ကျွန်တော် လျှောက်လုပ်ရေးဝံဂျီး ပေါငြိမ်သည် ငပေါများနှင့် ဂျီတော့ခ်တွင် လက်ခံ စကားပြောဖြစ်ပါသည်။ အချို့က ပေါတောတော၊ အချို့က ကြောင်ကြောင်တောင်၊ အချို့က ကဂျိုးကဂျောင်၊ အချို့က သွပ်ချောင်ချောင်၊ အချို့က အူကြောင်ကြား စသည် စသည်ဖြင့် လာရောက်လုပ်ပါသည်။
ထိုသို့ လာရောက်ပေါသည်၊ ရောနှော မိတ်ဖွဲ့သည်ကို သီးခံနိုင်ပါသော်လည်း အချို့မှာ တဖြည်းဖြည်း ရောင့်တက်လာကာ ပုဂ္ဂိုလ်ရေးနှင့် အခြားသော ကိုယ်ရေးကိုယ်တာများကို ထိခိုက်လာပြီး မလေးမစား လုပ်သည်များနှင့် မကြာခဏ ကြုံတွေ့လာရပါသည်။
အဆိုးဆုံးအချက်များတွင်...
(၁) ရုပ်တည်ကြီး လာလုပ်မနေစမ်းပါနဲ့ဗျာ
(၂) ခင်ဗျားတည်တော့ကော လူလေးစားမှာ မို့လို့လား
(၃) ခင်ဗျားမှာ ပေါညင်တွေ မွေးကတည်းက ပါလာတာပါဗျာ
(၄) စာတွေ အတည်ပေါက်နဲ့ ဖြဲချောက်မနေပါနဲ့ဗျာ
(၅) တကယ်က ခင်ဗျားဟာ ငပေါအရင့်အမာကြီးပါ
(၆) လျှောက်လုပ်ရေးဝန်ဆိုမှတော့ လျှောက်လုပ်တာ ဘာဆန်းလဲဗျာ
(၇) စသည်၊ စသည်...
အထက်ပါကဲ့သို့သော ပြောဆိုမှုများနှင့် မကြာခဏ ကြုံတွေ့လာရပါသည်။
သို့ဖြစ်ပါ၍ မည်သို့မျှ၊ မည်သည့်နည်းနှင့်မျှ သည်းခံနိုင်စွမ်းမရှိတော့ပါသဖြင့် (ဂိတ်ဆုံးသွားပါသဖြင့်) ယနေ့မှ စ၍ ငပေါများ ဂေဟာမှ နှုတ်ထွက်ခွင့်ပြုပါရန်နှင့် လျှောက်လုပ်ရေးဝန်ကြီး ရာထူးကိုလည်း အခြားသူအား လွှဲပြောင်း ပေးအပ်ပါရန် ဏာယကဂျီးနှင့် အတူ ငပေါများအားလုံး သိစေရန် တောင်းဆိုအပ်ပါသည်။
မလေးမစားစွာဖြင့်
ပေါငြိမ်
လျှောက်လုပ်ရေးဝန်ကြီး
ငပေါဦးတည်ချက် ၄-ရပ်
* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။
Showing posts with label နှုတ်ထွက်စာ. Show all posts

Thursday, April 1, 2010
Monday, August 17, 2009
ငှက်ကထကြေငြာချက်
ကြေငြာချက်
အကြောင်းအရာ။ ။ ငပေါငှက်ကထကြီး ရာထူးမှအနားယူခြင်း
ငပေါများဂေဟာ၏ ပိုင်အိုနီးယား ခေါင်ချုပ်မဟုတ်တရုတ် (ဟင်ဟုတ်ပါဘူး) ငှက်ကထကြီးဖြစ်သော မောင်အန်ဒီသည် ပင်စင်လစာ တစ်လ US$ 1000000 ဖြင့် လက်ရှိငပေါများဂေဟာ ငှက်ကထရာထူးမှအနားယူကြောင်း ကြေငြာအပ်၏။
ငပေါများဂေဟာသည် လုံးဝရာနှုန်းပြည့်ပေါချာနေသူ မြန်မာဘလော့ဂါများအတွက် ပေါစရာနေရာတစ်ခုရစေ ဟူသောသဘောဖြင့် မည်သူ၏အကျိုးမှမပါ၊ ဂုဏ်သိက္ခာဘာညာဟူသော ပကာသနများ ဘာမှမပါပဲ လွတ်လပ်စွာပေါနိုင်ရေးသက်သက်ကိုသာလျှင် ဦးတည်ထားခြင်းဖြစ်၏။
သို့ရာတွင် ယခုအခါ ငပေါဂေဟာအတွင်းတစ်ချို့သော ဝန်ကြီးများ၊ ဘုတ်များမှာ ပုံမှန်မပေါခြင်း၊ ဝင်ရုံဝင်ထားပြီး ပစ်ထားကြခြင်း၊ ထို့ထက်ဆိုးသည်မှာ တစ်ချို့မှာ အချင်းချင်းပတ်ရှုပ်ကြခြင်း၊ ထိုသို့ရှုပ်နိုင်ရန်အတွက် ဝင်ရောက်ခုတုံးလုပ်နေခြင်းတို့ကို စစ်ဆေးတွေ့ရှိရ၏။
ငပေါငှက်ကထကြီးအန်ဒီမှာ ရေမရောသော၊ သီလ၊ သမာဓိ၊ သိက္ခာ၊ အကျင့်သီလ၊ ကိုယ်ကျင့်တရား၊ (အမငီးမောလိုက်တာ) တို့နှင့်ပြည့်စုံလှပေရာ ထိုသို့ပတ်ရှုပ်ခြင်းအမှုများကို လွန်စွာသောက်မြင်ကပ်၏။
ထို့ကြောင့် ထိုအခြင်းအရာများကို နောက်ထပ် မမြင်လို မကြားလိုသည်သာမက ငပေါငှက်ကထရာထူးကိုပင် ဆက်လက်ဆောင်ရွက်ခြင်းငှာ မတတ်နိုင်တော့သည်ဖြစ်သောကြောင့် ယနေ့ ခရစ်နှစ် ၂၀၀၉ ခုနှစ် သြဂတ်စ်လ ၁၇ရက်နေ့မှစ၍ ငပေါဂေဟာ၏အဓိပတိ ပိုင်အိုနီးယား ငှက်ကထကြီးတာဝန်မှ အနားယူကြောင်း တရားဝင်ထုတ်ပြန်ကြေငြာလိုက်ရပေသည်။
မောင်အန်ဒီ
ငှက်ကထ
ငပေါများဂေဟာ

Wednesday, April 1, 2009
အတွင်းရေးမှူး-၂ ရာထူးမှ နှုတ်ထွက်ခြင်း နှင့် ချိပ်ပိတ်တင်ဒါခေါ်ယူခြင်း
သူများတွေ ဧပရယ်ဖူးလ်နဲ့ ပျော်နေကြပါသည်။ အတွင်းရေးမှူး-၂ ဗီလိန်မှာ သူများပျော်လို့ မပျော်နိုင် ဖြစ်နေပါသည်။ အလုပ်ပြုတ်ပြီး ချစ်သောအမိမြေကို ပြန်ရတော့မှာ ဖြစ်လို့ တစ်ဘက်မှလည်း ပျော်နေပါသည်။ တိုက်တိုက်ဆိုင်ဆိုင် အရူးများနေ့မှာ ပျော်လိုက် မပျော်လိုက်၊ ရယ်လိုက် ဝမ်းနည်းလိုက် ဖြစ်နေပါသည်။ နှုတ်ထွက်ခွင့်မရှိဘူး ဆိုသော်ငြားလည်း မရှိမဲ့ ရှိမဲ့ ဗီတိုအာဏာနဲ့ ရာထူးမှ နှုတ်ထွက်ပါတယ်။ ဒီနေရာမှာပြောစရာရှိပါတယ်။ ရာထူးမှ နှုတ်ထွက်တာကို ဗီတိုအာဏာသုံးလို့မရပါဘူး။ ဒါပေမယ့် ကျနော့နာမည်က ဗီလိန်ပါ။ ဒါကြောင့် ဗီတိုအာဏာဆိုတဲ့ စကားလုံးမှာ “ဗီ” ဆိုတဲ့ စကားလုံးကြောင့် ကျနော်ပိုင်ပါတယ်။ ဒါကြောင့် ဗီတိုအာဏာကို ထပ်ပြီး သုံးပါတယ်။
နောက်ဆက်တွဲ ပြောချင်တာကတော့ သဘာပတိကတော့ အစကတည်းက ပြန်ဖို့ အစီအစဉ်ရှိနေပါတယ်။ ဥက္ကဌကလည်း အွန်လိုင်းမှာ မရှိ၊ နာယကဂျီးက အမြဲတမ်းမအား၊ အသင်းသားချုပ်က မပေါ်လာ၊ အတွင်းရေးမှူး-၁ က ဂေဟာမှာ ရှိတယ်လို့တောင် ဘယ်သူမှ မသိကြပါဘူး။ ဘယ်သူမှန်းတောင် သိချင်မှ သိကြမှာ၊ အမှုရှောင်ကတော့ ဝပ်ဘ်ဆိုဒ်တွေ ဖွင့်မရလို့ တဂျီဂျီနဲ့ အကျန်ပေးအရာရှိကလည်း ရည်းစားနဲ့ပဲ အချိန်ကုန်နေတယ်လေ။ ဂေဟာကို သစ္စာအရှိဆုံး ကေလာမမ တစ်ယောက်ပဲ အမြဲမပြတ် ဂေဟာမှာ ရှိနေပါတယ်။ကျန်တဲ့ မှူးကြီးမတ်ရာတွေနဲ့ အသင်းသားတွေကလည်း ပို့စ်လောက်ပဲ တင်နိုင်ကြတာဆိုတော့ သဘာပတိနဲ့ အတွင်းရေးမှူး-၂ တို့ မရှိတဲ့နောက်မှာ ဂေဟာထိန်းသိမ်းဖို့ ခက်ခဲလာပါပြီ။
ဒါကြောင့် ဂေဟာကို မဖျက်သိမ်းချင်တာကြောင့် ဂေဟာကို ထုတ်ရောင်းပါတော့မယ်။ သို့ကြောင့်ပဲ ဂေဟာကို ချိပ်ပိတ်တင်ဒါ လေလံတင်ပါမယ်။ လေလံတင်လို့ ရတဲ့ ပိုက်ဆံနဲ့မှ ကျနော်တွင်းမှူး-၂ က လေယာဉ်လက်မှတ် ဝယ်ရမှာဖြစ်လို့ အားလုံးကို တောင်းပန်ချင်ပါတယ်။ ကိုယ့်ဂေဟာ၊ ကိုယ့်ငပေါ (ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးမဟုတ်ပါ။ :) ) တွေကို ဒါမျိုးမလုပ်ချင်ပေမယ့် အိမ်က မိန်းမကလည်း စိန်နားကပ်ပန်ချင်တယ် ဆိုတာကြောင့် ဂေဟာမှ ရှိသမျှ အကုန်ရောင်းစားပြီး ရှာကြံရပါတော့မယ်။ အစကတော့ ငွေရှာဖို့ကိစ္စကို CBG သတင်းဌာနက သတင်းထောက် လိန်လိန်ကို အားကိုးရမယ် ထင်ပေမယ့် သူခမျာလည်း ဟိုရန်ဘုံးငွေ ဒီရန်ဘုံးငွေတွေရှာပြီး ဆိုက်ကယ်တွေ ကားတွေ ဝယ်စီးနေရရှာတာကြောင့် မပြောတော့ပါဘူး။ အဲဒါကြောင့် ဂေဟာမှာ ရှိသမျှ အကုန်လုံးရောင်းစားပြီး နှုတ်ထွက်ပါတော့မယ်။ ဒါကိုလည်း ဗီတိုအာဏာ ထပ်သုံးပါတယ်။ ဒါတွေဟာ သင်္ခါရတွေပါဆိုပေမယ့် မပြုတ်ခင်လေးတော့ ရသလောက် ယူသွားချင်သေးတယ်။ အားလုံးကိုတော့ အားနာပါတယ်။
၁။ နိုင်ငံတကာ အသိအမှတ်ပြု ISO 9004:2008 လက်မှတ်ရ ကမ္ဘာ့အဆင့်မီ ငပေါများဂေဟာ (သူများတွေပေါသလိုပေါ့) :
ကြမ်းခင်းဈေး = EUR 4.1 Mllions (ဧပရယ် ၁ ရက်နေ့ အထိန်းအမှတ်)
၂။ ငပေါများဂေဟာ တည်ရှိရာ ရုံးခန်းဖြစ်သည့် ဤဘလော့ Template, Gadget များ နှင့် Cbox :
ကြမ်းခင်းဈေး = EUR 3.0 Millions (ရုံးခန်းစတင်တည်ထောင်ရာ ၃၀-၁၀-၂၀၀၉ အထိန်းအမှတ်)
၃။ ပန်းချီကျော် အမှုရှောင် ဒေါ်နန်းညီ၏ အဖွားဖြတ်မရသည့် (အဖိုးက ဖြတ်ပြီးသွားပြီလေ) ဂေဟာဆိုင်းဘုတ် ဘန်နာ :
ကြမ်းခင်းဈေး = EUR 11.5 Millions (ဘန်နာတင်သည့် ရက်စွဲ အထိန်းအမှတ်)
၎။ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီး သတင်းအတင်းတွေ တင်ပြနေတဲ့ CBG သတင်းဌာန (Crazy Blogger Group MEDIA) :
ကြမ်းခင်းဈေး = EUR 2.0 Millions (စလောင်းမရှိ ဂြိုလ်တုမရှိ။ စာရိုက်ဖို့အကွက်နဲ့ သတင်းထုတ်ပြန်တဲ့ အကွက် ၂ခုပဲရှိလို့ တစ်ခုကို တစ်သန်းစီပေါ့)
၅။ နောက်ဆုံးတစ်ခုအနေနဲ့ အပေါ်ကလေလံ ၄ မျိုးဆွဲပြီးသွားရင် ကံစမ်းမဲဖောက်ပြီး ဂေဟာ အဖွဲ့ဝင်၊ ဝန်ကြီးများ (ယောက်ျားများ) အားလုံးထဲက တစ်ယောက်ကို CBG ရောင်းစားရင် အလုပ်ပြုတ်တော့မှာဖြစ်တဲ့ သတင်းထောက် အခြောက်မ လိန်လိန်နဲ့ ပေးစားပါမယ်။
ဂေဟာလေဒီများ အတွက်ကတော့ ဂေဟာရဲ့သူဌေးပိုင်ရှင် အသစ်ဆက်ဆက်နဲ့ ပေးစားပါမယ်။
ဒီထုတ်ပြန်ချက်ကိုလည်း မည်သူ့ကိုမျှမပြပဲ ဂေဟာစည်းကမ်းကို ချိုးဖောက်ပြီး ဗီတိုအာဏာနဲ့ တင်လိုက်ပါတယ်။ နောက်ဆိုသုံးစရာမရှိတော့လို့ ရသမျှသုံးသွားတာပါ။ လေလံဆွဲလိုသူများ စီဘီဂျီ သတင်းထောက် လိန်လိန်နဲ့ ဆက်သွယ်ပြီး အသေးစိတ်မေးမြန်း စာရင်းပေးနိုင်ကြပါပြီ။
ပုံ၊
ပြုတ်လုဆဲဆဲ အတွင်းရေးမှူး-၂ (ငပေါများဂေဟာ)
ယာယီဘဏ္ဍာမှူး (ရှိသမျှအကုန်သိမ်း)
လေလံတင်ဒါ အခွင့်ရ (ဗီတိုအာဏာသုံး)
မှတ်ချက် ။ ။ ဤကိစ္စကို ကန့်ကွက်လိုသူများ မတ်လ ၃၁ ရက်နေ့၊ ၂၀၀၉ ခုနှစ်မတိုင်မီ သက်သေအထောက်အထား စာရွက်စာတမ်း အပြည့်အစုံဖြင့် ကန့်ကွက်နိုင်ပါသည်။

Monday, December 15, 2008
ပြောရေးဆိုခွင့်ရှိသူ အသစ်ခန့်အပ်ခြင်း နှင့် တောင်းပန်လွှာရေးသားခြင်း
သဘာပတိ၏ ပြောရေးဆိုခွင့်ရှိသူ ဘေထယ်ရောင်းသည် အအိပ်ပျက်၊ အစားပျက် ဖြစ်တာများလွန်းသဖြင့် အရူးထောင်ပို့လိုက်ရကြောင်း ထိုကြောင့် ယမန်နေ့က ထုတ်လွှင့်သော သတင်းသည် သတင်းမှားမျှသာဖြစ်ကြောင်း၊ ယခုအခါ ပြောရေးဆိုခွင့်ရှိသူ ပြောင်းလွှဲခန့်အပ်ကြောင်း သဘာပတိအရင်းခေါက်ခေါက်မှ ပြောကြားလိုက်ပြီး၊ ယခုကဲ့သို့ သတင်းမှားယွင်းသည့်အတွက် ဘေထယ်ရောင်းတွင်သာ တာဝန်ရှိကြောင်း သဘာပတိအရင်းခေါက်ခေါက်မှ ပြောကြား (အဲ့လိုပဲ လွှဲချနေကျ သတင်းမှားတာက ပိုစ့်တခုရ ပြန်ရှင်းတော့ ပိုစ့်တခုရ ဘယ်လောက်ကောင်းလဲ ဂျာနယ်တွေနည်းလေ ကြုံရင် သုံးကျနော် မိုက်တယ် ဘာပဲဖြစ်ဖြစ် နာမည်ကြီးမယ် ပြန်ရှင်းတော့ ပိုစ့်နောက်တခုရတယ်)
ယခုလို သတင်းမှားကြောင့် သဘာပတိမှာ ချစ်လှစွာသော ညီအစ်ကိုမောင်နှမတွေရဲ့ ချီးကျူးထောပနာပြုခြင်းကို အံကြိတ်ခံရင်း ဘေထယ်ရောင်းအား သဘာပတိအရင်းခေါက်ခေါက်မှ ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်သည်။ (ဒါလဲ လုပ်နေကျနည်းလေးပဲ ဘာမှမလုပ်ရဲရင် ရှုတ်ချတယ်သာအော် လူကြားကောင်းတယ်) ထိုကြောင့် သဘာပတိအရင်းခေါက်ခေါက်သည်
နာယကကြီးမှ ထွက်ရဲ ထွက်ကြည့် သေမယ်ဟု ခြိမ်းခြောက်ခံရခြင်း၊ ဤ ရူးပေါဂိုဏ်းကြီးသို့ ဝင်ပြီးသူ ဂိုဏ်းသားအားလုံး ပြန်ထွက်ခွင့်မပြုကြောင်း ထပ်ဆင့် ကြေညာခြင်း၊
ငှက်ကထမှ အသက်နဲ့ လူလုပ်တာ အရှက်နဲ့ လူလုပ်တာမဟုတ်ဟု ပြောကြားခြင်း၊
တွင်း ၂မှ မင်းမရှိရင် ငပေါဂိုဏ်းကြီး ပြိုကွဲသွားနိုင်ကြောင်း ပြောကြားသဖြင့် ဘာမှမလုပ်ရင်နေပါ အရှက်မရှိတဲ့ အခွက်လေးတော့ ပြထားပါဟု မျောက်ပြဆန်တောင်းခြင်း၊
စည်းရုံးအမှုရှောင်မှ တွင်း ၂နှင့် သဘာပတိက သူ့ အစား စည်းရုံးရေး ပေးတဲ့အတွက် တကယ်ထွက်သင့်သည် သဘာပတိမဟုတ်ပဲ ဘာအလုပ်မှမလုပ်တဲ့ သူမသာ ဖြစ်ကြောင်း ၊
အသင်းသားချုပ်မှ သဘာပတိကြီး နှုတ်ထွက်ပါက သူမဘုန်းထားသော ဘတ်ဂျတ်တွေပေါ်မှာ စိုးသောကြောင့် သဘာပတိအား တိတ်တိတ်လေး ခေါ်ဆောင်ကာ ကမ္ဘာကျော် စီးတီးဟောတွင် ညစာတည်ခင်း ဧည့်ခံကျွေးမွေးခြင်း၊
တရားရေးဝန်ကြီးမှ ဤကဲ့သို့ အရှက်မရှိသောဂိုဏ်းတွင် အရှက်မရှိသော သဘာငတိကြီးရှိမှသာ တင့်တယ်မည်ဖြစ်သောကြောင့် လုံးဝ နှုတ်ထွက်ခွင့်မရှိကြောင်း ထပ်ဆင့် အမိန့်ထုတ်ပြန်လိုက်ခြင်း
ကူးသန်း ၀န်ကြီး PA PwaGyi မှ သဘာပတိ(ချစ်လှစွာသော အစ်ကိုကြီး)၏ နှုတ်ထွက်ခွင့် အား အခြားတာဝန်ရှိသူများ ဆန္ဒကဲ့သို့ပင် ပြင်းထန်စွာ တားမြစ်ပါကြောင်းနှင့် နှုတ်ထွက်ခွင့်လုံးဝ မပြု(လုံးဝ)ကြောင်း အသိပေး ကြေညာလိုက်ခြင်း
ဆည်မြောင်းဝန်ကြီးမှ သဘာငတိ၏ နှုတ်ထွက်စာအား ဗီရှည်အာနာသုံးပြီးပယ်ချလိုက်ခြင်း၊
စသော အကြောင်းကြောင့် သဘာပတိအရင်းခေါက်ခေါက်သည် အားလုံးသော အဖွဲ့သားရဲ့ ဆန္ဒအရ သနားငဲ့ညှာသောအားဖြင့် ရုပ်တည်နဲ့ ပြန်လည်ရာထူး လက်ခံကြောင်းပြောကြား၍
နာယက၊ ငှက်ကထ၊ တွင်း၁၊ တွင်း ၂၊ အမှုရှောင်၊ အသင်းသားချုပ်၊ အကျန်ပေး၊ မွေး၊မြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၊ ပညာရေးဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီး၊ တရားစီရင်ရေး ၀န်ကြီး၊ ဆည်မြောင်းဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးချုပ်၊ လယ်ယာပြန်စားရေးဝန်ကြီးနှင့် အသင်းသားအဆုံး အားလုံးသော အဖွဲ့သားတွေကို အနှုးအညွှတ်တောင်းပန်အပ်ပါတယ်။ အားလုံးကို စိတ်ပူအောင်လုပ်သလို ဖြစ်သွားတဲ့အတွက် ရင်ထဲက လှိုက်လှိုက်လှဲလှဲကို တောင်းပန်ပါတယ်။ အခုလို ဂရုတစိုက်ရှိကျတဲ့အတွက်လဲ ကျတော်သဘာပတိအရင်းခေါက်ခေါက်မှ မဖေါ်ပြတတ်အောင် ၀မ်းသာပါတယ်။ ထိုကြောင့် သဘာပတိအရင်းခေါက်ခါက်အား ထောပနာပြုချင်ပါက ပိုးစိုးပက်စပ်၊ အားမနာပါးမနာသာ ပြုပါလို့ ဒီစင်မြင့်ပေါ်ကနေ တောင်းပန်လွှာဖတ်ကြားလိုက်ပါတယ်။ ( ဒါကတကယ် ရင်ထဲက တောင်းပန်တာပါ။ အားလုံးသော ညီအစ်ကိုမောင်နှမတွေကို ရင်ထဲက လှိုက်လှိုက်လှဲလှဲတောင်းပန်ပြီး၊ ၀မ်းသာအားရ ပျော်ရွှင်စွာရေးသားလိုက်ပါသည်။ ကျတော် ဆောင်ပုဒ်အတိုင်း
မှန်ပါက ရုပ်ချောရပါလို၏။
အမှားပါခဲ့ပါက ဒီရူးပေါဂိုဏ်းတွင် အချောဆုံးဖြစ်ရပါလို၏ )

ပုံ/ သဘာပတိ၏ ပြောရေးဆိုခွင့်ရှိသူ နောက်တစ်ဦး ဖိုးဂျယ်
(နောက်တခါမှားရင်တော့ လွှဲချစရာလူမရှိတော့ဘူး တေပီဆရာ)

Saturday, December 13, 2008
နှုတ်ထွက်စာလျှောက်ထားခြင်း
အကြောင်းအရာ ။ ။ နာယကကြီးနဲ့ ဥက္ကဌအား နှုတ်ထွက်စာ လက်ခံရန် ရိုသေစွာ လျှောက်ထားခြင်း
ရည်ညွှန်းချက် ။ ။ သဘာပတိမှာ အနေမတတ်သဖြင့် ဂိုဏ်းကြီးအား အရှက်ရစေခြင်း
စာကိုယ် ။ ။ သဘာပတိဖြစ်သော ကျတော်ခပ်ပိန်းပိန်းကောင်လေးသည် အနေအထိုင် မတတ်သဖြင့် ငပေါဂိုဏ်းကြီးအား အရှက်အကြီးအကျယ်ရစေသဖြင့် သဘာပတိ ရာထူးမှ ကိုယ့်ကိုကိုယ် ရှက်လွန်းသဖြင့် ကိုယ်သဘောနဲ့ ကိုယ် နှုတ်ထွက်ပါသည်။ ထိုင်းဝန်ကြီးလို့ ရုပ်တည်ဖြင့် အရှက်မရှိ မနေတတ်သဖြင့် နှုတ်ထွက်ပါသည်။ ယနေ့မှ စ၍ ဤ ငပေါဂေဟာကြီးနှင့် ကျတော်ခပ်ပိန်းပိန်းကောင်လေး ဖိုးဂျယ် (သဘာပတိဟောင်း)သည် လားလားမျှ မသက်ဆိုင်တော့ကြောင်း သဘာပတိဟောင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဘေထယ်ရောင်းမှ ပြောကြားလိုက်ပြီး ကျတော် ခပ်ပိန်းပိန်းကောင်လေး ဖိုးဂျယ်မှ ဥက္ကဌသို့ ဦးတိုက်လျှောက်ထားလိုက်ပါသည်။ ကျတော်ကြောင့် ဂိုဏ်းကြီး အရှက်ရ နစ်နာစေသည့် အတွက် အားလုံးသော အဖွဲ့သားများအား ရိုသေလေးစားစွာ အနှုးအညွှတ်တောင်းပန်အပ်ပါသည်။ နောက်နောင် ယခုလိုအရှက်ရစေမည့် အဖြစ်မျိုး မဖြစ်စေရန် ကျတော် (သဘာပတိဟောင်း)မှ စံပြအဖြစ် နှုတ်ထွက်ပါသည်။ ငပေါဂိုဏ်းကြီး ယခုထက်မက အောင်မြင်ကျော်ကြားပါစေလို့ ရင်ထဲက ဆန္ဒအမှန်ဖြင့် ဆုတောင်းရင်း ခပ်ပိန်းပိန်းကောင်လေးဖိုးဂျယ်မှ အားလုံးသော အဖွဲ့သားများအား ၀မ်းနည်းစွာ နှုတ်ဆက်အပ်ပါသည်။ အဖွဲ့သားများ ကျတော့်အိမ်ကိုတော့ မကြာခဏ လာရောက်လည်ပတ်ကြပါလို့ ဖိတ်ခေါ်ပါသည်။

အားလုံးကို ခင်မင်လေးစားစွာဖြင့်
ပုံ/
ဘေထယ်ရောင်း
ပုံ/
ဘေထယ်ရောင်း
Subscribe to:
Posts (Atom)