ အသက်ပြည့်သွားလို့ ပေါပုံတင် ထုတ်ပေးလိုက်တဲ့ တရားသူကြီး ယမမင်းလေး။ ရေသူမတွေ မွေးပြီး သူဌေးဖြစ်သွားတဲ့ မွေးမြူရေးဝံဂျီး မစုမွန်၊ ကျောင်းသားတွေကို သေနတ်ထောက်ပြီး စာကျက်ခိုင်းတဲ့ ပြင်ညာဝံ မဇင်ဇင်ဇော်

အားလုံး အားလုံးသော ဝန်ကြီးများ၊ အဖွဲ့သားများကို မြင်ယောင်ရင်း ကိုအငဲရဲ့ အိမ် ဆိုတဲ့ သီချင်းလေးကို သတိရသွားတယ်။
~~~~မနက်ဖြန်.... ဒီအခန်းက စာချုပ်ပြည့်တော့မယ်။~~~~
~~~~လက်ထဲမှာ ဘယ်မလဲငွေ~~~~ စဉ်းစားတာနဲ့~~~~

အင်း.............. မနက်ဖြန်ဆို တကယ်ကို စာချုပ်ပြည့်ပါပြီ။ အငှားဂေဟာကြီး www.crazyvilla.co.cc ကို ပြန်အပ်ရတော့မယ်။ ပြန်မအပ်ပဲ ထပ်ချုပ်မယ်ဆိုရင် ငပေါဒေါ်လာ* သန်း ၃၀ ထပ်ပေးရမယ်တဲ့လေ။ ကဲ ဒီတစ်ခါတော့ မငှားတော့ဘူး အပိုင်ဝယ်မယ်ကွာဆိုပြီး
သက်ပြင်းတချက်ချရင်း.... ရဲဝံ့စွာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ မရှိလို့ မပေါ မပေါလို့ မရှိ မရှိတဲ့အထဲက ပေါတာ ငါလိုလူ ဇမ္ဗူမှာရှိသေးရဲ့လား ဟေ့ ဆိုပြီးအော်ဟစ်ကျုံးဝါးပြီး အိမ်အပြင်လမ်းမှာ ကြက်ဥ ၁ ကဒ်ဝယ်ပြီး တစ်ပတ်စာ ရိက္ခာ ဖြည့်လိုက်ပါသည်။ အိတ်ကဒ်ထဲမှ တစ်ပတ်စာချန်ထားသော ငပေါဒေါ်လာ သန်း ၁၆၀ ကို ထုတ် ဘဏ်ကဒ်ထဲထည့်ပြီး ငပေါများဂေဟာအတွက် www.crazyvilla.net အမည်ရှိသော မြေကွက်တစ်ကွက် ဝယ်ကာ ဂေဟာ ပြန်လည်ထူထောင်ရေးအတွက် ကြိုးစားပါတော့သည်။

နောက်တစ်နေ့ .... ငပေါများဂေဟာတွင်ဖြစ်သည်။
ဒုန်းဒုန်းဒိုင်းဒိုင်း ထုရိုက်ကာ လက်သမားလုပ်နေသည့် တွင်း ၁
မီးကြိုးများ ပြင်နေသော အကျန်ပေး
ဆိုင်းဘုတ်ကြီးကို မနိုင်မနင်း သယ်လာသော အမှုရှောင်
အရက်တစ်လုံးနှင့် ဟိုယောင်ယောင် ဒီယောင်ယောင်လုပ်နေသော ငှက္ကဌ
အသုံးမလိုသည့် ပစ္စည်းများကို ရောင်းကာ ဂေဟာရံပုံငွေရှာရန်စောင့်နေသော ဘဏ္ဍာမှူး
ကာရာအိုကေ ဆိုရင် ပြင်ဆင်နေသော ငတိ
နာယကဂျီးနဲ့ လေကြီးလေကျယ်များ ပြောနေသော ပေါညီတို့ကြားတွင် ဘယ်နေရာမှာ ခိုးအိပ်ရမလဲ ချောင်းနေသည့်တွင်း ၂ ၏ နဖူးကို လာမှန်သည်ကား..........
“အောင် မြတ် လေးဗျ... ငါးဗျ... ခြောက်ဗျ... ခုနစ်ဗျ... ”
မှန်ပါသည်။ ခဲလုံး... ခဲလုံးပေမယ့် စက္ကူနှင့် ပတ်ထားသည့် ခဲလုံးတစ်လုံးဖြစ်သည်။
ဂေဟာ ဆောက်လုပ်ရေးအတွက် လက်ညှိုးတစ်ထိုးထိုးနှင့် ယောင်ချာချာ လုပ်နေသည့် လျှောက်လုပ်ရေးဝံဂျီးက
လျှောက်လုပ်ရေး ။ ။ “ဘာဖြစ်တာတုန်းဟ”“
တွင်းတူး ။ ။ “ခဲ.. ခဲ... အဲ မဟုတ်ဘူး စာ.. စာ”
နာယကဂျီးက လက်လှမ်းပေး၍ နာယကဂျီးလက်ထဲ ထည့်ပေးလိုက်သည်။ နာယကဂျီးက အသံကျယ်ကျယ် ဖတ်ပြလိုက်သည်။
နာယကဂျီး ။ ။ “ဘလော့ အကယ်ဒမီ ရွေးပွဲကြီး”

ငတိ ။ ။ “သြော် အကယ်ဒမီပေးပွဲကြီးတောင် စပြီမှာကိုး”
အမှုရှောင် ။ ။ “ဝေး...... အကယ်ဒမီပွဲသွားဖို့ အဝတ်အစားဖိုး ဘဏ္ဍာငွေထဲက ထုတ်မယ်။”
တွင်း ၁ ။ ။ “ခွိ.. အကယ်ဒမီပွဲမှာ ကောင်မလေးတွေ ဓာတ်ပုံလိုက်ရိုက်မယ်။”
ပေါငြိမ် ။ ။ “ငါက မီးလိုက်ထိုးရင်း လိုက်ငန်းမယ်။ ငါ့ကင်မရာက ပျက်လို့ ဆားဗစ်ပို့ထားရတာနာသကွာ။”
ထိုစဉ် ချောင်ထဲတွင် ကစ်နေသော ငှက်ကထ ထွက်လာပြီး... “!? အကယ်ဒမီ ဆိုတော့ ဘာပေးမှာလဲ။ တစ်နှစ် တိတိ ဟိုက်ကြိုက်သလောက် သောက် ဆိုတဲ့ ဆုပေးရင်ကောင်းမယ်။”
တွင်းတူးက နောက်က ဆော်ထည့်လိုက်သည်
“အင်းဟာ... အင်းဟာ... ဘလော့အကယ်ဒမီ ပွဲပါ ဆိုမှ နင့်ဂျီးဒေါ် အရက် ပရိုမိုးရှင်းမှ မဟုတ်တာ။”
ငှက် ။ ။ “မသိဘူးလေ။ အနော်လည်း လိုချင်တာပြောတာပဲ။”
နာယကဂျီး ။ ။ “ကဲကဲ တော်ကြတော့။ အကယ်ဒမီပွဲ နီးပြီဆိုတော့ မဲဆွယ်ရမယ်။ ဒီတော့ အိုင်ဒီယာလေးတွေထုတ်ကြ။”
ပေါညီ ။ ။ “မဲလိမ်... အဲလေ မဲဆွယ်တာများ ဘာခက်လို့တုန်း နာယကဂျီးရဲ့။ ငပေါများဂေဟာဖလား ဘောလုံးပွဲလေး တစ်ပွဲလောက် စီစဉ်ပေးလိုက်ပေါ့။”
ငှက် ။ ။ “အဲဒီ့နည်း ငါကြားဖူးသလိုပဲ....” တပိုင်းလောက် ဝင်ပြီးသား ငှက်ကထတစ်ယောက် စဉ်းစားခန်းဝေနေသည်။
အကျန်ပေး ။ ။ “ဒါမျိုးဆို အကျန်ပေးကို မေးစမ်းပါ။ အကျန်ပေးက အကျန်ပေးမလို့ စောင့်နေတာ အကျန်ပေးကို အကျန်မပေးခိုင်းရင် အကျန်ပေးက ဘယ်အကျန်ကိုပေးရမလဲ။ ဒါကြောင့် အကျန်ပေးပြောမယ့် အကျန်ကို နားထောင်ကြ.....”
ငတိ ။ ။ “ဟိတ်ကောင်... ပြောစရာရှိတာပြော မင့်အကျန် စားမယ့်သူမရှိလည်း သွန်ပစ်လိုက်တော့ ဒီမှာ လာရောင်းမနေနဲ့”
အကျန်ပေး ။ ။ “ဒါများ လွယ်လွယ်လေး။ အကယ်ဒမီပွဲမှာ မဲပေးမယ့် သူတွေ အကုန်လုံးကို ဖုန်းတစ်ယောက်တစ်လုံးလောက် ထုတ်ပေးလိုက်ပေါ့ဗျ....။ ဟဲဟဲဟဲ အကျန်ပေး ရဲ့ အကျန်က မပိုင်လေဘူးလား။ ဘူးထွားထွားထွား”
ငှက် ။ ။ “အဲဒီ့နည်းလည်း ငါကြားဖူးသလိုပဲ....။ ဘောပွဲလုပ်မယ်။ ဖုန်းထုတ်ပေးမယ်။ အင်း... နောက်ပြီး....”
တွင်းတူး ။ ။ “ဘဏ္ဍာမှူး ကျေးဇူးနဲ့ ကံစမ်းမဲပေါက်လာတဲ့ Light Truck ကြီးနဲ့ မြို့ထဲပတ်ပြီး မဲဆွယ်မယ်လေ။”
ရေမြောင်း ။ ။ “စလုံး မဲပုံးအတွက် ဘာမှ မပူနဲ့ ကျနော့တာဝန်သာထားလိုက်”
တွင်းတူး ။ ။ “ဟုတ်ပီ ရေမြောင်း စလုံးအတွက်တော့ မင်းကို စိတ်ချတယ်။ ဆက်လုပ်။”
မွေးဝံ ။ ။ “ဝေး............ သတင်းရေးစရာ ရပြီကွ။”
တွင်းတစ် ။ ။ “သူက တစ်မျိုး”
နာယကဂျီး ။ ။ “ကဲကဲ အားလုံး ကောင်းမယ်ထင်တာသာ လုပ်ကြတော့။ လုပ်ချင်တာသာလုပ်ကြတော့။ နာယကဂျီးလည်း မပြောတတ်တော့ဘူး။ ငါ့ကို မစ္စတာသိုက် ဖုန်းခေါ်နေပြီ။ ပြန်တော့မယ်။ တာ့တာ.......။”
အားလုံး ။ ။ “ဟှင်.......”
တွင်းတူး ။ ။ “ဟုတ်တိပတ်တိနဲ့ သူပဲ ဦးဆောင်ပြီး မဲဆွယ်တော့ မလိုလိုနဲ့”
နာယကဂျီး ။ ။ “ဒါကတော့ နာယကဂျီးပါဆိုမှတော့ ကြုံသလို ခေါင်းရှောင် ရမပေါ့။ ဟိဟိ”
“သြော်............ မှတ်သားလောက်ပါပေတယ် နာယကဂျီးရယ်။”
အားလုံး ကိုယ့်နဖူးကိုယ် ရိုက်မိလိုက်ကြလေတော့သတည်း...............။
တွင်းတူး သရုပ်ဖော်သည်။

မှတ်ချက် ။ ။
* = (Exchange rate : 1 SGD = 10 Million NPD) NPD = Nga Paw Dollar

Thursday, November 5, 2009

ဟော့ဒီမှာ ကမ္ဘာပျက်

“Emergency meeting!! Emergency meeting!!”
နှစ်ပတ်လည်အငြိမ့်ကပြီး တစ်လလောက် ရုံးမတက်မည် စိတ်ကူးထားသော လူကြီးမြင်းတို့ နှပ်ရမယ်မှ မကြံသေး။ အထက်ပါ စာလုံးနီကြီးဖြင့် လူကြီးမြင်းများ အသီးသီးသို့ အကြောင်းကြားစာ ရောက်ရှိလာလေတော့၏။ ဆိုခဲ့သည့် အငြိမ့်တုန်းက အသောက်လွန်သဖြင့် ရေခဲအိတ်ရွက်ကာ ဝမ်းနှုတ်နေရရှာသည့် ငပေါငှက်ကထကြီးဆီသို့လည်း အထက်ပါစာ ရောက်ရှိလာလေသည်။
“ဟင်… ဒီမှာ ငါငှက်ကထပဲဟာ… ငါတောင်မသိတဲ့ အင်မာဂျင်စီဆိုတာ ရှိသေးသလားဟ” ဟုဇဝေဇဝါဖြင့် ဖွင့်ကြည့်လိုက်ရာ နာယကကြီး လက်မှတ်ဖြင့်
“ကမ္ဘာ့အရေး ဆွေးနွေးရန်” ဟူ၏။
ငှက်ကထကြီးလည်း “အင်း ဒီအစ်မကြီး သတင်းထောက်ပီပီ စပ်စပ်စုစုနဲ့ ဘာအတင်းတွေ စုလာပြီး ပြန်ဖြန့်ဦးမလဲ မသိပါဘူး” ဟု စိတ်ထဲမှ ငြီးငြီးငြူငြူဖြင့် ညကများသွားသည့် အရှိန်မြန်မြန်ပြေစေရန် တစ်ပြား ၄၀၀ကျပ် တန်ဝီစကီဖြင့် ပစ်ကမီအပ်လိုက်ရကာ ငပေါအများစည်းဝေးရာ “ဂူဂဲလ် အစည်းအဝေးခန်းမ” သို့ ယိုင်တိုင်တိုင်ဖြင့် ချီတက်ရလေ၏။

ငပေါအသင်းကြီး အစည်းအဝေးကတော့ ဟိုအသင်းကြီးအစည်းဝေးပွဲကြီးလို ကလေးအစ၊ ခွေးအလယ်၊ သုံးယောက်မြောက် မယားငယ်၏ ဆယ်ဝမ်းကွဲ ကြီးတော်အဆုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တက်ရောက်ခြင်း မရှိကြမူပဲ ငပေါထုံးစံအတိုင်း တက်သူတက်၊ မတက်သူမတက်၊ ပျောက်သူပျောက်၊ မှောက်သူမှောက်ဖြင့် လွန်စွာမှ စည်ကားသိုက်မြိုက်လှပေ၏။
“မြန်မြန် စပါတော့ဗျို့”
“နေမကောင်းလို့ အိမ်ပြန် အိပ်ရဦးမယ်ဗျို့”
“ဘာကျွေးမှာလဲဗျို့” စသည်ဖြင့် တစ်ယောက်တစ်ပေါက်အော်ဟစ်ကြကုန်၏။
ထိုစဉ်မှာပင် နာယကကြီးနှင့် ဂေဟာတော် လုံခြုံရေးအတွက် ထမ်းဆောင်နေရပါသည်ဆိုသော လုံခြုံရေးဦးစီးချုပ် (အဲ အဲ) ကာကွယ်ရေး ဦးစီးချုပ်တို့ မျက်နှာမသာမယာဖြင့် ဝင်ရောက်လာကြ၏။ ထိုသူတို့ဝင်လာကြပြီး အချက်ပေးလိုက်သည်နှင့် သံပုရာသီးစားပြီး ဆင်နင်းခံထားရသော မျက်နှာဖြစ်နေသည့် အခမ်းအနားမှုး တွင်းတူး ဗီလိန်က
“ယနေ့ အစည်းအဝေးခေါ်ရတဲ့ အကြောင်းရင်းကတော့ ယခုတစ်ကမ္ဘာလုံး အာရုံစိုက်နေကြတဲ့ ၂၀၁၂ မှာ ကမ္ဘာပျက်တော့မယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဖြစ်ပါတယ်”
“ထောက်ခံပါတယ်”
အိပ်ငိုက်နေသော သဘာငတိက အကျင့်ပါနေသဖြင့် ထယောင်သေး၏။ နောက်မှ
“ဘာ”
“ဘယ်လို”
“ဘုရား ဘုရား”
“ဒါဆို အကြွေးတွေ ပေးစရာ မလိုတော့ဘူးပေါ့”
“အမေရေ သားမိန်းမ မရသေးဘူးဗျ”
အစရှိသဖြင့် သန်ရာသန်ရာ ငိုကြွေးမြည်တမ်းကြလေ၏။
ငှက်ကထက “နေစမ်းပါဦးဗျ… ဘယ်လိုပျက်မှာလဲ ဘီယာဆိုင်တွေတော့ ကျန်ဦးမှာမှုတ်လား”
“နင့်အမေကြီးတော်ကြီး အရက်ဆိုင်ပဲကျန်မှာဟဲ့။ ကမ္ဘာပျက်ပါတယ်ဆိုမှ အကုန်မသာပေါ်မယ့် ကိစ္စဟဲ့” ဟု အရက်မသောက်ပဲ အသည်းယောင်သဖြင့် ဆေးကုနေရသော အသင်းသားချုပ်ကြီးမှ “ကမ္ဘာပျက်ရင် ငါ့ဆေးဖိုးတွေ အရင်းရှုံးပါပေါ့” ဟူသောအတွေးဖြင့် ဖြတ်ဟောက်၏။

“ဘယ်သူပြောတာတုန်း…”
“အတော်ပိန်းတဲ့ ငှက်ကထပဲ… အခုအင်တာနက်ထဲမှာ ဒီလောက် ဟော့ဖြစ်နေတဲ့ သတင်း၊ အိုဘားမား နိုဘယ်လ်ဆုရတာထက် ရေပန်းစားနေတဲ့သတင်း။ ဘလော့ဂါတွေဆို အဲ့ဒီအကြောင်းမှ မပြောကြရင် ခေတ်မမီတော့သလောက်ဖြစ်နေပြီ”
“ခင်ဗျားတို့ဟာကြီးက ဟို… ကောလဟာလကြီးငါးမျိုးထဲက ကမ္ဘာပျက်မယ်ဆိုလို့ အနှစ်တစ်သိန်းကတည်းက ဗြဟ္မာကြီးတွေက မနေနိုင်မထိုင်နိုင် လူ့ပြည်ဆင်း ငိုကြတယ်ဆိုတာမျိုးနေမှာပေါ့…။ အခုခေတ်က အင်တာနက်ခေတ်ဆိုတော့ အဲ့ဒီဗြဟ္မာကြီးတွေကပဲ အင်တာနက်ထဲမှာ ဒိုမိန်းဝယ်ပြီး လျှောက်ဖွ၊ လူတွေက အခုထပျက်တော့မယ်ထင်။ ဟောလီးဝုဒ်ကလည်း အကွက်မြင်သလားမမေးနဲ့။ နီကိုးလပ်စ်ကေ့ခ်ျနဲ့ Knowing ဆိုပြီးရိုက်။ ဟော.. အခုလည်း 2012 ဆိုပြီး ရုံတင်ဦးမယ်။ သူများတွေများ ကမ္ဘာပျက်တာတောင် ပိုက်ဆံရအောင် လုပ်စားကြတယ်။ ကျုပ်တို့ကျတော့ ပိုက်ဆံမရတဲ့အပြင် အတက်ဂ်ခံရလို့ ဦးနှောက်စား။ ရေးဖို့အတွက် အင်တာနက်ဖိုးကုန်။ နောက်ပြီး…”
“ကဲ..ကဲ ငှက်ကထ ပြောချင်တာတွေ စွတ်ပြောမနေနဲ့.. အခုက အနှစ်တစ်သိန်းမှာ ပျက်မှာမဟုတ်ဘူး… ၂၀၁၂ မှာပျက်မှာ။ ဟို… ရေဒီယိုကနေ ဟက်ပီးဘတ်ဒေးဆိုပြီး အကောင်းတွေချည်း ပြောနေတဲ့ဆရာကြီးကတောင် သေချာဟောလိုက်ပြီးပြီ။ မယုံရင် ဆြာရောင်ကန်းကို မေးကြည့်။ အဲ့ဒီအတွက် ငပေါအနေနဲ့ ပြင်ဆင်စရာရှိတာလေးတွေ ပြင်ဆင်ရအောင်အစည်းအဝေးခေါ်တာ”
“အကုန် မသာပေါ်မှာပဲဟာ ဘာထူးပြီးပြင်ရဦးမှာတုန်း”
ထိုစဉ် ဦးနှောက်ထဲ အီမိုပိုးဝင်သဖြင့် တချိန်လုံး စိတ်ညစ်လိုက်၊ အသည်းကွဲလိုက်၊ ပြန်ဆက်လိုက် ဖြစ်နေရှာသော အမှုရှောင်က
“ဒါဆိုရင်တော့ ကမ္ဘာမပျက်ခင် ဝရံတာက ခုန်ချလိုက်မယ်။ ဒါမှ အီမိုဆန်ဆန်လေးသေရမှာ…”
“အဲ့လိုတော့မလုပ်ပါနဲ့… ကိုယ့်ဟာကိုယ်သတ်သေရင် ဂျပန်ငါးရာ ငါးခါဆိုလား။ အမငီး ကြက်သီးထစရာကြီး”
“ကဲ..ကဲ တွေ့ကရာတွေ လျှောက်ပြောပြီး အချိန်ကုန်မခံကြပါနဲ့… အဲ့ဒီဘေးဆိုးကြီးက လွတ်အောင် ဘယ်လိုလုပ်ကြမလဲ… ဝိုင်းပြီး အကြံဉာဏ်ပေးကြပါ။”
“ကျွန်တော်ကတော့ လွတ်ရာကျွတ်ရာသွားရှောင်နေပြီး အားလုံးပြီးတော့မှ ခပ်တည်တည်နဲ့ ကမ္ဘာ့ငှက်ကထကြီးလုပ်မယ်” ဟု ငှက်ကထကဆို၏။
“ဒို့ကတော့ ပြောပြီးသား အီမိုပဲ” အမှုရှောင်ကမြည်၏။
“ငါတော့ ကမ္ဘာမပျက်ခင် မိန်းမယူမယ်” ငတိကဆို၏။
“ငါရောပဲ” တွင်းတစ် ကေလာက သံယောင်လိုက်၏။
“ကမ္ဘာပျက် ဆိုတဲ့ နာမည်နဲ့ ဂျာနယ်ထုတ်မယ်” ပြန်ဝံက ဆို၏။
“ငါကတော့ ရှာလို့ရသမျှ အသည်းကျွမ်းအောင် သောက်ပစ်မယ်” ထောက်ချုပ်က ကြုံးဝါး၏။
“ရန်ဘုံးငွေတွေ လစ်ထားဦးမှ” ဟု ဘန်ဒါအခွံဝန်ကြီးက တီးတိုးကြံစည်၏။
အခမ်းအနားမှုး တွင်းတူးက “ဒီလို တစ်ယောက်တစ်ပေါက် မလုပ်ကြပါနဲ့… ကဲ… ပညာရေးဝန်ကြီး။ ဝန်ကြီးက ပညာရေးဝန်ကြီးဆိုတော့ ပညာရှိမှာပဲ… ဘယ်လိုလုပ်ကြမလဲ”
“အဲ… ဟို… ဟိုဒင်း” ပညာရေးဝန်ကြီးခင်မျာ စာမရသော ကျောင်းသားသဖွယ် အီအဂျိဂျ လုပ်နေရာမှ
“ဟိုလေ… များက… စာပဲသင်တတ်တာ… အကြံမပေးတတ်ဘူး အဟီး”
“အသင်းသူ မမ လုပ်ပါဦး… ဖဲဝိုင်းထောင်နေကျဆိုတော့ ဉာဏ်နီဉာဏ်နက်လေးထုတ်တတ်မှာပေါ့”
“အဲ…အီး..ဟို…”
“အဟား ကျွန်တော်သိပြီ” ဝိုင်းဖော်ဝိုင်းဖက် ကူးသန်းဝန် ပေါညီက ဝမ်းသာအားရထ၏။
“ဒုံးပျံကြီးလုပ်မယ်…။ ပြီးရင် ရုပ်ရှင်တွေထဲကလို ကမ္ဘာပျက်တာနဲ့ ဒုံးပျံကြီးစီးပြီး ထွက်ပြေးကြမယ်”
“ဘယ်ကိုထွက်ပြေးကြမှာလဲ”
“အဟဲ… အဲ့ဒါကတော့…အဲ..ဟို… ပို့ဆောင်ရေးဝန်ကြီးကိုမေးခင်ဗျ။ သူသိတယ်” ဟု ပို့ဆောင်ရေးဝန်ကြီးဘက်သို့ ဘော်လီဘောပုတ်၏။
“ဒါကတော့… ကျွန်မက ဒီမြေကြီးပေါ်မှာပဲ အရောက်ပို့တတ်တာ… အာကာသမကျွမ်းဘူး။ သွားစရာ နေရာရှိပြီပဲ ထားပါတော့ ဒုံးပျံက ဘယ်ကရမလဲ” ဟုကူးသန်းဝန်ကို ပြန်ပုတ်၏။
ပေါညီက ဆရာကြီးစတိုင်ဖြင့် “အဟမ်း.. ဒုံးပျံဆိုတာ အပေါ်ကိုတက်ဖို့လိုရင်းကိုဗျ… အဲ့ဒီတော့ သီတင်းကျွတ်တုန်းက မဖောက်ရတဲ့ ဒုံးကျည်တွေ၊ ဗျောက်အိုးတွေ၊ ရှုးဒိုင်းတွေရှိတယ်လေ… အဲ့ဒါတွေကို ရသမျှစု မီးရှို့ ပြီးတော့ တက်ထိုင်လိုက်သွားရုံပဲ… ဟဲဟဲ မပိုင်လား”

“အားလုံး တော်ကြပါတော့”
နာယကကြီး သည်းမခံနိုင်တော့သဖြင့် ကီးအမြင့်ကြီးဖြင့် ကုန်းအော်၏။
“ဒီပြဿနာဟာ ချုပ်ကြီး ကျွန်မကိုတက်ဂ်ရာကနေ ဒီဂေဟာကို ရောက်လာတာဖြစ်တဲ့အတွက် ချုပ်ကြီးယူလာတဲ့ ပြဿနာလို့ပြောလို့ရပါတယ်။ ဒီတော့ ချုပ်ကြီးအနေနဲ့ ဖြေရှင်းဖို့နည်းလမ်း ရှာဖွေသင့်တယ်လို့ထင်ပါတယ်”
(ငပေါဂေဟာတွင် ချုပ်ကြီးနှင့် ကြီးချုပ်ဟူ၍ရှိ၏။ ချုပ်ကြီးမှာ ကာကွယ်ရေးဦးစီးချုပ်ကို အတိုခေါ်ခြင်းဖြစ်၍ ကြီးချုပ်မှာ ဝန်ကြီးချုပ် ဖြစ်လေသည်)
“ဟုတ်ကဲ့… ကျွန်တော့်အမြင် ပြောရရင်… ကမ္ဘာပျက်တယ်ဆိုတာ မြေကြီးပေါ်မှာပျက်တာဖြစ်ပါတယ်”
“ဒါတော့ ခင်ညားကြီးပြောမှလားဗျ… မြေကြီးပေါ်မှာမပျက်လို့ ခေါင်းပေါ်တက်ပျက်ရမှာလား”
“ဒီလိုရှိပါတယ်… မြေကြီးပေါ်မှာ ပျက်တဲ့အတွက် ဘယ်နည်းနဲ့မှ မြေအောက်ကို ဆင်းမပျက်နိုင်ပါဘူး။ အဲ့ဒီအတွက် ကျွန်တော် စီစဉ်ထားပါတယ်”
“ဘယ်လိုများပါလိမ့်”
“ကျွန်တော် နေပူတော်မှာ အိမ်သာကျင်းတွေ တူးပါမယ်… အခုတောင် ကျင်းအတော် များများပြီးနေပါပြီ။ အကယ်၍ ကမ္ဘာပျက်မယ်ဆိုရင် အဲ့ဒီ အိမ်သာကျင်းတွေထဲ ဝင်နေလို့ရအောင် စီစဉ်ထားပါတယ်။ လိုအပ်တဲ့မြေအောက်ရေအတွက် အဲ့ဒီကျင်းတွေကိုပဲ အဝီစိအထိ ဆက်တူးပါမယ်။ စားစရာအတွက်ကတော့ မြန်မာပြည်မှာ ကြွက်၊ မြွေ၊ ပွေး အစရှိတဲ့ မြေအောက်သယံဇာတက ပေါကြွယ်ဝပြီးသားပါ။ လျှပ်စစ်အတွက်ကတော့ ကျွန်တော်တို့ အမေရိကားကနေ ခိုးလာတဲ့ နူကလီးယားဗုံးကြီးရှိပါတယ်။ အဲ့ဒါကြီးကို မီးရှို့ပြီး ဓာတ်အားထုတ်ယူပါမယ်။ အဲဒီအတွက်ကတော့ အင်ဂျင်နီယာတွေ လိုပါတယ်။ ထို့ကြောင့်ဂေဟာမှာ အင်ဂျင်နီယာနဲ့ တူတာဆိုလို့ ဂျီတီအိုင် ကျောင်းဆင်းဖြစ်တဲ့ နာယကကြီးပဲရှိတဲ့အတွက် သူပဲတာဝန်ယူပါမယ်။ ကမ္ဘာမပျက်ခင်ကတည်းက ကြိုပြီးပြင်ဆင်ထားကြရမှာပါ။ ”
“ကန့်ကွက်ပါတယ်”
ကမ္ဘာပျက်မပျက်က မသေချာသော်လည်း ဂျာဒူးဝါးလား ဖြစ်ရမည့်အပြင် မသာပေါ်မှာက သေချာသဖြင့် နာယကကြီးက ထကန့်ကွက်၏။ နာယကက ထကန့်ကွက်သဖြင့် ကျန်လူများကလည်း တစ်ယောက်တစ်ပေါက်
“ငါက ကမ္ဘာ့ငှက်ကထ”
“တို့ကတော့ မိန်းမပဲယူမှာ”
“သမီးကတော့ အီမိုပဲမှ အီမို၊ ရေမရောဘူး”
“ဂျာနယ်ထုတ်မယ်”
“ဒုံးပျံကြီးကမှ ကောင်းတာ”
“အသေသောက်မယ်”
“ရန်ဘုံးငွေလိုပါတယ် ရန်ဘုံးငွေလိုပါတယ်”
“အိမ်သာကျင်း၊ အိမ်သာကျင်း”
စသည်ဖြင့် အစည်းအဝေးခန်းထဲဝယ် ကမ္ဘာပျက်နေကြလေတော့သတည်း။

နာယကကြီး၏ ကမ္ဘာပျက် တဂ် ဖြစ်လေတော့သတည်း......................

Thursday, August 27, 2009

ဂေဟာသို့ ပြန်လာခြင်း.. ...

တစ်နေ့သော မိုးအုံ့ချိန်တွင် ငပေါများဂေဟာမှ ကျွန်ုပ် အမောင်ထောက်ချုပ်သည် လက်လျားလက်လျား ပျင်းအားအား ရှိသည်နှင့်အညီ ဟိုးရှေးရှေး ရာဇ၀င် ဇတ်ဝတ္ထုနိပါတ်ဖြစ်အင်မှ လောက၏ ဂန္ထ၀င်သစ္စာတရားအား ရှာဖွေရန် လှည့်လည်သွားပါသော ဖာတစ်လုံးဂေါင်းကျားဟု အမည်သညာထားသည့် အဆိုပါ ယောက်ျားကို အားကျသည် ဖြစ်သောကြောင့်...................

ငါလည်းပဲ ယောက်ျား.......... ကိုယ်တစ်နိုင်တက်အားသလောက် လူအသိုင်းအ၀ိုင်းတွင် ပေါက်ပေါက်မြောက်မြောက် ပေါလိုသော စိတ်ထားပေါ်ပေါက်လာသည်ဖြစ်ရာ ..... လက်ကျန် ၀ီစကီတစ်ပြားကို အမြန်သောက်၊ ....စီးတော်ယာဉ် ဂျပန်ဖိနပ်ကို လက်ကောက်ဝတ်တစ်ဖတ်စီမှာ ကောက်စွတ်ပြီး သကာလ ..... ကွယ်လွန်ခဲ့ပြီးသော ဂျီးတော်ဗွေးတုတ် အမွေထား.. ကုတင်အောက်မှ ခပ်ပြားပြားဖာကို တုတ်ထိုးပြီး ထမ်းကာ.................................

“အို ... အသင်လောက ..... ငါသည်ကား ... ဖာတစ်ပြားမိုးသား ..ဖြစ်တော့သကိုး.....”ဟု သုံးကြိမ်သုံးခါတိတိ ဘ၀ဂ်ထိတိုင်အောင် ကျူးရင့်ပြီး ကျွန်ုပ်၏ အိမ်ဂေဟာရှေ့တည့်တည့်တွင် ရှိသော အင်တာနတ်ဆိုင်သို့ ကြွမြန်းပြီး ခပ်စုတ်စုတ် ကွန်နက်ရှင်ကို ဂုတ်ပိုးခွစီးကာ ဂလိုဘယ်လ်ကမ္ဘာ့ရွာကြီးကို ဆရာယောင်ယောင် ဘာယောင်ယောင်နှင့် မူးကြောင်မူးကြောင် ရောက်ရှိခဲ့လေတော့သတည်း.....။

( တားတားလေး ထောက်ချုပ် စပြီး ..ပေါပါပြီ ခင်ညာ.....ရှေ့ဆုံးမှာ အိပ်နေတဲ့ ကလေးတွေ ရှူးရှူး ထပေါက်ကြပါ....)


“ ဟေ့... ရပ်၊ ... ဘယ်သူလဲ ..... ဒါ တားမြစ်နယ်မြေ၊ ၀င်ချင်တိုင်းဝင် ..ထွက်ချင်တိုင်းထွက်လို့မရဘူးကွ....”

“ အောင်မာ ..ရာရာစစ.. ငါ့ဘာသာ တစ်နာရီ လေးရာပေးပြီး ကမ္ဘာကြီးပေါ် လျှောက်သွားနေတာ.. ဘယ်သူ့ကို ဂရုစိုက်ရမှာတုန်းကွ... ငါ့ကို တားရအောင် မင်းက ဘယ်သူမို့တုန်းကွ... ဒါကကော ဘာနေရာမို့တုန်းကွ.....”

“ ဟိတ်!... ဒါ တားမြစ်နယ်မြေကွ.. အာပလာ..အာချလာနေရာများ မှတ်နေလား.... ဒါ လူတည် လူကောင်းတွေကို တင်းတင်းကြပ်ကြပ်တားမြစ်ထားတဲ့ နေရာကွ...... ငပေါဂေဟာလို့ ခေါ်တယ် ..သိပြီလား...”

“အော ...ဂလို လား.. ဒါများ ပြောပြောက စောရောပေါ့... ငါလည်း ၀င်လို့ ရပါတယ်ကွ.. အခု မူးနေတာပါ....”

“ တော်..တန်..တိတ်....................ငမူးတွေ ..ငရူးတွေလည်း ၀င်လို့မရဘူးကွ...ဒါ ကမ္ဘာ့ထိပ်ထိပ်ကြဲ ..ဂရိတ်မဟာ .. ငပေါတွေပဲ သက်သက်ဝင်လို့ရတဲ့ နေရာကွ... မင်း..တော်ရာကို သွားနေ လိုက် စမ်း ဘာာ.....

“အာကွာ...... စောစောက ပြောပါလား...ငါလည်း ငပေါပဲလေကွာ... ထောက်လှမ်းရေးချုပ်ပါ.... အခု မျက်စေ့လည်ပြီး ရုံးလာတတ်တာ... ကဲ..ကဲ... တံခါးဖွင့်......”

“ထောက်ချုပ်ဆိုတိုင်းမရဘူးကွ.. .ဒါဆို စကားဝှက်ပြော.....”

“ဟားဟား....ဟားဟား..... ရယ်ချင်လိုက်တာ ဖတ်ဖတ်မော..ရင်ဘတ်နောက်က ကျော... ...ဒါလေးများ...လွယ်လွယ်လေး ....ကဲ ပြောဆိုရင်လည်း ပြောမယ်.......
ထောင့်ခွန်၊ စပိတ်တစ်၊ ဂျိုကာပူး၊ ၀င်းပလေး၊ အောရမ်း၊ ဝေဖာဒေါင်း...”

“မှားတယ်ဟေ့.. အဲဒါ စကားဝှတ် အဟောင်းကြီးကွ.. ..... ဟိုးအရင်တုန်းက သုံးတာ အခုကစကားဝှတ်အသစ်...
ပြန်ပြော......”

“ဟိုက်... ဒွတ်ခပဲ .. အနော်က ဂေဟာကို မရောက်တာကြာနေလို့ပါခင်ညာ..အဲဂလို မရောက်တာကလည်း အိမ်ထဲက အိမ်ပြင် မထွက်ရဲလို့ ပါ.. ညှာတာပါ ခင်ညာ....”

“အဲလို ရကြေးလားကွ.. ဒါဆို ဘာကြောင့် ဂေဟာကို မရောက်ပဲ ရုံးတက်လယ်ဂျာမှာ ပျက်ကွက်ဖြစ်နေရတာလဲ ဆိုတာ ရှင်းပြစမ်းး.......”

“ဒီလိုပါ အစ်ကိုကြီးရာ... အခုတစ်လော ကျွန်တော်နဲ့ အိမ်ဒရာကျော်ဇင်လေးနဲ့ကို ဘာလိုလို ညာလိုလို သတင်းတွေ လျှောက်ရေးနေတဲ့ မြန်မာနိုင်ငံက ဂျာနယ်လစ်တွေကြောင့် အိမ်ထဲက အိမ်ပြင်မထွက်ရဲတာနဲ့
ဂေဟာကို ပျက်ကွက်နေရတာပါခင်ညာ...ခွင့်လွှတ်ပေးပါ.......”

“ ဘာဆိုင်လဲကွ ..ဘယ်လိုပဲ သတင်းထွက်ထွက် မင်းက ယောကျာင်္းလေးပဲ... ဘာမထွက်ရဲစရာရှိလဲကွ”

“ဟာ...အစ်ကိုကြီးကလဲဗျာ.....ဘာမှလဲ မသိဘဲနဲ့ ....အဲဒီသတင်းတွေ ထွက်လာကတည်းက လူတွေက ကျွန်တော့် အိမ်ရှေ့မှာ မိုးလင်းမိုးချုပ်စောင့်နေတာဗျ... မထွက်များ မထွက်လိုက်နဲ့.. ထွက်လိုက်တာနဲ့... ကောင်လေးကမှ ချောသေးတယ်ဆိုပြီး.. အတင်းကာရော.. အော်တိုတွေ ထိုးခိုင်းနေလို့ဗျ..သိပြီလား.....”

“နေစမ်းပါဦး...ကျုပ်ကို ဂေဟာထဲ မ၀င်ဖို့ တားနေရအောင် ..ခင်ဗျားက ဘယ်သူတုန်း....”

“ ငါက .. ဂေဟာကြီးရဲ့ သဘာငတိပဲကွ.... ငှားငှား”

“အာ... ဖိုးဂျယ်.... ငါလေကွာ.. မိုးသားလေ.. ”

“သိသားပဲ ...သောက်မြင်ကပ်လို့ ရစ်နေတာ...”

“ အော.. ဂလိုလား..အေးပေါ့ ..မင်းတို့ ခေတ်ကိုး... လုပ်ထားဦးပေါ့.....ဒါနဲ့ ..အခု ငါ ဂေဟာထဲကို ၀င်လို့ရပြီလား.....”

“ ဒီလို လွယ်လွယ် ဘယ်ရမလဲကွ.... အထဲကို ၀င်ချင်ရင် ....ငှင်းငှင်းငှင်း..ငွားငွားငွား...........”

“ အော.. ပေါက်ပြီ.. ပေါက်ပြီ......................အစ်ကိုကြီး ဂျဲရယ် ..ငတိရယ်.. ........ကျွန်တော် ငတိကြီးအတွက်မြန်မာနိုင်ငံက လက်ဆောင်တွေ ယူလာခဲ့ပါသေးတယ်.. အဲဒါ .. ဟဲဟဲ... ကျွန်တော့်ကို ...ဟဲဟဲ........”

“ဘာ!.... ဘာပြောတယ်....ဒါ ..လာဘ်ထိုးတာပေါ့.. လာဘ်ထိုးနေတာပေါ့... ငါ့ကို ဘာများအောက်မေ့နေလဲ......လာဘ်စားတဲ့ကောင်များအောက်မေ့နေလား.. ဂေဟာရဲ့ သဘာပတိလုပ်နေတာ အလကားမဟုတ်ဘူးကွ... အခု မင်း ဂေဟာ ဆိုင်းဘုတ်အောက်က ဆိုင်းဘုတ်ကို ဖတ်ကြည့်လိုက်စမ်းပါ.. ဖတ်ကြည့်လိုက်စမ်းဘာာာာာာ........... ဘယ်လိုများ ရေးထားသလဲ .. သတိပေးထားလဲလို့.........”

“ဟို ... လာဘ်ပေးလာဘ်ယူ ..ဒို့ ရန်သူလို့ ရေးထားပါတယ် ..ခင်ညာ.....”

“ အေး...အဲဒါပဲ ..မင်းက မသိတတ်တာကိုးကွ.. မသိတတ်တာကိုးးးးးးး”

“ဟို..ဒါနဲ့....ဒီဆိုင်းဘုတ်က ကျွန်တော်တို့ ရပ်ကွက်တရားရုံးရှေ့က ဆိုင်းဘုတ်ကြီး မဟုတ်လားခင်ဗျာ.. ပျောက်သွားတာ တော်တော်ကြာပါပြီ....”

“ ဟုတ်တယ်လေ.. ငါ ဂေဟာမှာထားဖို့ ခိုးလာတာ......”

“ ဟာဗျာ.....ကိုငတိ... အဲလို လုပ်တာ ကောင်းလားဗျ... ခင်ဗျားအဲလိုလုပ်လိုက်တာ ...
အဲဒီဆိုင်းဘုတ်ကြီး မရှိတော့ကတည်းက ကျုပ်တို့ ရပ်ကွက် တရားရုံးမှာ ဘာတွေ ဖြစ်ကုန်လဲ ခင်ဗျားသိရဲ့လား.....”

“ မသိဘူးကွာ.. ငါလဲ ဂေဟာကောင်းကျိုးအတွက် လုပ်တာပဲ.....”

“ ကဲ.. အခု ဂေဟာမှာ ဒီဆိုင်းဘုတ်ကြီးရောက်လာတော့ ဘာတွေများ ကောင်းလာလို့လဲ..... လာဘ်ပေးလာဘ်ယူရော ပျောက်သွားပြီတဲ့လား.......”

“ ဟိုကွာ... ဟိုဒင်းလေ...
အဲလိုတော့ ပျောက်မသွားဘူးပေါ့ကွာ..... ငါကလဲ ပျောက်သွားဖို့ ရည်ရွယ်ပြီး ဒီဆိုင်းဘုတ်ကြီး ခိုးလာတာ မဟုတ်ပါဘူး... မင်းတို့ဆီမှာလိုပဲ .. နည်းနည်းများ လူရှိန်မလားလို့ လုပ်မိတာပါ........”

“ ခင်ဗျားတော်တော်ဆိုးတဲ့လူဗျာ...... .. ဒီလို လုပ်တာ ကောင်းလားဗျ... အခု ချက်ချင်း.... ကျုပ်တို့ ရပ်ကွက်ကို ပြန်ထားပေး... ဒီဆိုင်းဘုတ်ကြီး မရှိကတည်းက ကျုပ်တို့ဆီမှာ......ဟင်း .......မပြောလိုက်ချင်ဘူး.... အခု ပြန်ထားဗျာ.....ဒါပဲ.......”

“ အေးပါကွာ... ထားပါ့မယ်.... အခု မင်းဂေဟာထဲကို ၀င်မှာ မို့လား.......... ၀င်လေကွာ...ရပါတယ် .. အချင်းချင်းတွေပဲ ..စကားဝှတ်တွေ ဘာတွေ ...မလိုပါဘူး......”

“ ပြီးရော...ဒါဆို ၀င်ပြီ...”
ဟိတ်!.......င့ါတစ်အိမ်ပါမယ်ဟေ့..... .. အခု မပါရလို့ကတော့ .. နာယကကြီးကို သွားတိုင်ပြောလိုက်မယ်.. ဟင်းဟင်း.. ”


Thursday, July 9, 2009

တညင်သွား တောလား

အားလုံးသိတော်မှုတဲ့ အတိုင်းပါပဲ ပြီးခဲ့တဲ့ ၄ရက်နေ့ မနက်ခင်းမှာ ရင်ညိုတစ်ယောက် BAK ရှေ့မှာ၈နာရီမထိုးခင်ကတည်းက ရောက်နေပါပြီ။ မျက်နှာမှာလည်း mask ကြီးတတ်လို့ပေါ့။ ခဏနေတော့ ပေါညီတစ်ယောက် ရှည်တောင်ရှည်တောင် နဲ့ရောက်လာပါတယ်။ ခေါင်ကတော့ ကားနှစ်စီးပိုက်ပြီး ရောက်လာပါတယ်။ မယ်နန်းညီကတော့ လိပ်နင်ဂျာလိုဒီဇိုင်း နဲ့ ယက်ကန်ယက်ကန်လေး ရောက်လာပါတယ်။ ကျွန်တော်နဲ့သူ ပေါင်းပြီး H.C တစ်လုံးကို မသိမသာ သွားခေါ်ခဲ့ပါတယ်။ တပြိုင်ထဲမှာပဲ အားကိုးရဆုံးသော ကိုမိုးသား ရောက်လာပါတယ်။ ဒီအင်အားစုကြီးဟာ ဆောက်လုပ်ရေး မှတ်တိုင်ကို ချီတက်လာခဲ့ပါတယ်။ အမောင်ဂျယ်ဂျဲ ဆိုသောအမျိုးကောင်း သမီးလေးကို ခေါ်ရန်အတွက်ပါ။
ကလစ် ကလစ် ကလစ် ကလစ် ကြားကာလများကို တင်ပြချင်ပါသော်လည်း အချိန်ကိုငဲ့ကွက်ပါသောကြောင့် ကောင်းနိုးရာရာ ဇာတ်ကွက်များကိုသာ အရှည်ချဲ့ ဖော်ပြသွားပါတော့မည်၊

ပီကေတစ်ခုစာခန့် ကြာလတ်သော်
ဟတ်ခဲ့ ကျွန်တော်ရင်ညိုပါ ခုတညင် ပဲခူးစုမှ တင်ပြနေပါတယ်။ ဒါက မမိုးပါ။ မိန်းစပွန်ဆာပါ။ ဟတ်ကဲ့ အန်ဒီ ရောက်လာပါပြီ။ ကျွန်တော်တို့ မတူးရဲ့အိမ်ကိုရွှေ့ ကြပါပြီ။ မတူး၏အိမ်တွင် ဟယ်လို သုံးဆယ့်ငါးခါ ခန့်ကြာ ပီးနောက်
ဟတ်ကဲ့ မမိုးအိမ်မှ တင်ဆက်နေပါတယ် ခေါင်ပန်းဂေါ်ဖီကို ဘဝဖျက်နေပါတယ်။ ပန်းကန်ဆေးနေတာက ပေါညီပါ။ ခေါင်ရဲ့ဘော်ဒါ ပေါက်စလေးက ဘဲဥအစ ရှာနေပါတယ်။ နန်းညီ၊ အန်ဒီ နဲ့မိုးသားက ရွှေဝါရောင် စစ်ဆင်ရေးလုပ်နေပါတယ်။ တစ်မျိုးမထင်ပါနဲ့။
ဘီယာ သောက်နေကြတာပါ။ ကျွန်တော်ကတော့ အီးယောင်ဝါးလုပ်နေပါတယ်။
စားစရာ၊ သောက်စရာ၊ မှောက်စရာများ ready ဖြစ်လတ်သော်
ခေါင် _ ပန်းကန်လေးလှမ်းပါဦး
နန်းညီ _ အားရေရေပေးပါ
အန်ဒီ _ ချညီလေးချ
ပေါညီ _ ကျွန်တော့ကို ထည့်ပေးပါဦး
ရင်ညို _ ရော့ရော့ရေ
မောင်မိုးသား _ မမိုးရေ တစ်ခါတည်း ဝင်စားလိုက်ပါလား
မမိုး _ တော်ပါပြီ
ခေါင် _ လာပါတစ်ခါတည်းဝင်စားလိုက်ပါ
မောင်မိုးသား _ အမလည်းသောက်တယ်မဟုတ်လား
မမိုး _ အင်း အရင်ကပါ။ ခုတော့ မသောက်တော့ဘူး
ညီညီ _ နည်းနည်း လောက်ထည့်ပေးပါ
မောင်မိုးသား _ လာလာ cheer
ခွက်များကိုတပြိုင်ထဲ မော့သောက်ကြ

ထိုသို့ ဖြင့် H.C တလုံးခန့် ကုန်လတ်သော်
ပြန်ဦးမယ်နော်အစ်မ
မောင်မိုးသား _ နောက်လည်း အားရင်လာခဲ့မယ်နော်
မမိုး _ အေးအေး လာခဲ့ကြ
ခေါင် _ ခုလိုကျွေးမွေးတာ ကျေးဇူးတင်ပါတယ်
ပေါညီ _ ပြန်ပါဦးမယ်
ရင်ညို _ အမပြန်ပြီနော်
အန်ဒီ _ ဟေ ဟေ့ ကျွန်တော်ကတော့ မူးနေပြီ
ဒီလိုနဲ့ ကျွန်တော်တို့ ပြန်ခဲ့ကြပါတယ်
အသွားလမ်း၊အသောက်လမ်း ဖြောင့်ဖြူးသာယာ ခဲ့ပါတယ်။ အပြန်ခရီးတွင်မူ
အပိုင်း(၂) မျှော်......

Friday, February 27, 2009

ပြင်ညာရေးဝံကြီးထံ ဆုတောင်းလွှာ

ပျံကျားရေးဝံကြီး ကျွန်တော်ချမ်းရဲ စုံစမ်းရသလောက် ခုတလော ပညာရေးဝံကြီး ဇင်ဇင်ဇော်ဟာ ပုံမှန်မဟုတ်ဘဲ သူ့ဒုက္ခနဲ့သူ အခက်တွေ့နေပါတယ်။

ဒါကြောင့်လည်း ရုံးကို ပုံမှန်မလာနိုင် ဖြစ်နေတာပါ ။တကယ်တော့ ပညာရေးဝံကြီးရဲ့ စွမ်းဆောင်မှုကြောင့် ဂေဟာရဲ့ ပညာရေးဟာ အံမခန်း တိုးတက်လာတာတွေ့ရပါမယ် ။ ဂေဟာအသင်းသားတွေဟာ တစ်ယောက်နဲ့ တစ်ယောက် ဘိုဆန်ဆန် Hi တွေ Hello တွေ နဲ့ နှုတ်ဆက်လာကြတဲ့အပြင် မြန်မာလို မှတ်ချက်တွေရေးကြ၊ ပြောကြရင်တောင်မှ စ် တွေနဲ့ ဘိုသံပေါက်အောင် ပြောဆိုလာနိုင်ကြပါပြီ ။ သူစတင်ဖန်တီးထားတဲ့ ဘာသာရပ်အသစ် (အင်တာနက် Q နည်း မူနည်း ဘာသာရပ်) ဆိုရင်လည်း ကမ္ဘာတ၀ှမ်း ဘယ်နိုင်ငံကမှ သတ်မှတ်သင်ကြားနိုင်ခြင်း မရှိသေးပါဘူး ။ Q language ကြီးဖွံ့ဖြိုးအောင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူပါ။ သူကိုယ်တိုင် ပြုစုထုတ်ဝေထားတဲ့ မိတ်ဖွဲ့ခြင်းအတတ်ပညာ အဲ..ဟုတ်ပါဘူး! "အမဲလိုက်ခြင်း အတတ်ပညာ" ဆိုတဲ့ စာအုပ်ဟာဆိုရင် ရည်းစားလိုက်ပိုးနေတဲ့ ကောင်လေးတွေရဲ့ အားပေးဝယ်ယူမှုကြောင့် အရောင်းရစံချိန်တောင် တင်သွားသေးပါတယ်။ ဒါ့အပြင် မြန်မာစာ သင်ရိုးညွှန်းတမ်းမှာဆိုရင်လည်း တပည့်တွေ ကျေနပ်အားရမှုရှိအောင် "တပည့်ကျေးဇူး" ဆိုတဲ့ ရှေးစာဆိုကျော်ရဲ့ ကဗျာသစ်ကို ပြဌာန်းသင်ကြားခဲ့ပါတယ်။

တပည့်ကျေးဇူး

ပညာသင်ပြ
ဆရာမ၏
ဒေါသမီးလျံ
ကြောက်ရပြန်သည်
လက်သံကပြောင်
ကြိမ်လုံးဆောင်၍
တင်၊ ပေါင်၊ ကျောကုံး
အသေဗြုန်းလည်း
အမုန်းမပွား
စာသင်ကြားသည်
များပြားတပည့် ကျေးဇူးတည်း။


ရေးသူ။ ။ ဖင်ဗလာကြက်မလျှာနှစ်ခွ

ဒါပေမယ့် အခုအခါမှာတော့ ပညာရေးဝံကြီး ဇင်ဇင်ဟာ မကြာမကြာ ဂျီတော့ပ်မှာ အသဲကွဲဒိုင်ယာလော့ဂ်တွေတင်ပြီး အသဲကွဲနေပါတယ် ။ သူကိုယ်တိုင်ကလည်း ကျောင်းသား/သူတွေကိုသာ ဆရာလုပ်နေတာ... သူ့ပြဿနာကျတော့ ဘယ်လိုဖြေရှင်းရမှန်းမသိပါဘူး။ အဲဒီအသည်းကွဲရောဂါကို ဂေဟာက ကျန်းမာရေးဝံကြီးလည်း မကယ်နိုင်ပါဘူး ။ ဒါကြောင့် နာမည်ကြီး သမားတော်ဦးဂျိုကြီးရဲ့ အသည်းကွဲကုထုံးကျမ်းကိုလည်း ကျွန်တော်ကပဲ မဇင်ဇင်အတွက် လက်ဆောင်ပေးလိုက်ရင်း ပုံမှန် အခြေအနေပြန်ရောက်ပါစေလို့ ဂေဟာကအကြီးအကဲတွေကိုယ်စား ဆုတောင်း မေတ္တာပို့သလိုက်ပါတယ်။

အသဲကွဲသော်
ဆင်ကော်နှင့်ကပ်
ချုပ်အပ်နှင့်သီ
ကော်ရည်ကိုသုတ်
နေ့စဉ်လုပ်က
မုချအသည်း
ပြန်ဆက်သည်။


ပုံ၊
ပျံကျားရေးဝံကြီး

Friday, January 23, 2009

အတင်းထုက်ပြန်ချက်

ရွာရိုးကိုးပေါက် လျှောက်သွားနေတုန်းမှာပေါ့ဗျာ။ တွင်း(၂)တွင်းနဲ့တွေ့ပါလေရော.... အဲဒီမှာဗျာ လူကိုလာပြီကောတာပေါ့။ ဂေဟာကိုပြန်ဖို့ ပြန်စရာမရှိပါက သူ၏ စီးတော်ယာဉ်ကို ယူသွားရန်စသဖြင့်
ညွှန်ကြားသွားတယ်။ သူ့တွင်း(၂)ဆိုတဲ့ ရာထူးကြောင့်ပေါ့။ နို့ မဟုတ်ရင် ကော်ဖီ ဝယ်သောက်လိုက်ပြီ။ အဲ့ပြောမယ့်သာ ပြောရတာဗျ။ ဂေဟာတစ်ခုလုံးမှာ သဘောအကောင်းဆုံးပဲ ခု ကျွန်တော့blog မှာတင်ထားတဲ့စီဗုံး ကသူလုပ်ပေးတာပေါ့။ .....ဟင်းဟင်း သူကလဲ ဆရာချီးဗျ ရေမချိုးတာ ၂ပတ်ဆိုလား၊ ၂လဆိုလားပဲ။ အဲခုတော့ ဝဲတွေပေါက်နေတယ်တဲ့ ဘယ်သူမှမပြောပါနဲ့တဲ့ ကျွန်တော်ကလည်း ပါးစပ်
က အရမ်းလုံတဲ့ကောင်လေ သေချင်သေသွားပါစေ။ ဒီအကြောင်းကို မပြောဖို့စဉ်းစားထားတယ်။ နောက်ပီး သူ့ရောဂါအတွက်ဆိုပြီး ကိုကေလာက ဆေးဖော်ပေးတယ်တဲ့။ ဂွေးသီးကို မီးကင်ပြီး ပျားရည်နဲ့ စားရမယ်တဲ့။ ကျွန်တော်က မဖြစ်နိုင်ကြောင်းပြောတော့ ကျွန်တော့ကိုဗျာ ပြောဆိုသွားတာများ နှစ်ပြားမတန်အောင်ပါပဲ။ ကျွန်တော်လည်း ဘာမှပြောမနေတော့ပဲ ထွက်လာခဲ့တာပေါ့။ ဒါပေမယ့် ဂေဟာကလူတွေကို သံယောဇဉ်ကြီးလွန်းသူဆိုတော့ လည်ပြန်လေးတော့လှည့်ကြည့်မိတာပေါ့။တွင်း(၂) ၁ယောတ်
ဂွေးသီးကြီးကို မီးကင်ဖို့ လုပ်နေတာများဗျာ ခုထိမျက်လုံးထဲကကို မထွက်ဘူး.........

အသင်းသူ/သားများခင်ဗျာ
ကျွန်တော် လယ်ရာပြန်စားရေးဝန်ကြီး
ဂေဟာသို့ ချောမောစွာ ပြန်လည်ရောက်ရှိပါကြောင်း နှင့် တွင်း(၂) ပြန်လည် မရောက်ရှိပါက စိတ်မပူကြရန်။ ထိုသူသည် ဂွေးသီးကိုမီးကင်ရန် ကြိုးစားနေပါကြောင်း...................

Monday, November 17, 2008

ထောက်ချုပ်ရဲ့ ထောက်လှမ်းမှုအချို့


နံငန်ဂျားရေး ၀န်ကြီးက ရုံးတက်တာမှ မကြာသေးတော့ သူက တွင်း ၂ကို မမြင်ဘူးဖူးလေ။ မမြင်ဖူးဆို တွင်း၂က ခွင့်ယူပြီး ထိုင်းသွားတာကိုး ပြန်ရောက်တော့ ရုံးမှာ ခဏခဏတွေ့နေတယ်လေ။ ဒါနဲ့ သူတို့နှစ်ယောက် ချစ်သူဖြစ်သွားကြတယ်ဆိုပါတော့ မအံ့သြနဲ့ ဒါInternet ခေတ်လေ ပြီးတော့ နားနဲ့မနာ ဖ၀ါးနဲ့သာ နာကြပါ အသက်ကလဲ ငယ်တော့ဘူးလေ သူတို့ အိမ်ထောင်ပြုသင့်ပြီပေါ့။ မနေ့က အတူတူအိပ်ဖို့ လုပ်နေတုန်း ထောက်ချုပ်က ဘယ်လို့ သတင်းရလဲမသိဘူး ဓာတ်ပုံခိုးရိုက်သွားတယ်။ ပြီးတော့ ဖြစ်နေတဲ့ အခြေအနေကို ရုံးတော်ကို တင်ပြတယ်။ ကဲ ကောင်းကြရော ကျတော် လဲ မသိလိုက်ဖူးလေ။ ကိုယ့်အစ်ကို အကြောင်းဆိုတော့ ထောက်လှမ်းရေးချုပ် မဖွခင် မျက်နှာပူပူနဲ့ ကိုယ်ဖာသာ ကိုယ် ဖွထားမှဖြစ်မယ် သူများပြောတာထက် ကိုယ်ဖာသာကိုယ်ပြောတော့ နည်းနည်းခံသာတာပေါ့။ သူဖွမှာဆို ပိုအရှက်ကွဲမယ်လေ။

စဉ်းစားကြည့်ဗျာ တွင်း ၂လေ ယောင်္ကျား ဘ၀ကို စိတ်ကုန်တယ်ဆိုပြီး တနေ့ကပဲ ထိုင်းသွားပြီး မိန်းမဘ၀ သွားပြောင်းတယ်။ အဲ့အချိန် ကျတော် အစ်ကို နံငန်ဂျားရေး ၀န်ကြီးတစ်ယောက်ကလဲ အသဲကွဲနေတဲ့ အချိန်လေ ပြီးတော့ တွင်း ၂ နဲ့ သူက နေ့တိုင်းနီးပါး ရုံးမှာတွေ့နေရတာလေ တွင်း ၂က အစတည်းက မိန်းမချော ချောတာဆိုတော့ အခုမှမိန်းမဘ၀ ပြောင်းလိုက်တာဆိုတာကို ကျတော် အစ်ကိုက မသိဖူးလေ။ သူတို့ နှစ်ယောက်ချစ်သူဖြစ်တာ ကျတော် သဘာပတိလဲ သိလိုက်ဖူးလေ။ ဒါကြောင့် ရှက်ရှက်နဲ့ ကိုယ်ပေါင်ကိုယ့် လှန်ထောင်းလိုက်တယ်။

===============================================================
မှတ်ချက် ။ ။ ဓာတ်ပုံက Forward Mail က ရတာပါ။ Source သေချာမသိလို့ မတင်ပြနိုင်တာ ခွင့်လွှတ်ပါနော်။

Thursday, November 6, 2008

ဂေဟာအရှုပ်တော်ပုံ

ငပေါများဂေဟာတွင် တံခါးပိတ်ဆွေးနွေးပွဲ ကျင်းပလေသည်။ အစည်းအဝေးက အရေးပေါ် ဆင့်ခေါ်ထားခြင်း ဖြစ်သည်။ ဒါတောင် ပြန်ကြားရေးဝန်ကြီးမပါ။ မပါရခြင်းမှာ အတွင်းရေးမှူး-၂ မှ ပြန်ကြားရေးဝန်ကြီးသို့ ဖုံးခေါ်ဆိုချိန်တွင် ပြန်ကြားရေးဝန်ကြီးမှာ အရေးပေါ်ကိစ္စဖြင့် မာဆက်သို့ ရောက်ရှိနေချိန်ဖြစ်သည်။ နာယကကြီးမှ စတင်၍ပြောသည်။
"အဟမ်း အဟမ်း တကယ်တော့ဗျ လောကဆိုတာဟာ ကလောရဲ့ဇောက်ထိုးစာလုံးပဲဗျ"
ဥက္ကဌက စားပွဲအောက်ကို ငုံ့၍ ခွက်ပုန်း တစ်ခွက် ကစ်လိုက်သည်။ အတွင်းရေးမှူး ၁ က live score ကို အငမ်းမရ ကြည့်ပြီး သူရိုက်ထားသော မောင်း မြည်/မမြည် ကြည့်နေသည်။ အတွင်းရေးမှူး ၂ ကတော့ ချိုင်းထီစာရွက်လေး တကိုင်ကိုင်။ စည်းရုံးရေး အမှုဆောင်ကတော့ ငိုက်မြည်း၍ ကောင်းနေဆဲ။
" ဒီနေ့ အစည်းအဝေး ရုတ်တရက် ဆင့်ခေါ်ရတာ ဒီလိုဗျ... ကျွန်တော်တို့ ငပေါများဂေဟာရဲ့ ဂုဏ်ထူးဆောင် ဥက္ကဌဖြစ်တဲ့ ကိုအန်ဒီဆီကို ဥဿာပြည့်ရှင် မင်းမယားကြီးက သူ့သမီးတော် ဇီဝကလျာကို ဆက်သဖို့အတွက်...."
ဥက္ကဌကြီးရုတ်တရက်ခေါင်းထောင်လာကာ
"ဓါတုကလျာတော့လုပ်ပါဗျာ ခင်ဗျားကလဲ"
"လျှာမရှည်ပါနဲ့ သူ့သမီးတော်က ဓါတုဘာသာမှာ စာမေးပွဲကျလို့ ဇီဝဘာသာကိုပြောင်းယူထားတာ ငနာရဲ့ .. အစည်းအဝေးမှာ ပြန်ပြန်မပြောနဲ့.. ဟင်း ဘာမှတ်လဲ ရာထူးပြန်ရုတ်သိမ်းလိုက်ရမလား...
GSM ပြန်သိမ်းလိုက်ရမလား.. ငါပြောတာကိုပဲ ထောက်ခံမလား
"
ဥက္ကဌကြီး လည်လိမ်သွားသည်။ နာယကမှ ဆက်ပြောသည်။
"အဲဒီကိစ္စမှာ ကျွန်တော်များ ငပေါဂေဟာမှ သူရဲဘောလေးဦးဖြစ်တဲ့ သဘာပတိ၊ အတင်း ၁၊ အတင်း ၂ နဲ့ အကြံပေးအရာရှိတို့က ဥက္ကဌ၏ မဒမ်လောင်းလျာကို သွားရောက် ခေါ်ဆောင်ဖို့အတွက် ပြည့်ရှင် မင်းမယားကြီးက စာချွန်တော်ပါးလာတယ်... အဲဒါကို သဘာပတိက ခေါင်းဆောင်ပြီးတော့ ဥက္ကဌရဲ့ မဒမ်လောင်းလျာကို မှဲ့တစ်ပေါက်မစွန်းရအောင် ဒီကိုအရောက်ခေါ်လာစေဖို့ ဒီငပေါများဂေဟာက သဘောတူပါတယ်... ဒါကြောင့် ဒီကိစ္စကို အနှေးနဲ့အမြန် ဒီနေ့အပြီးဆောင်ရွက်ဖို့ ကျွန်ုပ်တွင် အပ်နှင်းထားသော အာဏာအရ လုပ်ချင်ချင် မလုပ်ချင်ချင် ဇွတ်အတင်းပင် ခိုင်းစေလိုက်သည်"
----------------------
အင်းဗျာ ကျလာတဲ့တာဝန်ဆိုတော့လဲ ဘယ်တတ်နိုင်ပါ့မလဲနော်.. ၀တ်ကျေတန်းကျေ ထမ်းဆောင်လိုက်ရတာပဗျာ..
ဒီလိုနဲ့ သူရဲဘောတို့လေးယောက် ဇီဝကလျာကို ခေါ်ဆောင်လာခဲ့ပေသည်။ လမ်းခုလတ်တွင် ခေတ္တနားကြ၏။ အတင်း ၁ က လမ်းဘေးတွင် ဘောလုံးကန်နေသော ခလေးများကို ကြည့်နေသည်။ အတင်း ၁ ဆိုတာက မန်ယူကန်တာ မကြည့်ရလျှင် ခွေးနှစ်ကောင် အမဲရိုးကို အပြိုင်ဆွဲနေတာကအစ စိတ်ဝင်တစား ကြည့်တတ်တဲ့သူလေ အတင်း ၂ ကတော့ ခွက်ပုန်းကစ်နေသည်။ အကြံပေးအရာရှိကတော့ တောတိုး၍ ဇောချွေးပြန်နေသည်။
သဘာပတိ တစ်ယောက် မယောင်မလည်ဖြင့် ဇီဝကလျာ အနီးသို့သွားလေသည်။ သဘာပတိလက်ထဲမှာတော့ ငှက်ပျောသီးလေးတစ်လုံးကို ကိုင်လျက်။
"ဗိုက်မဆာဘူးလားဟင် ညီမငေး"
"ဆာတော့ဆာတာပေါ့ အတိုရယ်"
သဘာပတိရဲ့ ၃၂ ချောင်းသော သွားတို့ လင်းလက်ကုန်သည်
"ဒါဆိုလဲ ဒီငှက်ပျောသီးလေး စားလိုက်ပါလား ညီမငေး"
ဟု လက်ထဲတွင်ကိုင်ထားသော ငှက်ပျောသီးအား လောကွတ်ချော်ကျွေးလေသည်
"ညီမငေး မစားရဲပါဘူး အတိုရယ် ... မစားပါရစေနဲ့နော် .. ညီမငေး ငှက်ပျောသီးစားရမှာကြောက်တယ် အတိုရဲ့"
"အော် ညီမငေးရယ် ဗိုက်ဆာနေတာပဲကို အဆာမခံပါနဲ့ ညီိမငေးရယ် ငှက်ပျောသီးစားတာများ မကြောက်ပါနဲ့လားဟင် အကို့မှာ အဖော်တွေနဲ့ပါ ညီမငေးရဲ့"
"ရှင်"
"အော် မဟုတ်ပါဘူး အကို့ရဲ့အဖော်တွေ အတင်း ၁ ၊ အတင်း ၂ နဲ့ အကြံပေးတို့ ရှိနေတာပဲလို့ပြောတာပါ.. စားမှာသာစားပါ ညီမငေးရယ်.. ဘာမှမကြောက်နဲ့သိလား"
"ဟုတ်တာပဲ အတိုရယ် မစားပါရစေနဲ့နော် မစားပါရစေနဲ့လား အတိုရယ်"
" ညီမငေးကလဲကွာ အကိုက စေတနာရှိလို့ ကျွေးတာပဲကို ပဲကို ပဲကို... အတို့အိမ်က မဒမ်လောင်းကိုတောင် ကျွေးတာမဟုတ်ဘူးရယ် တိရား ရှားနော် ညီမငေး ရှား ရှား "
ထိုသို့ဇွတ်ကျွေးမှသာ ဇီဝကလျာခမျာ အငမ်းမရ မြိန်ရေ ရှက်ရေ ငှက်ပျောသီးကို စားလေသည်။ သဘာပတိမှာလဲ အောက်ကနေ တပြုံးပြုံးနဲ့ ကြည့်နေသည်။ ဇီဝကလျာခမျာမှာလည်း ငှက်ပျောသီးတစ်လုံးကို ၂ မိနစ်ထဲနဲ့ အပြီးစားပြစ်သည်။ ငှက်ပျောသီးကုန်မှ သဘာပတိကို သတိရလေသည်။
"ညီမငေးက အကုန်ချားပြစ်ရိုက်တာရား အတို့ဖို့ မချန်တော့ဘူး အတိုလဲ ဗိုက်ချာလိုက်တာ ညီမငေးရယ်"
"အော် အတိုရယ် ဗိုက်ဆာလို့လား သိဘူးလေ အတိုက ညီမငေးကို အကုန်ကျွေးတာလားလို့လေ... အော် နေအုံး နေအုံး ညီမငေး လမ်းမှာ မန်းမြို့တော် ပေါက်စီ ၂ လုံး ၀ယ်လာခဲ့တယ် အတိုရဲ့... အတိုဗိုက်ဆာရင် အဲဒါနည်းနည်းစားလိုက်နော်... နည်းနည်းပဲစားသိလား ... ညီမပေါက်စီလေး သေးသွားမှာစိုးလို့ (အဲလေ ဟုတ်ပါဘူး ညီမပေါက်စီလေး ကုန်သွားမှာစိုးလို့ပါ) ညီမ လမ်းမှာဆာလာရင် စားအုံးမယ်လေနော်.. ရော့ ရော့" ဟု ဆိုကာ ဘယ်ဘက်ရင်ကြားတွင် ၀ှက်လာသော ပေါက်စီ တစ်လုံးကို ထုတ်ကျွေး၏။
သဘာပတိမှာလဲ ရှက်ရှက်ဖြင့် သိပ်မစားနိုင်ရှာ တစ်ကိုက်သာကိုက်ပြီး ဇီဝကလျာအား ပြန်ပေး၏။
ထိုအခါ ဇီဝကလျာလဲ ဘယ်ဘက်ရင်ကြားထဲတွင် ပြန်ဝှက်ထားပြန်၏။
ဒီလိုနှင့် ငပေါများဂေဟာသို့ ခရီးဆက်ကြ၏။ ဂေဟာသို့ရောက်သော်
ဥက္ကဌက ၀မ်းပန်းတသာအပြေးလာရာ လှေကား ၂ ဆင့်ကပင် ပြုတ်ကျ၏။ အငမ်းမရဖြစ်နေသော ဥက္ကဌအား အမှုဆောင်မှ မျက်စောင်းခဲလေ၏။
"မီးလေး လာပြီလား.. မီးလေးလာပြီလား... အကိုကြီးက မီးလေးကို စောင့်နေတာ ... အကိုကြီးရင်တွေ တုန်လွန်းလှပါလားမီးလေးရယ် ... ဒီမှာလေ မီးလေးစားဖို့ အကိုကြီး ငှက်ပျောသီးတွေ ၀ယ်ထားတာ ဒီမှာကြည့်စမ်းမီးလေး ငှက်ပျောသီးကို အကြီးကြီးပဲနော်.. ဟဲဟဲ မီးလေးစားဖို့ ရခိုင်ငှက်ပျောသီးအကြီးကြီးပဲ ၀ယ်ထားတာ"
ပြောပြောဆိုဆိုဖြင့် ဥက္ကဌကြီးက သူ၏ ၀တ်လုံတော်အားလှန်ပြ၏ (ငှက်ပျောဖီးမှာ တန်းတွင်ချိတ်ထားပြီး
အဖွဲ့ဝင်များ ခိုးယူမစားသောက်စေရန် ပုဆိုးဖြင့်အုပ်ထားခြင်းဖြစ်၏)
" မီးလေးရင်ပြည့်နေလို့ပါ အကို မစားပါရစေနဲ့နော်.. ပြီးတော့လမ်းမှာလဲ ငှက်ပျောသီးတစ်လုံးစားလာသေးတယ်အကိုရဲ့ "
" ဒါဆိုလဲ မီးသဘော မီးသဘော... ဒါပေမဲ့ မီးလေးလာမယ်ဆိုလို့ အကိုဘာမှမစားသေးဘဲ စောင့်နေတာသိလား.. အကိုလဲ ဗိုက်တွေဆာနေတယ် ... မီးလေး လမ်းမှာ အကို့အတွက် ဘာတွေ ၀ယ်ခဲ့သေးလဲဟင် "
" မီးမှာ ဘာမှပါမလာဘူး အကိုရဲ့.. အကိုစားချင်ရင်လေ မီးလေးဝယ်လာတဲ့ ပေါက်စီကိုပဲစားနော်..
မီးလေးပေါက်စီက နာမည်ကြီး... အကိုကြိုက်လောက်မှာပါ... branded ပေါက်စီလေ အကိုရဲ့ ...
သိတယ်မို့လား နာမည်ကိုက မန်းမြို့တော်တဲ့ အဟဲ...
" ပြောပြောဆိုဆိုဖြင် ရင်၏ ညာဘက်ကြားတွင် ၀ှက်ယူလာသော ပေါက်စီအား ထုတ်ကျွေးလေ၏။
ညာဘက်ကြားကို နှိုက်သော်လည်း ယောင်ယမ်းပြီး ဘယ်ဘက်ရင်ကြားသို့နှိုက်မိလေသော် တစ်ဝက်တစ်ပျက်စားထားသော ပေါက်စီကို ပေးမိလျက်သားဖြစ်နေ၏။
ဥက္ကဌ၏ ပွယောင်းနေသော နှာခေါင်းမှာ နီရဲလာလေ၏။ ဒေါသမီးလျှံတို့ လျှံထွက်လာ၏။
ပါးစပ်တို့ တဆတ်ဆတ်တုန်ယင်နေ၏။ မျက်လုံးကြီးလဲ ပြူးသထက် ပြူးလာသည်။
ထိုအခါမှ ဇီဝကလျာလဲ မိမိ၏ပေါ့ဆမှုကို သတိထားမိ၏။ ဘယ်လိုမှ ထိန်းသိမ်းချိန်မရှိလိုက်။
ကိုက်ရာပါသော ပေါက်စီက ဥက္ကဌလက်ဝယ် သက်သေအဖြစ်ရောက်နေသည်။
" ဒါ ဒါ ဒါ ဒါ ဘယ်ကောင့်လက်ချက်လဲကွ ဟမ် လုပ်ရက်လိုက်တာကွာ" ဟု ဦးကျော်၏ အိုဗာအိုင်ဒီယာများဖြင့်
သူရဲဘော လေးယောက်ဘက်သို့လှည့်အော်လေ၏။
ပြီးတော့ တစ်ယောက်ချင်း၏ ပါးစပ်နှင့် ပေါက်စီ၏ကိုက်ရာအားလိုက်တိုင်းလေသည်။
နောက်ဆုံးတွင် သဘာပတိလက်ချက်ဖြစ်ကြောင်းကို သဘာပတိ၏ ပါးစပ်ပြဲကသက်သေခံနေပေပြီ။
သဘာပတိလဲ မပြောမဆို ထ ပြေးလေသည်။ နောက်က ဥက္ကဌကလဲ သဘာပတိနောက်သို့ ထပ်ချပ်မကွာလိုက်လေသည်။ငပေါများဂေဟာတစ်ခုလုံး ကမ္ဘာပျက်မတတ် ပြေးလွှားအော်ဟစ်နေသည်။