ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Showing posts with label တင်ပြချက်. Show all posts
Showing posts with label တင်ပြချက်. Show all posts

Wednesday, September 15, 2010

နာယကဂျီး တရေးနိုးမှာပေါ်သောအကြံ အကုန်လိုက်လုပ်ရန်

တနေ့သ၌ ကျွန်ုပ် နာယကဂျီးသည် ပျင်းပျင်းရှိသည်နှင့် ဂျီတော့ချက်ရွန်းခေါ် စကားများခန်းတွင် မည်သည့် ငပေါများ ရှိနေသနည်းဟု ချောင်းကြည့်လိုက်ရာ မမြင်ရသည်မှာ လွန်စွာမှ ကြာလှပြီဖြစ်၍ မနည်းရုပ်ဖမ်းကြည့်ယူရသော ငှက်ကထတကောင်တည်း ရူးချင်ယောင်ဆောင်နေသည်ကို တွေ့လိုက်ရလေသည်။ ထိုသို့ မြင်လိုက်သည်နှင့်တပြိုင်နက် ခေါ်မည်ဟု ပါးစပ်ပြင်ပြီးမှ “ဒုန့်ဒစ်စတာ့ပ်” ဟူသော ၎င်း၏ စတိတ်တပ်စ်ကို မြင်လိုက်ရာ ငှက်ကထကို မနှောင့်ယှက်ပင် မနှောင့်ယှက်ချင်သော်ငြား အတွင်းကငပေါပိုးများက မနေသာသဖြင့် ၎င်း၏ အမည်ကို နားကွဲမတတ် အော်ခေါ်လိုက် မိလေသည် ....။ ဒန်တန့်တန် ...။

နာယက။ ။ နှောင့်ယှက်တယ်ဟာ ဘာဖြစ်လဲ။

ငှက်ကထ။ ။ ဘာဖြစ်ရမှာလဲ။ ခင်ဗျားကြီးနှောင့်ယှက်တော့ ဂိမ်းဆော့ ပျက်တာပေါ့ဗျ။

နာယက။ ။ အိမ်း ... ဝမ်းသာတယ် ဝမ်းသာတယ်။

ငှက်ကထ။ ။ ကျုပ်ကတော့ ဝမ်းမသာဘူး။ ဂိမ်းဆော့နေတုန်း အဲလို တိန်ခနဲ မြည်မြည်လာတာလောက် စိတ်ညစ်တာမရှိဘူး။

နာယက။ ။ ဒါဆိုလည်း နင့်စကားခန်းကြီး ပိတ်ထားပေါ့ဟာ။

ငှက်ကထ။ ။ ချစ်သူများ လာမလားလို့ပေါ့ဗျာ။ အခုတော့ ချစ်သူမလာဘဲ တောက်ညင်ကပ်စရာကြီးတွေပဲ လာလာနေတယ်။

နာယက။ ။ အေးအေး ... အဲသလို ကိုယ့်အစ်မကို ကိုယ် ရိုသေချစ်ခင်တာ ကောင်းတဲ့အမူအကျင့်ပေပဲ။

ငှက်ကထ။ ။ အင်း ဘယ်လိုပြောပြော ပေကပ်နေမယ့်ပုံပဲ။ ကဲဗျာ ... ပြောစရာရှိတာပြော။ လျှာတော့ သိပ်မရှည်နဲ့ ကျုပ်သည်းခံမှာမဟုတ်ဘူး။

နာယက။ ။ အေးပါဟာ ... နာယကနဲ့ ငှက်ကထ ဆုံတုန်းလေး တိုင်းရေးပြည်ရာ ဆွေးနွေးရင်ကောင်းမလားလို့ပါ။

ငှက်ကထ။ ။ ဟာဗျာ ... ခင်ဗျားကြီး အကြာကြီး ဘယ်ချောင်သွားအိပ်ပျော်နေမှန်းလည်းမသိ၊ ရုံးလည်းမတက်၊ ခွင့်လည်းမတိုင်၊ စကားခန်းဝင်လာလည်း မီးနီပြပြီး အလုပ်ရှုပ်ချင်ယောင်ဆောင်နေပြီး အခုမှ ဘာလဲ တိုင်းရေးပြည်ရေး။

နာယက။ ။ ဟ ... ငှက်ကထရဲ့ ... ကျုပ်ရုံးမတက်တာ၊ ခွင့်မတိုင်ဖြစ်တာ၊ စကားခန်း မီးနီပြတာတွေက အလကားမဟုတ်ဘူးကွဲ့ ... တကယ် အရေးကြီးတဲ့ကိစ္စရပ်တွေကို နက်နက်နဲနဲ စဉ်းစားနေရလို့၊ တကယ်ကြီးကို မအားလို့ပါ။ အခုတောင် အိုဘားမားဆိုတဲ့ ချာတိတ်လေးက နေ့လယ်စာစားဖို့ မနည်းတောင်းပန်ခယနေတာကို အတင်းငြင်းပြီး ထွက်လာခဲ့တာ။ ကျုပ်ရဲ့ တကယ်တန်ဖိုးကြီးတဲ့ အချိန်တွေထဲက နင့်ကို ဖဲ့ပေးတာ ကျေးဇူးတင်။

ထိုသို့ ကျွန်ုပ်၏ ခပ်တည်တည်နှင့် အပေါ်စီးဖိဟောက်မှုကို ငှက်ကထ တည်းဟူသော မောင်အန်ဒီမှာ ဖြုံသွားပုံ ရလေသည်။

ငှက်ကထ။ ။ ဟားဟားဟားဟား ... ကျန်တဲ့ငပေါတွေကို သွားရွှီးဗျာ။ အားလုံးထက်ပေါလို့ ငှက်ကထလုပ်နေတာ။ လာမရွှီးနဲ့ ခင်ဗျားဘာသာ ပို့စ်မရေးချင်လို့ ငပေါမြင်တိုင်း ဟိုချောင်ဝင်ပုန်း ဒီချောင်ဝင်ပုန်းလုပ်နေတာ မသိဘူး ထင်မနေနဲ့။

နာယက။ ။ ဟယ် နင့်ကို ဘယ်သူပြောလဲ။

ငှက်ကထ။ ။ အဲဒီချောင်တွေတိုင်းမှာ ဖွင့်ထားတဲ့ အရက်ပုန်းဆိုင်တွေက ပြောတာပေါ့ဗျ။ ပြောလိုက်သေးတယ် ... နာယကကြီး အကြွေးစာရင်း မရှင်းရသေးဘူးတဲ့ဗျား။

နာယက။ ။ ဟာ အာပြဲကြီးနဲ့ အော်နေပြန်ပြီ တိုးတိုးသက်သာ လုပ်စမ်းပါ။ အဲဒါတွေက အတိတ်က ကိစ္စတွေပါဟ။ အခု နာယကဂျီးက အရင်နာယကဂျီး မဟုတ်တော့ဘူး။ အားကျိုးမာန်တက် ပေါရာပေါကြောင်းတွေ ဆောင်ရွက်မယ့် နာယကအသစ်စက်စက်ကြီး ... ရီနယူး နာယကပါ။

ငှက်ကထ။ ။ ကြည့်သေးတာပေါ့ဗျာ ... ကဲကဲ အချိန်ကုန်တယ် ... ဘာပြောမှာလဲ ဘာပေါမှာလဲ ဘာလုပ်မှာလဲ ပြော။

နာယက။ ။ ဒီလိုဟ။ တို့ ငပေါဂေဟာကနေ ဘယ်သူမှ အမတ်ထွက်မလုပ်ကြဘူးလား။

ငှက်ကထ။ ။ ဟိုက် ... ငပေါပါဆိုမှ အဲဒီ လူတည်တွေလုပ်တဲ့အလုပ် လုပ်ပါ့မလား။ လူတည်တွေရူးတိုင်း လိုက်မရူးချင်စမ်းပါနဲ့။

နာယက။ ။ သိဘူးလေဟာ ... ခုဟာက ဟိုနေရာ အမတ် ဒီနေရာ အမတ်နဲ့ ... အမတ်တွေ အရမ်းပေါနေတော့ ငပေါတွေ ခေတ်မမီမှာစိုးလို့။ ဒီလိုလုပ်ဟာ နင် အမတ်လုပ်မလား။ ငါ စပွန်ဆာ ရှာပေးမယ်။

ငှက်ကထ။ ။ ဟား မလုပ်စမ်းပါနဲ့ဗျာ။ စပွန်ဆာဆိုတာ ဘယ်အမတ်ကိုမှ မပေးဘူး။ ပေးချင်းပေးရင် ... မော်ဒယ်လ်ဂဲလ်လေးတွေပဲ ပေးမှာ။

နာယက။ ။ ဒါဆို အမှုရှောင်နန့်ညီတို့ သဘာငတိငဂျဲတို့ မောင်မူးသား အဲလေ ... မောင်မိုးသားတို့ကို လုပ်ခိုင်းရင်ကော။

ငှက်ကထ။ ။ ဘယ်ကဘယ်လို အမတ်ပိုးဝင်လာပြန်ရတာလဲ နာယကဂျီးရာ ... ငပေါတွေအကုန်လုံး ရူးချင်ယောင် ဆောင်နေရတာနဲ့ အားကြတာမဟုတ်ဘူး။

နာယက။ ။ စိတ်ညစ်ပါတယ်ဟာ ... ငါက အမတ်ရဲ့သူငယ်ချင်း ဖြစ်ချင်လို့ဟ။ လုပ်ပါဟာ ... နင် အမတ်လုပ်မယ်လို့ ကတိမပေးမချင်း ငါ ဒီ စကားခန်းထဲက မထွက်ဘူး။

ငှက်ကထ။ ။ ဟိုက် ... နာယကဂျီးရယ် ... မလာတော့လည်း မလာလို့ လာပြန်တော့လည်း အမှုကပွေနဲ့ စိတ်ညစ်စမ်းပါဘိ ...။

ငှက်ကထမှာ သူ့ခေါင်းကို တဗျင်းဗျင်းမြည်အောင်ကုတ်ရင်း စဉ်းစားဟန် အကြံထုတ်လေသည်။

ငှက်ကထ။ ။ သိပြီ သိပြီ နာယကဂျီး ... ဒီလိုလုပ်ဗျာ။ ကျုပ်က အမတ်တော့မလုပ်ချင်ဘူး။ ငပေါပီပီ တခုခုတော့ ထူးထူးခြားခြား လုပ်မှ တန်ကာကျမယ်ဆိုတော့ အငတ် လုပ်မယ်။

နာယက။ ။ ဟေ ... အငတ် ဟုတ်လား ... တခါမှ မကြားဖူးပါလား။

ငှက်ကထ။ ။ အခု ကြားဖူးပြီပေါ့ နာယကဂျီးရယ်။ ကျုပ်ကို အိမ်က နှင်ချထားတော့ သူငယ်ချင်းပေါင်းစုံအိမ်ကို လိုက် ငတ်ကြီးကျနေတာလေ။ အမယ် နာမည်လေးက ဆိုးသလိုလိုနဲ့ အတော် ဗိုက်ပြည့်တာဗျ။ ခုတောင် အာလူးဝက်သားချက်ကလေးရယ် ချဉ်ပေါင်ဟင်းလေးရယ်နဲ့ ငတ်ကြီးကျလာသေးတယ် ရှလွတ်။ ငါးပိထောင်းလေးလည်း ပါသဗျ။

နာယက။ ။ ဟား နင့်ဟင်းသံကြားရတာ ငါတောင် ဗိုက်ဆာလာပြီ ... ရှလွက်။

ငှက်ကထ။ ။ ဒါဆို နာယကဂျီးက အငတ်လောင်းလုပ်။

နာယက။ ။ အေး ဟုတ်ပြီ ကျုပ်က အငတ်လောင်း လုပ်မယ်။ နေဦး ငှက်ကထ။ ဟိုလူတွေ ချန်ထားလို့ ကောင်းပါ့မလား။ အမှုရှောင်တို့ ငတိတို့လေ ... စိတ်ဆိုးနေဦးမယ်။

ငှက်ကထ။ ။ အမယ် ... ဒင်းတို့လည်း အငတ်လုပ်လို့ရတာပဲ။ မနေ့က ဆီမီနာဆိုလား ကွန်းဖရန့်ဆိုလားမှာ ဒင်းတို့ကို တွေ့လိုက်ပါ့။ အဲသမှာ အိုင်တီကို စိတ်ဝင်စားသလိုလို ဘာလိုလိုနဲ့လာပြီး အဲဟိုက ကျွေးတဲ့ ပီဇာနဲ့ ကော်ဖီကို အပီတွယ်နေလိုက်တာများ ... ။ ဒင်းတို့လည်း အငတ်လုပ်လို့ရတယ်။ ပေါညီတောင် ပါသေး။

နာယက။ ။ မဆိုးဘူး ... ငပေါတွေ တော်တော်လေး ခေတ်မီလာပြီ။ အားလုံး အငတ်လုပ်ကြတာပေါ့လေ။ ဝန်ဂျီးဂျုပ်တယောက်တော့ ဆူရှီလိပ်တာက တဘက်နဲ့ဆို အငတ်လောင်းလုပ်လို့ ဖြစ်ပါ့မလား။

ငှက်ကထ။ ။ ဖြစ်ပြီလား နာယကဂျီးရယ်။ ဟို ဝန်ဂျီးဂျုပ်ဆိုတဲ့သူကြီးတောင် ... ဝန်ဂျီးဂျုပ်တဘက် အငတ်တဘက် လုပ်ပြီး ရွေးကောက်ပွဲ ဝင်ဖို့ လုပ်သေးတာပဲ။ ဆူရှီလိပ်ရင်း ငတ်လို့ ပိုတောင် ကောင်းသေး။

နာယက။ ။ ဗီလိန်နဲ့ ခေါင်ခေါင်လည်း ငတ်ရှာပါတယ်။ တခါ သူတို့နဲ့ ဆုံတုန်းက အိုက်စကရင်ကို မသိတဲ့သူက ဝယ်ကျွေးမယ် ဆိုတာတောင် အတင်းလိုက်ငတ်သေးတာပဲ။ ဗီလိန်ဆို အားလုံးစားဖို့ ဝယ်ထားတဲ့ အကြော်ထုပ်ကိုညနေစာအတွက်ဆိုပြီး ယူသွားသေးတယ်။ သူတို့ကိုလည်း အငတ်လုပ်ခိုင်းမယ်။

ငှက်ကထ။ ။ မောင်မိုးသားလည်း ငတ်တယ်နော်။ အရက်ဝိုင်းမှာဆို သူချည်း အမြည်းတွေ စားစားသွားတာ။

နာယက။ ။ ဒါဆို ဒင်းလည်း အငတ်ပေါ့။

ငှက်ကထ။ ။ ကောင်းတယ် ကောင်းတယ်။ ဒါဆို ခွဲလိုက်ရုံပဲပေါ့။ ပြည်နယ်လွှတ်တော် အငတ်၊ အမျိုးသားလွှတ်တော်အငတ်နဲ့ တိုင်းဒေသကြီး လွှတ်တော်အငတ် ဆိုပြီးတော့ ...။ ကျုပ်ကတော့ အရင်ဆုံး အငတ်ဖြစ်တဲ့သူ ဆိုတော့ အဲဒီ ၃ ခုလုံးအတွက် အငတ်လုပ်မယ်။

နာယက။ ။ ဒါဆို တို့ငပေါတွေ အားလုံး အငတ်ဝင်လုပ်ကြမယ်။

ထိုသို့ အားတက်သရောပြောဆိုနေကြစဉ် ကျွန်ုပ် နာယကဂျီး၏ ဝမ်းဗိုက်အတွင်းမှာ “ဂွီ” ဆိုသော အသံတသံမြည်လာပြီး မခံမရပ်နိုင်အောင် ဆာလာသဖြင့် စကားခန်းတွင်းမှ ငှက်ကထကို နှုတ်ပင် မဆက်နိုင်တော့ဘဲ မီးဖိုချောင်အတွင်းဝင်ကာ ရှိသည့် ထမင်းကြမ်းခဲကို ငါးပိရည်နှင့် နယ်ဖတ် လွေးနေစဉ် ကျွန်ုပ်စိတ်ကျေနပ်ရန် အလိုက်အထိုက် ပြောဆိုနေရသော ငှက်ကထလည်း လွတ်ပြီ ကျွတ်ပြီဟု အော်၍ ပျော်ရွှင်စွာ ဂိမ်းဆက် ကစားနေလေတော့ သတည်း။ ။

မှတ်ချက်။ ။ အငတ်စာရင်းများ စတင် တင်သွင်းနိုင်ပါပြီ။

ပုံ။ ။ နာယကဂျီး

နာယကဂျီး တရေးနိုးမှာပေါ်တဲ့အကြံ အားလုံးလိုက်လုပ်ရန်

Thursday, March 11, 2010

ငပေါများဂေဟာ တီရှပ်ဒီဇိုင်း

လျှောက်လုပ်ရေးဌာနမှ လျှောက်လုပ်၊ ဆောက်လုပ်စရာ များမရှိသည့်နောက်. ကြံရာမရပါသည့်အဆုံး... တိုက်ပေါ်မှ တီပေါ်သို့ ပြောင်းသော စီမံကိန်းအရ တီရှပ်ထုတ်ရန် စဉ်းစားမိလေတော့သည်။ ဤသို့ဖြင့် လျှောက်လုပ်ရာမှ တီရှပ် ပုံစံ ၃မျိုး ထွက်လာပါတယ်။ အကြမ်းစဉ်းစားတာပါ။

ဓာတ်ပုံထဲက ငပေါတွေက သူများပုံကို ယူသုံးထားတာမို့ အသစ် ပြန်ဆွဲချင်ပါတယ်။ အနုပညာတို့ အနူပညာတို့ ကျွမ်းကျင်တဲ့ အမှုရှောင်နီညန်းတို့ ဘာတို့ ကူညီကြရန် ဏာယကဂျီးမှ အထုတ်မိန့်... အဲ... အမိန့်ထုတ်ပါရန်... (ဏာယကဂျီးအား ပြန်အမိန့်ထုတ်သည်ဟု မယူဆပါရန်၊ ခိုင်းသည်ဟုလည်း မယူဆပါရန်...)

ငပေါတွေပုံကို ဓာတ်ပုံကြီး ဒီတိုင်း မသုံးဘဲ၊ ဖိုတိုရှော့ပ်ဖြင့် ပန်းချီပုံစံဖျက်လျှင်ဖြစ်ဖြစ်၊ ဖြစ်နိုင်လျှင် ကယ်ရီကေချာဆွဲတတ်သူ တစ်ယောက်အား ဆွဲခိုင်းလျှင် ပို ကောင်းမည်ဟု ထင်မိပါသည်။

ဆက်လက်ပြီး အကျန်များ၊ အကြွင်းများ ပေးကြပါရန်...

လျှောက်လုပ်ရေးဝန်ကြီး
ပေါငြိမ်


၁။ နာယကဂျီး မွေးနေ့တုန်းက ဆွဲပေးတဲ့ မြောင်းပေါက်စကို ပုံအပ်ရင် ဘယ့်နှယ်လဲ
၂။ ပုံအပ်ခကတော့ တီရှပ်တထည်နဲ့ အတူ ငပေါများနဲ့ အချိန်မရွေးဝင်ပေါခွင့် ၁ နှစ်စာ ပေးလိုက်မယ် (ဟီဟိ)
၃။ အပေါ်က ၃ ခု သဘူမတောရင် ကြိုက်သလို ပြင်ဆင် ဖြည့်စွက် ပြောင်းပြန်လှန် ပြုလုပ်နိုင်ကြောင်း

ပုံ - ဏာယကကြီး အမိန့်ထုတ်သည် (ထိုအမိန့်ကို ဘယ်ငပေါမဆို မလိုက်နာဘဲ နေနိုင်သည်) ငပေါကွ


Friday, December 4, 2009

၂၀၁၃

၂၀၁၂ ခုနှစ်တွင် ကမ္ဘာကြီးပျက်စီးသော် ငပေါဂေဟာမှာလဲ မနေနိုင်မထိုင်နိုင်ဖြစ်ကာ မီးပုံးပျံကြီးများ တီထွင်ကာ ရှောင်ပြေး ကြရတော့သည် ။ ( ဒါတောင် အမှုရှောင်က မီးပုံးပျံပေါ်က ခုန်ချမယ်လုပ်နေလို့ လိုက်တားရသေးတာ ) မီးပုံးပျံပေါ်တွင် မည်သူမှ အမေ့မခံသော ၊ ဂေဟာ၏ အမှတ်အသားလဲဖြစ်သော Grand ပုလင်းများ နှင့်ဖဲထုပ်များ ပါလေသည် ။

----------------------------------------------------------------------------------------------------
ကဗာကြီးသည် အာရားပါရား ပျက်ပီးသော် ပေါဂေဟာမှာ မြေပြင်ပေါ်သို့ပြန်လည် ဆင်းသက်လာကြကာ ငပေါဂေဟာကြီးအား ပြန်လည် တည်ဆောက်နေကြသည် ။ ဂေဟာမှ ၀ံဂျီးများ နှင့် ငှက်ကထ ၊ ငတိ ၊ အမှုရှောင် ၊ နယက ၊ တွင်း (၁)(၂) စသည်ဖြင့် ဂေဟာအုပ်ချုပ်သူတို့ သည် လေအား၁ ဟုအမည်ရသော ဖိနပ် (အဲမှားလို့) မီးပုံးပျံကြီးမှ ဆင်းလာကြသည် ။ ရှောက်လုပ်ရေးဝံဂျီးမှာ ဆယ်ထပ်ရှိသော ဂေဟာအားပြန်တည် ဆောက်ရန် ငှက်ပျောရွက်များနှင့် အုန်းရွက်များ လိုက်လံ စုဆောင်းလျှက်ရှိသည် ။

ငှက်ကထမှာ သူ့ကိုလိုက်ကိုက်သောခြင်တစ်ကောင်အားပြန်ကိုက်ရန်အလစ်ချောင်းနေသည် ။

တွင်း ၂ မှာလည်း "ကဗာကြီးကငါတို့အပေါ်သေးထိုင်မပေါက်ခင် ငါတို့က ကဗာပေါ် သေးထိုင်ပေါက်ရမည်" ဟူသောရှေးသုံးစကားအားလည်းကောင်း "ငါ့ပန်းသီးကို အပေါင်ဆိုင်ပို့လိုက်လို့ အချဉ်ပေါက်သွားတယ်"ဟု လည်းကောင်းရွှတ်ဆို
လျှက်ရှိသည် ။

ငတိ ၊ အမှုရှောင် နှင့် ကူးသန်းဝံတို့၏ အိမ်မှာ ပျက်သွားပြီး ပြန်ပြင်နေကြရာ ငတိမှာ အိမ်ဟောင်းပေါ်မှာပဲ အသစ်ထပ်ဆောက်မလား ? နောက်ထပ် တစ်နေရာမှာပဲ အသစ်ဆောက်မလားဟု ပလတ်ဖောင်းပေါ် ထိုင်ကာစဉ်းစားနေသည် ။

နန်းညီမှာ အိမ်ဆောက်ပစ်စည်းများ ပျောက်ကုန်သောကြောင့် မြက်ခင်းပေါ်တွင်သာ ဇောက်ထိုးနေတော့မည့် သဘောရှိကြောင်း ဝေဖန်သံများ ကြားရသောကြောင့် အိမ်သစ်ဝယ်တော့မည် ဖြစ်ကြောင်းသတင်းလွှင့်ထားသည် ။

နာယက ကြီးမှာ ဓါတ်ခွဲခန်းတစ်ခုတွင် သချာင်္တွက်ရန် ပြင်ဆင်နေကြောင်း ၊ တွင်း၁ မှာလည်း ဂစ်တာကြိုးများနှင့် ကိုယ့်ကိုကိုယ်ချည်နေကြောင်း ၊

ပညာရေးဝံမှာ စာသင်စရာစာအုပ် မရှိသောကြောင့် အိမ်မက်ထဲမှာပင် စာသင်ကာ ကျောင်းကပြန်လာနေကြောင်း ၊

ထောက်ချုပ်ကြီးမှာလဲ သူ၏အိပ်ယာမှာ အိပ်နေရင်းနဲ့ပျောက်သွားသောကြောင့် ပြန်လိုက်ရှာနေကြောင်း ၊

အသင်းသူမှာ ၄င်း၏ အပေါင်ဆုံးမြေမှာ စွန့်ပစ်ပစ်စည်းများနှင့် ပြည့်နေသောကြောင့် စိတ်ညစ်နေကြကြောင်းသိရပါသည် ။

၎င်းအတင်းများကို ကြည့်ရှုခြင်းဖြင့် ၂၀၁၃ ခုနှစ်သည် ငပေါတို့အတွက် အထူးအရှုပ်လုပ်ကြသော နှစ်တစ်နှစ်ဖြစ်လာမည်ဟုခန့်မှန်း
ရကြောင်း ငကြင်းဂေါင်း ပါးအပ်လိုက်ပါသည်ခင်ဗျား ...........

ပေါညီမှ လက်မှတ်ရေးထိုး မှာစားသည် ။

{ နှစ်လုံးထပ် စကားလုံးများအား ငပေါပီပီ မရေးတတ်ပါသောကြောင့် လာပေါသူများ ကိုယ့်ဘာသာ ပြင်သင့်သည်များ ပြန်လည်ပြင်ဆင် ဖတ်ရှုပေးပါရန် ... }

မှတ်ချက် ။ ။ ၂၀၁၂ (ကမ္ဘာပျက် တဂ်ပို့စ်) ရေးသားထားသော ငပေါများအားလုံး မိမိရေးထားသည့် ၂၀၁၂ ပို့စ်၏ နောက်ဆက်တွဲ အဖြစ် ၂၀၁၃ အတွက် အတည်ပေါက် တဂ်ပို့စ် ရေးရန် တဂ်လိုက်သည်။ ဘလော့လောက သို့ လက်ဆင့်ကမ်းကြကုန်။
ပုံ။ အတွင်းရေးမှူး ၂ (ခေတ္တ လိန်လိန်) စင်္ကာပူ

Tuesday, June 30, 2009

သံရုံးဖွင့်မည်ဖြစ်ကြောင်း အသိပေးကြော်ငြာခြင်း

ပေါကူးသန်းဝံဂျီး ပေါညီသည် ပေါဂေဟာ နိုင်ငံခြားဆက်ဆံရေး တိုးတက်စေ၇န် USA (ဦးစမဟုတ်) နိုင်ငံတွင် သံရုံးဖွင့်လှစ်ရန်ပါမစ် တောင်းဆိုလိုက်ပါကြောင်း

သံရုံးနေရာ - LA (လမဟုတ်) တွင် လက်ရှိ လေလံပစ်ထားသော မိုက်ကယ်ကြက်ဆင်၏ ''Never land'' (မြန်မာလို - ဘယ်တော့မှ ကုန်းမြေ)

၎င်းနေရာဝယ်ရခြင်းရည်ရွှယ်ချက် - ပေါဂေဟာမှ လူဂျီးများ အားလပ်ရက် ခရီးထွက်ပါက နေရာကောင်းကောင်းနှင့် အပန်းဖြေစေရန်
ကစားကွင်းများရှိသဖြင့် အသက် ၄၀ ကျော်ကလေးများ အတွက်လည်း အဆင်ပြေစေရန် (ဥပမာ - ဇင်ဇင် ၊ ကေလာ ၊ ကေလာမမ ၊ ခေါင်ခေါင် ၊နန်းညီ ..etc .. ) မှတ်ချက် - ပေါညီ မပါ။

ထိုသို့သော ရည်ရွယ်ချက်ကောင်းများဖြင့် သံရုံးနေရာရရန် ကြိုးစားလျှက်ရှိသော (ဟီး .. ပြောလို့ကောင်းလိုက်တာ .... အမှန်တော့ ပွဲစားငှားထားတာ) ပေါညီအား လိုအပ်သလောက် ထောက်ပံ့ပေးပါရန် အောက်ပါတို့ကို တောင်းဆိုလိုက်ပါကြောင်း ......

ပေါဂေဟာမှ လေလံဆွဲမည်ဖြစ်ပါသောကြောင့် တစ်ယောက်ကို ဒေါ်လာ ၁၀သန်းစီ ထည့်ဝင်လှုဒါန်းကြရန် (ဒီလောက်ကတော့ ပါးပါးလေးပါ ဖဲရှုံးသလောက်ပဲရှိတာ) အိမ်ပြန်ပြင်ရမည်ဖြစ်ပါသောကြောင့် ပေါဂေဟာမှ လုပ်အားပေးကြရန် (လေယာဉ်စင်းလုံး ငှားပေးမည်) မြက်ရိတ်ရမည် ၊ ဆေးသုတ်ရမည်၊ (မှတ်ချက် ။ ။ မြက်ရိတ်ဓါး Second hand လိုက်ရှာပေးနေပါသည်။)

၎င်းတို့ကို လက်ခံပါက ၀ိုင်းဝန်းထောက်ခံပေးပါရန် တောင်းဆိုအပ်ပါသည်ခင်ဗျား .... !@#$%^&*

မထောက်ခံပါက ဂေဟာတွင်းဖဲရိုက်ခွင့် ပါမစ် တစ်သက်တစ်ကျွန်းပိတ်မည် ဖြစ်ပါကြောင်း .... ဂေဟာလူအများမြင်နိုင်မည့် ကုတင်အပေါ်တည့်တည့် မျက်နှာကြက်ပေါ်တွင် စာလုံးကြီးကြီး ရေးထားပါကြောင်း ....

ပေါညီ လက်မှတ်ရေးထိုးမှာစားသည်။

လက်မှတ်

Monday, June 22, 2009

ဂေဟာသစ်တိုးချဲ့ရေး တင်ပြချက်

တစ်ပတ်တစ်ခါ ဂေဟာမှာ ဝိုင်းထောင်တယ်..
အဆင်ပြေရင် ဖဲခိုးတယ်..အကောက်တွေ အခွန်တွေ မတရားကောက်တယ်..
ဒီထက် အဆင်ပြေရင် ဂေဟာ ရန်ဗုံးငွေ လစ်ရင်လစ်သလို ဗုံးတယ်..
သိသွားရင် အရှက်ပြေ ဟိဟိ စ တာ ဆိုပြီး ပြန်ပေးတယ်..
ရသမျှ အချိန်လေးမှာ Part time ဆိုပြီး အိုက်တိုးပဂေးဆံတယ်..
အဲ့ဂလို ဂေဟာအတွက် အနစ်နာခံပြီး စုဆောင်းထားသမျှတွေနဲ့ မမက ဂေဟာကို ဂလိုတိုးချဲ့လိုက်ပါကြောင်း.............
ရှင်းပြဘို့လိုမယ်လို့လည်း ထင်ပါတယ်.. ဂေဟာတည်ဆောက်ပုံလေးပါ
နံပါတ်မှာ ခုနစ် ကတော့.. သူလေးနံပါတ်မို့လို့ မှတ်မှတ်ရရလေး ဖြစ်သွားအောင်ပါ။
နံပါတ်မှာ (ရှစ်) တစ်ခါတစ်လေ စကားမပီရင် ချစ် ဖြစ်တတ်တယ်လေ...
သဘောကတော့.. ခုနစ် ကလေးကို အမြဲ ချစ်နေတဲ့ သဘောလေးလည်း နည်းနည်းဆောင်ပါတယ်..
(တိုက်ဆိုင်ခဲ့သည်ရှိသော် တမင်ရည်ရွယ်ပြီးလုပ်တယ်လို့ပဲ သဘောထားပေးပါနော်)
တံခါး ၂ ပေါက်ဖောက်ထားရခြင်း အကြောင်းကတော့ အင်မတန်ရုံးတက်မှန်သော် မျိုးကောင်း သမီးလေး၊ ဂေဟာအတွက်ဆိုရင် ဦးဆွေးဆံမြေ့ ဂတုံးဖြစ်တဲ့ထိ တာဝန်ကျေသော် မျိုးချစ် ပူတူးတူးလေး၊ အိုက်တိုးပဂေးလည်းဆံ၊ လူဂျီးမြင်းများအတွက် အမြဲ အနားမှာ ပြာတတ်သော အနားပြာ မမလေး အတွက် အထူးစပယ်ရှယ် ခန့်ခန့်ကြီးဝင်နိုင်သော နံပါတ် (၇)နှင့်.. ကျန်တံခါးတစ်ပေါက်မှာ တစ်လ တစ်ခါလောက်သာ ရုံးလာပြီး..လူဂျီးမြင်း ရှိလျှင် တစ်မျိုး၊ မရှိလျှင်တမျိုး.. နှစ်မျိုးတည်းသာရှိသော် ခုတစ်မျိုး တော်ကြာတစ်မျိုး ဥပဒေများကို မရိုးရအောင် တစ်လတမျိုး လာလာထုတ်တတ်သော် ငှက်ကထ၊ ငတိ များအတွက် မလွယ်ပေါက် ဖောက်ပေးထားခြင်း ဖြစ်ပါသည်။

အလုပ်ချိန်တွင်းမှာ မာကက်တင်း အကြောင်းပြပြီး လစ်ရင်လစ်သလို ထွက်တတ်ပြီး တစ်ပတ်လောက် ပျောက်ပျောက်နေတတ်သော ထောက်ချုပ်၊ ကူးသန်းဝံကြီး နှင့် ကျန်းမာရေးဝံကြီးနှင့်တကွ တွင်း ၁-၂-၃ စသဖြင့် ဝံကြီးများ လူဂျီးမြင်းများအတွက် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေစေရန် အလို့ငှာ ဘီးပါ အဆင့်သင့် ထားပေးထားကြောင်းပါ။

ဒါကတော့ ဂေဟာပြင်ဆင်ပီး ပုံတွေပါ ....
ဂေဟာမှာ တစ်ပါတ်တစ်ခါ ဝိုင်းလုပ်တဲ.နေရာ..လူကြီးမြင်းများ လိုအပ်သည်များကို မှာစားသည့်နေရာမမ အိုက်တိုးပဂေးလေး ဆံလိုက်.. vodka လေး ချလိုက်နဲ..အလုပ်ရှုပ်နေတဲ.နေရာ

အဖွဲ့သားများ ဗော်ဒကာ နဲ့ ခွက်ပုံးချရာ နေရာမမ အိုက်တိုးပဂေးလေး ဆံလိုက်.. vodka လေး ချလိုက်နဲ..အလုပ်ရှုပ်နေတဲ.နေရာ

ကေလာ့ အိပ်ရာ....
ရုံးမှာ ဘာကြောင့်အိပ်နေလည်း သိပီလား ... ဟီဟိ
ကေလာ အလုပ်ခန်း
လူဂျီးမြင်းများ စုဝေးရာ ဧည့်ခန်း တစ်နေရာ
လူဂျီးမြင်းများ ...ရန်ပုံငွေအရှာခံလိုက်ရသော ... နာယကဂျီး စီးတော်ယာဉ်

Sunday, May 3, 2009

တွေ့မိတာလေးတွေ

ဂေဟာသူဂေဟာသားများလဲ သူလည်းသူ့ အလုပ်နဲ့သူ ကိုယ်လဲကိုယ် အလုပ်နဲ့ကိုယ် အရှုပ်တွေလုပ်နေကြပါတယ်။ ရုံးကို အစီအရင်ခံစာ တင်ဖို့တောင် မအားကြဘူးဆိုတော့ ကူးသန်းဝန်ကြီးကပဲ
အကုန်လုံး ကိုလေ့လာရင်း တွေ့မိတာလေး (ဟုတ်ဟုတ် မဟုတ်ဟုတ်) သဘာငတိနှင့်တကွ ဆရာ့ဆရာများ အားလုံးကို အစီအရင်ခံ တင်ပြပါသည်။
(ကူးသန်းပြောသမျှမငြင်းပဲ ငြိမ်နေကြကုန်သော်).......

ဟိုနေ့က (ဘယ်နေ့လဲ အတိအကျ မသိတော့ပါ ကျွှန်တော်မှတ်မိတာက အဲ့ဒီ့နေ့က အီရတ်မှာ မိုးစရွှာတယ်) ကူးသန်းရောင်းဝယ်ရေး စာရင်းစစ်ရန် စားသောက်လုပ်ငန်းခွင် သွားရောက် စစ်ဆေးကြည့်တာဗျာ အစားအသောက်တွေထဲမှာ အရောင်တင်ဆေး (သဘောင်္ဆေးဆိုလားပဲ) တွေ့ရလို့ ကျန်းမာရေးဝံကြီးကို အကြောင်းကြားတာ ဘာပြောတယ်မှတ်လဲ? အဲ့ဒါမင်းက သဘောင်္းဆေးတွေ အများကြီးတင်သွင်းတာကိုးတဲ့ သုံးစရာနေရာ မရှိလို့ လူတွေ အရောင်လှလှလေးစားရအောင် ထည့်ကြတာပေါ့တဲ့ ။
အော် .... ပြောမိတာကိုက ကျွှန်တော့အမှားပါဗျာ ။

နောက်တစ်နေ့ အင်တာနတ်ဆိုင်သွားတော့ ကြိုးပြင်နေတယ်ဆိုလားပဲ connection သိပ်မကောင်းဘူးဗျ .. အဲ့ဒါ ဆက်သွယ်ရေးဝံကြီးကို မေးကြည့်တော့ ... .. . ငါတို့ ကြိုးတွေ အောက်ပြုတ်ကျနေတာကို မင်းတို့ ကူးသန်းရောင်းဝယ်ရေးက ကုန်ကားတွေ တက်ကြိတ်လို့တဲ့ ...
ဟုတ်ကဲ့ နောက်ဆို မမေးတော့ပါဘူးဗျာ ......

ဒီလိုလျှောက်သွားရင်းနဲ့ မြို့ပြင်ရောက်သွားပါလေရော အဲ့ဒီ့မှာ လယ်ကွင်းတွေ တွေ့တယ်။ ဒါပေမယ့် ခြောက်ကပ်နေလို့ လည်ရာပြန်စားရေးကို စပ်စုပြီးမေးကြည့်မိတာ ဆယ်မြောင်းဝံကြီးက ငါတို့ကို တစ်မြောင်းပဲ ပေးတာကိုးတဲ့ အဲ့ဒါနဲ့ ဆည်မြောင်းဝံကို interview ကြည့်မိတာ .. .. ..မင်းတို့ကူးသန်း ကြယ်ခုနှစ်ပွင့်က သဘောင်္တွေ မြစ်ဝမှာလာပိတ်နေလို့ သူတို့ဆီ ရေတွေ မ၀င်ဘူးတဲ့ဗျာ .. သူတို့ဟာ သူတို့ဆယ်မြောင်းကို မြောက်ဘက်ကို မျက်နှာမူပြီး ဆောက်ထားပဲနဲ့ မြစ်က တောင်ဘက်က စီးမလားလို့ ပြန်မေးတော့ အဲ့ဒါ ဆောက်လုပ်ရေးကိုပြော တဲ့ ...........................
(အဲ့ဒီမှာ စတွေ့တာပဲ.... ချောဆုခင်နဲ့ ဘင်လာဒင်)

ဆောက်လုပ်ရေးဝန်ကြီးဆီ ရောက်ရော အဲ့ဒါ အခုမှစ၀င်လာတဲ့ အင်ဂျင်နီယာတွေ ဆောက်ထားတာတဲ့ .. သူတို့ ကျောင်းက သေချာ မသင်လိုက်ဘူးဖြစ်မှာ ပေါ့တဲ့ ငါ့နဲ့ဆိုင်ဘူး ပညာရေးညံ့လို့ဖြစ်တာတဲ့ .. အော် ဖြစ်မှဖြစ်ရလေခြင်း သွားလက်စ နဲ့ ထူးတော့ဘူး ဆိုပြီး ပညာရေးဝံကြီးဆီ ရောက်တော့ မင်းက စာရေးကိရိယာတွေမှ အများကြီး မသွင်းတာတဲ့ ... .. ..
ဟင် နောက်ဆုံးတော့ ဒီဘူတာပဲ ပြန်ဆိုက်တာပါပဲလား

တော်ပီ နောက်တစ်ခါ ဘယ်မှမသွားဘူးလို့ ဆုံးဖြတ်ချက် ချဖို့ စဉ်းစားနေတုန်း ပြန်ကြားရေးဝံကြီးက ငါ့အလုပ်တွေ မင်းဝင်လုပ် ရလားဆိုပြီး တရားစီရင်ရေးကို တက်တိုင်တော့ ကျွှန်တော်နယ်နှင် ဒဏ် သုံးရက်ခံရတယ်ဗျာ .. အဲ့ဒါကြောင့် အထုပ်ပိုက်ပြီး လန်ဒန်ပဲသွားမယ်ဆိုတော့ နိုင်ငံခြားရေးဝံကို လာဘ်ထိုးပြီး (စာရင်းမမှတ်ထားမိသောကြောင့် ဘယ်လောက်လဲမသိတော့ပါ) .... သွားတော့မလို့ လုပ်နေတုန်း လူဝံမှုကြီးကြပ်ရေးက လာရစ်ပါလေရော မင်းသန်းခေါင်စာရင်းရှိလားတဲ့ အဲ့တော့ကျွှန်တော်က ဂျပိုးစာရင်းနဲ့ပဲနေတာ ပါဆိုတော့ မင်းလူကြီးကို လူကြီးမှန်းမသိဘူး (ဂေဟာစ၀င်ခါစက သူ့ ကိုပေးဖို့ မေ့ကျန်ခဲ့လို့ ထင်တယ်) ဆိုပီး ယဉ်ကျေးမှုသင်တန်း ပြန်တက်ဆိုတော့ တစ်နာရီလောက် ယဉ်ကျေးမှုဝံနဲ့ မနဲ ညှိလိုက်ရတယ်။ အဲ့ဒီ့နောက် သွားတော့မယ်လုပ်တော့မှ သစ်တောဝံကြီးက မင်းမရှိရင် ငါ့သစ်တုံးတွေ ဘယ်သူ ကူးသန်းပေးမလဲဆိုတော့ ကျွန်တော့်လက်ဖျား တပည့်တွေ ရှိတယ်လို့ ပြောလိုက်တော့ (ကျွှန်တော်တောင် လက်ဖျားခါရတယ်).... မင်းတပည့်တွေက စားသောက်ကုန်လုပ်ငန်းက အစာတွေ စားပြီး ကျန်းမာရေးမကောင်းဘူးတဲ့ .... ...( တိုင်ပတ်ပီ )

အဲ့ဒါနဲ့ပဲ သဘာငတိကြီးကို အကူအညီသွားတောင်းတော့ သူကိုယ်တိုင်ဝင်ရှုပ် တော့မှပဲ အားလုံး ရှင်းသွားတော့တယ်။ ဒါပေမယ့် သဘာငတိ ကတော့ အခုထိရှုပ်နေဆဲပါ ..............
(ဘာတွေဘယ်လို ရှုပ်လိုက်တယ်ဆိုတာကတော့ မပြောတော့ပါဘူးနော်)

ဟီး ၀န်ကြီးတွေလဲကုန်သွားပီ ။ အချင်းချင်း ရန်တိုက်ပေးနေတာမ ဟုတ်ဘူး။ နော် ........ ........ ......... မယုံရင် ထောက်လှမ်းရေးချုပ်ကို မေးကြည့် နာယကဂျီး နဲ့ငှက်ကဥ လည်းသိတယ် ။ ငြင်းမယ်တော့မကြံနဲ့ ဒါပဲ

Saturday, March 28, 2009

.com ၀ယ်မယ်

ဒီနေ့ပဲ ကျွန်တော်တို့ .com တစ်ခု ၀ယ်ဖို့ ဆွေးနွေးဖြစ်ပါတယ်။ co.cc က Free မရတော့တာ ပြီးတော့ ကိုယ်ပိုင် websiteလေး ပိုင်ဆိုင်ချင်တာ နဲ့ တခြား အကြောင်း ကိစ္စတွေကြောင့် အခုလို .com ၀ယ်ဖို့ ဆွေးနွေးဖြစ်တာပါ။ ကျွန်တော်ကတော့ czygov.com or czgov.com ဆိုပြီး ရှာလိုက်တာ ရပါတယ် (အတည် မယူရသေးပါ။ ကိုယ်ကြိုက်တဲ့ နာမည်လေးရှိရင်လဲ တင်ပြနိုင်ပါတယ်)။ တိုတိုလေးနဲ့ မှတ်မိလွယ်မဲ့ name လေးပါ။ တစ်နှစ်ကို US $ 90 ကျော် ကုန်ကျမယ်လို့ သိရပါတယ်။ အဲ့ .com မှ တဆင့် တခြား အသင်းသားတွေကို ကိုယ်ပိုင် sub domain name တွေ ခွဲပေးဖို့ ရည်ရွယ်ပါတယ်။ ဥပမာ - www.jeljel.czygov.com or www.jeljel.czgov.com ဆိုပြီး sub domain name တွေ ခွဲပေးဖို့ စီစဉ်ထားပါတယ်။ သို့သော် FTP Access နဲ့ data base Access တော့ လောလောဆယ် ပါဝင်မှာ မဟုတ်ပါဘူး။ နောက်နှစ်တွေ အတွက် ထပ်ဝယ်ဖို့ကို ကြော်ငြာတွေ လက်ခံပြီး ၀င်ငွေရှာလို့ရတဲ့ ads google and http://www.bidvertiser.com တွေကို ကြော်ငြာပြီး ၀င်ငွေ ရှာမယ်လို့ စဉ်းစားထားပါတယ်။ ၀င်ငွေ ကောင်းရင်တော့ အသင်းသားတွေကို ကိုယ်ပိုင် domain name ၀ယ်ပေးဖို့ စဉ်းစားထားပါတယ်။ :) ဒါက အသင်းသားတွေ အားလုံးနဲ့အတူ ဂေဟာအကျိုးအတွက်ကို ပြောပြတာပါ။ အခုဆို ကျွန်တော်တို့ ငပေါဂေဟာလေးဟာ ၅ လ ပြည့်တော့ပါမယ်။ အားလုံး ဒီထက် အောင်မြင်အောင် ကူညီပေးပါဦးလို့ တောင်းဆိုလိုက်ပါတယ်။ တခြား ဆွေးနွေးချင်တာနဲ့ သိချင်တာလေးတွေ ရှိရင် မေးလ် ပို့ပြီး ဆွေးနွေးလို့ရပါတယ်။ ဒါမှ မဟုတ် ကျွန်တော်ကို တိုက်ရိုက် မေးလဲရပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

သဘာပတိ ဖိုးဂျယ်

Sunday, March 1, 2009

မိုးလေဝသကျောက်တုံး

ငပေါများဂေဟာ စည်းရုံးရေးအမှုရှောင်တီထွင်ထားသော Weather Forecasting Stone ..
အခြေအမြစ်ခိုင်မာတိကျသော နေရာမှ အခြေခံတီထွင်ထားခြင်းဖြစ်သဖြင့် မိုးလေ၀သခန့်မှန်းရာတွင် အင်မတန်မှန်ကန်တိကျကြောင်း အာမခံပါသည်။ ဤကျောက်တုံးကို တီထွင်ရန် ၇နှစ်နီးပါး ရှာဖွေတီထွင်ခဲ့ပါသည်......... ငှဲငှဲငှဲ

Monday, January 12, 2009

ပညာရေးဝန်ကြီး တင်ပြချက် (၂)

ခေတ်မီပြီး ဖွံ့ဖြိုးကာ တိုးတက်ရသော ဒီခေတ်အခါ သမ၀ါယမတွင် ဆန်ဆီရှားကာ အဲလေ ဟုတ်သေးပါဘူးလေ။ ပြောချင်တာကတစ်ခြား အင်း အင်း ပြောပြီ အတည်နော်.... အင်္ဂမာ လန်းဂွေ့ကို ငပေါရုံးသုံး ဘာသာစကားအဖြစ် သတ်မှတ်ချင်တာပါ။ ဒီလိုပါ အိပ်စ်ပလိမ်း ပေးပါ့မယ်။

ဒီခရေဇီရှိ လူချီးမင်းတွေ၊ မင်းသမီးတွေ၊ အိမ်ရှေ့နေတွေ အိမ်ဘေးနေတွေ မှာ ကမ္ဘာကိုပတ်၍ သွားလာနေရသူတွေ ဆိုတော့ အဲဒီဘာသာကိုသာ ဒီခရေဇီက လူချီးတွေ အားလုံးတတ်မည် ဆိုလျှင် ၀ါးလ်ဒ်မှာ ဘားမားဟေးလို့ ရှောက်အော်လို့ ရလောက်အောင် ထင်ရှားလာနိုင်ပြီး ၀ါးလ်ဒ် နှင့် ရင်ဘောင်တန်းနိုင်သော ခရေဇီ အဖွဲ့တစ်ခု ဖြစ်လာနိုင်မည်ဆိုတာကို အိုင်နိုးနေလို့ပါ။ အခုလို အောက်ဖေ့စ်သုံးတွေမှာ ခေတ်မီ၍ တိုးတက်နေပြီး ကမ္ဘာနှင့်အပြိုင် လမ်းဂွေ့ရှ်တွေ ကို လိုင်းမ်လိုမွှေ ၀ပ်တားလို နှောက်နေသည်ဆိုသော်လည်း လန်းဂွေ့ရှ် ယူးစေ့ခ်ျတွေ ကို မြင်သူတကာ ဂေ့စ်လောက်အောင် ယူးစ်သင့်ကြောင်း.... အက်ဒဗိုက်စ် အနေနှင့်ကော၊ အိပ်စပီးရင့် ပြင်ညာရေးဝံချီး တစ်ယောက်အနေနှင့်ကော၊ ဒီ် ခရေဇီဂါဒင်းအပေါ် ကွန်စမ်း ရှိလွန်းသောကြောင့်ကော၊ ပိုပြီး ခေတ်မီစေချင်သော ဆန္ဒတွေနှင့် လမ်းဂွေ့ရှ် အသုံးလေးတွေကို ချိမ်းဂ်ျပီး သုံးကြရအောင်လို့ ပြောချင်ပါတယ်။ ကျောင်းတွင် ယူးစ်နေသော ကျောင်းသုံး ဘုတ်အုပ်တွေကိုလည်း အင်္ဂမာလန်းဂွေ့သို့ ပြောင်းလည်းတော့မည် ဖြစ်ကြောင်း ပြင်ညာရေးဝံချီးမှာ အလွန်ပင် အင်သူစီးယား စတစ်ကယ်လီး နှင့်တိုးတက် စေချင်သည့်ဆန္ဒမှာ မချုပ်နိုင်မထိန်းနိုင် အင်ကွန်ထရိုးဖြစ်ကာ တင်ပြခြင်းပင် ဖြစ်သည်။

ထို့အတွက် အိဖ်ယူအော အာရ် အဂရီး တူ ယူစ် သစ်ဇ်လန်းဂွေ့ရှ် ...လာရောက် လာဘ်ပေးကာ ဆိုင်းလာထိုးကြပါလို့ တောင်းတောင်းပန်ပန် နှင့် တင်ပြထောက်ခံကာ သစ်ဇ်ဝေးနှင့် ဂိုးဟုမ်းသွားပါကြောင်း....

အိုင် အဂရီး.....
အခုလို ဘလော့လောကမှာ မြန်မာလိုသုံးနေတဲ့ အချိန်မှာ ရွေးစရာလမ်းမရှိရင် ငပေါလန်းဂွေ့ကိုမှ မပြောရင် ဘယ်လိုလုပ်ပြီး အတင်းပြောကြမလဲ။ အခု ငပေါထဲက ငပေါခေါင်းဆောင်တွေ၊ ငပေါဝံဂျီးတွေ၊ ငပေါအသင်းသားတွေ အားလုံးဟာ ၄တန်းမအောင်၊ ၅တန်းမတက်နိုင်တွေပါ။ နင်တို့ ငပေါတွေက ဒါပဲလား ကိုယ်ပိုင်လန်းဂွေ့မရှိဘူးလားဆိုရင် ရှက်ဖို့ကောင်းပါတယ်။ ကိုယ်ပိုင်လန်းဂွေ့ရှိသူတွေတောင်မှ သူများလန်းဂွေ့ကို အထင်ကြီးနေကြသေးတာပဲ။ ပြင်ညာရေးဝံဂျီးက ဒီကိစ္စကို ရှေ့ဆောင်လမ်းပြ ကောင်းတာကြောင့် ငပေါနောက်လာနောက်သားတွေ ဒီထက်မက တော်လာထက်မြက်လာကြမှာပါ။ အင်တာလေးနည်းနည်းဗျူးမယ်ဗျာ။

လိန်လိန်: စမ်းမသင်းလောက်မေးလို့ရမလား ရီပဲ(Repair) လိုင်းဒ်(Lied) ရေးဝံဂျီး ခင်ဗျ
ပြင်ညာ: အိုကေ မေးပါ အိုင်က ရယ်ဒီပါဒယ်
လိန်လိန်: ဒီလန်းဂွေ့ခ်ျကို ယူ့စ်ဖို့ ဘယ်လိုများစဉ်းစားမိပါသလဲ ခင်ဗျ
ပြင်ညာ: ဒီလန်းဂွေ့ခ်ျက တော်တော်လေးကို ယူစ်ဖူး ဖြစ်မှာပါ။ ဘာကြောင့်လည်းဆိုတာ အိပ်စ်ပလိမ်းရမယ် ဆိုရင်.....
လိန်လိန်: ရားစ်၊ ဆက်ပြောပါ
ပြင်ညာ: ခရေဇီဂါဒင်းက ပီးပဲလ်တွေ အားလုံးဟာ ကမ္ဘာအရပ်ရပ်ကို ဂိုးပြီး ပရဲစီးဒင့်တွေနဲ့ တွေ့ရပါတယ်။ ဒီတော့ကား သိဇ်တိုင်းမ်တွေမှာ ဗူးတီးဖူးဝါ့ဒ်တွေ ကို ပြောပြီး ခရေဇီတွေ ဖေ့စ် မ စမော ရအောင်လို့ပါ။ နောက်လာနောက်သားတွေ အသစ် ဂျင်နရေးရှင်းတွေ အတွက်လည်း လန်းနိုင်အောင်လို့ ပေါ့နော် အိုင့် အနေနဲ ပြင်ညာရေး ဆိုတဲ့ အယ်ဂျူကေးရှင်းမှာလည်း ကျောင်းသုံး ဘုတ်အုတ်တွေကိုလည်း ချိမ်းပြီး ယူစ် လုပ်သွားဖို့ရည်ရွယ်ထားပါတယ်။
လိန်လိန်: တန်ဖိုး ဘစ်ဂ်လိုက်တဲ့ ဝါ့ဒ်တွေပါလားနော်။ အခုလို အမြော်အမြင်ဘစ်ဂ်ဘစ်ဂ်နဲ့ ဖော်ထုတ်ပေးတာ ခရေဇီများအားလုံးက ကျေးဇူး အထူးပဲ သန့်ဇ်ပါကြောင်းပြောကြားလိုပါတယ်ဗျာ။
ပြင်ညာ: ရက်စ်..ရက်စ် အိုင်လည်း ရီးရဲလ်လီး ကျေးဇူးပါ။ အိုင်လည်း အိုင်ထဲက ဖားတွေ ကောက်စရာရှိသေးလို့ အိပ်စ်ဇ် ခရုမီ။

အလေးအနက် ထောက်ခံပါကြောင်း ဆိုင်းထိုးခဲ့ပြီး မထိုးတဲ့သူ လစာဖြတ်မယ်။ ဒါဗြဲ
ပုံ
အတွင်းမူး-၂ (ဂျော်နီဝါကာ) အဲလေမှာလို့ (ငပေါများဂေဟာ)


အင်္ဂမာလန်းဂွေ့ခ်ျကို ဤအရောင် ဖြင့် ဖော်ပြထားသည်။

ကျော်ခြင်းခွခြင်း

ဝမ်းဒေး .. Ta Nae Tha Hnight .. (ဒန်တန့်တန်)..
မီ အိက်က်ဇက်ကယူးတစ်ဗ် နီညန်း အစ်စ်.. Kya Noat, A Hmu Shaung Nang Nyi thii..
(အာ ဒီလိုပြောရတာမောပါတယ်.. မြန်မာလိုပဲပြောတော့မယ်.. နားလည်အောင်ဖတ်ကြ.. ဟုတ်ပလား).. ပြောမှာက ဒီလို..
ကျွန်ုပ် အမှုရှောင်နန်းညီသည် ငပေါများဂေဟာကို အန်ဒီကောင်မြှောက်ပေးသဖြင့် ပါးစပ်ဆော့လက်ဆော့ကာ တည်ထောင်ပြီး ဘန်နာလေး မဖြစ်ညစ်ကျယ် ရေးပေးလိုက်သည်မှတပါး ပေါပို့စ်များရေးခြင်း ငပေါတကာ့ ငပေါများအား လိုက်ရှာဖွေစည်းရုံးခြင်းများကို တာဝန်ကျေရုံ လခရရုံသာ လုပ်သူပီပီ.. ယခုလည်း စည်းရုံးရေးဆင်းရမည့် တာဝန်များကို ဘယ်သို့ ဘယ်ပုံရှောင်ရှားရလတ္တံ့ဟု ဥာဏ်နီဥာဏ်နက် ဥာဏ်ပြာဥာဏ်ဝါ ဥာဏ်စိမ်း ဥာဏ်မရမ်း ဥာဏ်မီးခိုး ဥာဏ်အနက် ဥာဏ်ပန်းရောင် ဥာဏ်ရွှေရောင် ဥာဏ်ငွေရောင် (အမလေး ပန်းချီဆရာမဆိုပြီး အရောင်မျိုးစုံရေးလိုက်တာ မောပါ့).. ထိုသို့ အရောင်မျိုးစုံသော ဥာဏ်များကို ထုတ်ကာ တာဝန်ရှောင်နေခိုက်.. .. ...

တွင်း ၂ ၏ အရေးပေါ်ဆင့်ခေါ်စာက ကျွန်ုပ်ရှေ့ရှိ ကွန်ပျူတာဖြင့် ဆက်သွယ်အသုံးပြုရသော စတုဂံပုံစံရှိ အရုပ်မြင်အသံကြားရသော ဖန်သားပြင်ပေါ်တွင် (တိုတိုပြောရရင်တော့ မော်နီတာပေါ့).. အဲအဲ အဲသည့်ဟာကြီးပေါ်တွင်ပေါ်လာလေသည်.. ကျွန်ုပ်အား ငပေါများဂေဟာ စာမျက်နှာပေါ်တွင် မတွေ့တာကြာနေပြီဖြစ်ကြောင်းနှင့် ပေါပို့စ်များကို တာဝန်ယူရေးသားခြင်းကို မကြာခဏပြုလုပ်သင့်ကြောင်း.. စည်းရုံးရေးလုပ်ငန်းများကို ကမ္ဘာငတိ.. တွင်း ၂ တို့နှင့်သာလွှဲမထားဘဲ တက်တက်ကြွကြွ ပါဝင်သင့်ကြောင်းများကို နိုင်ငံတကာ ဆက်သွယ်ပြောဆိုနိုင်သော စာရိုက်လုပ်ငန်းကြီး (လွယ်လွယ်ပြောရရင်တော့ ချက်တင်ပေါ့).. အဲအဲ အဲသည့်ဟာကြီးမှ တဆင့်ပြောဆို ကြိမ်းမောင်းပါတော့သည်..

ကျွန်ုပ် စည်းရုံးရေးအမှုရှောင်နန်းညီမှာ.. "ရည်းစားနဲ့ပြတ် ပိုက်ဆံပြတ် အလုပ်ပြတ်" ဟူသည် ပြတ်သုံးပြတ်နှင့် ကိုက်ညီနေသဖြင့် စိတ်ညစ်ညူးနေပြီး ပေါခြင်းအစွမ်းငှာ မတတ်နိုင်ကြောင်း အတန်တန်ပြောကြားပါသော်လည်း ဇွတ်သမား တွင်း ၂ က တာဝန်ရှောင်ရင် လခဖြတ်မယ်ဟု ခြိမ်းခြောက်လာသောကြောင့် မဖြစ်ညစ်ကျယ် ပေါပို့စ်ကို ရေးသားရန် ပြင်ဆင်ရပေတော့သည်..(အမလေးစ် အင်ထရိုဝင်ရတာ မောလိုက်တာ)..

အဲသဟာနဲ့ ဘာရေးရမတုန်းဆိုပြီး ဟိုတွေးဒီတွေးနဲ့ ဖျစ်ညှစ်ပေါပြီး .. ဆန်းဒေး .. which means.. မိုင်ဟောလီးဒေးတွင် အများသုံးနိုင်ငံတကာ အင်တာနက် ဆက်သွယ်ရေးစင်တာ (ရှင်းရှင်းပြောရရင်တော့ အင်တာနက်ဆိုင်ပေါ့) . အဲအဲ.. အဲသည့်ဆိုင်ကိုသွားကာ ပို့စ်တင်ပါမည် ဆိုသော်ညား.. အရင်ကျော်ခွနေကြ လွတ်လပ်သောအပေါက်ဝကြီး (ဟိုလေ FreeGate Software ကိုပြောတာ) အဲအဲ အဲသည့်ဟာကြီးက ဖွင့်မရ.. တခြားသော လွတ်လပ်ရေး (Freedom)ကတော့ မရတာကြာ.. တခြားကျော်ခွစရာလည်း ဘာမှမရှိသောကြောင့် စိတ်ညစ်ပြီး ဆိုင်မှဝန်ထမ်း ခန့်ခန့်ချောချောအစ်ကိုကြီးကို မကျော်တတ်မခွတတ်လို့ လုပ်ပါဦးဟု အကူအညီ တောင်းမိပါသည်.. ထိုအခါ သူပြန်ပြောသောစကားကြောင့် ကျွန်ုလည်း အတော်လက်လန်သွားကာ.. တပ်ခေါက်ပြန်လာခဲ့သဖြင့် ဘာပေါပို့စ်မှ မတင်ဖြစ်ကြောင်း ယခုထုချေလွှာရေးခြင်းဖြစ်ပါသည်.. သူပြန်ပြောသောစကားလား.. အောက်မှာ ရှု..

"ကျော်ခွဖို့လား ကျွန်တော်တို့လည်း မတတ်တော့ဘူး.. ဆိုက်ကားဆရာတွေဆီပဲ သွားသင်ရတော့မယ်နဲ့တူပါတယ်ဗျာ.. သူတို့က နေ့တိုင်း ကျော်လို့ခွလို့.. ကျွမ်းမှကျွမ်း"

သူပြောတာ မိုက်ဘူးလားဗျာ.. ဟုတ်တယ်.. ဆိုက်ကားနင်းမယ်ဆိုတိုင်း ခုံရှေ့ဘားတန်းကြီးကို ကျော်ခွပြီးမှ နင်းလို့ရတာကိုး.. ခွိခွိ..
(ဟင် .. မရယ်ရဘူးလား.. ဒါကြောင့်ပြောပါတယ်.. ပြတ်သုံးပြတ်နဲ့ ကိုက်ညီနေချိန်မှာ ပေါပို့စ်လာမရေးခိုင်းပါနဲ့ဆိုမှ ဟွန်း ဂယ်ဖဲ ဂယ်ဖဲ)

Friday, December 12, 2008

အမည်နာမ ခေါ်ဆိုရန်တင်ပြခြင်း

အင်ထရို -
အသင်းသားလေး ကေလာ တစ်ခါမှ ကွန်ပလိန်း မတက်ဖူးသေးပါ။ ပထမဆုံးအကြိမ် ကွန်ပလိန်းတက်ခြင်း ဖြစ်ပါတယ်။ အရင် ဖတ်ကြည့်ပါ ။ အမှားပါရင် . . . . ထောပနာပြုပါ။
(ဟီး . . . . ကြိတ်ထောပနာပြုမယ့်တူတူ မထူးဘူး ပေါတင်ထောပနာပြုဖို့ပြောလိုက်တော့မယ်)

ဘော်ဒီ -
ဒါက ဒီလို ရှိပါတယ်ခင်ဗျ (ဟိုလိုရှိတာတော့ချန်ထားတယ်)
အနော်က တစ်ဦးတည်းသော အသင်းသားလေး ဖြစ်နေတော့ အားငယ်ပီး ကွန်ပလိန်း တက်ရတာပေါ့။ တင်ပြချင်တာက . . . . နာမည် ကိစ္စပါခင်ဗျာ . . . .

ဥပမာ . . . . အနော်က နာယကကြီးကို . . သူးသူးတာ လို့ ခေါ်ပါတယ် . . . .
(ဆရာမလည်း သိပ်မကြည်ဟု ထင်ပါတယ် ဘာမှတော့ပြောဘူး သူက အုံ့ပုံး . . . . ဟိ)
နောက်တစ်ယောက်က . . . . ခေါင်ခေါင်ပါ . . . . ကုလားဖြူလိုရေးထားတာ . . . . khaung ပါ အနော်က အသံကို အားရပါးရ ထွက်လိုက်တာ . . . . ဂေါင်းဂေါင်း ဖြစ်သွားပါတယ် . . . သူကတော့ ပေါတင်ပဲ . .ထောပနာပြုပါတယ် လဒလေး တဲ့ . . . မနည်း ပြောယူရတယ်. .အနော်က ကေလာလေးပါ . . လဒလေး မဟုတ်ပါလို့ ဒါမယ့် ဘယ်လိုပြောပြာ မရပါဘူး . . . . အနော့်ကို လဒလေးပဲ ခေါ်တော့တယ်
ဗြဲ . . . . (ဗြဲ ဆိုသည်မှာ အသံပြဲကြီးနဲ့ အော်ငိုခြင်း ဖြစ်ပါတယ် . . . .)
နောက်တစ်ယောက်က သဘာပတိပါ။ သူ့ကို ငဂျဲ လို့ ခေါ်လို့ . . . . အနော့် ရုံးခန်းမှာ လာပီး
ဗြဲ . . . . ကနဲ အော်သွားပါတယ်။

အဲ့ဒီအကြောင်း ကြောင်းတွေကြောင့် . . . . အသင်းသားချုပ်နဲ့ ငပေါဂိုဏ်းအကြောင်း ဆွေးနွေးရင်း အိုင်ဒီယာ အသစ်ရပါတယ်။

ငပေါများဂိုဏ်းရှိ လူကြီးမင်းများကို နာမည် အဖျားဆွတ်ခေါ်ရန် ကျတော် အသင်းသားလေး ကေလာမှ တင်ပြ (ကွန်ပလိန်းတက်)အပ် ပါသည်။

ဥက္ကဌအား ပေါအန်ဒီ ဟူ၍လည်းကောင်း၊
နာယကကြီးအား ပေါသူးသူး ဟူ၍လည်းကောင်း၊
သဘာပတိအား ပေါဂျယ် ဟူ၍လည်းကောင်း၊
အတွင်းရေးမှူး-၁အား ပေါမှုး ဟူ၍လည်းကောင်း၊
အတွင်းရေးမှူး-၂အား ပေါဗီ ဟူ၍လည်းကောင်း၊
စည်းရုံးရေးအမှုဆောင်အား ပေါညီ ဟူ၍လည်းကောင်း၊
အသင်းသားချုပ်ကြီးအား ပေါခေါင် ဟူ၍လည်းကောင်း၊
အကြံပေးအရာရှိအား ပေါပြည့် ဟူ၍လည်းကောင်း၊
ပညာရေးဝန်ကြီးအား ပေါဇင် ဟူ၍လည်းကောင်း၊
မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးအား ပေါမွန် ဟူ၍လည်းကောင်း၊
တရားစီရင်ရေး ၀န်ကြီးအား ပေါမင်း ဟူ၍လည်းကောင်း၊
ဆည်မြောင်းဝန်ကြီးအား ပေါဟီးရိုး ဟူ၍လည်းကောင်း၊
ထောက်လှမ်းရေးချုပ်အား ပေါသား ဟူ၍လည်းကောင်း၊
ပြန်ကြားရေးဝန်ကြီးအား ပေါရဲ ဟူ၍လည်းကောင်း၊
ကူးသန်းရောင်းဝယ်ရေးဝန်ကြီးအား ပေါကြီး ဟူ၍လည်းကောင်း၊
နိုင်ငံခြားရေးဝန်ကြီးချုပ်အား ပေါမွှေ ဟူ၍လည်းကောင်း၊
လယ်ယာပြန်စားရေးဝန်ကြီးအား ပေါလယ် ဟူ၍လည်းကောင်း၊
အသင်းသားဖြစ်သော တားတားလေးအား ပေါကေလာ ဟူ၍လည်းကောင်း ခေါ်ဆိုသင့်ကြောင်း ကွန်ပလိန်းတက်လိုက်ပါသည်။

ကျန်အဖွဲ့သားများအား အမည်နာမ မသိသဖြင့် ကိုယ့်နာမည်ရှေ့တွင် လေးစားသမှုဖြင့်
ပေါ
ဘွဲ့ထည့်ပြီး ခေါ်ဆို ကြပါရန် တားတားလေး ပေါကေလာမှ ကွန်ပလိန်းတက်လိုက်ပါသည်။

နိဂုံး -
အဲဒီတော့ကာ . . . .
စသည်ဖြင့်ပေါင်း များစွာဖြင့် ကွန်ပလိန်း တက်လိုက်ရပေးသတည်း . . . .
အားရပါးရ ကိုယ့်နာမည်ကို ပေါ ဘွဲ့ထည့် ကြပါကုန် . . . .

ပုံ/
ဦး ကိုကို တားတားလေး မောင်မောင် ပေါကေလာ

(^_^)

# မှန်ချက်/ သဘာပတိမှ လိုအပ်သည်များ ဖြည့်စွက် မှာစားလိုက်သည်။#

Monday, December 8, 2008

ကိုယ်တွေ့ ဖြစ်ရပ်မှန်သတင်း

ကျတော်မနေ့က သဘာပတိနဲ့အတူ အတွင်းရေးမှူး၂၊ အသင်းသားချုပ်ကြီး၊ တရားစီရင်ရေးဝန်ကြီး၊ နာယကကြီးတို့အား သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း၊ ကျတော် ထင်ထားသော ပုံစံများနဲ့ များစွာကွာခြားကြောင်း။
နာယကမှာ လွန်စွာ ရေခပ်ကောင်းသူဖြစ်ပြီး လွန်စွာမှလည်း ဖုန်းပြောနိုင်သူဖြစ်ကြောင်း။ လွန်စွာမှလည်းအလုပ် များသူဖြစ်ကြောင်း လည်းသိရပါသည်။
တရားစီရင်ရေးမူးမှာ တရားဝင်လက်ထက်ခွင့် မရှိသေးကြောင်း (၁၈နှစ်မပြည့်သေးလို့)၊ လူကောင်မှာလည်း လွန်စွာမှ သေးငယ်ကြောင်း၊ မျောက်ရုပ်နှင့် မတူသောလည်း အနည်းငယ် ဆင်တူကြောင်း သိခဲ့ရပါသည်။
တစ်ရက်၂ကြိမ်သာ မှန်သောနာရီကြီးနဲ့ အသင်းသားချုပ်ကြီးက ဒူးပြဲနေသော ဘောင်းဘီကြီး ၀တ်လာပါသည်။
ုအင်မတန် ခန့်ညားပြီးတောင့်တင်းသော ကျတော့အား ခိုးခိုးကြည့်နေသည်ကို အကျယ်တပွင့် လူသိရှင်ကြား ထုတ်ဖော်ပြောကြားသွားမှာ မဟုတ်ကြောင်း။ ကျတော် သာလိကာများ လွန်စွာစကားများသည်ကို ကြားဖူးကြောင်း၊ ၎င်းတို့ထက် စကားများစွာပြောနိုင်သော အသင်းသားချုပ်ကြီးကို ယနေ့မှမြင်ဘူးကြောင်း၊ အသားအရောင်မှာ မမဲပေမဲ့ အသားနည်းနည်း မိုးချုပ်ကြောင်းလည်း သိရပါသည်။
အတွင်းရေးမှူး-၂ ခေါ်ဗီလိန်မှာ လွန်စွာသန်မာပြီး ကြောက်စရာကောင်းလိမ့် မည်ဟုထင်ထားကြောင်း၊ ၎င်းနဲ့စီးချင်းထိုးရန် အိပ်မက်မက်မိသည်ကို လွန်စွာ နောင်တရကြောင်း၊ ကျတော့တွေ့လိုက်သော ဗီလိန်မှာ အင်မတန်မှ နွဲ့နှောင်းပြီး လိန်ဖယ်လိန်ဖယ်နဲ့ လမ်းလျှောက်တတ်ကြောင်း၊ တနေရာအရောက်တွင် ဗီလိန်က ကျတော့ကို အကိုခဏနော် ဆိုပြီး ကျတော့ ပုခုံးကို အားရပါးရကိုင်ပြီးအီးပေါက် လိုက်တယ် ကျတော်က ဟေ့လူဘာလုပ်တာလဲ ဆိုတော့ ဆောရီးပဲအစ်ကိုရာ ကျတော့အီးပေါက်ရင် တစ်ခုတစ်ခု ကိုင်ပြီးပေါက်ရတယ် မကိုင်ရင်ပစ်လဲတာပဲတဲ့ အရမ်းနွဲ့တဲ့ ဗီလိန်ပါပဲလို့ မှတ်ချက်ချမီကြောင်း နိုင်ငံခြားရေးဝန်ကြီးချုပ်၏ မှတ်စုစာအုပ်ထဲတွင် ရေးသားထားသည်များကို တင်ပြခြင်းဖြစ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးနောက်ကွယ်တွင်
ပြောခွင့်ဆိုခွင့်ရှိသူ
ဇင်မင်း

Tuesday, November 4, 2008

ပြင်ညာရေးဝန်ကြီး တင်ပြချက် (၁)

အဟမ်း…. အဟမ်း…. အဟွတ်.. ဟွတ်…ဟူး …အမလေး မောတာ။
မိုက်ကခဏခဏစမ်းရတယ်လေ အသံကလွတ်လွတ်သွားတာ၊ လွတ်ဆို ပေါချောင်ကောင်းလေး ငှားထားတာဆိုတော့။ မိုက်စမ်းလိုက်မှဘဲ…. ရောက်တာနဲ့ စားပြီးငိုက်နေတဲ့ လူကြီးတွေတောင် နိုးသွားကြပြီ။ ဒီကလည်း မိုက်ကရိုဖုန်း လက်ထဲ ရောက်ရင်မရတော့ဘူး တင်ပြချင်တာတွေကို မရမက ကိုပြောချင်တော့တာ။ သဘာငတိကြီးနှင့်အဖွဲ့ နိုးနေတုန်း တောင်းစရာရှိတာတွေ အရင်တောင်းပြီး တင်ပြစရာ ရှိတာတွေ အမြန်တင်ပြမှဖြစ်မည်။ ဒါပေမဲ့ရှေ့မှာရှိနေသော လူကြီးတွေဟုပြောလို့သာ လက်ခံရသည် တစ်ယောက်မှမသိ တယောက်နှင့်မှလည်း မရင်းနှီး ဘေးနားမှာရှိသော ငတိတယောက်ကိုခေါ်ပြီး မေးလိုက် ရတော့တယ်။ ဒီကောင်က ဟိုတယ်မှ တခါးစောင့်တဲ့။ သူနဲ့ ဒီလူကြီးတွေနဲ့ တော်တော်ရင်းနှီးဆိုဘဲ။ ဘယ်ရမလဲသူ့ကိုမေးရတော့တာပေါ့။

၁။ ဟေးလူ… ဟိုလေ မျက်နှာလေးထောင့်နှင့် မူးကြောင်ကြောင်ရုပ်နဲ့လူကအသူတုန်း
အော်.. အဲဒါလား…… ပါခင်ဗျ..

၂။ နောက်သူ့ဘေးက မျက်နှာရှည်ရှည် ဗူးသီးမျက်နှာနှင့်လူကအသူလည်း..
အင်းအဲဒါ ဟိုလူလေ…….

၃။ အလယ်ကတစ်ယောက်ကကော..
အဲဒီလူလား သိတာပေါ့ ကျွန်တော့ဆီအမြဲလာတယ်….နာမည်က….

၎။ ဟိုဘက်က ရုတ်တည်ကြီးနဲ့ အစားတွေခွစားနေတာကကော…
နာမည်က… သူကအဲလိုဘဲ စားပြီးရင်းစားရင်း မနိုင်ဘူးဗျ….

၅။ ဟိုပိန်စုတ်စုတ်နဲ့လူကကော….
အော်သူလား သူက အင်းသူ့နာမည်က ….. သူကအမြဲခေါင်းညိတ်နေတဲ့လူလေ..

၆။ နောက်ရွှေလက်စွတ်ကြီးတကားကားနဲ့ လူကကော…
အဲဒါက……. .. သူကအတော်ထောတာဗျ…ကျွန်တော့တို့ဟော်တယ်ဆို နှစ်စာချုပ်နဲ့ နေ့တိုင်းလာတာ..

၇။ နောက်ဆုံး ..ဟိုးအစွန်ကလူကကော...
သူကအစွန်ဆုံးမှာထိုင်တယ် အစည်းအဝေးမပြီးခင်လစ် ဖို့ အစွန်မှာ အမြဲထိုင်တာ..ကြည့်ပါလားသူ့ခေါင်းက နောက်မှာ..

ကောင်လေးကိုကျေးဇူးတင်လိုက်ရင်း အခုမှဘဲဟော်တယ်စောင့်ရဲ့ သူငယ်ချင်းတွေကို သိတော့တယ် အဲဟုတ်ပါဘူး မှားလို့ အဖွဲ့သားတွေကိုသိတော့တယ်။ မြန်မြန်ပြောမှ တင်ပြစရာရှိတာတွေ အကုန်လုံးတစ်မိနစ်အတွင်း အမြန်ပြောမှ. မဟုတ်ရင် ပြန်သွားရင်ဘဲ ဖြစ်ဖြစ် အိပ်ငိုက်သွားရင်ဖြစ်ဖြစ် မကြားလိုက်ပါဘူးဆို ပါမစ်တွေမရဘဲနေနေဦးမယ်။

အဟမ်း.. အဟမ်း…

ခေါင်းတွေအကုန်ထောင်လာကြပြီး…..

….ထောက်ခံပါတယ်………တဲ့
လည်ချောင်းလေးရှင်းကာရှိသေး ဘယ်လိုဖြစ်တာလည်းနော်။

တော်တော်ကို တာဝန်တွေယူတတ်သူတွေ။

ဆက်ပြီးပြောလိုက်ပါတယ်။

ပညာရေးဝန်ကြီးနေရာကို ၁၂ နာရီနှင့် တည တာဝန်ထမ်းဆောင်နေတာ အခုဆိုရင် ကျောင်းသားများ၏ ပညာရေးတွင် အထူးအောင်မြင်နေပြီ ဖြစ်သည်ံအတွက် ကျမ အခုတက္ကသိုလ် အသစ်တွေ ဆောက်ချင်ပါတယ်။ အဲဒါတွေအကုန်လုံးကတော့ မြို့ရဲ့အပြင်ဘက် မိုင်၂၀၀ အကွာမှာ ရှိပြီး အလွန်မှ စိမ်းလန်းသာယာပြီး (ထန်းပင်တွေပေါ ကြွက်တွေ ဖားတွေ မြွေတွေပေါပြီး ကလေးများအတွက် ပညာသင်ရာတွင် အထောက်ကူပြုပစ္စည်းများလွယ်လင့်တကူရှိစေနိုင်သည့်အပြင် ပညာမျိုးစုံကို တတ်မြောက်စေရန်ရည်ရွယ် သဖြင့် ပါမစ်ချပေးစေလိုကြောင်း……..

ထောက်ခံပါတယ်…(အကုန်လုံးတစ်ပြိုင်နက်ထဲပါလားနော်)

ပွတာပဲ… (ဒါကဂွင်ဘဲ) ကျောင်းဆောက်မိန့်ကျလို့ကတော့
အမေအတွက်တိုက်တလုံး
အစ်မအတွက် ကားတစ်စင်း
အစ်ကိုအတွက် တိုက်ခန်းတစ်လုံး
အဒေါ်အတွက်တော့ ခြံတစ်ခြံ

အင်း………. တစ်ဆွေလုံး တစ်မျိုးလုံးတော့ အင်း အင်းပေါ့..

အားလုံးတိတ်ဆိတ်နေသည်။
မည်သူမှမကန့်ကွက်..
အစည်းအဝေး မြန်မြန်ရုပ်သိမ်းမှပဲ။ တော်ကြာ အမူးပြေပြီး မထောက်ခံပါဆိုပြဿနာ..

အဟမ်းဟမ်း…

အခုလို ကန့်ကွက်မည့်သူမရှိသောကြောင့် ကျွဲရောင်းလာကြသော သဘာငတိကြီးနှင့်တစ်ကွ အမူးအဖွဲ့……. အဲဟုတ်ပါဘူး အမူဆောင်အဖွဲ့ကို အထူးဘဲ ကျေးဇူးတင်ပါကြောင်း

ထောက်ခံပါတယ် (မူးမူးနှင့်ထအော်နေတာပါ)

အဟမ်းးးး ပြောကြားလိုပါတယ်

ရွှီး …..ဖြောင်း…ဖြောင်း….ဖြောင်း…..