ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Showing posts with label ခွင့်စာ. Show all posts
Showing posts with label ခွင့်စာ. Show all posts

Sunday, April 5, 2009

ခွင့်စာ (ကူးသန်းရောင်းဝယ်ရေး ဝံဂျီး)

ခွင့်စာ....

သဘာငတိကြီးခင်ဗျာ ..

အခုတလော ကူးသန်းရောင်းဝယ်ရေးဝန်ကြီး(ပေါညီ) ရုံးမလာတာကို အိမ်မှာပဲ ထိုင်နေတယ် မထင်ပါနဲ့ (အိပ်နေတာ)
ရုံးနဲ့အိမ်နဲ့ ကလဲနဲနဲ ဝေး ။ လာရတာလဲ ဆိုက်ကားတို့ လန်ချားတို့နဲ့ လာရတာ..... ဒါတောင်အိမ်က ဆိုက်ကားမောင်းတဲ့လူ က ဓါတ်ဆီ ခိုးရောင်းသေးတာ ။ လမ်းပမ်းဆက်သွယ်ရေးကလည်း ဆိုးလိုက်တာမှ လမ်းတ၀က်မပြောနဲ့ အိမ်အပြင်ကိုတောင်မနည်း ထွက်ရတယ်(connection ကိုပြောတာနော် ဟီး) ။ ဒါပေမယ့် ရုံးလာလို့ မရဘူးဆိုတဲ့ အကြောင်းပြချက်နဲ့  ပေါညီ အလကားမနေပါဘူး (အိမ်ငှားနေ နေတာလေ ပိုက်ဆံပေးနေရတာပေါ့ ) ။ ကိုယ်သွားလို့ ရတဲ့ နယ်မြေတွေမှာ ကူးသန်းနေတယ်လေ ...
ဥပမာ။ ။ သင်္ကြန် နားနီးပြီဆိုတော့ အီရတ်က ရေတွေ မှာတာမျိုး ။ အိမ်ရှေ့က အပင်တွေ အိမ်နောက်ဖေး ပြောင်းစိုက်တာမျိုး အလုပ်ဆို မခိုမကပ် တတ်တာပြောပါတယ် .. ..

ရုံးကိုလည်း စပါးတွေမပို့နိုင်လို့ ရုံးကလူတွေ ထမင်းမစားရတာ တပတ်ကျော်သွားပြီမှတ်လား (နေ့တိုင်းခေါက်ဆွဲကြော်တွေ စားနေကြပြီလေ)

ထိုသို့သောအကြောင်း ကြောင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ရုံးမလာနိုင်ပါကြောင်း ရုံးလာပြီး ခွင့်တိုင်သွားပါသည်။

( စာကြွင်း - သဘာငတိကြီးကို ဂါဂါလုပ်ပြီး တခုခုထည့်ပေးဖို့ပါပဲ......... ဒါပေမယ် စာအိတ်က ပိတ်ပြီးသွားပြီ )