အတွင်းမူးများခင်ဗျား
ရန်ကုန်မြို့ ဗြုတ်စဗျင်းတောင်းမြို့နယ် ခွကန့်ရပ်ကွက် ကပ်သီကပ်သပ်လမ်းထိပ်တွင် ဆရာအော ကျူရှင်ဖွင့်လှစ်ထားပါသည်…။ ၄င်းကျူရှင်သည် မီးမလာသောအခါ မီးစက်ကို တထုံးထုံးဖွင့်မောင်း၍ ညဘက်တွင်လည်း မိုက်နှင့်အော်ပါသည်…။ ထို့အတွက် ပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်စေသော ၄င်းကျူရှင်အားအရေးယူပေးပါရန်…။
ဆရာအော ကျူရှင်မှကျောင်းသားများ
အတွင်းမူးများခင်ဗျား
အပေါဂိုဏ်း လျှပ်စစ်ပေးဝေရေးရုံးသည် လျှပ်စစ်မီးများကို အချိန်ပြည့် ဖြတ်တောက် ဖြန့်ဖြူးပေးလျှက်ရှိပါသည်…။ သို့ရာတွင် ပေါသူလူထုမှာ ဤမျှတာဝန်တသိဆောင်ရွက်ပေးနေသည်ကို သိနားလည်ခြင်းမရှိပဲ ၄င်းတို့နေရာ မီးပျက်သည်နှင့် ကျွန်တော်တို့ရုံးသို့ ဖုံးဆက်ကာ ဆဲရေးကြပါသည်…။ ထို့ကြောင့် ထိုသို့ဆဲရေးနိုင်ရန် ၂၄နာရီ ဖုန်းလိုင်းဝန်ဆောင်နေသော အပေါဆက်သွယ်ရေးဌာနကို လိုအပ်သလို အရေးယူပေးပါရန် တိုင်ကြားအပ်ပါသည်…။
လျှပ်စစ်လုပ်သားများ
အတင်းရေးမူးခင်ဗျား
ကျွန်တော်တို့ ဖားမနိုင်ရပ်ကွက် လမ်းထိပ်အမှိုက်ပုံသည် ယခင်က ရပ်ကွက်လူထု အမှိုက်ပုံရာနေရာအဖြစ်တည်ရှိခဲ့ပါသည်…။ သို့ရာတွင် လွန်ခဲ့သည့်လက ယင်းအမှိုက်ပုံကို ဖျက်သိမ်း၍ ၄င်းနေရာတွင် ရဲစခန်းလာရောက်ဆောက်လုပ်သွားပါသည်…။ သို့ဖြစ်ရာ ရပ်ကွက်လူထုမှာ တခြားရပ်ကွက်သို့ပင်ပန်းကြီးစွာသွား၍လည်းကောင်း နောက်ဖေးလမ်းကြားထဲသို့ ပစ်ခြင်းအားဖြင့်လည်းကောင်း အမှိုက်ပြဿနာကို ဖြေရှင်းနေကြရပါသည်…။ သို့အတွက် ယင်းရဲစခန်းကို အမြန်ဆုံး ဖျက်သိမ်းပေးပါရန် တင်ပြအပ်ပါသည်…။
စခန်းမှူး
ငပေါဦးတည်ချက် ၄-ရပ်
* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။
Showing posts with label ပေါသံ. Show all posts
Showing posts with label ပေါသံ. Show all posts
Wednesday, November 5, 2008
Subscribe to:
Posts (Atom)