ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Showing posts with label *ပေါမမ. Show all posts
Showing posts with label *ပေါမမ. Show all posts

Sunday, May 16, 2010

အင်တာပျက်

စောစောက ဖွင့်တာမရလို့ အခုကျမှ ဖွင့်တာရလို့
ဒီလိုဖြစ်တဲ့ လိုင်းကို တို့က နံမည်လေး တခုပေးမယ် "အင်တာပျက်"
စကားအများကြီး ပြောချင်သားနဲ့  ပြောတိုင်းလည်း ရပ်ကာသွားတော့
ဒီလိုဖြစ်တဲ့ လိုင်းကို တို့ က နံမည်လေး တခုပေးမယ် အင်တာပျက်

အင်တာပျက်ရေ . . . . ဒီလိုပဲ တို့ ကတော့ခေါ်မှာပဲကွယ် . . . .
တနေကုန်အောင် စောင့်လို့ ပျက်ဦးကွယ်.. စောင့်လို့ ရပ်ဦးကွယ် . . ရတယ်
အင်တာပျက်ရေ . . . . အိုး . . . .  အင်တာပျက်ရေ . . . .
အင်တာပျက်ရေ . . . . အိုး . . . . အင်တာပျက်ရေ . . . .

 နဲနဲလေး ပြောရင်လည်း မလောက် . . . .  များများကြီး ပြောရင်လည်း မလောက် . . . .
တနေကုန် ပြောလိုက်မှကွယ် သုံးဒေါ်လာ ပေးလိုက်ရတာ များလား
များသွားလည်း မတတ်နိုင်ဘူးဟေ့ . . .  တို့ ကတော့ပြောမှာပဲပေါ့
ဒီမှာစောင့်လိုက်ရတာ လိုင်းကောင်းချိန်တောင် မမှတ်မိလိုက်ဘူး

အင်တာပျက်ရေ . . . . ဒီလိုပဲတို့ ကတော့ ခေါ်မှာပဲကွယ်..
တနေကုန်အောင်စောင့်လို့ ပျက်ဦးကွယ် . . စောင့်လို့ ရပ်ဦးကွယ် ရတယ်
အင်တာပျက်ရေ . . . . အိုး . . . .  အင်တာပျက်ရေ . . . .
အင်တာပျက်ရေ . . . . အိုး . . . . အင်တာပျက်ရေ . . . .

တိုးတိုးလေး ပြောတာမကြားလို့ တအားကြီးကုန်းအော်လိုက်တော့
ဒီမှာအသက်ထွက်တော့မယ် မင်းက ဒါတောင်မကြားရဘူးတဲ့ 
"ကျားလား"  "ကျားလား" ရုပ်ကလေးကို ကြည့်ကာပြောမလို့ 
web cam ပျက်နေသားမို့  ဒီမှာ ဖွင့်လို့ မရတာ
မင်းက ဘာကြောင့် ဒေါသထွက်ရတာတုန်း

အင်တာပျက်ရေ ဒီလိုပဲ တို့ ကတော့ ခေါ်မှာပဲကွယ်
တနေကုန်ကွယ် လိုင်းကျကျသွားတယ် စက်က ရပ်ရပ်သွားတယ် ဖြစ်မယ်
အင်တာပျက်ရေ . . . . အိုး . . . .  အင်တာပျက်ရေ . . . .
အင်တာပျက်ရေ . . . . အိုး . . . . အင်တာပျက်ရေ . . . .

Tuesday, November 24, 2009

HAPPY BIRTHDAY TO S1

ကျွန်မ တို၏ formerly အသင်းသား၊ ယခု တွင်း ၁ ဂေဟာမှ ကေလာ ရဲ့ ၂၄ ရက် နိုဝင်ဘာ တွင် ကျရောက်မည့် မွေးနေ့မှသည် နှစ်ပေါင်း ၂၄၀ တည်စေသော်။ ။

ပေါမမ

Monday, June 22, 2009

ဂေဟာသစ်တိုးချဲ့ရေး တင်ပြချက်

တစ်ပတ်တစ်ခါ ဂေဟာမှာ ဝိုင်းထောင်တယ်..
အဆင်ပြေရင် ဖဲခိုးတယ်..အကောက်တွေ အခွန်တွေ မတရားကောက်တယ်..
ဒီထက် အဆင်ပြေရင် ဂေဟာ ရန်ဗုံးငွေ လစ်ရင်လစ်သလို ဗုံးတယ်..
သိသွားရင် အရှက်ပြေ ဟိဟိ စ တာ ဆိုပြီး ပြန်ပေးတယ်..
ရသမျှ အချိန်လေးမှာ Part time ဆိုပြီး အိုက်တိုးပဂေးဆံတယ်..
အဲ့ဂလို ဂေဟာအတွက် အနစ်နာခံပြီး စုဆောင်းထားသမျှတွေနဲ့ မမက ဂေဟာကို ဂလိုတိုးချဲ့လိုက်ပါကြောင်း.............
ရှင်းပြဘို့လိုမယ်လို့လည်း ထင်ပါတယ်.. ဂေဟာတည်ဆောက်ပုံလေးပါ
နံပါတ်မှာ ခုနစ် ကတော့.. သူလေးနံပါတ်မို့လို့ မှတ်မှတ်ရရလေး ဖြစ်သွားအောင်ပါ။
နံပါတ်မှာ (ရှစ်) တစ်ခါတစ်လေ စကားမပီရင် ချစ် ဖြစ်တတ်တယ်လေ...
သဘောကတော့.. ခုနစ် ကလေးကို အမြဲ ချစ်နေတဲ့ သဘောလေးလည်း နည်းနည်းဆောင်ပါတယ်..
(တိုက်ဆိုင်ခဲ့သည်ရှိသော် တမင်ရည်ရွယ်ပြီးလုပ်တယ်လို့ပဲ သဘောထားပေးပါနော်)
တံခါး ၂ ပေါက်ဖောက်ထားရခြင်း အကြောင်းကတော့ အင်မတန်ရုံးတက်မှန်သော် မျိုးကောင်း သမီးလေး၊ ဂေဟာအတွက်ဆိုရင် ဦးဆွေးဆံမြေ့ ဂတုံးဖြစ်တဲ့ထိ တာဝန်ကျေသော် မျိုးချစ် ပူတူးတူးလေး၊ အိုက်တိုးပဂေးလည်းဆံ၊ လူဂျီးမြင်းများအတွက် အမြဲ အနားမှာ ပြာတတ်သော အနားပြာ မမလေး အတွက် အထူးစပယ်ရှယ် ခန့်ခန့်ကြီးဝင်နိုင်သော နံပါတ် (၇)နှင့်.. ကျန်တံခါးတစ်ပေါက်မှာ တစ်လ တစ်ခါလောက်သာ ရုံးလာပြီး..လူဂျီးမြင်း ရှိလျှင် တစ်မျိုး၊ မရှိလျှင်တမျိုး.. နှစ်မျိုးတည်းသာရှိသော် ခုတစ်မျိုး တော်ကြာတစ်မျိုး ဥပဒေများကို မရိုးရအောင် တစ်လတမျိုး လာလာထုတ်တတ်သော် ငှက်ကထ၊ ငတိ များအတွက် မလွယ်ပေါက် ဖောက်ပေးထားခြင်း ဖြစ်ပါသည်။

အလုပ်ချိန်တွင်းမှာ မာကက်တင်း အကြောင်းပြပြီး လစ်ရင်လစ်သလို ထွက်တတ်ပြီး တစ်ပတ်လောက် ပျောက်ပျောက်နေတတ်သော ထောက်ချုပ်၊ ကူးသန်းဝံကြီး နှင့် ကျန်းမာရေးဝံကြီးနှင့်တကွ တွင်း ၁-၂-၃ စသဖြင့် ဝံကြီးများ လူဂျီးမြင်းများအတွက် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေစေရန် အလို့ငှာ ဘီးပါ အဆင့်သင့် ထားပေးထားကြောင်းပါ။

ဒါကတော့ ဂေဟာပြင်ဆင်ပီး ပုံတွေပါ ....
ဂေဟာမှာ တစ်ပါတ်တစ်ခါ ဝိုင်းလုပ်တဲ.နေရာ..လူကြီးမြင်းများ လိုအပ်သည်များကို မှာစားသည့်နေရာမမ အိုက်တိုးပဂေးလေး ဆံလိုက်.. vodka လေး ချလိုက်နဲ..အလုပ်ရှုပ်နေတဲ.နေရာ

အဖွဲ့သားများ ဗော်ဒကာ နဲ့ ခွက်ပုံးချရာ နေရာမမ အိုက်တိုးပဂေးလေး ဆံလိုက်.. vodka လေး ချလိုက်နဲ..အလုပ်ရှုပ်နေတဲ.နေရာ

ကေလာ့ အိပ်ရာ....
ရုံးမှာ ဘာကြောင့်အိပ်နေလည်း သိပီလား ... ဟီဟိ
ကေလာ အလုပ်ခန်း
လူဂျီးမြင်းများ စုဝေးရာ ဧည့်ခန်း တစ်နေရာ
လူဂျီးမြင်းများ ...ရန်ပုံငွေအရှာခံလိုက်ရသော ... နာယကဂျီး စီးတော်ယာဉ်

Tuesday, June 16, 2009

ဂုဏ်ယူဝမ်းမြောက်ခြင်း

မမ တို..ဂေဟာရဲ. ပညာရေးဝံကြီးအတွက် အမြန်နေကောင်းစေရန် ဆုတောင်းမေတ္တာ ပန်းစည်းများကို ဂေဟာမှအသင်းသူ အသင်းသားများနှင်.တကွ ဧည်.သည်တော်မျုားမှ ပိုသလိုက်ပါကြောင်း
ဇင်ဇင်းအမြန်နေကောင်းပါစေ... ဂေဟာဝိုင်းကိုလည်း အမြန်ဆုံးပြန်လာနိုင်ပါစေ

စာကြွင်း.
အရေးပေါ်မှ ဇင်ဇင်း ဂေဟာဝိုင်းအား အမြန်ဆုံး အရော်ပေး နိုင်စေရန်
ကေလာမမ မှ အချိန်တိုင်း အပ်ချလောင်း လုပ်နေပါကြောင်း
ကေလာမမ



ပညာရေး ၀န်ကြီးသည် ငပေါဂေဟာ၏ အမှုကိစ္စတွေကို ကိုယ့်နှင့် မသက်ဆိုင်သော်ငြားလည်း စွမ်းစွမ်းတမန် ကြိုးစားကာ နေမကောင်းချင်ယောင် ဆောင်၍ ထိုင်းနိုင်ငံရှိ ဆေးရုံ တရုံသို့ အမည် မဖေါ်လိုသူ ကေလာမမ၏ တိုင်ကြားချက် အရ ရှောင် တခင် ၀င်ရောက် စစ်ဆေးရာ ကျန်းမာရေး ၀န်ကြီး၏ ကြိုးစားမှုကြောင့် ပညာရေး ၀န်ကြီးမှာ ချက်ချင်းဆိုသလို ၂၄ နာရီ အတွင်း လူကောင်းဖြစ်နေတာကနေ ပိုမို၍ ကောင်းမွန်သွားကြောင်း သတင်းရရှိပါသည်။
ထို့ကြောင့် သဘာပတိမှာ လွန်စွာ ၀မ်းမြောက်ကာ
ကျန်းမာရေး ၀န်ကြီးအား လွန်စွာ ကျေးဇူးတင်ကြောင်း သ၀ဏ်လွှာ ပေးပို့ကြောင်း
ပညာရေးဝန်ကြီးမှာလဲ ကံကောင်းလွန်း၍သာ ဆေးရုံတတ်ရောက် ကူသခွင့်ရကြောင်း
တော်ယုံလူဆို ဤကဲ့သို့ တော်ယုံ ဆေးရုံသို့ တက်ရောက်ခွင့် ရဖို့မလွယ်ကူကြောင်း
ဆေးရုံတက် ခွင့်ရလို့သာ ဤကဲ့သို့ ငပေါတွေရဲ့ ဂရုစိုက်မှုကို ခံရကြောင်း
ငပေါဂေဟာတွင် ပထမဆုံး ဆေးရုံတက်ခွင့်ရသော ငပေါသူဖြစ်ကြောင်း
ကံအလွန်ကောင်းသော ဂေဟာသူဖြစ်ကြောင်း
ထိုကဲ့သို့ ကံကောင်းသူမှာ ရှားပါးကြောင်း
ငတိမှာ အလွန်ဝမ်းမြောက်ကြောင်း သ၀ဏ်လွှာ ပေးပို့လိုက်ပါသည်။

ဂေဟာသူ ဂေဟာသားတွေကလဲ ၀မ်းမြောက်ကြောင်း ပန်းစီး ပေးပို့ကာ ဆုမွန်ကောင်း တောင်းပေးလိုက်ပါသည်။

ပုံ /
သဘာပတိ ဖိုးဂျယ်

Tuesday, May 19, 2009

ကိုကေလာနှင့် ကေလာမမ

ဂေဟာမှ လူဂျီးမြင်းများ . .လမ်းတွေ့လျှင်မှတ်မိစေရန် .. ဂျစ်တူ နှစ်ဦး ပန်းခြံမှာ စချိန်းတွေ့တုန်းက အမှတ်တရာ ရိုက်ထားသော... ကေလာ နဲ့ ကေလာမမ ဓါတ်ပုံကို တင်ပြအပ်ပေသတည်း။



နောက် ဒါတ်ပုံထပ် ကြည့်ချင်လျှင် ဒီမှာ ပါ

Friday, May 1, 2009

နိုင်ငံရေး ၀န်ကြီးအတွက် လက်ဖွဲ့

လူမှုရေးတွေ ဖြစ်လာပြန်ပြီ..
ဂေဟာက လူဂD;မြင်း သားကညှာ အခါမလင့်ခင် ဆွဲလိုက်ပြန်ပြီမို့ လက်ဖွဲ့ဘို့အတွက် စဉ်းစားရပြန်ပြီ။
မမ ဂလိုစီစဉ်လိုက်တယ်..
မနေ့က ပျင်းပျင်းရှိတာနဲ့ ဆွဲအံထဲက တွေ့တဲ့ credit card လေး ယူပြီး shopping ထွက်တာ show room မှာ ဒီကားတွေ့တာနဲ့ ၀ယ်လာလိုက်တာ မဂ်လာဆောင် လက်ဖွဲ့အတွက် သိပ်မစဉ်းစားတတ်တာနဲ့ ပြီးတော့ စီးပွားရေးကာဒ်ကြောင့် အခြေအနေမကောင်းလို့ ဒီကားဘဲ လက်ဖွဲ့လိုက်တယ် ပြောလဲခံရမှာ မမ ပြီးတော့ ကပ်စေးနဲလိုက်တာလို့ ပြောလည်း ခံရမှာဘဲ။ ကိုယ်က Company အလုပ်တွေကလဲ ရှုပ် မမမှ လက်မှတ်မထိုးရင် မပြီးမဲ့ အလုပ်တွေဆိုတော့ ရှောင်လို့မရဘူးလေ။

DHL နဲ့ပို့လိုက်လည်းရပါတယ်။ ဒါမယ် နည်းနည်း သင်တန်းပေးရအုံးမယ်လေ သုံးပုံသုံးနည်း ဘယ် ဂလိုတံခါးဖွင့်ပြီး ဘယ်ဂလို စက်နှိုးရလည်းဆိုတာ ဂေဟာ က မ၈င်္လာဆောင်သွားမယ့် လူတွေအတွက် transport ကော နောက်ပြီး လက်ဖွဲ့အတွက်လည်း တစ်ခါတည်း ကိစ္စ ပြီးပြတ်သွားအောင်

ပထမ အိုးဗားမားစီးတဲ့ ကားမျိုး လက်ဖွဲ့မလား စဉ်းစားပါတယ်။ သို့သော်ငြားလည်း အနက်ရောင်ကြီးလက်ဖွဲ့ရကောင်းလားဆိုပြီး ဝေဖန်သမှုပြုခံရမှာစိုးလို့ပါ။
နောက်ပြီး . . . .
ဒီ ဒကောင့်သားက သူလုပ်တာတွေ မမ လိုက်လုပ်တယ်ဆိုပြီး မာန်တက်နေအုံးမယ်။ ကျောင်းတော်က ရန်စ တွေက ရှိနေတယ်လေ

ကဲ...သွားကြမယ်နော် ၀ါးတီး-၀ါးတီး..ကားထဲမှာ အသောက်-အစား-အအိပ် ဘာမှ ပူရဘူးနော်..
ကာရာအိုကေလည်းရတယ်..၀ါသနာပါရင် ဒန့်လို့လည်းရတယ်..
များကတော့ ရေကူးမယ်..ကေလာကတော. သူလည်း ရေစိမ်မယ်တဲ..
ဒီတစ်ခါတော..မဲ မှာမပူရတော့ဘူး။ မိုးလုံ လေလုံ...

car

ကေလာမမ

Saturday, April 18, 2009

သင်္ကြန်ဖောင်ပိတ်သတင်း

ဘာလိုလိုနဲ့ သင်္ကြန်လည်းပြီးပြီး...cat mountain mountain ဖြစ်ပြီး။ မမ ဈေးဝယ်ထွက်တယ်။ နေရာတိုင်းမှာ ဘာမဆို buy one,free one တွေချည်းဘဲ။ အဲဒီ မ buy ဘဲနဲ့ free one ရအောင် ဘယ် ဂလိုလုပ်ရပါ့ မလည်း အ၀တ်အစားတွေ ဆိုတာ မြန်မာပြည်က ဖျာပုံထည်တွေကို သနားတယ်။ မယုံရင် ဒီမှာလာကြည့် ဈေးရင်း 59 euro ကို 7 euro လောက်နဲ့ ချထားတာ ဟိုနေရာလည်း sale ဒီနေရာလည်း sale မမ တကိုယ်လုံးမှာလည်း sale ပစ္စည်းတွေ ချည်းဘဲ။ ထူးတော့ဘူးလေ SALE စာတန်းပါတဲ့ အကျီပါ တစ်ခါတည်း ၀တ်ထားလိုက်တော့တယ်။
အယ် အနောက်မှာ ပါလိုက်သေးရဲ့ 70% OFF တဲ့ ဟီး . . . .
စိတ်ဝင်စားတယ်ဆိုရင်ပါ။ ကြော်ငြာ ၀င်ထားတာ . . . . (ဒီနေ့ နောက်ဆုံးနော်)

ကမ္ဘာ့ စီးပွားရေးကာဒ်တဲ အွန်း အဲဒီကာဒ် နဲ့ မြန်မာပြည် ဖုံးခေါ်ရင် အဆင်ပြေနိုင်တယ်နဲ့တူတယ်နော်။ သူဌေး သင်္ဘောမှောက်တာ အရေးမကြီးဘူး။ သူတောင်းစားခွက်ပျောက်တာ ပြသာနာ
မမ ခွက်ပျောက်လို့ကတော့ ဒင်းတို့တော နာပြီသာမှတ်။

သင်္ကြန်တွင်းမှာ ကဲလိုက်ကြတာ ဂေဟာမှာလည်း ဗွက်ကို ထ နေတာဘဲ။ သင်္ကြန်တွင်းကြီးလည်း ရုံးရောက် ဂတ်ရောက်နဲ့ ဖိုးဂျယ်နဲ့ ဗီလိန်းပေါ။ နန္ဒာလှိုင် မဏ္ဍပ်က ရေပိုက်တွေ သွားဗုံးတာ မိသွားလို့ မနည်းကြီး အာမခံနဲ့ ထုတ်လာရသေးတယ်။ ပြောရင် ပြောတဲ့ အတိုင်း မလုပ်တာလေ။ နောက်ဆုံး ရှေ့မျက်နှာ နောက်ထားပြီး လိုက်ရှင်းရတယ်။ တပည့် မကောင်းတော့ ဆရာ့ဂေါင်း မျက်နှာကို ပေါင်ဒါ ရိုက်တာ ပြောပါတယ်။

ထညက်ပါတဲ့ မုန့်လုံးရေပေါ်ချိုချိုလေးတွေ သာပေါင်းတွေ ထုတ်သွားကြတာ မြင်မကောင်းဘူး။ ဆန်ပြုတ်တိုက်တဲ့ နေ့ကလည်း ဂလိုဘဲ အိမ်က ရှိသမျှ ခွက်စုတ်-ပလုံးစုတ်တွေ ရေပက်ဖို့ မှတ်လို့ ဘယ်ဟုတ်မလည်း ဆန်ပြုတ် သာပေါင်း လုပ်မလို့တဲ နောက်တစ်နေ့ ရောက်တော့လည်ုးအန်းသီးခွဲပေးမယ့် လူလည်းမရှိ ခြစ်ပေးမယ့် လူမရှိ။ မထူးဘူးလေ အုန်းထမင်းဖြစ်ရင် ပြီးရော ထမင်းအိုးနဲ့ အုန်းသီးတွေ စားပွဲပေါ် တင်ထားလိုက်တယ်။ အုန်းသီးကို self service နဲ့ လိုသလို ထုတ်-ခုတ်-ဖြုတ်ပြီး ထမင်းနဲ့ မြိန်မြိန်ရှက်ရှက်ကြီး စားလို့ ရတဲ့ ဂေဟာမှ ကေလာမမအုန်းထမင်းလို လိုက်ရှာ ကြည့် မတွေ့စေရဘူး။ အဲဒါတောင် အုန်းသီးတွေ မ သွားကြသေး ပြောဘူးနော်။ ဂေဟာက လူဂျီးမြင်းများ လည်သလို လုပ်စားသွားတယ်လို့ မမ ဘယ်သူ့ကိုမှ မပြောဘူး။ တူတို့က လူဂျီးမြင်း အကောင်ကြီးကြီးတွေ ဆိုတောာ တူတို့ ဘာလုပ်လုပ် မမလို အသင်းသူလေးက ပြောရဲဘူးတော့ မမ ကတော့ အိုက်တိုးပဂေးဘဲ ဆံ နေပါတယ်။

ကဲ တဲ့ လူတွေကလည်း ကဲကြ မဲ တဲ့ သူတွေလည်း မဲကြနဲ့ ကမ်းခြေတွေ သွားပြီး စပ်စလူး ထထားကြတာလေ။
မိုးဟေကို lotion မှ မလိမ်းတာ နည်းတောင်နည်းသေး။ ညဘက်ကျမှ သနပ်ခါး ထူလဗျစ်နဲ့ အခန်းအောင်းပြီး အသားပြန်မွေးသတဲ့ အံ့ရော အံ့ရော

"ဟွန်း အိုဗားမား က U.S.A မှာမို့လို".."ငါတို့ ရပ်ကွက်ထဲမှာသာဆို -ဆွဲစိ ထားမှာ" လို့ ကြိမ်းဝါးထားတဲ့ မြန်မာလေဒီများကြောင့် သင်္ကြန်လည်တာတောင် ဂေဟာက လူဂျီးမြင်း မျက်နှာကို ခဏ ငှားတပ်ပြီး လည်ဖို့လုပ်ပေးလိုက်ရတယ်။ ဘယ်ရမလည်း ဒင်းလည်း မြန်မာကြားထဲ ရောက်လာမှ လူတန်းစား ညှိပြစ်လိုက်တာ

မြန်မာသင်္ကြန်လည်း တက်တက်စင်အောင် ပြောင်းသွားပြီမို့ sugar min လည်း ခွေးသရေ အစား
30 GB IPOH နဲ့ ဆင်းလာတယ်တဲ့ ဆိုးတဲ့ လူတွေ မကောင်းတဲ့ လူတွေ... လူတွေ.. လူတွေ.. လူတွေ ကိုမှတ်လိုက်တာ နောက်ထပ် memory stick ထပ်မှာရတယ်ဆိုဘဲ တစ်နှစ်လာလည်း ဒီလူစာရင်းတွေ့ တစ်နှစ်လာလည်း ဒီလူစာရင်းတွေနဲ့ချည်းမို့လို့ နောက်နှစ်ကျရင် လာတော့ဘူးတဲ့ အပြောင်းအလဲလေး ဖြစ်မှဘဲ လာတော့မယ်လို့ ပြောသွားတယ်။

မမ တစ်ယောက်တည်း ပျင်းပျင်းရှိတာနဲ့ သက်ြန် ဗီဒဟို ခွေလေး ဖွင့်ကြည့်လိုက်ပါတယ်။ အော် တူတို့လည်း စင်္ကာပူ တောင်ပြုန်း ရောက်သွားကြတာကိုး

ဂေဟာမှာလည်း သင်္ကြန်ပိတ်ရက်တွေ နဲ့ ရောယောင်ပြီး ဘယ်သူမှ မရှိကြဘူး။ ခွင့်တိုင်တဲ့ လူတွေကလည်း ခွင့်တိုင်တယ်ဆိုတာဘဲ။ ခွင့်မတိုင်ဘဲ ပျောက်သွားတဲ့ လူတွေကလည်း နားလည်မှုခွင့်လား။ ဘာလားလည်းသိဘူး။ သင်္ကြန်မရောက်ခင်ကလည်း သက်ြန်နီးလို့ အလုပ်တွေ များနေလို့တဲ့ သင်္ကြန်ကျတော့လည်း သင်္ကြန်မို့လို့တဲ့ အဲ သက်ြန်ပြီးတော့လည်း Handover မဖြစ်ကြသေးဘူးနဲ့ တူတယ်။
Sugar Min တောင် ဒိုးသွားလို့ မြန်မာဘီယာ နဲ့ နှပ်နေလောက်ပြီ။ သူတို့တွေက ခုထိ ရုံးရောက်ကြသေးဘူး
Sugar min နဲ့ holiday လိုက်သွားကြပြန်ပြီနဲ့ တူတယ်။

HAPPY NEW YEAR ALL OF YOU..
ပေါနိုင်-ပြောနိုင်-ဟောနိုင် ကြပါစေ..
ပေါသမျှ-ပြောသမျှ-ဟောသမျှ လည်း မှန်ကြပါစေ။

ကေလာမမ

Thursday, March 19, 2009

နှစ်သစ် သင်္ကြန်ကြိုဆိုခြင်း

အခု တစ်လော ပေါဂေဟာ လူဂျီးမြင်းများ ကမ္ဘာ့ စီးပွားရေး ကဒ်နဲ့အတူ ရောယောင်ပြီးအကြီးအကျယ် စိတ်ထိခိုက်နေကြတယ်နဲ့တူတယ်။

အချို့အချို့တွေကျတော့လည်း စာမေးပွဲရှိလို့တဲ့
အချို့အချို့တွေကျတော့လည်း ဟောလီးဒေး ပြည်တော်ပြန်သတဲ့
အချို့အချို့တွေကျတော့လည်း ပလာစတာကိစ္စ..ကော်ကိစ္စတွေနဲ. ရှုပ်နေကြဟန်တူလေရဲ..
အချို့အချို့တွေကျတော့လည်း မွေးနေ့ပွဲတွေ၊ အလုပ်တွေနဲ့ ယောင်နေကြတယ်လို့လည်း သိရတယ်။
(မမ ဘာမှပြောဘူးနော် . . . . မသိသလိုလေးဘဲ နေနေတာ . . .)

မမ ကတော့ လာမဲ့ မြန်မာ နယူးယားအတွက် ကဲဘို့ ပြင်ဆင်နေတယ်။ လာသမျှ စာတွေ ဖောက်လိုက်ရင် ၀ံကြီးဌာနတွေက ဖိတ်ထားတာနဲ့ ရုပ်ရှင်၊ သရုပ်ဆောင်တွေ မယ်တော်တွေက ဖိတ်ထားကြတာနဲ့။ သင်္ကြန်လေး ရှိတာမှ ၃ ရက်တည်း မမ ဘယ်နှစ်ကိုယ်များ ခွဲပြီး သွားရပါ့ မလဲ လို့
(အယ် တိုးတက်နေတဲ့ ခေတ်ကြီးမှာ ကိုယ်ခွဲစရာလား . . . ကိုယ်လုံး လုပ်ပြီး ပွားလိုက်မှာပေါ့ နော်)

ဟိုမရောက် ဒီမရောက်ရင်လည်း မျက်နှာပျက်စရာတွေ ဖြစ်အုံးမယ်လေ ဟူး . . . နာမည်ကြီး ဖြစ်ရတာကလည်း တကယ် တကယ်ကျတော့လည်း လွတ်လပ်မှုတွေ တကယ်ဆုံးရှုံးတာဘဲ။ အားလုံးကို ဥပက္ခာပြုပြီး ဂေဟာအတွက် ရေပက်မဏ္ဍပ်တစ်ခု လုပ်ချင်တယ်။

စိတ်ဝင်စားသူများ လိုအပ်သလိုအရေးတယူ မှာစား စာရင်းသွင်းနိုင်ကြပါကြောင်း။

မဏ္ဍပ်အမည်- ရင်ထဲဗလာ ပေါဂေဟာ

မဏ္ဍပ်နေရာ- U.K.(Upper kanaungto)

ဘာမဆို U.K မှ ဆိုလို့များ တို့လည်း U.K နိုင်ပါတယ်နော် . . .ဟွန်း

ဖွင့်လှစ်မည့်ရက်စွဲ- ၂၀၀၉ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့မှ ဧပြီလ ၁၈ ရက်နေ့ထိ

ကြိုဆိုရေး -sugar မင်း သို့မဟုတ် suger king ကို Hip Hop band များက ထိန်းမနိုင် သိမ်းမနိုင် အကများဖြင့် ဖြေဖျော်ကြိုဆိုရန်၊

အထူးလုံခြုံရေးအစီအစဉ်ဖြင့်၎င်း သယ်ဆောင်လာသော Hip Hop Band များကို out of service
ဖြစ်စေရန် အချိန်ပြည့် ကာဗာ ဆားဗစ် လုပ်နိုင်ရန် ဂေဟာမှ စီစဉ်ထားကြောင်း။

ဝတ်စုံ - ကိုးရီးယား ဒီဇိုင်း၊ တရုပ်ပြည်ဒီဇိုင်းများ ရိုးအီနေပြီဖြစ်သောကြောင့် ဂေဟာမှ ၀န်ထမ်းများအတွက် မိုင်၉၀ အကွာမှ ကွင်းကွင်း ကွက်ကွက် လင်းလင်းလက်လက် မြင်စေရန်အလို့ငှာ
သစ်ရွက် အစိုများဖြင့် စနစ်တကျပြုလုပ်ထားသော တာဇံ အကျီ င်္များအား အထူးမှာကြားပြီးဖြစ်ကြောင်း၊
(အနောက်တိုင်း ယဉ်ကျေးမှုကိုပယ်ဖျက်၍ အရှေ့တိုင်းကိုသာ ဦးစားပေးထားကြောင်း အနောက်က တိုင်းစရာမလို၍ ဖြစ်ပါသည်။)

ဝတ်စုံများမှာ မိန်းမ၀တ် နှင့် ယောက်ကျားဝတ် ဟူ၍ ခွဲခြားထားခြင်း မရှိကြောင်း (ရောင်းရန်လုံးဝ မရည်ရွယ်ပါ)
အကယ်၍ ဈေးကွက်များတွင် တွေ့ရပါက သက်ဆိုင်ရာ ဌာနဆိုင်ရာဝံကြီးများ အကြံအဖန်လုပ်ထုတ်၍သာ ဖြစ်ကြောင်း)

(သတိ- သစ်ရွက်ခြောက်လျှင် ကော်ပီ သာဖြစ်သည်)

မဖြစ်မနေရံပုံငွေ - မဏ္ဍပ်ကြီးဖြစ်မြောက်ရေးအတွက် ဒေါ်လာစား များအားမျှော်ကိုးပြီး စင်္ကာပူဒေါ်လာ ၁၀၀၀ မှစ၍ ရှိလျှင် ရှိသလို ထည့်နိုင်ကြောင်း၊

(ပေါဂေဟာမှ ရာထူးကြီးကြီး ရထားသော ၀ံကြီးများက အပြိုင်အဆိုင် အားရပါးရ စေတနာများ ထက်သန်စွာဖြင့် အလုအယက် လှူဒန်းကြမည်ဟုလည်း ယုံကြည်ထားပါကြောင်း . . ဂေဟာ ရန်ပုံငွေအတွက်လည်း စိတ်မအေးဖွယ်ရာများ ထပ်ကြုံရန်လည်းရှိကြောင်း။

ပျော်ရွှင်ရပိုင်ခွင့် - ရောင်စုံရေပိုက်တစ်ခုကို ၁၀ မိနစ်ကို စင်္ကာဒေါ်လာ ၅၀၀ ဖြင့် credit card or cash ဖြင့် လွယ်လင့် တကူပေးနိုင်ရန်၊ cash machine, ATM စက်များ မဏ္ဍပ်အတွင်း ထားရှိကြောင်း၊ ငွေသားများ ရေစို ပေါက်ကွဲ စုတ်ပြတ် မည်ကိုစိုးရိမ်၍ ပလပ်စတစ် ကာဘာများနှင့် အထပ်ထပ် လုံခြုံစိတ်ချစွာ စီမံထားပါသဖြင့် မလုပ်တတ် မကိုင်တတ်ဖြစ်နေလျှင် နီးရာဝန်ထမ်းအား အကူအညီတောင်းနိုင်ရန် အဆင်သင့် ရှိကြောင်း၊

(ဂေဟာဝန်ထမ်းများနှင့်အတူ ပတ်သက်ရာ ပတ်သက်ကြောင်း အတွယ်အတာများပါလာလျှင် ပလပ်စတစ်ရေပုံးနှင့် နို့ဆီခွက်များလည်း အလုံလောက်စီစဉ်ထားကြောင်း)

အစီအစဉ်များ - ကြွရောက်လာသမျှ 7 ရက်သားသမီးများ လွယ်လင့်တကူ စားသောက်နိုင်ရန် ဆန်ပြုတ်များကို ကျွတ်ကျွတ်အိတ်ဖြင့်ထည့်၍ အဆင့်သင့် ချိတ်ဆွဲထားကြောင်း၊ တန်းစီစရာ မလိုအောင် တစ်ယောက် တစ်ထုတ်နှုန်းဖြင့် ယူနီဖောင်းပြည့် ၀န်ထမ်းများက အပီအပြင် ၀န်ဆောင် ကြီးကြပ် စီမံ့ ပေးထားကြောင်း၊

အလွန်ဆာနေသောအချိန် အားရပါးရ စားသုံးနိုင်ရန်အတွက် အိုက်စကလင် များကိုလည်း သက်ဆိုင်ရာကောင်တာတွင် မှာစားနိုင်ကြောင်း၊

အုန်းသီး၊ ဖရဲသီး၊ ပိန္နဲသီး နှင့် ဒူးရင်းသီးများကို self service ဖြင့် ကိုယ့်ခွန်၊ ကိုယ့်အားဖြင့် နွှစားနိုင်ရန်လည်း အသင့်ထားပေးကြောင်း၊

မဏ္ဍပ်အတွင်း မူးယစ်သောက်စား ရမ်းကားခြင်းလုံးဝ မလုပ်ရန်အလို့ငှာ၊ မဏ္ဍပ်ဘေးတွင် လွတ်လပ်စွာ လုပ်နိုင်ကြောင်း နေရာ သတ်မှတ်ထားရှိ၊

ဖျော်ဖြေရေးများအတွက် ဆဲရန်ရှိ အစီအစဉ်ဖြင့် ၀ံကြီးများမှ ပါမစ်ချပေးရန် စောင့်ဆိုင်းနေပါသည်။
(သေချာလျှင် ထပ်မံကြေငြာပါမည်)

နှစ်ဆန်းတစ်ရက်နေ့တွင် သက်ကြီးရွယ်အို စာရင်းအရ ငှက်ကဌ၊ နာယကကြီး၊ ၀ံကြီးချုပ်၊ အသင်းသားချုပ်ကြီးနှင့် ၀ံကြီး အချို့အား ကတုံး တုံးရန် နှင့် ခြေသည်း လက်သည်းများကို ဂျပန် ခွာနည်းဖြင့် ပူဇော်မည်ဖြစ်ကြောင်း၊

ဧည့်သည်များ ယခုလို အင်တာနက်တွင် တင်လိုက်ပြီးသကာလ-ကိုနေကိုတိုး၊ အိန္ဒြာကျော်ဇင် ၊ မိုးဟေကို၊ ဖြိုးဝေစိုး၊ ပြေတီဦး တို့နှင့် အခြားမယ်တော်၊ ရုပ်ရှင်သရုပ်ဆောင်များသည်၎င်း၊ victoria Backham, Paris Hilton မှ သည် Ronadol7 etc နှင့် Prince William, Obama တို့မှ လာရောက်ရန် လျှောက်လွှာများနှင့် မိသားစုများသော brit pitt တို့အတွက် ဂေဟာမှ အလွန်ခေါင်းကိုက်စွာ လက်ခံရန် စဉ်းစားနေရပါကြောင်း၊ များတို့ ဂေဟာက မြန်မာမှု မြန်မာ့ ဟန်စစ်စစ်ဖြင့် ဖန်တီးထားသော် မဏ္ဍပ်ဖြစ်ပါ၍ နိုင်ငံခြားယဉ်ကျေးမှုများ မပါဝင်စေရန် ရည်ရွယ်ပါကြောင်း (သူတို့လာရင် ပေါက်ကရတွေ လုပ်ကြအုံးမှာ)

ရေပက်ခံထွက်လိုသော လူများအတွက် ထိုင်းနိုင်ငံမှ သုံးဘီးများကို ဘန်ကောက်မြို့တွင် နေထိုင်သော အသင်းသားက တစ်ပတ် တစ်စီးနှုန်းဖြင့် ချင်းမိုင်းမှ အဆင့်ဆင့် လိုင်စင်ပျောက် ကိုယ်တိုင် မောင်းယူလာမည်ဖြစ်ကြောင်း။

ဤကဲ့သို့ ဂေဟာ အတွက် အကြီးစားစီမံ ခန့်ခွဲမှုများဖြင့် မြိုင်ဆိုင်နေသောမဏ္ဍပ်မှာ နောက်ဆုံး အထူး အစီအစဉ်အနေဖြင်..

အကယ်၍ မပြောကောင်း မဆိုကောင်း အခိုက်အတန့်လေး မီးများမလာခဲ့သည် ရှိသော် ဓါတ်အားလေးများ ဖုတ်ကနဲ့ စက္ကန့်ဝက်လောက် ကျသွားခဲ့သည်ရှိသော်၊ ရောင်စုံ မော်တာပိုက်များ ဈေးကြီးပေးပြီး အပီအပြင် မြန်မာ့ ရိုးရာသင်္ကြန်ကို ကြိုဆိုခံစားနေကြသော မိကောင်းဖသား လူဂျီးများ အီလက်ထရိုက် ကြောင့် စိတ်အနှောင့် အယှက်မဖြစ်စေရန်အလို့ ငှာ မမ တို့ မဏ္ဍပ်ကို နီးစပ်ရာ U.K ဆိပ်ကမ်းတွင် ဆောက်လုပ်ရန် စီစဉ်ထားပါကြောင်း၊ နို.ဆီခွက် ပလပ်စတစ်ရောင်စုံပုံးများနှင့် သရက်ရွက်၊ ပိန္နဲရွက်များကိုလည်း အကုန်အကျများစွာ စီစဉ်ထားကြောင်း

လိုအပ်သည်များကို ထပ်ဆင့် မှာစားနိုင်ရန်အတွက် ဂေဟာမှ သက်ဆိုင်ရာဝံကြီးများအား
ပါမစ်ချပေးပါရန် တင်ပြလိုက်ရပါသည်။
ကေလာမမ