ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Showing posts with label *ပေါဆောင်ရေးဝန်ကြီး. Show all posts
Showing posts with label *ပေါဆောင်ရေးဝန်ကြီး. Show all posts

Tuesday, December 30, 2008

လျှို့ဝှက် သတင်းစဉ်

သတင်းစဉ်။ ။ ပေါဂေဟာ၏ ပေါပုံပေါနည်းများကို စောင့်ကြည့်လေ့လာနေသော ငပေါလောင်းလျာသည် ယခုအခါ ပေါဆောင်ရေးဝံကြီးရာထူးကို လက်ဝယ်ပိုင်ပိုင် မလွတ်တမ်းဆုပ်ကိုင်သွားနိုင်ပြီဖြစ်ရာ အောက်ပါတာဝန်များကို ကျေကျေပွန်ပွန်၊ စွမ်းစွမ်းတမံ၊ ဦးဆွေးဆံမြည့်၊ အင်တိုက်အားတိုက်၊ အားသွန်ခွန်စိုက်၊ ကြိုးစားပမ်းစား၊ အရိုးကျေကျေအရေခန်းခန်း၊ ဥာဏ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ၊ အတင်းအဓမ္မ ဆောင်ရွက်ထမ်းဆောင်တာဝန်ယူသွားမည်ဖြစ်ပါကြောင်း။

၁) ငှက်ကထနှင့်တပါပတိ အာဏာလုစေရန် မြှောက်ပေးခြင်း
၂)တွင်း(၁)နဲ့တွင်း(၂) အနိုင်ပေါ်သည်အထိနပန်းလုံးစေရန် ဘေတီးခြင်း
၃)၀ံကြီးများ လစာလုရန် မီးထိုးခြင်း
၎)အတင်းတားချုပ်နဲ့ထောက်ချုပ်တို့ အကြောင်းမရှိအကြောင်းရှာ ထချကြရန် ကုန်းချောခြင်း

ပို့ဆောင်ရေးဝန်ကြီးဟူသော ရာထူးနှင့်ကိုက်ညီစေရန် ရန်ဖြစ် ထချသောင်းကျန်းကြစေရန် မည်သည့်ပေါနည်းနှင့်မဆို အရောက်ပို့ ဆောင်သွားမည်ဖြစ်ပါကြောင်း…။

စာကြွင်း။ ။မိမိကြည့်မရသော အသင်းသားများ၏ စာရင်း ပို့ပေးနိုင်ပါသည်။ အတတ်နိုင်ဆုံး နှစ်ဖက်ချွန်၍ ကုန်းတိုက်ပေးမည်ဖြစ်ပါကြောင်း….။