ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Monday, August 31, 2009

ကြက်ဥအတုပေါ်ပေါက်လာမှုအပေါ် ပေါအရာရှိကြီးများ တုံ့ပြန်ချက်

(၁) နှာရကကြီး
"ကျမကတော့ ကြက်ဥအတုနဲ့ပတ်သက်ပြီး ကောင်းတယ်ဆိုးတယ် မခွဲခြားတတ်ဘူး ။
ဒါပေမယ့် မွေးနေ့မှာ ကြက်ဥပြုတ်တစ်လုံးစီကျွေးဖို့ စီစဉ်ထားတော့... ကြက်ဥကို သက်သက်သာသာ ၀ယ်ယူရရှိတဲ့အတွက် ၀မ်းသာမိပါတယ်"

(၂) ငပေါများဂေဟာ ရူးသွပ်ပေါချာရေးနှင့် ဖွန်ကြောင်ရေးကောင်စီ အတွင်းရေးမှူး(၂) ဗီလိန်
ဗီလိန်သည် တရုတ်ပြည်သို့ ၀မ်းမြောက်ကြောင်း သ၀န်လွှာပို့အပ်သည်။
"We are very appreciate for your technology of the fake eggs that could be a wonderful gift for vegetarians."

(၃) ချီးပွားကူးသန်း ၀ံကြီး
"ကြက်ဥအတုလိုမျိုးပေါ့လေ... ဘဲဥ.. ငုံးဥ.. စိမ်းစားဥ.. ကန်စွန်းဥ...အိုဗျာ..ဥမှန်သမျှ ကျွန်တော်တို့ထုတ်လုပ်သွားမှာပါ။ ဟိုဥတော့မပါဘူးပေါ့လေ...(သန်းဥပြောပါတယ်)"

(၄) သဘာငတိ
"အဲဒီ ကြက်ဥအတုတွေကို အကောင်ပေါက်အောင်လုပ်နိုင်ရင် တော်တော်အကျိုးရှိမယ်။ ဒါကြောင့် အဲဒီဥတွေကို ကျွန်တော်ကိုယ်တိုင် ကြက်အကောင် မပေါက်ပေါက်အောင်ကို ၀ပ်ပေးကြည့်မယ်လို့ စိတ်ကူးထားပါတယ်"

(၅) ပြင်ညာရေးဝံကြီး
"ကျမကတော့ ခုချိန်ထိ ကြက်ဥအတုနဲ့ အစစ်ဘယ်လိုခွဲခြားရမလဲမသိလို့ ခေါင်းစားနေပြီ။ တပည့်တွေက လာလာမေးကြတာကိုး..."

(၇) ကြမ်းမာရေးဝံကြီး
"ကြက်ဥအတုပေါ်လာတာ မကောင်းဘူးဗျ.. ကျွန်တော်က ညတိုင်း ကြက်ဥ ၂လုံးလောက် အားဖြည့်တဲ့အနေနဲ့ အစိမ်းသောက်နေရတာ.. ခုတော့ သေပီ! ကြက်ဥအတုတွေ သောက်မိရင် အခက်.."

(၈) နည်းပြင်ညာဝံကြီး
"ကျွန်တော်နောက်ဆုံးခေတ်မီနည်းပညာနဲ့ ကြက်ဥအတုနဲ့ အစစ် ကွာခြားချက်ကို ရှာတွေ့ထားပါတယ်..
ကြက်ဥကို ပြုတ်ကြည့်ပါ.. ပြုတ်ပြီးတဲ့အခါ အထဲကြက်ဥက အခွံနဲ့ကပ်မနေဘဲ ချောင်နေတယ်ဆိုရင် အတုပေါ့.. ဈေးဝယ်သူတွေဆင်ခြင်နိုင်တာပေါ့..ရေနွေးအိုးတစ်အိုးစီသာ ကြက်ဥဆိုင်ကို သယ်သွားပေတော့...ပြီးရင်ဝယ်မယ့်အလုံးကိုကျက်အောင်ပြုတ်ကြည့်..ကြိုက်မှဝယ်"

(၉) ယင်ကျေးမှုဝံကြီး
"ငါလချီးတဲ့မှဘဲ...သူ့အမျိုးဥ တွေတောင် အတုထုတ်ရသလား..တော်တော်လျှာရှည်ပြီးရိုင်းစိုင်းလိုက်တဲ့ မိကျောင်မသားတွေ..ဒီကောင်တွေ ယဉ်ကျေးမှုဆိုတာကို နားမလည်ဘူး..တောက်..ထွီ"

ပုံ။
ပျံကျားရေးဝံဂျီး

Friday, August 28, 2009

နာယကဂျီးအတွက် မွေးနေ့ဆုတောင်း (ပေါမမ)

မမ တို့အားလုံး ချစ်ခင် မြတ်နိုး တွယ်တာ လေးစား ပြီး ဂေဟာ ရန်ဘုံးငွေများဖြင်..
တိုင်းတစ်ပါးတွင် ကြီးပွားချမ်းသာနေသော နာယကဂျီးရဲ့
၂၈ ရက်နေ့တွင် ကျရောက်သော ၈၂ နှစ်မွေးနေ့မှသည် နောင် နှစ်ပေါင်း ၈၂၀ ရှည်စေသော်...
ဂေဟာ အကျိုးကို အဆပေါင်းများစွာ ဒီထက်မက သယ် ခိုး ( အယ်...သယ်ပိုး) နိုင်ပါစေ..
ကလောင်ကိုင်သော်လက် မှင်များများစွန်းပါစေ..
ဂီတာတီးသော်လက် အသားမာ များများတက်ပါစေ..
သာယာချမ်းမြေ့သော မိသားစုနှင်..ဘ၀အဓိပ္ပာယ်များစွာကို ထာဝရ ပိုင်ဆိုင် ပျော်ရွှင်ပါစေ...

ပေါမမ

Thursday, August 27, 2009

ဂေဟာသို့ ပြန်လာခြင်း.. ...

တစ်နေ့သော မိုးအုံ့ချိန်တွင် ငပေါများဂေဟာမှ ကျွန်ုပ် အမောင်ထောက်ချုပ်သည် လက်လျားလက်လျား ပျင်းအားအား ရှိသည်နှင့်အညီ ဟိုးရှေးရှေး ရာဇ၀င် ဇတ်ဝတ္ထုနိပါတ်ဖြစ်အင်မှ လောက၏ ဂန္ထ၀င်သစ္စာတရားအား ရှာဖွေရန် လှည့်လည်သွားပါသော ဖာတစ်လုံးဂေါင်းကျားဟု အမည်သညာထားသည့် အဆိုပါ ယောက်ျားကို အားကျသည် ဖြစ်သောကြောင့်...................

ငါလည်းပဲ ယောက်ျား.......... ကိုယ်တစ်နိုင်တက်အားသလောက် လူအသိုင်းအ၀ိုင်းတွင် ပေါက်ပေါက်မြောက်မြောက် ပေါလိုသော စိတ်ထားပေါ်ပေါက်လာသည်ဖြစ်ရာ ..... လက်ကျန် ၀ီစကီတစ်ပြားကို အမြန်သောက်၊ ....စီးတော်ယာဉ် ဂျပန်ဖိနပ်ကို လက်ကောက်ဝတ်တစ်ဖတ်စီမှာ ကောက်စွတ်ပြီး သကာလ ..... ကွယ်လွန်ခဲ့ပြီးသော ဂျီးတော်ဗွေးတုတ် အမွေထား.. ကုတင်အောက်မှ ခပ်ပြားပြားဖာကို တုတ်ထိုးပြီး ထမ်းကာ.................................

“အို ... အသင်လောက ..... ငါသည်ကား ... ဖာတစ်ပြားမိုးသား ..ဖြစ်တော့သကိုး.....”ဟု သုံးကြိမ်သုံးခါတိတိ ဘ၀ဂ်ထိတိုင်အောင် ကျူးရင့်ပြီး ကျွန်ုပ်၏ အိမ်ဂေဟာရှေ့တည့်တည့်တွင် ရှိသော အင်တာနတ်ဆိုင်သို့ ကြွမြန်းပြီး ခပ်စုတ်စုတ် ကွန်နက်ရှင်ကို ဂုတ်ပိုးခွစီးကာ ဂလိုဘယ်လ်ကမ္ဘာ့ရွာကြီးကို ဆရာယောင်ယောင် ဘာယောင်ယောင်နှင့် မူးကြောင်မူးကြောင် ရောက်ရှိခဲ့လေတော့သတည်း.....။

( တားတားလေး ထောက်ချုပ် စပြီး ..ပေါပါပြီ ခင်ညာ.....ရှေ့ဆုံးမှာ အိပ်နေတဲ့ ကလေးတွေ ရှူးရှူး ထပေါက်ကြပါ....)


“ ဟေ့... ရပ်၊ ... ဘယ်သူလဲ ..... ဒါ တားမြစ်နယ်မြေ၊ ၀င်ချင်တိုင်းဝင် ..ထွက်ချင်တိုင်းထွက်လို့မရဘူးကွ....”

“ အောင်မာ ..ရာရာစစ.. ငါ့ဘာသာ တစ်နာရီ လေးရာပေးပြီး ကမ္ဘာကြီးပေါ် လျှောက်သွားနေတာ.. ဘယ်သူ့ကို ဂရုစိုက်ရမှာတုန်းကွ... ငါ့ကို တားရအောင် မင်းက ဘယ်သူမို့တုန်းကွ... ဒါကကော ဘာနေရာမို့တုန်းကွ.....”

“ ဟိတ်!... ဒါ တားမြစ်နယ်မြေကွ.. အာပလာ..အာချလာနေရာများ မှတ်နေလား.... ဒါ လူတည် လူကောင်းတွေကို တင်းတင်းကြပ်ကြပ်တားမြစ်ထားတဲ့ နေရာကွ...... ငပေါဂေဟာလို့ ခေါ်တယ် ..သိပြီလား...”

“အော ...ဂလို လား.. ဒါများ ပြောပြောက စောရောပေါ့... ငါလည်း ၀င်လို့ ရပါတယ်ကွ.. အခု မူးနေတာပါ....”

“ တော်..တန်..တိတ်....................ငမူးတွေ ..ငရူးတွေလည်း ၀င်လို့မရဘူးကွ...ဒါ ကမ္ဘာ့ထိပ်ထိပ်ကြဲ ..ဂရိတ်မဟာ .. ငပေါတွေပဲ သက်သက်ဝင်လို့ရတဲ့ နေရာကွ... မင်း..တော်ရာကို သွားနေ လိုက် စမ်း ဘာာ.....

“အာကွာ...... စောစောက ပြောပါလား...ငါလည်း ငပေါပဲလေကွာ... ထောက်လှမ်းရေးချုပ်ပါ.... အခု မျက်စေ့လည်ပြီး ရုံးလာတတ်တာ... ကဲ..ကဲ... တံခါးဖွင့်......”

“ထောက်ချုပ်ဆိုတိုင်းမရဘူးကွ.. .ဒါဆို စကားဝှက်ပြော.....”

“ဟားဟား....ဟားဟား..... ရယ်ချင်လိုက်တာ ဖတ်ဖတ်မော..ရင်ဘတ်နောက်က ကျော... ...ဒါလေးများ...လွယ်လွယ်လေး ....ကဲ ပြောဆိုရင်လည်း ပြောမယ်.......
ထောင့်ခွန်၊ စပိတ်တစ်၊ ဂျိုကာပူး၊ ၀င်းပလေး၊ အောရမ်း၊ ဝေဖာဒေါင်း...”

“မှားတယ်ဟေ့.. အဲဒါ စကားဝှတ် အဟောင်းကြီးကွ.. ..... ဟိုးအရင်တုန်းက သုံးတာ အခုကစကားဝှတ်အသစ်...
ပြန်ပြော......”

“ဟိုက်... ဒွတ်ခပဲ .. အနော်က ဂေဟာကို မရောက်တာကြာနေလို့ပါခင်ညာ..အဲဂလို မရောက်တာကလည်း အိမ်ထဲက အိမ်ပြင် မထွက်ရဲလို့ ပါ.. ညှာတာပါ ခင်ညာ....”

“အဲလို ရကြေးလားကွ.. ဒါဆို ဘာကြောင့် ဂေဟာကို မရောက်ပဲ ရုံးတက်လယ်ဂျာမှာ ပျက်ကွက်ဖြစ်နေရတာလဲ ဆိုတာ ရှင်းပြစမ်းး.......”

“ဒီလိုပါ အစ်ကိုကြီးရာ... အခုတစ်လော ကျွန်တော်နဲ့ အိမ်ဒရာကျော်ဇင်လေးနဲ့ကို ဘာလိုလို ညာလိုလို သတင်းတွေ လျှောက်ရေးနေတဲ့ မြန်မာနိုင်ငံက ဂျာနယ်လစ်တွေကြောင့် အိမ်ထဲက အိမ်ပြင်မထွက်ရဲတာနဲ့
ဂေဟာကို ပျက်ကွက်နေရတာပါခင်ညာ...ခွင့်လွှတ်ပေးပါ.......”

“ ဘာဆိုင်လဲကွ ..ဘယ်လိုပဲ သတင်းထွက်ထွက် မင်းက ယောကျာင်္းလေးပဲ... ဘာမထွက်ရဲစရာရှိလဲကွ”

“ဟာ...အစ်ကိုကြီးကလဲဗျာ.....ဘာမှလဲ မသိဘဲနဲ့ ....အဲဒီသတင်းတွေ ထွက်လာကတည်းက လူတွေက ကျွန်တော့် အိမ်ရှေ့မှာ မိုးလင်းမိုးချုပ်စောင့်နေတာဗျ... မထွက်များ မထွက်လိုက်နဲ့.. ထွက်လိုက်တာနဲ့... ကောင်လေးကမှ ချောသေးတယ်ဆိုပြီး.. အတင်းကာရော.. အော်တိုတွေ ထိုးခိုင်းနေလို့ဗျ..သိပြီလား.....”

“နေစမ်းပါဦး...ကျုပ်ကို ဂေဟာထဲ မ၀င်ဖို့ တားနေရအောင် ..ခင်ဗျားက ဘယ်သူတုန်း....”

“ ငါက .. ဂေဟာကြီးရဲ့ သဘာငတိပဲကွ.... ငှားငှား”

“အာ... ဖိုးဂျယ်.... ငါလေကွာ.. မိုးသားလေ.. ”

“သိသားပဲ ...သောက်မြင်ကပ်လို့ ရစ်နေတာ...”

“ အော.. ဂလိုလား..အေးပေါ့ ..မင်းတို့ ခေတ်ကိုး... လုပ်ထားဦးပေါ့.....ဒါနဲ့ ..အခု ငါ ဂေဟာထဲကို ၀င်လို့ရပြီလား.....”

“ ဒီလို လွယ်လွယ် ဘယ်ရမလဲကွ.... အထဲကို ၀င်ချင်ရင် ....ငှင်းငှင်းငှင်း..ငွားငွားငွား...........”

“ အော.. ပေါက်ပြီ.. ပေါက်ပြီ......................အစ်ကိုကြီး ဂျဲရယ် ..ငတိရယ်.. ........ကျွန်တော် ငတိကြီးအတွက်မြန်မာနိုင်ငံက လက်ဆောင်တွေ ယူလာခဲ့ပါသေးတယ်.. အဲဒါ .. ဟဲဟဲ... ကျွန်တော့်ကို ...ဟဲဟဲ........”

“ဘာ!.... ဘာပြောတယ်....ဒါ ..လာဘ်ထိုးတာပေါ့.. လာဘ်ထိုးနေတာပေါ့... ငါ့ကို ဘာများအောက်မေ့နေလဲ......လာဘ်စားတဲ့ကောင်များအောက်မေ့နေလား.. ဂေဟာရဲ့ သဘာပတိလုပ်နေတာ အလကားမဟုတ်ဘူးကွ... အခု မင်း ဂေဟာ ဆိုင်းဘုတ်အောက်က ဆိုင်းဘုတ်ကို ဖတ်ကြည့်လိုက်စမ်းပါ.. ဖတ်ကြည့်လိုက်စမ်းဘာာာာာာ........... ဘယ်လိုများ ရေးထားသလဲ .. သတိပေးထားလဲလို့.........”

“ဟို ... လာဘ်ပေးလာဘ်ယူ ..ဒို့ ရန်သူလို့ ရေးထားပါတယ် ..ခင်ညာ.....”

“ အေး...အဲဒါပဲ ..မင်းက မသိတတ်တာကိုးကွ.. မသိတတ်တာကိုးးးးးးး”

“ဟို..ဒါနဲ့....ဒီဆိုင်းဘုတ်က ကျွန်တော်တို့ ရပ်ကွက်တရားရုံးရှေ့က ဆိုင်းဘုတ်ကြီး မဟုတ်လားခင်ဗျာ.. ပျောက်သွားတာ တော်တော်ကြာပါပြီ....”

“ ဟုတ်တယ်လေ.. ငါ ဂေဟာမှာထားဖို့ ခိုးလာတာ......”

“ ဟာဗျာ.....ကိုငတိ... အဲလို လုပ်တာ ကောင်းလားဗျ... ခင်ဗျားအဲလိုလုပ်လိုက်တာ ...
အဲဒီဆိုင်းဘုတ်ကြီး မရှိတော့ကတည်းက ကျုပ်တို့ ရပ်ကွက် တရားရုံးမှာ ဘာတွေ ဖြစ်ကုန်လဲ ခင်ဗျားသိရဲ့လား.....”

“ မသိဘူးကွာ.. ငါလဲ ဂေဟာကောင်းကျိုးအတွက် လုပ်တာပဲ.....”

“ ကဲ.. အခု ဂေဟာမှာ ဒီဆိုင်းဘုတ်ကြီးရောက်လာတော့ ဘာတွေများ ကောင်းလာလို့လဲ..... လာဘ်ပေးလာဘ်ယူရော ပျောက်သွားပြီတဲ့လား.......”

“ ဟိုကွာ... ဟိုဒင်းလေ...
အဲလိုတော့ ပျောက်မသွားဘူးပေါ့ကွာ..... ငါကလဲ ပျောက်သွားဖို့ ရည်ရွယ်ပြီး ဒီဆိုင်းဘုတ်ကြီး ခိုးလာတာ မဟုတ်ပါဘူး... မင်းတို့ဆီမှာလိုပဲ .. နည်းနည်းများ လူရှိန်မလားလို့ လုပ်မိတာပါ........”

“ ခင်ဗျားတော်တော်ဆိုးတဲ့လူဗျာ...... .. ဒီလို လုပ်တာ ကောင်းလားဗျ... အခု ချက်ချင်း.... ကျုပ်တို့ ရပ်ကွက်ကို ပြန်ထားပေး... ဒီဆိုင်းဘုတ်ကြီး မရှိကတည်းက ကျုပ်တို့ဆီမှာ......ဟင်း .......မပြောလိုက်ချင်ဘူး.... အခု ပြန်ထားဗျာ.....ဒါပဲ.......”

“ အေးပါကွာ... ထားပါ့မယ်.... အခု မင်းဂေဟာထဲကို ၀င်မှာ မို့လား.......... ၀င်လေကွာ...ရပါတယ် .. အချင်းချင်းတွေပဲ ..စကားဝှတ်တွေ ဘာတွေ ...မလိုပါဘူး......”

“ ပြီးရော...ဒါဆို ၀င်ပြီ...”
ဟိတ်!.......င့ါတစ်အိမ်ပါမယ်ဟေ့..... .. အခု မပါရလို့ကတော့ .. နာယကကြီးကို သွားတိုင်ပြောလိုက်မယ်.. ဟင်းဟင်း.. ”


Tuesday, August 25, 2009

စည်းကြဝေးကြရာဝယ်

အချိန်ကျပြီဖြစ်သဖြင့် စည်းရုံးရေးအမှုရှောင်နန်းညီသည် အစည်းဝေးခန်းမထဲမှ နာရီကို ဖြုတ်၍ ဓာတ်ခဲထည့်ကာ ဆယ်နာရီတိတိသို့ လှည့်လေ၏.. နာရီပြန်ချိတ်ပြီးလတ်သောအခါမှ “ဂေဟာကလူတွေကလည်းနော်.. ငါ့လောက်မှ အချိန်မလေးစားကြဘူး” ဟု တစ်ယောက်ထဲ ညဉ်းသလိုလို နောက်ကျမှရောက်လာပြီး အနားတွင်ထိုင်အမောဖြေနေသော တွင်း-၂ဗီလိန်နှင့် အသင်းသားချုပ်ခေါင်ခေါင်ကို စောင်းပြောသလိုလိုနှင့် ပြောလေရာ ဗီလိန်က ဘာအကြားမှားသည်မသိ.. “အေး.. ၂ ပေါက်လုံးပိတ်ထားလိုက်” ဟု ပြန်ပြောရာ “ဟင်”လို့ အူကြောင်ကြောင် ဖြစ်သွားပြီးကာမှ သတိရသွားပြီး ပရိုဂျက်တာကို အလင်းပြန်နေသော အစည်းဝေးခန်းထိပ်ဘက်ရှိ ပြတင်းပေါက် ၂ ပေါက်ကို ပြေးပိတ်လေသည်..

အစည်းဝေးစရန် အခြား ကတ်ဘိနက်များနှင့် ဝန်ကြီးများ ရောက်မလာသေးသောကြောင့် ဗီလိန်မှာ အတွင်းရေးမှူးပီပီ တည့်ပြီးသော ထိုင်ခုံများပြန်စီခြင်း.. ချပြီးသားရေသန့်ဗူးများကို ဘယ်မှ ညာသို့ပြောင်းခြင်း.. မှောက်ထားသော ရေခွက်များအား လိုက်လှန်ခြင်း စသဖြင့် မယောင်ရာဆီလူးကိစ္စများ လုပ်ပြီးသကာလ သူ၏ နေရာဖြစ်သောခုံတွင် ဝင်ထိုင်ပြီး ထုံးစံအတိုင်း ဒူးရှည်ကြီးအား တနှံ့နှံ့ လုပ်လျက်ရှိနေပေတော့သည်.. ခေါင်ခေါင်မှာမူကား အသင်းသားချုပ်ဖြစ်သည့်အားလျော်
စွာ ၂ ယောက်ထဲရှိသော အသင်းသားများ၏ ကိုယ်ရေးရာဇဝင်များကို အပြန်ပြန်အလှန်လှန် အမြီးမှခေါင်း ဆံပင်မှခြေဖျားအထိ (စာလုံးတစ်လုံးခြင်းပေါင်းလျက်) ဖတ်ရှုစစ်ဆေးခြင်းအားဖြင့် အလုပ်များချင်ယောင်ဆောင်လျက်ရှိနေပေ၏..

ထိုသို့ အသီးသီးအဖုံဖုံ အလုပ်များချင်ယောင်ဆောင်လျုက်ရှိစဉ် အသင်းသူ မမ နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ပေါညီတို့မှာ ဖဲဝိုင်းမှ စကားလက်စမသတ်သေးသည့်အလျောက် “နင်ထိုးတာက ၅ ကျပ်.. အဲ့မှာ ၂ ဆနဲ့ဆိုတော့ ၁၀ ပေးရမှာ.. အကြွေမရှိလို့ မှတ်ထားဆိုပြီး ဆုတ်ထိုးထားတာတဲ့အလှည့်မှာ နင်ရှုံးတာဆိုတော့ ငါနဲ့နင်က ကျေကရော. အဲ့မှာမှ နောက်တစ်ပွဲမှာ..” ဘာညာ ဘာညာ စသဖြင့် ငြင်းခုန်ဆူညံပြီးအစည်းဝေးခန်းထဲ ဝင်လာလေ၏.. သူတို့အား ရှုတီတီ ကြည့်နေသော ဗီလိန် ခေါင်ခေါင်နှင့် နန်းညီတို့ကို မြင်ကာမှ မမလည်း အခန်းထောင့်တံမြက်စည်းကျိုးကို ပြေးကိုင်ကာ ဟိုရှပ်ရှပ်ဒီရှပ်ရှပ်ဖြင့် ဖုန်များ ဂရူးဂရူးထအောင် လှည်းလေ၏.. ပေါညီတစ်ကောင်မှာမူကား ကြက်မွှေးပဲပြေးကိုင်ရမလိုလို.. ကြမ်းပဲသုတ်ရမလိုလို ကုန်းမလို ကွမလိုလုပ်နေပြီးကာမှ “ဟယ်- ငါဝန်ကြီးပဲလေ.. ခပ်တည်တည်ပဲနေမှ”ဟု စိတ်နှလုံးသွင်းလိုက်ဟန်ဖြင့် ရင်ကိုကော့ ဖင်ကိုကောက်ကာ ဗီလိန်အနားသို့လျှောက်လာပြီး “ယို့ ယို့”ဟု Rapper ဟန်ဖြင့် နှုတ်ဆက်လိုက်၏.. ဗီလိန်ကား အနောက်တိုင်းရုပ်ရှင်ကားများတွင် လူဆိုးများ ပစ္စည်းလဲလျှင် အချိန်းအချက်လုပ်သည့်ဟန်မျိုးဖြင့် ခေါင်းကိုတချက်သာဆတ်ပြပြီး ထိုင်ဟူသော ပုံစံလုပ်ပြတော့မှ ပေါညီခင်မျာ ထိုင်ခုံတွင် ဝင်ထိုင်ရဲတော့သည်..

ထိုအချိန်မှာပင် ဥက္ကဌကြီး အန်ဒီလည်း သူ့ထုံးစံအတိုင်း ကွတကွတဖြင့် ဝင်လာပြီး မည်သူ့ကိုမျှ မနှုတ်ဆက်တော့ဘဲ ခုံတွင်ဝင်ထိုင်၏.. ခုံကို အသားကျအောင် ရှေ့သို့ရွှေ့၏.. ပြီးသော် တစ်စုံတစ်ခုသတိရသွားဟန်ဖြင့် ပြန်ထ၏.. ခုံကိုနောက်သို့ ရွှေ့လိုက်၏.. ဘောင်းဘီနောက်အိတ်ထဲမှ လက်ကိုင်ပဝါကိုထုတ်၏.. ပြန်ထိုင်၏.. ခုံကိုရှေ့သို့ရွှေ့ပြန်သည်.. ထို့နောက်ချွေးကိုသုတ်၏.. ပြီးလတ်သော ပြန်ထပြန်၏.. ခုံကိုလည်းနောက်ပြန်ရွှေ့၏.. လက်ကိုင်ပဝါကို ဘောင်းဘီအိတ်ထဲသို့ ပြန်ထည့်၏.. ထို့နောက် ပြန်ထိုင်၏.. (အော် မှားလို့.. ဒီတစ်ခါ ခုံကိုအရင်ရွှေ့ပြီးမှ ထိုင်ခြင်းဖြစ်သည်).. သူ တစ်ခါ ခုံရွှေ့တိုင်း သံခုံခြေထောက်နှင့် ကြမ်းပြင် ပွတ်တိုက်သံမှာ တကျွီကျွီမြည်နေသောကြောင့် ခေါင်ခေါင်က သွားကျိန်းဟန်ဖြင့် “ကဲ ထိုင်ပါတော့”ဟု အသံပြဲကြီးအော်မှ အသာညိမ်ကုတ်သွားပြီး ရှေ့မှရေဗူးကိုသာ ရေကသိုဏ်းရှုနေတော့သည်..

စည်းရုံးရေးအမှုရှောင်ပေါတောတောလုပ်လိုက်သည်
ဒုတိယပိုင်းမျှော်

Thursday, August 20, 2009

ဂေဟာထဲက ငါ

တေးရေး- ဗီလိန်
တေးဆို - ဆိုချင်တဲ့သူဆို
Intro: Am F C G
ဂေဟာကြမ်းပြင်... မနင်းရဲပါ....
ပိုကာဝိုင်းတွေထဲ... ရောက်သွားဦးမှာ....
ဒိုင်ကိုင်ဖို့ငါ... မရဲသေးပါ....
နှစ်ဆဖိုးလျှော်မှ... ငါမွဲဦးမှာ....

မွဲနေပြီ... ငါမွဲနေပြီ........ငါမရှိတော့ပါ...
ပြောစမ်း ဘယ်နပေါက်လဲ.... ငါမွဲနေပြီ...... ငါမရှိတော့ပါ...
အမြဲတမ်းဘူပါပဲ... ငါဟာ ဘယ်အိမ်မှ မစားရ...
လ လာ လာ လာ့ လား.....
ငါဟာ ဘယ်အိမ်မှ မစားရ....
ငါမွဲနေပြီ....

လူတည်များနဲ့... ငါစကားမပြောပါ....
ဘာတွေယုတ်မာလဲ... အမီမလိုက်တော့ပါ....
လာ လာ လာ့ လား.....
ငါမသိတော့ပါ... ငါတို့ပေါသလိုပဲ နင်ပေါစမ်းပါ....
ပေါနေပြီ... ငါပေါနေပြီ........ ငါပေါတော့မှာ....
ပြောစမ်း နင်ဘယ်သူလဲ.... ငါပေါနေပြီ.... ငါမမှတ်မိပါ....
မပြေးနဲ့ နင်ငတည်လား.... ငါဟာ ဂေဟာနဲ့ ဝေးမသွား....
လ လာ လာ လာ့ လား.....
ငါဟာ ဂေဟာနဲ့ ဝေးမသွား....
ငါပေါနေပြီ...... ငပေါနေပြီ......

အတွင်းရေးမှူး - ၂ ရေးစပ်ခံစားသည်။

မှတ်ချက် ။ ။ အဆိုတော် ဟန်ထူးလွင် (Big Bag) က ကော်ပီကူးချင်သည်ဟု ဆိုကာ လာတောင်းသဖြင့် ဒေါ်လာ ၂.၄ သန်းမယူပဲ အလကားပေးလိုက်သည်။ သူ့သီချင်းကို အောက်တွင် တွဲဖက် နားဆင်နိုင်ရန် တင်ပြလိုက်သည်။ ထိုသီချင်း၏ အမည်မှာ လေထဲကငါ (အတိတ်မေ့ခြင်း) ဖြစ်လေ၏။ ကော်နက်ရှင်မကောင်းသူများ Big Bag Live Show ခွေ ဝယ်ယူနားဆင်နိုင်သည်။

Wednesday, August 19, 2009

သတင်း အကျယ် (ကူးသန်း)

ကူးသန်းဝံပေါညီ၏ ခြောက်လပြည့် အစီအရင်ခံစာ (ပြည့်ပြည့်မပြည့်ပြည့် ပြည့်တယ်လို့ပဲမှတ်) ... နှင့် ဂေဟာတွင်းမှ အတင်းအပြည့်အစုံ

ကူးသန်းဝံပေါညီသည် လယ်ယာပြန်စားရေးဝံနှင့်အတူ အရှေ့အလယ်ပိုင်းဒေသများသို့ ကူးသန်းရေး နှင့်လယ်ယာစိုက်ပျိုးရေး ကိစ္စများသွားရောက်ဆွေးနွေးရာ ဂေဟာတိုးတက်စေမည့် အောက်ပါ အစီအစဉ်များချမှတ်နိုင်ခဲ့ပါသည် ။

၁) အီရတ်မှ ကြည်ခွံများနှင့် ဂေဟာမှ Grand ပုလင်းခွံများ လဲလှယ်မည့်အစီအစဉ် ....အီရတ်တွင် အလွန်အမင်းပေါများလျှက်ရှိသော သေနတ်ကြည်ခွံများလိုက်ကောက်ပီး ငပေါများဂေဟာ မှ အပေါဆုံးဖြစ်သော ပြည်တွင်းဖြစ် Grand royal ပုလင်းခွံများ လဲလှယ်ရန် အီရတ် ကူးသန်းဝံ (နာမည်မေ့သွားလို့ မရေးတော့ဘူး) နှင့် ပေါညီ တို့ လျှို့ဝှက် တွေ့ဆုံကာ သဘောတူညီချက် ချမှတ်ခဲ့ကြောင်း .. နောက်လည်း ၄င်းကဲ့သို့ ဒေသထွက်ပေါများသော ကုန်စည်များအလဲအလှယ်ပြုလုပ်ရန် တိုင်ပင်ထားကြကြောင်း

၂) အီရန် နိုင်ငံ အတွင်းစိမ်းလမ်းစိုပြည်ရေးအတွက် ပေါဂေဟာ ပတ်ပတ်လည်တွင်ပေါက်နေ သောမြက်ပင်များကို အစိမ်းလိုက်နှုတ်ကာ ကွန်တိန်နာနှင့် ပို့မည့်အစီအစဉ်များကိုလည်း လယ်ယာပြန်စားဝံနှင့် ခေါင်းတိုက်ဆွေးနွေးလျှက်ရှိပါကြောင်း

၃) နာယကကြီး တည်ဆောက်ထားသော မူကြို ကျောင်းမှာ အဖွင့်ပွဲနေ့ ခလုပ်နှိပ်ြပီးပြီးချင်း ကျောင်းပြိုကျ သွားကြောင်း ၊ ထိုအခါနာယကကြီးမှ မူကြို လူဂျီးများအား လုံခြုံစိတ်ချရသော ပြည်လမ်း အလယ်ခေါင်သို့ ပြောင်းရွှေ့စာသင်နေ ကြောင်းသိရသည်။

၎) ဂေဟာထဲမှ သဘာငတိမှာ လခပုံမှန်မရသဖြင့် ကြော်ငြာများလက်ခံနေပီဖြစ်ကြောင်းသတင်းရရှိသည် မကြာသေးမီက ပထမဆုံးကြော်ငြာဖြစ်သော "ဂျင်စင်တင် ဂျင်ဆင်းအားဆေး" အားတရားဝင် ဖွင့်ပြလိုက်ပီဖြစ်သည်။

၅) ယမန်နေ့က နာယကကြီး၏ အိမ်ထဲသို့ သူခိုးများ ၀င်ရောက်ခိုးယူသွားရာ သူသုံးနေသော ဘီဒို ပါသွားသဖြင့် ဘီဒိုအာဏာသုံးရန် အလောတကြီးလိုအပ် နေသည် ဟုကြေငြာကာ လိုက်လံငှားရမ်းနေကြောင်းသိရသည်။

၆) ငှက်ကထမှာ မည်သည့်အလုပ်မှမလုပ်ပဲ ပင်စင်ဖြင့် ထိုင်စားချင်သောကြောင့် အငြိမ်းစားယူလိုက်ခြင်းဖြစ်ကြောင်း ပြောဆိုရေးပြောခွင့်ရှိသူမှပြောကြား ထိုသတင်းအားငှက်ကထကြီးမှ ဟုတ်မှန်ကြောင်း ငြင်းဆိုသွားခဲ့သည်ဟုသိရ ။

၇) ဂေဟာတွင်းတွင် " ဟုတ် " ဆိုသောစကားလုံးအစား ပိုခေတ်မှီသော စကား " ဟောက် " ဟုပြန်လည်အသုံးပြုသင့်ပါကြောင်း ကူးသန်းဝံမှအကြံပေးဖောကြား ။

Tuesday, August 18, 2009

ဂေဟာတွင်း မူကြို သင်တန်းအတွက် ဝန်ထမ်းသစ်ခေါ်ယူခြင်း

ယခုအချိန်အခါသည် အိုမင်းရင့်ရော်နေပြီဖြစ်သည့် ခေတ်ဆွေးငပေါကြီး နာယကကြီးသည် ရန်ကုန်အခြေစိုက် ငပေါများဂေဟာရုံးချုပ်မှ မူကြိုကလေးများကို ထိန်းသိမ်းခြင်း၊ ဆုံးမသြဝါဒ မှာကြားခြင်း၊ အရေးပေါ် မိန့်ခွန်း မွက်ကြားခြင်း၊ တချက်လွှတ် အမိန့်ထုတ်ပြန်ခြင်း၊ မကြာခင် ထွက်ပေါ်လာနိုင်သေးသည့် ၂ချက် မလွတ်တလွတ် အမိန့် ထုတ်ပြန်ခြင်း စသည့် ထိုထိုသော လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ခြင်း၌ ပင်ပန်း ချိနဲ့နေပြီ ဖြစ်ပါသဖြင့်။ လက်ထောက်မူကြိုဆရာမ ဖြစ်စေ၊ ခြေထောက်ထောက်မူကြိုဆရာမ ဖြစ်စေ၊ ဒုတိယ မူကြိုဆရာမဖြစ်စေ၊ ပထမ နှစ်ပိုင်းတစ်ပိုင်း မူကြိုဆရာမဖြစ်စေ၊ တွဲဖက် မူကြိုဆရာမ ဖြစ်စေ၊ တွဲချင်တွဲမတွဲချင်နေဖတ် မူကြိုဆရာမ ဖြစ်စေ၊ မူကြိုသင်တန်း အတွင်းရေးချုပ်မှူးကြီး ဖြစ်စေ၊ မူကြိုသင်တန်း အတွင်းရေးချုပ် ဖြစ်စေ၊ မူကြိုသင်တန်း အတွင်းရေးမှူးချုပ် ဖြစ်စေ၊ မူကြိုသင်တန်း အတွင်းရေးမှူးကြီး ဖြစ်စေ၊ မူကြိုသင်တန်း အတွင်းရေးမှူး ဖြစ်စေ၊ မူကြိုသင်တန်း အတွင်းရေးအရာရှိ ဖြစ်စေ၊ အရေးပေါ် လိုအပ်နေပါသဖြင့် နာယကဂျီး၏ ကိုယ်ရေးအရာရှိ သော်လည်းကောင်း၊ ကိုယ်ဖတ်အရာရှိ သော်လည်းကောင်း၊ ကိုယ်တိုက်ပင်းအရာရှိ သော်လည်းကောင်း၊ မူကြိုသင်တန်း၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦး ခန့်အပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်နှင့် စပ်လျဉ်း၍ လျှောက်လွှာတင်လိုသော ပေါအဆင့် ဂရိတ် အက်စ် အောင်မြင်ထားသော မူကြို ဆရာမ တစ်ဦး အလိုရှိသည်။ အသေးစိတ်အချက်များကို အောက်တွင်ဖော်ပြထားသည်။

၁။ ပေါအဆင့် ဂရိတ် အက်စ် (Great S) အောင်မြင်ပြီး
၂။ ပြည်တွင်း ပြည်ပ ပေါသက် အနည်းဆုံး နှစ် ၃၀။
၃။ အသက် ၁၈ မှ ၂၅ အတွင်း အိမ်ထောင်မရှိသူ၊ အိမ်ထောင် မပြုဖူးသူ၊ ရည်းစားမရှိသူ၊ ရည်းစားမထားဖူးသူ ဖြစ်ရမည်။
၎။ မူကြိုသင်တန်းမှ သင်တန်းသားများ ဖြစ်ကြသည့် ငပေါ အရာရှိများအားလုံးကို အရက်သောက်ချင်သူများကို အရက်လိုက်တိုက်ခြင်း၊ သောက်ပြီး ရစ်ချင်သူများကို အရစ်ခံပေးခြင်း၊ နှုတ်ထွက်စာများကို ပယ်ဖျက်ခြင်း၊ ပေါက်တက်ကရလုပ်ချင်ရာလုပ် သွားချင်ရာသွား စိတ်ဂယောင်ချောက်ခြားနှင့် ပေါချင်တိုင်းပေါနေသော ဘုတ်များ၊ ဝန်ဂျီးများအား လိုက်ထိန်းခြင်း၊ ဖဲရိုက်ချင်သူများကို ဖဲထုတ်ဝယ်ပေးခြင်း၊ ဖဲခိုးချင်သူများကို မာကင်လုပ်ပေးခြင်း၊ အသည်းကွဲသူများကို ကော်ဖြင့်ကပ်ပေးခြင်း၊ ဆိုင်တဘက်နှင့်မူကြို မှန်မှန် မတက်သောသူများအား အရောင်းစာရေးမ များနှင့် အောင်သွယ်ပေးခြင်း၊ စသော အမှုများကို ဆောင်ရွက်နိုင်ရမည်။

ပုံ။
အတွင်းရေးမှူး ၂
ငပေါများဂေဟာ
(မူကြိုဝန်ထမ်းသစ် ခန့်အပ်ရေး တာဝန်ရှိသူ)

နုတ်ထွက်ခြင်းဥပဒေ (၁၃၇၁ ခုနှစ် ၀ါခေါင်လပြည့်ကျော် ၁၃ ရက် ၊ ၁၈-၈-၂၀၀၉)

နုတ်ထွက်ခြင်းဥပဒေ
၁၃၇၁ ခုနှစ် ၀ါခေါင်လပြည့်ကျော် ၁၃ ရက် ၊ ၁၈-၈-၂၀၀၉

နိဒါန်း
ဤဂေဟာကြီးတွင် ရုံး လုပ်ထုံးလုပ်နည်းအတိုင်း ဥပဒေကို ထုတ်ပြန်ရန် လိုအပ်လျှက်ရှိသည်။ ထို့ကြောင့် အောက်ပါအတိုင်း ပြဋ္ဌာန်းလိုက်သည်။

အခန်း ၁။ ဤဥပဒေကို နုတ်ထွက်ခြင်းဥပဒေ ဟု ခေါ်တွင်စေရမည်။
အခန်း ၂။ နုတ်ထွက်လိုသူသည် ထွက်စာကို လျှောက်လွှာစာရွက်ဖြင့်သာ ရေးသားတင်ပြရမည်။ ကွန်ပျူတာစာစီဖြင့် မဟုတ်ဘဲ ကာယကံရှင်၏ လက်ရေးဖြင့် ရေးသားရမည်။
အခန်း ၃။ အနည်းဆုံး စာမျက်နှာ ၅၀၀ ရှိရမည်။ စာတမျက်နှာတွင် စာကြောင်းရေ ၂၀ ရှိရမည်။
အခန်း ၄။ သတ်ပုံမှားသော လျှောက်လွှာများကို လက်ခံ စဉ်းစားမည်မဟုတ်။
အခန်း ၅။ သတ်ပုံ အကျအပေါက် စစ်ဆေးရန် ပညာရေးဝန်ကြီးတွင် တာဝန်ရှိသည်။
အခန်း ၆။ ကိုရီးယား၊ ယိုးဒယား၊ အီသီယိုပီးယား စသည့် ယား ဖြင့် ဆုံးသော ဘာသာများဖြင့်သာ ရေးရမည်။
အခန်း ၇။ လျှောက်လွှာကို နာယကဂျီးထံသို့  အမြန်ချောပို့ဖြင့် (အမြန်ချောပို့ဖြင့်) ပို့ ရမည်။
အခန်း ၈။ နာယကဂျီးက လျှောက်လွှာကို ၁ ရက်အတွင်း အပြီး ဖတ်ရမည်။
အခန်း ၉။ နာယကဂျီးက ၀န်ဂျီး ၅ ဦးဖြင့် မျက်နှာချင်းဆိုင် သွားရောက် တွေ့ဆုံပြီး နုတ်ထွက်ခွင့် ပြုမပြုကို အနည်းဆုံး ၅ နှစ်ကြာ ဆွေးနွေး တိုင်ပင်ရမည်။ ထိုသို့ တိုင်ပင်ရမည့် နေ့ကလည်း လဆန်း ၅ ရက်နေ့ ဖြစ်ရမည်။ ထိုနေ့ ညနေ ၅ နာရီတွင် ငါးကြော် သို့မဟုတ် ငါးဟင်း တမျိုးမျိုးကို စားပြီး တိုင်ပင်ကြရမည်။ ကုန်ကျစရိတ်ကို ဘဏ္ဍာရေးဝန်ကြီးထံတွင် ထုတ်ယူရမည်။
အခန်း ၁၀။ နာယကဂျီး နှင့် ၀န်ကြီးများထံမှ လာသည့် ဆုံးဖြတ်ချက်သည် မည်သို့သော ဆုံးဖြတ်ချက် စေကာမူ တရားရေးဝန်ကြီး၏ အတည်ပြုချက်ကို ရယူရမည်။
အခန်း ၁၁။ ထိုသို့ အတည်ပြုပြီးပါက နုတ်ထွက်လွှာ တင်သွင်းသူကို အမှန်တကယ် နုတ်ထွက်လိုခြင်း ရှိမရှိ မေးရမည်။ မေးသည့်အခါ မြန်မာဘာသာကိုသာ သုံးရမည်။
အခန်း ၁၂။ နုတ်ထွက်လိုခြင်းမရှိဟု ဖြေပါက လျှောက်လွှာကို ပိဿာချိန်ဖြင့် ရောင်းစားရမည်။
အခန်း ၁၃။ နုတ်ထွက်လိုသေးသည်ဟု ဖြေဆိုပါက ၀န်ကြီးများအဆင့် အစည်းအဝေးကို ၅ နှစ်အတွင်း ခေါ်ဆိုပြီး ထိုလျှောက်လွှာကို အစုံ ၂၀ ကူးပြီး တင်ပြရမည်။

ရှင်းလင်းချက် ၁။
အနည်းဆုံး စာမျက်နှာ ၅၀၀ ရှိရမည် ဟု အခန်း ၅ တွင် ပြဌာန်းထားသော်လည်း ၀န်ကြီး ၁၅ ဦး၏ ထောက်ခံချက် ပူးတွဲ တင်ပြနိုင်လျှင် စာမျက်နှာ ၄၈၅ မျက်နှာ ရေးသားနိုင်သည်။

ရှင်းလင်းချက် ၂။
လျှောက်လွှာများကို ရေးသားရာတွင် ကာယကံရှင်၏ ညာလက် သို့ မဟုတ် ဘယ်လက်ကို အသုံးပြုရမည်။

ရှင်းလင်းချက် ၃။
အခန်း (၉)တွင် ဖော်ပြထားသည့် ဘဏ္ဍာရေးဝန်ကြီး တာဝန် လစ်လပ်နေဆဲ ဖြစ်သည်။ ထိုဝန်ကြီး မရှိသေးသရွေ့ ကုန်ကျစရိတ်ကို နာယကဂျီးက ကျခံရမည်။ နာယကဂျီး ဘိုင်ပြတ်နေပါက လျှောက်လွှာတင်သွင်းသူက ကုန်ကျစရိတ် တာဝန်ယူရမည်။

ထုတ်ပြန်သူ
ဝံဂျီးဂျုပ်
(ကြားဖြတ် ဥပဒေ)

နာယကဂျီး၏ တချက်လွှတ် အမိန့် (ဘီဒို အာဏာ၊ သေတ္တာ အာဏာ၊ အံဆွဲ အာဏာ၊ မှန်တင်ခုံ အာဏာ အကုန်သုံးထားသည်။)

ပေါရဲရင်ပေါကြည့်စမ်း .. ယောင်လို့ ထွက်မယ်လို့ ပြောရဲရင်ပြောကြည့်စမ်း။ နာယကဂျီးအကြောင်း ကောင်းကောင်းသိသွားမယ် .. ။

အထက်ပါ ငှက်၏ နှုတ်ထွက်စာမှာ အတုကြီးသာဖြစ်ကြောင်း၊ လက်မှတ်မပါ သောကြောင့် ငှက်ကထကိုယ်စား တစုံတယောက်က လုပ်ကြံဖန်တီးခြင်းသာဖြစ်ကြောင်း၊ အမှန်စင်စစ် ငပေါဂေဟာတွင် ရုံးစာလက်ခံရာခြင်းတောင်း မရှိသောကြေင့် မည်သည့် ပေးစာ၊ ရုံးစာများကိုမှ လက်ခံဆောင်ရွက်ခြင်း မရှိကြောင်း၊ မည်သည့် အလုပ်မှ လုပ်စရာမရှိသော်လည်း ငှက်ကထ ရာထူးနှင့်အညီ စွမ်းစွမ်းတမံ ဆောင်ရွက်နေသော ငှက်ကထဂျီးအား ငပေါဂုဏ်ရည် ပထမဆင့် သီဟသူရ ငှက်ကထ ဘွဲ့ ချီးမြှင့်မည်ဖြစ်ကြောင်း၊ နောက်တခါ ထွက်မယ် အနားယူမယ် ပြောသူအားလုံးကို လစတိုး၍ အဆိုပါဘွဲ့အား ဘုန်းဘောလအော ချီးမြှင့်ကာ ထွက်စရာအပေါက်မရှိသော အခန်းထဲ၌ လှောင်ပိတ်ထားမည်ဖြစ်ကြောင်း အမိန့်တရပ် ထပ်မံ ထုတ်ပြန်လိုက်သည်။

ပုံ။ ။ နာ ယ က ဂျီး

အတွင်းရေးမှူး ၂ ထပ်ဆင့် ထောက်ခံလိုက်သည်။

Monday, August 17, 2009

ငှက်ကထကြေငြာချက်

ကြေငြာချက်

အကြောင်းအရာ။ ။ ငပေါငှက်ကထကြီး ရာထူးမှအနားယူခြင်း

ငပေါများဂေဟာ၏ ပိုင်အိုနီးယား ခေါင်ချုပ်မဟုတ်တရုတ် (ဟင်ဟုတ်ပါဘူး) ငှက်ကထကြီးဖြစ်သော မောင်အန်ဒီသည် ပင်စင်လစာ တစ်လ US$ 1000000 ဖြင့် လက်ရှိငပေါများဂေဟာ ငှက်ကထရာထူးမှအနားယူကြောင်း ကြေငြာအပ်၏။

ငပေါများဂေဟာသည် လုံးဝရာနှုန်းပြည့်ပေါချာနေသူ မြန်မာဘလော့ဂါများအတွက် ပေါစရာနေရာတစ်ခုရစေ ဟူသောသဘောဖြင့် မည်သူ၏အကျိုးမှမပါ၊ ဂုဏ်သိက္ခာဘာညာဟူသော ပကာသနများ ဘာမှမပါပဲ လွတ်လပ်စွာပေါနိုင်ရေးသက်သက်ကိုသာလျှင် ဦးတည်ထားခြင်းဖြစ်၏။

သို့ရာတွင် ယခုအခါ ငပေါဂေဟာအတွင်းတစ်ချို့သော ဝန်ကြီးများ၊ ဘုတ်များမှာ ပုံမှန်မပေါခြင်း၊ ဝင်ရုံဝင်ထားပြီး ပစ်ထားကြခြင်း၊ ထို့ထက်ဆိုးသည်မှာ တစ်ချို့မှာ အချင်းချင်းပတ်ရှုပ်ကြခြင်း၊ ထိုသို့ရှုပ်နိုင်ရန်အတွက် ဝင်ရောက်ခုတုံးလုပ်နေခြင်းတို့ကို စစ်ဆေးတွေ့ရှိရ၏။

ငပေါငှက်ကထကြီးအန်ဒီမှာ ရေမရောသော၊ သီလ၊ သမာဓိ၊ သိက္ခာ၊ အကျင့်သီလ၊ ကိုယ်ကျင့်တရား၊ (အမငီးမောလိုက်တာ) တို့နှင့်ပြည့်စုံလှပေရာ ထိုသို့ပတ်ရှုပ်ခြင်းအမှုများကို လွန်စွာသောက်မြင်ကပ်၏။

ထို့ကြောင့် ထိုအခြင်းအရာများကို နောက်ထပ် မမြင်လို မကြားလိုသည်သာမက ငပေါငှက်ကထရာထူးကိုပင် ဆက်လက်ဆောင်ရွက်ခြင်းငှာ မတတ်နိုင်တော့သည်ဖြစ်သောကြောင့် ယနေ့ ခရစ်နှစ် ၂၀၀၉ ခုနှစ် သြဂတ်စ်လ ၁၇ရက်နေ့မှစ၍ ငပေါဂေဟာ၏အဓိပတိ ပိုင်အိုနီးယား ငှက်ကထကြီးတာဝန်မှ အနားယူကြောင်း တရားဝင်ထုတ်ပြန်ကြေငြာလိုက်ရပေသည်။

မောင်အန်ဒီ
ငှက်ကထ
ငပေါများဂေဟာ

Monday, August 3, 2009

လျှပ်တပြတ် ပေါချက် (သဘာငတိ အင်တာဗျူး)

အခု ဗျူးထားတာကတော့ ငပေါများ ဂေဟာရဲ့ အဓိက အရေးကြီးပြီး ဖောင်ဒါ ၁ ဦးဖြစ်သော သဘာပတိကို အင်တာဗျူး လောကတွင် ဆရာတဆူဖြစ်သော
ကိုဖိုးဂျယ်မှ သွားရောက်ကာ နှစ်ဦး နှစ်ဖက် များပြားလှသော အလုပ် ကိစ္စများအား ခဏမျှ ပြစ်ထား၍ အများသူငှာ ဗဟုသုတ ရစေသော ဆန္ဒဖြင့်
အားအား ယားယား တင်ပြ လိုက်ရပါသည်။ အချိန်တွေ ပိုပြီး အားအား ယားယား အရည်မရ အဖတ် မရ ဖြစ်ချင်က ဆက်ဖတ်ပါ။
ပုံ
ဖိုးဂျယ်

ဗျူးသူ - မင်္ဂလာပါ အကို
ငတိ - အေးအေး မင်္ဂလာဆောင်ချင်နေတာ ကြာပြီကွဲ့
ဗျူးသူ- ဟင် ဘယ်လိုကြီးလဲ တော်တော် ပေါတာပဲ
ဖြေ - ငါ့ ညီ လာမေးနေတာ ဘယ်သူ့ကိုလဲ
ဗျူးသူ- ငပေါဂေဟာရဲ့ သဘာပတိကိုလေ
ဖြေ - အေးလေ ငါ့ ညီ အမှတ်သညာ နည်းရှာသကိုး
ဗျူးသူ- အော် ဟော် ဟုတ်တယ် ဆောတီး အတိုဂျီး
ဖြေ - သိပ် မတိုဘူး ငါ့ ညီရ
ဗျူးသူ- အင်
ဖြေ - ကဲ မောင်ရင် ကိုယ်က အလုပ် မအားတဲ့ ကြားက မောင်ရင်ကို အချိန်ပေးထားတာ
မေးစရာရှိတာ မြန်မြန်မေး (စာမူခရရင် တဝိုင်းဆိုလို့ သည်းခံနေတာ)
ဗျူးသူ - အဟမ်း အဟမ်း (ဒီလိုပဲ အများလုပ်တဲ့ အတိုင်းပေါ့ လိင်ရှုတာပေါ့ အင် ဟုတ်ပါဘူး လူရှိန်တာပေါ့)
သဘာပတိကို ငတိလို့ပဲ အများခေါ်သလို ချစ်စနိုးလေးနဲ့ ခေါ်မယ်နော်
ငတိ - ချစ်စနိုးဦးလေးနဲ့လား အောင်မလေး အိုရချည်သေးရဲ့ ဟီ ဟိ (ရှက်၍ မျက်နှာ နီရဲလာ သောက်ထားလို့ မဟုတ်ဘူးနော်)
ဗျူးသူ - (တော်တော် ပေါတဲ့ ဘဲပဲ အေးလေ ဒါကြောင့် သဘာပတိနေရာ ရနေတာကိုး )
အဟမ်း အဟမ်း ငတိ အနေနဲ့ ဘယ်ကနေ စပေါလာတာပါလဲ
ငတိ - အင် ပြောရရင်တော့ ဒီလိုဗျ
ဗျူးသူ - ဟို ဟို ငတိ တိုတို တုတ်တုတ် ပြောနော် နော်လို့
ငတိ - အေးပါကွာ မင်းကလဲ နိဒါန်းတောင် မပျိုးရသေးဘူး။ မသိဘူးကွာ သူ့ဖာသာ ပေါချင်လို့ ပေါလာတာ (စိတ် တိုသွား၏။ တဝိုင်း တဝိုင်း ဟင်း ဟင်း)
ဗျူးသူ - အကိုကလဲ စိတ်တိုတတ်ရန်ကော ဆက်ပြောပါဗျ
ငတိ- ပီးရော ပီးရော (မူနေသော ရုပ်အား စိတ်ပြေဟန် ပြ)
ကိုယ် ဖာသာ ရုပ်တည်နဲ့ နေတာကို ငှက်ကထ၊ နာယကဂျီး၊ အမှုရှောင်တို့က
ရာထူး ရာခံတွေ ပေးပြီး ပေါခိုင်းတော့ တွင်း ၂ နဲ့ အတူ စပေါတော့တာပဲ
စပေါတဲ့ ရက်ကတော့ 30.10.2008 ပဲ ညီရ
ဗျူးသူ - အော် ဒါဆို အကိုတို့ စထောင်တာ 30.10.2008 ပေါ့
ငတိ - စထောင်တာကတော့ ဟိုကား ဒီကား ကြည့်တည်းကကွ
ဗျူးသူ - ဟင် ဘယ်လို ငတိ
ငတိ - အော် မင်းကလဲ ပိန်းပါ့ကွာ ချာလီချက်ပလင်တို့လို ဟာသ ကားတွေကို ပြောတာဟ (ဆင်ဆာ ဖြတ်သည်။ မဖတ်ရ)
ဗျူးသူ - အကို အနေနဲ့ ပေါဖို့ ဘယ်လို ကြိုးစားခဲ့ရပါသလဲ
ငတိ - (အနည်းငယ် လေးနက် တည်ကြည် ဟန် ပြုမူလိုက်သည်။)
အင်း ပေါဖို့က မလွယ်ဘူးဗျ တော်တော် ပါရမီ ရင့်သန်ရမယ်။ ပညာလဲ တတ်ရမယ် ကျွန်တော်ဆို စင်ကာပူမှာ ကျောင်းတက်ပြီး
ပညာ သွားသင်ယူခဲ့ သလိုပေါ့။ (ဟီ ဟိ ဘာမှလဲ မဆိုင်ဘူး ကပ်ကြွားလိုက်တယ် တွင်း ၂ စကားအရဆို ကြွားစရာ ရှိလို့ ကြွားရတာ ငှဲ ငှဲ)
တော်ယုံ အရည်အချင်းနဲ့ ပေါလို့မရဘူး။ တချို့ဆို ပေါဖို့ ကြိုးစားရင်း ဂေါက်သွားတယ်။ ရူးသွားတယ်။
ကြောင်တောင်တောင် ဖြစ်သွားကြတယ်။ ဒီ ဂေဟာထဲမှာဆို အနိမ့်ဆုံး လူတောင် ဆိုက်ကား နင်းတတ်တယ်။
ကပ်စားတတ်တယ်။ မြှောက်ပင့်တတ်တယ်။ ဒါတွေက တတ်ထားသင့်တဲ့ အတတ်ပညာတွေလေ
မပေါတတ်ဘူး ဆိုရင်တောင် အနည်းဆုံး စီဘောက်မှ ပေါတယ်။
ပေါချင်သူများ ပေါချင်များ ခင်ဗျာ သတင်းကောင်း တခု ပြောပြပါ့ရစေ လူချင်း မြင်းတို့ သားသမီးများအား ခပ်ပေါပေါလေး ဖြစ်စေချင်က
ငပေါများ ဂေဟာ၏ တဦးတည်းသော သဘာပတိမှ အနီးကပ် အဝေးကပ် မနီး မဝေးကပ်သော နည်းလမ်းများ၊
ခပ်ချောချော ကောင်မလေးများအား ကိုယ်ဖိ ရင်ဖိ စောင်မ ကြည့်ရှုသော နည်းလမ်းများ၊
အရမ်းကောင်းသော နည်းလမ်းကောင်းများ၊ မကောင်း တကောင်း နည်းလမ်းများ၊ လုံးဝ မကောင်း နည်းလမ်းများ
. . . စသော စသော နည်းလမ်းများဖြင့် မပေါပေါ အောင် အာမခံဖြင့် သဘာပတိ ကိုယ်တိုင် သင်ကြားပေးမည်။
တူနယ် တူနယ် ဗျောင် တောင် . . . တောင်
ဗျူးသူ - အကိုတို့ အဖွဲ့ရဲ့ အလုပ် လုပ်ပုံလေးလဲ သိချင်ပါတယ်။
ငတိ - အလုပ် လုပ်ပုံကတော့ ရှင်းပါတယ်။ အားတဲ့ သူလုပ်ပေါ့။ (ပြတ်ကရော)
အားတဲ့ သူဆိုတာ အွန်လိုင်းမှာ အလုပ် လုပ်ချင်ယောင်ဆောင်ပြီး
အလုပ်ရှင် မသိအောင် ခိုးပြီး ကျူကျူ လုပ်နေတဲ့ သူတွေကို ဆိုလိုတာပါ။
လောလောဆယ်တော့ အားလုံးက ကိုယ်တာဝန် ကိုယ် ယူပြီး လုပ်ဆောင်နေကြပါတယ်။
ဂေဟာ သန့်ရှင်းရေး လုပ်တဲ့ သူကလုပ် ဖဲဝိုင်း ထောင်တဲ့သူကထောင်
ဒါက မကောင်းမှု မဟုတ်ဘူးလေ။ week end မှာ စိတ်ဖိစီးမှုတွေ
ဖြေဖျောက်ပေး ချင်ယုံပါ။ စီးပွား ဖြစ် မဟုတ်ပါဘူး။
အိမ်ပေါင်ယုံ ဘဝ ပျက်ယုံ လောက်ပါပဲ။

အပိုင်း (2) မျှော် ဒန် တန့် တန်