ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Showing posts with label လျှောက်လွှာလက်ခံခြင်း. Show all posts
Showing posts with label လျှောက်လွှာလက်ခံခြင်း. Show all posts

Thursday, January 21, 2010

လျှောက်လွှာ လက်ခံခြင်း (၂၈)

အမည်...=လက်လက်တောက် (အိမ်ကလူတွေကတော့ ကျက်သရေတုံး လို့ အနော့်ကို ခေါ်ကြတယ်) (ယုံ၏)

အသက်..= အမေကပြောတော့ အနော်က ငယ်သေးတယ်တဲ့ ။ (အသက်မေးရင် စိတ်ဆိုးမှာနော်... ဟွန်း ပြောဘူး အသေသတ်ချင်သတ်)

အလုပ်အကိုင်= ၁၀၉ ၁၁၀ လည်ရာပြန်စားရေး (သင်တန်းပေါင်းစုံ လျှောက်တက်နေပါသည် )
                      မှတ်ချက်။  ။ အထင်မကြီးပါနှင့် အောင်လက်မှတ်တောင် တစ်ခုမှ မရှိပါ...။

(ထောက်ခံပါသည်။ သေချာ စစ်ဆေးထားသောကြောင့်)

ပညာအရည်အချင်း= အလှူအိမ်တွင် ဖိနပ်အသစ်များ ခိုးတတ်ခြင်း ၊ လူမသိအောင် အီးပေါက်တတ်ခြင်း ။
                              (သင်တန်းပေးနေပါသည် ။ ၃လပြတ် အထူးရှယ် )


ဝါတဏှာ= ကောင်လေးချောချောလေးများ မြင်ရင် ပိုးစိုးပက်စက် အငမ်းမရ (သွားရည်တမြားမြား ) လိုက်ငမ်းတတ်ခြင်း ။

(ဒါကြောင့် ကျွန်တော် သဘာပတိ ရှောင်တိမ်းနေရခြင်း ဖြစ်သည်။)

အားနည်းချက် = အလွန် ပက်ပက်စက်စက် ချောမောလှပခြင်း ။
                         (အမေက ရေညှိဖင်ထိုင် ငါးရှဥ့်ကိုင်မွေးပြီး တရော်နဲ့ဆေး ကော်ရည်ကျွေးထားသောကြောင့် အလွန်ချောကြောင်း ထောက်ခံပါသည်) 

( လျှောက်လွှာတွင် လိမ်လည် ဖြေဆိုခြင်း ခွင့်မပြု။ )

လျှောက်ထားလိုသောရာထူး = အတင်းတပ်ဖွဲ့ ၀ံဂျီးဂျူပ် ။ (ဒါတော့ ခွင့်ပြု၏။)

ရရှိလိုသောလစာ = ဘီလ်ဂိတ်လောက် ချမ်းသာရင် တော်ပါပြီ ။ 

(လစာက နည်းလိုက်တာ သန့်ရှင်းရေး အဆင့်လောက်ပဲရှိတယ်)


လက်မှတ်
ငတိ

Sunday, October 4, 2009

လျှောက်လွှာ လက်ခံခြင်း (၂၇)

လျှောက်လုပ်ရေးဝန်ကြီးဌာန၏ သီတင်းကျွတ်စတိတ်ရှိုး အစီအစဉ်အပြီးတွင် မျက်နှာရသွားသူမှာ ရာထူးမရသေးသည့် ပေါလောင်းလျာ အိဖူးဖြစ်သည် ... ထိုကလေးမသည် ငယ်စဉ်တောင်ကျေး ကလဘဝေး အဲလေ ကလေးဘဝကတည်းက အခွံတွေ အိတ်တွေသိမ်းခြင်း စုဆောင်းခြင်း အလွန်ဝါသနာကြီးသည်ဟူ၏ .. သို့ဖြင့် သို့ဖြင့် .......

သီတင်းကျွတ်စတိတ်ရှိုးကြီးသည် ပရိသတ်တို့၏ တဖြောင်းဖြောင်းရိုက်ချိုးသံများနှင့် အောင်မြင်စွာပြီးစီးသွားလေသော် ... ဂေဟာတာဝန်ရှိ လူကြီးမြင်းများက မူးမူးရူးရူးနှင့် အေးဆေးနားနေခိုက် ပေါလောင်းလျာသည် သူ့အတွက် အကွက်ချောင်းလေသည် .. လူကြီးမြင်းများကလည်း “ဟယ် သူပျော်သလိုနေပါစေ” ဟု သဘောဒါးကြီးမားစွာ ခွင့်လွှတ်လျှင် ပေါလောင်းလျာသည် စင်ပတ်ပတ်လည်ကို တစ်ပတ်ပတ်ကြည့်ကာ တစ်ကိုယ်ရည်တည်း ငါးသလောက်ပြုံးပြုံးလေသည် .. “ငှင်း ငှင်း ငှင်း”

ထို့နောက် လူကြီးမြင်းများ နားနေရာသို့ တစ်ချက်လှမ်းကြည့်လိုက်သေးသည် .. ပုံစံက လူမသိသူမသိတစ်ခုခုကို အကြီးအကျယ်လုပ်တော့မည့်ပုံစံမျိုး .. လူကြီးမြင်းများမှာလည်း ပေါလောင်းလျာကို သတိမထားနိုင် .. အမှုရှောင်က ပိုးလိုးပက်လက်လန်ကာ အိပ်ပျော်နေပြီ .. နာယကဂျီးနှင့် ထောက်ချုပ်တို့မှာ ညင်းနှင့်ထောင့် ဘယ်ဟာပိုပြီးကြီးသလဲ ဟူသည့်အကြောင်းအရာကို လူသတ်တော့မည်စတိုင်ဖြင့် ငြင်းခုန်လျက်ရှိပေသည် .. တွင်း-၂ မှာလည်း သူ့သီချင်းနှင့်ပတ်သက်ပြီး တစ်ယောက်တည်း စိတ်ကျေနပ်မှုတွေရကာ “အော်ဟောဟော့ဟော်ဟော်” ဆိုသည့် အဆွဲအငင်ကို ထပ်ကာထပ်ကာ လေ့ကျင့်လျက်ရှိနေသည် .. သဘာငတိနှင့်ငှက်ကထမှာလည်း ဟစ်ပ်ဟော့ပ်နှင့်ရော့ခ်ကို တစ်ဖက်တစ်ချက်မှနေကာ အထာအပြည့်ဖြင့် ဂိုက်ပေးကြမ်းလျက်ရှိနေသည် .. ဝန်ကြီးများမှာလည်း လုပ်ချင်ရာလုပ်လျက် ဒိုင်ကိုင်သူ casher လုပ်သူ ထိုးသူ လျော်သူတို့ဖြင့် ကိုယ့်အဖွဲ့နှင့်ကိုယ် စည်ကားလျက်ရှိပေသည် ..

အလို .. သဘာငတိနှင့်ငှက်ကထနားမှာ ဂုန်နီအိတ်တစ်လုံးပါလား .. ပေါလောင်းလျာမျက်စိက ဖျတ်ကနဲတွေ့မြင်လိုက်ရသည့် ဂုန်နီအိတ်ကို စူးစိုက်ကြည့်လျက်ရှိသည် .. အော် ဒင်းတို့က အန်ဖို့ယူထားတာပါလား ဟုသဘောပေါက်သွားချိန်တွင် ပေါလောင်းလျာသည် “ငှဲ ဟဲ ဟဲ ဟဲ” ဟူ၍ စုန်းမလိုလို မြင်းဟီသလိုလို ရီလိုက်ပြီး လူကြီးမြင်းနှစ်ယောက်နားသို့ အသာတိုးသွားကာ အလစ်တွင် ဂုန်နီအိတ်ကိုဆွဲယူလာခဲ့လေသည် .. အိတ်ထဲကို ကပျာကယာငုံ့ကြည့်လိုက်ပြီး စိတ်အေးသွားသည် .. အိတ်ကအလွတ်ကြီးရှိသေးတယ် .. အန်ပေါင်းတွေမပေးသေးဘူး ..

ထို့နောက်တော့ ဂုန်နီအိတ်ကြီးကျောတွင်ထမ်းကာ စင်ပတ်လည်ရှိ ဟိုက်ကော်မရှင်နာပုလင်းများ .. ဂရမ်းပုလင်းများ .. ရှိုင်ရယ်ကလပ်ပုလင်းများ .. ရေသန့်ဘူးများကို တစ်စစီလိုက်ကောက်ကာ အိတ်ထဲသို့သွတ်သွင်းနေလေသည် .. ရှိုးမှာ အတော်အောင်မြင်သည်ဟုပြောရမည်ပင် .. ပုလင်းတွေ တောင်ပုံယာပုံနှင့် စင်တစ်ပတ်တောင် မပြည့်သေး .. ပေါလောင်းလျာ၏အိတ်ကြီးပင်ပြည့်လုပြည့်ခင် .. အတော်လည်းလေးလာပြီဖြစ်ရာ ပေါလောင်းလျာသည် ဂုန်နီအိတ်ဖြင့်အလုပ်မဖြစ်သည်ကို စဉ်းစားမိသည် .. ထို့ကြောင့် စင်နောက်ဖက်မှကြိမ်အမှိုက်ခြင်းကြီး ယူချလာပြီး ပုလင်းအိတ်ကြီးကို အမှိုက်ခြင်းထဲထည့် အမှိုက်ခြင်းကိုကြိုးနဲ့ဆွဲကာ အလုပ်ဆက်လုပ်နေလေသည် ..

ဟိုက်ကော်မရှင်နာနှင့် ရှိုင်ရယ်ကလပ်ပုလင်းများမှာ အများဆုံးဖြစ်သည် .. ပေါလောင်းလျာက ဘယ်ဒိုင်တွင်ပြန်သွင်းရပါ့ဟုစဉ်းစားနေသည် .. ဟိုက်ကော်မရှင်နာအခွံတစ်တောင့်ဆိုလျှင် ဟိုက်ကော်မရှင်နာရှစ်ပက်ပြားတစ်ပုလင်းရသည် .. ရှစ်ပက်ပြားအခွံဆိုလျှင် လေးပက်ပြားတစ်ပုလင်းရသည် .. အခြားပုလင်းများလည်း ထို့နည်းတူ .. သူရထားသည့်အခွံတွေက အတောင့်တွေဖြစ်သောကြောင့် တော်တော်ခိုင်ပြီဟု တွေးမိရင်း ပေါလောင်းလျာ၏မျက်နှာမှာ စပ်ဖြီးဖြီးဖြစ်လာသည် .. ပင်လယ်ကမ်းမှ သဲများပြန့်ကြဲနေသကဲ့သို့ ပုလင်းတွေကလည်း ကောက်မကုန် ..

စင်ကိုတစ်ပတ်ပြည့်ဖို့ တစ်ခြမ်းအလိုတွင် ပေါလောင်းလျာသည် ပုလင်းတစ်လုံးကိုတွေ့လိုက်သည် .. လေဘယ်ပုလင်းအခွံဖြစ်သည် .. ဟယ် ပွတာပဲ ရေမစိမ်ဘဲပွပြီ ဟုကြွေးကြော်လိုက်ရင်း အခွံကိုဝမ်းသာအားရအကောက် ခြေထောက်က ပုလင်းဖုံးလေးတစ်ခုကို တက်နင်းမိပြန်သည် .. ပုလင်းကိုကောက်ကာ တစ်ခါမှမမြင်ဖူးသည့်အလား လှည့်ပတ်ကြည့်ရှုကာ ဝမ်းသာပီတိများဖြင့် မျက်ရည်များပင် ဖြာထွက်လာသည် .. ထို့နောက် ရှေ့ဆက်သွားမလိုလုပ်ပြီးမှ ခြေထောက်အောက် အဖုံးကိုပြန်ငုံ့ကြည့်လိုက်သည် .. ရှိုင်ရယ်ကလပ်ပုလင်းဖုံးဖြစ်သောကြောင့် မျှော်လင့်ချက်တစ်လှေကြီးဖြင့် ကောက်ယူလိုက်ပြီး အဖုံးတွင်းကံစမ်းမဲဖွင့်ကြည့်လိုက်သည် .. ပေါလောင်းလျာသည် သူ့မျက်စိကိုပင်သူမယုံနိုင် .. ပြူးပြဲကြည့် တစ်ပတ်လှည့်ကြည့် မျက်လုံးကိုပွတ်ကြည့် ကင်းမြီးကောက်ထောင်ကြည့်လိုက်ပြန်သည် .. ပြီးလျှင်တော့ “ဟရေး .. ငါဟဲ့” ဟုကမ္ဘာတစ်လွှား ဖိန့်ဖိန့်တုန်အောင် ကြွေးကြော်လိုက်သည် ..

ကြွေးကြော်ပြီးနောက် ကောက်စရာရှိသည့်ပုလင်းခွံများကို အမြန်ဆုံးလိပ်နှုန်းနဲ့ကောက် .. အားလုံးကောက်အပြီး တက္ကစီငှားရန် စတိတ်စင်အဝေးသို့ထွက်လာသည် .. လူကြီးမြင်းများမှာလည်း ပေါလောင်းလျာကို သတိမမူမိသေး .. ပေါလောင်းလျာက မျက်ရည်များဖြင့် ပြည့်လျှံနေသောမျက်လုံးပြူးကြီးဖြင့် လူကြီးမြင်းများကို လေးလေးစားစားကြည့်လိုက်ပြီး “စိတ်ချပါ ဂေဟာအကျိုးကို အသက်နဲ့လဲပြီး ကာကွယ်ပေါသွားမှာပါ” ဟု သစ္စာဆိုသလိုလို တိုင်တည်သလိုလိုလုပ်ပြီး တက္ကစီပေါ်တက်သွားလေသည် ..

လူကြီးမြင်းမှာလည်း အတန်ကြာသည်အထိ နားနေတုန်း .. ခဏနေမှ ငှက်ကထက “သဘာငတိ .. ဒီနားက ဂုန်နီအိတ်ဘယ်ရောက်သွားတုန်း” ဟု မေးလေသည် .. သဘာငတိက ဟစ်ပ်ဟော့ပ်စတိုင်ဖြင့် လက်တခါခါလုပ်ကာ “ကိုယ်ဘယ်သိမလဲ .. မောင်ရင့်နားယူထားတာပဲ .. ပျောက်သွားလို့တော့ မင်းကိုအော်ပြီးဆဲ” ဟု လက်တန်းသီချင်းစပ်လေသည် .. ဘေးတွင် အိပ်နေသောအမှုရှောင်က “ဟမ် ဘာလဲ ဘာပျောက်လို့ ဆဲတာလဲ” ဟု အိပ်မက်ယောင်သလိုဖြစ်ပြီး လန့်နိုးလာသည် .. အမှုရှောင်အသံကြောင့် တခြားလူများကလည်း အာရုံစိုက်မိပြီး ဂုန်နီအိတ်ရှာပုံတော်ဖွင့်ကြလေသည် .. နာယကဂျီးက “ဒီဂုန်နီအိတ်ဟာ သာမန်ကာလျှံကာမဟုတ်ဘူး .. ဂေဟာအထင်ကရလူကြီးမြင်းများရဲ့ အန်အိတ် ဖြစ်တယ် .. တွေ့အောင်ရှာကြလော့” ဟုအမိန့်ပေးလေသည် ..

စင်ကိုပတ်ကာရှာကြလေသည် .. ဗြောင်တောင်တောင် ဗေဗေ့ဂျိချကာ စင်၏ရှေ့ခြမ်းနောက်ခြမ်းခွဲရှာကြသည် .. “ထူးခြားရင် သတင်းပို့ပါ” ဟုလည်း တွင်း-၂ ကပြောသေးသည် .. စင်နောက်ခြမ်းတွင် တာဝန်ကျသူများက ရုတ်တရက်ထအော်လိုက်သည် .. “ ထူးခြားတယ် ထူးခြားတယ်” “သတင်းပို့မယ် ရှေ့ခြမ်းလူတွေ နားထောင်ပါ .. စင်နောက်တွင် ထားထားသော ဂေဟာအမှိုက်ခြင်းမှာလည်း ပျောက်ဆုံးလျက်ရှိကြောင်း” ဟု ငှက်ကထက အသံဗြဲကြီးဖြင့် သတင်းပို့လေသည် ..

လူကြီးမြင်းများ ခေါင်းတောက်လေပြီ .. မည်သူနည်း .. ဂေဟာပိုင်ပစ္စည်းများကို ခိုးယူသူ .. မတော်လို့ အင်တာနက်မှာ တင်ရောင်းလိုက်လျှင် ဂေဟာအမွေအနှစ်များ ပျက်သုဉ်းရချေပြီ .. မဖြစ်ပေ .. “အားလုံးပဲ အစည်းအဝေးလုပ်မယ်” နာယကဂျီးက နှိုးဆော်လိုက်သည် .. အစည်းအဝေးလုပ်ရန် စားပွဲသို့ပြန်သွားကြပြန်သည် .. အစည်းအဝေးလုပ်ရန် အားလုံးထိုင်ကနန်းကျအပြီး “ဒါဟာ သွေးရိုးသားရိုးမဟုတ်ဘူး” ဟု စကားစရုံရှိသေး .. အစည်းအဝေးလုပ်ရာ စားပွဲသို့ဦးတည်မောင်းလာနေသော Light Truck တစ်စီးကိုမြင်ရလေသည် ..

ကားမှာ ကချော်ကချွတ်ဖြင့်မောင်းလာခြင်းဖြစ်သည် .. ဟိုယိမ်းဒီထိုး ကားမှမောင်းတတ်ရဲ့လားမသိ .. ကားမီးကြီးကလည်း ထိုးထားသဖြင့် မည်သူမောင်းလာမှန်း လူကြီးမြင်းများစဉ်းစားမရ .. အခြေအနေလည်းမလှသဖြင့် စားပွဲကိုစွန့်ကာ စတိတ်စင်ပေါ်တက်ပြေးကြလေသည် .. Light Truck ကြီးမှာ စင်ရှေ့နားတွင် fast & furious ထဲက ပြိုင်ကားများလို drift ဆွဲကာ ရပ်လိုက်သည် .. ထို့နောက်ကားမီးကိုပိတ်ကာ မောင်းသူက ကားပေါ်မှဆင်းလာသည် ..

ထိုအခါ “ဟယ်” “ဟာ” “ဘယ်လို” အာမေဋိတ်သံစုံလင်စွာဖြင့် “အိဖူးပါလား” ဟုအဖြေပေါ်သွားလေသည် .. ပေါလောင်းလျာအိဖူးသည် အောင်နိုင်သူ စစ်သူကြီးအပြုံးမျိုးဖြင့် အားလုံးကိုတစ်ချက်ဝေ့ကြည့်လိုက်ပြီး ကားနောက်ခန်းတွင် ဖုံးထားသော တာလပတ်စကြီးကို ဖယ်လှပ်ပြသလိုက်သည် .. တာလပတ်စအောက်တွင်ကား ဟိုက်ကော်မရှင်နာပုလင်းများ ...။ ထို့နောက် အိတ်တစ်လုံးထဲတွင် ပိုက်ဆံများ ..။ ပြီး ဂေဟာ၏ အမွေအနှစ်ဖြစ်သော အန်အိတ်နဲ့အမှိုက်ခြင်း ..။

“ဒီလောက်နဲ့ဆိုလုံလောက်တယ်မလား .. တို့တွေလည်း အိပ်စကပ်ရှင်း (တံတွေးများ ဖြာထွက်သွားသည်) ထွက်ကြမယ် ဒီဂေဟာကားကြီးနဲ့” ဟု ပေါလောင်းလျာက အဆိုပြုလေသည် .. လူကြီးမြင်းများမှာလည်း ဂေဟာရန်ဘုံးငွေလည်းရ ရှိုင်ရယ်ကလပ်က ပေါက်သောကံစမ်းမဲကားနှင့် သောက်လည်းသောက် သွားလည်းသွားရမည့် ခရီးစဉ်ဖြစ်သဖြင့် မငြင်းနိုင်တော့ဘဲ ဟေးကနဲအော်ကာ စင်ပေါ်မှပြေးဆင်းလာကြသည် ..

ုထို့နောက်တွင်တော့ ဂေဟာကားကြီးသည် လူကြီးမြင်းအားလုံးကိုတင်ကာ မြို့တစ်ပတ်အရင်ပတ်ကြလေသည် .. အားလုံးက ပေါလောင်းလျာကို သူရဲကောင်းဘွဲ့အပ်နှင်းကာ ရာထူးပေးဖို့ စဉ်းစားကြလေသည် .. ပေါလောင်းလျာမှာ ရန်ကုန်မြို့လေညင်းကိုခံယူရင်း ပြုံးပြုံးကြီးလုပ်ကာ ရာထူးကို အားနာစွာဖြင့် လက်ခံလိုက်ရတော့လေသည် ..
(ကောင်းလေစွ ကောင်းလေစွ)

Monday, September 28, 2009

လျှောက်လွှာ လက်ခံခြင်း (၂၆)

ဤလျှောက်လွှာကား Jan 27, 2009 တွင် သမ္မတ နေရာ လျှောက်ထားသော ကိုအောင်သာငယ် ၏ အလုပ်သစ်လျှောက်ထားခြင်း ပို့စ် ဖြစ်ပါသည်။ ငပေါများဂေဟာ ရွေးကောက်ပွဲကို ၂၀၁၀ သို့ ရွှေ့လိုက်ပါသောကြောင့် ဤလျှောက်လွှာကို ငပေါလမ်းစဉ်လိုက်ကာ မသိချင်ယောင်ဆောင်နေလိုက်ခြင်း ဖြစ်သည်။ ယခုအခါ ငပေါများဂေဟာ ရွေးကောက်ပွဲမှာ ဟိုရွှေ့ ဒီရွှေ့လုပ်ရန် ကြံစည်ရာ ၂၀၁၀ တွင် ဖြစ်မြောက်မည်ဟု တပ်အပ်မပြောနိုင်ခြင်း ဖြစ်သောကြောင့် ဂေဟာအကျိုးနှင့် အလုပ်လျှောက်သူ အရေးမျှော်ကာတွေးပြီး သေနတ်ပစ်တတ်ကြောင်း (နာယကဂျီး၏)ထောက်ခံချက်ပါရှိသဖြင့် ကာကွယ်ရေးဦးစီးချုပ် (ကျည်း၊ ရေ၊ လေ၊ အာကာသ) စီနီယာပေါချုပ်မှူးထွဋ်ခေါင်ကြီး ရာထူးနှင့်အတူ ပေါသာ ဟူသည့် ဘွဲ့တံဆိပ်နှင့်အတူ ပေါအားရှင် အဖွဲ့ကိုပါ လွှဲပြောင်းပေးအပ်လိုက်သည်။
မှတ်ချက် ။ ။ အာဏာသိမ်းခွင့် မရှိစေရ။

ပုံ
အခွင့်ရ
ငပေါများဂေဟာ အတွင်းရေးမှူး

အိုဗားမားလည်း သမ္မတဖြစ်ပါပြီ။ လူတွေအားလုံးလည်း ပျော်နေကြသည်။ ဘာ့ ကြောင့်မှန်း တော့ မသိပါ။ တချို့ ပြောတာ အကြားအရတော့ သူက လူဖြူ မဟုတ်လို့ ဆိုလား။ လူဖြူ မဟုတ်သူ သမတ ဖြစ်တာနဲ့ လူ အားလုံး ပျော်နေကြရ သည်လား။ စဉ်းစားစရာ ကောင်းလှ သည့် အချက်ပါပေ။ လူဖြူ ဟုတ်သူ သမတဖြစ်လျှင် လူအားလုံး မပျော်ကြ ဟု အဓိပ္ပါယ် ပြန်ကောက်နိုင်လေ မည်လား။ သို့သော်လည်း စဉ်းစားစရာ ရှိသည်က အိုဗားမား သမ္မတ ဖြစ်သည့်အတွက် လူတွေ အားလုံး ပျော်နေကြသည် ဆိုတော့ လူဖြူတွေပါ ပျော်နေကြ လေသည်ပေါ့။ ကောင်း၏... ကောင်း၏...။

အိုဗားမား၏အစိုးရသစ်လည်း အလုပ်စ၀င်နေပေပြီ။ အလုပ်အကိုင်နေရာသစ် ၄ သန်း ကျော် ဖန်တီးပေးမည်ဟု ပြောသံကြားရသည်။ ဟေလာရီ ကလင်တန်ပင် နိုင်ငံခြား ရေး ၀န်ကြီး အလုပ် ရရှိသွားချေပြီ။ အောင်သာငယ်နှင့် သူငယ်ချင်း ၈ ယောက်မှာ မူကား အလုပ် မရသေးပါ။ အိုဗားမားနှင့် တွေ့မှ သည်အကြောင်း ပြောပြရချေ ဦးမည်။ ၀န်ကြီးရာထူး တောင်းရန် မဟုတ်ပါ။ အလုပ်ရှာရ ခက်ခဲ နေကြောင်း အသိ ပေးရန်သာ ဖြစ်ပါသည်။ ထို့အပြင်တ၀လည်း ဂွာတာနာမို နှိပ်စက်ရေး အကျဉ်းစခန်းကို ဖျက်သိမ်းကြောင်း၊ တရားဝင် လူသတ်သည့် ကိုယ်ဝန် ဖျက်ချသည့် ရန်ပုံငွေ အစီစဉ်ကို ဖျက်သိမ်းကြောင်း ဥပဒေတွေ ထုတ်သည် ဟုလည်း ကြားရပါသည်။ သာဓု... သာဓု... သာဓု...

- အတိုက်အခံတွေရဲ့ အသံတွေကို တိတ်အောင် လုပ်ထားပြီး အဂတိ လိုက်စားမှုတွေ၊ လိမ်ညာမှု တွေနဲ့ အာဏာကို ဖက်တွယ်ထားတဲ့သူတွေ၊ ခင်ဗျားတို့ဟာ သမိုင်းရဲ့ မှားယွင်းနေတဲ့ ဘက်မှာ ရှိနေကြတယ် ဆိုတာ သိရမယ် - လို့ အိုဗားမား ပြောနေသည် ကိုလည်း နားထောင် လိုက်ရသည်။ ဘာပဲဖြစ်ဖြစ် တကယ်လုပ်တာ မလုပ်တာ အသာ ထားဦး အကြားနဲ့တင် အားရှိပါသည်။

အိုဗားမား အစိုးရသစ်အကြောင်း ပြောမိတော့မှ ဟို အစိုးရ အကြောင်းကို သတိရမိ သွားသည်။ သူတို့လည်း ဒီမိုကရေစီ နည်းကျကျ ရွေးချယ် တင်မြှောက်ကြပြီး အစိုးရ အဖွဲ့ကို ပြန်လည် တိုးချဲ့ ဖွဲ့စည်း လိုက်သည်ဟု ကြားရသည်။ CNN မှတော့ မဟုတ်ပါ။ အင်တာနက်ပေါ်ရှိ ဘလော့များမှ တဆင့် ဖတ်ရခြင်းပါ။ သို့သော်လည်း အိုဗားမား အစိုးရသစ်လို အလုပ်အကိုင် နေရာသစ် ၄ သန်းကျော် ဖန်တီးပေးဖို့ ခမျာများ အခက် အခဲ ရှိပုံ ပေါ်နေသည်။ ၀န်ကြီးနေရာ ၃ ခုသာ ဖန်တီး ပေးနိုင်သည်ဟု ဖတ်ရှုရ လေသည်။ သနားစဖွယ် ကောင်းလေစွ။

ဟို အစိုးရဆီမှာတော့ အောင်သာငယ်တို့ သူငယ်ချင်းတွေ အလုပ်မရသေးကြောင်း သွားပြော လို့ အကျိုး ထူးမည် မထင်။ သူတို့တောင် အစိုးရ အလုပ်ကလွဲ၍ အခြား အလုပ် မရှိလို့ ငတ်နေသဖြင့် တနေ့ ထမင်း ၃ နပ်ပဲ စားနိုင်ရှာသည် ဆိုလား သတင်း သဲ့သဲ့ ကြားရသည်။ ဟုတ် မဟုတ်တော့ မသိပါ။ အင်တာနက်ပေါ်မှာက ပြောချင်တာ ပြောလို့ ရနေကြသည် မဟုတ်လား။ သို့သော်လည်း အိုဗားမား ပြောသလို - ဘာလုပ်မည်၊ ညာလုပ်မည်၊ ဘာတွေ ညာတွေ စီစဉ်မည် - အစ ရှိသည်ဖြင့် ဟို အစိုးရ ထံမှ ပြောသံ ဆိုသံ မကြားရပါ။ ထို့ပြင်တ၀လည်း အိုဗားမားပြောသလို - အာဏာကို ဖက်တွယ်ထားတဲ့သူတွေ ခင်ဗျားတို့ကို ဘာ... ဘာ... ညာ... ညာ... လုပ်မယ် - အစ ရှိသည်လည်း ဟို အစိုးရက ပြောသည်ကို မကြားရ ပြန်ချေ။ - အာဏာကို ဖက်တွယ် ထားတဲ့သူတွေ ခင်ဗျားတို့ အာဏာကို ဖက်တွယ် ထားသမျှ၊ ကျုပ်တို့ အိမ်ပြန်လို့ မရဘူး။ ကျုပ်တို့ အိမ်ပြန်လို့ မရသမျှ ကျုပ်တို့ မိသားစုတွေ နိုင်ငံရပ်ခြားမှာ ကောင်းစား နေကြတော့မှာပဲ - အစ ရှိသည်ဖြင့် ပြောသံများ ကိုလည်း မကြားကြရပါပေ။ (မကြားရတဲ့ အကြောင်းလေး ပြောတာပါ၊ မကြားရတဲ့ အတူတူ ဘာမှ မကြားရတာက အားလုံး အတွက် ပိုကောင်းလေသလားလို့ပါ...း)

ဟို အစိုးရက ပြောသည်ကို ဘာမျှ မကြားရသော်လည်း ဟိုအစိုးရ၏ ဟိုလူနဲ့ ဟို အုပ်စု၏ ဟိုလူတို့... တယောက်နဲ့ တယောက် အပြန်အလှန် ဆဲရေးနေ... အဲ... အဲ.. ပြောဆိုနေ... သည်ကိုတော့ ဟိုမှာ သည်မှာ ကြားရ... အဲလေ... ဖတ်ရပါသည်။ စိတ်ဝင်စားဖွယ် ကောင်း လေစွ...။ အလုပ် ပြုတ်နေတုန်း အလုပ် မရှိသဖြင့် အားလျား နေသော အောင်သာငယ်တို့ သူငယ်ချင်း တစု အတွက်တော့ ဖတ်စရာများ ရချေပြီ။ ဗဟုသုတလည်း ရချေသည်။ ဝေါဟာရ အသစ်များလည်း တွေ့ကြရချေသည် ။ ဖတ်ရှုရသူ အားလုံး အတွက် အကျိုးအမြတ်ကား ကြီးမား များပြားလှချေသည် တကား။ အားလုံး ကိုယ်စား... ကျေးဇူးပါ...။ မောင်မင်းကြီးသားများ... ကျန်းမာ ချမ်းသာ ကြပါစေ... မေတ္တာ ပို့ရမည် မဟုတ်တုံလော...။

သို့သော်လည်း သူတပါး အကြောင်း လေဖောင်း ရုံမျှဖြင့် လူ မပီသသေး...။ သမုဒ္ဒရာ ၀မ်းတမိုင်အတွက် အသက် မသေနိုင်မချင်း ရှာဖွေကာ သွတ်သွင်း နေရဦးမည့် တလုပ်သော ထမင်း အတွက် ဟင်းတခွက် ချက်... အဲလေ... အလုပ် တခု... ရှာရပေ ဦးမည် တကား။ အလုပ် ရှာရသည်မှာကလည်း စီးပွား ပျက်ကပ် ဆိုက်နေသည့် အမှောင် တိုက်ကြီးထဲ မီးသွေးခဲ ရှာရသလို ဖြစ်နေ ချေသည်။ နီးစပ်ရာ သူငယ်ချင်းများကို အားကိုး မရနိုင်တော့သည့် သည်လို အချိန်မှာ အဝေးရောက် စင်ပြိုင် အစိုးရ... အဲ... အဲ... အဝေးမှ ညီအကို မောင်နှမ သူငယ်ချင်းများကိုသာ အားကိုး ရချေ တော့မည်။

သည်လိုနဲ့ အနီးဆုံးမှ ညီမအရင်း ခေါက်ခေါက်ကြီး ဖြစ်သော မိုးချိုသင်း ထံမှ လဘက် တထုပ် တောင်းစား ပြီးသည့်အခါ အဝေးဆုံးမှ သူငယ်ချင်း အရင်း ခေါက်ခေါက်ကြီး များထံ အလုပ် တောင်းစား... အဲ... အဲ.. အလုပ် တောင်းရန် စိတ်ကူး ပေါက်ခဲ့ပြီး သကာလ အရင်းနှီးဆုံး ညီအကိုတော် ရဲဘော်ကြီး ဦးဂင်ကြီး ထံ ချဉ်းကပ် ကြည့်ရာ - ကျနော်လည်း မနေ့ကပဲ Lay Off ထိသွားပြီ - ဆိုသည့် သူ့အသံက သေနတ်မှန်သလို နောက်လန် ကျသွားစေ ပါတော့သည်။ - ခုမှပဲ သတိရတော့တယ်... သည်နိုင်ငံထဲ ရှာနေလို့တော့ မဖြစ်ချေဘူး။ အားလုံးက အလုပ်ပြုတ် နေတာ ဆိုတော့ နိုင်ငံရပ်ခြားမှာ သွားရှာမှ... ဟ... - သူငယ်ချင်းတွေကို ပြောမိတော့ - ဟကောင်... ငကြောင်ရဲ့... ဒီနေရာကရော... နိုင်ငံရပ်ခြား... မဟုတ်လို့လား... လခွီး... - လို့ သူငယ်ချင်းတွေ ၀ိုင်းဆဲတာ ခံရတော့မှ - အေးလေ... ဟုတ်သား... - ဆိုပြီး ကမ္ဘာ့ အင်အား အကြီးဆုံး နိုင်ငံကြီးကို ခဏထားပြီး ကမ္ဘာ့ အင်အား မကြီးသော နိုင်ငံတွေဖက် လှည့်စဉ်းစားမိ လေသည်။

အနီးဆုံးက လင်းထက် ကို သွားသတိရသည်။ သည်ကောင်တော့ ဟိုး နှစ်သစ်ကူး ကတောင် ၂ သန်းကျော် အကုန်ခံပြီး ဂျာမဏီမှာ ပါတီ ပေးထားသည် ကြားရသည်။ သည်လိုနဲ့ ဂျီတော့ ဖွင့်ပြီး ရှာလိုက်သည့် ခဏ ကိုယ်ရောင် ကိုယ်ဝါ တောက်ပစွာနဲ့ အနီလုံး တလုံး တွေ့လိုက်ရ သည်။ - busy ချင်ယောင် ဆောင်ပြီး ကောင်မလေးတွေနဲ့ ဒင်း... လေဖြီးနေတာ... - ဟေ့ရောင်... - ဆိုတော့ - အကိုကြီး... နေကောင်းလား... ကျနော် မအားသေးဘူး... - ဆိုပဲ - အေး... အေး... ရတယ်... မင့်မိန်းမကို ငါ ခု ဖုန်းခေါ်ပြီး ပြောလိုက်မယ်... လင်းထက် မအား သေးဘူး ပြောတယ်လို့... - ဆိုမှ - ဟီး... ဟီး... - တဲ့ ။ သည်လိုနဲ့ အလုပ် အကြောင်း ပြောတော့ - ဟို... ဟိုလေ... ဂျာမဏီမှာ ပါတီပေးတဲ့ ၂ သန်းက... Credit Card နဲ့ သုံးထားတာ အကိုရ... ခု အနော်လည်း အလုပ် ပြုတ်လို့... ငုတ်တုတ်ထိုင်နေတာ... ကွန်ပြူတာ ရှေ့မှာ... - တဲ့... - တိန်... သေလို့ ရပြီ... - ဒါပဲ ပြောဖြစ်တော့သည်။

သည်လိုနဲ့ ဥရောပတကြောမှ ကိုသက်ဦး၊ ကိုအောင်၊ သစ်နက်ဆူး စတဲ့ ဘော်ဘော် အားလုံး သတင်းတွေ ကြားရတာ ရင်မော ရသည်။ အာရှတိုက် ပြန်လှည့်လိုက်ဦးမှ စဉ်းစားရင်း ကိုရီးယား၊ ဂျပန် ဘော်ဘော်တွေ အသံ နားထောင် လိုက်သည်။ ကမာနီလာ ဆို - အလုပ် မရှိလို့ ဂျပန်မှာ ဆူရှီတောင် ၀ယ်မစားနိုင်တော့ဘူး... - ဟု ညည်း လိုက်သည့် ဖြစ်ခြင်း၊ ခိုတွေတောင် နံမည် ပြောင်းသွားသည် ကမာနီလာ ဆိုပဲ။ သည်လိုနဲ့ ဂျပန်ကနေ သြစတြေးလျဖက် သွားကြည့်တော့ မကေ ကလည်း သူ့ဘိုးတော် တယောက်တည်း အလုပ် ရှိတော့သည်... သူ အလုပ် မရှိတော့လို့... ခုဆို တနှစ်ကို ဒေါ်လာ ၃ သိန်းကျော် ၀င်ငွေလျော့သွားကြောင်း ညည်းနေလေသည်။ အဲမှာတော့ အလုပ် မလွယ်ပြီ။ လက်စနဲ့ စလုံးကို ပြန်လှည့်လာကာ မပန် တယောက် ကတော့ အဆင်ပြေ မှာပါလို့ ယုံကြည်နေတုန်း - Bonus တွေ မရတော့ဘူး... လခလည်း လျှော့လိုက်ပြီး... ဟီး... ဟီး... - ဆိုလို့ ရီနေတာလား ထင်တာ။ ဘယ်... ငိုနေတာဗျာ...။ ဒါနဲ့ ကိုယ်ကပဲ သူ့ကို မုန့်ဝယ် ကျွေးခဲ့ရသည်။ အဲတော့မှ အငို တိတ်သွားတာဗျား... ကောင်းရော...။ ဒါနဲ့ စလုံးကနေ မ ဖက် ကူးခဲ့ပြီး ပထမံ မောင်ဖုန်း ကတော့ ပထမံဆြာ ဆိုတော့ အဆောင် ကောင်းတွေ ဘာတွေနဲ့ အစီအရင် ပြုပြီး အလုပ် ကောင်း လောက်ပါတယ်လို့ တွေးမိရင်း ကေအယ်လ်ဘက် ခြေချခဲ့သည်။ - အလုပ်ရှိဖို့ နေနေ သာသာ အကိုရာ... သည်မှာ... အော်ပရာစီနေလို့... တော်ရာ ဆီတွေမှာ... အိမ်တွင်း ပုန်း ကုလားမ လုပ်နေရတယ်... - လို့ စိတ် မသက်သာ စဖွယ် ကြားရပါ တော့သဗျား။

နောက်ဆုံးမတော့ ဒုံရင်းက ဒုံရင်း လာရာလမ်းဖက် ပြန်ရင်း ယ ပလက်ကိုပဲ ခြေပြန် နင်းရပါ တော့မည်။ ဟုတ်ပေပြီ... သူငယ်ချင်း အရင်း ခေါက်ခေါက်ကြီး ကိုဂျက်လီ ၀န်ကြီးချုပ် ဖြစ်နေတာပဲ... ခုမှ သတိရသည်။ ဟိုး တလောကပဲ ကိုယ့်ကို အသိ ပေးသွားသည်။ ဖုန်း ကောက်ဆက်ရင်း အလုပ်ပေးဖို့ ပြောမိသည်။ ၀န်ကြီးချုပ် ကား အတွက် ဒရိုင်ဘာ ရာထူးတော့ လွတ်သည် ဆိုပဲ။ - ဒါဆို လုပ်မယ်ဗျာ- ပြောတော့ - ဒရိုင်ဘာက ၀န်ကြီးချုပ်ကို ကိုယ့်ကားနဲ့ကိုယ် မောင်းပို့ရမည်- ဟု ဆိုလေသည်။ - ကျနော့်ကားက မီနီဗန်ကြီးဗျ... ၀န်ကြီးချုပ်နဲ့ မလိုက်ဘူး... - ဆိုတော့ - Hummer H2 အသစ် တစီး ၀ယ်ခဲ့... - ဟု မိန့်မှာလေသည်။ - အာ... အလုပ် မရှိလို့ အလုပ်သစ် ရှာပါတယ်ဆိုမှ... ဘယ်လိုလုပ် ကား အသစ် ၀ယ်နိုင်မှာလဲ... - ပြောမိသည့်အခါ - အလုပ် မရှိပေမယ့်... Credit Card တော့... ရှိတယ် ဟုတ်လား... အကြွေးဝယ်ခဲ့ ပြီးတာပဲ... ဒါလေးများ... ခက်ခက် ခဲခဲ လုပ်လို့ - ဟု သြ၀ါဒ ပေးလေသည်။ - ဟုတ်သားပဲ... ၀န်ကြီးချုပ်တို့များ... ပညာ ရှိလိုက်တာ... ဒါကြောင့်လည်း... ၀န်ကြီးချုပ် ဖြစ်ပေတာကိုး... -လို့ စဉ်းစားမိကြောင်းပါ။

သို့သော်လည်း ကိုယ့်ကား ကိုယ်စိုက် လှေထိုးလိုက်... အဲလေ... ဒရိုင်ဘာ လုပ်လိုက် မိလို့ကတော့ မဟေသီက ဓါးနဲ့ ထိုးမှာ မြင်ယောင်သေး။ စဉ်းစားရင်းတောင် ကျောချမ်းသည်။ ၀န်ကြီးချုပ် ဒရိုင်ဘာတော့ မလုပ်တော့ပြီ။ နေဦး ၀န်ကြီးချုပ်ထက် တာဝန် ပိုကြီးတာ တယောက် ရှိသေးတယ်။ ညီမ အရင်း ခေါက်ခေါက်ကြီး မတူး က အဲမှာ နာယက မဟုတ်လား။ အဘတို့လိုပဲ ကိုယ့်ဆွေမျိုးချင်း အလုပ် ရှာပေးမှာပါ။ သူ့ကို ချဉ်းကပ်ရမှာ။ ဟုတ်ပြီ... ကိုယ်ကလည်း ငယ်ငယ်တုန်းက လမ်းထိပ်မှာ ပေသီးတွေ ဗျောက်အိုးတွေ ဖောက်ခဲ့ဖူးတယ်၊ နောက်ပြီး သူငယ်ချင်းတွေ ရန်ဖြစ်ရင် ဟိုဖက် သည်ဖက်က အကြောင်းတွေ လျှောက်စုံစမ်းပြီး ကြားထဲကနေ ပွဲပိုဆူအောင် ရန်တိုက်ပေးခဲ့ဖူးတာ ဆိုတော့ သည်အရည်အချင်းနဲ့ဆို ဗမာပြည်က ဆီတိုင်ကီ... အဲ.. မှားလို့... CID လိုမျိုး... ၊ အမေရိကားက ဆီတွေအိုင်... အာ... မဟုတ်သေးပါဘူး... ဆီအိုင်တွေ ... အဲ.. CIA လိုမျိုး ကိုယ်နဲ့ သင့်တော်တယ်လေ။ ညွှန်မှူးချုပ်ကြီးချုပ်ပေါ့။ ဒါမှ မဟုတ် ၀န်ကြီး ရာထူး တောင်းရင် ကောင်းမလား...။ ကာကွယ်ရေး ၀န်ကြီးဆို ကိုယ်နဲ့ သင့်တော်မယ် ထင်တယ်လေ။ ဘာလို့ဆို ကိုယ်က ငယ်ငယ်တုန်းက လေသေနတ်နဲ့ ညောင်ပင်ကြီးကို ပစ်ခဲ့ဖူးတယ်လေ... ။
တချက် ထဲပါ... ဒါပေမယ့်... မထိဘူး... .... ။

ဒါနဲ့ နာယကကြီးကို ကိုယ့်ကို သင့်တော်ရာ ၀န်ကြီး တနေရာ ခန့်ထားဖို့ အလုပ်လျှောက် လိုက်တယ်။ E-mail ပို့တယ်၊ text message ရိုက်တယ်၊ fax ထိုးတယ်၊ Voice Mail လည်း ထားခဲ့တယ်။ Ground Mail လည်း ပို့တယ်။ ခိုတကောင်ကို ဖမ်းပြီးတော့လည်း ခြေထောက်မှာ စာတစောင် ချည်ပြီး လွှတ်ပေးလိုက်သေးတယ်။ ခိုက အနီး အနားက စေတီ တဆူဘက် ပျံသွားတာတော့ တွေ့လိုက်ပါရဲ့။ ဒါနဲ့ ပိုပြီး သေခြာသွားအောင် ချင်းမိုင်က Doi Suthep တောင်ပေါ်ကို တက်ပြီး Red Indian တွေလို မီးခိုးနဲ့လည်း အချက်ပြခဲ့ ပါသေးတယ်... ....

လျှောက်လွှာကို လက်ခံရရှိပြီဆိုရင်တော့ နာယကြီးရေ့... သိတယ်မဟုတ်လား... ဟဲ... ဟဲ...

(ဘာရယ် မဟုတ်ပါဘူးဗျာ... သူငယ်ချင်းတွေလည်း အလုပ်တွေ ပြုတ်နေကြတော့ စိတ်ညစ် နေကြမှာ စိုးတာနဲ့ ပျော်ရွှင် ရီမောရအောင် စာလေး တစောင် ရေးပေးတာပါ...။ ခဏတာ ဖြစ်ဖြစ် ရီမောဖြစ်ရင် ရေးရကျိုး နပ်ပါတယ်...။ နံမည် ပါတဲ့ သူငယ်ချင်းတွေရော နံမည် မပါတဲ့ သူငယ်ချင်းတွေရော စိတ်မဆိုးကြဘူးလို့ ယုံကြည်ပါတယ်...)

Tuesday, September 22, 2009

လျှောက်လွှာ လက်ခံခြင်း (၂၅)

အဖွဲ့ဝင်ဖြစ်ရန် အတွက် ကပ်ဖားယက်ဖားလုပ်ခြင်း

သတင်းခေါင်းစဉ် ( အဲ မှားလို့) သို့ ငပေါတို့ဂေဟာမှ သဘာငပိကြီးများ

ကျွန်တော် မောင်ဇွဲသူရ ထောင်သားအမှတ် (အဲ မှားပြန်ပြီ) အဖွဲ့ဝင်ဖြစ်ရန်အတွက် လျောက်လွာပုံစုံ လေး မရေးပေးလိုက်တဲ့အတွက် မရှိတဲ့အမှတ် ထဲက ၁ မှတ်နှတ်မယ်လို့ထင်ပါတယ်။ ဆက်လက်ပြီးတော့ တောင်းဆိုမှာက ကျွန်တော့်ကို အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုပေးပါရန် လေးစားစွာပန်ကြားအပ်ပါသည်ခင်ဗျား။ ကျွန်တော်ကတော့ မတောက်တခေါက် တတ်တာလေးကိုအသုံးချပြီး ပျော်စရာနေရာတွေကိုလျောက်ဝင်ကြည့်ခြင်းဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ သဘာငပိကြီးများအား ကျွန်တော့်အား အဖွဲ့ဝင်အဖြစ်အသိအမှတ်ပြုပါက အိမ်တိုင်ရာရောက် လာပြီးထမင်းစားမှာဖြစ်ပါတယ်ခင်ဗျာ။အားမနာပါနဲ့ ကျွန်တော်က 3 ပုဂံလောက် ပဲ စားတာပါ။ (မှတ်ချက် ဂေါ်ဇီလာ ၏သား စားသလောက် 3 ပုဂံ) နောက်ပြီး ကျွန်တော်က ပဲ သဘာပတိကြိးများကိုကျေးဇူးတင်လွာအနေနဲ့ ဖိတ်စာပို့လိုက်ပါမယ်။(မှတ်ချက် နာရေးဖိတ်စာ) ပို့လိုက်ပါမယ်။လက်ညောင်းတယ်ဗျာ တော်ပြီ လက်ခံချင်ခံမခံချင်နေ အဖွဲ့ဝင်ဖြစ်သွားပါက ကျေးဇူး ဂေါ်ဇီလာပါပဲဗျာ အဖွဲ့ဝင်ဖြစ်ခဲ့ပါက သဘာငပိကြီးများကို လက်ဖက်ရည်ဆိုင်ခေါ်ကာ ရေနွေးပူနဲ့ပက်ပါမည်


ကျေးဇူး ဂေါ်ဇီလာအဖိုး လောက်ပါ


ငပေါဖြစ်ချင်သူတစ်ဦး

Friday, May 1, 2009

လျှောက်လွှာ လက်ခံခြင်း ၂၄

အမည်                       -  mr myanmar
အသက်                     -  အင်္ဂလိပ်အတက် ဗမာအဆင်း ၊ ဂျပန်အ၀င် တရုတ်အထွက်၊ အိန္ဒိယအပြန် ထိုင်းအပြေး အချိန်တွင် မွေးဖွားခဲ့သောကြောင့် ယနေ့အထိ အမှန်မသိသေး (အသက် 3000ထောင် ဂုရုကြီးထက်တော့ တစ်နှစ်လောက်ငယ်မယ်ထင်တယ်)
လိင်                        -  ယောက်ျားပါဆို. (သူနော် ဟွန်း)
မှတ်ပုံတင်အမှတ်       - ISO 9000001
အဖအမည်               - ဦးအဏုမြူ
အမိအမည်               - ဒေါ်နျူကလီးယား
ပြုလုပ်ဖူးသည့်           -  မင်းတုန်းမင်းခေတ်တွင် ရံရွေတော်များအား ရေချိုးသန့်စင်ပေးခြင်း၊ အင်္ဂလိပ်ခေတ်တွင် ကုလားဖြူများအား ငါးပိရည်စားနည်းသင်တန်းပေးခြင်း၊
အလုပ်အကိုင်              - ဂျပန်ခေတ်တွင်.. ယင်းတို့၏ သေနတ်များအား ပဲကြီးလှော်ဖြင့် လဲလှယ်ရောင်းချပေးခြင်း နှင့် ယနေ့အချိန်တွင် သမ္မတ အိုဘားမားနှင့် ဗလာဒီမာရုစဗဲ့တို့၏ မွေးစားဖခင်ကြီးလုပ်ပေးခြင်း၊

ပညာအရည်အချင်း       -  အသုံးလုံး အစမှ အဆုံးတိုင် (အ၊ အု၊ အိ) (B.A. Tripple Ah)

ကျွမ်းကျင်မှု                -  မရှိသော အမှုများကို ရှာဖွေ၍၊ သေးငယ်သောအမှုများကို အဆမတန် ကြီးထွားလာစေကာ၊ ကြီးထွားလာသောအမှုများအား သောက်ပြဿနာမတက်တက်အောင် ဖန်တီးပေးနိုင်ပြီး၊ ပြဿနာတက်လာသော အမှုအား သေဒဏ်အထိ ကျေနပ်မှုရရန် ဆောင်ရွက်ပေးတတ်သည်။

တက်ရောက်ဖူး
သည့်သင်တန်းများ   -  အင်းစိန်ပြန် ဆရာကြီး ဒွာရငတက်ပြား၏ ဖောက်ထွင်းရေးသင်တန်း တောင်လုံးကျော် သိုင်းသမားကြီး၏ အတွင်းအား ပြောင်းပြန်ညှစ်ထုတ်နည်းသင်တန်း ကမ္ဘာကျော် စပိုင်ကြီး ဂျိမ်း စပြီး ပွန်း ၏ မိန်းကလေးများအား ချော့မြှူနည်းသင်တန်း စုံထောက်ကြီး ရှားလော့ဟုမ်းအလုန်း၏ ရွှံစက်ကိုကြည့်ရုံဖြင့် မည်သည့်အိုင်မှ ငါးပက်လာကြောင်းပြောနိုင်သည့် သင်တန်း
                                (ဟွန်း.. ဒါတောင် အကုန်မပြောရသေးဘူး)

ဝါသနာ                    -  မွှေရ.. ဖွရ.. သမရ.. ဆော်ရ.. တီးရ သမျှကို ၀ါသနာပါ၏

အဖွဲ့ဝင်လိုသည့်        -  ရိုးရိုးလေးပါ .. (မွှေချင်.. ဖွချင်.. သမချင်.. ဆော်ချင်.. တီးချင်လို့ပါခင်ည)
အကြောင်းအရာ

လိုချင်သည့်ရာထူး   -  ငပေါများဂေဟာ နိုင်ငံတကာ မီဒီယာတွင် အယ်ဒီတာဂျုပ်

လိုအပ်သည်များ      - (1)   အယ်ဒီတာဂျုပ်အား အကြောဆွဲပေးရန်၊ နှိပ်နယ်ပေးရန်၊ ကော်ဖီဖျော်တိုက်ရန်နှင့် ညဘက်ချမ်းလျှင် ထွေးပွေ့၍သိပ်ရန်၊ ပျင်းလျှင် အတူတူ ကဂျားပေးရန်၊ လက်လေ့ကျင့်ခန်းလုပ်လျှင် ကူညီလေ့ကျင့်ပေးရန် စက္ကတေရီ ချောချောလေး အယောက်နှစ်သိန်း (မိန်းကလေးဂျနော်..ပြီးတော့ အသက် 25 နှစ်မကျော်ရဘူး အိမ်ထောင်မရှိလည်း မရှိရဘူးနော်နော်နော်..)
                             (2)    အိုဘားမားစီးသောကား၊ မက်ဗီဒက်၏ လေယာဉ်ပျံနှင့် ဆာကိုဇီ၏ သင်္ဘောပေါင်းထားသည့် စီးတော်ယာဉ် (လောလောဆယ် နှစ်ခုပဲတောင်းဦးမယ်..ကျန်တာက နောက်မှ နောက်မှ )

ခန့်မှန်းလစာ             -  တစ်ဆွေလုံး တစ်မျိုးလုံး ချမ်းသာရုံလေးရရင် ကျေနပ်ပါပြီ..
မှတ်ချက်                - အခုလို ဂုဏ်သရေရှိ ပေါသော mr myanmarကို ဂေဟာမှ ကြိုဆိုပါတယ်။ ရာထူးနဲ့ လစာကတော့ အစည်းးဝေးခေါ်ယူကာ တွေ့ဆုံ တိုင်ပင် နှီးနှောရပါဦးမယ်။

Friday, March 6, 2009

လျှောက်လွှာလက်ခံခြင်း (23)

အမည် .. .. .. မှတ်ပုံတင်ထဲမှာတော့ ပေါညီညီလို့ရေးထားတာပဲ

အသက် .. .. .. သီပေါမင်းထက်ငယ်ပါတယ်

အိမ်ထောင် .. .. .. အိမ်က မိန်းမပြန် မေးကြည့်လိုက်ဦးမယ်

ပညာအရည်အချင်း .. .. .. good ,, gooder ,, goodest

လက်ရှိအလုပ်အကိုင် .. .. .. လေရှုလမ်းလျှောက်

လိပ်စာ .. .. .. ရေစိုလို့ပျက်သွားပြီ

ထင်ရှားသည့်အမှတ်အသား .. .. .. နှဖူးတည့်တည့်တွင် ဘောပန်နှင့်အစက်ချထား

ဝါတနှာ .. .. .. မေးခွန်းထဲမှာတင်အဖြေပါသွားပြီ

လိုချင်သည့်ရာထူး .. .. .. အာကာသဆိုင်ရာ ၀န်ကြီးဌာန (ရှိခဲ့လျှင်)

လစာ .. .. .. ဘီဂိတ် ထက်များရင် ကျေနပ်သည် (ဒါတောင်မှတော်တော်လျှော့ပြောထားတာ)

ကျွှမ်းကျင်သည့်ပညာ .. .. .. အာကာသယဉ်မောင်းနှင်ခြင်း (ဂိမ်းထဲမှာ)
အလုပ်ခန့်လျှင် ဂြိုလ်များသို့လိုက်ပို့မည်။ ( ယဉ်မတော်တဆဖြစ်ပါက အရေးပေါ်လေထီးဆောင်ထားရန် ..)

အားနည်းချက် .. .. .. လမ်းလျှောက်ရင် ဘယ်တစ်လှမ်း ညာတစ်လှမ်းဖြစ်နေခြင်း

ကိုယ်ရေးရာဇ၀င် .. .. .. မရေးရသေးဘူး

မှတ်ချက် - တကယ့် ဆရာ့ ဆရာကြီးတွေသာ ရှိသော ငပေါဂေဟာမှ ကြိုဆိုပါတယ်။
ငပေါဂေဟာသို့ ၀င်ချင်ရတဲ့ ရည်ရွယ်ချက်လေးကို ကော့မန့်တွင် ၀င်ရောက်ရေးသားပေးပါရန် ပေါညီညီ ခင်ဗျာ ရေးသားသော ရည်ရွယ်ကိုကြည့်၍ ဆုံးဖြတ်မှာ ဖြစ်လို့ပါ။ တစ်လကို အနည်းဆုံး ပေါပိုစ့် တစ်ပုဒ် ရေးသားရန် သဘောတူညီရပါမည်။


ပုံ/ သဘာပတိ၏ ပြောရေးဆိုခွင့်ရှိသူ
တကယ့် ငပေါထိပ်ခေါင်
ဆြာဂျယ်ဂေါင် (ကျယ်ခေါင် မဟုတ်ပါ) 

Tuesday, February 3, 2009

လျှောက်လွှာလက်ခံခြင်း (၂၂)

အကြောင်းအရာ။ ။ လျှောက်ထားခြင်း .. (သတိ။လျှောက်ပြန်သံပေးလုပ်ခြင်းမဟုတ်)

သဘာငတိကြီးနဲ့တကွ ငှက်ကထကြီး ၊ နာရာကကြီး ၊ ဂေဟာမှ ရှိရှိသမျှသော ဝံကြီးချုပ် ဝံကြီးများ ၊ အတင်းသူ အတင်းသားများ ခင်ဗျာ။ ကျွန်တော် အမောင် သောကြာသားမှ အသင်တို့၏ ရူးပေါဂိုဏ်းကြီး၏ ပေါဂုဏ်သတင်းကြီးသဖြင့် ငပေါများဂေဟာတွင် သမ္မတလုပ်ရန်လျှောက်ထားလိုက်ပါတယ်။ ကျွန်ုပ်၏လွန်စွာမှ ကြီးကျယ်မြင့်မြတ်၍ အဖွဲ့အသီးသီးမှမျှော်လင့်နေသော ချီးဘရိန်းကြီးအား အသင်တို့ဂေဟာအတွက်သာပေးအပ်လိုပါသည်။(ပေးတုန်းယူထား ချီးဘရိန်းနော်ရခဲတယ်)

သို့ပါသောကြောင့် ကျွန်ုပ် သောကြာသား အားယနေ့မှ စ၍ သင်တို့ ငပေါများဂေဟာမှ ပိုင်ဆိုင်သွားပြီ ဖြစ်ပါသည်။ (ယူယူ မယူယူ အတင်းပိုင်ခိုင်းတယ်။) ကျွန်ုပ်မှာ ဂေဟာ၏ သမ္မတကြီး ဖြစ်သည်နှင့် ဂေဟာ၏ ပျက်စီး ဆုတ်ယုတ်နေသော စီးပွားရေးကြီး နလံထူစေရန် ဂေဟာဘဏ္ဍာမှ ၂ ကျပ် ၆ ပြား ကို ဂေဟာမှ အဖွဲ့ဝင် အားလုံးနှင့် ၁လ ကြာ အစည်းအဝေးပြုလုပ်ပြီး ထောက်ပံ့ပေးမည်။ ပေါဂေဟာမှ ထုတ်လုပ်လျှက်ရှိသော ပေါစတားဂျစ်၏ ထုတ်လုပ်မှုများ ရပ်ဆိုင်မသွားစေရန် ၁ ကျပ် ၂၀ ပြား ထောက်ပံ့ကာ စရိတ်သက်ကာစေရန် ပေါတွန်းလှည်းများ ထုတ်လုပ်နိုင်ရန် လွဲညွှန်ပေးသွားမည်။

ဂေဟာမှ အမျိုးသမီးအဖွဲ့ဝင်များအလွန်အားကျကာအတုယူလိုသော သဘာငတိနှင့်တွေ့ဆုံမည်ဆိုသည့် ကုလသမ္မဂ ကိုယ်စားလှယ် မန်ဒါလီ၏ အသားအရေထိန်းသိမ်းမှု လှို့ဝှက်ချက်ကို မသိမသာကပ်ဒိုးလေး မေးပေးပါမည်။ ရူးပေါဂိုဏ်းမှ စစ်ခင်းလျက်ရှိသော လူတည်ဂိုဏ်းဂေဟာစစ်မြေပြင်သို့ လူသားချင်း စာနာထောက်ထားသောအားဖြင့် ဂျော်တကီးများနှင့်သာ အစားထိုး စစ်ခင်းသွားမည်ဖြစ်သည်။ ဖမ်းဆီးခံထားရသော ရူးပေါဂိုဏ်းသားများ လွတ်မြောက်ရေးအတွက် လူတည်ဂိုဏ်းမှ အလိုရှိသော ဂျော်ကယ်များနှင့် အလဲအလှယ် ပြုလုပ်ပေးမည်။ လူမှုရေး အနေဖြင့် အီသီယိုးပီးယားနိုင်ငံမှ အစာရေစာ ပျက်လပ်နေသော ကလေးငယ်များအတွက် အစာစားချင်စိတ်ကိုဖြစ်စေသော Appeton အားဆေးများ လှူတန်းတိုက်ကျွေးမည် ဖြစ်သည်။ ဂေဟာတွင် မီးမပြတ်စေရေးနှင့် အဆင့်မြင့်လက်နက်များ ပိုင်ဆိုင်ရေး အတွက် ဖယောင်းချက်စက်ရုံ တစ်ခုတည်ဆောက် အကောင်ထည်ဖေါ်သွားမည် ဖြစ်ကြောင်း အစီအစဉ်များနှင့်တကွ လျှောက်ထားလိုက်ပါသည်။

စာကြွင်း ။ ။ သမ္မတကြီးခန့်အပ်ခဲ့လျှင် အမေရိကန် သမ္မတ အိုဘမ ထက်မနိမ့်စေဘဲ ပေါစတားဂျစ်ဝမ်း (PaulStarJeep-1) ကိုအောက်ပါအရည်အချင်းများ ပါအောင်တပ်ဆင်ပေးပါရန်။

၁။ လုပ်ကြံသူများရန်မှကင်းဝေးရန် လောက်လေးခွ ဒါဏ်ခံ မှန်။
၂။ ကြက်ဆူဆီဖြင့်လည်ပတ်နိုင်သော အင်ဂျင်။
၃။ သမ္မတကြီးအလုပ်လုပ်နိုင်ရန် အသင့်ပါရှိသော ကျောက်သင်ပုန်းငယ် နှင့် ကျောက်တံ။
၎။ ဂေဟာနှင့် အမြဲဆက်သွယ်နိုင်ရန်အတွက် နို့ဆီဘူးကြိုးတပ် ဟုန်းဖုန်းတစ်လုံး။
တို့ကို တပ်ဆင်ပေးပါရန်တောင်းဆိုအပ်ပါသည်။

လူကြီးမြင်းများ လိုအပ်သည်များ မှာစားကြပါ။

ပုံ/
အခွင့်ရ
အတွင်းရေးမှူး-၂ လိန်လိန် (ငပေါများဂေဟာ)

Friday, January 23, 2009

လျှောက်လွှာလက်ခံခြင်း (၂၁)

သို့
ငပေါဂေဟာမှ လူကြီးမင်းအပေါင်းရှင့်

ကျွန်မ မBlack မဟုတ်သော မWhite သည် ပေါရာထူး တစ်နေရာ လိုချင်ပါသောကြောင့် လျှောက်ထားရပါတယ်။ (ဘလက်ကန်ဝှိုက်က ဝှိုက်လားဟင်)
လိုချင်တဲ့ ရာထူးကတော့ ရှေ့နေပါ ရှေ့နေနော် နောက်နေမဟုတ်ဘူး ရှေ့မှာပဲနေမှာ အရပ်ပုလို့ မဟုတ်ရင်ဘာမှမမြင်ရဘူးရယ်။ နောက်မှာထားမယ်ဆိုရင်တော့ ပေါနေကြသူများကိုကြည့်ဖို့ ခုံတစ်လုံးတော့ ပေးရမယ် ခုံပေါ်တက်ကြည့်မှ မြင်မှာမို့ပါ။ (ဒါဆိုလည်းနောက်နေပဲလုပ်တော့ ဂုန်းပိုးပေးထားမယ်။ ခုံတော့ပေးဘူး။ ဈေးကြီးတယ်။)
လက်ရှိအလုပ်အကိုင်ကတော့ မြှားနတ်မယ်ဖြစ်ပါတယ်။ (မြှားတစ်ချောင်းလောက် ပေးစမ်းပါ။ ကိုယ့်ဟာကိုယ် ပြန်ပစ်မလို့ ညည်းက လက်မှ မမှန်ပဲနဲ့။ တစ်ခါမှ ထိဘူး။ ဟွန်း)
မြှားနတ်မယ် အလုပ်ကောင်းမှုကြောင့် သမီးရည်းစား ချစ်သူနှစ်ဦးမှာ ချစ်သူအဖြစ်မှ အပြီးအပိုင် ရပ်စဲလိုက်ပြီး
ညားခါစ လင်မယားလည်း ကွဲသွားပါတယ်။ (ဒီလောက်ဆို မဆိုးဘူး ချက်ချင်းခန့်လိုက်တော့။ ဇင်း သမားပီသတယ်။ ဟိဟိ)
ထို့သို့ .. ထိုသို့...စွမ်းဆောင်မှု့တွေမြင့်မားနေသောကြောင့် ငပေါဂေဟာတွင် လာရောက် လျှောက်ထားရခြင်း ဖြစ်ပါတယ်။ အသက်ကတော့ 20 ကျော် 5 နှစ်ပတ်လည်ပါ။ တော်တော်လေး ငယ်ပါသေးတယ်။ (ငယ်တော့ပါဘူး။)
ရှေ့နေအလုပ်ကိုတော့ သေချာလုပ်ကိုင်နိုင်ပါတယ်။ (ဟုတ်လို့လား)
ဥပဒေ တက္ကသိုလ်ကို အရိုးဆွေးဆွေး၊ လူဆွေးဆွေး၊ ကျောင်းဆွေးဆွေး တက်နေတာမို့ပါ။ (အသည်းကော မဆွေးခဲ့ဘူးလားဟင်)
လခကိုတော့ ရိုးရိုး $ နဲ့ပဲရချင်ပါတယ်။ (ရှယ် ကျပ်ငွေနဲ့ပဲယူပါ။)
အလုပ်ချိန်ကိုတော့ တက်ချင်တဲ့ အချိန်တက်ပါ့မယ်။ (ဒါမှ ဂိုဏ်းသားပီသမှာ။ ရုံးမှန်ရင် အလုပ်ဖြုတ်တယ်။)
အားလုံးပဲ သဘောတူထောင်ခံ ပေးကြမယ် လို့မျှော်လင့်မိပါတယ်။ (ထောင်တင်မဟုတ်ဘူး။ သောင်းပါခံတယ်။)
သဘောတူလျှင် အမိန့်ချမှတ် ပေးပါရန်။ (အလုပ်မဲ့နှင့် ရာသက်ပန် လခစားခွင့်။)

လေးစားစွားဖြင့်
ဝှိုက်ဝှိုက်

အက်စ်တူး လိုအပ်သည်များ အနီရောင်ဖြင့် ဖြည့်စွက်မှာကြားပြီး ထောက်ခံလိုက်သည်။

Tuesday, January 13, 2009

လျှောက်လွှာလက်ခံခြင်း (၂၀)

ဟလို.... ဟိုလာ တက်စ်စီ 1-2-၃ ကြားလား ကြောင်လား
ကြားချင်ကြား မကြားချင်နေ မြင်အောင်ကြည့် တွေ့အောင်ရှာ။
ရိုသေ ငါးစားရပါသော ဘာမသိ ညာမသိ အ၀ှာငြိတဲ့ သဘာငတိခင်ဗျား ကျနော်ကတော့ လူတကာကို ကလိတဲ့ ရဲလေးအာဇာရော်နယ်ဗေဗေမောင်ကြောင်မျိုး ဖြစ်ပါတယ်။

ယ မှာ အမှိုက်ကောက်တဲ့ အလုပ်က အောက်ဆိုဒ်မရှိတော့ အဆင်ပြေလို ပြေငြား အချိန်တိုအတွင်း ထိုးဖောက်ပေါ နိုင်လွန်းသော ငပေါများဂေဟာမှာ ညစောင့်အလုပ်လေးများ ရမလားလို့ ဆင်စားနေတုန်း မိုက်ဖော် မိုက်ဖက် ရွာတောင်ပိုင်းမှာ ကြက်ခိုးစားတုန်းက သူငယ်ဂျိုးကြီး ၁လိန်၂လိန် လိန်ချင်တာ လိန်က ကျန်းမာရေးဝံကြီးနေရာ လွတ်နေတယ်ဆိုတော့ အပြေးအလွှား လုံချည်မပါပဲ ရောက်လာခြင်းဖြစ်ပါတယ်။ ကျနော် ဆြာဝန်လုပ်ဖူးတယ်ခင်ဗျ။ လုပ်ရည်ကိုင်ရည်လည်းရှိပါတယ် လုပ်သက်ကတော့ မနေ့က ၁ ရက်ပြည့်တယ်။ ဦးသာဂိကြီး ပုရွတ်ဆိတ်ကိုက်တုန်းက အဆိပ်ပျံ့ပြီး အသက်ဆုံးရှုံးမှာ စိုးတာကြောင့် ခြေတောက်ကို ပေါက်တူးနဲ့ တစ်ခါတည်း ဖြတ်ပစ်လိုက်တာ ကျေးဇူးတင်လွန်းလို့တဲ့ဗျာ သူ့အမျိုးတွေ ဓားမတွေ နဲ့ အိမ်ထဲကို လက်ဆောင်လာပစ်ပေးတာ။ အိမ်ကကြောင်မကြီး သားကျတော့လည်း ၄ ကောင်ပဲမွေးလို့ ဗိုက်ကို အတင်းညှစ်ချပစ်လိုက်တာ နောက်ထပ်တစ်ကောင် "ပလွတ်" ထွက်လာတာ ပြီးတာနဲ့ ကြောင်မကြီးလဲ ကြောင်ရွာစံသွားတယ်။ အင်းး သေခြင်းတရားက ဘယ်သူရှောင်လို့ရမှာတဲ့လဲ နှစ်ရာနဲ့ဖြေပေါ့။ ဒါတွေက သိအောင်ပြောပြတာပါ ကြွားတယ်လို့တော့မထင်လိုက်ပါနဲ့ လူကြားထဲရောက် ပန်း (လေ) တက်တဲ့ အကျင့်ပါနေလို့ပါ သဘာငတိခင်ဗျာ။

ကျနော်ဖော်ထားတဲ့ဆေးတွေနဲ့ ကုသနည်း တွေလည်းရှိပါသေးတယ်။

1 .၀မ်းကိုက် ၀မ်းလျှော ရောဂါ ဖြစ်လျှင် ကုတ်ကိုသီးနဲ့ ချဉ်ပေါင်ကြော်စား
2. ငါးရိုးဆူးလျှင် လည်ချောင်းကို ဓားမြှောင်နဲ့ကလော်ထုတ်
3 .ခေါင်းမူးလျှင် အရက်သောက်
4 .လက်နာလျှင် ခုတ်ဖြတ်
5. မျက်စိနာလျှင် ဖောက်ထုတ်
ဒါ့အပြင် ဂိုဏ်းကြီးရှိ သဘာငတိနှင့်တစ်ကွ ဂိုဏ်သားများ အားလုံးရဲ့ ကျန်းမာရေးကို ကျနော် ဒေါက်တိုကြောင်ကြောင်မှ စွမ်းစွမ်းတမံ စောင့်ရှောက်သွားမည်ဖြစ်ကြောင် ဇီးဖျော်ရည်သောက်ပြီး သစ္စာကို အနမ်းပေးပါတယ် ။

ဒီလောက် ပညာအရေးချင်းနဲ့ဆို အလုပ်ရနိုင်မယ်လို့ထင်ပါတယ် (ပေးမှာလား မပေးဘူးလား မပေးရင်တွေ့မယ် ရွာထိပ်က ထန်းတောမှာ)။ အလုပ်ခန့်ရင် ပျက်ရက်မပါ တစ်လမှာ ခွင့် ၂၉ ရက်လိုချင်ပါတယ် အကြောင်းမှာ ဒီဝင်ငွေနဲ့ မလောက်ရင် အပြင်ဆေးခန်းထိုင်ရမှာမို့ပါ ။ ဂိုဏ်းကြီးမှ ချမှတ်သော စည်းကမ်းချက်များကို တစ်သွေမတိမ်း ဖယ်ရှောင်သွားမှာဖြစ်ပြီး ရန်ပုံငွေများ ခွဲဝေလျှင်လည်း အညီမျှ လိုချင်ပါသည် ။စည်းဝေးပွဲများကို အဝေးရောက် တက်ရောက်မည်ဖြစ်ပြီး လူနာကျလွန်းလျှင် အိပ်ချင်ယောင်ဆောင်သွားမှာ ဖြစ်ကြောင်း ။ အမျိုးသား၊ သက်ကြီးရွယ်အို နှင့် ခလေးသူငယ်များကို လက်ထောက်များနှင့် လွှဲပြီး ခပ်ငယ်ငယ်ချောချော အမျိုးသမီးများအား မည်သည့်ရောဂါမဆို ကိုယ်တိုင်ကုသပေးမည်။ ယခု လျှောက်လွှာအား ပယ်ချလျှင် အသရည်ဖျက်မှူဖြင့် တရားစွဲဆို လျော်ကြေးတောင်းသွားမည် ဖြစ်ကြောင်း ပြောကြားရင်း ချုပ်ပါတယ် နိဂုံး ။

အမည်........ အပေါ်မှာ ပြောပြထားပြီးပြီး နှစ်ခါမပြောဘူး အာညောင်းလို့
အသက်.......... ရှူး တိုးတိုး သေမင်းကြားရင် လာခေါ်နေလိမ့်မယ်
နေရပ်.............. လာချင်ရင် အနီးလေးအထပ်ထပ် မခေါ်ပါခင်ဗျား (သိသွားမှာကြောက်လို့)
ပညာအရည်အချင်း.... PHc> MBBS> တံတားဆောက်လုပ်ရေး

မှ/
ကျန်းမာရေးဝံကြီးအဖြစ်လျှာထားခံထားရသော
ပရော်ဆော်ဖာ ဒေါက်တို -ချောင်ထိုး

ထောက်ခံပါ၏။ လုံးဝကြီးကိုထောက်ခံပါ၏။ မထောက်ခံတဲ့သူ ဓားမနဲ့ လိုက်ခုတ်မယ်။ ပြီးမှ သူ့ကိုကုခိုင်းလိုက်မယ်။ ဒါဗြဲ။
ပုံ။
တွင်းဆွဲ-၂

Sunday, January 11, 2009

လျှောက်လွှာလက်ခံခြင်း (၁၉)

အဟမ်း....အဟမ်း...ဟလို တက်စီ...ကြားလား...ကြောင်လား...
.အဲ(ဟုတ်ပါဘူး) လေးစားရပါသော သဘာပတိ နှင် အုကိထ တို့ ခင်ဗျား...
အနော်က တော့ ရာစုသစ်လူငယ်လေး ဒဒိုးပါ(သတိုး)....လူတစ်ကာ မျက်မှန်းတန်းမိယုံ နှင့် ဒီကောင်တော်တော်ပေါတာဘဲ ဟု မှတ်ချက်များနှင့် ပြည့်စုံသော ဘရက်ပစ် ဒဒိုးပါ...ရုပ်ခံကောင်းတာကိုး... :P
အခု လို လူကျီးမင်းတို့ထံ လျှောက်လွှာတင်ဖို့ အတွက် စာရွက်၊ဘောပင် များကို အနော် သူငယ်ချင်းများထံမှ အလစ်သုတ် ခိုးယူ၊ရေးပြီး တင်ပြအပ်ပါသည်။
ယခင် အနော် စိုက်ပျိုးရေးများကို ဇော်ချလုပ်ခဲ့ဖူးပါတယ်.....ဥပမာ ခွေးလယားသီးပင်...ခွေးသေးပန်းပင်များနှင့် ပုတ်အံ့နံ့ ထွက်သော အပင်မှန်သမျှ စိုက်ပျိုးပြီး နာမည်ကြီး လာတာပါ...

ကြီး မြန် သစ်ပင် စိုက်ပျိုးလျှင်
စီးပွားလည်း ရ လူလည်းဝ..... (အဲဟုတ်ပေါင်)...အဲလို နည်းတွေနဲ့ စိုက်ပျိုးရေးကို အခြေခံပြီး ကြီးပွားရေးကို သာ ဦးတည်ခဲ့ပါတယ်...
အခုလို လျှောက်လွှာတင်ရ ခြင်း အကြောင်းအရင်းကလည်း ငပေါဂေဟာ မိတင်တို့ ပွဲမှာ လေလည်လေ့ ရှိပါတယ်တဲ့....(အဒူပြောလည်း ပြောပြဘူး) ဒါကြောင့် အနော်တတ်စွမ်းတဲ့ ပညာနဲ့  တစ်ခန်းလုံးကို စိုက်ပျိုးရေးအပင်များ(ခွေးလယားသီးပင်၊ခွေးသေးပန်းပင်)နဲ့  ကာရံထားလျှင် နောက်ဆို အီလို အဖြစ်ပျက်မျိုး မဖြစ်နိုင်တော့ပါဘူး ဟု တာဝန်ယူပါတယ်.....
ဂေဟာဧ။် မွေးနေ့ ပွဲများ....မိတင်များ....ဈာပနာများ(အဲ ချောတီး)အားလုံးအားလုံးအတွက် အစဉ်မပြတ် ပန်းစည်း ပန်းခွေများ ပို့ ပေးနေပါမယ်။

နာမည်..ဘရက်ပစ် ဒဒိုး(သတိုး)
ပေါချက်....ပါရမီနှင့် ရုပ်ခံကြောင့် ပေါလာသူ
လိုချင်သော နေရာ......အီကဲ့သို့ စိုက်ပျိုးပညာ ( အခြေအနေကောင်းလျှင် ဂေဟာအတွက် ပန်းခိုးရောင်းကျွေးမယ့်သူ)များကြွယ်ဝစွာလုပ်ကိုင်နိုင်သဖြင့် စိုက်ပျိုးရေးဝန်ကြီး ခန့် အပ်စေချင်လို့ပါသည်..အဟိ
အီလျှောက်လွှာနှင့် အတူ ကျနော်ဧ။် စိုက်ပျိုးလက်ရာ ခွေးသေးပန်းပင်များ၊ခွေးလယားသီးပင်များ အား လူကြီးမင်းတို့ စမ်းသပ်ကြည့်ရှု နိုင်ရန် တပါးတည်း ပေးပို့ အပ်ပါသည်....

ပုံ / ဘရက်ပစ် ဒဒိုး (လျှောက်လွှာတင်သူ)

ထောက်ခံပါ၏ မထောက်ခံသူများ အကြောင်းပြချက်ဖြင့် အဆိုတင်သွင်းကြပါ။ မထောက်ခံသူများ တစွန်းတစကြား နေရပါသဖြင့်။ :)
အမိန့်အရ ။ ။ အတွင်းရေးမှူး-၂

Saturday, January 10, 2009

လျှောက်လွှာလက်ခံခြင်း (၁၈)

သို့
နာယကဂျီး

အကြောင်းအရာ။ ။ ဟိုနေ့ကပြောတဲ့ကိစ္စ။

ကျနော့်ကို ၁ နေရာ ပေးပါ။ လိုချင်တဲ့နေရာက ဝန်ကြီးချုပ်။ တကယ်လိုချင်တာက လည်ရာ ပြန်စားရေးဝန်ကြီး ဌာန။ ဒါပေမယ့် သူများ ဦးသွားပြီ။

အဲဒါမရတော့လည်း ကျန်တာ ရွေးယူမယ်လေ။ လစာ ငါးထောင့်ငါးရာ ရနိုင်မယ်လို့ မျှော်မှန်းပါတယ်။ ဘာကြောင့်လဲ ဆိုတော့ "တောင်ကျရေ နွားနှစ်ကောင် မဝ သလိုပ၊ မောင်ဘဖေ ငါးထောင် မရတာကြောင့်" ဆိုတဲ့ ကဗျာလည်း ရှိတယ်မဟုတ်လား။ ဟိုတုန်းက ၀န်ကြီးတွေက ငါးထောင် ရတဲ့သဘော။ ၀န်ကြီးချုပ်ဆိုတော့ သူတို့ထက် ငါးရာ ပိုရသင့်ပေတာပေါ့။

ဝန်ကြီးချုပ်က ဘာတွေလုပ်ရတယ် ဆိုတာတော့ ကျနော်လည်း မသိ။ သိလည်း မသိချင်ဘူး။ တချို့က အဲဒီနေရာအတွက် အသည်းအသန်ဖြစ်နေတယ် ဆိုတော့ အင်မတန် အိုကေမယ့် ရာထူး ဖြစ်လိမ့်မယ် လို့တော့ ထင်တယ်။ ကြုံတုန်း ယူထားတာ ဆိုပါစို့။

ဒီအလုပ်ရရင် ကိုယ့် ရှေ့ရေးအတွက် အထောက်အကူဖြစ်တယ်။ အလုပ်တခုခု လျှောက်တဲ့အခါ ကိုယ်ရေးရာဇ၀င်မှာ ဖြည့်စရာအကြောင်းအရာ တခု ရမယ်လေ။

ပြည်ပမှာ စင်ပြိုင်အစိုးရသစ် ပေါ်တော့မယ်လို့ ကြားတယ်။ ဘာရယ်လို့မဟုတ်ဘူး၊ ကျနော်လည်း နေရာတခုခု ရချင်တယ်။ ဒါပေမယ့် အဲဒီမှာ ၀င်အရွေးခံဖို့ ကျနော့်မှာ အခွင့်အရေး ရှိမယ် မထင်။ ၀မ်းနည်းစရာပဲ။ ဒါကြောင့်လည်း အခွင့်သာတဲ့အခါ ရတဲ့နေရာတခုခု ယူမယ်လို့ ဆုံးဖြတ်လိုက်ရတာပါ။

ဒါပါပဲ၊ နောက်နေ့ တွေ့တာပေါ့။

ကြိုတင်ကျေးဇူးတင်လျက်

မစ္စတာဇက်

မှတ်ချက် - တကယ့် ဆရာ့ ဆရာကြီးတွေသာ ရှိသော ငပေါဂေဟာမှ ကြိုဆိုပါတယ်။ ထောက်ခံပါသည်။ ထောက်ခံပါသည်။ တကယ့် ငပေါထိပ်ခေါင် ဆြာဂျယ်ဂေါင် (ကျယ်ခေါင် မဟုတ်ပါ)

Thursday, January 8, 2009

လျှောက်လွှာလက်ခံခြင်း (၁၇)

ကျွန်မ(အဲ ဟုတ်ဘူး)မိဖုရားလေး၊ ကေလာမမ ဖြစ်ပါသည်၊ ပထမတော့ အလည်လာတာပါ။ ဒုတိယကျတော့ နည်းနည်းစိတ်ပါလာတာပါ။ တတိယကျတော့ သောင်ပြင်မှာ ဦးတည်ရာမရှိ လျှောက်လမ်းသလားနေတဲ့ တစ်ကောင်တည်း ဒါပေမယ့် လိပ်လိုဖြစ်နေတဲ့ အတင်းကြီးရဲ့တစ်ဦးတည်းသော အဖွဲဝင် အသင်းသား-ကောလာလို နောက်တစ်နေရာလောက် ပူးတွဲ ခံစားခွင့်များရလို ရငြား ပလာစတာမပါ အကပ်မပါ၊ ဆီပုံးမပါ၊ မုန့်ပုံးမပါ၊ ပွဲစားမပါ ဘဲ ရိုးသားစွာ လျှောက်ထားအပ်ပါသည်။

အကယ်လို့ အပြောကောင်း၊ အပေါကောင်း၊ အပေးကောင်းလို့( တိုက်-ကား-ဘာညာ ပြောပါတယ်) ပတ်သက်ရာ ပတ်သက်ကြောင်း မျက်နှာဖျက်စရာ အချက်များနှင့် ပြည့်စုံပြီး၊ ဂွင်တစ်ခု မိပြီးဟု သတ်မှတ်ပြီး ခန့်မည်ဆိုပါက သက်တောင့်သက်သာ ဝေစား-မျှစား စနစ်ကြီးဖြင့် ဆွေစဉ် ၁၅ ဆက်-ခိုးစဉ် ၁၅ ဆက်ထက်မကသော် လူထုကြီး အကျိုးကို မျှော်ခိုးပြီးအတင်းကြီး၏ ပေါချက်များကို ဦးဆွေး(ဂတုံးဖြစ်တိအထိ) (သွားတုတပ်ရသည့်ထိ) တာဝန် ထမ်းရှောင် သွားမည်ဖြစ်ပါကြောင်း မိဖုရားလေး ကေလာမမ ၏ အရည်အချင်းများမှာ အထက်ဖော်ပြထားသည့်အပြင် အောက်ပါအတိုင်းဖြစ်ပါသည်။

အမည်
- ကေလာမမ
နစ် နိမ်း-(cross name) -ကေလာမမ (စာရေးရင်တော့ ကျွန်မ-ကျွန်မ( ကျွန်မလို ကိုယ့်ကိုကိုယ် နှိမ်ချပြောဆိုလိုခြင်း အရှင်းမရှိတဲ့အတွက်-မိဖုရားလေး)လို့ ဘယ်သူမှ မပေးသော် ရာထူးကို ကိုယ်ဘာသာ ကိုယ် ယူထားကြောင်းပါ)
အသက်-လူ့သက်တမ်း ၂ ပြန်ကျော်
လိုချင်သော်နေရာ-ခေါင်းဝင်ကိုယ်ဆန့်-သက်တောင့်သက်သာ(ဆပ်ပြာ-မဟုတ်ပါ)ပေါ့ပေါ့ပါးပါးတစ်နေရာ
လုပ်သက်-ပထမဦးဆုံးအကြိမ် ဤကဲ့သို့ပေါလိုခြင်း
ကျေးဇူးအထူးတင်ရှိပါကြောင်း
ကေလာမမ

မှတ်ချက်- သဘာပတိမှ စိတ်ဝင်စားစရာ အချက်တွေ့ရှိပါသဖြင့် ထောက်ခံလိုက်သည်။

Monday, December 29, 2008

လျှောက်လွှာလက်ခံခြင်း (၁၆)

ငပေါများဂေဟာသို့ ရာထူးလျှောက်လွှာ တင်သွင်းခြင်း

အမည် ။ ။ ပေါသူ (မှတ်ချက် - စိုးသူ နဲ့ ကျော်သူ ၁၆ နှစ်သားတုန်းက ရောမွှေထားတဲ့ ရုပ်ပိုင်ရှင်။ မြင်သူတကာ လန့်သွားမှာစိုးလို့ ဓာတ်ပုံတော့ မပြတော့ပါ)

အသက် ။ ။ ၁၀၀၁ နှစ် (ဒါတောင် သက္ကရာဇ်ဖြိုထားတာ)

အိမ်ထောင် ရှိ - မရှိ ။ ။ လူပျိုနုနုထွတ်ထွတ်လေးပါ ခင်ဗျ။ မိန်းမ ၆ ယောက်ပဲ ရဖူးပါသေးတယ်။

လူမျိုး ။ ။ လူမျိုး လူနွယ်ပါပဲ (ကချင်၊ ကယား၊ ကရင်၊ ချင်း၊ တရုတ်၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကုလား - အကုန်စပ်ပါတယ်)

လျှောက်ထားလိုသည့် ရာထူး ။ ။ ယဉ်ကျေးမှုဝန်ကြီး (ငပေါဂေဟာရှိ အဖွဲ့ဝင်အားလုံး တီးချင်ရာတီး၊ ဆိုချင်ရာဆို လုပ်နိုင်ဖို့ ကျနော်လိုလူတယောက်ရှိမှ ဖြစ်ပါလိမ့်မယ်။ စတိတ်ရှိုးပါမစ်တွေ ချပေးမယ်။ ငပေါအဖွဲ့ကို ကြည်ချင်တဲ့ ရှိုးကြည့်နိုင်ဖို့ လက်မှတ်တွေ အလကားပေးမယ်။ ဆိုကရေးတီးပြိုင်ပွဲမှာ ရော့ခ်သီချင်းထဲ ငပေါဦးတည်ချက်တွေ ဝင်အောင်ရေးနိုင်တဲ့သူကို ဆုချမယ်။ သီချင်းကြီးနဲ့ ဟဲဗီးမက်တယ် ရီမစ် လုပ်မယ်။ ပေါလို့ရတာ အကုန်ပေါမယ်။ သဘာပတိကြီးကို ဇီးသီးထုတ်ပေးမယ်)

ငပေါအတွေ့အကြုံ ။ ။ အမေ့ဗိုက်ထဲက ထွက်လာကတည်းက အူဝဲလို့ အော်ရမယ့်အစား အူပေါ လို့ အော်ခဲ့တာ။ အဲဒါကြောင့် အိမ်သာကျော်ဇင်က အူဝဲဆိုတဲ့နာမည် ယူခွင့်ရသွားတာလေ။ ဒါကြောင့် မွေးကတည်းက ပေါခဲ့သူဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုယ် ထောက်ခံပါတယ်။

ငပေါဂေဟာသို့ လျှောက်ထားလိုခြင်း အကြောင်းရင်း ။ ။ ကျနော် မောင်ပေါသူသည် ဤကမ္ဘာမြေပေါ်၌ ကျနော့်လောက်ပေါနိုင်သည့်သူ မရှိဟု ကိုယ့်ကိုယ်ကိုယ် ထင်တလုံးနှင့် နေနေစဉ် တနေ့ ငပေါဂေဟာသို့ မျက်စိလည်လမ်းမှား ရောက်ရှိခဲ့ရာ ကျနော့်ထက် အဆပေါင်းများစွာ ပေါနိုင်သော လူကြီးမင်းများကို တွေ့လိုက်ရသဖြင့် ရုတ်တရက် ပါးစပ်မှသွားရည်များ စီးကျသည်ထိ အံ့သြမင်တက် ပါးစပ်အဟောင်းသား ဖြစ်ခဲ့ရပါသည်။ ငပေါဂေဟာရှိ သဘာပတိ၊ ဥက္ကဌ၊ နာယကကြီး၊ တွင်းတူး တို့မှစ၍ ရှိရှိသမျှသော ဝန်ကြီး အပေါင်းတို့အား အလွန့်အလွန်လေးစားမိပြီး ငပေါဂေဟာသို့ဝင်ကာ ငပေါဂေဟာ ကောင်းကျိုးအတွက် ဦးဆွေးဆံမြေ့ စွမ်းစွမ်းတမံဆောင်ရွက်တော့မည်ဟု ဆုံးဖြတ်ပြီးသကာလ ဤလျှောက်လွှာတော်ကြီးကို ရေးတင်ရခြင်းဖြစ်ပါသည်။ ကျနော့်ပေါခြင်းကြောင့် ငပေါဂေဟာ ပေါသတင်းကျော်ဇော၍ ပေါဂုဏ်တိုးစေရပါ မည်ဟု ကတိပြုပါသည်။


ငပေါလူကြီးမင်းများအားလုံး ပေါသက်ရှည်၍ ပေါခြင်းမင်္ဂလာနှင့် ပြည့်စုံပါရန် ကျနော်ပေါသူက ဆုတောင်း မေတ္တာ ပို့သလိုက်ရပါသည်။

Long Live The Paw
ပေါသူ
ယာယီ ယဉ်ကျေးမှုဝန်ကြီးရာထူး (ခန့်ရင်အမြဲတမ်းဖြစ်ပြီနော် ဒါပဲ) - ခေတ္တ ဖင်လန်။

မှတ်ချက် - သဘာပတိကို ဇီးသီးထုတ်ပေးမည်ဆိုသောကြောင့် ထောက်ခံခြင်းမဟုတ်ပါ။ ငပေါဂေဟာ ပေါဂုဏ်တိုးစေလိုသော ဆန္ဒဖြင့် ထောက်ခံလိုက်သည်။
ပုံ/ သဘာပတိ၏ ပြောရေးဆိုခွင့်ရှိသူ
ဖိုးဂျယ်


Saturday, December 27, 2008

လျှောက်လွှာလက်ခံခြင်း (၁၅)

ပေါခြင်းဆိုင်ရာDiploma သင်တန်းဖွင့်ရန်လျှောက်ထားခြင်း

ကျွှန်မပိုက်ပိုက်သည် ပေါခြင်းဆိုင်ရာတွင် ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ရန်အလို့ ဌာ ပေါခြင်းဆိုင်ရာ Diploma သင်တန်းဖွင့်ရန် လျှောက်ထားအပ်ပါသည်။

ပေါခြင်းဆိုင်ရာတွင်Diplomaရပါက ပိုက်ပိုက်လျှောက်ချင်သော ရာထုမှာ ရှက်သွယ်ရေးဝန်ကြီးရာထုဖစ်ပါ သည်။

အမည်- ပိုက်ပိုက်
အသက်- ၇၁ နှစ်
ပညာအရည်အချင်း- ABCကိုကျွှမ်းကျွှမ်းကျင်ကျင်ရေးတတ်ဖတ်တတ်၊Dip. in SAE (Myanmar) Sleeping and eating
လက်ရှိအလုပ်အကိုင်- အိပ်ခြင်းဆိုင်ရာအထူးပြုသင်တန်းတွင်ဆရာမလုပ်နေသည်။

ရာထူးလျှောက်ရခြင်းအကြောင်းအရာ

ယခုခေတ်သည် ITခေတ် ဖစ်သသည့် အညီ communication technology သည် အရေးအပါဆုံး ဖစ်သည့်အတွက် ဆက်သွယ်ရေးဝန်ကြီးရာထူး လျှောက်ထားခြင်းသည်။ ဝန်ကြီးလေသံနဲ့ ပြောရတာ မောလိုက်တာ ရေတစ်ခွက်လောက်

ရည်ရွယ်ချက်

ဝန်ကြီးရာထူးရပါက သဘာငတိမှအစ ရူးပေါဂိုဏ်းကြီးရှိ ဂိုဏ်းသူဂိုဏ်းသားများအား GSM Lineနှင့် hand-set များပေးအပ်မည်ဖစ်ကြောင်း သတင်းခေါင်းပါး အပ်ပါတီ။ ဟီးဟီးဖားထားတာ

ဝန်ကြီးရာထူးရပါက Information Technology တိုးတတ်လျင်မြန်ရန်အလို့ ဌာခေတ်နှင့်အညီကြေးနန်းနှင့် သံကြိုးရိုက်ခြင်းလုပ်ငန်းကို ရတနာပုံinfortech၌ ခန်းနားစွာ ဖွင့်လှစ်မည် ဖစ်ကြောင်း သတင်းကောင်းပါး အပ်ပါတီ


လေးစားစွာဖြင့်
ပိုက်ပိုက်@ Money @ Qian

မှတ်ချက်- တခါမှ မပေါဖူးသလို၊ ပထမဆုံးလာလည်ပြီး၊ ပထမဆုံးပေါခြင်းဖြစ်ပြီး၊ ပေါစရာ ကိုယ်ပိုင်ဘလော့လဲ မရှိသဖြင့်၊ ဒီမှာပဲ ပေါပေါကြီး ပေါမည်ဟု ခံယူချက်ဖြင့် လာရောက်ပေါသဖြင့် သဘာပတိမှ ပေါပေါကြီး ပေါစေလိုသော ဆန္ဒနဲ့ ရဲရဲကြီး ထောက်ခံလိုက်သည်။
ပုံ/ ပြောရေးဆိုခွင့်ရှိသူ ဖိုးဂျယ်


Thursday, December 25, 2008

လျှောက်လွှာလက်ခံခြင်း (၁၄)

အမည် . . . . နေ့အိမ်မက် (ခ) ညဘလော့လည်
အသက် . . . . ၁၈ နှစ် (ဘယ်ချိန်မေးမေး ၁၈နှစ်)
ပညာအရည်အချင်း . . . . ဘာစကားတွေပြောရသောကျောင်း၊ ရေစည်လှည်းကို ကျွမ်းကျင်စွာ မောင်းတတ်သည်။
လက်ရှိအလုပ်အကိုင် . . . . ရွာတွင် ရေစည်လှည်းမောင်း
လိုချင်သည့်ရာထူး . . . . ပို့ဆောင်ရေးဝန်ကြီး

ကိုယ်ရေးရာဇ၀င်အကျဉ်းမှာ အောက်ပါအတိုင်းဖြစ်သည်။

နေ့အိပ်မက်သည် ငပေါများဂေဟာမှ ပေါပုံပေါနည်းများကို ပေါကြောင်ကြောင် ဦးနှောက်တို့ဖြင့် ခပ်ပေါပေါလေ့လာပြီးသကာလ... အိမ်း.. ငါမပါလျှင် ရာဇ၀င်ရိုင်းလိမ့်ချေမည်ဟု ပေါဆုံးဖြတ်ချက်ချကာ ပေါဂေဟာတွင် မပေါရသေးသော ပေါဆောင်ရေး.. အဲလေ.. ပို့ဆောင်ရေးဝန်ကြီးရာထူးကို လျှောက်ထားရန် ဆုံးဖြတ်လိုက်လေသတည်း.. ဒူ... ဝေ... ဝေ....။ ပေါဂေဟာမှ ငှက်ကထ၊ သဘာပတိ၊ နာယက၊ ၀န်ကြီးများနှင့် အဖွဲ့ဝင်များ မည်သူ့ကိုမဆို ရောက်လေရာရာ မီးလောင်ရာလေပင့် ပို့ဆောင်ပေးရန် တာဝန်ယူပါကြောင်း လျှောက်ထားရပါသတည်း... ကလင်.. ကလင်.. ကလင်။ သဘူတောပါလျှင် ပေါအကြောင်းပြန်ချက်ဖြင့် ပြန်ပေါပေးစေလိုပါကြောင်း... နောင်.. နောင်..နောင်...။


#မှတ်ချက်- သဘာပတိမှ ခေါင်းငြိမ့်သည်။ လူမဆန်အောင် ထောက်ခံသည်။ ငှက်ကထနှင့်တကွ လူဂျီးမြင်းများအားလုံးမှ လိုအပ်သလို မှာစားစရာရှိသည်များကို မှာစားပေးပါရန် #
ပုံ/
သဘာပတိ ပြောရေးဆိုခွင့်ရှိသူ
ဖိုးဂျယ်

Wednesday, December 17, 2008

လျှောက်လွှာလက်ခံခြင်း (၁၃)

သို့/
ဥက္ကဌ
ရူးပေါဂိုဏ်း
ငပေါများဂေဟာ။
နေ့စွဲ။ ။ ၁၇. ၁၂. ၂ဝဝ၈

အကြောင်းအရာ။ ။ ငပေါရာထူးတစ်ခုခု ချီးမြှင့်ရန် လျှောက်ထားခြင်း။

အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သတ်၍ ကျွန်တော် ခပ်ညံ့ညံ့ကောင် (ခ) ဂျူဝသန်၊ အဘအမည် (မေ့နေ)၊ မှတ်ပုံတင်အမှတ် ( လျှောက်ထားဆဲ ) သည် ငပေါတစ်ယောက် အရည်အချင်းများနှင့် ပြည့်မီကြောင်း ရဲရဲကြီး အာမခံပါသဖြင့် လူကြီးမင်းတို့၏ ငပေါများဂေဟာတွင် ရာထူးအာဏာ တစ်ခုခုပေးအပ်ပါရန် လျှောက်ထားအပ်ပါသည်။ ကျွန်တော်သည် အများပေါတာမြင်၍ လိုက်ပေါနေခြင်းမျိုးမဟုတ်ပဲ မွေးရာပါ ဗီဇအတိုင်း ပေါနေသူတစ်ယောက်ဖြစ်ပါသည်။ သို့သော် ယခင်က လူအများအလယ်၌ (အပေါင်းအသင်းများမှ) ငပေါ ဟု အခေါ်ခံရချိန် ရှက်စိတ်ဝင်ခဲ့ဖူးပါသည်။ ယခုမူကား ကျွန်ုပ်ထက်ပေါသူများကို ရှာဖွေ တွေ့ရှိခဲ့ပြီဖြစ်ပါသဖြင့် နောက်နောင် အရှက်မရတော့ပါဟု ၀န်ခံကတိပြုအပ်ပါသည်။ ကျွန်ုပ်သည် အခွင့်အရေးပေးလျင်ပေးသလို ပေါလေ့ ရှိပါသည်။ ရပ်ကွက် သာရေးနာရေး ကိစ္စများတွင်ထင်ရှားသူဖြစ်ပြီး၊ ကာရာအိုကေ ပွဲများတွင်မူ ပရက်ဇန်တာ တစ်ဦးရာထူးကို မတောင်းပါပဲ ဝင်ဝင်နွှဲရတတ်သည်။ ကျောင်းကားပေါ်၌ အတွေ့အကြုံရင့် စပယ်ယာ တစ်ယောက်ဖြစ်ခဲ့ပြီး၊ ကျောင်းခန်းထဲတွင် အီးစီ တစ်ယောက်ဖြစ် ၂ နှစ်ဆက်တိုက် တာဝန်ယူခဲ့ရဖူးသည်။ ကျွန်ုပ်လွယ်အိတ်ထဲတွင် စာတစ်အုတ်နှင့် ကြေးစည် တစ်ချပ်ပါ ယူဆောင်သွားတတ်သည်။ ကန်းတင်းန် ကဲ့သို့သော ကျောင်းသားများ စုရုံးနေရာများ၌ ဂစ်တာသံကြားရသော အရပ်သို့ သတိပြုကြည့်လိုက်မည်ဆိုလျင် ကျွန်ုပ် မဟုတ်ပါ။ ကြေးစည်သံကြားရမှ သာလျှင် စင်စစ် ကျွန်ုပ်ဖြစ်၏။ မျက်မှန်း တန်းမိယုံဖြင့် ကျွန်ုပ်အတွက် မုန့်တောင်းစားရန် လုံလောက်ပြီး ထို့ထက်ပို၍ ပိုက်ဆံချေး တတ်သည်။ ရည်းစားတစ်ယောက်နှင့် လျှောက်လည်နေရခြင်းထက်၊ ငပေါဖော် ပေါဖက် သူငယ်ချင်းများနှင့် လျှောက်သွားနေရခြင်းကို ကျွန်တော် အလွန်တောင်းတ လိုလားပါသည်။ လိုအပ်ပါက ငပေါ စာတီဖီကိတ်များပါ ပူးတွဲပေးပို့ သွားရန်ရှိပါသည်။

လေးစားစွာဖြင့်
ခပ်ညံ့ညံ့ကောင်


မှတ်ချက်။ ။ သဘာပတိမှ လုပ်နည်းလုပ်ထုံးများအရ လိုအပ်သည်များ ဖြည့်စွက်မှာစားလိုက်သည်။ ကျန်အရာရှိ လူဂျီးလူဂေါင်းများမှ ရာထူးပေးအပ်ရန် အစည်းအဝေးပြုလုပ်သင့်ကြောင်း သဘာပတိ၏ ပြောရေးဆိုခွင့်ရှိသူ ဖိုးဂျယ်မှ ပြောကြား


Monday, December 15, 2008

လျှောက်လွှာလက်ခံခြင်း (၁၂)

အကျောင်းအယာ။ ။ စောက်လုတ်ရေးဝန်ကြီးအဖြစ် လျှောက်ထားခြင်း


ကျွန်တော်မျိုး လူချီးမင်း `ဟဏ်တစ်ညိန်´ သည် မည်သူမျှသဘောမတူသော်လည်း ကိုယ့်ဘာသာကိုယ်သတ်မှတ်ထားသည့် အရည်အချင်းများဖြင့် ပြည့်စုံသည့်အပြင် နာယကကြီး `ဒေါ်သူးသူးတာ´ ၏ သဘောမတူသော ဆန္ဒနှင့် မကျေနပ်သော ထောက်ခံချက်အရ အသင်းဝင်များ၏ မရရှိသေးသော အတည်ပြုချက်ဖြင့် `စောက်လုပ်ရေးဝန်ကြီး´ အဖြစ် သတ်မှတ်၊ လက်ခံ၊ ခန့်အပ်၊ (အခုချက်ချင်း) အတည်ပြုပါရန်... (အပေါ်ယံ) လေးစားစွာဖြင့် အတင်းအကျပ် တောင်းဆို (ဓားပြတိုက်) တင်ပြ အပ်ပါသည်။

ယိုတေဠေးဆားဆွာဖြင့်

ဟဏ်တစ်ညိန်

#### မှန်ချက် ။ ။ သဘာပတိမှ ပိုးစိုးပက်စပ် ထောက်ခံကြောင်း ပြောရေးဆိုခွင့်ရှိသူ ဖိုးဂျယ်မှပြောကြား
ပုံ/ ပြောရေးဆိုခွင့်ရှိသူ ဖိုးဂျယ်


####

Tuesday, December 9, 2008

လျှောက်လွှာလက်ခံခြင်း (၁၁)

သို့
လေးစားရပါသော သဘာပတိ

အကြောင်းအရာ။ ။ အဖွဲ့ဝင်အဖြစ် လျှောက်ထားခြင်း
ရည်ညွှန်းချက်။ ။ သဘာပတိကြီး၏ ၈-၁၂-၂၀၀၈ ရက်နေ့ ၀၉၀၆ အချိန်ပို့ massages ကိုညွှန်း

၁။ ကျွန်တော့်ကို ရန်ကုန်မှာ မွေးခဲ့ပေမယ့် ကျွန်တော် ၇-နှစ်သားခန့်မှာပဲ မိဘတွေက တောပြောင်းပြီး၊ စကောရောင်း..အပြော မကောင်းတာနဲ့ပဲ.. ကျွန်တော်က မြို့ပေါ်ကိုပြန်ရောက်.......
၂။ ငယ်စဉ် ကျောင်းတက်ရင်းနဲ့တုန်းကတော့.. ရည်မှန်းချက် ထားခဲ့ပါတယ်။
ဆရာဝန်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်... လူရည်ချွန်ဖြစ်ဖို့ ကျွန်တော် ကြိုးစားမည်.... ဗမာ့သားကောင်းဇာနည် စစ်သားကြီးကို ကျွန်တော်မျှော်မှန်းသည်.... ပေါ့..... ဒါကြောင့်လည်း ကြိုစားတယ်ပဲပြောပြော အတန်းထဲမှာ နောက်ဆုံးကနေ ရေတွက်မယ်ဆိုရင် ...
အမြဲတမ်း 1 to 10 ၀င်ခဲ့တယ်လေ။ (ဒါတောင် ကြွားတာ မပါသေးဘူး.........)
၃။ ၁၀ တန်းကို ကျောင်းဆွေးအောင် ဖြေဖို့ရည်မှန်းချက်ထားခဲ့တာ... ကံက ဆိုးပြီး ၂၀၀၂ - ၂၀၀၃ မှာ နှစ်ချင်းပေါက် အောင်သွားတယ်... အောင်တာတောင် အမှတ်က ကောင်းနေသေးတယ် (၆)ဘာသာကို ၂၄၀ မှတ် နဲ့လေ........
၎။ တက္ကသိုလ်ကို ကျတော့ ၂၀၀၇ မှ စတက်ဖြစ်ပါတယ်။ တက္ကသိုလ် စတက်တော့လည်း အပြစ်မတင်ရက်သော မိဘတွေရဲ့ မွေးဖွားပေးခဲ့တဲ့ မသားမနား ရုပ်ကြောင့် ကောင်မလေးရဖို့နေနေသာသာ... သူငယ်ချင်းတောင် မနည်းရှာခဲ့ရတယ်... ကောင်မလေး မရှိတဲ့အတွက် ကိုယ့်ရဲ့ ပင်ကိုယ် ဗီဇအတိုင်း စာကိုပဲ ကြိုးစားတာပေါ့.... စာမေးပွဲဖြေတော့... (၇) ဘာသာမှာ (၃) ဘာသာကို... ၁ ပုဒ်စီပဲဖြေနိုင်တယ်....
၅။ မဖြေနိုင်ဘူးဆိုပေမယ့်... အထင်တော့မသေးနဲ့... အချိန်တန်လို့ အောင်စာရင်းလည်း ထွက်ကော ကျသွားကော.... ဒီနှစ်တော့ ပြန်ဖြေထားတာပဲ ဘယ်လို လာဦးမလဲတော့ မသိ...... ဒီနှစ်မှာ စာမေးပွဲဖြေနိုင်ခဲ့ပေမယ့်.... ကောင်မလေးတွေနဲ့ကတော့ မနှစ်ကအတိုင်းပဲ.......
၆။ ကိုယ်ရေးအကျဉ်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
အမည် = မြတ်စိုးသူ
အခြားအမည် = Pwagyi
အသက် = ၂၂ နှစ်
ပညာအရည်အချင်း = 1st (His) ဖြေထားဆဲ....
အလုပ်အကိုင် = တောက်တိုမယ်ရ..
၇။ ရာထူးနေရာအတွက်ကတော့ Junior ဖြစ်တဲ့အတွက် အဖွဲ့ဝင် Senior လူကြီးမင်းများ ဆုံးဖြတ်ပြီး ပေးမယ့်နေရာကိုပဲ ထမ်းဆောင်ပါ့မယ် ခင်ဗျာ...
၈။ သို့ဖြစ်ပါ၍ အဖွဲ့ဝင်အဖြစ်လက်ခံပါက youthsoethu@gmail.com သို့
ပြန်လည် အကြောင်းကြားပေးပါရန် တင်ပြအပ်ပါသည်။

လေးစားစွာဖြင့်

my@tsoethu
(Pwagyi)
မှတ်ချက်။ လျှောက်လွှာရေးရတာ လက်တောင်ညောင်းသွားတယ်။

#မှတ်ချက်- သဘာပတိမှ ခေါင်းငြိမ့်သည်။ ထောက်ခံသည်။ ငှက်ကထနှင့်တကွ လူဂျီးမြင်းများအားလုံးမှ လိုအပ်သလို မှာစားစရာရှိသည်များကို မှာစားပေးပါရန် #
ပုံ/
သဘာပတိ ပြောရေးဆိုခွင့်ရှိသူ
ဘေထယ်ရောင်း

Thursday, December 4, 2008

လျှောက်လွှာလက်ခံခြင်း (၁၀)

သဘာငတိနှင့်တကွ သက်ဆိုင်သူများအားလုံးသို့

အကြောင်းအရာ။ ။ နိုင်ငံတကာ အပေါများဂိုဏ်းချုပ်သို့ လျှောက်လွှာတင်ခြင်း၊
အမည် . . . . . သံလွင်မြစ်ပေါ်မှာ ရမ်းကားရင်း ဟီးရိုးလုပ်လွန်းသောကြောင့် နယ်နှင်ဒဏ်ပေးခံထားရသော ကျနော်မျိုး သံလွင်ဟီးရိုး ၊
အသက် . . . . ဆယ်ကျော်သက်။
လိင် . . . . နပုန်းလိင်။ (သဒ္ဒါမေ့သွားပါသဖြင့် မှတ်မိသောတစ်ခုကို ရေးလိုက်ခြင်းသာ)
နေရပ်လိပ်စာ . . . . ခြင်္သေ့ကျွန်းဆွယ် မုန့်သုန်တောနှင့် မလေးကျွန်းဆွယ် ဂျိုဟိုးအကြား ပြောင်းဖူးခင်း။
ဖုန်းနံပါတ် . . . . . ၁၈၁၈
ဝါသနာ . . . . စိုက်ပြီးရှင်သန်လုဆဲ သစ်ပင်များကိုနှုတ်ခြင်း ။
ထင်ရှားသည့်အမှတ်သား . . . . နှာခေါင်းခေါင်းထိပ်တည့်တည့်တွင် သစ်စေ့ပုံမှဲ့ရှိခြင်း ။
အိမ်ထောင်ရှိ/မရှိ . . . . မရှိသည်ဟုယူဆရခြင်း ။
ပညာအရည်အချင်း . . . . ရေတတ်တက္ကသိုလ်မှ ပျိုးနှုတ်ဘွဲ့ရ၊ အပေါ်စ်ဖို့ဒ်တက္ကသိုလ်မှ ကိုင်းချိုး၊ ကိုင်းဆက်၊ ကိုင်းဖြတ်၊ ပညာကိုမာစတာထိပြီးစီး ။
ယခင်အလုပ်အကိုင် . . . . အော်လိုင်း မြို့တော်ခြောက်သွေ့စိုပြေရေးတွင် လုပ်သက် ၁ပတ်၊ ဘဲဆူဆီ ပျိုးနှုတ်ရေးတာဝန်ခံ လုပ်သက် ၂ လ နှင့် ၉ရက် ။
လိုချင်သည့်ရာထူး . . . . ပျိုးနှုတ်ရေးနှင့် ရေမြောင်းဝန်ကြီး ။
ခန့်မှန်းလစာ . . . . အင်တာနက်၊ ဖုံးဘေ၊ ရေဖိုးမီးဖိုး၊ အမ်အာတီဖိုးသာ (ညှိနှိုင်း)
ကိုယ်ရေးရာဇဝင် . . . . အရှုပ်ရှင်းအားလုံးကင်းစင်ခြင်း ။

#မှတ်ချက်- သဘာပတိမှ ခေါင်းငြိမ့်သည်။ ပိုးစိုးပက်စက် ထောက်ခံသည်။ ငှက်ကထနှင့်တကွ လူဂျီးမြင်းများအားလုံးမှ လိုအပ်သလို မှာစားစရာရှိသည်များကို မှာစားပေးပါရန် #
ပုံ/
သဘာပတိ ပြောရေးဆိုခွင့်ရှိသူ
ဘေထယ်ရောင်း

Thursday, November 27, 2008

လျှောက်လွှာလက်ခံခြင်း



ဓာတ်ပုံနှင့်တကွ….. အာမီမှာတုန်းက ရေကစားတဲ့ သေနတ်ကိုင်ပြီး ရိုက်ထားတာ… အထီးလို့ထင်ရပေမယ့် အမ မဟုတ်ပါ….
1. နာမည် = ယမမင်းလေး…(အမ မှန်း သိသာစေရန်… “လေး” ထည့်သည်…)
2. အသက် = ယမမင်း၏ ဖွားဖက်တော်… (သိချင်ရင် ယမမင်းကိုမေး)
3. ဖုံး = ၀၁-၂၃၄၅၆၇၈၉ (ဒီထက်အစီအစဉ်ကျတာ ဘာရှိတုန်း…ပြော)
4. နေရပ်လိပ်စာ = အမေ့ဗိုက် (အကြွေးတောင်းချင်ရင် မေမေ့ဆီသွား)
5. ထင်ရှားသည့် အမှတ်အသား = လက်ဝဲဘက်လက်တွင် လက်ခလယ်ပါခြင်း
6. ပညာအရည်အချင်း = မူကြို ပထမနှစ် ဒူးချွန်ဆုရ
7. အိမ်ထောင်ရှိ/မရှိ = လျှောက်လွှာများ စီ…စစ်…ဆဲ…
8. လက်ရှိအလုပ်အကိုင် = လူ့ ပြည်နှင့် ငရဲပြည် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရန်… အ၀ီစိတွင်းဖောက်ရန် စီစဉ်ဆဲ …. သဘာငတိနှင့်တကွ အဖွဲ့ ဝင်မူးကြီးငတ်ကြီးတို့ထံမှ ပါမစ်ကို စောင့်စားနေ၏… ပါမစ်ရလျှင် အဖွဲ့ သားအားလုံးကို အလည်ခေါ်သွားမည
် ( ခြွင်းချက် ။ ။ အပြန်လမ်းအတွက် စီစဉ်ထားခြင်းမရှိပါ)
9. ၀ါတနာ (၁) = လူကြားသူကြားတွင် ထင်ပေါ်လိုခြင်း… (ကောင်းမွန်စွာ အသံထွက်ဖတ်ပါ)
10. ၀ါတံငါ (၂) = မပေါတတ်ဘဲ…ဖျစ်ညှစ်ပြီး ပေါချင်လွန်းခြင်း…. (ဒီအချက်ကြောင့် ပယ်မယ်ဆိုရင် ပယ်လိုက် … ဂရုမစိုက်ဝူး )
11. ၀ါတဏှာ (၃) = အနူပြင်ညာ
12. ကျွမ်းကျင်သည့်ပညာ = ဟိုသတင်းဒီရောက် ဒီသတင်းဟိုရောက်…. ရောက်ရောက် မရောက်ရောက် ရောက်အောင်ပို့ဆောင် ကုန်းချော ချောက်တွန်း ရန်တိုက် သွေးဆွ ပေးနိုင်ခြင်း…
13. အားနည်ချက် = လူသားကြော်မစားရတာ ၃လ ရှိပါပြီ ( အထက်က သစ်ပင်မခုတ်ရဘူးဆိုလို့ ငရဲပြည်မှာ ထင်းပြတ်နေတာကြာပါပြီ… ကြက်ဆူဆီဝယ်ဖို့ကလဲ ဖားထားတဲ့ ဘတ်ဂျက်တွေကကုန်ပြီ … ဒါကြောင့်လဲ… ပါမစ်ပေါပေါ ချပေးနေတဲ့ အလုပ်ကို ရှေ့မျက်နှာနောက်ထားပြီး လာလျှောက်ရတာ… )
14. လျှောက်ထားရသည့် အကြောင်းရင်း = ငပေါများဂိုဏ်းအား…. လေးစား… ကြည်ညို… အားကျ… မြတ်နိုး… တန်ဖိုးထား အားကိုး မိသော မိုက်ပြစ်ကြောင့် ….
15. လိုချင်သောရာထူး = ယမမင်း တရားစီရင်ရေး (မကောင်းသူ မချန် ကောင်းသူ ကန်ထုတ်ရန် မွန်မြတ်သော ရည်ရွယ်ချက်ဖြင့် )
16. ခန့် မှန်းလစာ = အပြစ်ရှိသူ ငတိများအား(သဘာငတိကြီး နာမည်ထိခိုက်လျှင် တိုက်ရိုက်ပြောသည်ဟုမှတ်ပါ) ကြွပ်ကြွပ် ကြော်ရန် လစဉ် ဆီအလုံ အလောက်၊ ထင်းအလုံ အလောက်၊ ထောက်ပံ့စေလိုသည် … ထို့နောက်… စွမ်းဆောင်ချက်များကောင်းရင် ကောင်းသလို ထောက်ဆူးများ ချီးမြှင့်သွားစေလိုသည်…..
17. ကိုယ်ရေးရာဇ၀င် အကျဉ်း = ၅နှစ်တွင်… အူဝဲဟုစတင်အော်ငိုတတ်ပြီး … ၁၀နှစ်တွင်… စကားစပြောကာ… ၁၃ နှစ်တွင်… ၁မှ၁၀ အထိ ကျင်လည်စွာ ရွတ်ပြနိုင်၍ … ၁၅ နှစ်တွင်… ဟိုက်ပါဂိုရပ်စ် နှင့် အိုင်းငထိုင်းတို့ ဦးညွှတ်လေးပြုရသော ယမမင်းလေး ဖြစ်လာ၏။

ပုံ/-
ယမမင်းလေး
မှတ်ချက် ။ ။ မီးကိုသနားရင် နေရာပေးနော် … ဦးဦးတို့ ဒေါ်ဒ်ါတို့ အားလုံးကို မီး အားကိုးမယ် နော် နော် … ဘတ်ဂျက်ပြတ်နေလို့ပါ…

*သဘာပတိ- တွင်း ၂ ညီမဆိုတော့ ဘာပဲဖြစ်ဖြစ် ပေါမှာပဲဆိုပီး ထောက်ခံလိုက်တယ်၊ မထောက်ခံလို့လဲ ရဘူးလေ အတင်းပဲ ထောက်ခံချက်ရေးပေးတဲ့ ထောက်ခံပါတယ်၊ ထောက်ခံပါတယ်၊ ကျန် လူဂျီးများ ခေါင်းရှောင်ကျပါကုန်*