ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Sunday, May 24, 2009

Interview

ပေါညီသည် မည်သည့် အလုပ်မှ မရှိပါသောကြောင့် လယ်ယာပြန်စားရေး ၀ံဂျီးထံသို့ သွားရောက်ခဲ့၍ ဤကဲ့သို့ ဗျူးခဲ့ပါကြောင်း . . . . . .

ပေါညီ - အခုဆိုရင် ပေါ့ လယ်ယာလုပ်ငန်း တိုးတက်ဖို့ ဘယ်လိုများ ဆောင်ရွှက် ထားပါသလဲ ?
လယ်ဝံ - ဒီမှာ အများ အပြားပေါက်နေတဲ့ ကျွှန်းပင်တွေ မီးရှို့ပြီးတော့ စပါးတွေ အသေအချာ အက်စစ်ထည့်ပြီး စိုက်ထားပါတယ်

ပေါညီ - အဲ့ဒါဆို သစ်တော ဖြုန်းတီးမှုတွေ ဖြစ်နေမှာပေါ့ ဗျ။
အဲ့ဒါကို ဘယ်လိုရှင်းမလဲ ?
လယ်ဝံ - ဒါများ လယ်တွေ ပြန်နှုတ်ပြီး သစ်ပင်တွေ ပြန်စိုက်မှာပေါ့

ပေါညီ - အင် .. တပတ်ပြန်လည် သွားသလိုပဲ ..
လယ်ဝံ- ခင်ဗျားသိလား အခု ကိုးခရိုင် စိမ်းလမ်းစိုပြေရေးလုပ်နေတာလေ

ပေါညီ - အော်သိပါ့ .. တော်တော်ကြီး လေးလေးနက်နက် လုပ်နေတာလား ?
လယ်ဝံ - ဟုတ်တာပေါ့ ဘယ်နေရာ ကြည့်ကြည့် စိမ်းနေအောင် ခြောက်နေတဲ့
အပင်တွေကိုတောင် အစိမ်းရောင် လိုက်သုတ်နေတာ နောက်ြပီး နံရံတွေကိုတောင် အစိမ်းရောင်သုတ်မလားလို့ စဉ်းစားနေတာ မြို့ပြင်တွေမှာလဲ .. ဖြစ်သလိုလိုက်လုပ်နေတာ ဟိုနံရံက ပုံသာကြည့်ပေတော့ ...



ပေါညီ - အော် အဲ့ဒါကို ပေါဂေဟာမှာ ဂုဏ်ယူစွာနဲ့ တင်ပြလိုက်မယ်နော်

သူပြသော ပုံကိုပါကူးယူလာခဲ့ပါသည်။
နောက်နောင် တခြားသောဝံကြီးများကိုလည်း ထိုသို့ အင်တာဗျူးသွားမည် ဖြစ်ကြောင်း .. တင်ပြလိုက်ရပါသည် ။

ပေါညီ ကိုယ်တိုင်လက်မှတ်ရေးထိုး မှာစားသည် ။

လက်မှတ်

Saturday, May 23, 2009

ကူးသန်းရောင်းဝယ်ရေး ဝံကြီး၏ ထုတ်ပြန်ချက်

အစီအရင်ခံ စာမှာပါတဲ့ အကြောင်းတွေကို ကျွှန်တော်တို့တွေ ဆွေးနွေးမိကြတယ်ပေါ့ဗျာ။ ကျွှန်တော်တို့ဆိုတာ ကေလာမမ ၊ ကေလာ ၊ မွေးမြူဝံဂျီး ၊ ဇင်ဇင် နဲ့ ပေါညီ တို့ပေါ့ဗျာ .. ( စပီ ဇာတ်လမ်းက)

တစ်ယောက်ကို BE ထည့်ထားတဲ့ ခွက်တစ်လုံးစီ ကိုင်ပြီး ဂေဟာ မီးဖိုခန်းထဲက မီးကင်းတဲထဲမှာ အကြိတ်အနယ် ဆွေးနွေးကြတာ ... .. .

နောက်ဆုံး အဖြေတစ်ခု ထွက်လာပါလေရော .... ဂေဟာက လူဂျီးမြင်းတွေကို ခိုင်းစားမယ် ပေါ့။ အဲ့ဒါနဲ့ ထုတ်ပြန်ချက်တစ်ခု ကောက်ခါငင်ခါထုတ်လိုက်တယ် .. ထုတ်ပြန်ချက်ကို ဂေဟာမှ လူအားလုံး မြင်နိုင်သော အိမ်သာ တစ်ခါးဝ (အတွင်း၊အပြင်) မှာကပ်ထားကြောင်း

၁) ဂေဟာမှ ကူးသန်းရောင်းဝယ်ရေးဝံ ကြီးကို စာရေးကိရိယာများ ၀ယ်ယူနိုင်ရန် EURO တစ်သန်း ထောက်ပံပေးရန် . . . . .
၂) ၀ံကြီးငှာနများကို ၀ံကြီးချုပ်ကိုယ်တိုင် ထီးဆောင်းပြီး ကြီးကြပ်ရန် .. (ပုသိမ်ထီးပဲရမယ်)
၃) ကူးသန်းရောင်းဝယ်ရေးဝံဂျီး အဆမတန် တင်သွင်းထားသော သဘောင်္ဆေးများ အလကားမဖြစ်အောင် ဂေဟာကို ဆေးအသစ်ပြန်သုတ်ရန် ....
၎) အသင်းသူ အသင်းသားများ အလုပ် အရမ်းရှုပ်နေပါသောကြောင့်(၀ိုင်းထောင်နေတာ) ယင်းတို့အစား ဂေဟာမှ ငှက်ကထ ၊ နာယက၊ တွင်း(၁) ၊ တွင်း(၂) ၊ စည်းရုံးရေအမှုရှောင် ၊ အသင်းသားချုပ် ၊ အကျန်ပေး အရာရှိ တို့ကတာဝန်ခေတ္တ ယူထားရန် (သိပ်မလုပ်ရပါဘူး ဆယ်ထပ်ပဲရှိတဲ့ ဂေဟာကိုဆေးသုတ်ရုံပဲ )
[သဘာငတိကတော့ ၀ိုင်းထဲဝင်ပါနေလို့ မခိုင်းတော့ဘူး တစ်အိမ်လျှော့သွားဦးမယ်]
၅) အင်မတန်စပ်စုတတ်သူ ပေါညီ ခေါ် ကူးသန်းဝံ ကြီးကို အပြစ်ချမှတ်သောအားဖြင့် မီယာမီ ကမ်းခြေတွင်
တစ်လတိတိ သွားနေရန် (မှတ်ချက် ။ ။ အလုပ်လုပ်စရာမလို ) လျှော့ပေါ့သော ဒဏ်ပေးလိုက်သည်။

အထက်ပါတို့ကို သဝေမတိမ်း မလိုက်နာပါက ၀ိုင်းကြေးလုံးဝ မပေးနိုင်ပါကြောင်း ထပ်ဆင့် တင်ပြ အပ်ပါသည်ခင်ဗျား (အားလုံးသဘောတူညီပါကလက်ခုပ်တီးရန်) ......... သဘောမတူရင်နော် .. ဆေးသုတ်တဲ့အထဲပါသွားမယ် ဟင်းဟင်း

မှတ်ချက် = (ငတိ သဘောတူတယ်နော်။ ဒါပေမဲ့ ခဏခဏ ထမပြောနိုင်ဘူး။ ၁၂ဖဲ ဘာလာလာ ဒေါင်းနေပြီ။ မအားဘူး။)

Wednesday, May 20, 2009

ပြည်မြန်မာ ..စီမီနာ...

မြန်မာသက္ကရာဇ် ၁၃၇၁ ခုနှစ်.. ကဆုန်လပြည့်ကျော် ၅ ရက်.. ဗုဒ္ဓဟူးနေ့ (ပြဿဒါး) နဂါးခေါင်းအနောက်သို့လှည့်သောနေ့ရဲ့ မွန်းလွဲ ၃ နာရီအချိန်မှာ ရန်ကုန်မြို့ မြေနီကုန်းရှိ ဒဂုံစင်တာ အပေါ်ထပ် Food Court မှာ ဗြဟ္မာကြီးလေးဦး.. အင်း.. အဲလောက်တော့ မဟုတ်ပေမယ့် အဲလောက်နီးနီး အာဏာပါဝါပြင်းတဲ့ အရေးကြီးသော ပုဂ္ဂိုလ်လေးဦးတွေ့ဆုံခဲ့ကြပါတယ်.. အဲဒီလူလေးဦးကတော့ ငပေါများဂေဟာ တည်ထောင်သူများဖြစ်တဲ့ ငှက်ကထကြီးအန်ဒီ.. စည်းရိုးဘေးအမှုရှောင်နန်းညီနဲ့.. ဂေဟာကက်ဘိနက်အဖွဲ့ဝင်များဖြစ်သော ထောက်လှမ်းရေးချုပ်ကြီးမိုးသား.. အသင်းသားချုပ်ကြီးခေါင်ခေါင်တို့ပဲဖြစ်ကြပါတယ်.. အဲဒိတွေ့ဆုံပွဲကို ကျွန်မတို့ CBG သတင်းထောက်တစ်ဦးကသွားရောက်ပြီး သတင်းယူခဲ့ကာ ငပေါများဂေဟာအဖွဲ့ဝင်အားလုံးရော ကျန်စာဖတ်ပရိတ်သတ်များပါ သိရှိရအောင် ပြည့်ပြည့်စုံစုံ တင်ပြပေးလိုက်ပါတယ်ရှန့်. ကျေးဇူးတင်ပါတယ်ရှန့်.

CBGး ဒီတွေ့ဆုံပွဲလေးဖြစ်မြောက်သွားရခြင်းအကြောင်းလေးကို သိပါရစေ

ထောက်ချုပ်း ကျနော်တို့ပေါ့နော်.. သင်းချုပ်ကြီးပြန်လာကတည်းက တွေ့ဖို့ကြံစည်နေကြရင်းပေါ့နော်.. အဲ့တုန်းကတော့ အမှုရှောင်ကလည်းတောင်ပေါ်တက်နေတော့ မတွေ့ရဘူးလေ.. အဲဒါနဲ့ပေါ့နော်.. ခုမှပေါ့ တွေ့ဖြစ်ကြတာပါ.. ဖုန်းဆက်ကြ ချိန်းကြနဲ့ပေါ့နော်.. အဲလိုပေါ့နော်..

CBGး ဒဂုံစင်တာကိုမှဘာလို့ရွေးခဲ့ကြတာလဲ သိပါရစေ

အမှုရှောင်း အဲဒါကတော့ ဒီလိုလေ ဟိုလိုလေ.. အဲ.. အားလုံးဆုံလို့လည်းလွယ် လူလည်းရှင်းတဲ့နေရာမို့ ရွေးဖြစ်လိုက်တယ်ရှင့်.. ဒါမယ့်ရှင့် နောက်ကျတော့ ထောက်ချုပ်က ဒီမှာ အစားတော့ကောင်းပါတယ် အသောက်မကောင်းဘူးဆိုလို့ ရန်ကင်းမြကျွန်းသာထဲကိုရွှေ့ဖြစ်ကြသေးတယ်ရှင့်..

CBGး အော်- မြကျွန်းသာထဲသွားသေးတာလား.. ဘာတွေများ စားသောက်ကြလဲမသိဘူး

ငှက္ကထး ဘီယာလောက်ပါ.. သီဟိုစေ့လှော်လေးနဲ့ပေါ့ဗျာ.. ထမင်းကြော်လေး အာလူးချောင်းကြော်လေး ကြက်သားသုပ်လေး ဘာလေးပေါ့...

သင်းချုပ်း ဟုတ်.. ထမင်းကြော်က အမှုရှောင်စားတာပါ.. ကျန်တဲ့လူတွေက တစ်ဇွန်းတလေလောက်ပဲ.. ဟုတ်..

အမှုရှောင်း အော် ထောက်ချုပ်က သူ စပွန်ဆာပေးမယ်ဆိုတော့လည်း တော်ကြာမစားရင် စိတ်မကောင်းမှာစိုးလို့ စားလိုက်ရတာရှင့်.. ဒလောက်ကြီး အာသီသလည်းရှိလို့မဟုတ်ဘူးရှင့်..

CBGး စပွန်ဆာဘိုင်ထောက်ချုပ်ပေါ့လေ.. ဒါထက် ဓာတ်ပုံတွေဘာတွေရော ရိုက်မလာဘူးလား

သင်းချုပ်း ဟုတ်.. ကျမ ကင်မရာပါသွားတော့လေ.. ရိုက်ဖြစ်ပါတယ်.. ဟုတ်.. ဓာတ်ပုံတွေလည်း အားလုံးကိုပြဖို့ အစီအစဉ်ရှိပြီးသားပါ.. ဟုတ်

ထောက်ချုပ်း ကျန်တဲ့ အဖွဲ့ဝင်တွေက တွေ့ဆုံပွဲတွေဘာတွေလုပ်ရင် ဓာတ်ပုံတွေဝေဝေဆာဆာနဲ့ဆိုတော့ပေါ့နော်.. ကျနော်တို့ကလည်း အားလုံးကိုပြန်ပြီး ဓာတ်ပုံတွေ တင်ပြပေးချင်တယ်ပေါ့နော်.. အဲဒါလေးပါ..

CBGး ဘာအကြောင်းတွေရော ပြောဖြစ်ကြပါသလဲ

ငှက္ကဌး တော်တော်လေးကို စုံစုံစိစိ ပြောဖြစ်ကြပါတယ်ပေါ့နော်...။ ဟို ..စလုံးမှာ ကျန်နေတဲ့ သဘာငတိတို့ရဲ့ မဟုတ်က ဟုတ်က အရှုပ်သတင်းစုံကိုတော့ သင်းသားချုပ်ကြီးက ပြန်ဖောက်သည်ချလို့ သိရပါတယ်ပေါ့နော်။ ပြီးတာ့....... ဂေဟာအတွက် အကျိုးရှိမယ့် ပရော့ဂျက်တွေကိုလည်း အားလုံးပဲ စုံစုံညီညီ စဉ်းစားတင်ပြကြပါတယ်။ ဥပမာ... လက်တလော အလုပ်မရှိဖြစ်နေတဲ့ သင်းသားချုပ်ကို ဂေဟာမှာ ဗေဒင်ဟောခန်းဖွင့်ပေးဖို့တို့ ဘာတို့ပေါ့နော်..ပြီးတော့ အားလုံးအတွက် ပါမစ်ကိစ္စတို့ ဘာတို့ပေါ့နော်..။ အခု တစ်လော ဂေဟာမှာ အလုပ်လုပ်ချင်ယောင်ဆောင်နေတဲ့ ကိုကေလာတို့ မောင်နှံ လူစုပြီး ဖဲဝိုင်းထောင်နေတာကို ဘယ်လို အရေးယူရမလဲပေါ့နော်...တော်တော်လေးကို ဆွေးနွေးခဲ့ကြပါတယ်။ ဂေဟာအကျိုးအတွက်ပါ..ငှင်းငှင်း...

CBGး ဒီတွေ့ဆုံပွဲလေးကြောင့် ဘယ်လိုများခံစားကြရသလဲ

ထောက်ချုပ်း အရမ်းကို ခံစားရပါတယ်ခင်ညာ...။ ဟုတ်ကဲ့.. တော်တော်လေးကို ခံစားရပါတယ်ခင်ညာ.. စပွန်ဆာလုပ်ပါ့မယ်လို့ ပါးစပ်ဆော့မိတာလေးကို အခွင့်ကောင်းယူပြီး ထမင်းကြော်တွေ စွတ်မှာတဲ့ အမှုရှောင်.. သိပ်မသောက်နိုင်ပါဘူးဆိုပြီး ဟိုက်ကော်မရှင်နာတွေ စွတ်မှာတဲ့ အုတ်ကထ၊ ဘီယာမသောက်ဘူးဆိုပြီး ..ကြက်သားသုတ်တွေ၊ ကုတ်ဘူးတွေ အိမ်ကို ပြန်သယ်သွားတဲ့ သင်းသားချုပ်တို့နဲ့ တွေ့ရတာ တော်တော်လေးကို ခံစားရပါတယ်ခင်ညာ..။ နောက်တစ်ခါ ငတိလာတဲ့နေ့ကို တွေ့ဦးမယ်ဆိုတဲ့ ကတိကိုလဲ သူရို့ဘာသာ သူတို့ တောင်းပြီး သူရို့ဘာသာ သဘူတော သွားပါသေးတယ် ခင်ညာ..။

“.....ငတိတွေ ဘာတွေ နားမလည်ဘူး ..လာရင်တော့ နာမှာပဲ”......လို့ အမှုရှောင် နန်းညီ ကျိန်းဝါးပြောဆိုသံကိုကြားပြီးတဲ့အခါမှာတော့ ဒီလထဲမှာ ပြန်လာမယ့် သဘာငတိအတွက်ပါ ကြိုတင်ပြီး ခံစားပေးလိုက်ပါတယ်..ခင်ညာ...။


အမှုရှောင်း မပြောမိပါဘူးရှင့်.. သဘာငတိဂျီးရှင်........သွေးခွဲစကားတွေကို မယုံပါနဲ့.. (သံသေးသံညှောင်ဖြင့် ၀င်ဖြေသည်)

CBGး နောက်ထပ်ရော ဒီလိုပွဲမျိုးတွေထပ်လုပ်ဖို့ အစီအစဉ်ရှိပါသေးလား

သင်းချုပ်း ဟုတ်..ရှိပါတယ်ရှန့်...ရှိပါတယ်...စပွန်ဆာတွေ များများရှိရင် ရှိသလောက် တွေ့ကြမှာဖြစ်ပါတယ်ရှန့်...ဟုတ်... နာယကကြီးကလဲ အဝေးတစ်နေရာကနေ မော်တာနဲ့ (မေတ္တာ)နဲ့ တွေ့ဆုံပွဲ လုပ်ဖို့ စီစဉ်ပေးပါတယ်ရှန့်.. နောက်တစ်ခေါက်ဆိုရင် သန်လျင်က နာယကရဲ့ အိမ်ကို သွားပြီ ပြောင်းပြန်လှန်..(ဟုတ်ပါဘူး)..နာယကရဲ့ အိမ်မှာ တွေ့ဆုံဖို့ စဉ်းစားထားပါတယ်ရှန့်..ဟုတ်... နာယကကြီးကိုပါ ဒီနေရာက ပြောထားချင်တာကတော့ မျက်ခုံးလှုပ်ပါ ဆိုတာပါပဲ..ရှန့်...

CBGး ခုလို .. မအားတဲ့ ကြားက ဂေဟာအတွက် အချိန်ယူပြီး စိတ်ရှည်လက်ရှည်ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ရှင်..... ဂေဟာက ကျန်တဲ့ မိသားစုဝင်တွေ သိအောင် ပုံလေးတွေပါ တင်ပြပါရစေနော်..

ငှက်ကထး တင်ပါ..တင်ပါ... ခွင့်ပြုပါတယ်.. ကျွန်တော်တို့က နာမည်သာကြီးတာ မာနကတော့ မကြီးကြပါဘူး...ဂေဟာက အခြားသူတွေလည်း ကျွန်တော်တို့မျက်ခွက်တွေကို ကြည့်ချင်လို့ တပူဆာဆာလုပ်နေကြတာ ...အားနာလှပါပြီ.. ချစ်လွန်းလို့သာ ပြလိုက်တာလို့တော့ ပြောပေးပါဦးနော်...

အားလုံးပဲ..ဂွတ်လက်ဒ်ပါလို့....



ပြည်မြန်မာ..စီမီနာ..... (လေးယောက်ပေါင်း လောင်းကျော်...)


ဂေဟာအကျိုး ဒို့သယ်ပိုး.....( ဒီလို ဒီလို .. လုပ်ခဲ့တာ....)



သိပ်ချစ်ပြနေကြတာ... (ချစ်ကြမှာပေါ့..မူးနေကြတာကိုး...)



ငှက်ကထဆိုတာ သူပေါ့....... (အဲဒါ ..အတွဲတွေကို လှမ်းကြည့်ပြီး မနာလိုနေတာ...)


ဒါ...မောင်မိုးသားလေ.... ( အမငီး...ခန့်လိုက်တာ.....)

သောက်ချင်ရင် ပြန်လာခဲ့ကြ...
(ငှက်ကထရဲ့ မျက်နှာပေးကို ကြည့်လိုက်ဦး... လာရဲရင် လာခဲ့ကြပေါ့ကွာ..တဲ့ .....)


Tuesday, May 19, 2009

ကိုကေလာနှင့် ကေလာမမ

ဂေဟာမှ လူဂျီးမြင်းများ . .လမ်းတွေ့လျှင်မှတ်မိစေရန် .. ဂျစ်တူ နှစ်ဦး ပန်းခြံမှာ စချိန်းတွေ့တုန်းက အမှတ်တရာ ရိုက်ထားသော... ကေလာ နဲ့ ကေလာမမ ဓါတ်ပုံကို တင်ပြအပ်ပေသတည်း။



နောက် ဒါတ်ပုံထပ် ကြည့်ချင်လျှင် ဒီမှာ ပါ

Monday, May 18, 2009

ဓာတ်ပုံသတင်း ထုတ်ပြန်ခြင်း (၁)

ယခုအခါ သမျှတွင် ဂေဟာမှ လူဂျီးမြင်း တစ်ဦးဖြစ်သော ငတိမှာ ရန်ကုန်ပြန်မယ် ပြန်မယ်နဲ့ မပြန်ဖြစ်သေး၍ ရုံးတွင် စိတ်ညစ်ပီး ထိုင်နေပုံကို ... ပေါကေလာမှ မှတ်တမ်းတင်ထားခြင်း ဖြစ်ပါသည်။

အဖွဲ့လူဂျီးမြင်းများ သဘောတူပါလျှင် .. ပုံကြီးချဲ့ ရွှေဘောင်တပ်၍ ငပေါဂေဟာ အစည်းအဝေးခန်းတွင် ချိတ်ထားမည်ဖြစ်ပါသည်။ ....

Sunday, May 17, 2009

အယ်ဂျုပ်၏ ပြည်တွင်းသတင်းများ

Internet တစ်ခေတ်ဆန်းပြီ
အမိပေါတောတောနိုင်ငံတော်မှ ကွန်ပျူတာများ connection မကောင်းသဖြင့် မြည်တွန်တောက်တီးသံများ မကြာခဏကြားနေရသောကြောင့် ငပေါဂေဟာကြီးမှ ဦးစီးကာ User များ အဆင်ပြေစေရန် အစီအစဉ်သစ်တစ်ခု ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
ယင်းသတင်းမှာ နိုင်ဂံဂျားမှ ခေါ်ယူထားသော အိုင်းစတိုင်းနှင့် အက်ဒီဆင်တို့၏ အမေမတူ ဖအေကွဲသားဖြစ်သူ တီထွင်ပညာရှင်ကြီးတစ်ဦးမှ connection ကျခြင်း speed နှေးခြင်းမှာ ကွန်ပျူတာများ တစ်လုံးနှင့် တစ်လုံး ဝေးကွာနေသောကြောင့်ဖြစ်ပြီး ယင်းတို့ကို တစ်လက်မခန့် အကွာအဝေးထားရှိပါက ဆက်သွယ်ရေး အဆင်ပြေ ချောမွေ့စေမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်ဟု သတင်းရရှိသည်။
ထို့ကြောင့် မိမိတို့အိမ်ရှိ ကွန်ပျူတာများအား မ၍ ငပေါများဂေဟာတွင် အားလုံးစုပေါင်း ထားကာ သုံးစွဲခြင်းဖြင့် အလွန်ပင် အဆင်ပြေ ချောမွေ့မည်ဖြစ်ပြီး ကွန်ပျူတာများအား မိမိတို့နေအိမ်မှ တစ်ယောက်မကျန် ယူဆောင်လာရန် ငပေါဂေဟာမှ အမိန့်ချမှတ်လိုက် ကြောင်းလည်း သိရှိရသည်။
ဗင်းနစ်နှင့် ယိုးမှာ ရန်ပေါမြို့ကြီးလား
ရန်ပေါမြို့တော်ကြီးတွင် ကောင်းကင်မှ တိမ်တစ်စညိုရုံဖြင့် လမ်းမ၊ လမ်းသွယ်၊ ပလက်ဖောင်းပါမကျန် ရေလွှမ်းမိုးသွားခြင်း၊ မိုးစက်လေး တစ်စက်မျှကျရုံဖြင့် ပုဆိုးများ၊ ထမီများ စတင်မကြရခြင်း (စတိုင် ထုတ်ခြင်းမျှသာဖြစ်သည်။) စသည့်အခြေအနေများကြောင့် ရေသွားရေလာမှန် ကန်စေရန် ရေစီးမြောင်းများ ဖောက်ကြရသည်။ သို့ရာတွင် မည်သို့ပင် လျှောက်လုပ်ရေး ၀န်ကြီးအဖွဲ့နှင့် တည်မြောင်းရေးရာ ၀န်းကြီးတို့မှ ကြိုးစားပြုပြင်ပါသော်လည်း ရန်ပေါမြို့တော်ကြီး ကိုယ်တိုင်က အသုံးမကျ လွန်းသဖြင့် မိုးငွေ့မြင်ရုံဖြင့် ရေလည်ပင်းနစ်ဆဲပင်ဖြစ်သည်။
ထို့ကြောင့် ငပေါများဂေဟာမှ ဦးစီး၍ (မည်သို့မျှ လုပ်မရသည့်အတူတူ) ရန်ပေါမြို့ကြီးအား ဗင်းနစ်မြို့ကဲ့သို့ ရေပတ်လည် ၀န်းရံ၍ တည်ဆောက်သွားမည်ဖြစ်ပြီး လမ်းများတွင် လှေငယ်များဖြင့် လှော်ခတ်သွားလာစေရမည်ဖြစ်သည်။
ငပေါဂေဟာတွင် လှေငယ်များ၊ အငှားလှေများနှင့် ခရီးသည်တင်လှေများအား ပါမစ်ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး ယင်းလှေများအား စက်တပ်၍ CNG ပြောင်းလဲရမည်ဟုလည်း သတင်းရရှိသည်။
ငပေါနိုင်ငံတော်ကြီး မီးလုံးဝမှန်ပြီ..
ပေါတောတောနိုင်ငံတော်ကြီးဆယ့်နှစ်ရာသီ မီးလင်းစေရန် ငပေါဂဟာ ငှက်ကဌကြီး၊ နာယကကြီးနှင့် သဘာငတိတို့က ဒေါ်လာသန်းပေါင်းများစွာဖြင့် နိုင်ငံဂျားရေးဝန်ကြီးနှင့် လျှောက်လုပ်ရေးဝန်ကြီးတို့အား
အမေရိကန်နိုင်ငံသို့ စေလွှတ်၍ နျူကလီးယား စက်ရုံ တည်ဆောက်ရန်နှင့် နည်းပညာများ ၀ယ်ယူရန်စေလွှတ်လိုက်သည်။ သို့သော် ယင်းတို့မှာ အဖွဲ့ဝင်များ၏ ထုံးစံအတိုင်း မဆိုစလောက်အသုံးလွန်သွားရာ ဒေါ်လာသန်းပေါင်းများစွာမှာ တစ်ပြားတစ်ချပ်မှ မကျန်အောင်ဖြစ်ခဲ့ရသည်။ ငပေါ အဖွဲ့ဝင်များသည် လူတော်များသာ စုစည်းထားပြီး အရည်အသွေးမှာလည်း
အဆမတန်မြင့်မားလွန်းကြသောကြောင့် မကြာမီပင် ယင်းတို့မှာ အကြံတစ်ခု ရရှိခဲ့ကြသည်။ ယင်းအကြံအတိုင်း နျူကလီးယားစက်ရုံ မတည်ဆောက် ရမည့်အတူတူ နျူကလီးယား ဗုံးလေးလုံးအား (ထုံးစံအတိုင်း) ခိုးယူခဲ့ကြသည်။ ယခုအခါ.. ငပေါဂေဟာတွင် ယင်းနျူကလီးယားဗုံးကြီးလေးလုံးရှိနေပြီး ပေါတောတောနိုင်ငံတော်ကြီး လျှပ်စစ်မီး အဆက်မပြတ်ရစေရန်အတွက် ဂေဟာ နာယကကြီးကိုယ်တိုင်မှ ပေါနာရီ 4နာရီ 30မိနစ်တွင် စနက်တံအား မီးရှို့၍ ဖဲကြိုးဖြတ် ဖွင့်လှစ်မည်ဖြစ်သည်။
ယင်းနျူကလီးယားဗုံးဖွင့်ပွဲအခမ်းအနားကို ငပေါအဖွဲ့ဝင်များအားလုံး တက်ရောက်ကြမည် ဖြစ်ပြီး အယ်ဒီတာချုပ်တစ်ဦးသာ သြစတြေးလျသို့ သတင်းယူရန်ရောက်ရှိနေကြောင်း သိရှိရသည်။ အယ်ဂျုပ်ကလည်း အခမ်းအနား မတက်ရောက်နိုင်သည့်အတွက် ငပေါဂေဟာအတွက် ၀မ်းနည်းကြောင်း သ၀ဏ်လွှာပေးပို့ခဲ့သည်ဟု ထပ်မံ သတင်းရရှိသည်။
အယ်ဂျုပ်ခရီးစဉ်နှောင့်နှေး
နိုင်ငံတကာ ပေါတောတောဂျာနယ်မှ အယ်ဂျုပ်ကြီး၏ သြစတြေးလျခရီးစဉ်တွင် အယ်ဂျုပ်၏ ဂုဏ်သတင်း ကြီးမြင့်လွန်းမှုကြောင့် ကမ္ဘာအနှံ့မှ မီဒီယာလောကသားများက ကမ္ဘာ့အကြီးကျယ်ဆုံး ဂုဏ်ပြုပွဲကြီးတစ်ခု ကျင်းပပြုလုပ်ပေးခဲ့သည်။ ယင်းဂုဏ်ပြုပွဲကြီးကို CNN, BBC, Newsweek, TIMES စသည့် ဂျာနယ်၊ မဂ္ဂဇင်းကြီးများမှ အယ်ဒီတာကြီးများ ကိုယ်တိုင်တက်ရောက်ခဲ့ကြပြီး အယ်ဂျုပ်ကြီးအား အပြည်ပြည်ဆိုင်ရာ
စာနယ်ဇင်းဥက္ကဋ္ဌအဖြစ် ၀ိုင်းဝန်းတင်မြှောက်ခဲ့ကြသည်။ သို့သော် လွန်စွာမှ အလိုနည်းပြီး ရောင့်ရဲတတ်သော အယ်ဂျုပ်ကြီးက ယင်းရာထူးအား လက်မခံပဲ ကမ္ဘာလုံးဆိုင်ရာ မီဒီယာဘုရင်ကြီးဘွဲ့သာ
ခံယူခဲ့ကြောင်း သတင်းရရှိသည်။ အယ်ဂျုပ်၏ မျက်နှာမှာလည်း ကင်မရာများမှ မီးများတဖျပ်ဖျပ်နှင့် ၀ိုင်းဝန်း ရိုက်ကူးမှုကြောင့် အနည်းငယ်ဖြူဖွေးသွားကြောင်းသိရှိရသည်။
ထိုအချိန်မှာပင် အွန်မှောင်နှင့် ရှရာအပိုမပါတို့က အယ်ဂျုပ်ကြီး၏ လက်နှစ်ဘက်ကို တွဲခို၍ စက္ကတေရီလုပ်ချင်ကြောင်း ၀ိုင်းဝန်းတောင်းပန်ပြောကြားနေစဉ် အေဗရာလည်ပင်းလေးက အယ်ဂျုပ်၏ လည်ပင်းကို မှီတွယ်ကာ သူမသာ ယင်းနေရာ ခန့်အပ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (ဟိဟီ) ယင်းကြောင့် အယ်ဂျုပ်၏ ပြည်တော်ပြန်ခရီးစဉ်မှာ နှောင့်နှေး မည်ဖြစ်ပြီး ငပေါဂေဟာ နျူကလီးယားဗုံးဖွင့်ပွဲ အခမ်းအနားပြီးစီးမှ ပြည်တော်ပြန်ရောက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
mrmyanmar
အယ်ဒီတာချုပ်
နိုင်ငံတကာ ပေါတောတောဂျာနယ်..
BA(Tripple. Ah)

Thursday, May 14, 2009

နိုင်ငံတကာ ပေါတောတောဂျာနယ် စတင်ထုတ်ဝေခြင်း

မည်သူပေးပေးမပေးပေး.. ကိုယ့်ဘာသာ နိုင်ငံတကာ ပေါတောတော ဂျာနယ်ကြီး၏ အယ်ဂျုပ်ရာထူးရထားသူ mrmyanmr ၏ ရွပ်ရွပ်ချွံချွံ ဥစားမှု (အဲလေ) ဦးစီးမှုဖြင့် နိုင်ငံတကာ ပေါတောတောဂျာနယ်ကြီး ထွက်ပေါ်လာလေပြီ..
ဒန်တန့်တန်..
ရွှီ ဖြောင်းဖြောင်း..
ဖုန်းဖုန်းဖုန်း
ဗျောင်းဗျောင်းဗျောင်း..
အုန်းအုန်းအုန်း..

သတင်းများကို စတင်ဖတ်ရှုနိုင်ပါပြီ..

သတင်းစဉ်..

ဝက်တုပ်ကွေးရောဂါ အစည်းအဝေး

ယမန်နေ့ အရင်အချိန်က.. WTC (Water and Toilet Center) ကြီးတွင် သမ္မတ အိုဘားမားနှင့် တာဝန်ရှိသူများက (ဘာတာဝန်လဲတော့မသိ) ယနေ့ ခေတ်စားလျှက်ရှိသည့် ၀က်တုပ်ကွေးရောဂါနှင့် ပတ်သက်၍ အစည်းအဝေးတစ်ခု ကျင်းပခဲ့သည်။ ယင်းအစည်းအဝေး၏ သဘောတူညီချက်တစ်ခုအရ ၀က်တုပ်ကွေးရောဂါ ပပျောက်အောင် ကာကွယ်သည့် အနေဖြင့် ၀က်သားတုပ်ထိုးများကို တတ်နိုင်သလောက် များများစားသုံးသွားကြရန် အစီအစဉ်ချမှတ်ခဲ့ သည်။

ထိုအချိန်တွင် အိုဘားမားက တောဝက်သားသည် ပိုကောင်းကြောင်းပြောကြားခဲ့ပြီး ဖြစ်နိုင်လျှင် ၀၀ကစ်ကစ် လေးများမြင်လျှင် ၀က်ဟုသာ သဘောထားပြီး မရအရ စားသုံးသင့်ကြောင်းမှာကြားကာ အစည်းအဝေးပြီးဆုံးခဲ့သည်။ ထိုသတင်းကို ရရှိပြီးနောက် မွေးမြူရေးခြံအတွင်းရှိ ၀က်မ အကောင်ရေ နှစ်သန်းခန့်မှာ အချစ်အတွက် သက်သေပြကာ ကိုယ့်ကိုကိုယ် သတ်သေသွားကြောင်းလည်း သတင်းရရှိသည်။

အိုစမာဘင်လာဒင်အား ဖမ်းမိခြင်း

တစ်နေ့က သက်ကြီးခေါင်းချချိန်တွင် အိုစမာဘင်လာဒင်အား ငပေါဂေဟာတော်ကြီး၏ အရက်ဆိုင် အတွင်းတွင် ဖမ်းဆီးရမိခြင်း သတင်းရရှိခဲ့သည်။ အိုစမာဘင်လာဒင်သည် ဟိုပုန်းသည်ပုန်းလုပ်နေသောကြောင့် ဘိုးတော်လိုလို ဘရသေ့လိုလိုဖြစ်နေသောကြောင့် ပြည်ထောင်စုပေါတောတော နိုင်ငံသို့ ပုန်းလျှိုးကွယ်လျှိုး ရောက်ရှိလာပြီး နှစ်လုံးဂဏန်းများ ပေးကာ အဆင်ပြေနေရင်းမှ ရှပ်ကီဆိုင်သို့ တစ်ယောက်ထဲသွားခဲ့သည်။ ထိုအချိန်တွင် “ရှုပ်ကူညီပါရစေ”ဟူသော ဆောင်ပုဒ်နှင့်အညီ ငပေါဂေဟာတော်ကြီးမှ ထောက်လှမ်းရေးအရာရှိများက ယင်းအရက်ဆိုင်အား ကူညီ၍ သောက်သုံးပေးနေကြစဉ် အိုစမာဘင်လာဒင်အား စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထောက်လှမ်းရေးများပီသစွာ အိုစမာဘင်လာဒင်အား လှည့်ပင် မကြည့်မိကြပဲ မိမိ အမြည်းကိုသာ အခြားသူများ လုစားမည်စိုး၍ အသားကုန် ၀ိုင်းကြည့်နေမိကြသည်။ ထိုအချိန်မှာအိုစမာဘင်လာဒင်က ၀က်သားနှင့်မမြည်းပဲ အခြားဟင်းလျာများနှင့်သာ သောက်သုံးနေသောကြောင့် ဘေးဝိုင်းမှ သူများက သတိထားမိကာ အိုစမာဘင်လာဒင်အား ၀ိုင်းဝန်းဖမ်းဆီး ရိုက်နှက်ပြီး မလှုပ်နိုင်အောင် မျော့နေသော အခါတွင်မှ ထောက်လှမ်းရေးများက သက်စွန့်ဆံဖျားဖြင့် လူအယောက် 40 ခန့်ဖြင့် ၀ိုင်းဝန်းရိုက် နှက်ဖမ်းဆီးခဲ့ရကြောင်း သတင်းရရှိသည်။ နောက်ဆုံး သတင်းအရ အိုစမာဘင်လာဒင်အား အပြစ်ဒဏ် မချမှတ်သေးပဲ လေယာဉ်ကြီးနှစ်စင်းကို မည်ကဲ့သို ခိုးယူခဲ့ကြောင်းနှင့် ယင်းနည်းစနစ်အား သင်တန်းပေးရန်အတွက် ငပေါဂေဟာတော်ကြီးမှ တာဝန်ရှိသူများက ၀ိုင်းဝန်းမေးမြန်းကြကြောင်း သတင်းရရှိခဲ့သည်။

ကွန်ပျူတာ ဟက်ကာများ၏ ဖေါက်တွင်းမှု

တစ်နေ့နေ့က ကွန်ပျူတာ ဟက်ကာတစ်ဦးသည် နေအိမ် တစ်လုံးထဲသို့ ၀င်ကာ အိမ်ရှင်တစ်ယောက် အိပ်ပျော်နေစဉ် ကွန်ပျူတာ တစ်လုံးအား အလုံးလိုက် ဟက်ကာလုပ်ယူ (ဖေါက်တွင်းယူဆောင်) သွားကြောင်း သတင်းရရှိသည်။ ယင်း ကွန်ပျူတာအား အဟောင်းတန်းတွင် ပြန်လည် သိမ်းဆည်းရမိပြီး ကွန်ပျူတာအား ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မည်သို့မျှ မေးမြန်း၍ မရခဲ့ကြောင်း သတင်းရရှိသည်။

လေယာဉ်ပျံတစ်စင်း ပြတ်ကျခြင်း

ယမန်နေ့က လေယာဉ်ပျံတစ်စင်းသည် ပျံသန်းနေရင်း တစ်ပိုင်းပြတ်ကာ ပြုတ်ကျသွားပြီး ကျန်အပိုင်းက ဆက်လက် ပျံသန်းသွားကြောင်း သတင်းရရှိသည်။ ပြတ်ကျသွားသည့် အပိုင်းတွင် ပါဝင်သည့် ကလေးငယ်များက ဘိုးဘွားရိပ်သာတွင် တည်းခိုနေကြပြီး ရသမျှ ထမင်းဟင်းများအား တောင်းစားကာ ကျန်းမာရေးအခြေအနေ အားလုံး ကောင်းမွန်နေကြောင်း သိရသည်။ နောက်ထပ်လည်း လာသမျှ အားလုံးကို ဆက်လက်တောင်းစားသွားမည်ဖြစ် ကြောင်း ယင်းတို့က ဆက်လက်ပြောကြားခဲ့သည်။

အစ္စရေးမှ ဂါဇာကို ၀င်တိုက်

ဟိုနေ့က အစ္စရေးစစ်တပ်မှ ဂါဇာကမ်းမြှောင်ဒေသအား ၀င်ရောက်တိုက်ခဲ့ရာ ဂါဇာမှ ပြည်သူများ တော်တော်မူးသွားကြပြီး နောက်နေ့မနက် အလုပ်ပင်မဆင်းနိုင်ကြကြောင်း သတင်းရရှိခဲ့သည်။ ထို့အပြင် ထူးဆန်း သည်မှာ တိုက်သွားသော လက်နက်များမှာ ပြည်ထောင်စုပေါတောတောနိုင်ငံမှ ဂရင်းရွိုင်ရယ် တစ်ပိုင်းပြားများဖြစ် နေသောကြောင့် ထိုနိုင်ငံနှင့် ဆက်စပ်နေသည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းကြသည်။ ထို့အပြင် ဂါဇာ ပြည်သူများက ရေမရောပဲ သောက်သုံးမိသောကြောင့် နိုင်ငံကာကွယ်ရေးတွင် အားနည်းနေကြောင်း ထောက်ပြကြသည်။ သို့သော် အထောက်ပြလွန်သွားသောကြောင့် ကျွမ်းကျင်သူများအား ဂါဇာ တာဝန်ရှိသူများအား ယမန်ကြီးတစ်ပတ်ဖြင့် အချုပ်ခန်းထဲတွင် ထိန်းသိမ်းခဲ့ရကြောင်းလည်း သတင်းရရှိခဲ့သည်။

အာဖဂန်နစ္စတန်တွင် ငလျင်ကြီးလှုပ်

အရင်တစ်လက အာဖဂန်နစ္စတန်တွင် ပြင်းထန်သော ငလျင်ကြီး လှုပ်ခတ်ခဲ့သောကြောင့် အိပ်ရာပေါ်မှလူများ အောက်ပြုတ်ကျ၍ အောက်ပြုတ်ကျနေသူများ အိပ်ရာပေါ်ပြန်တက်ခဲ့ရကြောင်း သတင်းရရှိခဲ့သည်။ ထိုသတင်းအား ဆန်းစစ်ချက်အရ ထိုအချိန်က လင်မယားစုံတွဲများ အများဆုံး မင်္ဂလာဆောင်ခဲ့သောကြောင့် ထိုသို့ ငလျင်ပြင်းထန်စွာ လှုပ်ခတ်ခဲ့ကြောင်းသိရှိရသည်။ အာဖဂန်နစ္စတန်ဝန်ကြီးချုပ်က နောင်ထို ကိစ္စမျိုးဖြစ် မလာနိုင်ရန် သမီးရည်းစားများ မင်္ဂလာဆောင်ပါက နှစ်ယောက်အတူတူ အိပ်စက်ခွင့်မရှိကြောင်း ဥပဒေချ မှတ်လိုက်ကြောင်းလည်း သိရှိခဲ့ရသည်။


mrmyanmar

နိုင်ငံတကာ ပေါတောတော ဂျာနယ် အယ်ဂျုပ်

BA.Tripple Ah. (အ၊ အိ၊ အု)

နိုင်ငံဂျားပြန်

Wednesday, May 13, 2009

ငပေါဂေဟာ ငပေါဆုတံဆိပ်များချီးမြှင့်ခြင်း

ငပေါဂေဟာမှ ငှက္ကဋ္ဌအကျိုး (အင်ဟုတ်ပါဘူး) ဂေဟာကြီး အကျိုးစီးပွားကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သော ငပေါများကို ယနေ့နေ့စွဲ ဖြင့် ဂုဏ်ထူးဆောင် တံဆိပ်များ အပ်နှင်းကြောင်း ထုတ်ပြန် ကြေငြာပါသည်။
ဆုတံဆိပ်များမှာ အောက်ပါပုံ အတိုင်းဖြစ်သည်။

ဆုတံဆိပ်များမှာ အဆင့်မြင့်နည်းပညာဖြင့် အဆင့်အတန်းမြင့်စွာ ပြုလုပ်ထားခြင်းဖြစ်ရာ အဆင့်မြင့်လွန်းအားကြီးသဖြင့် အဆင့်မြင့် လူသားများသာ မြင်နိုင်သည်။ ဆုတံဆိပ်များမှာ

ဝဲမှယာ
၁.ပေါသဘာမဟာဘွဲ့၊
၂.ပေါအသဝေါရာဇာဘွဲ့၊
၃.၀ါးတီးပေါအားကြီးထောဘွဲ့၊
၎.ပေါနားရွက်ဘွဲ့၊
၅.အဂ္ဂမဟာငပေါရာဇာဘွဲ့ (အမြင့်ဆုံးဖြစ်သည်)
တို့ဖြစ်ကြသည်။

ပထမဆုံးအနေဖြင့် ပေါသဘာမဟာဘွဲ့ကို ငပေါဂေဟာ အကျိုးကို စွမ်းစွမ်းတမံ၊ ကျားကုတ်ကျားခဲ၊ မချိတရိ၊ မအိပ်မနေဆောင်ရွက်သော သဘာငတိကြီးနှင့် တွင်း ၂ တို့ကို ပူးတွဲချီးမြှင့်လိုက်သည်။

ဒုတိယ ပေါအသဝေါရာဇာဘွဲ့ကို ငပေါဂေဟာ၏ ထောက်ချုပ်ကြီးအား ချီးမြှင့်လိုက်သည်။ အဘယ့်ကြောင့်ဆိုသော် ထောက်ချုပ်မှာ မည်မျှ အသဝေါများပြားသနည်းဆိုသော် (သူ၏အဆိုအရ) စာရေးမကိုပင် ချောချောမခန့်ဟူသတတ်။ ဒါတောင် မီးပျက်လျှင် အပြင်ထွက်နေရသည် ဟူ၏။ ထို့အပြင် အသင်းသားချုပ်ကြီး၏ မင်္ဂလာဆောင်ကို ကိုယ်ဖိရင်ဖိ ကူညီခဲ့သည့်အပြင် `အတွင်းသတင်း´ များကိုပါ အတိအကျ အသေးစိတ် ထောက်လှမ်း စုံစမ်းနိုင်၍ဖြစ်သည်။

တတိယ ၀ါးတီးပေါအားကြီးထောဘွဲ့ကို ငပေါဂေဟာ၏ ၀န်ကြီးများအားလုံးနှင့် အသင်းသူအသင်းသားများဖြစ်သော ကေလာနှင့် ပေါမမတို့ကို ချီးမြှင့်လိုက်သည်။ ငပေါဂေဟာ၏ ရန်ဘုံးငွေများကို လျာထားချက် ပြည့်မှီအောင် ရှာဖွေနိုင်သည့်အပြင်၊ လျာထားချက်ထက်ကျော်လွန်အောင် ၀ါးတီးဖွင့်နိုင်လွန်း၍ ဖြစ်သည်။ ဥပမာအနေဖြင့် လယ်ယာပြန်စားရေးဝန်ကြီး၏ ရာထူးအရ လုပ်ဆောင်ချက်များနှင့် ကေလာ၏ ပုံပန်းသဏ္ဌာန်ကို ကြည့်ကြလေ။

ပေါနားရွက်ဘွဲ့ကိုတော့ ဂေဟာ၏ ပိုင်အိုနီးယားများတွင်အပါအ၀င်လဲဖြစ်သည့် အမှုရှောင် ဘဂျီဆရာမကြီးနန်းညီကို ချီးမြှင့်လိုက်သည်။ ဂေဟာနှင့် လူဂျီးမြင်းများအတွက် ဘဂျီဘန်နာများ ပြုလုပ်ပေးသည့်အတွက် ဗန်ဂိုး၏နားရွက်ကို ဂုဏ်ပြုသည့်အပြင် အခုတလော နားရွက်သုပ်စားချင်နေသည်ဟု ပြောသဖြင့် ၀က်တုပ်ကွေးလဲ စိုးရိမ်နေရသော ကာလဖြစ်သောကြောင့် စိတ်အဆာပြေ နားရွက်ဆုချီးမြှင့်ခြင်း ဖြစ်သည်။

ကြားဖြတ်အနေဖြင့် ငပေါဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ကို ငပေါသူငပေါသားများအားလုံးအတွက် ပေါလန်းဂရေ့ခ်ျစ် အသစ်ကို တီထွင်ပေးသော ပညာရေးဝန်ကြီးအားချီးမြှင့်မည်ဖြစ်ပါသည်။

နောက်ဆုံး အမြင့်ဆုံး အဂ္ဂမဟာငပေါရာဇာဘွဲ့ကြီးကိုတော့ ဖြင့် ဂေဟာ၏ ဂုဏ်ထူးဆောင် ခေတ်ဆွေး နာယကဂျီးနှင့် ဂေဟာ၏ ပိုင်အိုးနီးယားလဲဖြစ် အတော်ဆုံးလဲဖြစ်သော၊ အချောဆုံး၊ အချမ်းသာဆုံး၊ ပညာအရှိဆုံး၊ ဆုံး ဆုံး ဆုံး . . . . ဖြစ်သော ငပေါဂေဟာရဲ့ ငှက်ထကြီးကို ပေးအပ် ချီးမြှင့်လိုက်ကြောင်း ထုတ်ပြန်ပါတယ်။


ပုံ/
ငှက်ကထ ထက် များစွာ ချောသော ကိုယ့် ဂုဏ်ကိုယ် မဖော်လိုသူ သဘာပတိ

Saturday, May 9, 2009

ခြောက်လပတ် ရီပို့

ခြောက်လပတ် အစီရင်ခံစာ

ယခု .. ဂေဟာလူကြီးမြင်းများ အခြေအနေကို (ရုံးတွင်းကြိတ်ဝိုင်းမှအပ)
ဦးဦး ကိုကို သားသားလေး မောင်မောင်ပေါကေလာမှ ရုံးတွင် နေရင်း
လေ့လာတွေ့ရှိသမျှအား ..ပျံဝံကိုယ်စား ခြောက်လပတ် ရီပို့ အဖြစ်
တင်ပြအပ်ပါသည်။

ငတိမှာ ပြည်တော်ပြန် လက်ဆောင်ဝယ်ရန် ....
အချိန်ပိုင်းအလုပ်များ ကြိုး၂ စား၂ လုပ်နေကြောင်း
သို့သော် လုပ်သမျှ ပိုက်ဆံမှာ ဘီယာများ ရှက်ကီများ
ကစ်၍ ကုန်ကုန် သွားကြောင်း
ပိုက်ပိုက် မကုန်မပဲ ဘီယာ ကစ်လို့ရမည့်
နည်းလမ်း အသည်း အသန် စဉ်းစားနေကြောင်း
ဟိုနေ့ ပြန်မည့် ဒီနေ့ ပြန်မည်သာ ပြောပြီး
ပြန်ဖို့ မသေချာသေးကြောင်း ထပ်လောင်းပြောကြားလိုက်ပါသည်။

ဝန်ဂျီးဂျုပ်မှာ ငယ်ငယ်က သူ့မှတ်ပုံတင် .. သူ၏အခေါ် (မပုတင်) တွင် ..
ကိုးကွယ်သည့် ဘာသာ မပါသောကြောင့် မကြေမချမ်းဖြစ်နေကြောင်း …...
အလုပ်အကိုင်နှင့်ကျောင်းသား ဘယ်လိုမှ မအပ်စပ် ကြောင်း ....
အိုးတိုက်ဖွဲပြာသယ်ကိုလည်း ရန်ရှာချင်နေကြောင်း … ဦးရှင်ကြီးထက် ..
မုန့်ဆမ်းကို ပိုစိတ်ဝင်စားကြောင်း …. သွေးမ၀သော ခြင်မှာ ရန်ကုန်ထိ
မလိုက်နိုင်ကြောင်း … (ဘာကြောင့်လည်း တော့မသိပါ..) ကားစပယ်ယာ အလုပ်ကို
လည်း စိတ်ဝင်စားသည်ကိုလည်း.. မသိမသာ ဖော်ပြထားကြောင်း

နာယကဂျီးမှာ . .ဓါတ်ပုံသင်တန်း သုံးရက် မီးကုန် ယမ်းကုန် တက်ပီးသကာလ ..
ပုံပေါ်အောင် ရိုက်တတ်သွားပီ ဖြစ်ကြောင်း ...
၎င်းကိုယ်တိုင် ဖွသွားပါကြောင်း ..
ဂေဟာမှ ရိုက်ချင်သူများ .. … ပုံပေါင်းစုံကို ရှုဒေါင့်အမျိုးမျိုးမှ
ရိုက်ပေးမည် ဖြစ်ကြောင်းလည်း ထပ်ဆင့်ပြောကြားတွား ကြောင်း ….
သူ၏ အိလေး မှာလည်း … သူချင်းတွေ အော်ဆိုနေကြောင်း …
သို့သော် .. ဘယ်သူမှ မကြားရကြောင်း. ..

ပြင်ညာရေးဝံဂျီး မှာ ရွာတွင် စိတ်ဖြေရာ အဖြစ် စိတ်ဖလူးရွက်များ စားပီး
သကာလ စိတ်ပြေပီး .. စိတ်အခြေအနေ ပုံမှန် ပြန်ဖြစ်နေပါ ကြောင်းနဲ့ .....
လတ်တလော ....၄င်း၏ ကွန်နက်ရှင် ခပ်စုတ်စုတ်လေးနဲ့ စိတ်ဖလူးရွက်နဲ့
ချက်နေရာ ... လိုင်း ခနခန ကျသဖြင့် .... ခနခန လွမ်းနေရပါကြောင်း...
လိုင်းကျကျသွားတိုင်း .. လိုင်းရနေသူများကို .. ဖုန်းဆက်ပီး ..
တူ၏ စိတ်ဖလူးရွက်လေးအား …
လိုင်းကျနေပါသောကြောင့် သီးခံပါရှင် ဟု လူစားထိုး ပြောပြောခိုင်းနေကြောင်း …

ထောက်ချုပ်မှာ . .လတ်တလော အခြေအနေတွင် … အိမ်သာကျင်း တစ်လုံးနှင့်
တော်တော် အလှုပ်ရှုပ်နေကြောင်း … တော်တော်လည်း နံနေကြောင်း .. သူ၏
ဘလောက်တွင် အတည့်အလင်း ကြေငြာ ထားကြောင်း ….

အမှုရှောင်မှာ .. တောင်ပေါ်မြို့တစ်မြို့ မှ ပြန်လာပီး သကာလ …. ear flu
ဖြစ်လာပီး …. နားရွက်သုတ် စားမည် တစ်ကဲကဲ လုပ်နေကြောင်း ….

ကူးသန်းဝံမှာ ထက်ပိုင်းကြိုး မြှားတစ်ချောင်းနဲ့ ဟိုပစ် ဒီပစ်
လုပ်နေကြောင်း .. ထိုမြှားမှာလည်း .. တယ်ချင်းဆီက ငှားထားတာ ဖြစ်ကြောင်း
…. ဆိုက်ရာဒို မှ ပါလာသော အင်ဂျင်များကို ဖြုတ်ပီး သံဈေး ကြက်တန်းသို့
ပို့နေကြောင်း ..

တွင်း ၂ မှာ … သူ့ဘလောက်ကို လာသူတိုင်းအား . .နောက်ကြောနံပါတ် တစ်ဆယ်
လိုက်ရေးနေကြောင်း … လတ်တလောမှာ အခြေအနေ ကောင်းကြောင်း ..
ဘာကောင်းလည်းတော့ အတိအကျ မသိရသေးကြောင်း ..

ယဉ်ကျေးမှုဝံမှာ ပေါညီအတွက် ကဗျာတစ်ပုဒ်ရေးပီး ဘလောက်တွင် တင်ပီးကြော်ငြာ
ထားကြောင်း ….

အသင်းသားဂျုပ်ဂျီး ပေါခေါင်မှာ နေရင်း ထိုင်ရင်း အမြီးဆွဲမှုဖြင့်
လပ်သွားပီး .. ရှက်နေကာ .. ရုံးပင်လာ မတက်နိုင်တော့ကြောင်း ….
ဇာတ်သိမ်းမလှပါ ဟု တိတ်တိတ်လေးကြေကွဲကာ နံရံကို ခေါင်းဖြင့်
တိုက်တိုက်ကြည့်နေကာ ဘယ်ဟာပိုမာသလဲ စမ်းသပ်နေကြောင်း …

ပိုက်ပိုက်မှာ .. project, presentation, assignment and exam များနှင့်
ဖိုးဘိုင်ဝမ်း … ဆွဲနေရင်း…. သူ့ကိုသူ ဆက်သွယ်ရေးဝန်ကြီး မှာ
ဂေါက်နေပီဟု အတည့်အလင်း ပြောကြားသွားကြောင်း..

ယမမင်းမှာလည်း … education မှာ ၄င်းအား killing me နေကြောင်း ..
ဘိုလိုပြောသွားသေးပါ သည်။

နောက်ဆုံး အနေနှင့် .. ဂေဟာမှ တစ်ဦးတည်းသော အသင်းသူ ရှည်ရှည်လေး
ကေလာမမ မှာလည်း .. ဆေးရုံသို့ ဆေးစစ်သွားခြင်း
အောင်မြင်စွာပီးဆုံးသွားကြောင်းနှင့် .. သောက်ဆေးများနှင့်
နှစ်ပါးသွားနေကြောင်း သတင်း တိတိကျကျ ရရှိပါသည်။ .

ဦးကိုကို သားသားလေး မောင်မောင် ကေလာမှာ …. ဆရာဝန်မှ လက်ဦးသွားပါသဖြင့်
 အတော်ခံပြင်းနေပါသည် ။ .... တွေ့ရာနေရာတွင် သရေပင်နဲ့ ပစ်ရန် ..
သရေပင်များစုစောင်းနေပါကြောင်း နှင့် အသေးစိတ်သိချင်က .
ကေလာမမ အားတိုက်ရိုက်ဆက်သွယ်ပါရန် …..

ပုံ/
ပေါကေလာ(အသင်းသား)
ငပေါဂေဟာ

၂၅၁ ဘိုးလိန်းလမ်း ကျောက်မြောင်း (ဆားပုလင်းနှင်းမောင်နှင့် အိမ်ချင်းကပ်)
ဖုန်း ... ၀၈၇ ၆၉၃ ကို့ချစ်ချစ်လေး

Thursday, May 7, 2009

ကုန်ပစ္စည်းသစ် တင်မည်ဖြစ်ကြောင်း ကြေငြာခြင်း

အိုက်တန်းရှင်းပလိစ့်စ်စ် (ATT.....)
ဂေဟာသူဂေဟာသား အပေါင်းတို့ ခင်ဗျာ .. (လေးဒစ်စ့် အန် ဂျန်းဂဲမန်း )

ဂေဟာမှာရှိတဲ့ ခေတ်ဟောင်းနေပြီဖြစ်သော ဆိုက်ကျဲဒိုးများ အစား ငပေါကူးသန်းရောင်းဝယ်ရေး ၀ံကြီးမှ နောက်ဆုံးပေါ် ကားအသစ်များ အစားထိုးရန် တွန်းတိုက် လိုက်ရပါတယ် .....
နောက်ဆုံးပေါ် (07.05.2009 .. 093း0း45)လိပ်တက် ၊ ငါးတတ် (အချိန်အတိအကျနဲ့ပါတာနော်..အထင်သေးနဲ့) .. ဦးစ (U.SA) မှထုတ်လုပ်သော
ကားများ ကုန်တိန်နာ နဲ့ ပေါဂေဟာသို့ ရောက်ရှိလာပါပီ ဗျာ (မှာထားတာတင် တစ်နှစ်ကျော်ပီ ရှူးတိုးတိုး ဘယ်သူမှမပြောနဲ့နော်)

ကားနာမည်က ဆိုက်ရာဒို ဖြစ်ပါတယ် .. သူ့ရဲ့အသုံးဝင်ပုံကတော့ ခရီးကို ဆိုင်းမဆင့်ဗုံမဆင့်ပဲ အတိအကျ နှေးမှာဖြစ်ပြီး .. ဟွန်းသံမှ လွဲပြီးကျန်တဲ့ အသံများ အကုန်ထွက်မည် ဖြစ်ကြောင်း .. ။

၎င်းကားများကို ပရိုမိုးရှင်းအဖြစ် ဂေဟာမှ အဖွဲ့ ဝင်များကို လက်ဆောင်ပေးသွား
မည်ဖြစ်ပါကြောင်း .... လက်ဆောင်ပေးသော ကားများကို မိမိဘာသာ အင်ဂျင်တပ်
ဆင်ရမည် ။ ထိုအင်ဂျင်များကို တစ်လုံး ယူရို ၅သိန်းနှုန်းသာ ဈေးပေါပေါဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။

ပေါညီ ခေါ် ကူးသန်းဝံကြီးထံတွင် လက်ဆောင်ရသော ကားများကို လာရောက်ထုတ်
ယူနိုင်ပီ ဖစ်ကြောင်း ထပ်ဆင့်အကယ်ဒမီ (ဟုတ်ပါဘူး ရှုပ်ကုန်ပီ) ထပ်ဆင့်ကြော်ငြာ
အပ်ပါသည်။ မှတ်ချက်။ ။ လာရောက် မထုတ်ယူသော ဂေဟာမှလူများအား
ကူးသန်းခွင့်ပါမစ် ပိတ်မည်ဖြစ်ကြောင်း Underground မှသတင်းလွှင့်ထားသည်။

ပုံ/
ကူးသန်းဝံ (ပေါညီ)ကိုယ်တိုင် လက်မှတ်ရေးထိုးမှာ စားသည်။

လက်မှတ်

Tuesday, May 5, 2009

မင်္ဂလာဆောင် (ဇာတ်သိမ်း)

ဒီလိုနဲ့ မင်္ဂလာဆောင်မယ့် ဟိုတယ်ကို ရောက်တော့ လူက စုံနေပြီ..
သတို့သမီးနဲ့ သတို့သားကတော့ ထွက်မလာသေးဘူး..
ကိုဟန်သစ်ငြိမ်ကြီးကတော့ ဘိသိတ်လူကြီးနေရာမှာ ခပ်တည်တည်နဲ့ ထိုင်နေတယ်... သြော် သူက ဘိသိတ်လူကြီးလုပ်မှာကိုး...
ကိုငြိမ်ရဲ့ ခပ်လှမ်းလှမ်းမှာ သူ့ မဒီက သူ့ကို ပြုံးပြုံးကြီး ကြည့်နေတယ်...မင်္ဂလာဆောင်လာတဲ့ ပရိသတ်တွေကလည်း သူတို့ စုံတွဲကို ပြုံးပြုံးကြီး ကြည့်နေကြတာပါပဲ....ကြည့်မှာပေါ့ ...သူတို့ စုံတွဲက ၀တ်စုံ ဆင်တူ ၀တ်လာကြတာကိုး...
ကိုငြိမ်ရဲ့ မဒီက ပါတိတ်ဝမ်းဆက်ကြီး ၀တ်လာတာဆိုတော့ ..ကိုငြိမ်ဝတ်ထားတာကိုလည်း စဉ်းစားကြည့်ကြပေါ့..ပါတိတ်ဆင်အထက်အောက်ဝမ်းဆက်နဲ့ ..ခေါင်းပေါင်းကြီးနဲ့ မျက်နှာမှာ မိတ်ကပ်အဖွေးသားနဲ့ မင်္ဂလာစင်မြင့်ပေါ်မှာ ကိုဟန်သစ်ငြိမ်တို့များ သိပ်ခန့်တာပဲ....သူ့မဒီကြီးရဲ့ လက်ချက်နေမှာပေါ့နော်....လူတွေက သူတို့ကို ပြုံးစိပြုံးစိကြည့်နေတာကို အကောင်းမှတ်ပြီး ဒီလူကြီးကလဲ ပြုံးစိပြုံးစိ..သူမဒီကြီးကလဲ ပြုံးစိပြုံးစိ... ငါက သတို့သားထက်ပိုပြီး ချောလို့ နေမှာပေါ့ဆိုတဲ့ ဂိုက်နဲ့ ကိုဟန်သစ်ငြိမ်ကြီးလေ...( ရှက်လဲ မရှက်ဘူး..ဟီးဟီး)

ခဏနေတော့ မင်္ဂလာအခမ်းအနားစတယ်...
ကိုဟန်သစ်ငြိမ်ကြီးက မင်္ဂလာသြဘာကို အင်္ဂလိပ်လိုပြောတယ်...ဒါပေမယ့် အာဝါဟ..၀ိဝါဟဆိုတဲ့နေရာရောက်တော့ မပြောတတ်လို့ နေမှာပေါ့.. အာဝါဟ (စ်)..၀ိဝါ ဟ(စ်)တဲ့.. ဒါလေးပဲ ပြောစရာရှိပါတယ်...ကျန်တဲ့သူတွေက ဂရုတောင်မစိုက်ဘူး ..ဂေဟာက လူတွေကသာ အယ် ..ကိုဟန်သစ်ငြိမ်ကြီးတော့...ဘယ်သူမြောက်ပေးလိုက်တာလဲ မသိဘူး... ပေါရဲလိုက်တာနော်ဆိုပြီး ၀ိုင်းအားပေးနေကြတယ်..

သတို့သမီးမိခေါင်နဲ့ သတို့သား ဒိုလေးတို့ကတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြုံးနေကြတာပဲ..
ပြုံးမှာပေါ့.. မိခေါင်ကလဲ အခုမှ ယောက်ျားရတာ တကယ်သေချာသွားတာကိုး...နို့မို့ဆိုသူ့ ဘယ်သူမှ ယူမှာ မဟုတ်ဘူးဆိုပြီး..ဘောင်ကြဲ ..ကြဲနေရတာ..သူ့ခမြာလေ...
ဒိုလေးလဲ ဘာထူးလဲ.... လူကသာ ဘောလုံးကန်ကောင်းလို့ နာမည်ကြီးတာ... အခြောက်ကြီးဆိုပြီး ဘယ်မိန်းမကမှ သူ့ကို ယူချင်တာမဟုတ်ဘူး
သူ့ပိုက်ဆံတွေ မက်လို့သာ မိန်းမတွေက သူ့ကို ခဏတွဲနေတာ....
အခု မိခေါင်ကသာ သူ့ကို အတည်ယူတာ (သူလဲ ပိုက်ဆံမက်တာတော့ အနည်းအကျဉ်းပါမှာပေါ့နော်..ဘယ်သိနိုင်မလဲ)

မင်္ဂလာဆောင်မှာ အားလုံးအပျော်မျက်နှာတွေနဲ့ ပျော်နေတဲ့အချိန်မှာ လုံးဝမပျော်နိုင်တဲ့ လူတစ်ယောက်ကလည်း ရှိသေးတယ်..
ဘယ်သူရှိမလဲ...မိခေါင်ရဲ့ မြောက်မြားလှစွာသော ရည်းစားတွေထဲက တစ်ယောက်ပေါ့..... စနေဆိုတဲ့ တစ်ယောက်ပေါ့..
ခန်းမရဲ့ ချောင် ကျကျနေရာမှာ ထိုင်ပြီး မျက်ရည်တွေ ကျနေတာ.. ပါးစပ်ကလည်း အချစ်ဟောင်းရဲ့ လက်ထပ်မင်္ဂလာကို တိုးတိုးညည်းလို့ပေါ့..
နှစ်ကိုယ်ယှဉ်တွဲ.....ပျော်မြူးမယ့် ...လက်ထပ်မင်္ဂလာ...ဘာညာ..ဘာညာဆိုပြီးတော့လေ...

တကယ်တော့...သူက သူ့ရဲ့ ခံစားချက်တွေကို ရင်ဖွင့်ချင်နေတာ..ခက်တာက သူ့ကို ဘယ်သူကမှ ဂရုစိုက်တာမဟုတ်ဘူး..အားလုံးက မင်္ဂလာဆောင်မှာ ကျွေးတဲ့ ပဲကြီးလှော်က မပွကြောင်း.. သတို့သမီးမျက်နှာက မိတ်ကပ်လိမ်းထားတာ မသာရုပ်ကို ဆေးသုပ်ထားတာနဲ့ တူကြောင်း....သတို့သားက လူတွေ့တိုင်း လိုက်ပြုံးပြနေတာ မျက်နှာက မိုးမိထားတဲ့ မုန့်လေပွေနဲ့တူကြောင်းတွေလောက်ပဲ ပြောနေတာ သူ့ကို ဘယ်သူမှ ဂရုတောင်စိုက်တာမဟုတ်ဘူး.. သူက ရင်ဖွင့်ချင်ပါတယ်ဆိုမှ...
အဲဒါနဲ့ သူလည်း ၀မ်းနည်းတာတောင် လူမသိသူမသိဝမ်းနည်းရတာကိုစိတ်ပျက်လာတယ်..သူ့ကိုယ်သူလဲ စိတ်နာတယ် ..ခေါင်ခေါင့်ကိုလည်း စိတ်နာတယ်.. ဒိုလေးကိုလည်း စိတ်နာတယ်....ဖြစ်ရော..

ကတောက် !..
မိခေါင်ကို ဂလဲ့စားချေမယ်ပေါ့..သူဝမ်းနည်းသလို ၀မ်းနည်းရမယ်..ပေါ့...
ဒါနဲ့သူ စဉ်းစားတယ်..သူဝမ်းနည်းသလို သူခံစားရသလို မိခေါင်လည်း ၀မ်းနည်းစေရမယ်ပေါ့.. စကောလောက်မှ ဇောက်မနက်တဲ့ အကြံနဲ့ ..မင်္ဂလာပွဲကို ဖျက်ဖို့ ကြံပါလေရော..

အဲဒီမှာ ဓားစာခံဖြစ်သွားရတာက ဂေဟာက သတင်းထောက်လိန်လိန်..
လိန်လိန်ကလည်း သိတယ်မို့လား...သတင်းထောက်ဆိုတော့ မင်္ဂလာဆောင်မှာ သတင်းရှာနေတာ... ခန်းမရဲ့ထောင့်မှာ တစ်ယောက်ထဲ အံကြိတ်ပြီး ငိုနေတော့ သွားပြီးစပ်စုလိုက်တာ..

``အစ်ကို ဘာဖြစ်လို့ငိုနေတာလဲဟင်..´´
``ဒီလိုပါဟာ..နင်..နင်တို့ သူငယ်ချင်းခေါင်ခေါင်ကို သနားလို့ပါ..´´
``ဟင်..ဘာလို့သနားတာလဲဟင်..သူက ဘာဖြစ်လို့လဲ..အစ်ကိုကကော ဘယ်သူလဲ..´´
``မိခေါင်တော့ ဒွတ်ခရောက်မှာ မြင်ယောင်သေးတယ်.... တကယ်တော့ သူယူလိုက်တဲ့ စီရော်နယ်ဒိုဆိုတာ လူအစစ်မဟုတ်ဘူး´´
``သူတို့ အမျိုးက ပေါ်တူဂီမှာ သမန်းခွေးမျိုး´´
``ဘာာာာာာာာ...သမန်းခွေး..လူမဟုတ်ဘူး ..သမန်းခွေး´´
လိန်လိန် နည်းနည်းတော့ ကြောင်သွားတယ်...ဘာလဲဟ ..သမန်းခွေးပေါ့..ဒါပေမယ့် ကြာကြာမစဉ်းစားလိုက်ရဘူး..လူဖြစ်လိုက် ကျားဖြစ်လိုက်နဲ့ ..သမန်းကျားတွေအကြောင်းကြားဖူးထားတော့..သမန်းခွေးဆိုတာကို ချက်ချင်းလိုလို သဘောပေါက်သွားတယ်... ပြီးတော့ သူ မထင်မှတ်ဘဲ
သတင်းထူးတစ်ပုဒ်ရတော့မယ်ဆိုတာကို ရိပ်မိသွားတယ်..
ဘယ်ရမလဲ...ဂေဟာက အထူးသတင်းထောက်လိန်လိန်ပဲ..
``အို ..အစ်ကိုရယ် ဖြစ်နိုင်ပါ့မလားဟင်..အဲဒီလို တကယ်ရှိလို့လား..´´
``ရှိတာပေါ... ညဆိုရင်....ဒီကောင်ဒိုလေးရဲ့ ဖင်မှာ အမြီးပေါက်ပေါက်လာရော...သူက ငယ်သေးလို့ အမြီးတော့ သိပ်မရှည်သေးဘူး..သူ့အဖေဆို..အမြီးကြီးမှ တစ်တောင်လောက်ရှီတာ...အဲဒါ ငါ့ကိုယ်တွေ့´´
ဟင်...ဟုတ်လား.....
ခဏလေးနော်..အစ်ကို ကျမ ပြန်လာခဲ့မယ်သိလား...ဆိုပြီး လိန်လိန် ထပြေးတယ်..
ဒိုလေးက သမန်းခွေးဆိုတာဟုတ်မှာပဲ ..ဒါကြောင့်မို့ ဒီကောင် ဘောလုံးကန်ရင် အရမ်း အပြေးမြန်တာ..မျက်နှာကိုက ခွေးရုပ်လို့ စဉ်းစားရင်း မိခေါင်ဆီကို ပြေးတာ....
ဟုတ်တယ်လေ..ဒီသတင်းက အရေးကြီးတယ်မို့လား...မင်္ဂလာပွဲကိုလည်း ဖျက်သင့်ရင်ဖျက်ရမယ်လေ...
မိခေါင်ဆီရောက်တော့ ခဏဆိုပြီး လူရှင်းတဲ့နေရာကိုခေါ်..အကျိုးအကြောင်း ရှင်းပြရတယ်..
မိခေါင်က မယုံဘူး စိတ်တွေ ဘာတွေစိုးလို့...
ဟုတ်တယ်လေ..သူ့ဘဲကို သမန်းခွေးလို့ပြောတာ ဘယ်ကြိုက်မှာလဲ...မသကာ သမန်းကျားဆိုရင်တောင် ဟုတ်တုတ်တုတ်..

မိခေါင်နဲ့ ..လိန်လိန် စကားပြောနေတုန်း...
စနေတစ်ယောက်က ဒိုလေးရဲ့ အမျိုးတွေဆီကို ခြေဦးလှည့်ပြီး ထွင်လုံးတွေ သုံးနေပြန်ပြီ.လေ..
သူက မင်္ဂလာပွဲကို ဖျက်ချင်နေတာမဟုတ်လား...
``မိခေါင်တို့ အမျိုးက မြန်မာနီုင်ငံမှာဆို စုန်းမတွေ........ မျိုးနဲ့ ရိုးနဲ့ ပြုစားကြတာ..
လကွယ်ညတွေများဆို.. အနီးအနားမှာ ရှိတဲ့သူတွေကို ဖင်စအိုက နှိုက်ပြီး အူတွေကို တစ်ရစ်ချင်းဆွဲစားတာ...သူတို့ အမျိုးတွေ ညဘက်ထွက်ပြီဆို ခွေးတွေက အူ၊ မီးစုန်းတွေ တောက်...ဘာညာ..ဘာညာနဲ့ ပြောထားတာ..
သူတို့လဲ ကြောက်တာပေါ့..ဒိုလေးကို ပြန်ပြောပြတော့ ဒိုလေးကလည်း မယုံဘုး
အို..မိခေါင်ကသာ ဆွဲစားမယ်ဆိုရင် ဖင်ကတောင် နိုက်စရာမလိုဘူး..သူကိုယ်တိုင် ဗီုက်ခွဲကျွေးမယ်လို့တောင် ပြောလိုက်သေးတယ်..
ပြောသာ ပြောလိုက်ရတယ်..ဟုတ်များနေမလားဆိုပြီး ဇဝေဇ၀ါတော့ ဖြစ်တယ်..တစ်ခါတစ်လေ မိခေါင်ရဲ့ အကြည့်တွေက ခါးအောက်ပိုင်းမှာ နည်းနည်းတော့ ကြာတတ်တယ်လေ...

ဒီလိုနဲ့ မင်္ဂလာဆောင်က ပြီးသွားရော...
အားလုံးလဲ အိမ်ပြန်ပေါ့..ဂေဟာက လူတွေလည်း လက်ဖွဲ့တွေ ဘာတွေသိမ်းပြီး စားစရာသောက်စရာတွေ အိပ်ထဲထည့်ပြီး ပြန်ကုန်ကြပြီပေါ့..
ပြသနာက ဟိုတယ်မှာ ကျန်ခဲ့တဲ့ မိခေါင်နဲ့ ဒိုလေး
ဒီနေ့ညက သူတို့ရဲ့ မင်္ဂလာဦးည
ဒါပေမယ့် ခက်တာက မဟုတ်က ဟုတ်က သတင်းတွေကြားပြီး ဟုတ်နိုးနိုးဖြစ်နေကြတာ..

ညဦးပိုင်းရောက်တဲ့အထိ ဒိုလေးကလဲ မိခေါင်နား မကပ်ရဲသေးဘူး..
မိခေါင်ကလဲ ဒိုလေးနဲ့ ရှောင်ဖယ်ဖယ်ပေါ့
မိခေါင်ရဲ့ အကြည့်တွေက ဒိုလေးရဲ့ တင်ပါးတွေဆီ ခဏခဏရောက်နေတယ်..ဟုတ်တယ်လေ..အမြီးပေါက်လာရင် ဘယ်လို လုပ်မလဲ ..ဒီနေ့က လကွယ်နေ့ညကြီးလေ...
ဒိုလေးကလည်း မိခေါင်အကြည့်တွေ သူ့တင်ပါးပေါ်ရောက်ရောက်လာတာကို မင်္သကာတော့ဘူး၊ တစ်ခါတစ်ခါ ကြည့်ရင်လည်း အကြာကြီး..ပြီးတော့ မိခေါင်က တံတွေးတောင် မျိုချလိုက်သေးတယ် ...သူ့တင်ပါးကြီးကို ကြည့်ပြီး..ဂလုတဲ့ .....အီး.....ဒီနေ့လကွယ်နေ့ညကြီးလေ...
စကားပြောရတာလဲ အဆင်သိပ်မပြေဘူး..ဘယ့်နှယ် ..မင်္ဂလာဦးညမှာ ကြည်နူးရင်ခုန်ဖွယ်ရာ မတွေးနိုင်ဘူး... ကိုယ့်ဖင်ကို ဘယ်အချိန်လာနိုက်မလဲ ဆိုတာကြီးတွေးနေရတာ မစားသာဘူးမို့လား...
ကြာတော့ ဒိုလေးလဲ မခံစားနိုင်တော့ဘူး
ဒီလိုကြီးနေတာထက်စာရင် .. ရင်ဆိုင်လိုက်တာက ကောင်းမယ်လို့ တွေးမိတယ်.. .
မင်္ဂလာဦးဇနီးမောင်နှံရှိတဲ့ အခန်းဆိုတော့ ဟိုတယ်ကလဲ ..မီးတွေဖျက်ပြီး ညအိပ်မီးလေးတွေပဲ လွှတ်ပေးထားတာ.. အလှမီးရောင်စုံလေးတွေပေါ့...
အခန်းထဲမှာက တစ်ယောက်နဲ့တစ်ယောက်ကိုရိုးတိုးရိတ်တိတ်လေးပဲ ...မြင်နေရတာ..
မိခေါင်လဲကြောက်တာပေါ့.. ဒိုလေး သူ့အနားကပ်လာတော့..
လာပစေဦး ဒင်းတော့ ..အနားရောက်တာနဲ့ သူ့ဖင်ကို စမ်းကြည့်ပြီး အမြီးများတွေ့ရင်တော့ အမြီးဆွဲပြီး ကိုင်ပေါက်လိုက်မယ်ပေါ့..
ဒိုလေးကလည်း ...မဖြစ်တော့ဘူး..မိခေါင်ကို ပွင့်ပွင့်လင်းလင်းမေးကြည့်မယ်ဆိုပြီးအနားကပ်လာရော.........

``ခေါင်´´
ဒိုလေးက အသံခြောက်ကပ်ကပ်ကြီးနဲ့ ခေါ်လိုက်တယ်...
မိခေါင် လန့်သွားတယ်..
``ဟင်..ဟင်..ဘာလဲဟင်...´´
``ဟို တစ်ခုလောက်မေးချင်လို့ ရမလားဟင်´´
``အို ..မေးလေ...မေး´´
မိခေါင်လဲ ရင်တွေတုန်နေတယ်..သူ့ဖင်ဆီကို မသိမသာလေး လက်က သွားနေတာ...
ဒိုလေးကလဲ ..အရိပ်အခြေကြည့်နေတာလေ..မိခေါင်လက်က သူ့ဖင်ဆီကို တဖြည်းဖြည်း ကပ်လာတာ သိတယ်..
``အမငီး ..ဘုရားသခင်ကယ်ပါ..´´
ဒိုလေး ရုတ်တရက်ထပြေးတယ်..
ဟင်..မိခေါင် အံ့သြသွားတယ်..အစောပိုင်းကတော့ မယုံတစ်ဝက်ယုံတစ်ဝက်နဲ့ပါ..
အခုတော့ ဖင်တောင် မစမ်းကြည့်ရသေးဘူး...ဒိုလေးလန့်ပြီး ထပြေးတော့ တကယ်အမြီးပေါက်တာလို့ ယုံသွားတယ်
မိခေါင် အရမ်းဝမ်းနည်းသွားတယ်.....သူချစ်တဲ့ဒိုလေးက ဖင်မှာ အမြီးကြီးတန်းလန်းနဲ့ကိုး..
မထူးတော့ဘူး
ပွင့်ပွင့်လင်းလင်း..သိရအောင် အတင်းလုကိုင်မယ်ဆိုပြီး......ဒိုလေးဖင်ကို အတင်းလိုက်ပြီး စမ်းပါလေရော..
ဒိုလေးကလည်း သူ့ဖင်ကိုနှိုက်ပြီး အူတွေ စမ်းနေပါတယ်ဆိုပြီး အခန်းထဲမှာ ပတ်ပြေးနေတာပေါ့....
တစ်ချက်တော့ ပြေးရင်း ကုတင်စွန်းကို တိုက်မိပြီး အခန်းထောင့်မှာ ဒိုလေး ပြေးလို့မလွတ်တော့ဘူး..
မိခေါင်က မျက်လုံးကြီးပြူး ..မျက်ရည်တွေ ကျပြီး...လက်နှစ်ဖက်ကို ရှေ့ကို ဆန့်ထုတ်ပြီး သူ့ဖင်ဆီကိုလာနေတာ..
ဒိုလေးက အခန်းထောင့်မှာ ခွေခွေလေးလဲနေပြီ...မထနိုင်တော့ဘူး... မိခေါင်ကလည်း သူ့ဆီကိုလာနေပြီ

မိခေါင်ကလည်း မျက်လုံးကို စုံမှီတ်ပြီး ``ယား´´ဆို ဒိုလေးကို ခုန်အုပ်ပြီး ဖင်ကို စမ်းလိုက်တယ်..
ဒိုလေးကလည်း လက်နှစ်ဖက်နဲ့ ဖင်ကို အုပ်ပြီး မျက်လုံးကို စုံမှိတ်ထားလိုက်တယ်.. သူ့ဘ၀တော့ ဆုံးပါပြီပေါ့..

မိခေါင်နဲ့ ဒိုလေး..အခန်းထဲမှာ ၀ုန်းဒိုင်းတွေကျဲနေတယ်.. ဟိုတယ်ဝန်ထမ်းတွေကလည်း ဒီစုံတွဲက အရမ်းကြမ်းပါလားပေါ့..၀ုန်းဒိုင်းကိုကြဲနေတာပဲပေါ့...
မိခေါင်က ဒိုလေးကို ဖက်ပြီး ဒိုလေးဖင်ကို အတင်းလိုက်စမ်းတယ်...
ဒိုလေးကလည်းသူ့ဖင်ကို လက်နှစ်ဖက်နဲ့ အတင်းပိတ်ပြီး မလုပ်ပါနဲ့ ခေါင်ရယ်...မလုပ်ပါနဲ့ ခေါင်ရယ်နဲ့ အတင်းရုန်းနေတယ်..
ဖြစ်ချင်တော့ ရုန်းရင်းဆန်ခတ်နဲ့ မိခေါင်က အမြီးတစ်ခုကိုသွားစမ်းမိတယ်ထင်တယ်...
ဟင်...အမြီးကြီး...အမြီးကြီး..
လာကြပါဦး..ကယ်ကြပါဦး ဆိုပြီး စွတ်အော်တယ်...
ဒိုလေးကလည်း... သူ့အမြီးကို အတင်းကြီး...ဆွဲညှစ်ထားတာခံရတော့....ကယ်ကြပါဦးဆိုပြီးအော်ငိုတယ်..
တကယ်ကို ၀ုန်းဒိုင်းကိုကြဲနေတာပဲ..မင်္ဂလာမောင်နှံအခန်းထဲမှာလေ...

လုပ်ကြပါဦး..ကယ်ကြပါဦးဆိုတဲ့ အော်သံတွေကြားမှ ဒါပုံမှန်မဟုတ်ဘူးဆိုပြီး ဟိုတယ်ဝန်ထမ်းတွေလည်း အပြေးအလွှားတံခါးလာဖွင့်တော့..အခန်းထဲမှာ ဒိုလေးရော ..မိခေါင်ပါ အော်ရလွန်းလို့ မြောနေပြီ..
နှစ်ယောက်လုံးကို ညတွင်းချင်း ဆေးရုံကို ပို့လိုက်ရတယ်..ကယောင်ကတန်းတွေ ပြောနေကြလို့လေ..

ဒိုလေးက `` စုန်းမ ..စုန်းမ.. ဖင်နှိုက်တယ်´´တဲ့.
မိခေါင်က `` အမြီး..အမြီး..အကြီးကြီးပဲ´´...တဲ့..
နောက်ရက်ကြတော့ ကျွန်တော်တို့ ဂေဟာက မိခေါင်လဲ အပျိုစင်စစ်နဲ့ တစ်ခုလတ်သွားပါလေရော...
စီရော်နယ်ဒိုဆိုတာ ပေါ်တူဂီကို ပြန်သွားတာ တန်းနေတာပဲဗျို့....

ဒီမှာက မင်္ဂလာဆောင် (၁)
ဒီမှာက မင်္ဂလာဆောင် (၂)
ဒီမှာက မင်္ဂလာဆောင် (၃)

Sunday, May 3, 2009

တွေ့မိတာလေးတွေ

ဂေဟာသူဂေဟာသားများလဲ သူလည်းသူ့ အလုပ်နဲ့သူ ကိုယ်လဲကိုယ် အလုပ်နဲ့ကိုယ် အရှုပ်တွေလုပ်နေကြပါတယ်။ ရုံးကို အစီအရင်ခံစာ တင်ဖို့တောင် မအားကြဘူးဆိုတော့ ကူးသန်းဝန်ကြီးကပဲ
အကုန်လုံး ကိုလေ့လာရင်း တွေ့မိတာလေး (ဟုတ်ဟုတ် မဟုတ်ဟုတ်) သဘာငတိနှင့်တကွ ဆရာ့ဆရာများ အားလုံးကို အစီအရင်ခံ တင်ပြပါသည်။
(ကူးသန်းပြောသမျှမငြင်းပဲ ငြိမ်နေကြကုန်သော်).......

ဟိုနေ့က (ဘယ်နေ့လဲ အတိအကျ မသိတော့ပါ ကျွှန်တော်မှတ်မိတာက အဲ့ဒီ့နေ့က အီရတ်မှာ မိုးစရွှာတယ်) ကူးသန်းရောင်းဝယ်ရေး စာရင်းစစ်ရန် စားသောက်လုပ်ငန်းခွင် သွားရောက် စစ်ဆေးကြည့်တာဗျာ အစားအသောက်တွေထဲမှာ အရောင်တင်ဆေး (သဘောင်္ဆေးဆိုလားပဲ) တွေ့ရလို့ ကျန်းမာရေးဝံကြီးကို အကြောင်းကြားတာ ဘာပြောတယ်မှတ်လဲ? အဲ့ဒါမင်းက သဘောင်္းဆေးတွေ အများကြီးတင်သွင်းတာကိုးတဲ့ သုံးစရာနေရာ မရှိလို့ လူတွေ အရောင်လှလှလေးစားရအောင် ထည့်ကြတာပေါ့တဲ့ ။
အော် .... ပြောမိတာကိုက ကျွှန်တော့အမှားပါဗျာ ။

နောက်တစ်နေ့ အင်တာနတ်ဆိုင်သွားတော့ ကြိုးပြင်နေတယ်ဆိုလားပဲ connection သိပ်မကောင်းဘူးဗျ .. အဲ့ဒါ ဆက်သွယ်ရေးဝံကြီးကို မေးကြည့်တော့ ... .. . ငါတို့ ကြိုးတွေ အောက်ပြုတ်ကျနေတာကို မင်းတို့ ကူးသန်းရောင်းဝယ်ရေးက ကုန်ကားတွေ တက်ကြိတ်လို့တဲ့ ...
ဟုတ်ကဲ့ နောက်ဆို မမေးတော့ပါဘူးဗျာ ......

ဒီလိုလျှောက်သွားရင်းနဲ့ မြို့ပြင်ရောက်သွားပါလေရော အဲ့ဒီ့မှာ လယ်ကွင်းတွေ တွေ့တယ်။ ဒါပေမယ့် ခြောက်ကပ်နေလို့ လည်ရာပြန်စားရေးကို စပ်စုပြီးမေးကြည့်မိတာ ဆယ်မြောင်းဝံကြီးက ငါတို့ကို တစ်မြောင်းပဲ ပေးတာကိုးတဲ့ အဲ့ဒါနဲ့ ဆည်မြောင်းဝံကို interview ကြည့်မိတာ .. .. ..မင်းတို့ကူးသန်း ကြယ်ခုနှစ်ပွင့်က သဘောင်္တွေ မြစ်ဝမှာလာပိတ်နေလို့ သူတို့ဆီ ရေတွေ မ၀င်ဘူးတဲ့ဗျာ .. သူတို့ဟာ သူတို့ဆယ်မြောင်းကို မြောက်ဘက်ကို မျက်နှာမူပြီး ဆောက်ထားပဲနဲ့ မြစ်က တောင်ဘက်က စီးမလားလို့ ပြန်မေးတော့ အဲ့ဒါ ဆောက်လုပ်ရေးကိုပြော တဲ့ ...........................
(အဲ့ဒီမှာ စတွေ့တာပဲ.... ချောဆုခင်နဲ့ ဘင်လာဒင်)

ဆောက်လုပ်ရေးဝန်ကြီးဆီ ရောက်ရော အဲ့ဒါ အခုမှစ၀င်လာတဲ့ အင်ဂျင်နီယာတွေ ဆောက်ထားတာတဲ့ .. သူတို့ ကျောင်းက သေချာ မသင်လိုက်ဘူးဖြစ်မှာ ပေါ့တဲ့ ငါ့နဲ့ဆိုင်ဘူး ပညာရေးညံ့လို့ဖြစ်တာတဲ့ .. အော် ဖြစ်မှဖြစ်ရလေခြင်း သွားလက်စ နဲ့ ထူးတော့ဘူး ဆိုပြီး ပညာရေးဝံကြီးဆီ ရောက်တော့ မင်းက စာရေးကိရိယာတွေမှ အများကြီး မသွင်းတာတဲ့ ... .. ..
ဟင် နောက်ဆုံးတော့ ဒီဘူတာပဲ ပြန်ဆိုက်တာပါပဲလား

တော်ပီ နောက်တစ်ခါ ဘယ်မှမသွားဘူးလို့ ဆုံးဖြတ်ချက် ချဖို့ စဉ်းစားနေတုန်း ပြန်ကြားရေးဝံကြီးက ငါ့အလုပ်တွေ မင်းဝင်လုပ် ရလားဆိုပြီး တရားစီရင်ရေးကို တက်တိုင်တော့ ကျွှန်တော်နယ်နှင် ဒဏ် သုံးရက်ခံရတယ်ဗျာ .. အဲ့ဒါကြောင့် အထုပ်ပိုက်ပြီး လန်ဒန်ပဲသွားမယ်ဆိုတော့ နိုင်ငံခြားရေးဝံကို လာဘ်ထိုးပြီး (စာရင်းမမှတ်ထားမိသောကြောင့် ဘယ်လောက်လဲမသိတော့ပါ) .... သွားတော့မလို့ လုပ်နေတုန်း လူဝံမှုကြီးကြပ်ရေးက လာရစ်ပါလေရော မင်းသန်းခေါင်စာရင်းရှိလားတဲ့ အဲ့တော့ကျွှန်တော်က ဂျပိုးစာရင်းနဲ့ပဲနေတာ ပါဆိုတော့ မင်းလူကြီးကို လူကြီးမှန်းမသိဘူး (ဂေဟာစ၀င်ခါစက သူ့ ကိုပေးဖို့ မေ့ကျန်ခဲ့လို့ ထင်တယ်) ဆိုပီး ယဉ်ကျေးမှုသင်တန်း ပြန်တက်ဆိုတော့ တစ်နာရီလောက် ယဉ်ကျေးမှုဝံနဲ့ မနဲ ညှိလိုက်ရတယ်။ အဲ့ဒီ့နောက် သွားတော့မယ်လုပ်တော့မှ သစ်တောဝံကြီးက မင်းမရှိရင် ငါ့သစ်တုံးတွေ ဘယ်သူ ကူးသန်းပေးမလဲဆိုတော့ ကျွန်တော့်လက်ဖျား တပည့်တွေ ရှိတယ်လို့ ပြောလိုက်တော့ (ကျွှန်တော်တောင် လက်ဖျားခါရတယ်).... မင်းတပည့်တွေက စားသောက်ကုန်လုပ်ငန်းက အစာတွေ စားပြီး ကျန်းမာရေးမကောင်းဘူးတဲ့ .... ...( တိုင်ပတ်ပီ )

အဲ့ဒါနဲ့ပဲ သဘာငတိကြီးကို အကူအညီသွားတောင်းတော့ သူကိုယ်တိုင်ဝင်ရှုပ် တော့မှပဲ အားလုံး ရှင်းသွားတော့တယ်။ ဒါပေမယ့် သဘာငတိ ကတော့ အခုထိရှုပ်နေဆဲပါ ..............
(ဘာတွေဘယ်လို ရှုပ်လိုက်တယ်ဆိုတာကတော့ မပြောတော့ပါဘူးနော်)

ဟီး ၀န်ကြီးတွေလဲကုန်သွားပီ ။ အချင်းချင်း ရန်တိုက်ပေးနေတာမ ဟုတ်ဘူး။ နော် ........ ........ ......... မယုံရင် ထောက်လှမ်းရေးချုပ်ကို မေးကြည့် နာယကဂျီး နဲ့ငှက်ကဥ လည်းသိတယ် ။ ငြင်းမယ်တော့မကြံနဲ့ ဒါပဲ

Friday, May 1, 2009

လျှောက်လွှာ လက်ခံခြင်း ၂၄

အမည်                       -  mr myanmar
အသက်                     -  အင်္ဂလိပ်အတက် ဗမာအဆင်း ၊ ဂျပန်အ၀င် တရုတ်အထွက်၊ အိန္ဒိယအပြန် ထိုင်းအပြေး အချိန်တွင် မွေးဖွားခဲ့သောကြောင့် ယနေ့အထိ အမှန်မသိသေး (အသက် 3000ထောင် ဂုရုကြီးထက်တော့ တစ်နှစ်လောက်ငယ်မယ်ထင်တယ်)
လိင်                        -  ယောက်ျားပါဆို. (သူနော် ဟွန်း)
မှတ်ပုံတင်အမှတ်       - ISO 9000001
အဖအမည်               - ဦးအဏုမြူ
အမိအမည်               - ဒေါ်နျူကလီးယား
ပြုလုပ်ဖူးသည့်           -  မင်းတုန်းမင်းခေတ်တွင် ရံရွေတော်များအား ရေချိုးသန့်စင်ပေးခြင်း၊ အင်္ဂလိပ်ခေတ်တွင် ကုလားဖြူများအား ငါးပိရည်စားနည်းသင်တန်းပေးခြင်း
အလုပ်အကိုင်              - ဂျပန်ခေတ်တွင်.. ယင်းတို့၏ သေနတ်များအား ပဲကြီးလှော်ဖြင့် လဲလှယ်ရောင်းချပေးခြင်း နှင့် ယနေ့အချိန်တွင် သမ္မတ အိုဘားမားနှင့် ဗလာဒီမာရုစဗဲ့တို့၏ မွေးစားဖခင်ကြီးလုပ်ပေးခြင်း၊

ပညာအရည်အချင်း       -  အသုံးလုံး အစမှ အဆုံးတိုင် (အ၊ အု၊ အိ) (B.A. Tripple Ah)

ကျွမ်းကျင်မှု                -  မရှိသော အမှုများကို ရှာဖွေ၍၊ သေးငယ်သောအမှုများကို အဆမတန် ကြီးထွားလာစေကာ၊ ကြီးထွားလာသောအမှုများအား သောက်ပြဿနာမတက်တက်အောင် ဖန်တီးပေးနိုင်ပြီး၊ ပြဿနာတက်လာသော အမှုအား သေဒဏ်အထိ ကျေနပ်မှုရရန် ဆောင်ရွက်ပေးတတ်သည်။

တက်ရောက်ဖူး
သည့်သင်တန်းများ   -  အင်းစိန်ပြန် ဆရာကြီး ဒွာရငတက်ပြား၏ ဖောက်ထွင်းရေးသင်တန်း တောင်လုံးကျော် သိုင်းသမားကြီး၏ အတွင်းအား ပြောင်းပြန်ညှစ်ထုတ်နည်းသင်တန်း ကမ္ဘာကျော် စပိုင်ကြီး ဂျိမ်း စပြီး ပွန်း ၏ မိန်းကလေးများအား ချော့မြှူနည်းသင်တန်း စုံထောက်ကြီး ရှားလော့ဟုမ်းအလုန်း၏ ရွှံစက်ကိုကြည့်ရုံဖြင့် မည်သည့်အိုင်မှ ငါးပက်လာကြောင်းပြောနိုင်သည့် သင်တန်း
                                (ဟွန်း.. ဒါတောင် အကုန်မပြောရသေးဘူး)

ဝါသနာ                    -  မွှေရ.. ဖွရ.. သမရ.. ဆော်ရ.. တီးရ သမျှကို ၀ါသနာပါ၏

အဖွဲ့ဝင်လိုသည့်        -  ရိုးရိုးလေးပါ .. (မွှေချင်.. ဖွချင်.. သမချင်.. ဆော်ချင်.. တီးချင်လို့ပါခင်ည)
အကြောင်းအရာ

လိုချင်သည့်ရာထူး   -  ငပေါများဂေဟာ နိုင်ငံတကာ မီဒီယာတွင် အယ်ဒီတာဂျုပ်

လိုအပ်သည်များ      - (1)   အယ်ဒီတာဂျုပ်အား အကြောဆွဲပေးရန်၊ နှိပ်နယ်ပေးရန်၊ ကော်ဖီဖျော်တိုက်ရန်နှင့် ညဘက်ချမ်းလျှင် ထွေးပွေ့၍သိပ်ရန်၊ ပျင်းလျှင် အတူတူ ကဂျားပေးရန်၊ လက်လေ့ကျင့်ခန်းလုပ်လျှင် ကူညီလေ့ကျင့်ပေးရန် စက္ကတေရီ ချောချောလေး အယောက်နှစ်သိန်း (မိန်းကလေးဂျနော်..ပြီးတော့ အသက် 25 နှစ်မကျော်ရဘူး အိမ်ထောင်မရှိလည်း မရှိရဘူးနော်နော်နော်..)
                             (2)    အိုဘားမားစီးသောကား၊ မက်ဗီဒက်၏ လေယာဉ်ပျံနှင့် ဆာကိုဇီ၏ သင်္ဘောပေါင်းထားသည့် စီးတော်ယာဉ် (လောလောဆယ် နှစ်ခုပဲတောင်းဦးမယ်..ကျန်တာက နောက်မှ နောက်မှ )

ခန့်မှန်းလစာ             -  တစ်ဆွေလုံး တစ်မျိုးလုံး ချမ်းသာရုံလေးရရင် ကျေနပ်ပါပြီ..
မှတ်ချက်                - အခုလို ဂုဏ်သရေရှိ ပေါသော mr myanmarကို ဂေဟာမှ ကြိုဆိုပါတယ်။ ရာထူးနဲ့ လစာကတော့ အစည်းးဝေးခေါ်ယူကာ တွေ့ဆုံ တိုင်ပင် နှီးနှောရပါဦးမယ်။

နိုင်ငံရေး ၀န်ကြီးအတွက် လက်ဖွဲ့

လူမှုရေးတွေ ဖြစ်လာပြန်ပြီ..
ဂေဟာက လူဂD;မြင်း သားကညှာ အခါမလင့်ခင် ဆွဲလိုက်ပြန်ပြီမို့ လက်ဖွဲ့ဘို့အတွက် စဉ်းစားရပြန်ပြီ။
မမ ဂလိုစီစဉ်လိုက်တယ်..
မနေ့က ပျင်းပျင်းရှိတာနဲ့ ဆွဲအံထဲက တွေ့တဲ့ credit card လေး ယူပြီး shopping ထွက်တာ show room မှာ ဒီကားတွေ့တာနဲ့ ၀ယ်လာလိုက်တာ မဂ်လာဆောင် လက်ဖွဲ့အတွက် သိပ်မစဉ်းစားတတ်တာနဲ့ ပြီးတော့ စီးပွားရေးကာဒ်ကြောင့် အခြေအနေမကောင်းလို့ ဒီကားဘဲ လက်ဖွဲ့လိုက်တယ် ပြောလဲခံရမှာ မမ ပြီးတော့ ကပ်စေးနဲလိုက်တာလို့ ပြောလည်း ခံရမှာဘဲ။ ကိုယ်က Company အလုပ်တွေကလဲ ရှုပ် မမမှ လက်မှတ်မထိုးရင် မပြီးမဲ့ အလုပ်တွေဆိုတော့ ရှောင်လို့မရဘူးလေ။

DHL နဲ့ပို့လိုက်လည်းရပါတယ်။ ဒါမယ် နည်းနည်း သင်တန်းပေးရအုံးမယ်လေ သုံးပုံသုံးနည်း ဘယ် ဂလိုတံခါးဖွင့်ပြီး ဘယ်ဂလို စက်နှိုးရလည်းဆိုတာ ဂေဟာ က မ၈င်္လာဆောင်သွားမယ့် လူတွေအတွက် transport ကော နောက်ပြီး လက်ဖွဲ့အတွက်လည်း တစ်ခါတည်း ကိစ္စ ပြီးပြတ်သွားအောင်

ပထမ အိုးဗားမားစီးတဲ့ ကားမျိုး လက်ဖွဲ့မလား စဉ်းစားပါတယ်။ သို့သော်ငြားလည်း အနက်ရောင်ကြီးလက်ဖွဲ့ရကောင်းလားဆိုပြီး ဝေဖန်သမှုပြုခံရမှာစိုးလို့ပါ။
နောက်ပြီး . . . .
ဒီ ဒကောင့်သားက သူလုပ်တာတွေ မမ လိုက်လုပ်တယ်ဆိုပြီး မာန်တက်နေအုံးမယ်။ ကျောင်းတော်က ရန်စ တွေက ရှိနေတယ်လေ

ကဲ...သွားကြမယ်နော် ၀ါးတီး-၀ါးတီး..ကားထဲမှာ အသောက်-အစား-အအိပ် ဘာမှ ပူရဘူးနော်..
ကာရာအိုကေလည်းရတယ်..၀ါသနာပါရင် ဒန့်လို့လည်းရတယ်..
များကတော့ ရေကူးမယ်..ကေလာကတော. သူလည်း ရေစိမ်မယ်တဲ..
ဒီတစ်ခါတော..မဲ မှာမပူရတော့ဘူး။ မိုးလုံ လေလုံ...

car

ကေလာမမ