ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Friday, February 27, 2009

ကြော်ညာများနှင့် ငပေါများဂေဟာ

မြန်မာဘလော့ဂါများ များပြားလာသည်နှင့်အမျှ ဘလော့ဖတ်ရှုသူ ဦးရေကလည်း တစ်နေ့တခြားတိုးပွားလာပြီ.. ဘလော့ဂါများ၏ ယူဆာဟစ်ကောင့်များမှာလည်း တစ်နေ့တစ်နေ့ လူရာချီ၍၀င်နေသည်.. ဒါကိုအကြောင်းပြုပြီး စီးပွားရေးသမားများက နည်းလမ်းများတီထွင်လာကြသည်.. မိမိတို့ကုန်ပစ္စည်းများကို ဘလော့များတွင်ကြော်ညာခြင်း..

သက်ဆိုင်ရာဘလော့အလိုက် ကုန်ပစ္စည်းကြော်ညာတွေထည့်သွင်းကြသည်.. ဥပမာ နာမည်ကြီးဘလော့ဂါများဖြစ်သည့် Nyi Lynn Seck 18+DEN တို့.. သံလုံငယ်တို့ဆိုလျှင် နည်းပညာများ သုတများ ဝေငှပေးရာနေရာဖြစ်လို့ အများဆုံးစိတ်ဝင်စားတာက အိုင်တီကုန်ပစ္စည်းများရောင်းသည့် ကုန်ပနီတွေ.. ဗိုင်းရပ်စ်ဒဖန်ဒါအုပ်စုတွေက ကြော်ညာထည့်ကြသည်.. ဗီလိန်တို့လို ဘလော့တွေကျပြန်တော့ နာမည်နဲ့တင် လူမုန်းများမှာပဲလို့ တွက်ကာ.. ဒဏ်ကျေလိမ်းဆေးတို့ ပတ်တီးတို့ကြော်ညာကြသည်.. နန်းညီတို့လို ပန်းချီအကြောင်းရေးသည့် ဘလော့တွေကျ တစ်မျိုး.. ရေဆေး ဆီဆေး ပတ်စတယ်.. နာမည်ကြီးဆေးကုန်ပနီတွေ ပန်းချီပစ္စည်းကုန်ပနီတွေက အလုအယက်.. ကြားရတာတော့ နန်းညီတို့များ မာကက်တင်းတစ်ဖွဲ့တောင်ခန့်ထားရတယ်ဆိုပဲ..

အဆိုးဆုံးက ငပေါများဂေဟာဖြစ်သည်.. သူတို့ဘလော့က ဟာသဘလော့ဖြစ်လို့.. လာသူပိုများသည်.. ရသပဲရေးရေး နည်းပညာပဲ ရေးရေး .. ကဗျာ ၀တ္တု.. ဘာရေးရေး.. ရယ်တော့ရယ်ချင်ကြသူများသာ.. ဒီတော့ ဘယ်ဘလော့ဘယ်လောက်ကောင်းသည်ပြောပြော နောက်ဆုံးတော့ ငပေါများဂေဟာမှ ၀င်မဖတ်လိုက်ရလျှင် တစ်နေ့စာအတွက် တစ်ခုခုလိုနေသလိုကို လူတွေခံစားလာကြရသည်.. ရယ်ရလွန်းလို့ မျက်ရည်တွေ.. ရှူရှူတွေတောင် ထွက်ကုန်ကြသည်တဲ့.. ဒီတော့ လာပြီပေါ့.. တစ်သျှူးကြော်ညာတွေ.. ပြီးတော့ ဂေဟာအရှိန်အ၀ါကိုယူကာ ကြော်ညာကြသည့် ဟာသစာအုပ်တွေ.. မောင်ကောင်းထိုက်တို့ အကြည်တော်တို့ဆိုတာ.. ပင်တိုင်ကြော်ညာရှင်တွေပေါ့.. ပြီးတော့ ဂေဟာကတ်ဘိနက်များနှင့် ၀င်ကြီးများ (အဲလေ) ၀န်ကြီးများ၏ တစ်ကိုယ်တော်ကြော်ညာတွေ.. နာယကကြီးတူးတူးသာကြိုက်တဲ့ သွားကြားထိုးတံက ဘာတံဆိပ်တို့.. သဘာပတိဂျဲဂျယ်ကြိုက်တဲ့ လက်သည်းညှပ်တို့.. တွင်း-၂ ဗီလိန်အကြိုက်ဆုံး စွပ်ကျယ်တို့.. ဘယ်ဝန်ကြီး အသည်းစွဲ အတွင်းခံ.. ညာဝန်ကြီးအမြဲသုံးတဲ့ ချေးချွတ်ဆေးတို့.. ငပေါများဂေဟာ side bar မှာ ကြော်ညာတွေ ပလူပျံနေတာမြင်ရသည်.. ကြော်ညာတောင် ပိုက်ဆံပေးတိုင်းထည့်လို့ရတာမဟုတ် .. ငပေါများဂေဟာ၏ မာကက်တင်းဌာနကိုဆက်သွယ်.. စာရင်းသွင်း.. အလှည့်စောင့်ရသေးသည်.. တော်တော့ကို မလွယ်..

လူကြိုက်များလာသည်နှင့်အမျှ လူကြားမှာ ထင်ပေါ်လာသည်နှင့်အမျှ ဂေဟာအဖွဲ့သားများမှာ Privacy ဆုံးရှုံးလာရသည်.. ဘယ်သွားသွား ဓာတ်ပုံသမားတွေ သတင်းသမားတွေနှင့်မို့ မလွတ်လပ်ကြတော့.. ဂေဟာရှိ ကာကွယ်ရေးဝန်ကြီးမှာလည်း အလုပ်တွေမအားမလပ်ဖြစ်လာသည်.. ပို့စ်ရေးဖို့တောင် စိတ်ကူးထဲမထည့်အား.. ဂေဟာရှိလူများကို သတင်းသမားများရန်မှ လိုက်ကာကွယ်ရတာနဲ့တင် ပတ်ရှုပ်နေသည်.. ဟိုတလောလေးကလည်း ကြော်ညာတစ်ခု ထွက်လာသဖြင့် အတော်လေး ရှင်းယူရသည်.. ငပေါများဂေဟာမှ မွေးမြူရေးဝန်ကြီးမွေးသော CPမွေးမြူရေးခြင်.. ၂ ဆ ပိုကိုက်သည်.. မွေးမြူလိုသူများ မျိုးစိတ်ရနိုင်ပြီ ဟူသောကြော်ညာ.. အဲ့ဒိတုန်းက ပြန်ကြားရ ဖြေရှင်းရနဲ့ ဂေဟာကလူတွေ အတော်လေး အလုပ်ရှုပ်သွားသည်.. တော်ကြာ ပျံကြားရေးဝန်ကြီး သူ့ဟာသူ အပျံကျင့်ရင်း ပြုတ်ကျကျွမ်းပစ်နေတာတောင် သတင်းသမားတွေက ဓာတ်ပုံရိုက်ပြီး.. ငပေါများဂေဟာမှ အကြိုက်ဆုံးကျွမ်းပစ် အားကစားနည်း.. တစ်လအတွင်း အမြန်သင်ပေးမည်.. မတတ်လျှင် ငွေပြန်အမ်းမည် တို့ဘာတို့ လုပ်ကုန်ရင် မခက်ဘူးလား.. ဂေဟာရှိလူများမှာ အရင်လို ဘလော့တောင် ပေါ်ပေါ်ထင်ထင်မလည်ရဲကြ.. တလောလေးကပဲ ဂေဟာမှ ကြမ်းမာရေးဝန်ကြီးက ဘလော့တစ်ခုကို ရာထူးအမည်ဖြင့် သွားလည်ရာ.. ထိုဘလော့ကို လူစိတ်ဝင်စားကုန်ပြီး ဟစ်ကောင့်တွေ စွတ်တက်ကုန်သဖြင့် လူလာနည်းသော ဘလော့ပိုင်ရှင်များမှာ ဂေဟာမှ အရာရှိများ အသင်းသားများ သူတို့ဆီလာလည်ရေး နည်းမျိုးစုံနှင့် ကြိုးစားကြတော့သည်..

လူကြိုက်နည်းသောဘလော့ဂါများမှာ ဂေဟာမှ အရာရှိအရာခံများ အသင်းသားများ ကြွရောက်လာပါမည့်အရေး.. လာဘ်ပေးလာဘ်ယူမှုတွေ လုပ်ကြသည်.. ပြီးတော့ အသင်းသားဝင်ခွင့်လျှောက်လွှာကိတ်စတွေမှာလည်း မမှန်မကန်မှုတွေရှိလာသည်.. သို့သော် ၀န်ကြီးအဖွဲ့ကရော ကတ်ဘိနက်ကရော အသေအချာ စိစစ်သဖြင့် ၀င်ခွင့်ကိစ္စကတော့ သိပ်မလွယ်လှ.. ဒါတောင် ထင်ပေါ်ကျော်ကြားမှုအား ကြီးမားလွန်းသော ငပေါများဂေဟာအဖွဲ့သားများမှာ တစ်လတစ်လ ၀င်ငွေက ဒေါ်လာသန်းနှင့်ချီနေကြပြီး သူဌေးမင်းများ ဖြစ်ကုန်ကြသဖြင့် တစ်ချိန်က ဤဂိုဏ်းကြီးဖြစ်ထွန်းလာခြင်း .. တည်ထောင်မိခြင်းကိုပင် လှိမ့်ပိမ့် ကျေးဇူးတင်ကာ ပေါတောတောပို့စ်များ အဆက်မပြတ်ရေးသားလျက်ရှိကြကုန်သည်ဟူသတည်း.. ... .

(စိတ်ကူးယဉ်ရတာ အရသာကိုရှိလို့.. သာဓု သာဓု သာဓု... )

ပြင်ညာရေးဝံကြီးထံ ဆုတောင်းလွှာ

ပျံကျားရေးဝံကြီး ကျွန်တော်ချမ်းရဲ စုံစမ်းရသလောက် ခုတလော ပညာရေးဝံကြီး ဇင်ဇင်ဇော်ဟာ ပုံမှန်မဟုတ်ဘဲ သူ့ဒုက္ခနဲ့သူ အခက်တွေ့နေပါတယ်။

ဒါကြောင့်လည်း ရုံးကို ပုံမှန်မလာနိုင် ဖြစ်နေတာပါ ။တကယ်တော့ ပညာရေးဝံကြီးရဲ့ စွမ်းဆောင်မှုကြောင့် ဂေဟာရဲ့ ပညာရေးဟာ အံမခန်း တိုးတက်လာတာတွေ့ရပါမယ် ။ ဂေဟာအသင်းသားတွေဟာ တစ်ယောက်နဲ့ တစ်ယောက် ဘိုဆန်ဆန် Hi တွေ Hello တွေ နဲ့ နှုတ်ဆက်လာကြတဲ့အပြင် မြန်မာလို မှတ်ချက်တွေရေးကြ၊ ပြောကြရင်တောင်မှ စ် တွေနဲ့ ဘိုသံပေါက်အောင် ပြောဆိုလာနိုင်ကြပါပြီ ။ သူစတင်ဖန်တီးထားတဲ့ ဘာသာရပ်အသစ် (အင်တာနက် Q နည်း မူနည်း ဘာသာရပ်) ဆိုရင်လည်း ကမ္ဘာတ၀ှမ်း ဘယ်နိုင်ငံကမှ သတ်မှတ်သင်ကြားနိုင်ခြင်း မရှိသေးပါဘူး ။ Q language ကြီးဖွံ့ဖြိုးအောင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူပါ။ သူကိုယ်တိုင် ပြုစုထုတ်ဝေထားတဲ့ မိတ်ဖွဲ့ခြင်းအတတ်ပညာ အဲ..ဟုတ်ပါဘူး! "အမဲလိုက်ခြင်း အတတ်ပညာ" ဆိုတဲ့ စာအုပ်ဟာဆိုရင် ရည်းစားလိုက်ပိုးနေတဲ့ ကောင်လေးတွေရဲ့ အားပေးဝယ်ယူမှုကြောင့် အရောင်းရစံချိန်တောင် တင်သွားသေးပါတယ်။ ဒါ့အပြင် မြန်မာစာ သင်ရိုးညွှန်းတမ်းမှာဆိုရင်လည်း တပည့်တွေ ကျေနပ်အားရမှုရှိအောင် "တပည့်ကျေးဇူး" ဆိုတဲ့ ရှေးစာဆိုကျော်ရဲ့ ကဗျာသစ်ကို ပြဌာန်းသင်ကြားခဲ့ပါတယ်။

တပည့်ကျေးဇူး

ပညာသင်ပြ
ဆရာမ၏
ဒေါသမီးလျံ
ကြောက်ရပြန်သည်
လက်သံကပြောင်
ကြိမ်လုံးဆောင်၍
တင်၊ ပေါင်၊ ကျောကုံး
အသေဗြုန်းလည်း
အမုန်းမပွား
စာသင်ကြားသည်
များပြားတပည့် ကျေးဇူးတည်း။


ရေးသူ။ ။ ဖင်ဗလာကြက်မလျှာနှစ်ခွ

ဒါပေမယ့် အခုအခါမှာတော့ ပညာရေးဝံကြီး ဇင်ဇင်ဟာ မကြာမကြာ ဂျီတော့ပ်မှာ အသဲကွဲဒိုင်ယာလော့ဂ်တွေတင်ပြီး အသဲကွဲနေပါတယ် ။ သူကိုယ်တိုင်ကလည်း ကျောင်းသား/သူတွေကိုသာ ဆရာလုပ်နေတာ... သူ့ပြဿနာကျတော့ ဘယ်လိုဖြေရှင်းရမှန်းမသိပါဘူး။ အဲဒီအသည်းကွဲရောဂါကို ဂေဟာက ကျန်းမာရေးဝံကြီးလည်း မကယ်နိုင်ပါဘူး ။ ဒါကြောင့် နာမည်ကြီး သမားတော်ဦးဂျိုကြီးရဲ့ အသည်းကွဲကုထုံးကျမ်းကိုလည်း ကျွန်တော်ကပဲ မဇင်ဇင်အတွက် လက်ဆောင်ပေးလိုက်ရင်း ပုံမှန် အခြေအနေပြန်ရောက်ပါစေလို့ ဂေဟာကအကြီးအကဲတွေကိုယ်စား ဆုတောင်း မေတ္တာပို့သလိုက်ပါတယ်။

အသဲကွဲသော်
ဆင်ကော်နှင့်ကပ်
ချုပ်အပ်နှင့်သီ
ကော်ရည်ကိုသုတ်
နေ့စဉ်လုပ်က
မုချအသည်း
ပြန်ဆက်သည်။


ပုံ၊
ပျံကျားရေးဝံကြီး

Wednesday, February 25, 2009

ကေလာ ကျိန်စာပြယ်စေ

အမဠီး..ကျိန်စာ ဆိုပါလား...ဖစ်သေးပါဘူး..ရှိသမျှ ဥာဏ်နီ ဥာဏ်နက် ဥာဏ်ရောင်စုံ ထုတ်ပြီး-အသားကုန်
ဒင်း ၁၀၁ ပုဒ်ကြီး ဖြစ်အောင်တင်မှဖြစ်တော့မယ်...ကျိန်စာကို ကြောက်ချင်ယောင် နည်းနည်းကဲလိုက်အုံးမယ်..
မဟုတ်ရင် ကေလာကောင် အလုပ်မလုပ်ဘူးလို့ဘဲ ဟိုလူက ငြိုငြင်-ဒီလူက ငြိုငြင်နဲ..အချွှန်အတက်တွေကလည်း များပါ့ ဒဂယ် ကွိုင်ရှိဒယ် တိရား ...
ရုံးမှာ တံမျက်စည်းကျိုးအောင် အလုပ်လုပ်ပြလည်း တစ်ခါမှ မျက်နှာကောင်းမရဘူး..ရုံးမှာလည်း မျက်နှာမရ..အိမ်မှာလည်း
တံမျက်စည်းပျောက်လို့အဆူခံရ . . အဲလောက်အနစ်နာခံပြီး ဂေဟာမှာ ကေလာ လာနေလည်း ကျိန်စာကြီးက ရင်ခံဒယ်တိလား..
ထူးပါဘူး ဆိုပြီး စိတ်ညစ်ညစ်နဲ့ ကေလာတစ်ကောင် nikon D80 ကြီးနဲ့ (ဟီး ကြုံတုံး ကြော်ငြာဝင်လိုက်တာ)
ကင်မရာပိုက်ပြီး တတ်ထားသော် အံမခန်း ဂန္ဒ၀င် ဓါတ်ပုံပညာနှင့် လေကို အလှဆင် စံချိန်မှီရိုက်ရန် အတွက် လေရှိရာအရပ်သို့ ကြွချီခဲ့ပါသည်။
အင်မတန် လှပသော် လေများကို ကေလာ ရှိသမျှ ပညာနှင့် တစ်နေ့ကုန် မနားမနေ view ကောင်းကောင်းများနှင့် အသားကုန်ကျိုစားပြီး 4GB ကုန်အောင်ရိုက်ခဲ့ပါသည်။
ပန်းခြံထဲရောက်တော့လည်း . . ငါဟဲ့ ကေလာ . . တင်လိုက်အုံးမယ် ကေလာဘလောက် ဆိုပြီး ထောက်ထောက် - ထောက်ထောက်နဲ့ ရိုက်တာပါဘဲဗျာ - ပန်းတွေ ရိုက်တာ - မိုးဟေကိုနဲ့ ဂျယ်ဂျယ်တို့ (Lotion လိမ်းနေတာပါ) ချောင်းတယ်ဆိုပြီး လိုက်လို့ပိုးစိုးပက်စက် ပြေးရသေးတယ်။
ဒါမယ့် ကေလာ က ဓါတ်ပုံတော့ ရလိုက်တယ်။ တိုးတိုးတိတ်တိတ်ချော့ပြောရင် ပြမယ်။
ဆိုင်ထဲ ခဏ၀င်နားပြီး နံပါတ် ဂ(ရှစ်)မှာသောက်တာ . . ၀ိတ်တာတွေများ - ဂယ်ဘဲ . . 7up- (ခုနှစ်- အထက်) (၈)(ရှစ်ပေါ့)ဗျား. . ဒါတောင်မသိဘူး .- မထူးဘူး . . မရှိလည်း ရှိတဲ့ ဆေးလိပ်သောက်ပြီးပြန်လာခဲ့တယ်။
အင်း . . အပြန်လမ်း ကတ္တရားလမ်းပေါ်ကျီးကန်ပြုတ်ကျတဲ့အတိုင်း လမ်းများမှောင်မဲနေတာပြောပါတယ်။ခြေထောက်အောက့် ပျော့စိပျော့စိ- ဟာ ကေလာတို့ ပွပြီ . . အထုတ်တစ်ထုတ်တော့ ကောက်ရပြီ ဆိုပြီး အပီအပြင်ကောက်လိုက်တာ အားပါးပါး ဘယ်ခွေးမျိုး-အယ်ဇေးရှင်းလား တယ်ရီယားလား ဘယ်အလေနတ်တောရဲ့ ပစ္စည်းလည်း မသိဘူး . . ဒီလောက်ပုဒ်ပွ နံစော်တဲ့ အရာကြီး - လက်ထဲ ကိုင်မိရက်သားဖြစ်နေတုန်း ရည်းစားဆီက ဖုံးလာတာ - မကိုင်ရင်လည်း အရစ်ခံရအုံးမယ်။ အဲဒီပြသာနာက ချီးပေတာထက် ပိုရှင်းရခက်တယ်။
တွေးကြည့်ကြပါဗျား ချီးကထွက်တဲ့ virus ကိုက်တာမှတော်အုံးမယ်။ အိမ်ရောက်တော့ - အမောပြေ သောက်မလို့- သံပုရာရည်ထဲ ဆားထည့်ပါတယ် ဘယ်ရောက်သွားမှန်းမသိဘူး။ မမြင်ရပြန်ဘူး။ အရမ်းခေါင်းစားတယ်။ ဂယ်ဘဲ အဆင်မပြေတာတွေ ဆက်နေတာ -ဒီ ကျိန်စာ ကြောင့် ဘဲနေမှာ . . အမြန်တင်မှ . . လွတ်မှာ ရေးပြီးသား မီးမလာ - ကော်နက်ရှင်ကျနေပါ၍ နင်လားကျိန်စာ - ငါလား ကေလာ လွတ်စေသတည်း။ ငပေါဂေဟာ-၁၀၁ ပုဒ်မှ တစ်ထောင့.တစ်ည တည်ပါစေတည်း။ အပ်ချလောင်းလောင်-လောင်ဲး

===============
ဂေဟာမှ လူဂျီးမြင်းများ . လိုသလို ပြင်ဆင် ဖော်ချွတ်ပြစေလိုကြောင်း .... ဟိ

(^_^)

Sunday, February 22, 2009

ပျံကြားရေးဝံကြီး ဘာကြောင့် ရုံးမလာရတယ်..

ပျံကြားရေးဝံကြီး အခုတလော ရုံးမလာတာကို အလေလိုက် ပျော်ပါးနေတယ်လို့ ထင်နေပါသလား ။

ရုံးမလာရခြင်း အကြောင်းအရင်း ၃ ချက်ရှိပါတယ်။

၁) ဂေဟာအတွက် သတင်းပြန်ကြားဖို့ အနယ်နယ်အရပ်ရပ်က သတင်းထောက်တွေနဲ့ပူးပေါင်းပြီး သတင်းရှာဖွေနေလို့ပါ။
၂) နာမည်အလွဲသုံးစားလုပ်တဲ့ လူတွေပေါ်ပေါက်လာပြန်တော့ အဲဒီအယုတ်တမာကောင်တွေကို ဖော်ထုတ်ဖို့လည်း စုံစမ်းနေရပါတယ် ။
၃) ဆက်သွယ်ရေးဝန်ကြီးနဲ့ တိုင်ပင်ပြီး သူများတွေနားမလည်အောင် စကားဝှက်အသုံးအနှုန်းများ သတ်မှတ်ခေါ်ဆိုဖို့ ဆောင်ရွက်နေလို့ပါ ။

နောက်ဆုံးသိရတဲ့ ထူးခြားသတင်းတွေကတော့ အောက်ပါအတိုင်းပါပဲ ။

* ရုပ်ရှင်နှင့်ဗီဒီယို အကယ်ဒမီသရုပ်ဆောင် မင်းသားဒွေး ဘာကြောင့်မှန်းမသိ ရုတ်တရက် ကွယ်လွန်

* ရက်အတိအကျမသိသောနေ့က အနော်ရထာလမ်းပေါ်တွင် ဘတ်စ်ကားတစ်စီးဘီးပေါက်

* အိုင်တီသတင်းအနေဖြင့် google.com တွင် မိမိသိချင်သောအကြောင်းအရာများကို ရှာဖွေနိုင်ဟု သိရ

* အိမ်နောက်ဖေးခြံမှ ကြက်မကြီး ဥဥ.. အထီးမှန်း အမမှန်း သေချာမသိရသေး။ ထောက်လှမ်းရေးအဖွဲ့မှ ဥကို မျက်ခြေမပြတ် စောင့်ကြည့်လျှက်ရှိ

* ပူပြင်းခြောက်သွေ့သောနွေရာသီရောက်ပြီဖြစ်သဖြင့် ဆေးလိပ်ကိုမီးညှီပြီးမသောက်ရန် မီးသတ်တပ်ဖွဲ့မှ သတိပေးပြောဆို

နောက်ပြီး ပျံကြားရေးဝံကြီးဆိုပြီး နာမည်ကိုအလွဲသုံးစားလုပ်တဲ့လူကို ကျွန်တော်ကိုယ်တိုင် လျှို့ဝှက်ထောက်လှမ်းတာ သဲလွန်စရနေပြီ ဖြစ်ပါတယ် ။

မောင်တီးဘလော့မှာ ယောင်ရွှီးပြီး ဆဲဆိုနေတာ ပျံ/၀ံ ချမ်းရဲအစစ် မဟုတ်ပါဘူး ။ လျှောက်လွှာထဲမှာပါတဲ့အတိုင်း ချမ်းရဲအစစ်ရဲ့ ထင်ရှားတဲ့အမှတ်အသားက ပေါင်ခြံမှာ မှဲ့ရှိပါတယ် ။
မယုံရင် ဒီမှာကြည့်ပါ..ကဲဟာ..(လှန်ပြပြီး..) ။ တွေ့တယ်ဟုတ်..ငှဲ ငှဲ ။ သိရတဲ့သဲလွန်စအရ ပျံကြားရေးဝံကြီးအနေနဲ့ ဟန်ဆောင်သူဟာ မြန်မာလိုဆဲဆိုနေတာကြည့်ခြင်းအားဖြင့် မြန်မာစကား ရိုက်တတ်သူဖြစ်ရမယ်။ အသုံးအနှုန်းကို ကြည့်ခြင်းအားဖြင့် ယောက်ျားလေးဖြစ်ဖို့ ၇၀% သေချာပါတယ် ။ ပျံ/၀ံဆိုတာကိုသိတဲ့အတွက် ဂေဟာနဲ့ ပတ်သက်နေတဲ့သူဖြစ်ရမယ် ။
ပျံ/၀ံ (ကျွန်တော်) ကို သိပ်မကြည်တဲ့ကောင်ဖြစ်မယ် ။ ကျွန်တော်လို ငပေါကို မကြည်တဲ့လူဟာ တည်တည်တံ့တံ့နေတတ်သူပဲဖြစ်မယ် ။ ဒါတွေအားလုံးခြုံကြည့်လိုက်ရင် အတုယောင်ဆောင်သူဟာ ဘယ်သူလဲဆိုတော့.......... သဘာငတိကြီး ပဲဖြစ်နိုင်တယ် ။ အတွင်းသစ္စာဖေါက် ဖိုးဂျယ်ကို တန်းတူညီမျှ ဥပဒေအရ ပြင်းပြင်းထန်ထန်အရေးယူပေးဖို့တောင်းဆိုချင်ပါတယ် ။

နောက်ဆုံးပြောချင်တာကတော့ ဂေဟာကလူတွေအတွက် အတုယောင်ဆောင်လုပ်လို့မရအောင် လျှို့ဝှက် နာမည်ဝှက် (စက်စကား) တွေ သတ်မှတ်ပေးထားတာကိုပါ ။ နာမည်ဝှက်တွေကိုအောက်မှာကြည့်ပါ ။

သဘာပတိ ဖိုးဂျယ် _ ဂေါက်တောက်တောက်
ဝန်ကြီးချုပ် ဇေယျာလင်း _ ဇရက်
ဆက်သွယ်ရေး ပိုက်ပိုက် _ ပိုးဟပ်
ဆည်မြောင်း သံလွင်ဟီးရိုး _ သရဲလေး
ပြန်ကြားရေး ချမ်းရဲ _ ချစ်ချစ်
နာယက တူးတူးသာ _ တောက်တဲ့
တွင်းနှစ် ဗီလိန် _ ဗလကြီး
နိုင်ငံခြားရေး ဇင်မင်း _ ဇ
လူဝန်မှုကြီးကြပ်ရေး ဂျူဝသန် _ ဂန်တူးလေး
သစ်တော သတိုးရာဇာ _ သိုးမဲ
ဆောက်လုပ်ရေး ဟန်သစ်ငြိမ် _ ဟစိဟစိ
ထောက်ချုပ် မောင်မိုးသား _ မြေဘီလူး
ပေါကလာ _ ကိုရီးယား
တရားစီရင်ရေး ယမမင်းလေး _ ယဉ်ယဉ်လေးရုး
အသင်းသားချုပ် ခေါင်ခေါင် _ ခွက်ထိုးခွက်လန်

လောလောဆယ် ကိုယ်သိသလောက်တော့ နာမည်ဝှက်ပေးထားပါတယ် ။ စက်စကားနဲ့ပြောကြဆိုကြတော့ တခြားလူတွေ အလွယ်တကူမသိနိုင်ဘူးပေါ့လေ ။
ဥပမာx အစည်းအဝေးလုပ်တယ်ပေါ့ ။ ဘယ်သူတွေပါလဲမေးရင် ပြန်ပြောတဲ့အခါ.........

"ကိုရီးယားမှာ ဂေါက်တောက်တောက်ဇ၇က်က ပိုးဟပ်ကိုမြင်တော့ သရဲလေးလိုလို မြေဘီလူးလိုလိုထင်ပြီး ဟစိဟစိနဲ့ ခွက်ထိုးခွက်လန်ရယ်ကြတာလေ ။
ယဉ်ယဉ်လေးရူးနေတာ ။ ဂန်တူးလေးကလဲ ဇရှိတဲ့ ဗလကြီးဟန်ဆောင်ထားတဲ့ ချစ်ချစ်ကိုပဲ တောက်တဲ့လို ကပ်နေတာ ။ တကယ်တော့ သူကလည်း သိုးမဲလေးပါပဲ"

အဲလို ပြောလိုက်ခြင်းအားဖြင့် ဘယ်သူမှ အလွယ်တကူမသိနိုင်တော့ဘူးပေါ့ ။
ကဲ ပြောချင်တာတော့ ဒါအကုန်ပါပဲ...။
လစာပါတခါတည်းထုတ်သွားမယ် ။ ပျံဝံ အလုပ်လုပ်တယ်နော် ဟဲဟဲ ။

ပုံ/ ပျံကြားရေးဝံကြီး ချမ်းရဲ ( ချစ်ချစ် )

Thursday, February 19, 2009

ငပေါကျိန်စာ (ပြင်ဆင်)

ငပေါဂေဟာမှ အဖွဲ့အားလုံးအား နာယကကြီးနဲ့ သဘာပတိမှ ကျိန်စာတိုက်လိုက်သည်။

၁ - ယခုထိ ပိုစ့် တစ်ပုဒ်မှ ရေးသားခြင်းမရှိသေးသူများ
၂- အနည်းဆုံး ၁လ တခါ ပိုစ့် တပုဒ် မတင်နိုင်သူများ
၃- ဂေဟာသို့ ၁လ တခါ မရောက်သူများ
၎- ထောက်ခံချက်မပေးသူများ
၅- ပေါတောတော မနေသူများ
၆- ၁၀၁ ပိုစ့်မြောက်တွင် မရေးသားသူများ အား သဘာပတိမှ ကျိန်စာတိုက်လိုက်တယ်။

၁- ချစ်သူ မရှိခဲ့ပါက လုံးဝ အဆင်မပြေဖြစ်ပါစေ (ခ) တွေ့တာနဲ့ အမြင်ကပ်ပါစေ (ရည်းစား စကားပြောပါက ပါးအချက် ၅၀လောက် အရိုက်ခံရပါစေ)
၂- ချစ်သူရှိပါက ခဏခဏ ရန်ဖြစ်ပါစေ (ခ) အလိုလိုနေရင်း အရစ်ခံရပါစေ
၃- မိန်းမ ရှိပါက အိမ်ပေါ်က နှင်ချပါစေ
၎- မျက်နှာမြင် ရိုက်ချင်ပါစေနဲ့ ပြည့်စုံပါစေ
၅- အင်တာနက် သုံးနေရင်း ကော်နက်ရှင်ကျပါစေ
၆- အိမ်လည်နေရင်း မီးပျက်ပါစေ
၇- ဟိုပိတ် ဒီတားတာတွေနဲ့ တွေ့ပါစေ (ခ) ကျော်ခွလို့ မရပါစေနဲ့
၈- Virsu ကိုက်ပါစေ
၉- မင်္ဂလာဆောင်ခါနီးမှ ကောင်မလေး(ခ) ကောင်လေး တခြားသူနောက်လိုက်ပြေးပါစေ
၁၀- ရည်းစားနဲ့ ဖုန်းပြောတုန်း လိုင်းပူးပါစေ
၁၁- online ပေါ်တွေ့သူတိုင်းအမြင်ကပ်ပါစေ
၁၂- ဆော်မကြည်၊ အကြွေးတင်၊ ဖဲရှုံး၊ လုပ်တိုင်းမဖြစ်ပါစေနဲ့
၁၃- ဘီယာသောက်လဲ အတုမိ၊ အရက်သောက်လဲ အတုမိပါစေ

မှတ်ချက် - အထက်ပါအချက် ၆ ချက် အားလုံး အကျုံးဝင်ပါသည်။ တချက်၊ နှစ်ချက်ပြည့်စုံရုံမျှနဲ့ မရ။ ဒီထက် ပြင်းထန်သော ကျိန်စာ မကြာခင်လာဖွယ် ရှိသည်။ အဘယ်ကြောင့်ဆိုသော် ပေါသူ/သားတွေ ဘယ်ဂျောင်ရောက်နေ မှန်း မသိသောကြောင့်ဖြစ်သည်။

Thursday, February 12, 2009

၁၀၁ ပုဒ်မြောက်

ဘာလိုလိုနဲ့ ငပေါဂေဟာစတင်ခဲ့တာ ခုဆိုပို့စ် ၁၀၁ မြောက် တောင်ရှိပြီတဲ့။ ငတိကပြောတာပဲ။ ဟုတ်မဟုတ်တော့ ရေသာကြည့်ကြပေတော့။ ငပေါတို့လမ်း လျှောက်လှမ်းရာမှာ အခက်အခဲတွေ၊ ဒုက္ခတွေ၊ ပြဿနာတွေ၊ အတိုက်အခိုက်တွေ (ဟီး နည်းနည်း များသွားလားမသိဘူး၊ တူညားတွေ မိန့်ခွန်းပြောတာ အတုခိုးထားတာ) အဲဂလိုတွေ ကြုံလာခဲ့ရပါတယ်။ ဒီဂေဟာကြီးကို လွယ်လွယ်နဲ့ တည်ဆောက်တယ်လို့တော့ မထင်စေချင်ဘူး။ အုတ်၊ သဲ၊ ဘိလပ်မြေ ဈေးကြီးတဲ့ကြားက .. ရှောက်လုပ်ရေးဝန်ကြီးကို အဲ့ပစ္စည်းတွေ ခိုးပြီး ဆောက်ခိုင်းထားရတာ။ ဒီကြားထဲ ရုပ်တည်ဂိုဏ်းက ကောင်တွေရဲ့ သွေးခွဲ နှောင့်ယှက်ခြင်းကို ကြံ့ကြံ့ခံထားရ (ဒါကတော့ ဟိုအဖွဲ့အစည်းက ခေါင်းဆောင်တွေ ပြောတာ ကြားဖူးတာလိုက်ပြောတာပါ)၊ ပြီးတော့ ငတိ အသည်းကွဲလို့၊ တွင်း ၂ ပြည်တော်ပြန်လို့၊ ငှက်ကထ အလုပ်ထွက်လို့၊ အသင်းသားချုပ် ဖိနပ်အသစ်လိုချင်လို့၊ အမှုရှောင် ထန်းရေမူးနေလို့ ... ကျန်ဝန်ဂျီးတွေ ဘာဖြစ်လို့ ညာဖြစ်လို့ .. အဲလို ခက်အခဲပေါင်းများစွာကိုလည်း ကျော်ရဖြတ်ရပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ခုတော့ ပို့စ် ၁၀၀ တိုင်ပြီ (ဟီး ခပ်တည်တည်ပဲ နှစ် ၁၀၀ ပြည့်လိုလို ဘာလိုလိုပေါ့) ပြောနေကျအတိုင်း ငပေါဂေဟာ အဓွန့်ရှည်ပါစေ၊ လောင်းလစ်ဗ် သပေါစ်။ ကဲ နာယက လက်ဆော့လို့တော့ ပြီးပြီ .. ကျန်တဲ့သူတွေ .. ကြိုက်သလို ဆက်ဆော့ကြပါကုန် .. ဒန်တန့်တန် ...။

ယခု အလှည့်ကျတာကတော့ ခပ်ချောချောကောင်လေး ငတိ ဖြစ်ပါတယ်။ သူဟာ ဘယ်လောက်တောင် ချောလဲဆို မပြောကို မပြောချင်တော့ပါဘူး။ မပြောချင်ဘူးဆိုတာ ပြောမလို့ အစပျိုးတာ အရမ်းချောလွန်းတော့ ကောင်မလေးတွေက ခဏခဏ ဆွဲလား ရမ်းလားလုပ်တော့ ကြောက်တာပေါ့ ဒါနဲ့ ငပေါဂိုဏ်းမှာ ခပ်တည်တည်နဲ့ သဘပတိ ၀င်လုပ်လိုက်တာ (ဘာမှလဲ မဆိုင်ဘူး)။ ခဏခဏလဲ အသည်းကွဲတယ် အသည်းကွဲတော့ ကဗျာတွေ တပုဒ်ပြီး တပုဒ်ရ ဘယ်လောက်ဂွတ်လဲ စဉ်းစားကြည့်လေ။ အခုဆို အသည်းကွဲကောင်းတာ ၁၀၀ ပြည့်ပြီလေ။ (ကပ်ကြော်ငြာသွားတာ) ရှေ့က နာယကဂျီးကဖော ပြီးသားဆိုတော့ မှားလို့ ပြောပြီးသားဆိုတော့ ထုံးစံအတိုင်း ဖောလို လိုက်ရတာပေါ့။ သိတဲ့အတိုင်းပဲ ဒီဂေဟာမှက ကိုယ်က ဆရာလေ၊ ကိုယ်မရှိရင် ဂေဟာတောင် ပိတ်သွားနိုင်တယ်။ ဒီလောက် ဆရာကျတာ (ကိုယ်ဖာသာ အတင်း ဆရာကျထားတယ်) အကယ်ဒမီလဲ မယူချင်ပါဘူးဆို အတင်းလာပေးတယ်။ ဒါနဲ့ လာပေးရင် ဂေဟာက ထွက်လိုက်ရမလား ဆိုတော့မှ ငြိမ်သွားတယ်။ ဒါနဲ့ အပြင်သွားရင် အမှုရှောင်၊ ယဉ်ကျေးမှုဝန်ကြီး၊ သစ်တောရေးရာ ၀န်ကြီး၊ အသင်းသားချုပ်နဲ့ တွင်း ၂ ကို ဘေးကနေ ဘော်ဒီဂတ် လုပ်ခိုင်းရတယ်။ တွင်း ၂က ဓာတ်တိုင်လို အရပ်ရှည်တော့ အဝေးက ရန်သူကို မြင်တယ်လေ။ အတင်းသားချုပ်က ရန်သူကို ရုပ်ပြလိုက်တာနဲ့တင် ဖိန့်ဖိန့်တုန်အောင် ကြောက်သွားလောက်တဲ့ အစွမ်းရှိတယ်။ အမှုရှောင်ရဲ့ မျက်လုံးပြူး သိုင်းကွက်ကိုလဲ ရုပ်တည်ဂိုဏ်းကလူတွေ သေမလောက် ကြောက်တယ်။ ယဉ်ကျေးမှုကျတော့ တမျိုး သူက မင်းဘယ်သူလဲလို့ အသံနဲ့ မေးလိုက်တာနဲ့တင် ရန်သူတွေ ရူးသေ။ (အဲ့လောက် အသံကောင်းတာ) သစ်တောကျတော့ တမျိုး အရူးချီးပန်း သိုင်းကွက်နဲ့ ကြုံရာ ကိုက် သိုင်းကျမ်းကို အောင်ထားတာ ဆိုတော့ကာ သူ့လဲ အားကိုးနေရတယ်။ ဒီလို လူတွေရှိတော့ ငတိတို့က ရုပ်ချောပေမဲ့ သိပ်ကြောက်စရာ မလိုဘူးလေ။ ကဲပါ ဖောတာတွေ များနေပြီ နောက် လူကြီး လက်ရည်တက်လေးတွေ ကျန်သေးတယ် အလှည့်ပေးဦးမှ ကိုယ်က ရုပ်ကလဲချော ငယ်ကလဲငယ်ဆိုတော့ မြန်မြန် သွားမဲ့ လူကြီးတွေ နေရာပေးရဦးမယ်လေ။ တူနယ် တူနယ်ဗြောင်

၁၀၁ ပို့စ်မြောက်ဆိုတော့ အနှစ်သာရ ရှိတဲ့ ၁၀၁ အကြောင်း ကျနော် တွင်းတူးက ရှင်းပြပါမယ်။
101 ဆိုတော် လက်နဲ့ ချရေးရင် lOl ပေါ့ အဲဒါဘာလဲဆိုတော့ တုတ်နှစ်ချောင်းနဲ့ ကြက်ဥတစ်လုံးပါ။ တနည်းပြောရရင် ငပေါသိုင်းကျမ်းရဲ့ လျှို့ဝှက် သင်္ကေတလို့လည်း ပြောလို့ရပါတယ်။ ဟိုအရင်ခေတ်က ဒီသိုင်းကိုတတ်မှ ငပေါဂိုဏ်းသားတွေ ရည်းစားထားခွင့် ရပေမယ့် အခုခေတ်မှာတော့ တွင်း-၂လောက်ပဲ တတ်တော့တဲ့ သိုင်းဆိုတော့ ဒီစည်းကမ်းကမထားတော့ပါဘူး။ ဒီ့ထက် အနက်ဖော်ရမယ်ဆိုရင် ကြက်ဥကို တူနဲ့ညှပ်ပြီးကိုယ်ချစ်တဲ့သူကို ဘယ်လင်တိုင်းဒေး (ညာလင်တိုင်းဒေးမဟုတ်ပါ) မှာ ချစ်ခွင့်ပန်ပြီး ကြက်ဥကျွေးတဲ့ သိုင်းကွက်ပါ။ တူနဲ့ ညှပ်ထားတဲ့ ကြက်ဥ လွတ်မကျခင် ချစ်တယ်ဆိုတဲ့ အဖြေကိုရပြီး ချစ်သူက အဲဒီကြက်ဥကိုစားမှ ငပေါဂိုဏ်းသားတွေ ရည်းစားထားခွင့်ရပါတယ်။ အကယ်၍ ၁၀၁ကြိမ်တိုင်တိုင် ချစ်ခွင့်ပန်လို့မှ အဖြေမရရင် ဇွဲပေါကြီးဆု ကိုပေးပါတယ်။ ဒါကိုအတုယူပြီး ဂျပန်နိုင်ငံက ၁၀၁ကြိမ်မြောက် ချစ်ခွင့်ပန်ခြင်း ဇာတ်ကားကို ရိုက်ကူးခဲ့တာပါ။ ဘာကြောင့် ဒီသင်္ကေတကိုရွေးရသလဲဆိုရင် တစ်နဲ့တစ် ကြားမှာ သုညရှိနေတယ်ဆိုတဲ့ အဓိပ္ပာယ်လည်းရပါတယ်။ ရှေ့က 1 က ငပေါလေးတစ်ယောက်လို့ အဓိပ္ပာယ်ပါ။ ဒါဆိုနောက်က 1 ကကော။ ဟုတ်ပါတယ်။ ငပေါမလေးတစ်ယောက်ပေါ့။ ဒါဆို သူတို့ ချစ်သူနှစ်ဦးကြားမှာ ဘာရှိသလဲ။ သုညဆိုတဲ့ အချစ်ရှိပါတယ်။ အချစ်ကလွဲလို့ ဘာမှမလိုတဲ့ အချစ်။ ပေါပေပေါညား အချစ်ကြီးတဲ့ ဂုဏ်ကိုဆောင်ပါတယ်။ အဲဒါကြောင့် ငပေါလေးနဲ့ ငပေါမလေးနဲ့ အချစ် ရဲ့ အနှစ်သာရပါတဲ့ ဒီ ဝမ်းအိုဝမ်းကို ငပေါချစ်သင်္ကေတအဖြစ် အဓိပ္ပာယ်သတ်မှတ်ခဲကြောင်းပြောရင်းနဲ့ နိဂုံးချုပ်ပါတယ်။
ဖြောင်း... ဖြောင်း... ဖြောင်း... (တီးမယ့်သူမရှိလို့ ကိုယ့်ဟာကိုယ်တီးတာ။) ဒါဗြဲ။

နောက်တစ်ခု အခါအခွင့်သင့်တုံး တစ်ဆက်တည်းပြောချင်တာက
မင်းသမီးလုပ်ရင်ကောင်းမလားလို့ မဖုရာလေး စိတ်ထဲမှာ ကြိတ်ကြံထားတာ . . အခုတော . . . ဟတ်ကော့ကြီးဖြစ်သွားပြီ။
သေခါနီး မိတ်ကပ်အပြည့်နဲ့ တစ်ဘ၀လုံးအကြောင်းကို ၃ နာရီမျှကြာအောင် စိတ်ရှည်ရှည်ထားပြီး ဖလပ်ဖလပ်နဲ့ပြောပြနိုင်တဲ့ အနုပညာရှင်များ-
ညကြီးသန်းခေါင်း အိပ်နေရာက ခြံတံခါးဆင်းဖွင့်တာတောင် ဒေါက်ဖိနပ်စီးပြီး shoppingထွက်သကဲသို့ အပြတ်ရှိုင်းထားသော အနုပညာရှင်မမများ-
သွေးဆိုတာ အနီလည်းရှိသလို တစ်ခါတစ်လေလည်း ပြာနှမ်းနှမ်း-မရမ်းရောင်မကျတစ်ကျလည်း ရှိတတ်တယ်ဆိုတာ ထင်သာ မြင်သာအောင် အဖြူရောင် စွတ်စွတ် ၀တ်လေ့ဝတ်ထရှိပြီး ဖိုက်တင်ပလေးတတ် သေပြတတ်သော အနုပညာရှင်များ
အဓိကရများ သေပြီဆိုလျှင် ရှိတာတွေ ပြစ်ချကြဆိုပြီး အင်းတိုက်အားတိုက်ပြေးလာကြသော တာဝန်သိ ရဲသရုပ်ဆောင်အနုပညာရှင်များ
ပိုက်ဆံအိတ်ကြီးတွေ လွယ်အိတ်တွေကို အသစ်စက်စက်အတိုင်း ပြားချပ်ချပ် ကိုင်လေ့ကိုင်ထ ရှိသော အနုပညာရှင်များ. . . ကဲသို့ ကဲသို့ . . ကဲသို့
အခြား ၁၀၁ ပါးသော် အံသြဖွယ် ရင်သတ်ရှု့မောဖွယ် အကယ်ဒမီရိုက်ချက်များနှင့် အစွမ်းကုန်ကျိုးစားကြပါကုန်သော်ငြားလည်း
မိန်းမတွေ အကယ်ဒမီ မပေးတော့ဘူးလိုဖြစ်သွားတဲ့ အခါသမယမှာ မမ မင်းသမီးလုပ်မယ့် စိတ်တွေ ဒုန်းကနဲ အုန်းကနဲ ပြုတ်ကျသွားပါတယ်။

အခုတော့ ပေါဂေဟာမှာ ရထားတဲ့နေရာလေးမှာဘဲ သက်တောင့်သက်သာ ဆံကေတာ ဂတုံးဖြစ်တဲ့အထိ ဆက်လက်ပေါအုံးမယ်လို့ အနစ်နာခံတဲ့ စိတ်တွေ ဆက်ဖြစ်နေဆဲဖြစ်ကြောင်းနှင့် လစာတိုးပေးလို စိတ်များတစ်ဟုန်ထိုးဖြစ်ရန် လူဂျီိးမြင်းများအား ရည်ရွယ်အကြောင်းကြားပါသည်။

ကေလာမမ

အထက်က လူချီးတွေ ပန်းသွားပြီးသကာလ ထိပ်ထုလေးဇင်ဇင်မှာလည်း မအားသည့်ကြားမှ လာပန်းရ....အဲ.. လေယာဉ်စင်းလုံး ငှားပြီးတော့ ဟိုးးးး မိုင်ပေါင်း အတော်ဝေးကွာသော ဂျန်းဂဲမှ ဒီရာပြည့်ပွဲလေးကို တက်ရောက်ချင်ဇောနှင့် အပြေးလေးလှမ်းလို့ လာခဲ့ရပါတယ်။
သံယောဇဉ်အမျှင်အတန်း ရှင်ကန်းဘယ်လို ဖြတ်ပါ့မလည်းဆိုတဲ့ စိတ်လေးတစ်ခုထဲနဲ့ပါ (ပြောရင်းနိုချင်လာပြီ)
ဒီဂေဟာအပေါ်မှာ သံယောဇဉ် ဘယ်လောက်ကြီးတယ်ဆိုတာကို မပြောချင်တော့ပါဘူး.... ........ ......... ....... (အသံများတုန်နေရင်းနှင်
့ ပြောနေချိန် အောက်ကနားထောင်သူများ မှာငိုက်မြဲ)

လာတဲ့လမ်းကကြမ်းတော့ လေယာဉ်ဘီးက သုံးလေးခါပေါက်လို့ဖာခဲ့ရသေးတယ်။ စိတ်ကလည်းထင်မှတ်နေတာ အခုလောက်ဆို ဟိုးးးးး အပေါ်က ငှက်ကဥတို့ ဘလာ ဘလာတို့တော့ရေးပြီးလောက်ရော ဆိုပြီးပေါ့နော်။ လာကြည့်တော့လည်း အမြဲမြင်နေရသော..သောက်ခွက်တွေ အမြဲကြားနေရသော အသံကွဲတွေ ဘဲကြားရတယ်။
ဟွန်း... ထိပ်ထားလေးမှာတော့ဖြင့် အလွန်အင်မတန်မှကို ဘီးဇီးနေသည့် သကာလ အကယ်ဒမီရသည်ကို တောင်တက်ရောက်ယူခြင်းမရှိခဲ့ပါ။ တိုးတိုးတိတ်တိတ် ဇင်ဇင်ရှိရာနေရာဂျန်းဂဲသို့ လေယဉ် ပေါ်မှ ရွှေဇင်ရုပ်ထုပစ်ချပေးခဲ့ကြရသည်။ (မလိုချင်ဘူးလို့အတင်း ငြင်းနေလို့ပါ ..အဟမ်း..)
ကဲကဲ ပြောရတာလေရှည်တယ် သိပ်ကြာကြာပြောလို့မရဘူး ဒီဂေဟာက ရေတောင်ရှိတာမဟုတ်ဘူး.. ငှက်ကဥ အိမ်မှာ အရက်ချက်ဖို့ဆိုပြီး ဂေဟာကပိုက်လိုင်းကိုခိုးသွားတာ။ အားလုံးသိအောင် အခုမှ တိုးတိုးလေးပြောရတာ။ ဇင်ဇင် ကသူများအကြောင်းပြောတတ်ပါဘူး။
ဒါသိစေချင်လို့သာ...နော်.... နော် ငှက်ကဥ... အာဘွား ချိတ်ချိုးနဲ့နော်....
ကဲလိုရင်းကိုရောက်တော့ဘူး..
ကဲပြောမယ် အခုလိုပျော်ရွှင်ဖွယ်နေ့လေးမှာ စိတ်ညစ်စရာလေးတွေ ခါးမှာချိတ် (ဟမ်းဖုန်းမချိတ်နိုင်လို့ တစ်ခုတော့ချိပ်ရတာပေါ့နော်) ထားပြီး ဒီလိုဂေဟာရဲ့ အမှတ်တရနေ့လေးကို လူချီးမြင်းများ နှင့် အတူကျင်းပခွင့်ရတာ ကို အထူဘဲ ကျေးကျူးတင်ပါတယ်။ သူတကာတွေက နှစ်တစ်ရာတို့ ရက်တစ်ရာတို့ အမှတ်တရရက်လည်လုပ်ကြတယ် ။ ဒီဂေဟာက တစ်ရာ့တစ်ပုဒ်မြောက်မှာမှ... ရက်လည်တယ်။
နောက်ထပ်ရက်လည်ရင်လည်း နှစ်ရာ့နှစ်မှာမှ ရက်လည်လုပ်မည်ဖြစ်ကြောင်း ငပေါများ ခေါင်းရှောင် ငှက်ကဥကိုယ်စား ...ဇင်ဇင်မှစားလိုက်..အယ် ပြောကြားလိုပါတယ်။

ရွှီး...ဖြောင်း...ဖြောင်း....

အခုလိုလာရောက်အိပ်ငိုက် စားသောက် မထောင်ချင်လည်းထောင် မတီးချင်လည်းတီးပေးကြသော လက်ခုတ်သံများ အတွက်လူချီးမြင်းတို့ကို အထူဘဲကျေးဇူးတင်ပါကြောင်းပြောကြားလိုပါတယ်။
လာရောက်ချီးပန်းပေးသွားသော ပြည်ညာရေးမူး ......မူးမူးနှင့်ပြန်...အဲ....အပြန်ခရီးအား ဂေဟာမ လူချီးမင်းများ က ပျော်ရွင်စွာ လေဆိပ်သို့ လိုက်ပါပို့ဆောင် ပေးလိုက်ကြကြောင်း... (လေယာဉ်မြန်မြန်ထွက်ပါစေဟုစိတ်မှပြော မပြချင် ဘဲပြရသောလက်များ ဝှေ့ယမ်းကာပြနေကြပုံ)

ပြင်ညာရေးဝန်ချီး


ငပေါငှက္ကဋ္ဌကြီးတစ်ယောက် အကောင်းပကတိကြီးနေနေရာမှ ရုတ်တရက် ဂိသွားလေသည်။ ဂိတာမှ ရိုးရိုးဂိခြင်းမဟုတ်။ ဆန်းဆန်းဂိခြင်းဖြစ်သည်။ ဂိပုံဂိနည်းကိုတော့ နေရာမဟုတ်သောကြောင့် အရှည်မရေးတော့ပြီ။ ဂိသည်ဟုသာမှတ်ကြပေတော့။ အို… အသင်တို့။ အသင်တို့ ဒိုမီနိုကို စားဖူး (အင် ဟုတ်ပါဘူး) ဒိုမီနိုသီအိုရီကို ကြားဖူးကြသည် မဟုတ်တုံလော။ ၄င်းသီအိုရီအရ ဂိနေသောကြောင့် အပြင်မထွက်နိုင်။ အပြင်မထွက်နိုင်သောကြောင့် အင်တာနက်မကိုင်နိုင်။ အင်တာနက် မကိုင်နိုင်သောကြောင့် ငပေါဂေဟာကိုလည်း မျက်စောင်းမျှ မချိတ်နိုင်ခဲ့ချေတကား။

ထိုသို့ရှိနေစဉ်အတောမှာပင် ငပေါတို့၏ ၁၀၀ကြိမ်မြောက် နှစ်ပတ်လည်ကြီးကို ဝှဲချီးကျင်းပခဲ့ရာ အလွန်ပင် ပျော်ရွှင်မြူးတူးခဲ့ကြသဖြင့် ငှက္ကဋ္ဌကိုပင် သတိမရသောဟူ၏။ ထို့အတူ ၁၀၁ကြိမ်မြောက်ချစ်ခွင့်ပန်ခြင်း (အာာ ဟုတ်ပါဘူး… အင်း စာကမရေးတာကြာတော့ မှားသဗျို) ၁၀၁ကြိမ်ပြည့်ပွဲတော်ကြီးကိုလဲ ကျင်းပရန်စီစဉ်နေကြကြောင်း၊ ငှက္ကဋ္ဌအနေဖြင့် တစ်ခုခုတော့ရေးမှဖြစ်မည်ဖြစ်ကြောင်း မရေးပါက အကြည်ညို ပျက်ကြလိမ့်မည်ဖြစ်ကြောင်း နာယကဂျီးမှနေ၍ နေအိမ်သို့ပင် ဖုန်းဆက်ကြိမ်းမောင်းသောကြောင့်လည်းကောင်း၊ တခြားအသင်းသားများ၏ ဝိုင်းဝန်းတောင်းပန်မှု (ဟီဟိ ငှက္ကဋ္ဌစားပြီဗျို့) ကြောင့် ဦးနှောက်ကို အပြင်းအထန်ခလောက်ကာ ရှိရှိသမျှ "အိုင်ဒီယာ" လေးဖြင့် ရေးသားလိုက်ရပေသည်။

၁၀၁ ဆိုသည်မှာ ၁၀၀ နှင့် ၁ ကိုပေါင်းထားခြင်းဖြစ်၏။ ၅၁ နှင့် ၅၀ ကိုပေါင်းလျှင်လည်း ၁၀၁ပင်ရ၏။ ထို့အတူ ၁ကို ၁၀၁နှင့်မြှောက်ရင်လည်း ၁၀၁ရ၏။ ထို့ကြောင့် ၁၀၁ သည် ထူးခြားသောဂဏန်းဖြစ်၏။ ထို့ကြောင့် ဤ ၁၀၁ပွဲတော်ကြီးကို ငပေါဂိုဏ်းသားအားလုံးနှင့် ဆင်နွဲရသည့်အတွက် ဝမ်းမြောက်ကြောင်း ပြောကြားလိုက်ပါသတည်း။

ငှက်ကဥ


မှတ်ချက် -
ဒီဂေဟာလေးက အခုဆို ပိုစ့် ၁၀၁ ပုဒ်မြောက်ပါ။ အစကတော့ တယောက်ယောက်ရေးပေါ့လေ။ အခုတော့ အားလုံး တယောက် တပိုဒ် အမှတ်တရ ရေးချင်ရာလေး ၀င်ရေးကျပေါ့။ ပေါပေါလေးနဲ့ ရီရစေမဲ့ စာလေးတွေပေါ့။ ကောမန့်မှာ ရေးပေးခဲ့ကျပါ။ ဒါမှမဟုတ် မေးလ်သို့ ပို့ပေးကြပါလို့ တောင်းဆိုလိုက်ပါတယ်။ ငပေါအဖွဲ့သား အားလုံးကို ဆိုလိုတာပါ။

Saturday, February 7, 2009

ရင်သပ်ရှုမောဖွယ် မြင်ကွင်း

ကမ္ဘာမြေတစ်ခွင် ပြဲပြဲစင်အောင် တစ်နေကုန်ပူပြင်းတောက်လောင်ထားသော ရှင်နေမင်းကြီးလည်း တစ်နေ့တာ အလေလိုက်၍ မောပန်းသဖြင့် အိပ်စက်အနားယူရန် အနောက်ဘက် ကောင်းကင်ဆီသို့ တဖြည်းဖြည်း ရွေ့လျားပျောက်ကွယ်စ ပြုနေပြီ။ ကောင်းကင်တစ်ခွင်လုံး ဆန်းကစ်အချိုရည် ဖိတ်ကျထားသကဲ့သို့ လိမ္မော်ရောင်သန်းလျှက်ရှိပြီး ပတ်ဝန်းကျင်လေထုမှာ အနွေးဓာတ်မပျယ်သေးသဖြင့် လေလည်သောအခါစအိုမှ ထွက်လာသောလေကဲ့သို့ ခပ်နွေးနွေး ညှီစို့စို့ရှိနေသည် ။ နေ့လည်နေ့ခင်းတွင် အပြင်ဘက်လောကသည် ဆိတ်ငြိမ်လျှက်ရှိသော်လည်း ညနေခင်းအချိန်တွင်မူ ကျောင်းမှပြန်လာသော ကျောင်းသူကျောင်းသားများ၊ ရုံးဆင်းလာသော ရုံးဝန်ထမ်းများနှင့် အိမ်အနီး ပုစွန်တောင်ဈေးမှ ဆိုင်သိမ်းနေသော ဈေးရောင်းဈေးသည်များ၏ ဆူညံပွက်လောရိုက်သံများကြောင့် ရန်ကုန်မြို့သည် အရေးပေါ်ကယ်တင်ထားသော သေခါနီးလူနာကဲ့သို့ ရုတ်ချည်းတဖန် ပြန်လည်၍ အသက်ဝင်နိုးထလျှက်ရှိသည်။ နဂါးပုံ၊ ဒိုင်နိုစောပုံ၊ ကိုယ်တုံးလုံးမိန်းမပုံ စသဖြင့် အမြင်အမျိုးမျိုးပေါ်မူတည်ကာ အသွင်အမျိုးမျိုးဆောင်နေသော မိုးသားတိမ်စိုင်များသည် ကောင်းကင်တွင် ဟိုမှဒီသို့ လေနှင်ရာ မျောလွင့်နေကြသည်။ အိမ်ရှေ့ပလက်ဖောင်းပေါ်တွင် ခွေးဝဲစားနှစ်ကောင် မိတ်လိုက်နေသည့် မြင်ကွင်းကလည်း တစ်မျိုး ကြည်နူးဖို့ ကောင်းသည်။ လမ်းမရှိ လူကူးမျဉ်းကြားအနီးတွင် ယဉ်ထိန်းရဲနှင့် ပြည်သူအချို့ (ခွေးရူးလိုက်တမ်း..အဲ..ဟုတ်သေးဘူး) လိုက်တမ်းပြေးတမ်း ကစားနေသည်မှာ ငယ်စဉ်ကလေးဘ၀ကို အမှတ်ရစေသည်။ အီကဲ့သို့ ရသစုံတွေ့မြင်ခံစားနိုင်သော ညနေခင်းပတ်ဝန်းကျင်ကို ငေးမောနေရသည်မှာ တီဗီဖန်သားပေါ်တွင် မော်ဒယ်သရုပ်ဆောင် မိုးဟေကို တိတ်ခွေကို ကြည့်ရသည်ထက်ပင် ဆွဲဆောင်မှုကောင်းနေပေတော့၏။

မကြာခင်အချိန်တွင် ယခင်က လေနှင်ရာလွင့်ပါနေသော မိုးတိမ်များသည် တဖြည်းဖြည်း စုဝေးမိပြီး မီးခိုးရောင် ခြုံစောင်ထူကြီးနှယ်ပြောင်းလဲကာ အာကာသတစ်ပြင်လုံးကို အမှောင်ချလွှမ်းခြုံပစ်လိုက်သည်။ လေပြင်းများတိုက်ခတ်သဖြင့် သစ်ရွက်များကြွေကြသည် ။ သစ်ကိုင်းများကျိုးကျသည် ။ စည်ပင်မှမချိုင်လှဲကြလို့ ပင်စည်မှယိုင်လဲကျသော သစ်အိုပင်များလည်းရှိ၏။ လေပြင်းဒဏ်ကြောင့် မကြာခင်က အချစ်ပလူးနေသော ခွေးထီးပေါ်သို့ လျှပ်စစ်ဓာတ်ကြိုးများပါပျက်ကျရာ ဆန့်ငင်ဆန့်ငင် ဝေဒနာခံစားနေရရှာသော ခွေးနှစ်ကောင်ကို သနားဂရုနာသက်ဖွယ်တွေ့မြင်ရသည် ။

မကြာမီ ကြက်ဥတစ်လုံးပြုတ်တာ ကျက်ချိန်လောက်အကြာတွင် မိုးစက်အမှုန်မွှားလေးများ လေပြင်းများနှင့်အတူ ရောယှက်ကျဆင်းလာသည် ။ မြောင်းသင်းနံ့လေးများ ခံစားမိ၏ ။ တဖန် အိမ်သာတစ်ခါတက်လောက် အကြာတွင် (စိုင်းစိုင်းကိုသနားလို့ထင်သည်) မိုးသည်းထန်စွာရွာချလိုက်သည် ။ မြေပြင်ပေါ်တွင် တီကောင်များ၊ ဖားပြုပ်များ ၊ မြောင်းပေါ်မှတက်လာသော ကြွက်များဖြင့် ရန်ကုန်မြို့ကြီးသည် တိရိစ္ဆာန်ရုံတစ်ခုနှယ် အကောင်ပလောင်များ စည်ကားနေတော့၏ ။ မိုးအဆက်မပြတ်ရွာသဖြင့် မြောင်းရေလျှံတက်သောအခါ လမ်းမပေါ်တွင် ရေများသည် ခြေသလုံးခန့်ထိ တက်ကာ ချောင်းကဲ့သို့ စီးဆင်းနေတော့၏။ ရေမချိုးရသေးသော သူတောင်းစားကလေးငယ်လေးများမှာ ရေကူးကန်သို့ရောက်သည့်နှယ် ရေကူးဆော့ကစားကြသည်။ မြန်မာနိုင်ငံအတွက် သီးသန့်မထုတ်လုပ်နိုင်သေးသော ရေထဲတွင်သွားနိုင်လောက်အောင် ခေတ်မမီသေးသော မော်တော်ကားများကို ကားမောင်းသူများက ကိုယ်တိုင်ဆင်းတွန်းကြရသည် ။ အချို့မိန်းမပျိုလေးများကလည်း မိုးရေအောက် မြောင်းရေထဲတွင် မင်းသမီးအမှတ်နှင့် ကဗျာဆန်ဆန်လမ်းလျှောက်နေသည် ။ ရေစိုအ၀တ်နှင့်အပျိုလေးများကို စပါယ်ယာများက လှမ်းအော် စနောက်သည်။ ရန်ကုန်မြို့ကြီး သည်လည်း မိုးသံ ၊ ကားစက်သံ ၊ ဟွန်းသံ၊ ကလေးအော်သံများကြောင့် ဈေးပွဲတော်ကြီးတစ်ခုကဲ့သို့ စည်ကားပျော်ရွှင်ဖွယ်ကောင်းလှသည်။

ပုဇွန်တောင်ဈေးမှ လတ်လတ်ဆတ်ဆတ်ရောင်းချနေသော ငါးပုစွန်းဘန်းထဲမှ ငါးများပုစွန်အရှင်များလည်း လမ်းပေါ်မှရေပေါ်တွင် လူများနှင့်အတူ လှုပ်စိလှုပ်စိ ပေါလောပေါ်နေကြသည် ။ ထိုသို့ ပလတ်စတစ်အိတ်၊ သစ်ရွက်ခြောက်၊ သစ်ကိုင်းခြောက်၊ ဖိနပ်များ၊ လူများ ၊ တိရိစ္ဆာန်များနှင့် အခြားအရာဝတ္ထုများအစုံ ပေါလောပေါ်နေသော မြောင်းရေထဲတွင် မိမိတို့၏ ဟင်းသီးဟင်းရွက် သားငါးများကို လိုက်ကောက်သူကကောက်သည်။ ကားတွန်းသူက ကားတွန်းကြသည်။ ရေကူးသူ ကလေးငယ်များက ရေကူးသည် ။ လမ်းစည်းကမ်းထိန်းသိမ်းရေးပုဂ္ဂိုလ်မှာလည်း လမ်းစည်းကမ်းမည်သို့ထိန်းသိမ်းရမည်မသိဘဲ အုတ်တိုက်လေးထဲတွင် လက်မှိုင်ချက ထိုမြင်ကွင်းကို ကျွန်တော်ကဲ့သို့ ရှုစားငေးမောနေတော့၏ ။

အချုပ်ဆိုရသော် မမေ့နိုင်သော မြင်ကွင်းအဖုံဖုံဖြင့် ခံစားမှုအစုံပေးစွမ်းနိုင်သည့် ရှုခင်းပန်းချီကားတစ်ချပ်ကို အမည်တပ်ရမည်ဆိုပါကို "ရန်ကုန်မြို့ ညနေခင်း" ဟုပင်ခေါ်ဆိုရမည်ဖြစ်သည်။ ထိုပန်းချီကားတစ်ချပ်သည်ပင် ကျွန်တော်ဘ၀၏ မမေ့နိုင်သော မြင်ကွင်းတစ်ခုပင် ဖြစ်ပေတော့သတည်း။

Tuesday, February 3, 2009

လျှောက်လွှာလက်ခံခြင်း (၂၂)

အကြောင်းအရာ။ ။ လျှောက်ထားခြင်း .. (သတိ။လျှောက်ပြန်သံပေးလုပ်ခြင်းမဟုတ်)

သဘာငတိကြီးနဲ့တကွ ငှက်ကထကြီး ၊ နာရာကကြီး ၊ ဂေဟာမှ ရှိရှိသမျှသော ဝံကြီးချုပ် ဝံကြီးများ ၊ အတင်းသူ အတင်းသားများ ခင်ဗျာ။ ကျွန်တော် အမောင် သောကြာသားမှ အသင်တို့၏ ရူးပေါဂိုဏ်းကြီး၏ ပေါဂုဏ်သတင်းကြီးသဖြင့် ငပေါများဂေဟာတွင် သမ္မတလုပ်ရန်လျှောက်ထားလိုက်ပါတယ်။ ကျွန်ုပ်၏လွန်စွာမှ ကြီးကျယ်မြင့်မြတ်၍ အဖွဲ့အသီးသီးမှမျှော်လင့်နေသော ချီးဘရိန်းကြီးအား အသင်တို့ဂေဟာအတွက်သာပေးအပ်လိုပါသည်။(ပေးတုန်းယူထား ချီးဘရိန်းနော်ရခဲတယ်)

သို့ပါသောကြောင့် ကျွန်ုပ် သောကြာသား အားယနေ့မှ စ၍ သင်တို့ ငပေါများဂေဟာမှ ပိုင်ဆိုင်သွားပြီ ဖြစ်ပါသည်။ (ယူယူ မယူယူ အတင်းပိုင်ခိုင်းတယ်။) ကျွန်ုပ်မှာ ဂေဟာ၏ သမ္မတကြီး ဖြစ်သည်နှင့် ဂေဟာ၏ ပျက်စီး ဆုတ်ယုတ်နေသော စီးပွားရေးကြီး နလံထူစေရန် ဂေဟာဘဏ္ဍာမှ ၂ ကျပ် ၆ ပြား ကို ဂေဟာမှ အဖွဲ့ဝင် အားလုံးနှင့် ၁လ ကြာ အစည်းအဝေးပြုလုပ်ပြီး ထောက်ပံ့ပေးမည်။ ပေါဂေဟာမှ ထုတ်လုပ်လျှက်ရှိသော ပေါစတားဂျစ်၏ ထုတ်လုပ်မှုများ ရပ်ဆိုင်မသွားစေရန် ၁ ကျပ် ၂၀ ပြား ထောက်ပံ့ကာ စရိတ်သက်ကာစေရန် ပေါတွန်းလှည်းများ ထုတ်လုပ်နိုင်ရန် လွဲညွှန်ပေးသွားမည်။

ဂေဟာမှ အမျိုးသမီးအဖွဲ့ဝင်များအလွန်အားကျကာအတုယူလိုသော သဘာငတိနှင့်တွေ့ဆုံမည်ဆိုသည့် ကုလသမ္မဂ ကိုယ်စားလှယ် မန်ဒါလီ၏ အသားအရေထိန်းသိမ်းမှု လှို့ဝှက်ချက်ကို မသိမသာကပ်ဒိုးလေး မေးပေးပါမည်။ ရူးပေါဂိုဏ်းမှ စစ်ခင်းလျက်ရှိသော လူတည်ဂိုဏ်းဂေဟာစစ်မြေပြင်သို့ လူသားချင်း စာနာထောက်ထားသောအားဖြင့် ဂျော်တကီးများနှင့်သာ အစားထိုး စစ်ခင်းသွားမည်ဖြစ်သည်။ ဖမ်းဆီးခံထားရသော ရူးပေါဂိုဏ်းသားများ လွတ်မြောက်ရေးအတွက် လူတည်ဂိုဏ်းမှ အလိုရှိသော ဂျော်ကယ်များနှင့် အလဲအလှယ် ပြုလုပ်ပေးမည်။ လူမှုရေး အနေဖြင့် အီသီယိုးပီးယားနိုင်ငံမှ အစာရေစာ ပျက်လပ်နေသော ကလေးငယ်များအတွက် အစာစားချင်စိတ်ကိုဖြစ်စေသော Appeton အားဆေးများ လှူတန်းတိုက်ကျွေးမည် ဖြစ်သည်။ ဂေဟာတွင် မီးမပြတ်စေရေးနှင့် အဆင့်မြင့်လက်နက်များ ပိုင်ဆိုင်ရေး အတွက် ဖယောင်းချက်စက်ရုံ တစ်ခုတည်ဆောက် အကောင်ထည်ဖေါ်သွားမည် ဖြစ်ကြောင်း အစီအစဉ်များနှင့်တကွ လျှောက်ထားလိုက်ပါသည်။

စာကြွင်း ။ ။ သမ္မတကြီးခန့်အပ်ခဲ့လျှင် အမေရိကန် သမ္မတ အိုဘမ ထက်မနိမ့်စေဘဲ ပေါစတားဂျစ်ဝမ်း (PaulStarJeep-1) ကိုအောက်ပါအရည်အချင်းများ ပါအောင်တပ်ဆင်ပေးပါရန်။

၁။ လုပ်ကြံသူများရန်မှကင်းဝေးရန် လောက်လေးခွ ဒါဏ်ခံ မှန်။
၂။ ကြက်ဆူဆီဖြင့်လည်ပတ်နိုင်သော အင်ဂျင်။
၃။ သမ္မတကြီးအလုပ်လုပ်နိုင်ရန် အသင့်ပါရှိသော ကျောက်သင်ပုန်းငယ် နှင့် ကျောက်တံ။
၎။ ဂေဟာနှင့် အမြဲဆက်သွယ်နိုင်ရန်အတွက် နို့ဆီဘူးကြိုးတပ် ဟုန်းဖုန်းတစ်လုံး။
တို့ကို တပ်ဆင်ပေးပါရန်တောင်းဆိုအပ်ပါသည်။

လူကြီးမြင်းများ လိုအပ်သည်များ မှာစားကြပါ။

ပုံ/
အခွင့်ရ
အတွင်းရေးမှူး-၂ လိန်လိန် (ငပေါများဂေဟာ)