ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Showing posts with label *ပျံကျားရေးဝန်ကြီး. Show all posts
Showing posts with label *ပျံကျားရေးဝန်ကြီး. Show all posts

Friday, October 1, 2010

ငပေါဂေဟာ နှစ်ပတ်လည် အခန်းအနားတော်ဂျီး

  • အခမ်းအနားမှူးအဖြစ် = ပျံဝံ
  • မိန့်ခွန်းပြောကြားသူ = နာယကကြီး
  • တက်ရောက်လာသော တစ်ဦးတည်းသောဧည့်သည်= ဥက္ကဌ အန်ဒီ


“ပေါနှစ်ပတ်လည်အခမ်းအနား” အဖြစ် ရန်ကုန်မြို့ စီဒိုးနားဟော်တယ်တွင် ခမ်းနားစွာ ကျင်းပသည်။


“ပရိသတ်များ အားလုံးပေါင်း ၃ယောက်တိတိ ခုလို စုံစုံလင်လင် ရှိတဲ့အချိန်မှာ နာယကကြီးမှ ငပေါဂေဟာနှစ်ပတ်လည် အခမ်းအနား မိန့်ခွန်းပြောကြားပေးမှာဖြစ်ပါတယ်”

စင်ပေါ်တွင် ပေါတီးဝိုင်းများ ဘင်ခရာတီးဝိုင်းများဖြင့် အစုံအလင်ရှိပြီးဖြစ်သည်။


“ဂုဏ်သရေရှိ လူကြီးမိဘအပေါင်း၊ ပေါဝန်ထမ်း ညီကိုမောင်နှမများနှင့် ဧည့်သည်တော်အပေါင်း ခင်ဗျာ
ပေါနာရက မှ မိန့်ခွန်းပေါကြားမှာဖြစ်ပါ၍ တစ်ခြမ်းလောက် နေရာယူပြေးကြပါရန် လေးစားစွာ ပန်ကြားအပ်ပါတယ်ခင်ဗျာ”


“ဖြောင်း ဖြောင်း ဖြောင်း”

ဥက္ကဌမှ လွတ်နေသော ဖျာပေါ်တွင်သွားထိုင် လိုက်ပြီး လက်ခုပ်တီးသည်။


“အဲ.. နာယကကြီးက ကေတီဗီမှာ ညကအသကုန်ဟဲထားသောကြောင့် အသံမထွက်ဖြစ်နေပါတယ်တဲ့

ခြေဟန်လက်ဟန်ဖြင့် ပြောကြားနေပါပြီ။ ကျွန်တော်ပဲ သူဘာဆိုလိုလဲ ပြောပြပေးပါ့မယ်”

“အားလုံးကို မင်္ဂလာပါတဲ့”

“အဲအဲ.. ပြောနေပြီခင်ဗျ ခြေကားယား လက်ကားယားနဲ့ ကိုယ်ကိုလှည့်တယ်ခင်ဗျ။ အော်..ဆိုလိုတာက ဒီနေ့ဟာဆိုရင် ပေါဂေဟာရဲ့ နှစ်ပတ်လည်ဖြစ်တဲ့အတွက် အားလုံး ကိုယ်ခန္ဒာကို နှစ်ပတ်လည်ပြီး ဂုဏ်ပြုပါတဲ့ ပထမဆုံး အနေနဲ့”


“ဒုံ ချမ်း ချမ်း ဒုံ ပီးပေါ်ပီးပေါ်”


“ရပါပြီတဲ့..ဟုတ်..သူက ပြောနေပါတယ် ခြေဟန်လက်ဟန်နဲ့…

ပေါဘော်တို့.. ပေါဘော်တို့ဟာ ပေါဘော်တို့ပဲဖြစ်တယ်.. ဘာလို့လဲဆိုရင် ပေါဘော်တို့ဟာ ပေါဂေဟာအတွက် စွမ်းစွမ်းတမန်ပေါခဲ့ကြလို့ပဲဖြစ်တယ်.. ဒါဟာလည်း ပေါဦးတည်ချက် ၄ရပ်ကို တစိုက်မတ်မတ် ခံယူကျင့်သုံးခဲ့လို့ဖြစ်တယ်.. ဖြစ်တယ်…. ဖြစ်တယ်…။

ငပေါပြည်သူ လက်တွဲကူ လူတည်မှန်သမျှချေမှုန်းကြ ဆိုတဲ့ ဆောင်ပုဒ်အတိုင်း လူတည်တွေကို ကိုက်ဖြတ်..အဲ တိုက်ဖျက်ရပါမယ်.. ဂေဟာတစ်ခုတည်ဆောက်ရာမှာ အုတ်တစ်ချပ် သဲတစ်ပွင့်ကို ရရင်ရသလို ငပေါကွက်နင်းပြီး ဘုန်းတတ်ရပါမယ်တဲ့…”


“ဟော… နာယကကြီး မျက်နှာ မသာမယာနဲ့ ထမိန်ကိုချွတ်ပြီး ခြုံနေပြန်ပြီ”


“သူပြောချင်တာက.. ဘာလဲတော့သိဘူးပေါ့လေ.. ဟို……

ငပေါတွေကို အားမရဘူးတဲ့.. ဒီပုံစံအတိုင်းဆိုရင် ဂေဟာလဲ ချွတ်ချွတ်ခြုံမွဲတော့မယ်တဲ့”


“ဆက်ပြောတယ်ခင်ဗျ… မကြာခင်ရွေးကောက်ပွဲကနီးလာပါပြီတဲ့

ဟော… ချွတ်လိုက်ပြန်ပြီ တကိုယ်လုံး..

ရွေးကောက်ပွဲကို ယူနီဖောင်ချွတ်ပြီး သူကိုယ်တိုင်ဝင်ပြိုင်မယ်လို့ ဆိုလိုတာ ခင်ဗျ”


“အဲ.. ဥက္ကဌရဲ့ ဘယ်နေရာကို လက်ညှိုးထိုးနေလဲသိဘူးဗျ”

“အော်… သူက ပြွန်တန်ဆာကနေ ကိုယ်စားလှယ်လောင်အနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်မှာတဲ့”


“ဟာ အဲဒီနေရာကိုပဲ ထပ်ပြီး ချောင်းကြည့်နေတယ်ခင်ဗျ….”

“အော်…ဆိုလိုတာက ဂွေးချောင်းရေအားလျှပ်စစ်စီမံကိန်းကို အကောင်ထည်ဖော်ဆောင်ရွက်ပြီး လက်စသတ်နေပြီတဲ့”


“အိ.. နာယကကြီး အီ အီးထိုင်ပါနေပါလား..ဘာပြောချင်တာတုန်း..
ဟာ အီးတွေပါ ကောက်ကိုင်နေပြန်ပြီ”

“သိပါပြီ… သူက ပြည်သူတွေကို ပိုက်ဆံတွေလည်း ချေးပေးမယ်လို့ပြောတာပါ”

“ဟား လုပ်ပြန်ပြီ.. စတိတ်စင်ကြီးကိုပါ မီးရှို့နေပြန်ပြီ..ဟာ လုပ်ကြအုံး”

“သူပြောချင်တာက သူအနိုင်ရရင် မီးမှန်မှန်လောင်အောင်..အဲ မှန်မှန်လာအောင် ကူညီမယ်လို့ပြောတာဗျ.. ဒါကြောင့် မဲထည့်ပါတဲ့”


“မီးလည်း အတော်လောင်နေပြီဖြစ်ပါသောကြောင့်.. အခမ်းအနားကို အောင်မြင်စွာနိဂုံးချုပ်လိုက်ရပါတယ်..”

“ပြေးကြဟေ့!!!”


--
.....
ချမ်းရဲ

Wednesday, May 12, 2010

ပျံဝံပါတီ

၂၀၁၀ ရွေးကောက်ပွဲတွင် ငပေါဂေဟာဝန်ကြီးချုပ် ဦးဆောင်သော "ဂေဟာဖဲဝိုင်းနှင့် အရက်ဝိုင်းဖွံ့ဖြိုးရေး" ပါတီ ၀င်ရောက်ရွေးကောက်မည်ဟု သတင်းထွက်ပေါ်ပြီးနောက် ငပေါများဂေဟာမှ ပျံကျားရေးဝံကြီးကလည်း ပါတီဖွဲ့စည်း၍ ၀င်ရောက် အရွေးခံမည့် သတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ကြေငြာခဲ့သည်။

ငပေါဂေဟာ ပေါချာရေးနှင့် ဖွံကြောင်ရေး ကောင်စီမှ ပျံဝံချမ်းရဲသည် ငပေါသူ ငပေါသားများ
သာမန်ငပေါ(ခရေစီ)ဘ၀မှ အီမို(ခရေဇီ) ဖြစ်ပေါ်လာအတွက် "ဒစ်စကိုပါတီ" အမည်ဖြင့် ရွာသာကြီးမြောက်ပိုင်း မွဲခြောက်ကုန်းရွာမှ တဲ(၄)လုံးကို ကိုယ်စားပြုပြီး ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

"ခေတ်မီဂေဟာတော်သစ်ဆီ ချီတက်ကြဖို့အတွက် အီမိုခရေစီဂေဟာ တည်ထောင်နိုင်ရမှာဖြစ်ပါတယ်။ လူတကာ အီမိုမှ အီမို ဖြစ်နေတဲ့ခေတ်မှာ ကျွန်တော်တို့လည်း ရိုးရိုးခရေဇီမဟုတ်ပဲ အီမိုခရေဇီတွေအဖြစ်ကို ပြုပြင်ပြောင်းလဲသွားမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ ၀င်ရောက်ယှဉ်ပြိုင်တာပါ။ ကျွန်တော် ၀န်ကြီးဘ၀ကနေ အနားယူပြီး အင်္ကျီချွတ် ဘောင်ဘီချွတ် ခြေအိတ်ချွတ် ဖိနပ်ချွတ် နောက်ဆုံး ရှိသမျှချွတ်ပြီး stripper အနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်တာပါ။ ပါတီ စိုစိုပြည်ပြည်လေးဖြစ်အောင် "ဒစ်စကိုပါတီ" လို့ အမည်ပေးထားပြီး မဲပေးသူတိုင်းကို အရက်ပုလင်းတစ်ပုလင်းစီ အလကားပေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပါတီ အနိုင်ရခဲ့ရင် အလုပ်အကိုင်အခွင့်အလမ်းများစွာကို ကျွန်တော့်ကိုယ်ပိုင် ကလပ်မှာ ချထားပေးမှာပါ။ မိန်းကလေးတိုင်း အလုပ်အကိုင်ရရှိရေးအတွက် ကျွန်တော်အပြည့်အ၀ တာဝန်ယူပါတယ်။ ပြီးတော့ လက်ရှိဖြစ်ပွားနေတဲ့ တဲစွန်တဲဖျားက ဆွေးမြည့်နေတဲ့ ခြံစည်းရိုး ပြဿနာတွေကိုလည်း ပြေလည်အောင် ခြံစည်းရိုးအသစ်တွေ တည်ဆောက်ဖို့အတွက် ၀ါးရရှိအောင် ၀ါးပင်တွေ စိုက်ထားပြီးပါပြီ။ ပြီးတော့ အိမ်တိုင်း မီး ပုံမှန် လောင်ရေး..အဲလေ..မီးပုံမှန်လာရေးအတွက် မီးမလာတဲ့အိမ်တွေ ဖြိုချပြီး ဂေဟာအတွက် မီးပုံမှန်လာမယ့် အိမ်သစ်တွေ တည်ဆောက်သွားမှာပါ" ဟု ပျံဝံက ပြောကြားသွား၏။

Tuesday, April 27, 2010

တစ်ပတ်အတွင်း သတင်းအစီအစဉ် (၂၇-၀၄-၂၀၁၀)

(၁) ငပေါဂေဟာစတုဂံဒေသတိုင်း စစ်ဌာနမှူးက ၀ တပ်ဖွဲ့များထံ နံပြားခြောက်ချပ် ဖုတ်ပေးရေး ကိစ္စ အပူတပြင်းတောင်းဆိုခဲ့သည်။ (နာယကကြီး မနက်စာအတွက် အဆင်ပြေစေရန်ဟု သိရ၏)

(၂) ငပေါဂေဟာ ဥက္ကဌသည် ၂၀၁၀ သေးပေါက်ပွဲတွင် ဆီးရွှင်ရန် နှင့် ရန်စွယ်အပေါင်း ကျော်လွှားနိုင်ရန် ဆင်ဖြူတော် ဆားငံစေ့ ၁၀ ကို အစေ့ပါမြိုချရာ လည်ပင်းတွင်အစေ့ဆို့နင့်ပြီး ရန်ကုန်ဆေးရုံကြီးသို့ အတွင်းလူနာအဖြစ်ထားရှိခံခဲ့ရ၏။

(၃) သင်္ကြန်အကြတ်နေ့ ဗုန်းပေါက်ကွဲခြင်း၏ အဓိကတရားခံသည် ဗုန်းဖောက်ခွဲသူသာ ဖြစ်သည်ဟု ငပေါ ၀န်ကြီးချုပ်က အတိအလင်းပြောဆို။ တွင်း(၂) နေအိမ်တွင်လည်း လုံခြုံရေးတင်းကြပ်လျှက်ရှိရာ အိမ်သာနှင့်ရေချိုးခန်းများတွင် တံခါးများ တပ်ဆင်ထားကြောင်း ချောင်းကြည့်သူရပ်ကွက်မှ သတင်းရရှိသည်။

(၅) ရင်ခွဲရုံမှ အလောင်းများ ကုတ်ဖဲ့ဖျက်ဆီးခံရမှုနှင့်ပတ်သတ်၍ ရဲတပ်ဖွဲ့မှ ကြွက်၊ ခြ နင့် ပိုးကောင်များအား
အတင်း အဓမ္မစစ်မေးလျှက်ရှိရာ တရားခံများမှ ၀န်ခံပြောကြားခြင်းမရှိသေးပေ။

(၆) လွန်ခဲ့သော တနင်္လာနေ့မတိုင်မီ ၂ရက်က တွင်း(၂)သည် ဂေဟာရန်ဘုန်းငွေ အမြောက်အများကို ကတ်စီနိုကစားဝိုင်းတွင် ရှုံးပြီးနောက် "ရရင်ရ မရရင် မ" ဟုဆိုကာ chip ပြားများခိုးယူသဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း နှင့်အတူ ဂေဟာမှ ချီးမြှင့်သော "ပြည်သူကုန်စေ" ဆုချီးမြှင့်ခံရသည်။


ပျံကြားရေး ၀ံကြီး/
ချမ်းရဲ

Saturday, October 31, 2009

ငပေါများဂေဟာ နှစ်ပတ်လည် မဟာအငြိမ့်ပွဲကြီး - ၂ (ဒီဗီဒီ ဗားရှင်း)

ထိုစဉ်အိပ်ငိုက်နေသော အန်ဒီ တစခန်းထလေသည်
အင်ဒီ ။ ။ “ဝေး............ မင်းသမီး သွားပြီကွ။”

အောင်သာငယ် ။ ။ “တယ်.. ဒီကောင်” (နားရင်းကို ၃ ချက်လောက် ဆင့်ရိုက်လိုက်သည်။ ဘယ်တုန်းကတည်းက ညှိုးထားသလဲ မသိ။) “မင်းသမီးသွားတာ ပျော်စရာလား။ အောက်က ပရိသတ် မင့် ခဲနဲ့ ထုလိမ့်မယ်။ ဟုတ်တယ်မလား ပရိတ်သတ်ကြီး” (လေးဖြူ ဒီဇိုင်းနဲ့ လှမ်းမေးလိုက်သည်။ အငြိမ့်ရိုက်ရန် တစ်ထောင်ဖိုး ၃ယောက်နှင့် ခေါ်ထားသော ပရိသတ်ကလည်း မင်းသမီးကို အားပေးဟန်တူသည်။ “မထူးပါဘူးဗျိုး၊” ဟု ဝိုင်းအော်ကြသည်။)

ဗီလိန် ။ ။ “ခဲနဲ့ မထုဘူး စနိုက်ဘာနဲ့ ချောင်းပစ်မှာ။”

ဟန်သစ်ငြိမ် ။ ။ “နေပါဦး နေပါဦး။ စနိုက်ဘာ မပြောနဲ့ စနိုက်ဘာလောက်ရှည်တဲ့ သေနတ်တောင် မင်းက မြင်ဖူးလို့လား။ ကြီးကြီးကျယ်ကျယ်တွေ မပြောစမ်းပါနဲ့ ဗီလိန်ရာ။”

ဗီလိန် ။ ။ “ကိုဟန်သစ်ငြိမ် မသိပဲနဲ့ ပြောပြန်ပြီဗျာ။ စောစောက မင်းသမီးကနေတုန်း စင်ပေါ်ကို ပုဆိုးတစ်ထည် ရောက်လာတယ်လေ မတွေ့ဘူးလား။”

ဇာနည် ။ ။ “ဘာဆိုင်လို့တုန်းဟ။ သူ့ဟာသူ ပုဆိုးကိုလေပေါ်မြှောက်ပြီး အားပေးရင်း လွတ်ပြီး စင်ပေါ်ရောက်လာတာလေ။” (ဇာနည်က မေးရင်နှင့် လက်ကလည်း ဗီလိန့် ဇာတ်ပိုးကို ရွယ်ထားလိုက်သည်။ ဗီလိန့် အစားချမ်းရဲက ဝင်ဖြေပေးလိုက်သည်။)

ချမ်းရဲ ။ ။ “အဲဒါ ကျည်ထိုးတာနေမှာ” “ဖျောင်းဖျောင်း ဖျောင်းဖျောင်း။” (ဗီလိန့်ကိုရွယ်ထားသည့် လက်က ချမ်းရဲ၏ ဇတ်ပိုးကို ရိုက်ချလိုက်လေတော့သည်။)

ဗီလိန် ။ ။ “ဒီလိုလေဗျာ။ ပွဲခင်းထဲကို ဝင်ရင် လုံခြုံရေးက အဝမှာ ငိုက်နေတယ်မလား။ အဲလေ... အဝမှာ စစ်ဆေးတယ်မလား။ စစ်ဆေးတာ မမိအောင် စနိုက်ဘာကို ပုဆိုးနဲ့ ပတ်လာမှာပေါ့။ ဒါကိုပြောတာပါဗျ။”

ချမ်းရဲ ။ ။ “တော်သေးတာပေါ့။ လုံခြုံရေး ကယ်လို့။ မဟုတ်ရင် ငါထင်တာမှန်တယ်။” (မျက်နှာလေး ပေကလပ်ပေကလပ်ဖြင့် မိမိဘာသာ နှစ်သိမ့်လိုက်သည်။)

အင်ဒီ ။ ။ “အင်း... လုံခြုံရေးဆိုလို့ ကျနော်လည်း ပြောရဦးမယ်။ ဟိုတလောက ဂေဟာမှာ ဖဲရိုက်တာ ကျနော် ရှုံးပါလေရော။ ဂေဟာက ဖဲဝိုင်းက ကြေးကလည်းကြီး ရိုက်တဲ့သူကလည်း တွင်းတူးတို့၊ ငတိတို့၊ မမတို့လို ဆြာကြီးတွေ ဆိုတော့ အရင်းပြုတ်သွားတဲ့ ကျနော့အတွက် ဝိုင်းထဲ ပြန်တိုးဖို့က မလွယ်တော့ဘူး။ ဒါနဲ့ ကြံရာ မရဖြစ်ပြီး တောင်ဥက္ကလာက ကျနော့ညီတစ်ယောက် ဝယ်ထားပြီး မသုံးတဲ့ အိမ်နဲ့ ခြံကို ခဏတောင်း။ ကြေးနည်းနည်းနဲ့ ရိုက်လို့ရမယ့် သူတွေကိုစုပြီး ပျံဝံ ဖဲဝိုင်း အသေးလေးတစ်ခု ထောင်တာပေါ့။”

ဇာနည် ။ ။ “အဲဒီ့တုန်းက ကျနော်တောင် ကွဲနေလို့ လာရိုက်မယ် လုပ်သေးတယ်။ မိန်းမမလစ်လို့ မလာလိုက်ရဘူး။”

အင်ဒီ ။ ။ “အင်း အင်း ဟုတ်တယ်။ ကျနော်က ဖဲရိုက်တယ် ဆိုရင် လုံခြုံရေးကို သိပ်သတိထားတာ။”

ဟန်သစ်ငြိမ် ။ ။ “အင်း စိတ်ချရအောင် ဘယ်လို လုပ်တုန်း”

အင်ဒီ ။ ။ “လုံခြုံအောင် ဆိုပြီး အိမ်ထဲမှာတောင် မရိုက်ဘူး။ အနောက်က အပင်လေးဘာလေး စိုက်ထားတဲ့ မြေလွတ်မှာ စားပွဲ ချရိုက်တာပေါ့။ အရေးဟဲ့ဆို အနောက်ဘက်ထဲကို ခြံကျော်ပြီး ပြေးလို့ရအောင်။ ခြံစည်းရိုးကလည်း သံဆူးကြိုးနဲ့တင် ကာထားတာဆိုတော့ ပြေးရလွှားရလွယ်တယ်လေ။ အိမ်ရှေ့မှာ လုံခြုံရေးအတွက် ကလေးတစ်ယောက်ကို မုန့်ဖိုးပေးပြီး စောင့်ခိုင်းထားတာပေါ့။ အချက်ပြရအောင် လူခေါ် ဘဲလ်လေးပါ တပ်ပေးထားသေးတယ်။”

အောင်သာငယ် ။ ။ “အဲဒီ့နေ့က နိုင်လားဗျ။ ပျံဝံတို့များ ရှုံးရင်သာ တဂျီဂျီနဲ့ နိုင်ရင် အသံမထွက်ဘူး”

အင်ဒီ ။ ။ “နိုင်မနိုင်တော့ မသိဘူးဗျာ။ ပြောရရင်တော့ ငိုချင်ပါတယ်ဗျာ။ ဟိုတလောက ကျနော် ဂေဟာကို မလာနိုင်တာ အဲဒါကြောင့်ပေါ့။ ရဲလာဖမ်းလို့ အားလုံး အချုပ်ထဲ ရောက်ကုန်တော့တာပဲ။ ”

ဇာနည် ။ ။ “ဟ.. မင်းပြောတော့ လုံခြုံရေးကောင်းတယ်ဆို။”

အင်ဒီ ။ ။ “လုံခြုံရေးတော့ ကောင်းပါတယ်ဗျာ။ ခက်တာက ကျနော်တို့ ပြေးမယ်ဆိုတဲ့ အနောက်က ခြံက ရဲစခန်းဝင်းဗျ။”

ဗီလိန် ။ ။ “ကျားရှေ့မှောက်ယက်လဲတယ်ဆိုတာ ဒါမျိုးပေါ့။ ဒါနဲ့ မင်း ဒီအငြိမ့်ပွဲ မီအောင် ဘယ်လိုပြန်ထွက်လာလဲ။”

အင်ဒီ ။ ။ “အဲ တွင်းတူးလုပ်ပြီး ညံ့ပါ့ ကိုဗီလိန်ရာ။ အခုခေတ်က ဘာခေတ်လဲ သိလား။”

ဗီလိန် ။ ။ “အိုင်တီ ခေတ်လေ။ အိုင်တီခေတ်။ အင်တာနက်ခေတ်”

အင်ဒီ ။ ။ “မှားတယ်။ ငြုပ်သီးမှုန့်တံဆိပ်တစ်ခု ကြားဖူးလား။”

ဇာနည် ။ ။ “သြော်.... ဘုတ်ဆုံမခေတ်”

ဖျောင်း.... ဒိုင်း....
အောင်သာငယ် ။ ။ “ဘုတ်ဆုံမက နင့်ဂျီးဒေါ်။”

အင်ဒီ ။ ။ “ဆင်ဖြူတော် ခေတ်ဗျ။ ဆင်ဖြူတော်ခေတ်။ မြဲမြဲ မှတ်ထား အရင်က ဆင်ဖြူတော်မှီ ကြံစုတ်တဲ့ ဆိုးရိုးရှိသဗျ။ အခု ပြောင်းသွားပြီ။“

ဟန်သစ်ငြိမ် ။ ။ “ဘယ်လိုပြောင်းသွားတုန်း အင်ဒီကောင်ရဲ့”

အင်ဒီ ။ ။ “ဆင်ဖြူတော်ထွက် ကိစ္စပြတ် တဲ့”

အားလုံး ။ ။ “ဒီမှာ. အသည်းနှလုံး..... (ဗြုန်း) အသည်းနှလုံး..... (ဗြုန်း) အသည်းနှလုံး ပေးလိုက်ချင် ရော့ရော့ရော့”

ဒီဂျေ ဖိုးဂျယ်၏ တဂျိဂျိ အသံဖြင့် တယောက်တစ်ပေါက် ကကြလေသည်။ ဟန်သစ်ငြိမ်က သူ၏ မဟာနှာခေါင်းကြီးကို ပွစိပွစိဖြင့် လည်းကောင်း၊ ဇာနည်က ခြေတပေါင်ကျိုး ခုန်ဆွ ခုန်ဆွဖြင့် လည်းကောင်း၊ အင်ဒီကောင်က ဂျက်ကီချန်း၏ အရက်မူးသိုင်းလိုလို ဘာလိုလိုဖြင့် လည်းကောင်း၊ အောင်သာငယ်က နားရွက်ဆွဲထိုင်ထ လုပ်ခြင်းဖြင့် လည်းကောင်း၊ ကလန်ကလားဗီလိန်က နာဂစ်ဓာတ်တိုင်လို အတောင့်လိုက် ခါးရမ်းကာ ကလေတော့သည်။ ချမ်းရဲကမူ ခေါင်းလေး တစ်ကုပ်ကုပ်ဖြင့်

ချမ်းရဲ ။ ။ “အ.. ကိုဂျီးတို့။ ကျနော် စင်္ကာပူကို ပြန်တော့မယ်။ စစ်အဲက ထွက်တော့မယ်တဲ့ ခုပဲ ဖုန်းဆက်တယ်။” (ဗီလိန်က ချမ်းရဲ လက်ကို ဖမ်းဆွဲထားလိုက်သည်။)

ဗီလိန် ။ ။ “မပူပါနဲ့ကွာ စစ်အဲမမီလည်း အမ်အေအိုင် ရှိပါတယ်ကွာ။ မရှိလည်း ကားနဲ့ ပြန်လို့ရပါတယ်။ ဘာတဲ့... သီချင်းလေးတောင် ရှိသေးတယ်။ .... ကားပြာလေးကို စီးကာကွယ်.....”

ချမ်းရဲ ။ ။ “ဖွက် ဟဲ့... လွဲပါစေ။ ဖယ်ပါစေ။ ခင်ဗျားကြီးကတော့ ဟုတ်တာပေါ့ဗျ။ ကျုပ်က မိန်းမ မရသေးဘူး။ စလုံးမှာ ချစ်သူစောင့်နေတယ်။ အဟင့်”

ဇာနည် ။ ။ “ငိုပါကွာ ငိုပါ။ ပြိတ္တာ မျက်ရည် မြေကျကျ မကျကျ မထူးတော့ပါဘူး။”

ချမ်းရဲ ။ ။ “ခင်ဗျာ..... အမလေးလေး.... ပြောကာမှ ပိုဆိုးပြီ။ တော်ပြီဗျာ။ ငိုတော့ဘူး။ ကားပြာမကလို့ ကားဝါ ဖြစ်ဖြစ် ကားနီ ဖြစ်ဖြစ်။ ဂေဟာ အကျိုး...... ချစ်သူရေ.... ဒီဘဝမှာ မင်းနဲ့ မဆုံရပေမယ့် မင်းကို ဘယ်လောက်ချစ်တယ်ဆိုတာ မိုးနတ်မင်းကြီးကို တိုင်တည်ပြီး ကိုယ်ပြောခဲ့ချင်တာက........” (နှာခေါင်း တစ်ချက်ရှုံ့လိုက်ကာ ဆက်ပြောသည်။ ) “မိုးနတ်မင်းကြီးကို တိုင်တည်ပြီး ကိုယ်ပြောခဲ့ချင်တာက.... ကိုယ့်အကြွေးတွေ ဆပ်ပေးစမ်းပါ”

ဖျောင်း... ဖျောင်း... ဒိုင်း
ဟန်သစ်ငြိမ် ။ ။ “ကဲ... အရေးထဲ ဖဲကြွေးလာရှင်းနေသေးတယ်။”

ဇာနည် ။ ။ “အင်ဒီကောင်က ပြောတော့ ကျနော်လည်း ပြောရဦးမယ်ဗျ။ ကျနော် ဟိုနေ့က ဂေဟာ မရောက်တဲ့ အကြောင်း။”

အောင်သာငယ် ။ ။ “အင်းဟုတ်သားဟ။ တစ်ပတ်လောက် ပျောက်နေတာ။ ဘာလဲ အသည်းလေးနဲ့ ချောင်းသာသွားတာလား။”

ဇာနည် ။ ။ “ဘယ်ကသာဗျာ။ အဲဒီ့နေ့က ဂေဟာက အပြန် လှည်းတန်းနားမှာ ဘော်ဒါတွေနဲ့လည်း တွေ့ရော ဟိုက် ၁ ပြား ထပ်ကစ်လိုက်တယ်။ အဲ.. အပြန်ကျတော့ ဟိုက်အစွမ်းပြတော့တာပဲ။ ဘယ်နေရာ အိပ်ပျော်သွားမှန်း မသိပါဘူးဗျာ။ နိုးတော့ မျက်နှာတွေ ဖူးရောင်လို့ သံတိုင်တွေ ကြားထဲ ရောက်နေတော့တာပဲ။”

ဟန်သစ်ငြိမ် ။ ။ “ဖြစ်မှ ဖြစ်ရလေဗျာ။ အမှုတဲ့လဲ။”

ချမ်းရဲ။ ။ “မှောင်ရိပ်ခိုမှုတဲ့ဗျာ... မှောင်ရိပ်ခိုရင် ဖမ်းတယ်တဲ့... ခက်တာက ရန်ကုန်မှာကလည်း ခင်ဗျားတို့ သိတဲ့အတိုင်းဗျာ... မီးမှမလာတော့ မှောင်တာပေါ့... အဟင့်... ”

ဇာနည် ။ ။ “အမှုတွေကတော့ စုံစိနေတာပါပဲ။ မူးယစ်ရမ်းကားမှု၊ အမျိုးသမီးတွေ အဆောင်ကို ခြံစည်းရိုးဖျက်မှု၊ မှောင်ရိပ်ခိုမှု၊ ၃၇၆ ကြံစည်မှု၊ ခိုးမှု၊ ပိုင်နက်ကျူးကျော်မှု၊ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု အင်း.... နောက်ပြီး.........”

အင်ဒီ ။ ။ “နေဦးနေဦး ဟိုအမှုကော မပါဘူးလား”

အားလုံး ။ ။ “ဘယ်အမှုတုန်း”

အင်ဒီ ။ ။ “ရေကူးတဲ့ အမှု” (ဗျောင်း.... ဒိုင်း...... ဝိုင်းသမကြသည်။)

ဗီလိန် ။ ။ “မူးနေပါတယ်ဆိုမှ ရေကူးရင် နစ်သေမှာပေါ့ဟ”

အင်ဒီ ။ ။ “မသိဘူးလေ။ အဲဒီ့ လှည်းတန်းဆိုတော့ အင်းယားကန်မှာ ရေတွေဘာတွေ သွားကူးသေးလားလို့ပါ။” (ဗျောင်း.... ဒိုင်း...... နောက်တစ်ကြိမ် ဝိုင်းသမကြသည်။)

ချမ်းရဲ ။ ။ “ကိုဗီရေ စစ်အဲ လက်မှတ် ၂ စောင် ဖြတ်ထား လိုက်တော့မယ်နော်။ ကျနော် စိုက်ထားလိုက်မယ်။ လခထုတ်မှ ပြန်ပေး။”

ဗီလိန် ။ ။ “မပူပါနဲ့ကွာ။ နှစ်မကြီးကြီးအောင် လုပ်ပေးပါမယ်။ ကဲ... ကိုဇာနည် ဆက်ပါဦး”(ချမ်းရဲမှာတော့ ငိုမဲ့မဲ့။)

ဇာနည် ။ ။ “ကိုအောင်သာငယ်တို့ ကိုဟန်သစ်တို့ သိပါတယ်ဗျာ။ ကျနော် မူးရင် ဘာလိုနေလဲ။ ကျနော်က မူးရင် အေးရာအေးကြောင်း နေတတ်တာပါ။ နောက်ပြီး ခြံစည်းရိုးချိုးဖို့ မပြောနဲ့ ကိုယ့်ဘာသာတောင် အနိုင်နိုင်ရယ်။”

ဟန်သစ်ငြိမ် ။ ။ “ဟုတ်ပါပြီ။ ဒါနဲ့ အဲ့ဒီ့ အဆောင်ပိုင်ရှင်နဲ့ ရှင်းရရောလား။”

ဇာနည် ။ ။ “အဆောင်ပိုင်ရှင် မပြောနဲ့ ဘယ်အဆောင်မှန်းတောင် မသိပါဘူးဗျာ။ သူတို့ အပြောကတော့ အဆောင်ပိုင်ရှင်က ကြေအေးသွားတယ်လို့ ပြောတာပဲ။”

အောင်သာငယ် ။ ။ “အင်းပေါ့။ သူကလည်း သူခိုးဝင်ခံရတဲ့ အိမ်ရှင်ဆိုတော့ ထောင် ၃နှစ်တွေ ဘာတွေ ကြောက်မှာပေါ့။” (ပရိတ်သတ်က ဝါးကနဲ ပွဲကျသွားသည်။)

ချမ်းရဲ ။ ။ “ဟေ့ လူ..... ဟာဗျာ။ သွား.. ခင်ဗျားတို့ပြက်လုံးမထုတ်နဲ့တော့။ မင်းသမီးခေါ်တော့ဗျာ။ ကျနော့ချစ်သူ စောင့်နေတယ်။ နောက်ကျနေပြီ။”

အင်ဒီ ။ ။ “ရောက်တော့လည်း အသိသာကြီးပေါ့ဗျာ။ ပျော်ပျော်ပါးပါးကြီးပေါ့။”

ချမ်းရဲ ။ ။ “ချစ်သူရေ.... ဒီဘဝမှာ မင်းနဲ့ မဆုံရပေမယ့် မိုးနတ်...နတ်....နတ်..............................”

ဖြောင်း... ဗျောင်း.... ဗျောင်း.... ဗီလိန်က သုံးချက်လောက် ဆင့်တီးလိုက်သည်။
ဗီလိန် ။ ။ “လာပြန်ပလား ဒီမိုးနတ်မင်း။ နေစမ်းပါဦးဟ။ ကိုဇာနည်ပြောတာ ဆုံးအောင် နားထောင်ပါဦး။ ဒါနဲ့ပဲ အိမ်ရှင်ကြေအေးတာနဲ့ လွတ်သွားရောလားဗျ။ ကိုဇာနည်ရဲ့။”

ဇာနည် ။ ။ “ဟင့်အင်း။ အဲဒီ့တော့မှ ရဲမှု တဲ့ဆိုပြီး ခုနက ခေါင်းစဉ်ကြီးတွေ တပ်တော့တာပဲ။ အဟင့် အဲလောက်အမှုကြီးတွေ ကျူးလွန်တယ်ဆိုတာ သူတို့ ပြောမှ သိရပါတယ်။ စိတ်ကူးထဲတောင် မကြံစည်ဖူးပါဘူး။ အီး... ဟီး......။”

အင်ဒီ ။ ။ “စိတ်ကူးထဲသာ မကျူးလွန်ဖူးတာ ၃၇၆ နဲ့ ၃ခါကျပြီးပြီ။” (အင်ဒီကောင်က ဝင်တွတ်သည်။)

ချမ်းရဲ ။ ။ “ကျူးလွန်တာတော့ ဟုတ်ပါတယ်။ အခုကျ ဘယ်လိုဘယ်လို စင်ပေါ်ရောက်လာတာတုန်းဗျ။”

ဇာနည် ။ ။ “သြော်...... ဒါကတော့ ကိုသာကြီးရယ်။ အင်ဒီကောင်ရဲ့ ဆိုးရိုးလေးက ဘာတဲ့”

အင်ဒီ ။ ။ “ဆင်ဖြူတော်ထွက် ကိစ္စပြတ်”

အားလုံး ။ ။ “ဒီမှာ. အသည်းနှလုံး..... (ဗြုန်း) အသည်းနှလုံး..... (ဗြုန်း) အသည်းနှလုံး ပေးလိုက်ချင် ရော့ရော့ရော့” တစ်ယောက်တစ်ပေါက် ကကြပြန်သည်။ ဒီတစ်ခါတော့ ချမ်းရဲပါ စိတ်ပါပြီး ကင်းခြေများဖိနပ်စီးသည့်အတိုင်း ဟိုဘက်ခြေထောက်ကို လက်နဲ့ တို့လိုက် ဒီဘက်ခြေထောက်ကို လက်ဖြင့် ထိလိုက်ဖြင့် ကမြင်းကျောထနေသည်။

ဗီလိန် ။ ။ “မကတော့လည်း သူပဲ။ ကတော့လည် ၂ယောက်မရှိဘူး။ နေစမ်းပါဦး ခင်ဗျားကကော ဟိုရက်တွေက ဘာကိစ္စ ဂေဟာကို မလာရတာတုန်း ချမ်းရဲ။ ဒီကိစ္စရှင်း။”

အင်ဒီ ။ ။ “ဟုတ်တယ် ဟုတ်တယ်။ အားလုံးမှာ အကြောင်းပြချက်ရှိလို့ ပျက်ကြတာ။ မင်းက ဂေဟာကို မလေးမစားနဲ့။ ဘာလဲ။ ပုန်ကန်ချင်တာလား သစ္စာဖောက်ချင်တာလား။ ထုချေလွှာ အမြန်တင်။”

ချမ်းရဲ ။ ။ ဒီလိုမပြောပါနဲ့ဗျာ.. အားလုံးက ဂေဟာကို ချစ်ပါတယ်.. တန်ဖိုးထားပါတယ် ။ ဂေဟာနဲ့ အဆက်အသွယ်ပျက်နေတာ.. အကြောင်းရှိတယ်..အကြောင်းရှိတယ် ။

အားလုံး ။ ။ ပြောပြစမ်းပါအုံး ဒါဆို..

ချမ်းရဲ ။ ။ ဒီနေ့ ကမ္ဘာမှာ ဘာတွေဖြစ်နေလဲ ခင်ဗျားတို့ အသိပဲလေဗျာ ။ မုန်တိုင်းတိုက်လိုက် ၊ ငလျင်လှုပ်လိုက် ၊ ရောဂါဆိုးတွေ ဖြစ်လိုက်နဲ့ ..အဲဒီလို ကပ်ဘေးဒဏ်တွေ ခံနေရတဲ့ ပြည်သူပြည်သားတွေဆီ သွားရောက် လေ့လာတယ်.. တတ်နိုင်သလောက် ကူညီတယ် ။

အောင်သာငယ် ။ ။ အော်..တကယ်လားဗျ။ ဒါဆိုရင် သာဓုပါဗျာ... ဘာတွေများသိခဲ့ မြင်ခဲ့ရတုန်း

ချမ်းရဲ ။ ။ (သတင်းသမားလေသံဖြင့်) နာဂစ်မုန်းတိုင်းဖြစ်အပြီးမှာ မုန်တိုင်းဒဏ်ခံကျေးရွာတွေအတွက် ပညာသင်ကျောင်းဆောက်ဖို့ နိုင်ငံတကာလူ့အဖွဲ့အစည်းတွေက ရန်ပုံငွေ ဒေါ်လာ ၁၀ သန်းပေးမယ် ဆိုပြီး ကျွန်တော့်ကို ပြောတယ်။

အင်ဒီ ။ ။ အမ်မယ် တယ်မြင့်ပါလားဗျ

ချမ်းရဲ ။ ။ ကလေးတွေရဲ့ ပညာရေးအတွက်ဆိုပြီး ကျွန်တော်လဲ ဂေဟာက ပညာရေးဝန်ကြီး.. နာမည်က အဲ..ဘယ်သူ..

ဗီလိန် ။ ။ ဇင်ဇင်.. နာမည်တွေလည်း မမှတ်မိပါလား..ငါ့နှယ်နော်

ချမ်းရဲ ။ ။ အင်း..ဇင်ဇင်..ပညာရေးဝန်ကြီး ဇင်ဇင်ကိုယ်တိုင်ကို အဲဒီကိစ္စအတွက် နိုင်ငံတကာအကြီးအကဲတွေဆီ သွားရောက် ဆွေးနွေးခိုင်းလိုက်တယ် ။ ဒါပေမယ့် အဆင်မပြေပါဘူးဗျာ။

ဇာနည် ။ ။ ဟမ်.. ဘာလို့လဲ

ချမ်းရဲ ။ ။ ဇင်ဇင်က သူတို့ပြောတဲ့ အင်္ဂလိပ်စကားကို တစ်လုံးမှ နားမလည်လိုက်ဘူးတဲ့ ။

ဗီလိန် ။ ။ (ကဲဟာ..ဖောင်း..) ဒါ ပညာရေးဝန်ကြီးကို သိက္ခာချတာ ။

ချမ်းရဲ ။ ။ ဒါ ထားပါ.. ရှိသေးတယ်ဗျ.. ဟိုနေ့က ကျွန်တော် ပျင်းပျင်းရှိတာနဲ့ deadly tsunami ဆိုတဲ့ ကိုရီးယားကား သွားကြည့်တာ သနားစရာဗျာ.. တိုက်လောက်မြင့်တဲ့ ရေလှိုင်းလှုံးကြီးတွေမြို့ထဲဝင်လာတာ.. ရေတွေ လမ်းမပေါ်မှာလျှံပြီး မြုပ်တဲ့လူကမြုပ် မျောပါသွားတဲ့လူတွေက မှီရာကို လှမ်းဆွဲ တွယ်ကပ်နေရတာဗျ

အားလုံး ။ ။ သနားစရာဗျာ ။ နာဂစ်တုန်းကလည်း ဒီလိုပဲနေမှာ

ချမ်းရဲ ။ ။ ဟုတ်ပါ့ဗျာ.. အဲဒီအချိန် ဓာတ်တိုင်က ကျိုးကျတော့ လျှပ်စစ်ဓာတ်ကြိုးက ရေထဲကျပြီး ရေပေါ်ကလူတွေ ဓာတ်လိုက်သေသွားတာ မကြည့်ရက်စရာဗျာ ... ကျွန်တော်တို့ မြန်မာပြည်မှာဆိုဖြစ်မှာမဟုတ်ဘူး

အင်ဒီ ။ ။ ဘာလို့တုန်း

ချမ်းရဲ ။ ။ ဓာတ်ကြိုးက လျှပ်စစ်မှမစီးတာ

အားလုံး ။ ။ အမ်...။
အေး..ဟုတ်တော့ ဟုတ်သားဗျ နော်..

ချမ်းရဲ ။ ။ ခုလည်း အဲဒီ မုန်းတိုင်းကျပြီ ရေလွှမ်းခဲ့တဲ့ မြန်မာပြည်ကဒေသတွေမှာ ကြွက်တွေသောင်းကျန်းနေတယ်လို့ကြားတယ်။

ဗီလိန် ။ ။ ကြွက်တွေက အစထဲက သောင်းကျန်းနေတာလေ..

ချမ်းရဲ ။ ။ မရှည်နဲ့...(ရိုက်လျှက်..ဖောင်း ဖောင်း) မရှည်နဲ့ ။ ငါက တကယ့်ကြွက်ကိုပြောတာ..မရှိလို့မှ ခက်နေရတဲ့ ဆင်းရဲသားတွေ..သူတို့ ရင်းနှီး စိုက်ပျိုးထားတာတွေ ကြွက်တွေ စားသောက်ခံရတာနဲ့ ကုန်မှာပဲ။

ဗီလိန် ။ ။ ငါလည်း တကယ့်ကြွက်ကိုပြောတာပဲ။ နေရင်းထိုင်ရင်း အရိုက်ခံရတယ်..အဟင့်

ချမ်းရဲ ။ ။ ဘာဖြစ်ဖြစ်..ရိုက်ရင်ခံ ဒါပဲ..။ အဲဒါ ပုလိပ်ရောဂါရဖြစ်တော့မှာ မကောင်းဘူး။

ဗီလိန် ။ ။ ပုလိပ်ပါဆိုမှ ကောင်းမလား..

ချမ်းရဲ ။ ။ မရှည်နဲ့.. ( ရိုက်လျှက်..ဖောက်..ဖုတ်) မရှည်နဲ့ လို့ ပြောနေတယ်။ ငါက ပုလိပ်ရောဂါကို ပြောတာ

ဗီလိန် ။ ။ ငါလဲ ပုလိပ်ရောဂါ မကောင်းဘူးလို့ ပြောတာလေ။ ဒီပြန်ဝံ ဆော်မယ်ဆိုတာကြီးပဲ (မဲ့လျှက်)

ချမ်းရဲ ။ ။ အဲဒီအတွက် ကျန်းမာရေးဝန်ကြီးကိုတိုင် ဆေးဝါးအပြည့်အစုံနဲ့ သွားကူညီဖို့ ကြံခဲ့သေးတယ်.. အဆင်မပြေလိုက်ပါဘူးဗျာ

ဗီလိန် ။ ။ ဘာလို့တုန်းဗျ

ချမ်းရဲ ။ ။ အဲဒီဆေးဝါးတွေရော ပါလာတာတဲ့ပစ္စည်းတွေ ကြွက်စားတာခံလိုက်ရတယ်လေ...

ဟန်သစ်ငြိမ် ။ ။ အော်....

ချမ်းရဲ ။ ။ ဆောက်လုပ်ရေးဝန်ကြီးလည်း ကူညီဖို့ကြိုးစားခဲ့ပါသေးတယ်ဗျာ။

ဟန်သစ်ငြိမ် ။ ။ ဟုတ်တယ်ဟုတ်တယ်။ (ဂုဏ်ယူဝံ့ကြွားဟန်ဖြင့် ကော်လံသလိုက်သည်)
အောင်သာငယ် ။ ။ ဘယ်လိုတုန်းဗျ ။

ချမ်းရဲ ။ ။ လေဒဏ်သင့် အဆင့်မြင့် လေမုန်တိုင်းဒဏ်ခံ အဆောက်အဦးတွေ စမ်းသပ်တည်ဆောက်ခဲ့သေးတယ်။ ဒါပေမယ့် မအောင်မြင်ပါဘူးဗျာ..

အောင်သာငယ် ။ ။ ဘယ်လိုဖြစ်ရပြန်တာတုန်း

ချမ်းရဲ ။ ။ အိုက်လို့ဆိုပြီး ပန်ကာဖွင့်လိုက်တာ အဆောက်အဦးတစ်ခုလုံးပြိုကျပါလေရော

အားလုံး ။ ။ အဲဒါလား လေမုန်တိုင်ဒဏ်ခံ...ခွပ် ဖောင်..ဖြောင်း.. ကဲဟာ

ချမ်းရဲ ။ ။ အဲဒီ့ အဆောက်အဦးတွေ ပြိုတဲ့ ကိစ္စနဲ့ပဲ ကိုဟန်သစ်ငြိမ်နဲ့ ကျနော် မနည်းရှင်းလိုက်ရသေးတယ်။

အားလုံး ။ ။ ဘယ်လို ရှင်းလိုက်တုန်း

ဟန်သစ်ငြိမ် ။ ။ ဒီမှာ.... အသည်းနှလုံး......

အားလုံး ။ ။ “ဒီမှာ. အသည်းနှလုံး..... (ဗြုန်း) အသည်းနှလုံး..... (ဗြုန်း) အသည်းနှလုံး ပေးလိုက်ချင် ရော့ရော့ရော့”

သောင်းကျန်းကြပြန်သည်။ ဒီဂျေဖိုးဂျယ်၏ ဒီဂျေသံအဆုံးတွင် ကော့ကော့ကော့ကော့နှင့် ထွက်လာသူကား ကိုဇာနည်ဖြစ်သည်။

ဇာနည် ။ ။ သူများတွေပြောတော့ ကျုပ်လည်း ပြောချင်သားဗျ။ ဒီလိုဗျာ ဟိုနေ့က ဘောပွဲနိုင်လို့ ကိုအောင်သာငယ်နဲ့ ကျနော် စားသောက်ဆိုင် သွားစားကြရောဗျာ။

ဟန်သစ်ငြိမ် ။ ။ ဒါမျိုးကျ အသံတိတ် ဟုတ်လား (ဖျောင်းဖျောင်း ဆိုဆော်ထည့်လိုက်သည်။)

အင်ဒီ ။ ။ ကိုဇာနည် ကြွားတာလေးတွေ လျှော့ပြောရင် ပိုကောင်းမယ်ဗျာ။ မဟုတ်ရင် မင်းသမီးခေါ်လိုက်တော့မယ်။

ဇာနည် ။ ။ ဟ စိတ်ကလည်း ကြီးပြန်သကော။ နေပါဦးဟ ကောင်းခန်းလာတော့မယ်။ ဒီလို ကိုအောင်သာငယ်က လူပျိုကြီး လူပျိုကြီးနဲ့ အထင်တော့မသေးလိုက်နဲ့ သူကြိတ်ခိုက်နေတဲ့ ကောင်မလေးရှိသဗျ။

ချမ်းရဲ ။ ။ (အနားသို့တိုးလာပြီး) လုပ်ပါဦးဗျ။ ဒါမျိုးဆို စိတ်ဝင်စားတယ်။ (ကိုအောင်သာငယ်က လက်သည်းကိုက်ကာ ခင်စန်းဝင်းထမီကျွတ်သလို ရှက်ပြနေသည်။)

ဇာနည် ။ ။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီ့နေ့က စားသောက်ဆိုင်မှာ ကောင်မလေးနဲ့ တည့်တည့်တိုးပါလေရောဗျာ။... အဟိ။

ဗီလိန် ။ ။ သူငယ်ချင်းတွေ စုပြီး လာစားကြတာနေမှာပေါ့။ ဇာတ်ရှိန်ကတော့ တက်လာပြီ။ ဆက်ပါဆက်ပါ။ မြန်မြန်ဆက်စမ်းပါ။

ဇာနည်။ ။ သူပြတော့ ရုတ်တရက် ကျနော်က မြင်ဖူးသလိုလိုတော့ ရှိသားလို့....။ ကောင်မလေးက ဟိုဘက်ဝိုင်း၊ ကျနော်တို့က ဒီဘက်ဝိုင်း၊ ကောင်မလေးတွေက လှမ်းကြည့်လိုက်၊ ကျနော်တို့က လှမ်းကြည့်လိုက်နဲ ကလိကျလိ လုပ်နေတာပေါ့ဗျာ။ ဘီယာလေး တော်တော်ကျပြီး အရှိန်လေးလည်ရရော ကိုသာကြီး စခန်းထတော့တာပဲ။

အောင်သာငယ် ။ ။ မင်းကလဲကွာ။ တော်တော့။ ပြောနဲ့တော့ ဆို.....။ (ရှက်ကိုရှက်ကန်းပုံစံဖြင့် ဒူးခါပြနေသည်)

ဇာနည် ။ ။ ကောင်မလေးကို ချစ်တယ်၊ ကောင်မလေးနဲ့ စကားပြောချင်တယ်၊ ကောင်မလေးကို ခါးလေး ဖက်ထားချင်တယ်။ ကောင်မလေးကို မွှေးမွှေးပေးချင်တယ်၊ ကောင်မလေးကို ........ အဲ..... အင်း...............။ ဒီလိုနဲ့ပဲ သောင်းကျန်းပါလေရောဗျာ။ ဝုန်းဝုန်းဒိုင်းဒိုင်းဖြစ်လာတော့ ဝိတ်တာတွေလည်း ရောက်လာတယ်။

အင်ဒီ ။ ။ ကွိုင်ပဲဗျာ။ ဒီလူကြီးကလဲ။

ဇာနည် ။ ။ ဒါပေမယ့် ဇာနည်လေ။ သိတယ်မလား။ အားလုံးအဆင်ပြေအောင် ရှင်းပေးလိုက်ပါတယ်။ ကိုသာကြီးက ဆန္ဓတွေ အားလုံး ဖြည့်ဆည်းပေးလိုက်တာပေါ့။

ဗီလိန် ။ ။ အားပါးပါးပါး သိပ်ကြိုက်သွားပြီ။ ကိုဇာနည်။ ကျနော်ကောင်မလေးနဲ့ အဆင်ပြေအောင်လည်း လုပ်ပေးဗျာ။ နော် ....။ အဝတိုက်မယ်။ ဘယ်လို အောင်သွယ်ပေးလိုက်လဲ။

ဇာနည် ။ ။ လွယ်ပါတယ်ဗျာ။ အင်ဒီကောင့် ဆိုရိုးလေးနဲ့ပဲပေါ့။

အားလုံး ။ ။ သြော်.................................

အားလုံး ။ ။ “ဒီမှာ. အသည်းနှလုံး..... (ဗြုန်း) အသည်းနှလုံး..... (ဗြုန်း) အသည်းနှလုံး ပေးလိုက်ချင် ရော့ရော့ရော့”

တယောက်တပေါက် ကနေသည့်အထဲမှ ကိုဇာနည်က ဗီလိန့်ကို ဆွဲထုတ်လိုက်ပြီး
ဇာနည် ။ ။ ဒါနဲ့ မင့်ကိုမေးရဦးမယ်။ မင်းညီမလေး အဲဒီ့ဆိုင်မှာ သီချင်းဆိုသေးလား။

ဖျောင်းဖျောင်း.......... ဗျောင်းဗျောင်း............
ဗီလိန်က ဇာနည်ကို မနားတမ်း သမသည်။ ဇာနည်ကလည်း ပုဆိုးမပြီး စင်နောက်ထဲသို့ ပြေးဝင်သွားသည်။ ဗီလိန်လည်း စင်နောက်ထဲထိ လိုက်သမလေတော့သည်။

စင်ပေါ်တွင် ကျန်ခဲ့သည့် ၄ ယောက်ထဲက အင်ဒီကောင်က
အင်ဒီ ။ ။ ကဲ... ပျော်တာလည်း ပျော်ကြတာပေါ့ဗျာ။ ကျနော်တို့လည်း ခွက်ပုန်းလေးကစ်ရအောင် .... အဲလေ။ မင်းသမီးကို အလှည့်ပေးရအောင် ခေါ်ကြပါစို့ဗျာ။

ချမ်းရဲ ။ ။ ဟုတ်ပြီဗျာ။ ကဲ ကိုဟန်သစ်ငြိမ်ပဲ ခေါ်ဗျား

ဟန်သစ်ငြိမ် ။ ။ ခေါ်ဆိုလည်း ခေါ်ရတာပေါ့ဗျာ။ ဒီတခါ ဘယ်သူများလဲ ဗျ။

အောင်သာငယ် ။ ။ မွေးမြူရေးနဲ့ ရေလုပ်ငန်ဝံဂျီး ခေါင်းဆောင် မင်းသမီးချောလေ ဂန်းစတား စွန်မုလေဗျာ။

ဟန်သစ်ငြိမ် ။ ။ ကဲ.... ပန်းစကားရယ် ညှင်းလေရယ် သယ်ပါဘိ ဂန်းစတားနှယ် သင်းလေးရယ် ကျိုင်ပါလေရဲ့ မြင်သူတကာ တင်ကာဆန်း၊ ရင်ဖိုကာ လှိုက်နမ်းချင်လှပြီ။ စွန်မု ဆိုတဲ့ ဆုမွန် ကလေးနှမပျို............ ရေ........

ယိမ်းတိမ်း ယိမ်းတိမ်းနဲ့ မင်းသမီး စင်ပေါ် တက်လာတော့သည်။ သူက ခုနက မင်းသမီးတွေနဲ့မတူ... လှုပ်နေတာမဟုတ်... လေတိုက်လို့ ယိမ်းနေသလိုမျိုးဖြစ်နေသည်။

ဗီလိန်။ ။ `ဟ... ဟ၊ လုပ်ကြပါဦး... တို့မင်းသမီး နာဂစ်မိလာပုံရတယ်...´

အင်ဒီ။ ။ `အာ... မင်းသမီးကော ဟုတ်လို့လား... စင်ပေါ်ကို မြွေတက်လာသလား အောင့်မေ့ရတယ်...´

ဖောင်း... ဖြောင်း...

ချမ်းရဲ။ ။ `မြွေဖြစ်မလားဟ၊ မြွေက မတ်တပ်ကြီး တွန့်တတ်လို့လား...´

အင်ဒီ။ ။ `တွန့်ချင် တွန့်မှာပေါ့... သူက နာဂစ်မိလာတာကိုး...´

အောင်သာငယ်။ ။ `နင်တို့တွေ တော်ကြစမ်းပါ... တော်ကြာ မင်းသမီး နှာကစ်ပြီး ပြန်ဆင်းသွားမှ ခက်နေရော့မယ်...´

ဟန်သစ်ငြိမ်။ ။ `ကဲ... မင်းသမီး... ခုတစ်ခါ ဘာဆိုမှာလဲ... မောင်ကြီး အစိကလိနေပုံလား...´

ဇာနည်။ ။ `အေး... ဟုတ်တယ်၊ ခုနက ဟို... မင်းသမီးဆိုတုန်းက မောင်ကြီးအစိ ကလိနေပုံဆိုတာ... အဲဒါ ဘာကို ပြောတာလဲဟင်...´

ဖောင်း...

အောင်သာငယ်။ ။ `အာ... သူများသမီးပျိုကို ညစ်တီးနဲ့ ညစ်ပတ်တွေ သွားမေးစရာလား...´

ဇာနည်။ ။ `သိဘူးလေ... သူတို့တွေပဲ ဆိုတဲ့ဟာကိုး...´

ဗီလိန်။ ။ `အဲဒါက ခုနက ရင်တင်ဖော်...တဲ့ ဇင်ဇင်ဇော်လေ...´

ဖောင်း၊ ဖြောင်း... ဖောင်း... ခွပ်... ဖောင်း... ဟန်သစ်ငြိမ်မှာ ဗီလိန်ကို အသေသမတော့သည်...

ဟန်သစ်ငြိမ်။ ။ `ကဲဟာ။ သူများသားသမီးကို နာမည် ဖျက်စရာလား...´

ဗီလိန်။ ။ `ဟွန်း... ခုနက သူပဲ အဲလို ခေါ်ပြီးတော့များ... ခုကျမှ...´

အောင်သာငယ်။ ။ `ကဲ... ခင်ဗျားတို့ အသာနေ... ဒီမယ်... မင်းသမီး ခုနကလိုပဲ... စစရာရှိ စ၊ ကစရာရှိက... ပြီးရင်ဂျောင်း...´

မစွန်မု။ ။ `အဟင့်... ကပါမယ်... ပြီးရင်လည်း ဆင်းပါ့မယ်... တကတည်း... ခု မီး သီဆိုကပြမယ့် သီချင်းက... နာမည်ကြီးသီချင်း တစ်ပုဒ်ဖြစ်တဲ့ ကုန်နေပြီ ပဲဖြစ်ပါတယ်...´

ချမ်းရဲ။ ။ `မှုန်ရွှေရည်ပဲ ကြားဖူးပါတယ် မင်းသမီး... ခု ဘယ့်နှယ် ကုန်နေပြီ ဖြစ်ရတာလဲ...´

မစွန်မု။ ။ `အော်... ဒါက ဒီဘက်ခေတ် အီကော်နော်မစ်အရ သီချင်းကို ခံစားချက် ပြောင်းထားတာပါ... နားဆင်ကြည့်ပါနော်...´

ပြောပြီးသည်နှင့် ရွာစားကျော် သံလွင်ဟီးရိုး၏ တဗြုန်းဗြုန်း လက်သံထွက်လာတော့သည်။ ဆိုင်းသံကြားသည်နှင့် မင်းသမီးမှာ မျက်စိမျက်နှာပျက်ပြီး ရွာစားကို ယပ်တောင်ဖြင့် သွားဆော်တော့သည်။

သံလွင်ဟီးရိုး။ ။ `ဟ ဟ၊ မင်းသမီး လူရွှင်တော်တွေ မမဲရတာနဲ့ ကျုပ်လာဖြဲနေပါလား...´

မစွန်မု။ ။ `ဘာမှ ရှင့်လာမဲနေတာ မဟုတ်ဘူး၊ ရှင့်လုပ်ပုံကို ရှင်ပြန်ကြည့်လေ...´

သံလွင်ဟီးရိုး။ ။ `ဘာဖြစ်လို့လဲဗျ...´

မစွန်မု။ ။ `ဘာဖြစ်ရမလဲ... ရှင်တီးနေတာ စိတ်ညစ်လို့ အရက်ကိုသောက်တယ်... အဲဒီ သီချင်း သံစဉ်အလိုက်ကြီးလေ... ကျွန်မကမယ့် ကုန်နေပြီမှ မဟုတ်တာ...´

သံလွင်ဟီးရိုး။ ။ `အဟီး... ဟုတ်သားပဲ... နည်းနည်းလေး လက်ချော်သွားလို့ပါ... ချောဒီးနော် မင်းသမီး ပြန်တီးပေးမယ်... ကဲ... ဒီဂျေ ဖိုးဂျယ် ဒီတစ်ခါ မင်းအရင်ဝင်...´

တွီတွီတွီ... ကျီ ကျီ ကျီ... (မှုန်ရွှေရည် တီးလုံးကို ဒီဂျေ ပွတ်နေသည်ဟု မှတ်ပါ)

ကုန်နေပြီ... ခုန်သေမည်... ၀သုန်မြေမဟီ...

ကုန်နေပြီ... မှိုင်ကာသာငေးမည်... ထိုင်ကာသာချေးမည်...
ဆန်ဆီငွေများ ကုန်လေပြီ... ထမင်းငတ်ဖို့ ရှိလေသည်...
ဟင်းငတ်ဖို့ ရှိလေသည်... ငတ်ပြတ်ပြတ် ဗိုက်မှောက်ခုန်သေမည်... ကုန်နေပြီ...

ကုန်နေပြီ... မှိုင်ကာသာငေးမည်... ထိုင်ကာသာချေးမည်...
ဆန်ဆီငွေများ ကုန်လေပြီ... ထမင်းငတ်ဖို့ ရှိလေသည်...
ဟင်းငတ်ဖို့ ရှိလေသည်... ငတ်ပြတ်ပြတ် ဗိုက်မှောက်ခုန်သေမည်... ကုန်နေပြီ...

ဗိုက်မှောက်ရေသောက် အသက်ပြောက်လုပြီ
လူမြင်သူမြင် မကောင်းလည်း ဘာမထီ
ခေတ်အမီ ငတ်တာပြတ်တာ မဆန်းတော့ပါလေပြီ...
ဗိုက်မှောက်ရေသောက် အသက်ပြောက်လုပြီ
လူမြင်သူမြင် မကောင်းလည်း ဘာမထီ
ခေတ်အမီ ငတ်တာပြတ်တာ မဆန်းတော့ပါလေပြီ...
ငါးထောင်တန် ကယ်လည်းမရပါ... ထမင်းစားဖို့တောင် လိုက်လို့မမီပါပြီ...

ကုန်နေပြီ လွမ်းပြလို့ မထူးခြားတော့သည်
မြင်မြင်သူ အရွဲ့တိုက်တောင် မထူးခြားတော့ပြီ
ကုန်နေပြီ လွမ်းပြလို့ မထူးခြားတော့သည်
မြင်မြင်သူ အရွဲ့တိုက်တောင် မထူးခြားတော့ပြီ
ဆီကုန်ဆားမရှိ ကုန်နေပြီ... ဆန်ကုန်သကြားရှိ ကုန်နေပြီ...
နတ်ဗြဟ္မာတွေ ရွာသွန်းပေးမယ့်... ရွှေမိုး ငွေမိုး မျှော်နေသည်

ဗိုက်မှောက်ရေသောက် အသက်ပြောက်လုပြီ
လူမြင်သူမြင် မကောင်းလည်း ဘာမထီ
ခေတ်အမီ ငတ်တာပြတ်တာ မဆန်းတော့ပါလေပြီ...
ဗိုက်မှောက်ရေသောက် အသက်ပြောက်လုပြီ
လူမြင်သူမြင် မကောင်းလည်း ဘာမထီ
ခေတ်အမီ ငတ်တာပြတ်တာ မဆန်းတော့ပါလေပြီ...
ငါးထောင်တန် ကယ်လည်းမရပါ... ထမင်းစားဖို့တောင် လိုက်လို့မမီပါပြီ...


ငပေါများဂေဟာ နှစ်ပတ်လည် မဟာအငြိမ့်ပွဲကြီး - ၃ (ဒီဗီဒီ ဗားရှင်း) ကို ဆက်လက် ရှုစား အားပေးကြပါ။

Saturday, October 24, 2009

ဘက်ဂ်ဂါယူနိုက်တက်

နိုင်ငံတကာ ဘောလုံးကလပ်အသင်းများနည်းတူ ငပေါဂေဟာတွင်လည်း စနစ်တကျ ဖွဲ့စည်းထားသော ဘက်ဂ်ဂါယူနိုက်တက် ဘောလုံးအသင်းဟူ၍ ရှိလေသည်။ ၁၈ရက်နေ့ အောက်တိုဘာလထုတ် ဖွတ်အလဲဗင်း အားကစားဂျာနယ်တွင် ဘောလုံးအသင်းပိုင်ရှင်ဦးပေါ်ပေါ်အား ဂေဟာမှ ကျန်းမာရေးဝန်ကြီးကိုယ်တိုင် သွားရောက်အင်တာဗျူးခဲ့သော သတင်းပါရှိလေသည်။

ကျန်း - ဟုတ်ကဲ့ ဦးပေါ်ပေါ်ခင်ဗျား .. ဘောလုံးကလပ်အသင်း စတင်ဖွဲ့စည်းခဲ့ပုံအကြောင်း ရှင်းပြပေးပါအုံး ။

ပေါ် - ဟုတ်ကဲ့ပါ.. ဂေဟာကိုယ်စားပြု ဘောလုံးကလပ်အသင်းဖွဲ့မယ်ဆိုပြီး အားကစားဝန်ကြီးနဲ့ တိုင်ပင်ကြည့်တော့ သဘောတူတာနဲ့ ကလပ်လုပ်ဖြစ်သွားတာ။ "ဂေဟာအားကစား ကမ္ဘာကို ဂွမ်းစေရမည်" ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ကျွန်တော့်ကလပ်အသင်းအောင်မြင်ဖို့ မြန်မာတပြည်လုံးမှာရှိတဲ့ သူတောင်းစားတွေစုရုံးပြီး ဘက်ဂ်ဂါယူနိုက်တက် ဆိုပြီး အသင်းဖွဲ့ယှဉ်ပြိုင်ခဲ့တာပါ။

ပြည်တွင်းကစားသမားတွေသာမက အင်တာနက်ရှင်နယ်ပလေယာအနေနဲ့ ဘောလုံးလောကမှာ နာမည်ကြီးတဲ့ ဘရာဇီးနိုင်ငံက သူတောင်းစားတွေရော၊ တခြား အီးသီယိုးပီးယားစတဲ့ အာဖရိကကသူတောင်းစားတွေပါ စုပေါင်းဖွဲ့စည်းထားခဲ့တာပါ။ အင်္ကျီဗလာ ဘောင်းဘီဗလာ ၀တ်ဆင်ထားတဲ့ ကျွန်တော်တို့ရဲ့ ဘက်ဂ်ဂါယူနိုက်တက်ဟာ ဒီနှစ်ဘောလုံးရာသီမှာ ဒယ်လ်တာယူနိုက်တက်နဲ့ အပြိုင်ဖြစ်လာတော့မှာပါ။

ကျန်း - ဟုတ်ကဲ့ .. အဲဒီလို ဖွဲ့စည်းပြီးနောက် အသင်းရဲ့ အောင်မြင်မှုအခြေအနေကရောခင်ဗျ ။ မှန်းထားသလောက်ဖြစ်ရဲ့လား။ ဘယ်လို လေ့ကျင်ပေးတယ် ဆိုတာတွေပါ အသေးစိတ် ပြောပြပေးနိုင်မလားခင်ဗျ။

ပေါ် - အခြေအနေ အတော်လေး ကောင်းနေတယ်ခင်ဗျ ။ မနေ့က အထိတော့ တစ်ပွဲမှ မကန်ရသေးတော့ ရှုံးပွဲမရှိသေးဘူးပေါ့နော် ။ မနေ့က အခန့်မသင့်ပဲ ၆ဂိုး သုညနဲ့ ရှုံးသွားတယ်။ ဒါပေမယ့် ကျွန်တော်တို့ အသင်းက တန်းဇယားရဲ့ အပေါ်ဆုံးမှာရပ်တည်နိုင်တုန်းပါပဲ..တန်းစီဇယားကို ဇောက်ထိုးကြည့်ရင်ပေါ့လေ။ အသင်းရဲ့ တိုက်စစ်က တော်တော်ကောင်းပါတယ် ။ လူတွေပဲ ခဏခဏတိုက်နေလို့ အနီကတ် ၄ ခါတောင်အပြခံလိုက်ရတာပဲ ကြည့် ။ ဂိုးသွားအား ကြည့်မယ်ဆိုရင်လည်း ၃ဂိုးတိတိ ကိုယ့်ဂိုးကိုယ်ပြန်သွင်းနိုင်ခဲ့လို့ ညံ့တယ်လို့တော့ မဆိုနိုင်ပါဘူး။

ခက်တာက ကျွန်တော့်ကစားသမားတွေက အမြင့်ဘော သိပ်မနိုင်ဘူးဗျ ။ ဒီတော့ အမြင့်ဘောလုံးတွေ ထိန်းတတ်လာအောင် ကြိုးချည်ထားတဲ့ မိုးပျံပူဖောင်းတစ်လုံးစီ ကစားသမားတွေကိုကိုင်ခိုင်းပြီး တို့ခိုင်းတယ်ခင်ဗျ။ တော်ပါတယ်..အားလုံးက သုံးလေးငါး ချက်လောက် (ပူဖောင်းမပေါက်မချင်း) မြေကြီးပေါ်မကျအောင် ထိန်းနိုင်သိမ်းနိုင်ကြပါတယ်။

ပြီးတော့ ခေါင်းတိုက်ချက်တွေပျော့နေသေးလို့ တိုက်ချက်တွေပြင်းလာအောင် ကစားသမားတွေကို ဒူးရင်းသီးကို ဘောလုံးလုပ်ပြီး ခေါင်းတိုက်လေ့ကျင့်စေပါတယ်။ အစပိုင်းမှာ အနာတရရှိတာပေါ့နော်..နောက်ပိုင်းကျတော့... အသက်ပါထွက်ရောပဲ..။

ကျန်း - ရာသီကုန် ဖလားရမယ်လို့မှန်းထားသလားဆရာ။ ဖြစ်နိုင်မယ်လို့ထင်သလား...

ပေါ် - ကျွန်တော်လည်း သူတို့လေးတွေကို ဖြစ်စေချင်ပါတယ် (ပြဿနာ) ၊ (သက်ပြင်းချလျှက် ကျော်ဟိန်းလေသံဖြင့်)..ဟင်း..ဒင်းတို့ကို ရစေချင်တယ်ဗျာ (နောင်တ)...
ဖလား ရ၊ မရတော့ မသိဘူး.. မနေ့က ကန်တဲ့ ပွဲမှာတော့ ခွက်တွေ ၊ ရေသန့်ဗူးခွံတွေ အတော်ရလိုက်တယ်။
သူတို့တွေလည်း ပျော်လွန်းလို့ ဘောလုံးတောင်လှည့်မကြည့်ဘူး.. အဲဒါတွေပဲ ၀မ်းသာအားရ လိုက်ကောက်ကြတာပေါ့။ အပြင်မှာဆို တကူးတက လိုက်ရှာကောက်ပြီး ရောင်းနေရတာကိုး ။ ခုတော့ သူတို့လည်း သက်သာ ၊ ကျွန်တော်လည်း သူတောင်းစားတွေဆီက ရောင်းရတဲ့ ပိုက်ဆံကို ပြန်တောင်း..အတော်လေး တွက်ချေကိုက်ပါတယ် ။ ဘာပဲဖြစ်ဖြစ် ကျေနပ်ပါတယ် ဒီအခြေအနေလေးကိုပဲ ။

ကျန်း - ပြိုင်ပွဲမှာ ခိုက်ရန်ဖြစ်ပွားတာမျိုးဖြစ်သေးလားခင်ဗျ ။

ပေါ် - ဒါမျိုးတွေကတော့ ရှိတာပေါ့ဗျာ။ ဒိုင်လူကြီးဆုံးဖြတ်ချက်ကို မကျေနပ်တာက စတာပဲ။ ဒီတော့ နောက်ပိုင်းပွဲတွေမှာ ဒိုင်လူကြီးမထည့်ပဲ ယှဉ်ပြိုင်စေချင်တယ်။ ဒါကိုလည်း ပေါဂေဟာက ကျန်းမာရေးဝန်ကြီးက သဘောတူပါတယ်။

ကျန်း - ဟုတ်ကဲ့.. ခုလို ဘောလုံးကလပ်အသင်းကြီးကို ပိုင်ဆိုင်နိုင်တဲ့အခြေအနေထိ အောင်မြင်ချမ်းသာအောင်အောင် ဦးပေါ်ပေါ် အနေနဲ့ ဘယ်လိုဘယ်ပုံ ကြိုးစားခဲ့ရလဲဆိုတာ သိပါရစေခင်ဗျ။

ပေါ် - ကျွန်တော် အသက်၂၅နှစ်လောက်မှာ စက်ပိုင်ရှင်သူဌေးဖြစ်လာပါတယ်။ ဘာစက်လဲဆိုတော့ ခဲတံချွန်စက်ပါ။ ခဲတံ တစ်ချောင်းချွန်ပေးရင် ၁၀၀ကျပ်ယူပါတယ်။ အဲလိုနဲ့ စီးပွားရေးအောင်မြင်မလိုရှိတုန်း ဘောပင်တွေလူသုံးများလာတာနဲ့ ကျွန်တော့် စီးပွားကျပြီး စက်ကိုရောင်းလိုက်ရပါတယ်။ ဒါနဲ့ ကိုယ်ပိုင် ထုတ်လုပ်ရေး လုပ်ငန်းလုပ်မယ်ဆိုပြီး ရေခဲထုပ်တွေထုပ်ပြီး လမ်းတကာလှည့်ရောင်းပြန်တော့လည်း တွက်ချေမကိုက်တာနဲ့ နောက်ဆုံး ကြံရာမရတဲ့အဆုံး သူတောင်းစားယူနိုက်တက်ဆိုတဲ့ ဘောလုံးကလပ်ဖွဲ့မယ်ဆိုပြီး ငပေါဂေဟာကလူကြီးမင်းတွေကို ခွင့်ပြုချက်ရအောင် ရေခဲထုပ်တစ်ယောက်တစ်ထုပ်စီကျွေးပြီး လဘ်ထိုးလိုက်ပါတယ်။ အဲလိုနဲ့ပဲ ခုလို ကလပ်ပိုင်ရှင်သူဌေးကြီးဖြစ်လာတယ် ဆိုပါတော့ဗျာ။

ကျန်း - အော်..ဦးပေါ်ပေါ် တော်တော်ကြိုးစားခဲ့တာပဲ ။ ခုလိုရှင်းပြပေးတာကျေးဇူးတင်ပါတယ်။ ဂေဟာသူဂေဟာသားတွေအတွက်ရော ဘာများပြောချင်ပါသလဲ ။

ပေါ် - ဂေဟာအကျိုးကို တတ်နိုင်သလောက်သယ်ပိုးပါလို့။ ပြီးတော့ သူတောင်းစားတွေ ဘောလုံးလေ့ကျင့်ချိန်မှာ ဘောလုံးလိုက်ကောက်ပေးမယ့် လူလိုနေပါတယ်။ အဲဒါ ဂေဟာက အကြီးအကဲတွေ စိတ်ဝင်စားရင် လာရောက်လျှောက်ထားနိုင်ပါတယ်လို့... အားလုံးကို ကျေးဇူးတင်ပါတယ် ။

Monday, August 31, 2009

ကြက်ဥအတုပေါ်ပေါက်လာမှုအပေါ် ပေါအရာရှိကြီးများ တုံ့ပြန်ချက်

(၁) နှာရကကြီး
"ကျမကတော့ ကြက်ဥအတုနဲ့ပတ်သက်ပြီး ကောင်းတယ်ဆိုးတယ် မခွဲခြားတတ်ဘူး ။
ဒါပေမယ့် မွေးနေ့မှာ ကြက်ဥပြုတ်တစ်လုံးစီကျွေးဖို့ စီစဉ်ထားတော့... ကြက်ဥကို သက်သက်သာသာ ၀ယ်ယူရရှိတဲ့အတွက် ၀မ်းသာမိပါတယ်"

(၂) ငပေါများဂေဟာ ရူးသွပ်ပေါချာရေးနှင့် ဖွန်ကြောင်ရေးကောင်စီ အတွင်းရေးမှူး(၂) ဗီလိန်
ဗီလိန်သည် တရုတ်ပြည်သို့ ၀မ်းမြောက်ကြောင်း သ၀န်လွှာပို့အပ်သည်။
"We are very appreciate for your technology of the fake eggs that could be a wonderful gift for vegetarians."

(၃) ချီးပွားကူးသန်း ၀ံကြီး
"ကြက်ဥအတုလိုမျိုးပေါ့လေ... ဘဲဥ.. ငုံးဥ.. စိမ်းစားဥ.. ကန်စွန်းဥ...အိုဗျာ..ဥမှန်သမျှ ကျွန်တော်တို့ထုတ်လုပ်သွားမှာပါ။ ဟိုဥတော့မပါဘူးပေါ့လေ...(သန်းဥပြောပါတယ်)"

(၄) သဘာငတိ
"အဲဒီ ကြက်ဥအတုတွေကို အကောင်ပေါက်အောင်လုပ်နိုင်ရင် တော်တော်အကျိုးရှိမယ်။ ဒါကြောင့် အဲဒီဥတွေကို ကျွန်တော်ကိုယ်တိုင် ကြက်အကောင် မပေါက်ပေါက်အောင်ကို ၀ပ်ပေးကြည့်မယ်လို့ စိတ်ကူးထားပါတယ်"

(၅) ပြင်ညာရေးဝံကြီး
"ကျမကတော့ ခုချိန်ထိ ကြက်ဥအတုနဲ့ အစစ်ဘယ်လိုခွဲခြားရမလဲမသိလို့ ခေါင်းစားနေပြီ။ တပည့်တွေက လာလာမေးကြတာကိုး..."

(၇) ကြမ်းမာရေးဝံကြီး
"ကြက်ဥအတုပေါ်လာတာ မကောင်းဘူးဗျ.. ကျွန်တော်က ညတိုင်း ကြက်ဥ ၂လုံးလောက် အားဖြည့်တဲ့အနေနဲ့ အစိမ်းသောက်နေရတာ.. ခုတော့ သေပီ! ကြက်ဥအတုတွေ သောက်မိရင် အခက်.."

(၈) နည်းပြင်ညာဝံကြီး
"ကျွန်တော်နောက်ဆုံးခေတ်မီနည်းပညာနဲ့ ကြက်ဥအတုနဲ့ အစစ် ကွာခြားချက်ကို ရှာတွေ့ထားပါတယ်..
ကြက်ဥကို ပြုတ်ကြည့်ပါ.. ပြုတ်ပြီးတဲ့အခါ အထဲကြက်ဥက အခွံနဲ့ကပ်မနေဘဲ ချောင်နေတယ်ဆိုရင် အတုပေါ့.. ဈေးဝယ်သူတွေဆင်ခြင်နိုင်တာပေါ့..ရေနွေးအိုးတစ်အိုးစီသာ ကြက်ဥဆိုင်ကို သယ်သွားပေတော့...ပြီးရင်ဝယ်မယ့်အလုံးကိုကျက်အောင်ပြုတ်ကြည့်..ကြိုက်မှဝယ်"

(၉) ယင်ကျေးမှုဝံကြီး
"ငါလချီးတဲ့မှဘဲ...သူ့အမျိုးဥ တွေတောင် အတုထုတ်ရသလား..တော်တော်လျှာရှည်ပြီးရိုင်းစိုင်းလိုက်တဲ့ မိကျောင်မသားတွေ..ဒီကောင်တွေ ယဉ်ကျေးမှုဆိုတာကို နားမလည်ဘူး..တောက်..ထွီ"

ပုံ။
ပျံကျားရေးဝံဂျီး

Wednesday, July 22, 2009

အယူခံ

ငပေါဂေဟာမှ ပြန်ကြားရေးဝန်ကြီး ချမ်းရဲသည် ငပေါဂေဟာ တိုးတက်ဖွံ့ဖြိုးရေးအတွက် စော်ကြည်ရေးအလည်အပတ်ခရီးများ ကမ္ဘာအနှံ့ သွားရောက်ခဲ့ပြီး စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သော်လည်း အတွင်းသစ္စာဖေါက်များမှ ပြန်ကြားရေးဝန်ကြီး အလုပ်မလုပ်ဟု သွားပုပ်လေလွင့် ကဲ့ရဲ့ဝေဖန်လျှက်ရှိသည်။ အမှန်သော် ပြန်ကြားရေးဝန်ကြီးသည် အချုပ်မှာသာသနာ (အဲလေ) အစုပ်အချာအာဏာ (ဒါလဲဟုတ်သေးဘူး။) အချုပ်အခြာအာဏာတည့်တံ့ခိုင်မြဲစေရန် ကြိုးပမ်းဆောင်ရွက်ပုံများ မှာ အံ့မခမ်းချီးကျူးဖွယ်ကောင်းလှသည်။

သူကိုယ်တိုင်ကပင်..
"ဟေ့... ငပေါဟာ.. ငပေါပဲ။ ငပေါဟာ ငပေါဂေဟာ မှာပဲ နေရမယ် ၊ ငပေါဂေဟာမှာပဲ သေရမယ် ။ အကြောင့်အမျိုးမျိုးကြောင့် (အခြား ဟ၀ှာ) ဂေဟာကိုရောက်နေပေမယ့် တနေ့မှာ ငပေါဂေဟာကို ပြန်ရမယ် ။ ပုံ/ ဦးချမ်းရဲ" ဟုဟစ်ကြွေးခဲ့ဖူး ၏။

ထို့ပြင် အောက်ပါအချက်အလက်များမှာ ဂေဟာအကျိုးအတွက် ပြန်/၀န် လုပ်ဆောင်ခဲ့သော လုပ်ငန်းအကျဉ်းချုပ်ဖြစ်သည်။

- ၂၀၀၉ ခု မေလ ၂ ရက်နေ့တွင် အားကစားဝန်ကြီးနှင့် ဆွေးနွေးတိုင်ပင်ပြီး ဖဲရိုက်ကစားနည်းကို အားကစားတစ်ရပ်အနေဖြင့် သတ်မှတ်ပြဌန်းခဲ့။ ဂေဟာအတွင်း အလောင်းကစားသင်းဥက္ကဌချုပ်အနေဖြင့် ၂ရက်တိတိ(မမွဲမချင်း) တာဝန်ယူဆောင်ရွက်ပြီး ဖဲကြည့်ပုံအခြေခံဥပဒေသစ်ရေးဆွဲ။

- ကမ္ဘာတ၀ှမ်းဖြစ်ပွားခဲ့သော ၀က်တုပ်ကွေးကူးစက်ရောဂါကြီး ဂေဟာအတွင်းကူးစက်ခြင်းမှ တားဆီးကာကွယ်ရေးအတွက် သာမန်နှာခေါင်းစည်းများထက် အဆင့်မြင့်သော ဘုရားပွဲဈေးမှ မျက်နှာဖုန်းများ (စွန်းဝူခုန်းရုပ်၊ စပိုက်ဒါမန်းရုပ်၊ ကျန်ကျောင်းရုပ်များ ) ကို ဂေဟာသူ ဂေဟာသားများထံ ဖြန့်ဖြူးပေးဝေ ။

ထို့ပြင် (အောက်ပုံတွင်ပြထားသည့်အတိုင်း) အလွယ်တကူ တိုင်းတာသိရှိနိုင်သော ခေတ်မီ ဒစ်ဂျစ်တယ်သာမိုမီတာများကိုအသုံးပြုပြီး ၀န်ထမ်းများ ကျန်းမာရေးကိုစစ်ဆေးခဲ့ ။


စာကြွင်း။ ။ ထိုကဲ့သို့ အဖျားအပူချိန်စမ်းသပ်ရာတွင် ကိုင်နေကျ ပစ်စတိုသေနတ်ကို ဒစ်ဂျစ်တယ်သာမိုမီတာနှင့် မှားယွင်းတိုင်းတာ ခလုတ်နှိပ်မိခြင်းကြောင့် ၀န်ထမ်းတဦး နှဖူးကျည်ဆံမှန်ပြီး ပွဲချင်းပြီးသေဆုံး)












- ထို့ပြင် စီးပွားပျက်ကပ်ကြီးကြောင့် ဂေဟာသူ/သားများ အလုပ်လက်မဲ့မဖြစ်စေရန် အဖွဲ့ဝင်တိုင်းကို တံမြက်စည်းတစ်ချောင်းစီးပေးဝေကာ ကေလာမမအားဦးစီးစေ၍ ဂေဟာသန့်ရှင်းရေးကိုအဆက်မပြတ် ခိုင်းစေခဲ့။

- ထို့ပြင် ဂေဟာသူလေးများအား ကိုယ်လုံးအချိုးအစား ပြေပြစ်လှပလာစေရန် စေတဏှာဖြင့် ဖစ်နက်ဆင်တာတခု ဂေဟာတွင်းဖွင့်လိုကြောင်း တွင်း(၂)ကအကြံပေးရာ အကောင်ထည်ပေါ်အောင် ဆောင်ရွက်ပေးခဲ့

BEFORE
....... AFTER













ထိုကဲ့သို့ ဂေဟာအကျိုးအတွက် အားလပ်သည်မရှိအောင် လုံ့လ၀ီရိယအပြည့်ဖြင့် ကြိုးစားဆောင်ရွက်ခဲ့ပါလျှက် အလုပ်မလုပ်ဟု အများအထင်လွဲခံနေရခြင်းမှာ ကျွန်တော် ပြန်/၀န်ကိုယ်တိုင်အနေဖြင့် မခံချိမခံသာ ဖြစ်မိရပါကြောင်း....။

ချမ်းရဲ
ပြန်ကြားရေးဝန်ကြီး (ခေတ္တဂေဟာ)

Friday, February 27, 2009

ပြင်ညာရေးဝံကြီးထံ ဆုတောင်းလွှာ

ပျံကျားရေးဝံကြီး ကျွန်တော်ချမ်းရဲ စုံစမ်းရသလောက် ခုတလော ပညာရေးဝံကြီး ဇင်ဇင်ဇော်ဟာ ပုံမှန်မဟုတ်ဘဲ သူ့ဒုက္ခနဲ့သူ အခက်တွေ့နေပါတယ်။

ဒါကြောင့်လည်း ရုံးကို ပုံမှန်မလာနိုင် ဖြစ်နေတာပါ ။တကယ်တော့ ပညာရေးဝံကြီးရဲ့ စွမ်းဆောင်မှုကြောင့် ဂေဟာရဲ့ ပညာရေးဟာ အံမခန်း တိုးတက်လာတာတွေ့ရပါမယ် ။ ဂေဟာအသင်းသားတွေဟာ တစ်ယောက်နဲ့ တစ်ယောက် ဘိုဆန်ဆန် Hi တွေ Hello တွေ နဲ့ နှုတ်ဆက်လာကြတဲ့အပြင် မြန်မာလို မှတ်ချက်တွေရေးကြ၊ ပြောကြရင်တောင်မှ စ် တွေနဲ့ ဘိုသံပေါက်အောင် ပြောဆိုလာနိုင်ကြပါပြီ ။ သူစတင်ဖန်တီးထားတဲ့ ဘာသာရပ်အသစ် (အင်တာနက် Q နည်း မူနည်း ဘာသာရပ်) ဆိုရင်လည်း ကမ္ဘာတ၀ှမ်း ဘယ်နိုင်ငံကမှ သတ်မှတ်သင်ကြားနိုင်ခြင်း မရှိသေးပါဘူး ။ Q language ကြီးဖွံ့ဖြိုးအောင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူပါ။ သူကိုယ်တိုင် ပြုစုထုတ်ဝေထားတဲ့ မိတ်ဖွဲ့ခြင်းအတတ်ပညာ အဲ..ဟုတ်ပါဘူး! "အမဲလိုက်ခြင်း အတတ်ပညာ" ဆိုတဲ့ စာအုပ်ဟာဆိုရင် ရည်းစားလိုက်ပိုးနေတဲ့ ကောင်လေးတွေရဲ့ အားပေးဝယ်ယူမှုကြောင့် အရောင်းရစံချိန်တောင် တင်သွားသေးပါတယ်။ ဒါ့အပြင် မြန်မာစာ သင်ရိုးညွှန်းတမ်းမှာဆိုရင်လည်း တပည့်တွေ ကျေနပ်အားရမှုရှိအောင် "တပည့်ကျေးဇူး" ဆိုတဲ့ ရှေးစာဆိုကျော်ရဲ့ ကဗျာသစ်ကို ပြဌာန်းသင်ကြားခဲ့ပါတယ်။

တပည့်ကျေးဇူး

ပညာသင်ပြ
ဆရာမ၏
ဒေါသမီးလျံ
ကြောက်ရပြန်သည်
လက်သံကပြောင်
ကြိမ်လုံးဆောင်၍
တင်၊ ပေါင်၊ ကျောကုံး
အသေဗြုန်းလည်း
အမုန်းမပွား
စာသင်ကြားသည်
များပြားတပည့် ကျေးဇူးတည်း။


ရေးသူ။ ။ ဖင်ဗလာကြက်မလျှာနှစ်ခွ

ဒါပေမယ့် အခုအခါမှာတော့ ပညာရေးဝံကြီး ဇင်ဇင်ဟာ မကြာမကြာ ဂျီတော့ပ်မှာ အသဲကွဲဒိုင်ယာလော့ဂ်တွေတင်ပြီး အသဲကွဲနေပါတယ် ။ သူကိုယ်တိုင်ကလည်း ကျောင်းသား/သူတွေကိုသာ ဆရာလုပ်နေတာ... သူ့ပြဿနာကျတော့ ဘယ်လိုဖြေရှင်းရမှန်းမသိပါဘူး။ အဲဒီအသည်းကွဲရောဂါကို ဂေဟာက ကျန်းမာရေးဝံကြီးလည်း မကယ်နိုင်ပါဘူး ။ ဒါကြောင့် နာမည်ကြီး သမားတော်ဦးဂျိုကြီးရဲ့ အသည်းကွဲကုထုံးကျမ်းကိုလည်း ကျွန်တော်ကပဲ မဇင်ဇင်အတွက် လက်ဆောင်ပေးလိုက်ရင်း ပုံမှန် အခြေအနေပြန်ရောက်ပါစေလို့ ဂေဟာကအကြီးအကဲတွေကိုယ်စား ဆုတောင်း မေတ္တာပို့သလိုက်ပါတယ်။

အသဲကွဲသော်
ဆင်ကော်နှင့်ကပ်
ချုပ်အပ်နှင့်သီ
ကော်ရည်ကိုသုတ်
နေ့စဉ်လုပ်က
မုချအသည်း
ပြန်ဆက်သည်။


ပုံ၊
ပျံကျားရေးဝံကြီး

Sunday, February 22, 2009

ပျံကြားရေးဝံကြီး ဘာကြောင့် ရုံးမလာရတယ်..

ပျံကြားရေးဝံကြီး အခုတလော ရုံးမလာတာကို အလေလိုက် ပျော်ပါးနေတယ်လို့ ထင်နေပါသလား ။

ရုံးမလာရခြင်း အကြောင်းအရင်း ၃ ချက်ရှိပါတယ်။

၁) ဂေဟာအတွက် သတင်းပြန်ကြားဖို့ အနယ်နယ်အရပ်ရပ်က သတင်းထောက်တွေနဲ့ပူးပေါင်းပြီး သတင်းရှာဖွေနေလို့ပါ။
၂) နာမည်အလွဲသုံးစားလုပ်တဲ့ လူတွေပေါ်ပေါက်လာပြန်တော့ အဲဒီအယုတ်တမာကောင်တွေကို ဖော်ထုတ်ဖို့လည်း စုံစမ်းနေရပါတယ် ။
၃) ဆက်သွယ်ရေးဝန်ကြီးနဲ့ တိုင်ပင်ပြီး သူများတွေနားမလည်အောင် စကားဝှက်အသုံးအနှုန်းများ သတ်မှတ်ခေါ်ဆိုဖို့ ဆောင်ရွက်နေလို့ပါ ။

နောက်ဆုံးသိရတဲ့ ထူးခြားသတင်းတွေကတော့ အောက်ပါအတိုင်းပါပဲ ။

* ရုပ်ရှင်နှင့်ဗီဒီယို အကယ်ဒမီသရုပ်ဆောင် မင်းသားဒွေး ဘာကြောင့်မှန်းမသိ ရုတ်တရက် ကွယ်လွန်

* ရက်အတိအကျမသိသောနေ့က အနော်ရထာလမ်းပေါ်တွင် ဘတ်စ်ကားတစ်စီးဘီးပေါက်

* အိုင်တီသတင်းအနေဖြင့် google.com တွင် မိမိသိချင်သောအကြောင်းအရာများကို ရှာဖွေနိုင်ဟု သိရ

* အိမ်နောက်ဖေးခြံမှ ကြက်မကြီး ဥဥ.. အထီးမှန်း အမမှန်း သေချာမသိရသေး။ ထောက်လှမ်းရေးအဖွဲ့မှ ဥကို မျက်ခြေမပြတ် စောင့်ကြည့်လျှက်ရှိ

* ပူပြင်းခြောက်သွေ့သောနွေရာသီရောက်ပြီဖြစ်သဖြင့် ဆေးလိပ်ကိုမီးညှီပြီးမသောက်ရန် မီးသတ်တပ်ဖွဲ့မှ သတိပေးပြောဆို

နောက်ပြီး ပျံကြားရေးဝံကြီးဆိုပြီး နာမည်ကိုအလွဲသုံးစားလုပ်တဲ့လူကို ကျွန်တော်ကိုယ်တိုင် လျှို့ဝှက်ထောက်လှမ်းတာ သဲလွန်စရနေပြီ ဖြစ်ပါတယ် ။

မောင်တီးဘလော့မှာ ယောင်ရွှီးပြီး ဆဲဆိုနေတာ ပျံ/၀ံ ချမ်းရဲအစစ် မဟုတ်ပါဘူး ။ လျှောက်လွှာထဲမှာပါတဲ့အတိုင်း ချမ်းရဲအစစ်ရဲ့ ထင်ရှားတဲ့အမှတ်အသားက ပေါင်ခြံမှာ မှဲ့ရှိပါတယ် ။
မယုံရင် ဒီမှာကြည့်ပါ..ကဲဟာ..(လှန်ပြပြီး..) ။ တွေ့တယ်ဟုတ်..ငှဲ ငှဲ ။ သိရတဲ့သဲလွန်စအရ ပျံကြားရေးဝံကြီးအနေနဲ့ ဟန်ဆောင်သူဟာ မြန်မာလိုဆဲဆိုနေတာကြည့်ခြင်းအားဖြင့် မြန်မာစကား ရိုက်တတ်သူဖြစ်ရမယ်။ အသုံးအနှုန်းကို ကြည့်ခြင်းအားဖြင့် ယောက်ျားလေးဖြစ်ဖို့ ၇၀% သေချာပါတယ် ။ ပျံ/၀ံဆိုတာကိုသိတဲ့အတွက် ဂေဟာနဲ့ ပတ်သက်နေတဲ့သူဖြစ်ရမယ် ။
ပျံ/၀ံ (ကျွန်တော်) ကို သိပ်မကြည်တဲ့ကောင်ဖြစ်မယ် ။ ကျွန်တော်လို ငပေါကို မကြည်တဲ့လူဟာ တည်တည်တံ့တံ့နေတတ်သူပဲဖြစ်မယ် ။ ဒါတွေအားလုံးခြုံကြည့်လိုက်ရင် အတုယောင်ဆောင်သူဟာ ဘယ်သူလဲဆိုတော့.......... သဘာငတိကြီး ပဲဖြစ်နိုင်တယ် ။ အတွင်းသစ္စာဖေါက် ဖိုးဂျယ်ကို တန်းတူညီမျှ ဥပဒေအရ ပြင်းပြင်းထန်ထန်အရေးယူပေးဖို့တောင်းဆိုချင်ပါတယ် ။

နောက်ဆုံးပြောချင်တာကတော့ ဂေဟာကလူတွေအတွက် အတုယောင်ဆောင်လုပ်လို့မရအောင် လျှို့ဝှက် နာမည်ဝှက် (စက်စကား) တွေ သတ်မှတ်ပေးထားတာကိုပါ ။ နာမည်ဝှက်တွေကိုအောက်မှာကြည့်ပါ ။

သဘာပတိ ဖိုးဂျယ် _ ဂေါက်တောက်တောက်
ဝန်ကြီးချုပ် ဇေယျာလင်း _ ဇရက်
ဆက်သွယ်ရေး ပိုက်ပိုက် _ ပိုးဟပ်
ဆည်မြောင်း သံလွင်ဟီးရိုး _ သရဲလေး
ပြန်ကြားရေး ချမ်းရဲ _ ချစ်ချစ်
နာယက တူးတူးသာ _ တောက်တဲ့
တွင်းနှစ် ဗီလိန် _ ဗလကြီး
နိုင်ငံခြားရေး ဇင်မင်း _ ဇ
လူဝန်မှုကြီးကြပ်ရေး ဂျူဝသန် _ ဂန်တူးလေး
သစ်တော သတိုးရာဇာ _ သိုးမဲ
ဆောက်လုပ်ရေး ဟန်သစ်ငြိမ် _ ဟစိဟစိ
ထောက်ချုပ် မောင်မိုးသား _ မြေဘီလူး
ပေါကလာ _ ကိုရီးယား
တရားစီရင်ရေး ယမမင်းလေး _ ယဉ်ယဉ်လေးရုး
အသင်းသားချုပ် ခေါင်ခေါင် _ ခွက်ထိုးခွက်လန်

လောလောဆယ် ကိုယ်သိသလောက်တော့ နာမည်ဝှက်ပေးထားပါတယ် ။ စက်စကားနဲ့ပြောကြဆိုကြတော့ တခြားလူတွေ အလွယ်တကူမသိနိုင်ဘူးပေါ့လေ ။
ဥပမာx အစည်းအဝေးလုပ်တယ်ပေါ့ ။ ဘယ်သူတွေပါလဲမေးရင် ပြန်ပြောတဲ့အခါ.........

"ကိုရီးယားမှာ ဂေါက်တောက်တောက်ဇ၇က်က ပိုးဟပ်ကိုမြင်တော့ သရဲလေးလိုလို မြေဘီလူးလိုလိုထင်ပြီး ဟစိဟစိနဲ့ ခွက်ထိုးခွက်လန်ရယ်ကြတာလေ ။
ယဉ်ယဉ်လေးရူးနေတာ ။ ဂန်တူးလေးကလဲ ဇရှိတဲ့ ဗလကြီးဟန်ဆောင်ထားတဲ့ ချစ်ချစ်ကိုပဲ တောက်တဲ့လို ကပ်နေတာ ။ တကယ်တော့ သူကလည်း သိုးမဲလေးပါပဲ"

အဲလို ပြောလိုက်ခြင်းအားဖြင့် ဘယ်သူမှ အလွယ်တကူမသိနိုင်တော့ဘူးပေါ့ ။
ကဲ ပြောချင်တာတော့ ဒါအကုန်ပါပဲ...။
လစာပါတခါတည်းထုတ်သွားမယ် ။ ပျံဝံ အလုပ်လုပ်တယ်နော် ဟဲဟဲ ။

ပုံ/ ပျံကြားရေးဝံကြီး ချမ်းရဲ ( ချစ်ချစ် )

Saturday, February 7, 2009

ရင်သပ်ရှုမောဖွယ် မြင်ကွင်း

ကမ္ဘာမြေတစ်ခွင် ပြဲပြဲစင်အောင် တစ်နေကုန်ပူပြင်းတောက်လောင်ထားသော ရှင်နေမင်းကြီးလည်း တစ်နေ့တာ အလေလိုက်၍ မောပန်းသဖြင့် အိပ်စက်အနားယူရန် အနောက်ဘက် ကောင်းကင်ဆီသို့ တဖြည်းဖြည်း ရွေ့လျားပျောက်ကွယ်စ ပြုနေပြီ။ ကောင်းကင်တစ်ခွင်လုံး ဆန်းကစ်အချိုရည် ဖိတ်ကျထားသကဲ့သို့ လိမ္မော်ရောင်သန်းလျှက်ရှိပြီး ပတ်ဝန်းကျင်လေထုမှာ အနွေးဓာတ်မပျယ်သေးသဖြင့် လေလည်သောအခါစအိုမှ ထွက်လာသောလေကဲ့သို့ ခပ်နွေးနွေး ညှီစို့စို့ရှိနေသည် ။ နေ့လည်နေ့ခင်းတွင် အပြင်ဘက်လောကသည် ဆိတ်ငြိမ်လျှက်ရှိသော်လည်း ညနေခင်းအချိန်တွင်မူ ကျောင်းမှပြန်လာသော ကျောင်းသူကျောင်းသားများ၊ ရုံးဆင်းလာသော ရုံးဝန်ထမ်းများနှင့် အိမ်အနီး ပုစွန်တောင်ဈေးမှ ဆိုင်သိမ်းနေသော ဈေးရောင်းဈေးသည်များ၏ ဆူညံပွက်လောရိုက်သံများကြောင့် ရန်ကုန်မြို့သည် အရေးပေါ်ကယ်တင်ထားသော သေခါနီးလူနာကဲ့သို့ ရုတ်ချည်းတဖန် ပြန်လည်၍ အသက်ဝင်နိုးထလျှက်ရှိသည်။ နဂါးပုံ၊ ဒိုင်နိုစောပုံ၊ ကိုယ်တုံးလုံးမိန်းမပုံ စသဖြင့် အမြင်အမျိုးမျိုးပေါ်မူတည်ကာ အသွင်အမျိုးမျိုးဆောင်နေသော မိုးသားတိမ်စိုင်များသည် ကောင်းကင်တွင် ဟိုမှဒီသို့ လေနှင်ရာ မျောလွင့်နေကြသည်။ အိမ်ရှေ့ပလက်ဖောင်းပေါ်တွင် ခွေးဝဲစားနှစ်ကောင် မိတ်လိုက်နေသည့် မြင်ကွင်းကလည်း တစ်မျိုး ကြည်နူးဖို့ ကောင်းသည်။ လမ်းမရှိ လူကူးမျဉ်းကြားအနီးတွင် ယဉ်ထိန်းရဲနှင့် ပြည်သူအချို့ (ခွေးရူးလိုက်တမ်း..အဲ..ဟုတ်သေးဘူး) လိုက်တမ်းပြေးတမ်း ကစားနေသည်မှာ ငယ်စဉ်ကလေးဘ၀ကို အမှတ်ရစေသည်။ အီကဲ့သို့ ရသစုံတွေ့မြင်ခံစားနိုင်သော ညနေခင်းပတ်ဝန်းကျင်ကို ငေးမောနေရသည်မှာ တီဗီဖန်သားပေါ်တွင် မော်ဒယ်သရုပ်ဆောင် မိုးဟေကို တိတ်ခွေကို ကြည့်ရသည်ထက်ပင် ဆွဲဆောင်မှုကောင်းနေပေတော့၏။

မကြာခင်အချိန်တွင် ယခင်က လေနှင်ရာလွင့်ပါနေသော မိုးတိမ်များသည် တဖြည်းဖြည်း စုဝေးမိပြီး မီးခိုးရောင် ခြုံစောင်ထူကြီးနှယ်ပြောင်းလဲကာ အာကာသတစ်ပြင်လုံးကို အမှောင်ချလွှမ်းခြုံပစ်လိုက်သည်။ လေပြင်းများတိုက်ခတ်သဖြင့် သစ်ရွက်များကြွေကြသည် ။ သစ်ကိုင်းများကျိုးကျသည် ။ စည်ပင်မှမချိုင်လှဲကြလို့ ပင်စည်မှယိုင်လဲကျသော သစ်အိုပင်များလည်းရှိ၏။ လေပြင်းဒဏ်ကြောင့် မကြာခင်က အချစ်ပလူးနေသော ခွေးထီးပေါ်သို့ လျှပ်စစ်ဓာတ်ကြိုးများပါပျက်ကျရာ ဆန့်ငင်ဆန့်ငင် ဝေဒနာခံစားနေရရှာသော ခွေးနှစ်ကောင်ကို သနားဂရုနာသက်ဖွယ်တွေ့မြင်ရသည် ။

မကြာမီ ကြက်ဥတစ်လုံးပြုတ်တာ ကျက်ချိန်လောက်အကြာတွင် မိုးစက်အမှုန်မွှားလေးများ လေပြင်းများနှင့်အတူ ရောယှက်ကျဆင်းလာသည် ။ မြောင်းသင်းနံ့လေးများ ခံစားမိ၏ ။ တဖန် အိမ်သာတစ်ခါတက်လောက် အကြာတွင် (စိုင်းစိုင်းကိုသနားလို့ထင်သည်) မိုးသည်းထန်စွာရွာချလိုက်သည် ။ မြေပြင်ပေါ်တွင် တီကောင်များ၊ ဖားပြုပ်များ ၊ မြောင်းပေါ်မှတက်လာသော ကြွက်များဖြင့် ရန်ကုန်မြို့ကြီးသည် တိရိစ္ဆာန်ရုံတစ်ခုနှယ် အကောင်ပလောင်များ စည်ကားနေတော့၏ ။ မိုးအဆက်မပြတ်ရွာသဖြင့် မြောင်းရေလျှံတက်သောအခါ လမ်းမပေါ်တွင် ရေများသည် ခြေသလုံးခန့်ထိ တက်ကာ ချောင်းကဲ့သို့ စီးဆင်းနေတော့၏။ ရေမချိုးရသေးသော သူတောင်းစားကလေးငယ်လေးများမှာ ရေကူးကန်သို့ရောက်သည့်နှယ် ရေကူးဆော့ကစားကြသည်။ မြန်မာနိုင်ငံအတွက် သီးသန့်မထုတ်လုပ်နိုင်သေးသော ရေထဲတွင်သွားနိုင်လောက်အောင် ခေတ်မမီသေးသော မော်တော်ကားများကို ကားမောင်းသူများက ကိုယ်တိုင်ဆင်းတွန်းကြရသည် ။ အချို့မိန်းမပျိုလေးများကလည်း မိုးရေအောက် မြောင်းရေထဲတွင် မင်းသမီးအမှတ်နှင့် ကဗျာဆန်ဆန်လမ်းလျှောက်နေသည် ။ ရေစိုအ၀တ်နှင့်အပျိုလေးများကို စပါယ်ယာများက လှမ်းအော် စနောက်သည်။ ရန်ကုန်မြို့ကြီး သည်လည်း မိုးသံ ၊ ကားစက်သံ ၊ ဟွန်းသံ၊ ကလေးအော်သံများကြောင့် ဈေးပွဲတော်ကြီးတစ်ခုကဲ့သို့ စည်ကားပျော်ရွှင်ဖွယ်ကောင်းလှသည်။

ပုဇွန်တောင်ဈေးမှ လတ်လတ်ဆတ်ဆတ်ရောင်းချနေသော ငါးပုစွန်းဘန်းထဲမှ ငါးများပုစွန်အရှင်များလည်း လမ်းပေါ်မှရေပေါ်တွင် လူများနှင့်အတူ လှုပ်စိလှုပ်စိ ပေါလောပေါ်နေကြသည် ။ ထိုသို့ ပလတ်စတစ်အိတ်၊ သစ်ရွက်ခြောက်၊ သစ်ကိုင်းခြောက်၊ ဖိနပ်များ၊ လူများ ၊ တိရိစ္ဆာန်များနှင့် အခြားအရာဝတ္ထုများအစုံ ပေါလောပေါ်နေသော မြောင်းရေထဲတွင် မိမိတို့၏ ဟင်းသီးဟင်းရွက် သားငါးများကို လိုက်ကောက်သူကကောက်သည်။ ကားတွန်းသူက ကားတွန်းကြသည်။ ရေကူးသူ ကလေးငယ်များက ရေကူးသည် ။ လမ်းစည်းကမ်းထိန်းသိမ်းရေးပုဂ္ဂိုလ်မှာလည်း လမ်းစည်းကမ်းမည်သို့ထိန်းသိမ်းရမည်မသိဘဲ အုတ်တိုက်လေးထဲတွင် လက်မှိုင်ချက ထိုမြင်ကွင်းကို ကျွန်တော်ကဲ့သို့ ရှုစားငေးမောနေတော့၏ ။

အချုပ်ဆိုရသော် မမေ့နိုင်သော မြင်ကွင်းအဖုံဖုံဖြင့် ခံစားမှုအစုံပေးစွမ်းနိုင်သည့် ရှုခင်းပန်းချီကားတစ်ချပ်ကို အမည်တပ်ရမည်ဆိုပါကို "ရန်ကုန်မြို့ ညနေခင်း" ဟုပင်ခေါ်ဆိုရမည်ဖြစ်သည်။ ထိုပန်းချီကားတစ်ချပ်သည်ပင် ကျွန်တော်ဘ၀၏ မမေ့နိုင်သော မြင်ကွင်းတစ်ခုပင် ဖြစ်ပေတော့သတည်း။

Monday, January 26, 2009

တစ်ပတ်အတွင်း သတင်းအစီအစဉ် (၄) (၂၆-၀၁-၀၉)

(၁) ကမ္ဘာလုံးဆိုင်ရာ စီးပွားပျက်ကပ်၏ နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် မြန်မာပြည်ရှိ သူတောင်းစားများ ၀င်ငွေ လျော့ကျလျှက်ရှိ၏။ ထို့အပြင် ၀င်ငွေချို့တဲ့မှုကြောင့် မွေးမြူရေးဝန်ကြီးမှာလည်း မွေးမြူထားသော ရေသူမများအတွက် ဘလာစီယာများ လုံလုံလောက်လောက်မထောက်ပံ့နိုင်တော့ချေ။

(၂) ရူးပေါဂေဟာမှ အတင်းရေးမှူး(၁) ကြီးမှူးကျင်းပသော အာဆီယံအိုးပင်းဂေါက်သီးရိုက်ပြိုင်ပွဲတွင် မြန်မာပြည်မှ ဂေါက်သီးရိုက်အားကစားသမား တစ်ချက်တည်း ကျင်းဝင်။ ၀င်သောကျင်းမှာ ဂေါက်ကွင်းအနီး အသစ်ဖောက်လုပ်နေသော ၅ပေပတ်လည် အိမ်သာကျင်းဖြစ်နေကြောင်း သိရ၏။

(၃) ကုလသမဂ္ဂအဖွဲ့ကိုယ်စားလှယ် မန်ဒါလီ (ကြက်ငှက်တုပ်ကွေးကင်းရှင်းကြောင်း ဆေးစစ်ပြီးသူ) သည် ရူးပေါဂိုဏ်းသို့လာရောက်ကာ စားသောက်လည်ပတ်ပြီး သဘာပတိကြီးနှင့် အပေါပြိုင်မည်ဟု သတင်းရရှိသည်။

(၄) ငှက္ကထနှင့်အဖွဲ့သည် ဂါဇာမြို့မှ စစ်ဒဏ်ခံဒဏ်ရာရပြည်သူများကို လိုက်လံတွေ့စုံကာ လူသားချင်းစာနာထောက်ထားမှု အကူအညီအနေဖြင့် ပလာစတာ(၅)ခုကို ကံစမ်းမဲဖောက်ပေးခဲ့သည်။

(၅) ငပေါများဂေဟာမှ မွေး/ရေ ၀န်ကြီးသည် မြန်မာပြည်တွင်း ကြက်ငှက်တုပ်ကွေးရောဂါကာကွယ်ရန် မွေးမြူရေးခြံများရှိ ကြက်၊ ဘဲများအား ပါရာစီတမောနှင့် ပနဒေါလ်ဆေးလုံးများ တိုက်ကျွေးလျှက်ရှိသည်။

(၆) ငပေါများဂေဟာတွင်း မကြာခဏ လျှပ်စစ်မီးပြတ်တောက်ရခြင်း အကြောင်းရင်းမှာ မီးမလာခြင်းကြောင့်ဖြစ်သည်ဟု EPC (Existence for People's Complaints) ရုံးက ဖြေရှင်းပြောကြားခဲ့၏။

ပုံ/ ဖျံကျရေးဝံကြီး ချမ်းရဲ

Saturday, January 10, 2009

တစ်ပတ်အတွင်း သတင်းအစီအစဉ် (၃) (၁၀-၀၁-၀၉)

(၁) မော်ဒယ်လ်မလေး ၀က်ဝံရွှေရည် ခေတ္တခဏပျောက်ဆုံးသွားမှုနှင့်
ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီး ချမ်းရဲက အများထင်သလို သူနှင့်ဟိုဒင်းဟိုဟာမဟုတ်ကြောင်း အတိအလင်းပြောကြားခဲ့သည်။
ဝက်ဝံရွှေရည်သည် လူမမြင်သူမမြင်နေရာတွင် ရူးပေါဂိုဏ်းအတွင်းရေးမှူးတစ်၏ ကုမ္မဏီမှ ထုတ်လုပ်သော ဖိုးလပြည့်ရေခဲချောင်း သွားစားနေခြင်းသာဖြစ်သည်ဟု နီးစပ်ရာ အသိုင်းအ၀ိုင်းမှ ထွက်ဆိုခဲ့သည်။

(၂) လျှောက်လုပ်ရေးဝန်ကြီး၏ ညွှန်ကြားချက်အရ ရန်ကုန်မြို့ ပလက်ဖောင်းများပေါ်တွင် လူသွားလမ်းများ ဖောက်လုပ်လျှက်ရှိသည်။

(၃) လာမည့်ဖေဖော်ဝါရီလအတွင်း ကျင်းပမည့် အကယ်ဒမီဆုပေးပွဲအခမ်းအနားတွင် "ငါ့ဓါး ငါသွေးပြီး ငါ့ဟာငါဖြတ်မည်" ဟူသောဇာတ်ကားမှ သရုပ်ဆောင်လူမင်း အကယ်ဒမီရရန် ရေပန်းစား (water flower eat)လျှက်ရှိသည်။ ထို့ပြင် "အဖေနှင့် ဇနီးများ" ဇာတ်ကားမှ သရုပ်ဆောင်များလည်း အကယ်ဒမီမျော်မှန်းထားသည်။

(၄) ဆက်သွယ်ရေးဝန်ကြီးမှ အသစ်ထုတ်ဝေလျှက်ရှိသော မိုဘိုင်းဖုန်းဖြင့်အသုံးပြုသည့်ု ဖုန်းကဒ်များ ဈေးကွက်အတွင်း အရောင်းအ၀ယ် မတွင်ကျယ်ဟု သိရ၏။ ပြည်သူများက ဈေးသက်သာပြီး ဖုန်းလိုင်းပိုမိသော နို့ဆီခွက်နှင့်အပ်ချည်ကြိုးများ အစားထိုးသုံးစွဲနေကြ၏။

(၅) ဂိုဏ်းအတွင်း တစ်ကြိမ်တစ်ခါမှ အလုပ်မလုပ်သော ပို့ဆောင်ရေးဝန်ကြီးသည် ၄င်းယောက္ခမ၏ အသုဘအခမ်းအနားသို့ ပထမဆုံးအကြိမ် အားတက်သရော ပို့ဆောင်ခဲ့သည်။

(၆) အသစ်ခန့်အပ်သော နိုင်ငံခြားရေးဝန်ကြီးသည် ယမန်နေ့ညနေက ပထမဆုံးခရီးစဉ်အဖြစ် အမေရိကန်နိုင်ငံသို့ ထွက်ခွာသွားခဲ့ပြီ။ ခရီးစဉ်ရည်ရွယ်ချက်မှာ အဂ်လိပ်စကားသင်ရန်ဖြစ်ပြီး မူလတန်းအောင် စကားပြန်၂ယောက်လည်း လိုက်ပါသွားသည်ဟု သတင်းရရှိသည်။

(၇) လယ်ယာပြန်စားရေးဝန်ကြီး၏ တစ်နှစ်စာလျာထားချက်အတိုင်း ယာ၃ယာ ပြည့်မီစေရန် ဒေသခံတောင်သူဦးကြီးများက ပလယာ နှင့် ကွမ်းယာ တစ်ခုစီ ထည့်သွင်းဖော်ပြခဲ့ကြသည်။

ပုံ/
ပျံကျားရေးဝံကြီး

Tuesday, November 4, 2008

တစ်ပါတ်အတွင်း သတင်းအစီအစဉ် (၄-၁၁-၀၈)

တစ်ပါတ်အတွင်း သတင်း အခြေအနေများကိုတင်ပြသွားမှာဖြစ်ပါတယ်။

(၁) ရန်ကုန်မြို့ ရွှေဘုံသာလမ်းတွင်း ယမန်နေ့ညနေက ပေါက်ကွဲအားအသင့်အတင့်ရှိသော ချိန်ကိုက်ဗုန်းပေါက်ကွဲခဲ့ရာ အနီးတ၀ှိုက်တွင် ထိခိုက်ဒဏ်ရာရရှိသူ တစ်ဦးတစ်ယောက်မှ မတွေ့ရှိခဲ့ပေ။ (စက်ကွင်းမလွတ်သူ အားလုံး တစစီလွင့်စင်ကာ ပွဲချင်းပြီးသေဆုံးသွားခြင်းကြောင့်ဖြစ်၏)အနီးတ၀ိုက်တွင် သွေးသံရဲရဲဖြင့် ပေါင်တစ်ဖက်ပြတ်နေသည်ဟုယူဆပြီး ထောက်လှမ်းရေးမှ အပူတပြင်းစစ်ဆေးလေ့လာကြည့်ရာ တိုကျိုဖရိုင်းချစ်ကန်း မှ အချဉ်တို့ထားသော ကြက်ပေါင်တစ်ချောင်းဖြစ်ကြောင်း သိရှိရသည်။ထိုကြက်ပေါင်အား အတင်းရေးမှူး၁ မှ မိန်းမစားရန်အလို့ငှာ အိမ်သူပိုင် သိမ်းဆည်းသွားကြောင်း သတင်းရရှိပါသည်။

(၂) သဘာငတိနှင့် အဖွဲ့သည် မနေ့ည၁၀ နာရီခန့်က ပိုင်အိုးနီးယားကလပ်အတွင်း မော်ဒန်မလေးများ လှုပ်ရှား ကခုန်နေမှူအခြေအနေများကို အငမ်းမရ သွားရောက်ကြည့်ရှူကာ အားပေးစကားပြောကြားခဲ့ပြီး လိုအပ်သည်များကို မှာစားခဲ့သည်။

(၃) လွန်ခဲ့သော သောကြာနေ့က မိုးအပြင်းအထန်ရွာသွန်း၍ ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်း ပလက်ဖောင်းနံဘေးတွင် ခြေသလုံးခန့်ထိ ရေများလျှံတက်လျှက်ရှိရာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ မီးပွိုင့်ထောင့်တွင် ပလက်ဖောင်း ဟိုဘက်ဒီဘက်ကိုဆက်သွယ်သော နှစ်ပေခန့်မြင့်သည့် မြောင်းကူးတံတား ဖောက်လုပ်သွားမည်ဟု သိရှိရသည်။ ခန့်မှန့်ကုန်ကျငွေမှာ အမေရိကန်ဒေါ်လာ ၃၂ သန်းခန့်ဖြစ်ပြီး ရူးပေါဂိုဏ်းရန်ပုံငွေမှ အသုံးပြုကျခံသွားမည်ဖြစ်သည်။

(၄) အတင်းရေမှူး ၂ ဗိုလ်ချုပ်ဗီလိန်သည် အစိုးရယဉ်မသုံးရနေ့ ဖြစ်သော လွန်ခဲ့သောသောကြာနေ့က ယဉ်များကိုစစ်ဆေးရန် ရန်ကုန်မြို့တွင်း ရဟတ်ယဉ်ဖြင့် လှည့်လည်ကြည့်ရှူခဲ့သည်။

(၅) အမေရိကန်နိုင်ငံ လေ့လာတွေ့ရှိချက်စစ်တမ်းများအရ မြန်မာနိုင်ငံရှိ စီအန်ဂျီကားများသည် လောင်စာဆီ စားရိတ်သက်သာသော်လည်း အသုဘစားရိတ်ပိုမိုများပြားနိုင်သည်ဟု သိရှိရသည်။

(၆) လွန်ခဲ့သော လက မြန်မာနိုင်ငံမှ ရှေးဟောင်းသုတေသနအဖွဲ့များ ရှာဖွေတွေ့ရှိခဲ့သည့် ပုဂံခေတ်ကအ၀တ်အထည်ဟုယူဆရသော အ၀တ်ထည်ကို ရှေးဟောင်းပြတိုက်တွင် ထည့်သွင်းပြသထားခဲ့သည်။ယမန်နေ့က သဘာပတိသည် သူ၏ ဇနီးသည်ပျောက်သွားသော အတွင်းခံဖြစ်သည်ဟု ဆိုကာ၎င်းအ၀တ်ထည်ကို ပြတိုက်မှ ပြန်လည်ထုတ်ယူသွားကြောင်း သတင်းရရှိပါသည်။

(၇) ရူးပေါဂိုဏ်းမှ ငှက်ကထကြီးသည် အမေရိကန်နိုင်ငံလွတ်လပ်ရေးနေ့အတွက် ၀မ်းမြောက်ကြောင်းသ၀န်လွှာကို တရုတ်ပြည်ရှိ ငလျင်ဒဏ်ခံရသူပြည်သူများအတွက် ၀မ်းနည်းကြောင်းသ၀န်လွှာနှင့် မှားယွင့်ပေါ့ဆောင်မိသဖြင့် နှစ်နိုင်ငံအကြား အချေအတင် အငြင်းပွားလျှက်ရှိ၏။

(၈) ရူးပေါဂိုဏ်း ပညာရေးဝန်ကြီးမ ဇင်ဇင်သည် မူလတန်းသင်ရိုးညွှန်းတမ်းများတွင် ကျောင်းသူကျောင်းသားများ ပေါချာရေးအတွက် အပေါတကာ့အပေါဆုံး သင်ခန်းစာများ ထည့်သွင်းသွားမည်ဟုသိရသည်။ အဂ်လိမ်စာ ပိုမိုတတ်မြောက်စေရေးအတွက်လည်း အဂ်လိပ်စာများကို မြန်မာစာများဖြင့်ညပ်၍ သင်ကြားသွားမည်ဟုသိရသည် ။ဥပမာအားဖြင့် မမ Fat Fat ထထ Dance ၊ အကမှာ First ၊ Dance ပါ Dance ပါ မမရာ ၊ ညည Moon သာသာ၊ Night အခါ ငါစာရ၊ မမ Fat Fat ထထ Dance.... အစရှိသောကဗျာများကိုလည်း ထည့်သွင်းသွားမည်ဟုသိရှိရသည်။
တစ်ပါတ်အတွင်းသတင်းအစီအစဉ် ဒီတင်ပြီးဆုံးပါပြီ ။

ပုံ/ ပျံကြားရေးဝန်ကြီး ချမ်းရဲ

Monday, November 3, 2008

ကောလဟာလ ဖြေရှင်းချက်

ယခုအခါ ပြည်သူလူထုအကြား ရူးပေါဂိုဏ်းနှင့် ပတ်သက်၍ ကောလဟာလတစ်ခုပျံ့နှံ့လျှက်ရှိသည်။

၎င်းမှာ ရူးပေါဂိုဏ်းမှ သဘာငတိကြီးသည် လွန်ခဲ့သော ၃၀ ရက်နေ့က အေအိုင်ဒီအက်စ်ရောဂါဖြင့် ပြည်သူ့ဆေးရုံတွင် ကွယ်လွန်သွားပြီ ဟူ၍ ဖြစ်သည်။ ထို မဟုတ်မမှန်သတင်းနှင့် ပတ်သက်ပြီး ဘလော့ဂါ ပြန်ကြားရေးမှူး ချမ်းရဲမှ အောက်ပါအတိုင်း ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

" အဟမ်း... ဒီကနေ့ ပြည်သူလူထုအကြား သဘာငတိကြီး ဂျဲဂျယ်သည် အေအိုင်ဒီအက်စ်ကြီးနှင့် ကွယ်လွန်သွားပြီဟူ၍ ကောလဟာလသတင်းများပေါ်ပေါက်လျှက်ရှိရာ ၄င်းမှာ မမှန်ကန်ကြောင်း ကျွန်တော် ပြန်ကြားရေးမှူးမှ ရှင်းလင်းဖြေကြားသွားမှာ ဖြစ်ပါတယ်။

သဘာငတိကြီး ဂျဲဂျယ်မှာ ၃၀ရက်နေ့ ၁၀လတွင် ပုံမှန်မဟုတ်သော ရင်ဘတ်အောင့်သည့် ရောဂါလက္ခဏာကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံတွင် အထူးကု ပါမောက္ခဆရာဝန်ကြီး ပြသရာ ဆရာဝန်များ၏ ဆေးဆစ်ချက်အရ ရင်သားကင်ဆာဖြစ်နေသည်ဟု သိရှိခဲ့ရပါတယ်။ ထိုကိစ္စနှင့်ပတ်သက်ပြီး မဟုတ်မမှန် သတင်းလုပ်ကြံသူများက ချဲ့ကားပြောဆိုကြရင်း သဘာငတိကြီး သေဆုံးသွားသည်ဟူ၍ သတင်းဖြန့်ခဲ့ခြင်းဖြစ်ပါသည်။ ရင်သားကင်ဆာရောဂါမှာလည်း ရင်သားတစ်စုံလုံး လှီးထုတ်လိုက်လျှင် ပျောက်ကင်းနိုင်သည်ဟု နိုင်ငံကျော်ဆရာဝန်ကြီးများက မှတ်ချက်ပြုသောကြောင့် ပြည်သူအများ ပူပန်ရန်မလိုတော့ပါဘူး ခင်ဗျာ။"

ဂျာနယ်လစ်တစ်ယောက်က ၀င်မေးသည်။

"ဒါဆို သဘာငတိကြီး ကိုယ်တိုင် ဒီပွဲကို ဘာလို့ မတက်ရောက်သလဲခင်ဗျ"

" ဂေလမ်းသွား...အဲ..ဒါကတော့ သဘာငတိကြီးဟာ စင်ကာပူနိုင်ငံဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားမှုကြောင့် ဖားသားဆန်ပြုတ်သွားစားနေရလို့ပါ။ ပြည်သူများနားလည်ပေးနိုင်မယ်လို့ ထင်ပါတယ်"

ဂျာနယ်လစ်လည်း အူကြောင်ကြောင်ဖြင့် ခေါင်းကုတ်ကာ ခေါင်းတညိတ်ညိတ်လုပ်ပြလိုက်သည်။

သတင်းထောက် မဆုမွန်က ၀င်မေးပြန်သည်။

"ရင်သားကင်ဆာရောဂါဆိုတာ မိန်းကလေးများမှာသာ ဖြစ်ပွားလေ့ရှိတယ်လို့ သိရပါတယ်။ အခု ယောက်ျားလေးမှာဖြစ်တယ်ဆိုတော့ ထူးဆန်းနေလားလို့"

"ဟင်း ဟင်း ဟင်း...."
ပြန်ကြားရေးမှူးမှ ဂုဏ်ယူဝံ့ကြွားစွာပြုံးလိုက်ပြီးမှ

" မိန်းကလေးပြောတာမှန်ပါတယ် ။ ဒါပေမယ့်... အခုအခါ ကမ္ဘာမှာ မဖြစ်စဖူး ယောက်ျားရင်သားကင်ဆာဆိုပြီး မြန်မာနိုင်ငံမှာ စတင်တွေ့ရှိတာဖြစ်ပါတယ်။ ဒါဟာ မြန်မာပြည်အတွက်ရော စစ်ဆေးတွေ့ရှိတဲ့ အထူးကုဆရာတွေအတွက်ပါ ဂုဏ်ယူစရာပါ။ သဘာငတိကြီးဆိုရင် သူ့ကိုသူ ဂုဏ်ယူမဆုံး ဖြစ်ပြီး ရင်သားကိုလှီးဖြစ်ရာမှာ ထုံဆေးတွေ မေ့ဆေးတွေမသုံးတော့ဘူးလို့ ရဲဝံ့စွာပြောကြားပြီးဖြစ်ပါတယ်။
အဲလောက် ယောက်ျားပီသတဲ့ ရင်သားကင်ဆာရောဂါသည်ပါ ခင်ဗျ။ "

"တကတဲ..ယောက်ျားပီသတယ်လည်းဆိုသေး..ရင်သားကင်ဆာတဲ့" လူထုထံမှ မကျေနပ်သံတိုးတိုးလေးထွက်လာသည်။

မဆုမွန်မှ ဆက်လက်မေးမြန်းပြန်သည်။
" ဘယ်ခွဲစိတ်ဆရာဝန်နဲ့ ခွဲစိတ်မှာလဲ ရှင့်"

" ဒီအတွက် ပြည်သူတွေ စိုးရိမ်နေမယ်ဆိုတာ ကျွန်တော်နားလည်ပါတယ် ။ မပူပန်ပါနဲ့ ခင်ဗျ။
ရင်အုံတွေလှီးဖြတ်ရာမှာ စပါယ်ရှယ်လစ်ဖြစ်တဲ့ ကြက်ဘဲဈေးမှ နာမည်ကြီး သားခုတ်သမားကိုယ်တိုင် သားခုတ်ဓားမထက်ထက်နဲ့ လူနာကို ဒေါင်လိုက်လှဲခိုင်းပြီး တစ်ချက်ထဲနဲ့ ခေါင်းကို..အဲလေ.. ရင်နှစ်မွှာကို အပြတ် ခုတ်ဖြတ်မှာဖြစ်ပါတယ်။ ဈာပနာ..အဲလေ...ခွဲစိတ်ခအတွက်ကို ယနေ့လာ သတင်းစာဆရာများ၊ ဂျာနယ်လစ်များမှလည်း စေတနာထက်သန်စွာဖြင့် မနည်းမပါးကို တစ်ယောက်ငါးသိန်းဆီ မဖြစ်မနေ အလှူငွေထည့်ဝင်ပါလို့ ပန်ကြားလိုပါတယ်။ သဘာငတိ အင်အားရှိမှ ရူးပေါဂိုဏ်း အင်အားရှိမည် ဆိုတာကို နားလည်ကြမယ်လို့မျော်လင့်ပါတယ်။ ငှဲ ငှဲ ငှဲ" ဟုဆိုကာ ဘောင်းဘီခါးပတ်မှ သေနတ်ကို ပွတ်ပြလိုက်ပြီး မျက်ခုံးပင့်ပြလိုက်သည်။

"အဟင့်..ကုန်ပြီ ကုန်ပြီ ။ ငါကိုယ်က လျှာရှည်ပြီး ဒီကို အားအားယားယား လာမေးမိတာ ။ ခုတော့ သတင်းကျွတ်ရင် ချစ်ချစ်နဲ့ မဂ်လာဆောင်ဖို့စုထားတဲ့ ပိုက်ဆံ သားခုတ်သမားကိုပေးရတော့မယ်.."

မဆုမွန် အပါအ၀င် အလုပ်မရှိ အလုပ်ရှာ အားယားပြီး ရှင်းလင်းပွဲသို့ တက်ရောက်သူများ မျက်ရည်ရစ်ဝဲ နောင်တအကြီးအကျယ်ရလည်း ဘာမှမပြောရဲဘဲဖြစ်နေရာ တစ်ယောက်ကို ငွေငါးသိန်းစီ ထုတ်ပေးလိုက်ရလေတော့သတည်း။

Saturday, November 1, 2008

လျှောက်လွှာလက်ခံခြင်း (၂)

အရူးအပေါဂိုဏ်း ငှက်ကထထံသို့ အလုပ်လျှောက်လွှာကို အောက်ပါ ကိုယ်ရေးအချက်အလက် အပြည့်အစုံဖြင့် လျှောက်တင်လိုက်ပါသည်။

အမည်_ ချမ်းရဲ (ချဲအရမ်းထိုး၍ သူငယ်ချင်းများက အတိုကောက်ပြောင်းပြန်ခေါ်လိုက်ခြင်းဖြစ်၏ )
အသက်_ ၂၀ နှစ်
ဝါသနာ_ အသောက်အစား၊ လောင်းကစား၊ မိန်းမ နှင့် မူးယစ်ဆေးဝါး
ထင်ရှားသည့်အမှတ်အသား_ ၀ဲဘက်ပေါင်ခြံ၌ မှဲ့ရှိ
အိမ်ထောင်ရှိ/မရှိ_ မရှိ (၅ ကြိမ်မြောက်ကွဲကွာပြီး)
လက်ရှိအလုပ်အကိုင်_ ရွာရှိ သွားကြားထိုးတံထုတ်လုပ်ရေးလုပ်ငန်းတွင် ၀.၀၀၀၁%
(အော်ဒနရီ) ရှယ်ယာဝင်ဖြစ်၏။
လုပ်ငန်းအရည်အချင်း_ သွားကြားထိုးတံကို ဖင်နှင့်ခေါင်း ခွဲခြားနိုင်သည် ။ (တဘက်ချွန် သွားကြားထိုးတံများကိုသာ..) ။ သွားကြားထိုးတံများကို တပြိုက်နက် အချောင်း လေးငါးဆယ် မ နိုင်သည်။ (မည်သည့်အကူကိရိယာမှမလို)
လုပ်သက်_ နာရီ ၂၀၀ (အိပ်ချိန်များအပါအ၀င်)
ယခင်အလုပ်မှ ထွက်ခွာရခြင်းအကြောင်းအရင်း_ ၃ ချက်ရှိပါသည်။
၁။ နားလည်မှုလွဲခြင်း (အလုပ်ချိန် ၆နာရီအတွင်း ၄၊ ၅ နာရီ ပင်ပန်း၍အိပ်သည်ကို နားလည်မှုမပေးနိုင်သဖြင့်)
၂။ မတော်တဆ အမှားလုပ်မိခြင်း ( ၀ါးပင်အရင်းနှင့် ကောင်မလေးခြေထောက် မှားခုတ်မိသည်။ ဤသည်မှာလည်း အရက်အလွန်မူးနေသောကြောင့်သာ..)
၃။ အလုပ်ရှင် ရက်စက်ခြင်း ( သူ၏ သမီးကို ၂ညတာခိုးယူပေါင်းသင်းပေးခဲ့ရသည်ကို မထောက်ဘဲ ရက်စက်ကြမ်းကြုတ်စွာ အလုပ်ဖြုတ်ခဲ့သည်)
နေရပ်လိပ်စာ_ အမှတ် ၀၊ ခရေပွင့်ရပ်၊ ဖင်ပူးထောင်းရွာ။
ဖုန်း_ (၀၃၇၄၅၉၃) ၈၈၇၈၂၆၄ ၈ ၆၇၈ မ၃၉ ၈၁၁၇၂၃၄၅ ( သုံးဆင့်ခေါ်) ။
ပထမ ဖုန်းနံပါတ်ကိုနှိပ်ပြီး ငယ်လေးကို အရင်ခေါ်ပါ ၊ ပြီးနောက် လိုင်းခွဲနံပါတ် ၈၃၉၃ ၂၃၈ ၉၈၉၂၀ ကိုနှိပ်၍ ငယ်လေးမှ တဆင့် ဟီးရိုး၊ ဟီးရိုးမှ ဗီလိန်ဆီခေါ်ရန် ၂၉၄၀၉ ၀၀ ၂၄၈၇၉ ၁၂၄၉ ကိုနှိပ်ပါ။ ထို့နောက် ၀၀၇ နှိပ်ပြီး ကျွန်တော်နှင့် တိုက်ရိုက်ပြောဆိုနိုင်ပါပြီ)
လျှောက်တင်လိုသည့် ရာထူး_ ဘလော့ဂ်ဂါ ပေါချာရေးနှင့်ဖွံကြောင်မှုကောင်စီ အတင်းရေးမှူး ( အတင်းရေးမှူး ၁ ၂ ၃ ၄ တခုခုပေး) ။ အဲဒါမှ လုပ်စားလို့ကောင်းမှာ
ခန့်မှန်းလစာ_ ၅၀ ကျပ် ( ညှိနှိုင်းလက်ခံ)


မှတ်ချက်- သဘာငတိကတော့ ထုံးစံအတိုင်း ခေါင်းငြိတ်သည်။ စည်းရုံးရေးအမှုဆောင်က ရာထူးပေးတည်းက ခေါင်းငြိတ်ယုံပဲဆိုလို.ပါ။ ကျန်အမှုဆောင် အရာရှိများ၏ လက်ခံချက်ကို စောင့်ပါရန်
ပုံ/ သဘာငတိ ဂျဲဂျယ်