ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Saturday, December 4, 2010

ခွေးသံသရာ

တစ်နေ့သ၌ လျှောက်လုပ်ရေးဝန်ကြီး ပေါငြိမ်သည် ဂေဟာတွေင် လုပ်စရာ မရှိသည်ဖြစ်၍ အင်မတန်မှ အားယားနေသောကြောင့် ဂေဟာရှေ့လမ်းမ ထွက်ထိုင်ပြီး မျက်စိအစာကြွေးနေစဉ်သကာလ လမ်းပေါ် ဟိုမှသည် သွားလာ လှုပ်ရှားနေသော (ရှုလို့မငြီး နတ်သမီးလေးများ တွေ့သည်ဟု မထင်ပါနှင့်) ခွေးလေခွေးလွင့်၊ ခွေးစုတ်ခွေးနာ အစရှိသည့် ခွေးတကာတို့ကို မြင်တွေ့လေတော့သည်။ ထိုသည့်အခါ မရေးရလျှင် ယား၍လာသော မိမိ၏ ကလောင်လက်ကို အယားဖြေခြင်း အလို့ငှာ အောက်ပါ ခွေး တစ်လုံးတည်း ဗဟိုပြုရေးထားသော “ခွေးသံသရာ” ပဒုမ္မာကြာ ကဗျာကို ရေးသား သမှု ပြုပြီး ဂေဟာနံရံတွင် ကပ်ထားခဲ့ပါကြောင်း။



“ခွေးသံသရာ”

ခွေးစုတ်ခွေးနာ
ခွေးဝါခွေးပိန်
ခွေးမှိန်ခွေးမည်း
ခွေးမွဲခွေးအူ
ခွေးဖြူခွေးကုပ်
ခွေးပုပ်ခွေးညှီ
ခွေးချီခွေးစီ။

ခွေးနီခွေးညို
ခွေးအိုခွေးပြာ
ခွေးရာခွေးရေး
ခွေးချေးခွေးရွံ
ခွေးခွန်ခွေးဆောင်
ခွေးယောင်ခွေးစာ
ခွေးရှာခွေးလာ။

ခွေးရွာခွေးပြေး
ခွေးမွှေးခွေးတောင်
ခွေးကောင်ခွေးသား
ခွေးခါးခွေးဖက်
ခွေးလက်ခွေးကိုင်
ခွေးမှိုင်ခွေးမွဲ
ခွေးဆွဲခွေးပြဲ။

ခွေးလည်းခွေးခင်
ခွေးမြင်ခွေးဟောင်
ခွေးညောင်ခွေးကိုက်
ခွေးမိုက်ခွေးဆိုး
ခွေးမျိုးခွေးနွယ်
ခွေးလည်ခွေးရှုပ်
ခွေးယုတ်ခွေးနုပ်။

မေတ္တာဖြင့်
ပေါငြိမ်

Tuesday, October 26, 2010

ငပေါဂေဟာ သတင်းအဖြာဖြာ

ငပေါဂေဟာမှာ လက်လက်တောက် တစ်ယောက် လျှောက်လွှာတစ်စောင်နဲ့ ကဗျာတစ်ပုဒ်ရေးပြီးကတည်းက ဘာမှမရေးတော့ဘဲ ဟိုယောင်ယောင် ဒီယောင်ယောင် လုပ်နေတာကြောင့် စီနီယာငပေါများက (ဂျူနီယာငပေါမှ မရှိတာ) မျက်စောင်းထိုးနေ ကြပါပြီ။ (အမှန်ကတော့ ကျိန်ဆဲတဲ့အဆင့်ပါ ရောက်နေပါပြီ။) ဒါ့ကြောင့်မရေးမဖြစ်တစ်ပုဒ်လောက်တော့ ရေးဦးမှဆိုပြီး ငပေါဂေဟာထဲ လည်လည်ရောက်တော့... မမြင်စဖူး postတွေ ရေးထားကြတဲ့ မိုးသားနဲ့ချမ်းရဲကို တွေ့မိပါတယ်။ ကိုဟန်သစ်ငြိမ်နဲ့ဏာယကကြီးကတော့ ပေါနေကြ.. အဲလေ ရေးနေကျ ငပေါတွေပါ။

ဘာစိတ်ကူးပေါက်ပြီး crazyvilla ထဲ အလည်ရောက်လာတာလဲ မိုးသားရယ်။ မမြင်ဖူးတာကြာလှပေါ့။ (တကယ်တမ်းကို မြင်ကိုမမြင်ဖူးတာ)။ ငပေါအဖြစ်ကနေ စွန့်လွှတ်မယ်လို့ ခပ်တည်တည်ကြေညာထားတဲ့ ချမ်းရဲကလည်း ၀င်ပေါနေတော့ လက်လက်တောက်လည်း နည်းနည်းလောက်တော့ ၀င်ပေါ အဲလေ ၀င်ရေးဦးမယ်လို့ စဉ်းစားမိတယ်။

သတင်းအချက်အလက်နဲ့နည်းပညာဝန်ကြီးဖြစ်တဲ့လက်လက်တောက်က ဒီငပေါဂေဟာအတွင်းမှာ ရှိရှိသမျှငပေါတွေအကြောင်းကို အချင်းချင်းလှည့်ပတ်ပြီး အတင်းအုပ်နေကျပါ။ အခုတစ်ခါတော့ ခိုင်လုံတဲ့ငပေါရပ်ကွက်မှ ရရှိတဲ့ ငပေါသတင်းများကို ကြေညာသွားမှာဖြစ်ပါတယ်။

IT ၀ံဂျီးလက်အောက်မှာရှိတဲ့ MRTV 25 နဲ့ MRTV 420 တို့မှ တိုက်ရိုက်ထုတ်လွှင့်မှာဖြစ်ပါတယ်။ ဒီရုပ်သံလိုင်းနှစ်လိုင်းဟာ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာ တင်သာမက စကြာဝဠာအတွင်းပါ တိုက်ရိုက်ဖမ်းယူကြည့်ရှုနိုင်တဲ့ လိုင်းတွေဖြစ်ပါတယ်။ အခုဆိုရင် ငပေါဂေဟာဌာနချူပ်အတွင်းမှာ တည်ရှိတဲ့ MRTV 25 နဲ့ MRTV 420 တို့ရဲ့ Programming room တွင် နောက်ဆုံးပေါ် Cameraများ ၊ အသံဖမ်းယူမှုများ ပြုလုပ်နေကြပါသည်။ တစ်ချိန်တည်းမှာပဲ နိုင်ငံအသီးသီးမှာရှိတဲ့ ငပေါတွေကလည်း TVများ ရှေ့မှာ ၀ါးရင်းတုတ်ကိုယ်စီနဲ့ (မကျေနပ်ရင် TV ရိုက်ခွဲဖို့နဲ့ လက်လက်တောက်ကို လာဆော်ဖို့) အသင့်အနေအထားနေရာယူထားကြပါသည်။

"မင်္ဂလာပါရှင် အခုချိန်ကစပြီး ငပေါဂေဟာသတင်းအဖြာဖြာအစီအစဉ်ကို စတင် တင်ဆက်သွားမှာဖြစ်ပါတယ်။သတင်းကြေညာရာမှာ နိုင်ငံတကာ ငပေါများသတင်းနဲ့ ပြည်တွင်းငပေါများ သတင်းဆိုပြီး အပိုင်းနှစ်ပိုင်းခွဲပြီး ကြေညာမှာဖြစ်ပါတယ်။

အခုချိန်ကစပြီး ပြည်တွင်းငပေါသတင်းများကို ကြေညာပါမယ်ရှင်။

Crazyvilla ၏ သဘာငတိဖြစ်သူ ဖိုးဂျယ်သည် သင်္ဃန်းကျွန်းမြို့နယ်တွင်ရှိသော ဘုန်းကြီးကျောင်း တစ်ကျောင်း၏ ဟင်းပေါင်းအစွမ်းဖြင့် နှစ်ပေါင်ခန့် ကိုယ်အလေးချိန်တက်လာကြောင်း၊ သို့သော် H5N1 ဟုထင်ရသော ရောဂါတစ်မျိုးကို ယခုအခါခံစားနေရကြောင်း ကောလဟာလ သတင်းများ ထွက်ပေါ်လာသည်။ ထို့ကြောင့် ငပေါဂေဟာဌာနချူပ်မှ ဖဲထုပ်စပွန်ဆာ ပေးမည်ဖြစ်ကာ ကာစီနိုမမ ကိုယ်တိုင် ဒိုင်ကိုင်မည်ဖြစ်ကြောင်း လှိုက်လှိုက်လှဲလှဲ ၀မ်းမြောက်ဝမ်းသာ ကြေညာလိုက်ပါသည်။

ဖခမည်းတော်၏ မိန့်မှာချက်များအရ ချမ်းရဲသည် အလွန်ကြီးကျယ်မြင့်မြတ် ကျက်သရေရှိလှသော ငပေါဘ၀ကိုစွန့်လွှတ်ပြီး မိန်းမယူကာ မိန်းမလုပ်စာ ထိုင်စားမည်ဟု IT ၀ံဂျီးအား online တွင် ပြောကြားသွားသော်လည်း ယခုအခါ crazyvilla တွင် Post အသစ်တင်သဖြင့် ငပေါအပေါင်းက ဝေခွဲမရဖြစ်နေကြကြောင်း သတင်းရရှိပါသည်။

ပြည်တွင်းသို့ ပြန်လည်ရောက်ရှိနေသော ဗီလိန်သည် ကမ္ဘာ့ဖလားဘောလုံးပွဲကြောင့် ပွပေါက်တိုးသွားသဖြင့် "This time for africa" သီချင်းဖြင့် Shakia ကဲ့သို့ ခဏခဏ အပျော်လွန်ပြီး ကနေကြောင်း ဖြစ်နိုင်လျှင် ထိုကမ္ဘာ့ဖလားဘောလုံးပွဲကို တစ်နှစ်တစ်ကြိမ် လုပ်စေချင်ကြောင်း MRTV 420 သို့ပြောကြားသွားသည်။ ထို့ပြင်ငပေါဂေဟာနှစ်ပတ်လည် ညီလာခံတွင် Waka Waka သီချင်းဖြင့် Shakia ကဲ့သို့ လှုပ်ပြမည်ဟု သတင်းများ ထွက်ပေါ်နေသည့်အတွက် ငပေါအပေါင်းမှ စိုးရိမ်ထိတ်လန့်နေကြကြောင်း အန္တရာယ် မိုးလေ၀သ သတင်းတစ်ရပ်အနေဖြင့် တင်ပြအပ်ပါသည်။

ငပေါဂေဟာ ဏာယကကြီးဖြစ်သူကို တစ်ခါမှ မမြင်ဖူးသော လက်လက်တောက်ခမျာ စီနီယာငပေါများ၏ မိန့်ကြားချက်အရ အသံကျယ်ကျယ်ဖြင့် လက်သီးလက်မောင်းတန်းနေသော ရုပ်ဆိုးဆိုးသူများကို မြင်တိုင်း ဏာယကကြီးပေလောဟု လိုက်ကြည့်မိကာ ဝေခွဲမရ ဖြစ်နေကြောင်း ဖော်ပြအပ်ပါသည်။

ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ပေါညီသည် ယခုဖြေဆိုရမည့်စာမေးပွဲတွင် IT ၀ံဂျီး၏ နည်းပညာအကူအညီများဖြင့် ခိုးချကူးယူ ရေးသားသွားမည်ဖြစ်ကြောင်း အခန်းစောင့် ဆရာမများအား သူကူးရေးသည်ကိုဖမ်းပါက အိမ်ရှေ့လာပြီး ဗြောက်အိုးဖောက်မည်ဟု စစ်ကြေညာထားကြောင်း မီဒီယာများသို့ အသိပေးပြောကြားသွားပါသည်။

အလားတူပင် အမှုရှောင်နန်းညီသည် အဲယားကွန်း ခန်းထဲတွင် ချောင်းဆိုးကာ တုပ်ကွေးဖြန့်သည်ဟု ကောလဟာလများ ထွက်ပေါ်နေခြင်းအပေါ် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်လေသည်။ သူသည် ဒီဖြစ်ရပ်ကို မတော်တဆ တမင်သက်သက် တိုက်ဆိုင်ကာ လုပ်ဆောင်ခဲ့ခြင်း မဟုတ်ပါကြောင်း၊ သို့ရာတွင် အေးအတူ ပူအမျှဟူသော စိတ်ဓါတ်ဖြင့် ထိုသို့မျှဝေခဲ့ခြင်းဖြစ်ကြောင်း၊ ဖြစ်နိုင်လျှင် online တွင်ပါ ဝေငှပေးလိုကြောင်း မီဒီယာများသို့ အသိပေးပြောကြားသွားသည်။

ယခုအချိန်မှစပြီး နိုင်ငံတကာငပေါသတင်းများကို စတင်ကြေညာပေးမှာဖြစ်ပါတယ်ရှင်။

ပြည်ပက ကာစီနိုမမသည် ငပေါတစ်ချို့အပြိုင်အဆိုင် ဘောင်းဘီချွတ်နေကြသော်လည်း မမကတော့ ဘယ်တော့မှ မချွတ်နိုင်ဟု ဖော်ပြ အဲလေ တင်ပြ (ပိုဆိုးကုန်ပြီ) ပြောကြားသွားပါသည်။ ထို့ကြောင့် ငပေါများမှ ၀မ်းသွားပါကြောင်း (မှားတွားရို့) ၀မ်းနည်းပါကြောင်း ပြောကြားလေသည်။

အသင်းသားဂျူပ်ဖြစ်သော မမခေါင်သည် ယခုအခါ လေယာဉ်စပယ်ယာအဖြစ် လုပ်ကိုင်လျက်ရှိရာ အဆင်ပြေလျက်ရှိကြောင်း၊ ယခုသီတင်းကျွတ်တွင် စီနီယာငပေါများအား လေယာဉ်တစ်စီးစီး ကန်တော့မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။ ဌက္ကဋ္ဌ၊ ဏာယကကြီး၊ တွင်း(၁)၊ တွင်း(၂) နှင့် သဘာငတိတို့မှာ သီတင်းကျွတ်အား စောင့်မျှော်နေကြောင်း ခိုင်လုံသော သတင်းရပ်ကွက်မှ ကြားသိရပါသည်။

နောက်ဆုံးသတင်းအနေဖြင့် ငပေါဂေဟာ၏ ရှိရှိသမျှအတင်းအဖျင်းတွေကို ကြေညာသွားသော လက်လက်တောက်သည် စီနီယာငပေါများ၏ ၀ိုင်းသမမှုကိုကြောက်လန့်သောကြောင့် ဒီအစီအစဉ်ပြီးဆုံးသည်နှင့် လစ်ပြေးသွားပြီဖြစ်ကြောင်း ကြေညာအပ်ပါသည်ရှင့်။


သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီး
လက်လက်တောက်

Friday, October 8, 2010

ငပေါဂေဟာ ၂ နှစ်ပတ်လည် အခမ်းအနား


ပဏာမအစည်းအဝေး


နေရာ။ ။ ငပေါဂေဟာ
အချိန်။ ။ ညီအကို မသိတသိအချိန်
အကြောင်းအရာ။ ။ ငပေါများဂေဟာ ၂ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား
တက်ရောက်သူများ။ ။ ငပေါများ
အစည်းအဝေး မှတ်တမ်းယူသူ။ ပေါငြိမ်


ပျံဝံ။ ။ အားလုံးပဲ မင်္ဂလာပါခင်ညာ။ ကျွန်တော်တို့ရဲ့ ငပေါများ ဂေဟာဟာ ဆိုရင်ဖြင့် အခုဆိုရင် အသာဖယ်ထားလို့ မရတဲ့ နှစ်ခါလည်သားလေး ဘဝကို ရောက်ရှိလို့ လာတာ လူချီးမြင်းများ အားလုံး အသိပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ကျွန်တော်တို့ရဲ့ ငပေါများဂေဟာကြီးဟာ အခုဆိုရင် ပေါခြင်းတွေတိုးပွားလို့ ငပေါသတင်း ငပေါချင်းဆောင်လို့ သိပ်မကြာသေးခင်က အကယ်ဒမီဆုကြီးကိုတောင် ထိုက်ထိုက်တန်တန် ဆွတ်ခူးခဲ့တာ အားလုံးအသိပဲ ဖြစ်ပါတယ်။

တက်ရောက်လာသူများ။ ။ သိရင်လည်း ဘာလို့ ထပ်ပြောနေတာလဲ။ အချိန်ကုန်တယ်ကွာ။

နာယကဂျီး။ ။ အားလုံးတိတ်စမ်း... !!!!

ဝေ... ဝူ...

နာယကဂျီးအော်သံအဆုံးမှာပဲ ပေါင်ချိန်ကားထဲကလို “ဝေ... ဝူ...” အသံကြီးထွက်လာပြီး အားလုံးတိတ်သွားသည်။

ပျံဝံ။ ။ ဟုတ်ကဲ့ပါ အားလုံးသိကြသလိုပါပဲ။ ဒါကြောင့်ပဲ ခု ဆိုရင် ၂ နှစ်ပြည့်လာပြီ ဖြစ်တဲ့ ငပေါများ ဂေဟာအတွက် အခမ်းအနားတစ်ခု စည်ကားသိုက်မြိုက်စွာ ကျင်းပဖို့အတွက် အခုလို အစည်းအဝေးဖိတ်ခေါ်ရခြင်း ဖြစ်ပါတယ်။ ဖိတ်စာထဲမှာလည်း ပါတော့ အားလုံးလည်း သိပြီး ဖြစ်မှာပါ။ ဒါကြောင့် အခုလို အစည်းအဝေးကြီးမှာ...

တက်ရောက်လာသူများ။ ။ ဟာ... တယ်လေရှည်တဲ့ ပျံဝံပဲ... ပြောစရာမရှိလည်း ဆင်းကွာ၊

တက်ရောက်လာသူများ။ ။ အေး... ဟုတ်တယ်။ အက်ကြောင်းထပ် ဓာတ်ပြားဖွင့်မနေနဲ့၊ ဆင်းဆင်း...

ဆင်းကွ၊ ဆင်းကွ၊ ပျံဝံ ဆင်းကွ။။။

နာယကဂျီး။ ။ အားလုံးတိတ်စမ်း... !!!!

ဝေ... ဝူ...

နာယကဂျီး။ ။ ပျံဝံ... နင်ဆင်းခဲ့တော့။ အလုပ်မဖြစ်ဘူး။ ငါတက်ပြောမယ်။

ဒီလိုနဲ့ တိုက်ပုံကြီးတကားကားနဲ့ ပျံဝံလည်း ဟန်လုပ်ချိန်မရဘဲ ဆင်းလာရတော့တယ်။ နာယကဂျီးက စင်ပေါ်တက်ခါနီး သူ့ခေါင်းကို ဒေါက်ခဲနဲ လှမ်းခေါက်ပြီး တက်သွားသည်။

နာယကဂျီး။ ။ ငပေါများအားလုံး မင်္ဂလာပါ။

တက်ရောက်လာသူများ။ ။ မကလာပင်...

နာယကဂျီး။ ။ အခုလို အဝေးအစည်းမဟုတ်ဘဲ အစည်းအဝေးဖြစ်အောင် စုံညီစွာနဲ့ တက်ရောက်လာတဲ့ ငပေါများအားလုံးကို ကျေးဇူးအထူး တင်ပါတယ်။ ဒီနှစ် အခမ်းအနားကို ခမ်းနား၊ ဆန်းပြားသွားအောင်... ဝမ်းသွား... အဲ… သီးခံပါရှင်။ ခမ်းခမ်းနားနား ဖြစ်အောင် ပြဇာတ်ကရင် ကောင်းမယ်လို့ စဉ်းစားမိပါတယ်။ ဘယ်လိုများ သဘောရကြပါသလဲ။

တက်ရောက်လာသူများ။ ။ ကောင်းပါတယ်၊ ကောင်းပါတယ်။ ထောက်ခံပါတယ်၊ ခေါက်တံပါတယ်။။။

နာယကဂျီး။ ။ ခုလို အားလုံးသဘောတူတဲ့အတွက် ပြဇာတ်ကဖို့ စဉ်းစားကြပါမယ်။ ပြဇာတ်အတွက် ဇာတ်လမ်း၊ ဇာတ်အိမ်တွေကို အားလုံးက တာဝန်ယူပြီး ကိုယ်နိုင်ရာကဏ္ဍကနေ တာဝန်ယူကြပါလို့ ဆိုချင်ပါတယ်။

ပေါငြိမ်။ ။ ရေးတာက ဟုတ်ပါပြီ။ ဘယ်လို ကကြမှာလဲ ဇာတ်လမ်းက ဘာအကြောင်း ရေးရမှာလဲဗျ။

နာယကဂျီး။ ။ အကြောင်းအရာက ဒီလိုပါ။ ခုဆို ငပေါဂေဟာ ၂ နှစ်ပြည့်ပြီဆိုတော့ ငပေါဂေဟာရဲ့ သမိုင်းကို ပြဇာတ်ကရမှာပေါ့...။

ပေါငြိမ်။ ။ သမိုင်း... ဟုတ်လား၊ သမိုင်းဆိုရင် ပျင်းစရာကြီးပေါ့ ပြီးတော့ ဘယ်လိုမျိုး ဇာတ်အိမ်တွေ၊ ဖရိန်တွေချမှာလဲဗျ။ ခုခေတ်က အက်ရှင်တို့၊ ရိုမန်းတစ်တို့၊ ဒါမှမဟုတ် ဟော်ရာ ဆိုလည်း မဆိုးသေးပါဘူးဗျာ။

နာယကဂျီး။ ။ တယ်။ ငပေါဖြစ်ပြီး ဒုံးဝေးလိုက်တာ။ တို့ငပေါတွေကိုပဲ အချာပင် မှတ်နေလား ပေါငြိမ်။ ဘယ်လို လုပ် တက္ကသိုလ် ဝင်တန်းအောင်ခဲ့တာလဲကွယ်၊ သမိုင်းဆိုတာ မေ့ထားအပ်တဲ့ အရာဟုတ်ဘူးလေ။

ပေါငြိမ်။ ။ သိဘူးဗျာ။ ကျုပ်တို့က သင်ချင်လို့ သင်ခဲ့ရတာမဟုတ်ဘူး။ သိပ်လည်း စိတ်ပါတာ မဟုတ်ဘူး။

နာယကဂျီး။ ။ ကဲကဲ။။။ မသိတော့လည်း ပြောပြရမှာပေါ့... အားလုံးသေချာနားထောင်ကြ... ခုပြောသွားတဲ့ ဇာတ်လမ်း ဖရိန်ကို အခြေခံပြီး ကကြတာပေါ့ကွယ်။ အဲ တစ်ခုတော့ ပြောမယ်။ နာယကဂျီးရေးတဲ့ သမိုင်းလို့တော့ မမှတ်ပါနဲ့။ သမိုင်းလို့ပဲ မှတ်ပါ။

ပေါငြိမ်။ ။ ဟုတ်ပါပြီ။ သူလုပ်ချင်ရာ လုပ်ပြီးမှ ခေါင်းရှောင်ဦးမယ်ပေါ့...။

နာယကဂျီး။ ။ ကဲ... ကဲ၊ သေချာနားထောင်ကြ ကလေးတို့... အဲ... ငပေါတို့။ တို့ ငပေါတွေဟာ အချာပင်တွေ ဟုတ်ဘူးကွဲ့၊ မျိုးနဲ့ရိုးနဲ့၊ ငပေါဇာတိနဲ့ လာခဲ့တဲ့ သူတွေပေါ့။ တို့ငပေါ ဘိုးဘွားတွေဟာ ပေါချစ်စိတ်ဓာတ် ထက်သန်စွာနဲ့ ကိုယ်ပိုင် ငပေါမှု၊ ကိုယ်ပိုင်ငပေါရာတွေကို ထိန်းသိမ်းခဲ့ကြတယ်လေ။

ဒီလို ကိုယ့်ပေါကိုယ့်လမ်းနဲ့ အုပ်ချုပ်နေတဲ့တို့ ဂေဟာကို နယ်ချဲ့ လူတည်တွေက ကျူးကျော်ဝင်ရောက် လာခဲ့တယ်လေ။ သူ့ကျွန်ဘဝအောက်မှာ သူ့ဆန်စားလို့ သူ့စပါလုံးကောက်ပေးခဲ့ရတဲ့ ဘဝကို ဖြတ်သန်းခဲ့ရတယ်လေ။ ငပေါစာပေ၊ ပေါမှု၊ ပေါရာတွေကိုလည်း သင်ကြားခွင့် ကောင်းကောင်း မရခဲ့ကြဘူးပေါ့ကွယ်။

ဒီလို လူတည်တွေရဲ့ ကျွန်သဘောက် ဘဝအောက်မှ နေရတာကို နည်းနည်းမှ မနှစ်မြို့တဲ့ ပေါချစ်စိတ်ဓာတ် ပြင်းထန်တဲ့ တို့ ငပေါဘိုးဘွားတွေဟာ အဲဒီလူတည်တွေကို လက်နက်တွေ၊ လက်ဖြူတွေ ကိုင်ပြီး တော်လှန်ခဲ့ကြတယ်လေ။ ဒီလိုနဲ့ ပေါသွပ်ရေးကြီးကို ရရှိပြီး တို့ ငပေါဂေဟာကြီး ဆိုပြီး ဖြစ်တည်လာတာပေါ့။

သဘာငတိ။ ။ ဟုတ်ပါပြီလေ။ အဲဒီတော့ ကျွန်တော်တို့က ဘယ်လို ကရမှာလဲ။ အဲဒီလို ပေါတောတော သမိုင်းကြီးကို...

နာယကဂျီး။ ။ တယ်၊ တယ်ခက်တာပဲ။ ခုနက ပြောပြတာက အကြမ်းဖျင်းလေ၊ ခြုံပြီး ကြည့်မယ်ဆိုရင် ပြဇာတ်ကို ၃ ပိုင်းခွဲပြီး ကလို့ ရမယ်။

  • ကိုယ့်ပေါကိုယ့်လမ်းနဲ့ အုပ်ချုပ်ခဲ့တဲ့ ကာလရယ်
  • လူတည်တွေရဲ့ သူ့ကျွန်ဘဝအောက်မှာ နေရတဲ့ ဘဝရယ်
  • ပေါသွပ်ရေးကြီး ရရှိတဲ့ ကာလဆိုပြီး သုံးခုပေါ့။

အဲဒီ သုံးပိုင်းမှာမှ ခုနက ပေါငြိမ် ပြောသွားသလို... အက်ရှင်တွေ၊ ရိုမန်းတစ်တွေ၊ ဟော်ရာတွေ လုပ်ကြတာပေါ့လေ။။။

ပေါညီ။ ။ ဟော်ရာဆိုတော့ ဟိုဟာ၊ ဒီဟာ ဖြတ်တာတွေ ပါမှာပေါ့နော်၊ ညီက ကြောက်တတ်လို့ပါ။

ပေါဂျယ်။ ။ ဟ၊ ရိုက်မှတော့ သဏ္ဍာန်လုပ် သရုပ်တူရတော့မှာပေါ့။

ပေါညီ။ ။ ဘြား၊ ဘြား... ဒါဆိုရင် ပေါညီကို သရဲပေးလုပ်...

ပေါဂျယ်။ ။ အောင်မယ်၊ တော်တော် တရားတယ်၊ ရမလား၊ ဇာတ်လမ်းအရ ကျရာနေရာ နင်ကရမှာပေါ့။ ပြီးတော့... သရဲဖြစ်ချင်ရင် ကားတိုက်ခံရတဲ့ အခန်းတို့၊ ဆယ်ထပ်တိုက်ပေါ်က ခုန်ချတာတို့ နင်အရင် လုပ်ရမှာလေ... လုပ်မှာလား။

နာယကဂျီး။ ။ ကဲ၊ ကဲ။။။ တော်ကြပါလေ။။ ပေါငြိမ်မေးတဲ့ ဇာတ်လမ်း ဖရိန်ကို ရပြီလေ...။ ဒီတော့ ဘယ်သူတွေက မင်းသားလုပ်ကြမယ်။ ဘယ်သူတွေက မင်းသမီး လုပ်မယ်၊ ပြီးတော့ ကင်မရာမန်းတွေ၊ ဗီဒီယို မှတ်တမ်းတင်မယ့် သူတွေက ဘယ်သူတွေ လုပ်ကြမှာလဲ။ ဇာတ်ရံတွေ၊ ဇာတ်ပို့တွေ၊ ဇာတ်ခေါင်းတော့ ကွဲလို့ မဖြစ်ချေဘူး။ ဝိုင်းစဉ်းစားကြဦးလေ။။။

ဗီလိန်။ ။ ဟာ... ဒါကတော့ ဇာတ်လမ်းရေးပြီးမှပဲ ပုံပေါ်တော့မှာပေါ့ဗျ။

နာယကဂျီး။ ။ ဒါဆိုရင်လည်း လုပ်ကြ၊ ဇာတ်လမ်းကို အမြန်ရေးကြ၊ မနက်ဖြန်၊ သန်ဘက်ခါ အမြန်ဆုံး ဂေဟာမှာ လာတင်ကြ ဒါပဲ။ ရေဗူးပေါက်တာ မလိုချင်ဘူး။ အဲဒီဗူးထဲ အရက်ပါလာတာပဲ လိုချင်တယ်။ ဒါပဲ။

ဝေ... ဝူ...


ပြောပြီးတာနဲ့ နာယကဂျီးမှာ ချက်ချင်းပဲ အစည်းအဝေးခန်းမမှ ပြန်လည်ထွက်ခွာသွားလေသည်။ ထိုအချိန်မှာပဲ ပျံဝံက စင်ပေါ်သို့ ပြန်တက်လာလေသည်။

ပျံဝံ။ ။ အခုလို... နာယကဂျီးရဲ့ အကြံပြု ပြောကြားချက် အပြီးမှာ ကျွန်တော်က... အဲ...

နာယကဂျီး ထွက်သွားပြီ ဖြစ်သဖြင့် ကျန်ရှိနေသော ဝံကြီးများ အဖွဲ့သားများလည်း အလျှိုလျှိုဖြင့် ကြက်ပျောက်ငှက်ပျောက် လစ်ပြေးကုန်ကြရာ စင်ပေါ်တွင် ပျံဝံတစ်ဦးတည်းသား ငေါင်တောင်တောင် ကျန်ရှိတော့သဖြင့် ငပေါဂေဟာ ၂နှစ်ပတ်လည် ပဏာမအစည်းအဝေးကြီးကို လူမသိ၊ သူမသိ တိတ်ဆိတ်စွာ ပိတ်သိမ်း လိုက်ရပါတော့သည်။

လျှောက်လုပ်ရေးဝန်ကြီး
ပေါငြိမ်။

Wednesday, October 6, 2010

အပြစ်မမြင်

တေးရေး - ဗီဗီ/ တေးဆို - ဝိုင်းထုဘိုင်သိမ်း

ဖဲဝိုင်း ဘေးနားမှာ နေတဲ့ ခဏ

သောက်လိုက် မူးလိုက်နဲ့ တို့ငပေါများနဲ့

ရင်းထားတဲ့ လက်စွပ်ကလေးတွေ အခိုးငွေ့ဖြစ်ကာရယ်

ကင်းကုလားတွေ တန်းကာ စီကျတယ်

မနေ့က မင်းသတင်းတွေ တို့ကြားလည်း

အမြဲတမ်း ဆနဲ့ကွယ် ဒိုင်စားသွားခဲ့တယ်

အားလုံးက စိုးရိမ်စိတ်နဲ့ သတိပေးကြပေမယ့်

ဖဲတက်မယ် ရင်မှာ ယုံထားမယ်

CHO:

အပြစ်မမြင်ပါဘူး ပေါချင်တာပဲသိတဲ့နောက်

ရိုက်သမျှဟာ အရှုံးပဲပေါ့

ငပေါဂေဟာနဲ့ ခွဲခွာဖို့/နေဖို့လည်း မရဲပါဘူး

ရှုံးလည်းလေ အမြဲမရှူံးဘူးကွယ်/ရှူံးတော့ကွယ်

ဖဲက သိပ်ခက်တဲ့ အရာလေးပဲ

ကိုးမီး ရှိုးဝိုင်းနဲ့ ဘူကြီးလည်းရှိတယ်

ပိုကာဝိုင်းများစွာထဲမှာ အုန်းသီးလည်း ခွဲပါတယ်

ဘလက်ဂျက်လည်း ရှူံးပြန်ပြီပေါ့ကွယ်

ရေးသူ - တွင်း ၁ (မှတ်ချက် - ဖဲဝိုင်းက အပြန် စိတ်ကူးသန်၍ ဤသီချင်းလေးကို ရေးလိုက်သည်။ တင်သူ - နာယက (မှတ်ချက် - ဘယ်သူ့မှ ခိုင်းမရသဖြင့် ကိုယ့်ကိုယ်ကိုယ် ပြန်ခိုင်းလိုက်သည် :P)

Saturday, October 2, 2010

ပေါဿန (ဝါ) ပေါလော်ဆော်ဖီများ

သီတင်းကျွတ်အမီ ဂေဟာ ရန်ဘုံးငွေ ရှာရန် အလို့ငှာ နံရံကပ် ပေါဆောင်ပုဒ်များကို စေတနာရှေ့ထား ဖြန့်ချိလိုက်ရပါသည်။ (မှတ်ချက်။ ။ Buy one get one free စနစ်ဖြင့် တစ်ခုဝယ်ယူသူတိုင်းအား တစ်ခု လက်ဆောင်ပေးပါသည်။)

လျှောက်လုပ်ရေးဝန်ကြီး
ပေါငြိမ်။

==========================================









(ငပေါများ ညီလာခံ ၂၀၀၈ တွင် အတည်ပြုပြီးသား)




(ခွက်စောင်း = ခွက်ပုန်း + မျက်စောင်း)

(ကိုယ့်ကိုယ်ကို ပေါနေမှန်း၊ ရူးနေမှန်း သေချာကွဲပြား မသိသူများ ဒီဆောင်ပုဒ် အိမ်တွင် ချိတ်သင့်သည်။)






Friday, October 1, 2010

ငပေါဂေဟာ နှစ်ပတ်လည် အခန်းအနားတော်ဂျီး

  • အခမ်းအနားမှူးအဖြစ် = ပျံဝံ
  • မိန့်ခွန်းပြောကြားသူ = နာယကကြီး
  • တက်ရောက်လာသော တစ်ဦးတည်းသောဧည့်သည်= ဥက္ကဌ အန်ဒီ


“ပေါနှစ်ပတ်လည်အခမ်းအနား” အဖြစ် ရန်ကုန်မြို့ စီဒိုးနားဟော်တယ်တွင် ခမ်းနားစွာ ကျင်းပသည်။


“ပရိသတ်များ အားလုံးပေါင်း ၃ယောက်တိတိ ခုလို စုံစုံလင်လင် ရှိတဲ့အချိန်မှာ နာယကကြီးမှ ငပေါဂေဟာနှစ်ပတ်လည် အခမ်းအနား မိန့်ခွန်းပြောကြားပေးမှာဖြစ်ပါတယ်”

စင်ပေါ်တွင် ပေါတီးဝိုင်းများ ဘင်ခရာတီးဝိုင်းများဖြင့် အစုံအလင်ရှိပြီးဖြစ်သည်။


“ဂုဏ်သရေရှိ လူကြီးမိဘအပေါင်း၊ ပေါဝန်ထမ်း ညီကိုမောင်နှမများနှင့် ဧည့်သည်တော်အပေါင်း ခင်ဗျာ
ပေါနာရက မှ မိန့်ခွန်းပေါကြားမှာဖြစ်ပါ၍ တစ်ခြမ်းလောက် နေရာယူပြေးကြပါရန် လေးစားစွာ ပန်ကြားအပ်ပါတယ်ခင်ဗျာ”


“ဖြောင်း ဖြောင်း ဖြောင်း”

ဥက္ကဌမှ လွတ်နေသော ဖျာပေါ်တွင်သွားထိုင် လိုက်ပြီး လက်ခုပ်တီးသည်။


“အဲ.. နာယကကြီးက ကေတီဗီမှာ ညကအသကုန်ဟဲထားသောကြောင့် အသံမထွက်ဖြစ်နေပါတယ်တဲ့

ခြေဟန်လက်ဟန်ဖြင့် ပြောကြားနေပါပြီ။ ကျွန်တော်ပဲ သူဘာဆိုလိုလဲ ပြောပြပေးပါ့မယ်”

“အားလုံးကို မင်္ဂလာပါတဲ့”

“အဲအဲ.. ပြောနေပြီခင်ဗျ ခြေကားယား လက်ကားယားနဲ့ ကိုယ်ကိုလှည့်တယ်ခင်ဗျ။ အော်..ဆိုလိုတာက ဒီနေ့ဟာဆိုရင် ပေါဂေဟာရဲ့ နှစ်ပတ်လည်ဖြစ်တဲ့အတွက် အားလုံး ကိုယ်ခန္ဒာကို နှစ်ပတ်လည်ပြီး ဂုဏ်ပြုပါတဲ့ ပထမဆုံး အနေနဲ့”


“ဒုံ ချမ်း ချမ်း ဒုံ ပီးပေါ်ပီးပေါ်”


“ရပါပြီတဲ့..ဟုတ်..သူက ပြောနေပါတယ် ခြေဟန်လက်ဟန်နဲ့…

ပေါဘော်တို့.. ပေါဘော်တို့ဟာ ပေါဘော်တို့ပဲဖြစ်တယ်.. ဘာလို့လဲဆိုရင် ပေါဘော်တို့ဟာ ပေါဂေဟာအတွက် စွမ်းစွမ်းတမန်ပေါခဲ့ကြလို့ပဲဖြစ်တယ်.. ဒါဟာလည်း ပေါဦးတည်ချက် ၄ရပ်ကို တစိုက်မတ်မတ် ခံယူကျင့်သုံးခဲ့လို့ဖြစ်တယ်.. ဖြစ်တယ်…. ဖြစ်တယ်…။

ငပေါပြည်သူ လက်တွဲကူ လူတည်မှန်သမျှချေမှုန်းကြ ဆိုတဲ့ ဆောင်ပုဒ်အတိုင်း လူတည်တွေကို ကိုက်ဖြတ်..အဲ တိုက်ဖျက်ရပါမယ်.. ဂေဟာတစ်ခုတည်ဆောက်ရာမှာ အုတ်တစ်ချပ် သဲတစ်ပွင့်ကို ရရင်ရသလို ငပေါကွက်နင်းပြီး ဘုန်းတတ်ရပါမယ်တဲ့…”


“ဟော… နာယကကြီး မျက်နှာ မသာမယာနဲ့ ထမိန်ကိုချွတ်ပြီး ခြုံနေပြန်ပြီ”


“သူပြောချင်တာက.. ဘာလဲတော့သိဘူးပေါ့လေ.. ဟို……

ငပေါတွေကို အားမရဘူးတဲ့.. ဒီပုံစံအတိုင်းဆိုရင် ဂေဟာလဲ ချွတ်ချွတ်ခြုံမွဲတော့မယ်တဲ့”


“ဆက်ပြောတယ်ခင်ဗျ… မကြာခင်ရွေးကောက်ပွဲကနီးလာပါပြီတဲ့

ဟော… ချွတ်လိုက်ပြန်ပြီ တကိုယ်လုံး..

ရွေးကောက်ပွဲကို ယူနီဖောင်ချွတ်ပြီး သူကိုယ်တိုင်ဝင်ပြိုင်မယ်လို့ ဆိုလိုတာ ခင်ဗျ”


“အဲ.. ဥက္ကဌရဲ့ ဘယ်နေရာကို လက်ညှိုးထိုးနေလဲသိဘူးဗျ”

“အော်… သူက ပြွန်တန်ဆာကနေ ကိုယ်စားလှယ်လောင်အနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်မှာတဲ့”


“ဟာ အဲဒီနေရာကိုပဲ ထပ်ပြီး ချောင်းကြည့်နေတယ်ခင်ဗျ….”

“အော်…ဆိုလိုတာက ဂွေးချောင်းရေအားလျှပ်စစ်စီမံကိန်းကို အကောင်ထည်ဖော်ဆောင်ရွက်ပြီး လက်စသတ်နေပြီတဲ့”


“အိ.. နာယကကြီး အီ အီးထိုင်ပါနေပါလား..ဘာပြောချင်တာတုန်း..
ဟာ အီးတွေပါ ကောက်ကိုင်နေပြန်ပြီ”

“သိပါပြီ… သူက ပြည်သူတွေကို ပိုက်ဆံတွေလည်း ချေးပေးမယ်လို့ပြောတာပါ”

“ဟား လုပ်ပြန်ပြီ.. စတိတ်စင်ကြီးကိုပါ မီးရှို့နေပြန်ပြီ..ဟာ လုပ်ကြအုံး”

“သူပြောချင်တာက သူအနိုင်ရရင် မီးမှန်မှန်လောင်အောင်..အဲ မှန်မှန်လာအောင် ကူညီမယ်လို့ပြောတာဗျ.. ဒါကြောင့် မဲထည့်ပါတဲ့”


“မီးလည်း အတော်လောင်နေပြီဖြစ်ပါသောကြောင့်.. အခမ်းအနားကို အောင်မြင်စွာနိဂုံးချုပ်လိုက်ရပါတယ်..”

“ပြေးကြဟေ့!!!”


--
.....
ချမ်းရဲ

Thursday, September 30, 2010

ငပေါတွေ ပါတီထောင်မယ်

ငပေါတွေ ပါတီထောင်မယ်တဲ့

ငပေါတွေ ပါတီထောင်မယ်တဲ့ သတင်းထူးတွေ သတင်းထူးတွေ

သတင်းထူးတွေ ပါတယ် သတင်းထူးတွေပါတယ် ငပေါတွေ ပါတီထောင်မယ်တဲ့

ငပေါတွေ ပါတီထောင်မယ်တဲ့


ပါတီထောင်ရတဲ့ အကြောင်းကို သဘာပတိမှ သတင်းစာ ရှင်းလင်းပွဲတွင် အတည်အလင်း ပြောကြားပြီ။

ကျွန်ုပ်တို့ကို လူတည်တွေက တသက်မှာ တခါရခဲတဲ့ အမတ်ရာထူးကို ငပေါက လူတွေ ရခွင့် မရှိရှာပါဘူးဟု စောင်းမြောင်း ပြောကြားတာက တချက် ၊ ကျွန်ုပ် ကိုယ်တိုင်လဲ အမတ်လောင်း ဖြစ်ချင်တာက တချက် (ဒါကတော့ ပိုတာပါ့ )၊ ပြည်သူပြည်သားတွေရဲ့ လိုအပ်ချက်ကို စွမ်းစွမ်းတမံ ဖြည့်စည်းပေးချင်တာက တချက် (ရုပ်တည်နဲ့ လိမ်ရတာပေါ့ )စတဲ့ အချက်တွေနဲ့ ပါတီထောင်ရခြင်း ဖြစ်တယ်လို့ သဘာပတိမှ ပြောကြားလိုက်ပြီ ။

သဘာပတိက မိန့်ခွန်းတွင် ငပေါပါတီအနေနဲ့ အမတ်ဖြစ်ချင်တဲ့ သူတွေ စာရင်းပေးသင့်ကြောင်းနှင့် ဘယ်လို မဲဆွယ် စည်းရုံးမလဲ ဆိုတာ စာတမ်း ပြုစု၍ ရုံးချုပ်သို့ တင်ပြရမည် ဖြစ်ကြောင်း၊ ကုန်ကျစရိတ်ကိုလဲ ဖေါဖေါ သီသီ သုံးစွဲသင့်ကြောင်း အဘယ်ကြောင့်ဆိုသော် ဒါဟာ ရင်းနှီးမြုပ်နှံခြင်းသာဖြစ်တယ်။ ပြည်သူပြည်သားတွေရဲ့ ကောင်းကျိုးအတွက် ရင်းနှီး မြုပ်နှံတာကို ဆိုလိုတာဖြစ်ကြောင်း ထပ်လောင်း ပြောကြား အာဏာရပါတီ ဖြစ်ခဲ့ပါက ငပေါတွေရဲ့ အာဏာဟာ ပြည်သူ ပြည်သားတွေရဲ့ အာဏာသာဖြစ်ကြောင်း မဆုံးနိုင်သော လိမ်လည်မှု့ မိန့်ခွန်းကို ပဝါမကူ ရေမရှုပဲ မရပ်မနား တရပ်စပ် ပြောကြားသွားခဲ့သည်။

ငပေါပါတီရဲ့ အမတ်လောင်း အဖြစ် ဝင်ပြိုင်ဖို့ လိုအပ်တဲ့ အရည်အချင်းတွေကတော့ (ငပေါဂေဟာရဲ့ ဝံကြီးတွေက အလုပ်များတယ်လေ ဒီတော့ အမတ်ဝင်ပြိုင်ဖို့ မအားဘူး။ ငတိသာ လူတည်တွေ ပြောတာမခံချင်လို့)

1. မြှောက်ထိုးပင့်ကော် လုပ်တတ်ရမည်(လူတိုင်းက အမြှောက်ကြိုက်တယ်လေ) ။

2. Bus ကားတိုးစီးနိုင်ရမည် (ကားမဝယ်ပေးနိုင်သလို အငှားကား စီးဖို့လဲ ပိုက်ပိုက် မပေးနိုင်ဘူး)၊

3. ဆိုက်ကားနင်းတတ်ရမည် (လိုအပ်ပါက ဆိုက်ကားဖြင့် ကိုယ်တိုင် နင်းသွားရန်၊ ကိုယ်ပိုင် ဆိုက်ကား ရှိက ပိုကောင်း၏)။

4. ၅ သိန်းတန် ဖုန်း တလုံး ရှိရမည်။ (ဒါမှ ငတိ စော်ကြောင်ရင် ဘေမတတ်မှာ)

5. နောက်ဆုံး အချက်ကတော့ ပေါတတ်ရမည်။

ထို့နောက် ငတိမှ လက်သီး လက်မောင်းတန်းကာ ငပေါတွေ အောင်ရမည် ဟု သုံးကြိမ် သုံးခါ ကြွေးကြော်ရင်း သတင်းစာရှင်းလင်းပွဲကို အောင်မြင်စွာ ရုတ်သိမ်းလိုက်ခြင်းမှာ သတင်းစုံလင်ပါ။

သတင်းထောက် ဖိုးဂျယ် (မှတ်ချက် - ပုလင်းပေးလို့ သတင်းရေးခြင်း မဟုတ်။ တဝိုင်းဆိုလို့)

မမှန် မကန် သတင်းစာမှာ ပါပြီး။

အရက်သောက်ကြစို့

ဦးစွာပထမ ပြောချင်တာကတော့ (မပြောရမနေနိုင်၍ နှမ်းဖြူးခြင်း) ဂေဟာမှာ ခုလိုပညာပေး ဆောင်းပါးတွေ သိပ်ကိုလိုအပ်နေပါတယ်။ ဒီဆောင်းပါးကို တကယ်ဆိုရင် ကျန်းမာရေးဝံဂျီးက ရေးရမှာပါ။ ဒါပေမယ့် ကျန်းမာရေး ဝံဂျီးအနေနဲ့ အေအိုင်ဒီအက်စ်နဲ့ စီပိုး ရောကောသောကော ဖြစ်နေတဲ့ကြားက စက်ဘီးမှောက်၊ ရေနစ် ပုရွက်ဆိတ်ကိုက် ခံရတယ်လို့ သတင်းရပါတယ်။ အဲဒီလို မကျန်းမာတဲ့ ကျန်းမာရေးဝံဂျီးကြောင့် ပျံကြားရေးဝံဂျီး ချမ်းရဲက မအားလပ်တဲ့ကြားက သုတေသန လုပ်ပြီး ရေးထားခြင်းဖြစ်ပါတယ်ဆိုတဲ့အကြောင်း ဝင်ရောက် နှမ်းဖြူးလိုပါတယ်။
နာယကဂျီး

အရက်သောက်ကြစို့

အသီးမှာ သရက်၊ အသားမှာ ၀က်၊ အရွက်မှာ လက်ဘက်၊ အရည်မှာ အရက်ရည်လို့ စာဆိုရှိပါတယ်။
အနံ့အရသာထူးကဲကောင်းမွန်တဲ့ အရက်ကို အချို့လူများ မကောင်းမြင်ကြတာ ကျွန်တော် အံ့သြမဆုံးဖြစ်မိပါတယ်။ ဒါကြောင့်လည်း ဒီဆောင်းပါးလေးရေးမိတာပါ။

ကျမ်းဂန်တွေမှာပါတဲ့ ယောက်ျားတစ်ယောက်တတ်အပ်တဲ့ အဌာရသ ၁၆ ချက်မှာ အရက်သောက်ခြင်းဆိုတာ တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ (ဟုတ်ဟုတ် မဟုတ်ဟုတ် ဟုတ်လိုက်)

ခေတ်သစ်ဆရာတော်ကြီးတစ်ပါး ဆုံးမထားတဲ့ကဗျာ တစ်ပုဒ်ကိုဖတ်ကြည့်ပါ။

“ထိတွေ့သင့်ရာ၊ ယမကာနှင့်၊ လိမ်ညာလှည့်ဖျား၊ ဘိန်းဆေးဝါးပြင်၊ ဖဲရိုက်သင်၍၊ မြင်သမျှခိုး၊ ချဲလဲထိုးပြီး၊ လူဆိုးပေါင်းသင်း၊ ဆက်ဆံရင်းမှ၊၊ ကောင်းမှုရကာ၊ သုခစိတ်မှာ ဖြစ်လတ္တံ့” လို့ ဆုံးမခဲ့ဖူးတာရှိပါတယ်။

အရက်သောက်ခြင်းဟာ ကျန်းမာရေးရှုထောင့်ရော လူမှုရေးရှုထောင့်ကပါ ဘယ်လိုပဲကြည့်ကြည့် အင်မတန်ကောင်းတဲ့ အလေ့အကျင့်ပါ။

အရက်သောက်ခြင်းကြောင့် ဆီးချိုရောဂါဖြစ်ပွားနိုင်ချေ ပိုမိုလျော့နည်းစေတယ်လို့ သုတေသီတွေကဆိုပါတယ်။

အရက်ကို တစ်ပတ် ၃-၄ ကြိမ်သောက်တဲ့လူတစ်ယောက်ဟာ တစ်ပတ်ကို တစ်ခါသာသောက်တဲ့ လူတစ်ယောက်ထက် နှလုံးရောဂါ ရရှိနိုင်မှုနှုန်းပို နည်းတယ်လို့ Harvard Medical School က Dr. Kenneth Mukamal ကိုယ်တိုင် ၁၂နှစ်တိတိ အရက်သောက်သူတွေကို လေ့လာထားတဲ့ စစ်ချက်အရတွေ့ရှိရပါတယ်။

ဒါ့အပြင် အရက်ဟာ Cholesterolကို ထိန်းပေးတယ်လို့လည်း ဆရာဝန်အတော်များများက လက်ခံထားပါတယ်။

လူမှုရေးရှုထောင့်က ကြည့်မယ်ဆိုလဲ အရက်သောက်တတ်ခြင်းဟာ မိတ်ဆွေများနဲ့ပေါင်းသင့်ဝင်ဆံ့နိုင်ရေးမှာ များစွား အထောက်အကူပြုပါတယ်။ နိုင်ငံတော် ညစာစားပွဲတွေမှာတောင် ဝီစကီမဟုတ်ရင် ဝိုင်(သို့)ရှန်ပိန်လောက် အနည်းနဲ့အများသောက်ကြတာကိုတွေ့ကြမှာပါ။ အားကစားပြိုင်ပွဲမှာဆုရရှိသူတွေဟာ ရှန်ပိန်ပုလင်းတွေဖွင့်ဖောက်ပြီးပျော်မြူးကခုန်ကြတာကို တွေ့ဖူးကြမှာပါ။

အောင်ပွဲကျင်းပတဲ့အခါမှာသာမက ကျရှုံးမှုတွေနဲ့ ရင်ဆိုင်တဲ့အခါမှာလည်း အရက်သောက်ပြီး စိတ်ညစ်စရာတွေ ဖြေဖျောက်ကြရပါတယ်။

ကိုယ်ချစ်ရင်ချစ်သလောက် ပြန်မချစ်ခံရတဲ့ အစွန့်ပစ်ခံအသည်းကွဲသူများဟာ ကိုယ်သောက်ရင်သောက်သလောက်မူးတဲ့ အရက်ကိုနှစ်ခြိုက်တတ်ကြတာ သဘာဝပါပဲ။

အရက်က ကျွန်တော်တို့အပေါ်သစ္စာရှိသလို ကျွန်တော်တို့အနေနဲ့လည်း အရက်ကိုသစ္စာရှိရမှာပါ။
ငွေမတတ်နိုင်လို့ပါဆိုတဲ့ ဆင်ခြေနဲ့ အရက်ကို ပစ်မထားသင့်ပါဘူး။ အခုအခါ နိုင်ငံတော်ကလည်း စေတနာမေတ္တာထားပြီး ပုဂ္ဂလိကပိုင် အရက်ကုမ္မဏီကြီးတွေကို ထုတ်လုပ်ရောင်းချခွင့်ပြုထားလို့ အရက်ကို ဈေးနှုန်းသက်သာစွာ လူတန်းစားမရွေသောက်သုံးနိုင်လာပါပြီ။

ကျွန်တော်တို့ မျိုးရိုးမှာဆို ဘိုးဘွားစဉ်ဆက် အရက်နဲ့လက် ပြတ်ခဲ့တဲ့လူလို့မရှိပါဘူး။ ကျွန်တော့်ဦးလေးဆိုရင် “အသက်နဲ့ခန္ဓာသာဖြတ်ရင်ဖြတ်လိုက်မယ် အရက်ယမကာကိုတော့ မဖြတ်ဘူး” ရယ်လို့ သန္ဓိဌာန်ချပြီး အရက်နဲ့အသေခံသွားတဲ့ ယမကာသူရဲကောင်းတစ်ဦးပါ။

ကျွန်တော့အဖေ ပြောခဲ့ဖူးပါတယ် “ အဖေကတော့ စည်းစိမ်ဥစ္စာအမွေမပေးနိုင်ဘူး။ ပညာအမွေပဲ ပေးနိုင်တယ် သားရယ်” တဲ့။ ကျွန်တော်လည်း အဖေ့ဆီက အရက်သောက်တဲ့ ပညာကို ရအောင်ယူလိုက်နိုင်ခဲ့လို့ ဂုဏ်ယူမိပါတယ်။ နိုင်းဝမ်းသီချင်းထဲကလို ကျွန်တော့်အတွက်တော့ “အရက်က တစ်၊ အရက်က နှစ်၊ အရက်က သုံးပဲ” လို့ပြောချင်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ရဲ့ ဆိုးတူကောင်းဖက် ဒီအရက်ကို မသောက်တတ်လည်း သောက်တတ်အောင်ကြိုးစားရင်း ပျော်ရွှင်စရာစိတ်ညစ်စရာမှန်သမျှ အရက်သောက်ရင်း ကုန်လွန် ကျော်လွှားသွားနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။

ရေးသူ - ပျံဝံ တင်သူ - နာယကဂျီး

Wednesday, September 29, 2010

ကလပ်စစ် ပေါကဗျာများ

ယနေ့ခေတ်တွင်၊ မော်ဒန်၊ ပို့စ်မော်ဒန်၊ ပေါမော်ဒန် စသည်ဖြင့် တဒန်ဒန် ဖြစ်နေကြလေသည်။ သို့သော် “အသစ်တွေ ဘယ်လိုကောင်းကောင်း အဟောင်းဆီ တလည်လည်” ဆိုသည့်စကားလည်း ရှိသေးလေသည်။ ထို့ကြောင့် ခေတ်စမ်း စာပေါလောကတွင် တချိန်က လျှမ်းလျှမ်းတောက် နာမည်ကျော်ခဲ့သော ကလပ်စစ် ပေါကဗျာများကို အားအားယားယား ရှာဖွေ စုဆောင်း တင်ပြလိုက်ရပါသည်။

လျှောက်လုပ်ရေးဝန်ကြီး
ပေါငြိမ်
……………………………………………………………………….

“ပေါဉာဏ်ပွင့်”

ဂေဟာက အပြန်
ပေါချင်တယ် နောက်ထပ်ဆိုလို့
ပတ်စ်ဝေါ့ကိုပေး။

မနက်တုန်းဆီက
ဖေ့စ်ဘွတ်ကို မောင်ဝင်တော့
သူ့ဝေါလ်မှာ ပေါဿနတွေနဲ့
ပေါလှတယ်လေး။

ပေါသုဝဏ်
……………………………………………………………………….

“ပေါတာကြီး”

ပေါလို့လည်းဝ
နေလည်းကျပြီ
ငါ့ကို ဂေဟာ
ပို့ကြပါတော့။

ပေါမိုး
……………………………………………………………………….

“ပေါစာတိုင်”

ဒီဂေဟာ
ငပေါတွေ ပေါရဲ့
မောင့်လေဒီ
ဝီစကီယူခဲ့။

ပေါအောင်
……………………………………………………………………….

“တို့ဂေဟာ”

ပေါလော့မှန်စွာ အိုဘလော့ဂါတို့
တို့ရွာတို့မြေ တို့ဂေဟာဝယ်
ဝန်ကြီး၊ အဖွဲ့သား များလည်းများ၏
များပါလေလည်း တပျင်းပျင်းနှင့်
အချင်းချင်းနှက် လက်ညှိုးထွက်လျှက်
သူပို့စ်ရေးနိုး ငါရေးနိုးဖြင့်
ရှေ့ထိုးနောက်ထိုး အပြန်လှန်ထိုး၏
ကြည့်လှည့်ပါလေ ဂေဟာဆွေတို့
နေရာသာရှိ စာမရှိလျှင်
ဘယ်လျှင် ဂေဟာ တွင်မည်တည်း။

ပေါလော့မှန်စွာ ဆွေသဟာတို့
ပေါမပျက်နှင့် အပေါစိတ်ဓာတ်
နေ့တိုင်းမှတ်၍ လာသမျှသိမ်းကြုံး
ဝါးလုံးရမ်းကာ လက်သရမ်းကာဖြင့်
ပေါကြောင်ကြလေ ကြောင်ကြလေတော့
ဤနေရာဂေဟာ ဘယ်သူ့ဂေဟာလဲ
ဤအဖွဲ့သားများ ဘယ်လောက်များလဲ
ထားလော့စိတ်ပေါ ပေါလော့စိတ်ဝမ်း
ပေါရွှင်လန်း၍ ပေါလန်းပေါဉာဉ် ထွက်စေသတည်း။

ပေါဂျီ
……………………………………………………………………….

မူရင်း ကဗျာများ
  • နှင်းဆီပွင့်၊ ဆရာမင်းသုဝဏ်
  • ဧည့်သည်ကြီး၊ ဆရာတင်မိုး
  • သစ္စာတိုင်၊ ဆရာကြည်အောင်
  • တို့တိုင်းပြည်၊ ဆရာဇော်ဂျီ

Wednesday, September 15, 2010

နာယကဂျီး တရေးနိုးမှာပေါ်သောအကြံ အကုန်လိုက်လုပ်ရန်

တနေ့သ၌ ကျွန်ုပ် နာယကဂျီးသည် ပျင်းပျင်းရှိသည်နှင့် ဂျီတော့ချက်ရွန်းခေါ် စကားများခန်းတွင် မည်သည့် ငပေါများ ရှိနေသနည်းဟု ချောင်းကြည့်လိုက်ရာ မမြင်ရသည်မှာ လွန်စွာမှ ကြာလှပြီဖြစ်၍ မနည်းရုပ်ဖမ်းကြည့်ယူရသော ငှက်ကထတကောင်တည်း ရူးချင်ယောင်ဆောင်နေသည်ကို တွေ့လိုက်ရလေသည်။ ထိုသို့ မြင်လိုက်သည်နှင့်တပြိုင်နက် ခေါ်မည်ဟု ပါးစပ်ပြင်ပြီးမှ “ဒုန့်ဒစ်စတာ့ပ်” ဟူသော ၎င်း၏ စတိတ်တပ်စ်ကို မြင်လိုက်ရာ ငှက်ကထကို မနှောင့်ယှက်ပင် မနှောင့်ယှက်ချင်သော်ငြား အတွင်းကငပေါပိုးများက မနေသာသဖြင့် ၎င်း၏ အမည်ကို နားကွဲမတတ် အော်ခေါ်လိုက် မိလေသည် ....။ ဒန်တန့်တန် ...။

နာယက။ ။ နှောင့်ယှက်တယ်ဟာ ဘာဖြစ်လဲ။

ငှက်ကထ။ ။ ဘာဖြစ်ရမှာလဲ။ ခင်ဗျားကြီးနှောင့်ယှက်တော့ ဂိမ်းဆော့ ပျက်တာပေါ့ဗျ။

နာယက။ ။ အိမ်း ... ဝမ်းသာတယ် ဝမ်းသာတယ်။

ငှက်ကထ။ ။ ကျုပ်ကတော့ ဝမ်းမသာဘူး။ ဂိမ်းဆော့နေတုန်း အဲလို တိန်ခနဲ မြည်မြည်လာတာလောက် စိတ်ညစ်တာမရှိဘူး။

နာယက။ ။ ဒါဆိုလည်း နင့်စကားခန်းကြီး ပိတ်ထားပေါ့ဟာ။

ငှက်ကထ။ ။ ချစ်သူများ လာမလားလို့ပေါ့ဗျာ။ အခုတော့ ချစ်သူမလာဘဲ တောက်ညင်ကပ်စရာကြီးတွေပဲ လာလာနေတယ်။

နာယက။ ။ အေးအေး ... အဲသလို ကိုယ့်အစ်မကို ကိုယ် ရိုသေချစ်ခင်တာ ကောင်းတဲ့အမူအကျင့်ပေပဲ။

ငှက်ကထ။ ။ အင်း ဘယ်လိုပြောပြော ပေကပ်နေမယ့်ပုံပဲ။ ကဲဗျာ ... ပြောစရာရှိတာပြော။ လျှာတော့ သိပ်မရှည်နဲ့ ကျုပ်သည်းခံမှာမဟုတ်ဘူး။

နာယက။ ။ အေးပါဟာ ... နာယကနဲ့ ငှက်ကထ ဆုံတုန်းလေး တိုင်းရေးပြည်ရာ ဆွေးနွေးရင်ကောင်းမလားလို့ပါ။

ငှက်ကထ။ ။ ဟာဗျာ ... ခင်ဗျားကြီး အကြာကြီး ဘယ်ချောင်သွားအိပ်ပျော်နေမှန်းလည်းမသိ၊ ရုံးလည်းမတက်၊ ခွင့်လည်းမတိုင်၊ စကားခန်းဝင်လာလည်း မီးနီပြပြီး အလုပ်ရှုပ်ချင်ယောင်ဆောင်နေပြီး အခုမှ ဘာလဲ တိုင်းရေးပြည်ရေး။

နာယက။ ။ ဟ ... ငှက်ကထရဲ့ ... ကျုပ်ရုံးမတက်တာ၊ ခွင့်မတိုင်ဖြစ်တာ၊ စကားခန်း မီးနီပြတာတွေက အလကားမဟုတ်ဘူးကွဲ့ ... တကယ် အရေးကြီးတဲ့ကိစ္စရပ်တွေကို နက်နက်နဲနဲ စဉ်းစားနေရလို့၊ တကယ်ကြီးကို မအားလို့ပါ။ အခုတောင် အိုဘားမားဆိုတဲ့ ချာတိတ်လေးက နေ့လယ်စာစားဖို့ မနည်းတောင်းပန်ခယနေတာကို အတင်းငြင်းပြီး ထွက်လာခဲ့တာ။ ကျုပ်ရဲ့ တကယ်တန်ဖိုးကြီးတဲ့ အချိန်တွေထဲက နင့်ကို ဖဲ့ပေးတာ ကျေးဇူးတင်။

ထိုသို့ ကျွန်ုပ်၏ ခပ်တည်တည်နှင့် အပေါ်စီးဖိဟောက်မှုကို ငှက်ကထ တည်းဟူသော မောင်အန်ဒီမှာ ဖြုံသွားပုံ ရလေသည်။

ငှက်ကထ။ ။ ဟားဟားဟားဟား ... ကျန်တဲ့ငပေါတွေကို သွားရွှီးဗျာ။ အားလုံးထက်ပေါလို့ ငှက်ကထလုပ်နေတာ။ လာမရွှီးနဲ့ ခင်ဗျားဘာသာ ပို့စ်မရေးချင်လို့ ငပေါမြင်တိုင်း ဟိုချောင်ဝင်ပုန်း ဒီချောင်ဝင်ပုန်းလုပ်နေတာ မသိဘူး ထင်မနေနဲ့။

နာယက။ ။ ဟယ် နင့်ကို ဘယ်သူပြောလဲ။

ငှက်ကထ။ ။ အဲဒီချောင်တွေတိုင်းမှာ ဖွင့်ထားတဲ့ အရက်ပုန်းဆိုင်တွေက ပြောတာပေါ့ဗျ။ ပြောလိုက်သေးတယ် ... နာယကကြီး အကြွေးစာရင်း မရှင်းရသေးဘူးတဲ့ဗျား။

နာယက။ ။ ဟာ အာပြဲကြီးနဲ့ အော်နေပြန်ပြီ တိုးတိုးသက်သာ လုပ်စမ်းပါ။ အဲဒါတွေက အတိတ်က ကိစ္စတွေပါဟ။ အခု နာယကဂျီးက အရင်နာယကဂျီး မဟုတ်တော့ဘူး။ အားကျိုးမာန်တက် ပေါရာပေါကြောင်းတွေ ဆောင်ရွက်မယ့် နာယကအသစ်စက်စက်ကြီး ... ရီနယူး နာယကပါ။

ငှက်ကထ။ ။ ကြည့်သေးတာပေါ့ဗျာ ... ကဲကဲ အချိန်ကုန်တယ် ... ဘာပြောမှာလဲ ဘာပေါမှာလဲ ဘာလုပ်မှာလဲ ပြော။

နာယက။ ။ ဒီလိုဟ။ တို့ ငပေါဂေဟာကနေ ဘယ်သူမှ အမတ်ထွက်မလုပ်ကြဘူးလား။

ငှက်ကထ။ ။ ဟိုက် ... ငပေါပါဆိုမှ အဲဒီ လူတည်တွေလုပ်တဲ့အလုပ် လုပ်ပါ့မလား။ လူတည်တွေရူးတိုင်း လိုက်မရူးချင်စမ်းပါနဲ့။

နာယက။ ။ သိဘူးလေဟာ ... ခုဟာက ဟိုနေရာ အမတ် ဒီနေရာ အမတ်နဲ့ ... အမတ်တွေ အရမ်းပေါနေတော့ ငပေါတွေ ခေတ်မမီမှာစိုးလို့။ ဒီလိုလုပ်ဟာ နင် အမတ်လုပ်မလား။ ငါ စပွန်ဆာ ရှာပေးမယ်။

ငှက်ကထ။ ။ ဟား မလုပ်စမ်းပါနဲ့ဗျာ။ စပွန်ဆာဆိုတာ ဘယ်အမတ်ကိုမှ မပေးဘူး။ ပေးချင်းပေးရင် ... မော်ဒယ်လ်ဂဲလ်လေးတွေပဲ ပေးမှာ။

နာယက။ ။ ဒါဆို အမှုရှောင်နန့်ညီတို့ သဘာငတိငဂျဲတို့ မောင်မူးသား အဲလေ ... မောင်မိုးသားတို့ကို လုပ်ခိုင်းရင်ကော။

ငှက်ကထ။ ။ ဘယ်ကဘယ်လို အမတ်ပိုးဝင်လာပြန်ရတာလဲ နာယကဂျီးရာ ... ငပေါတွေအကုန်လုံး ရူးချင်ယောင် ဆောင်နေရတာနဲ့ အားကြတာမဟုတ်ဘူး။

နာယက။ ။ စိတ်ညစ်ပါတယ်ဟာ ... ငါက အမတ်ရဲ့သူငယ်ချင်း ဖြစ်ချင်လို့ဟ။ လုပ်ပါဟာ ... နင် အမတ်လုပ်မယ်လို့ ကတိမပေးမချင်း ငါ ဒီ စကားခန်းထဲက မထွက်ဘူး။

ငှက်ကထ။ ။ ဟိုက် ... နာယကဂျီးရယ် ... မလာတော့လည်း မလာလို့ လာပြန်တော့လည်း အမှုကပွေနဲ့ စိတ်ညစ်စမ်းပါဘိ ...။

ငှက်ကထမှာ သူ့ခေါင်းကို တဗျင်းဗျင်းမြည်အောင်ကုတ်ရင်း စဉ်းစားဟန် အကြံထုတ်လေသည်။

ငှက်ကထ။ ။ သိပြီ သိပြီ နာယကဂျီး ... ဒီလိုလုပ်ဗျာ။ ကျုပ်က အမတ်တော့မလုပ်ချင်ဘူး။ ငပေါပီပီ တခုခုတော့ ထူးထူးခြားခြား လုပ်မှ တန်ကာကျမယ်ဆိုတော့ အငတ် လုပ်မယ်။

နာယက။ ။ ဟေ ... အငတ် ဟုတ်လား ... တခါမှ မကြားဖူးပါလား။

ငှက်ကထ။ ။ အခု ကြားဖူးပြီပေါ့ နာယကဂျီးရယ်။ ကျုပ်ကို အိမ်က နှင်ချထားတော့ သူငယ်ချင်းပေါင်းစုံအိမ်ကို လိုက် ငတ်ကြီးကျနေတာလေ။ အမယ် နာမည်လေးက ဆိုးသလိုလိုနဲ့ အတော် ဗိုက်ပြည့်တာဗျ။ ခုတောင် အာလူးဝက်သားချက်ကလေးရယ် ချဉ်ပေါင်ဟင်းလေးရယ်နဲ့ ငတ်ကြီးကျလာသေးတယ် ရှလွတ်။ ငါးပိထောင်းလေးလည်း ပါသဗျ။

နာယက။ ။ ဟား နင့်ဟင်းသံကြားရတာ ငါတောင် ဗိုက်ဆာလာပြီ ... ရှလွက်။

ငှက်ကထ။ ။ ဒါဆို နာယကဂျီးက အငတ်လောင်းလုပ်။

နာယက။ ။ အေး ဟုတ်ပြီ ကျုပ်က အငတ်လောင်း လုပ်မယ်။ နေဦး ငှက်ကထ။ ဟိုလူတွေ ချန်ထားလို့ ကောင်းပါ့မလား။ အမှုရှောင်တို့ ငတိတို့လေ ... စိတ်ဆိုးနေဦးမယ်။

ငှက်ကထ။ ။ အမယ် ... ဒင်းတို့လည်း အငတ်လုပ်လို့ရတာပဲ။ မနေ့က ဆီမီနာဆိုလား ကွန်းဖရန့်ဆိုလားမှာ ဒင်းတို့ကို တွေ့လိုက်ပါ့။ အဲသမှာ အိုင်တီကို စိတ်ဝင်စားသလိုလို ဘာလိုလိုနဲ့လာပြီး အဲဟိုက ကျွေးတဲ့ ပီဇာနဲ့ ကော်ဖီကို အပီတွယ်နေလိုက်တာများ ... ။ ဒင်းတို့လည်း အငတ်လုပ်လို့ရတယ်။ ပေါညီတောင် ပါသေး။

နာယက။ ။ မဆိုးဘူး ... ငပေါတွေ တော်တော်လေး ခေတ်မီလာပြီ။ အားလုံး အငတ်လုပ်ကြတာပေါ့လေ။ ဝန်ဂျီးဂျုပ်တယောက်တော့ ဆူရှီလိပ်တာက တဘက်နဲ့ဆို အငတ်လောင်းလုပ်လို့ ဖြစ်ပါ့မလား။

ငှက်ကထ။ ။ ဖြစ်ပြီလား နာယကဂျီးရယ်။ ဟို ဝန်ဂျီးဂျုပ်ဆိုတဲ့သူကြီးတောင် ... ဝန်ဂျီးဂျုပ်တဘက် အငတ်တဘက် လုပ်ပြီး ရွေးကောက်ပွဲ ဝင်ဖို့ လုပ်သေးတာပဲ။ ဆူရှီလိပ်ရင်း ငတ်လို့ ပိုတောင် ကောင်းသေး။

နာယက။ ။ ဗီလိန်နဲ့ ခေါင်ခေါင်လည်း ငတ်ရှာပါတယ်။ တခါ သူတို့နဲ့ ဆုံတုန်းက အိုက်စကရင်ကို မသိတဲ့သူက ဝယ်ကျွေးမယ် ဆိုတာတောင် အတင်းလိုက်ငတ်သေးတာပဲ။ ဗီလိန်ဆို အားလုံးစားဖို့ ဝယ်ထားတဲ့ အကြော်ထုပ်ကိုညနေစာအတွက်ဆိုပြီး ယူသွားသေးတယ်။ သူတို့ကိုလည်း အငတ်လုပ်ခိုင်းမယ်။

ငှက်ကထ။ ။ မောင်မိုးသားလည်း ငတ်တယ်နော်။ အရက်ဝိုင်းမှာဆို သူချည်း အမြည်းတွေ စားစားသွားတာ။

နာယက။ ။ ဒါဆို ဒင်းလည်း အငတ်ပေါ့။

ငှက်ကထ။ ။ ကောင်းတယ် ကောင်းတယ်။ ဒါဆို ခွဲလိုက်ရုံပဲပေါ့။ ပြည်နယ်လွှတ်တော် အငတ်၊ အမျိုးသားလွှတ်တော်အငတ်နဲ့ တိုင်းဒေသကြီး လွှတ်တော်အငတ် ဆိုပြီးတော့ ...။ ကျုပ်ကတော့ အရင်ဆုံး အငတ်ဖြစ်တဲ့သူ ဆိုတော့ အဲဒီ ၃ ခုလုံးအတွက် အငတ်လုပ်မယ်။

နာယက။ ။ ဒါဆို တို့ငပေါတွေ အားလုံး အငတ်ဝင်လုပ်ကြမယ်။

ထိုသို့ အားတက်သရောပြောဆိုနေကြစဉ် ကျွန်ုပ် နာယကဂျီး၏ ဝမ်းဗိုက်အတွင်းမှာ “ဂွီ” ဆိုသော အသံတသံမြည်လာပြီး မခံမရပ်နိုင်အောင် ဆာလာသဖြင့် စကားခန်းတွင်းမှ ငှက်ကထကို နှုတ်ပင် မဆက်နိုင်တော့ဘဲ မီးဖိုချောင်အတွင်းဝင်ကာ ရှိသည့် ထမင်းကြမ်းခဲကို ငါးပိရည်နှင့် နယ်ဖတ် လွေးနေစဉ် ကျွန်ုပ်စိတ်ကျေနပ်ရန် အလိုက်အထိုက် ပြောဆိုနေရသော ငှက်ကထလည်း လွတ်ပြီ ကျွတ်ပြီဟု အော်၍ ပျော်ရွှင်စွာ ဂိမ်းဆက် ကစားနေလေတော့ သတည်း။ ။

မှတ်ချက်။ ။ အငတ်စာရင်းများ စတင် တင်သွင်းနိုင်ပါပြီ။

ပုံ။ ။ နာယကဂျီး

နာယကဂျီး တရေးနိုးမှာပေါ်တဲ့အကြံ အားလုံးလိုက်လုပ်ရန်

Saturday, August 28, 2010

ပေါ လှုံ့ဆော်စာ

ငပေါလို့ နာမည်တပ်တိုင်း ငပေါမဟုတ်ဘူး..
တစ်ခါတစ်လေ လူတည်ကြီးလို့ ထင်နေပေမယ့်လဲ ငပေါကြီးဖြစ်ချင် ဖြစ်နေတတ်ကြပြန်ရော.
ဥပမာ. ရုပ်တည်ကြီးနဲ့ အန်ဒီကောင်ကိုကြည့်.။ ခပ်တည်တည်နဲ့ ပေါပြလိမ့်မယ်.။
သူ့လို လူမျိုးက အခန့်ပေါလို့ ခေါ်တယ်။ ခန့်ခန့်ညားညား ပေါတယ်ဆိုပါတော့။

တစ်ချိုကြပြန်တော့လည်း ကိုယ့်ဘာသာကိုယ် ပေါလို့ ပေါမှန်း မသိတာလဲ ရှိတယ်။
ဥပမာ.. ဟန်သစ်ငြိမ်ကြီး။
သူက အငြိမ်ပေါ။ ငြိမ်ငြိမ်လေးပေါတာ။

အဲ...
ကိုယ့်ဘာသာ မပေါဘူးထင်ပေမယ့်လဲ ပေါချင်ပေါနေတတ်တဲ့ လူမျိုးကိုကျ ဘယ်လိုခေါ်တုန်းသိလား။
သူတို့ကိုကြတော့ ရွက်ပုန်းပေါလို့ ခေါ်တယ်.။
ပေါတတ်တဲ့ အရည်အချင်းတွေကို နေရာမှန် လူမှန် ထုတ်မသုံးဖြစ်သေးတာ.။
အဲဒါမျိုးက ပေါညီလို ကောင်လေးမျိုးတွေ။

ပေါတယ်ဆိုတာက လူမသိ သူမသိ ပေါနေတာလဲ ရှိသလို.. ရွာသိ ကမ္ဘာသိ ပွင့်ပွင့်လင်းလင်းပေါလို့လဲ ရတာမျိုးမဟုတ်လား
ပေါသတ္တိတော့ လိုတာပေါ့လေ။
ငပေါတွေနဲ့ သိပ်မရောဖြစ်တဲ့ ကိုကောင်းကင်ကိုလို ကိုဂစ်တာလို ကိုဇော်တို့လို လူမျိုးတွေကျတော့ အုံ့ပုန်းပေါတွေ..။
ကြည့်ပါ့လား .. ပွင့်ပွင့်လင်းလင်း မပေါရဲ့ တော့ စီဘောက်ထဲမှာပဲ ဟိုလိုလို ဒီလိုလို လာပေါသွားကြတာ.။

အဲ .. အခြောက်မလေးတွေကို ပွင့်ပွင့်လင်းလင်းပေါတတ်တဲ့ လူတွေလဲ ရှိတယ်။
သိတယ်မို့လား.. ပေါဂျယ်လို ကောင်မျိုး.။
ဘယ်သူတွေ ဘယ်လိုထင်ထင် သူများတို့က ပေါရရင်ပြီးရောဆိုတာမျိုး။
အပွင့်ပေါ.. ဆိုပါတော့..။

တစ်ချို့ကြတော့လည်း အိုက်တင်ကြီးတစ်ခွဲသားနဲ့ ပေါနေပြန်ရော..။
ဘယ်သူရှိမလဲ.. နာယက တူးတူးသာလေ။
ကလေးတွေနဲ့ ပေါင်းပြီး မပေါချင်တာလိုလို။ သူဝင်ပေါလိုက်ရင်ပဲ အင်ပရက်ရှင်ဒေါင်းတော့မှာလိုလိုနဲ့
အခွင့်အရေးလေး နည်းနည်းရတာနဲ့ သူချည်းပဲ ၀င်ပေါနေတတ်တော့တာ...။
အဲဒါကြတော့ အိုက်တင်ပေါဆိုပါတော့..။

မအားဘူးတို့ ..။ အလုပ်များနေလို့တို့ ...။ ဘာကြောင့်ပါ..တို့ ...။ ညာ.. ကြောင့်ပါလို့ ပြောပြောပြီး
ပျောက်ပျောက်နေတတ်တဲ့ နန်းညီလိုဟာမျိုးလေးတွေကြတော့ ကြုံပေါလို့ ခေါ်တယ်။
သူတို့က ဂေဟာမှာသာ လာမပေါတာ.. ။ ကြုံတဲ့နေရာမှာ ကြုံသလိုပေါတယ်။
ကြုံပေါတွေပေါ့။

အဲ.. မူးမနေရင်အကောင်း..။ နည်းနည်းမူးတာနဲ့ တွေ့ကရာနေရာဝင်ပေါတဲ့ တဲ့လူရှိသေးတယ်။
မိုးသားလိုမျိုး.. မူးပေါ.. လို့ခေါ်တယ်။

ဘယ်သူ့မှာ ဂရုမစိုက်ဘူးကွ.။ ငါ့ဘာသာ ပေါချင်ပေါမယ်.။ မပေါချင်မပေါဘူး ဆိုတဲ့ ခပ်မိုက်မိုက်လူတွေလဲ ရှိတယ်။
နာမည်ကိုက ကြည့်ပါလား။ ဗီလိန်တဲ့။
အဲလိုလူမျိုးက မိုက်ပေါလေ။
မိုက်ချက်ကတော့ ကမ်းကုန်ပဲ.. အဲလေ ပေါချက်ကတော့ ကမ်းကုန်ပဲ ဆိုသလို သူလိုလူ ပေါပြီဆိုရင်လဲ
ဘယ်သူမှ လိုက်တုပြီး မပေါရဲဘူး..။ မိုက်ပေါကြီး ဗီလိန်ဆိုပါတော့။

အဲ... ကိုယ် သာ ထုတ်မပေါတာ သူများပေါရင် .. မြောက်ပေး.. အဲအဲ.. ထောက်ခံပေးတတ်တဲ့ သူလဲ ရှိတယ်.။
နောက်ကနေ ထောက်ခံပေးတာ..ပို့ပေးတာမို့ သူတို့ကို ကျတော့ ပို့ပေါလို ခေါ်ရမလား မသိဘူး..
ပေါမမနဲ့ ခေါင်ခေါင်လေ။

အင်းလေ..
ဦးထု တစ်ကော ဥမ္မာ တစ်ကော .. (အဲအဲ ..ဆောရီး ဖုန်းဆိုင် အကြွေးနဲ့ မှားလို့ )
ပုထုတကော ဥမ္မာတကော ဆိုတာ ဘုရားဟောတောင် ရှိသေးတာပဲ..
လောကမှာက လူတိုင်းလူတိုင်း အရူးအပေါတွေချည်းပဲ မို့လား။
ဒီလောက်ပေါတဲ့ လူတွေအများကြီးထဲမှာ အပေါတကာ့ အပေါတွေ စုထားတဲ့ ငပေါဂေဟာက လူတွေ ဒီလောက်များတယ်သားနဲ့
ဘယ်သူမှ ၀င်မပေါကြတော့ ဂေဟာမှာ ခြောက်ကပ်ကပ်ကြီး ဖြစ်နေပြန်ရော.။
ကဲပါလေ.. ဘယ်သူမှ မပေါပေါ.. မိုးသားတို့က အခု အချိန်ကနေစပြီး ..ပြန်ပေါပါပြီ ဆိုတဲ့အကြောင်း..။

ကဲ.. သူငယ်ချင်းတို့ရေ..
ငါတို့တွေ ပြန်ပေါကြရအောင်လား .. ဘ၀အမောတွေ ခဏထားပြီး .. အရင်လို စည်းစည်းလုံးလုံး ပေါကြရအောင်..


ချစ်တဲ့
ငပေါမိုးသား..

Tuesday, June 22, 2010

ရုံးတက်ခြင်း

အကုန်သယ်ရေးနှင့် ကူးသန်းဝံဂျီးပေါညီသည် ငပေါဂေဟာ၏ရုံးသို့
မလာရောက်သည်မှာ ကြာပြီဖြစ်သောကြောင့် ဂေဟာအားဦးတည်လျှက်(ဆိုက်ကားခေါင်း)
လာရောက်ရုံးတက်လာခဲ့ပါသည် ။
ဂေဟာသို့အ၀င်လမ်းတွင် တွေ့နေကျဖြစ်သော အမှိုက်ပုံအားတွေ့ရှိရသဖြင့် ..
ဆိုက်ကားဒရိုင်ဘာအား ....
- ဟိုအမှိုက်ပုံက မပစ်ရလို့ဆိုင်းဘုတ်ထောင်ထားတယ်မလား အခုဘယ်လိုဖြစ်တာတုန်း ?
- အဲ့ဒီ့ဆိုင်းဘုတ်တောင် အမှိုက်ပုံအောက်ရောက်သွားပြီဆျာ
- ငါကိုယ်တိုင်ရေးထားတဲ့ဆိုင်းဘုတ် " အမှိုက်မပစ်ရ တွေ့ရှိကအရေးယူမည် "
ဆိုပြီး ဒါတောင်ပစ်ရလား
- အင်းလေ .. ဆရာက တွေ့ရှိကအရေးယူမယ်ဆိုပြီးရေးထားတော့ .. ဆရာမှမတွေ့တာ
အဲ့ဒါဘယ်လို အရေးယူမတုန်း
- အဲ့ .. ဒါလဲဟုတ်တာပဲ ... ထားတော့လေ

ဒီလိုနဲ့ဂေဟာရောက်တော့ ... " ဆေးလိပ်မသောက်ရ " ဟူသော စာတန်းအောက်တွင်
ဆေးလိပ်သောက်နေသော လူများကိုတွေ့ရှိသဖြင့် .........
- ဟေ့ .. ဒီမှာဆေးလိပ်မသောက်ရလို့ရေးထားတယ်လေကွာ .. အဲ့အဲ့
စာတန်းကိုလက်ညိုးထိုးပြမယ်လုပ်တော့ ဘယ်သူဝင်ပြင်သွားလဲမသိ .. "
ဆေးလိပ်မျှသောက်ရန် " ဟုသာတွေ့ရှိရတော့သည် ။
- ဟ ... ဒါဘယ်သူ လက်ကမြင်းသွားတာတုန်း
- ဟိုနေ့ကထောက်ချုပ်ကြီးမူးမူးနဲ့လာရေးသွားတာ
- အဲ့ .. အဲ့ဒါဆိုလဲ ဒီတိုင်းပဲထားလိုက်တော့
ဒီလိုနဲ့ ရုံးခန်းထဲကို မောမောနဲ့ဝင်ထိုင်ရင်းမကြာမီ ..
နို့ဆီခွက်ဖုန်းကအသံထွက်လာတယ် ..
စာရေးမ - ဆရာ လက်ဆောင်ပစ္စည်းတွေနဲ့လူနှစ်ယောက် ရောက်လာတယ်
ခုမှပဲ စိတ်ချမ်းသာစရာတွေရောက်လာတော့တယ်ဟုတွေးရင်း
ကူးသန်း - ပေးဝင်လိုက်ပါ
စာရေးမ - ဆျာ .. လက်ဆောင်ပေးခြင်း သည်းခံပါလို့ အ၀မှာရေးထားတယ်လေ
ကူးသန်း - တယ်.. နင်တော့လေ .. သူတို့ကပေးတော့လဲ သည်းခံပြီးယူရတာပေါ့ ဟ
ထို့နောက် လူနှစ်ယောက် ခြင်းတောင်းတစ်တောင်ကိုင်ဝင်လာရာ
ခြင်းတောင်းထဲတွင် BlueLabel အားတွေ့ရှိလိုက်ရရာ တံတွေးကိုမျိုချလျှက်
ထယူမည်ပြုလုပ်စဉ် .. အယ် ငါဝန်ကြီးပဲ ဆိုပြီး ပြန်ငြိမ်နေကာ
ကူးသန်း- ခင်ဗျားတို့ကလဲဗျာ လက်ဆောင်တွေယူလာပြန်ပြီကွယ် .. ကဲ ချထားလိုက်
ဝင်လာသော လူနှစ်ယောက်မှာ ကျွှန်ုပ်စကားကြောင့် ပစ္စည်းပြန်ယူမလိုလုပ်ပြီးမှ
ပြန်ချထားခဲ့ရသည် ။
ကူးသန်း - ကဲ ဘာများအကူအညီလိုလဲမသိဘူးနော် .. ထိုင်ပါဦး
### - ကျွှန်တော်စွန်ပလွန်သီးကုန်သယ်ခွင့် ပါမစ်တင်ထားတာ မကျသေးလို့ပါခင်ည
ကူးသန်း - ဘယ်တုန်းကတင်ထားတာလဲ
### - ကြာပြီခင်ည
ကူးသန်း - ဒါဆိုလဲ ဖိုင်အရောင်ကဘာအရောင်လဲ .. အော် တွေပြီ
လက်မှတ်ထိုးပေးလိုက်မယ် ဟုတ်ပီလား
### - ကျေးဇူးတင်ပါတယ်ခင်ည .. ဟိုဟို နောက်တစ်ခုလောက်ပြောချင်လို့ပါ
ကျွှန်တော့အသိတစ်ယောက် ကူးသန်းငှာနခွဲမှာအလုပ်ရချင်လို့ပါတဲ့ဗျာ အဲ့ဒါ
ကူးသန်း - ကျွှန်တော့ငှာနခွဲတစ်ခုမှာအလုပ်လိုချင်ရင်တော့ တစ်ခုခုတော်မှရမှာ
ထိုစဉ် ဘေးမှာရှိသော လူငယ်ကထ ပြောသည်
လူငယ် - ကျွှန်တော် နာယက ကြီးနဲ့ဆယ်ဝမ်းကွဲရဲ့ ဆယ်ဝမ်းကွဲတော်ပါတယ်ခင်ည
ကူးသန်း - အော် .. ဂလိုတော်တာကိုး .. အင်းနာယကနဲ့တော်တယ်ဆိုတော့
ငှာနမှုးခန့်မယ် ရလား
လူငယ် - ဟုတ်ကဲ့ ရပါတယ် ......
၎င်းကိစ္စပြီးလို့ စိတ်ချမ်းသာနေတုန်းရှိသေး အပြင်မှအသံကြားလိုက်ရသည်
@@@ - ငါစောင့်နေတာကြာလှပြီ .. ခုနငါ့ထက်နောက်မှရောက်တဲ့သူတွေကြတော့
အရင်ဝင်ခိုင်းတယ်
စာရေးမ - သူတို့က မနေ့ကတည်းကမှာထားတာရှင့်
ငါ ဒီအသံကြားဖူးတယ်လို့ ထင်မိသောကြောင့်
ကူးသန်း - အရှေ့ကဘယ်သူတုန်း
ရင်ညို(လယ်ယာ) - ငါပါကွ .. ဟင်နော် ၀ိတ်နဲ့မဖိချင်လို့ ထိုင်နေတာ
ငါလယ်ယာပြန်စားရေးဝန်ကွ
ကူးသန်း - လာကွ .. ရင်ညို မင်းလာတာနဲ့အတော်ပဲ .. ဒီမှာ ပုလင်းတစ်လုံးရထားတယ်
ယင်းအကြောင်းကိုကြားလိုက်ရသောရင်ညိုသည်သွားကြီးဖြီး၍၀င်ရောက်လာသည် ။
ထို့နောက် နှစ်ယောက်သားပုလင်းဖွင့်လျှက် ..
ရင်ညို - ဟိုနေ့က ငပေါအစည်းအဝေးမင်းသွားတယ်ဆို
ငါ့ကိုအဲ့ဒီ့အကြောင်းနည်းနည်းပြောပါလား
( ပေါညီနှင့်ရင်ညိုတို့ အတင်းစမည်ပြောဆိုခြင်း ... အပိုင်း၂ --
ရင်တုန်စွာနှင့်မျှော်ကြပါကုန်သော်)

Thursday, May 27, 2010

တိမ်မြုပ်ပျောက်ကွယ်နေသော ကုန်စည်ဖလှယ် နည်းပညာ

တနေ့သ၌ ကျွန်တော် သဘာပတိသည် ငပေါဂေဟာ၏ စည်ပင်ဝဖြိုးနေသည်ကို သိချင်စိတ်ပြင်းပြ၍ ဂေဟာအတွင်းသို့ round လှည့်ရန် အလို့ငှာ ရုပ်ဖျက်ခြင်း အမှုကိစ္စကို ဂေဟာအကျော်အမော် ဖိုးဂျယ်ဖြင့် တိုင်ပင်ကာ ရုပ်ဖျက်၏။ ဘောင်းဘီချွတ်လိုက်သည်။ သို့သော် တောင်ရှည်ပုဆိုး ကျန်ပါသေးသည်။ ထို့နောက် စီးထားသော တရုတ်ပြည်ထုတ် LV ကို ချွတ်က မနေ့က ဝယ်ထားသော ဖိနပ်တွေထဲက ပုံအတုံးဆုံး LV ခြေညှပ်ဖိနပ်ကို ယူလိုက်သည်။ မည်သူမှ မမှတ်မိစေရန် ရည်ရွယ်၍ ဖိနပ်လဲ စီးကာ ရုပ်ဖျက်လိုက်၏။ တွင်း၂ကို ငတိရုပ်ဖျက်ထားကြောင်း မည်သူကိုမှ မပြောရန် ကြိုတင် အမိန့်ချထားလေသည်။

သို့သော် ညက အရက်မူးကာ ငတိကိုယ်တိုင် မနက်ဖြန် ရုပ်ဖျက်ကာ round လှည့်မည့်အကြောင်းကို အာပေါင် အာရင်း သန်သန်ဖြင့် ပြောထားသောကြောင့် အကုန်လုံး သိနေသည်ကို တွင်း၂က မသိချင်ယောင်ဆောင်ကာ ခေါင်းငြိမ့်ပြီး ငတိ စိတ်ချမ်းသာစေရန် " ဟုတ်ကဲ့ " ဟု ပြောလေသည်။ ထို့နောက် ဂေဟာအတွင်းသို့ လှည့်လည် လမ်းသလား ကြ့ည်ရာ မိမိကို မည်သူမှ မမှတ်မိပဲ အံ့အားသင့်သော မျက်နှာတွေဖြင့် ကြည့်နေကြလေသည်။ ကဲ ဘယ်လောက် ရုပ်ဖျက်တာ ပီပြင်လဲ ဟု ဖိုးဂျယ်က ပြားနေသော ရင်ကို ကော့ပြ၏ တော်သေးသည် ဖိုးဂျယ်က ဘောင်းဘီချွတ် အဖွဲ့ဝင် မဟုတ်သဖြင့် မတော်တရော်တွေ မမြင်ရခြင်းဖြစ်သည်။ ဘေးတွင် တွင်း၂က ဘောင်းဘီချွတ် လိုက်သောကြောင့် ဝတ်စရာ မရှိ၍ လန်ကွတ်တီလေးဖြင့် ပါလာကာ "ငဂျယ် သွားကြစို့ဗျာ " ဟု လက်တို့မှ လှည့်ထွက်လာခဲ့လေသည်။ ညတည်းက သူ့အား ငဗီဟုခေါ်ရန် ငတိအား ငဂျယ်ဟု ခေါ်မည်ဖြစ်ကြောင်း ပြောထားလေသည်။

တွင်း၂သည် မနက်မှ ငတိ မသိခင် ပျံဝံဆီက တောင်းထားသော ဆောင်ရန် ရှောင်ရန် လမ်းပြမြေပုံကို စိတ်ထဲမှ ရွတ်ဖတ်နေလေသည်။ ထို့နောက် ၉၆၉၃ ဖြင့် round လှည့်လေရာ
ငတိက "ဝေ့ . . . ငဗီ ရှေ့က တိုက်တတိုက်လုံးကြီး မည်းနေပါ့လား ဟ . . . . ဘာဖြစ်တာတုန်း "
ထိုအခါ တွင်း၂ တကိုယ်လုံး ကြက်သီးမွှေးညင်းတွေထကုန်၏ ပါးစပ်မှလဲ " သေပြီ ဆရာ " စိတ်ထဲမှ ပျံဝံကို ကျိန်ဆဲနေလေသည်။ ဒင်း သတင်းမှား ပေးတာလား၊ သက်သက် ချောက်ချတာလား၊ ဒါမှ မဟုတ် ငါကျက်ထားတာပဲ မှားတာလား ဟ တွေဝေနေစဉ် ဒီဈေးမီးလောင်တာ မသိအောင် ရှောင်ချင်ပါတယ်ဆိုမှ တည့်တည့်တိုးနေတယ်။
ထိုစဉ် ငတိက " ဘာဖြစ်တာတုန်း ငဗီရ"
"ဘာမှ မဟုတ်ပါဘူး ငဂျယ်ရ အခုခေတ်က Emo ခေတ်လေ ဒီတော့ တိုက်တွေကိုလဲ Emo ဆန်ဆန်ဖြစ်အောင်
အမှုရှောင် နညက သူလိုချင်တယ်ဆိုလို့ ဆေးသုတ်ခိုင်းထားတာ မိုက်တယ် ဟုတ်. . . . ဟူး မဖြစ်ဘူး တယောက်ယောက်ကို မြန်မြန် ရောင်းမှ ဖြစ်တော့မယ်"
ငတိက " ကဲနောက်တနေရာ သွားတာပေါ့ " ထိုအခါမှ တွင်း၂ သက်ပြင်းချနိုင်သည်။

"ဟ ငဗီရေ ရှေ့က တိုက်က ပိုမိုက်တယ် ဟ . . . . အပေါ် တထပ် နှစ်ထပ်လောက်ပဲ မည်းနေတာ ရှိတ်ပြေးနေတဲ့ ပုံစံလေးကွ ဒါလဲ နည ဒီဇိုင်းပဲလား "
ငဗီ " ဟိုက် "
ငတိ " ဒီတိုက်တော့ ငါ ယူမယ်ကွာ ဘယ်သူမှ မသိစေနဲ့ဦး မင်းလိုချင်ရင်လဲ နညကို တလုံးလောက် ဒီဇီုင်း လုပ်ခိုင်းပေါ့"
ငဗီ " အော် ဟုတ်ကဲ့ ဟုတ်ကဲ့ "
ငတိ " မောပြီကွာ ရေခဲရေ ဝယ်သောက်ရအောင်"
ငဗီ " ကောင်းသားပဲ ငဂျယ် ကျွန်တော်လဲ ရင်တွေ ပူနေတာ "
ငတိ "ရေခဲရေ ၁ ခွက်လောက်"
ငဗီ "အာာာ ငဂျယ် ကျွန်တော်လဲ ရေဆာတယ်လေဗျာ "
ငတိ "အေးလေ တယောက် တဝက်သောက်မယ်လေကွာ . . . တခွက် ဘယ်လောက်လဲ "
ရေခဲရေသည် " ၄၀၀၀ပါ "
ငတိ " ကဲရော့ ၅၀၀၀ တန် "
ရေခဲရေသည် " ရော့ tissue ယူသွား အမ်းစရာ ၁၀၀၀ တန် မရှိလို့"
အပြန်လမ်းတွင် သူတောင်းစား တယောက်က " တနား ကျပါ ခင်ဂျာ မယားကြီး ပြုပြင်ဖို့နဲ့ မယားငယ် နားကပ်ဖိုးလေးလောက်ပါ "
ငတိလဲ အရမ်းသနား သွားသဖြင့် " ကဲ ကဲ ခုဏက အမ်းလိုက်တဲ့ tissue ထုတ် ပေးလိုက်ကွာ "
ငဗီက " ဟုတ် ငဂျယ် "
ထိုအခါ သူတောင်းစားက " အာ ဗျာ တယောက်လာလဲ tissue တယောက်လာလဲ tissue နဲ့ မလိုချင်ပါဘူးဗျာ "
ငတိက " အလကား ညာဏ် မရှိတဲ့ ကောင် ဒါကြောင့် သူတောင်းစားဖြစ်ပြီး မိန်းမ ၂ယောက်ပဲ ရသေးတာ " သူတောင်းစား " ဗျာ "
ငတိ " ဟုတ်တယ်လေ ၁၀၀၀ တန် မရှိတော့ tissue ပေးတာပေါ့ မင်းက စုပြီး ရေခဲရေသည်တွေကို ပြန်သွင်းပေါ့ သူများတွေ လုပ်တာ မမြင်ဖူးဘူးလား "
သူတောင်းစား " ဟုတ်သားပဲ ဒီလမ်းရဲ့ ဈေးသည်တွေဆီက စာရွက်လေးပြပြီး ပိုက်ဆံ လိုက်လိုက် တောင်းနေတဲ့ အဆင့်မြင့် လိုင်စင်ရ သူတောင်းစားဆို tissue ကို ၁၀၀၀၀ ဖိုး ၉ထုတ် နဲ့ ပြန်ရောင်းတယ် မှန်လိုက်လေဗျာ ဒါဆို နောက် မိန်းမတယောက်လောက်တော့ ထပ်ယူလို့ရပြီ ကျေးဇူးပါ ဗျာ "
ငတိ " အေး မင်းကို ပေးတာ တိမ်မြုပ်ပျောက်ကွယ်နေသော ကုန်စည်ဖလှယ် နည်းပညာ ပဲ "
တွင်း ၂ " ငဂျယ် ပြန်မယ်ဗျာ"
ငတိ " အေး အေး ပြန်ရောက်မှ ၁၀၀၀၀ တန်တို့ ၁၀၀၀၀၀ တန်တို့ ထပ်ထုတ်ဖို့ အစည်းဝေးကျင်းပရဦးမယ် "
ငဗီ " လိုနေတာက ၁၀၀၀ တန်လေ ငဂျယ်ရ "
ငတိ " ပိန်းလိုက်တဲ့ ငဗီ ငါက သေးသေးလေးတွေ မလုပ်ချင်ဘူး . . . သူတို့ကို နည်းပညာ ပေးထားပြီပဲ တော်ရောပေါ့ ကမ္ဘာမှာ ငါတို့ ဂေဟာခုပဲ အဲ့နည်း ပြန်ဖော်ထုတ်သေးတာ "


အပြန်လမ်းတွင် ဆောင်ရန်လမ်းမှ ဘာပြဿနာမှမဖြစ်ပဲ ပြန်ရောက်ရန် တွင်း၂ ကြိတ်၍ ဆုတောင်းနေလေသည်။ သို့သော် ဆုတောင်း မပြည့်ပေ
ငတိ " ငဗီ ရှေ့က လူတွေက သံချပ်ကာ ဦးထုတ်တွေ စွတ်ပြီး လမ်းလျှောက်နေပါလား ဘယ်သူတွေတုန်း ဟ "
ငဗီ " အော် အဲ့တာ အတင်းထောက်တွေပါ အတင်းမေးဖို့ သွားနေကြတာ"
ငတိ " ဟေ . . . . ဘယ်လို "
ငဗီ "မေ့လို့ မဟုတ်ပါဘူး အရင်နေ့က ကူးသန်း လုပ်သွားတဲ့ ပရိုးမိုးရှင်းအောင်မြင်လို့ပါ "
ငတိ " အော် အေး အေး ဟုတ်သားပဲ ငါတောင် တလုံးယူလာသေးတာပဲ"
ငတိလဲ ဂေဟာပြန်ရောက်တော့ ရုပ်ဖျက်တဲ့ အတိုင်းပဲ နေလို့ ကောင်းသဖြင့် ဘောင်းဘီ ပြန်မဝတ်တောပေ။

ရေးသားသူ - ဖိုးဂျယ်

Wednesday, May 26, 2010

သံချပ်ကာဦးထုပ် အရောင်းမြှင့်တင်ပွဲ ကျင်းပ

ရုပ်ရှင်သရုပ်ဆောင် ဖလပ်ဖလပ်မိုးပြူးက သတင်းထောက်မလေးတဦးကကို ဆံပင်ဆွဲ လည်ပင်းညှစ်မှု ဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်း ဈေးကွက်တွင်း ဝင်လာသည့် သံချပ်ကာ ဦးထုပ်များ အရောင်းသွက်နေကြောင်းသိရသည်။

ထိုဦးထုပ်ကို ဂေဟာမှ ဆောက်လုပ်ရေးဝံဂျီး ပေါငြိမ်က ဒီဇိုင်းထုတ်ထားခြင်းဖြစ်ပြီး ထောက်ချုပ်နှင့် ပျံကျားရေးဝံဂျီးတို့၏ အကြံပေးမှုဖြင့် ထုတ်လုပ်လိုက်ခြင်း ဖြစ်ကာ ဈေးကွက်အမှာစာများ ပလူပျံနေသဖြင့် ထုတ်လုပ်မှုအင်အား တိုးချဲ့နေရသည်ဟု ပျံကျားရေးဝံဂျီးက ဦးထုပ် အရောင်းမြှင့်တင်ပွဲတွင် ပြောဆိုသည်။

“အီရတ်စစ်မျက်နှာမှာ သတင်းယူဖို့ပဲ ဖြစ်ဖြစ်၊ ထိုင်းက ရှပ်နီတွေနှိပ်ကွပ်နေတဲ့ ကြားထဲမှာ သတင်းလိုက်ဖို့ပဲဖြစ်ဖြစ်၊ မြန်မာပြည်က ရုပ်ရှင်မင်းသမီးတွေကို အင်တာဗျူးရာမှာပဲဖြစ်ဖြစ် ... ဒီဦးထုပ်က အရမ်းအရမ်းကို အသုံးဝင်မှာပါ။ တကမ္ဘာလုံးက သတင်းထောက်တွေက မှာယူနေကြလို့ အလှည့်ကျစနစ်နဲ့ ပေးမယ်လို့ ပြောထားရပါတယ်။ မြန်မာပြည်က သတင်းထောက်တွေကို ဦးစားပေးမှာပါ။ သူတို့ ကျရောက်နိုင်တဲ့ အန္တရာယ်က ကျန်တဲ့သူတွေထက် ပိုများနေတယ် ဆိုတော့ ပိုပြီး ဦးစားပေးခြင်းဖြစ်ပါတယ်” ဟု ပျံကျားရေးဝံဂျီးက ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ ပွဲသို့ နာယကဂျီးအပါအဝင် ဂေဟာရှိ မပါမပြီး လူဂျီးမြင်းများ တက်ရောက်၍ လိုအပ်သည်များကို မှာစားကာ ဦးထုပ် တယောက်တလုံး ယူသွားကြောင်း၊ ထိုပွဲသို့ တက်ရောက်လာသည့် မင်းသမီး ဖလပ်ဖလပ်မိုးပြူးက ဦးထုပ်ကို လက်တွေ့စမ်းသပ်မှု ပြုလုပ်ပြရာ ဂေဟာထောက်ချုပ်ကိုယ်တိုင် ဦးထုပ်ကို ဆောင်း၍ ပါးအရိုက်ခံခဲ့ကြောင်း၊ ဝံဂျီးဂျုပ်က ထိုဦးထုပ် စံချိန်မီရန် ပိုမိုကောင်းမွန်သည့် ပစ္စည်းများ သုံးသင့်သည်ဟု နှမ်းဝင်ဖြူး ပြောဆိုသွားကြောင်း၊ ပြင်ဆင်ထားသည့် အစားအသောက်များ မလောက်ငသောကြောင့် အသင်းသူမမက မီးဖိုချောင်ဝင်၍ ငှက္ကဌ ဖွက်ထားသော လက်ကျန်ပုလင်းများ ထုတ်ပေးလိုက်ရကြောင်း သတင်း ရရှိပါသည်။

 (နာယကဂျီးပေးပို့သည်)

Sunday, May 16, 2010

အင်တာပျက်

စောစောက ဖွင့်တာမရလို့ အခုကျမှ ဖွင့်တာရလို့
ဒီလိုဖြစ်တဲ့ လိုင်းကို တို့က နံမည်လေး တခုပေးမယ် "အင်တာပျက်"
စကားအများကြီး ပြောချင်သားနဲ့  ပြောတိုင်းလည်း ရပ်ကာသွားတော့
ဒီလိုဖြစ်တဲ့ လိုင်းကို တို့ က နံမည်လေး တခုပေးမယ် အင်တာပျက်

အင်တာပျက်ရေ . . . . ဒီလိုပဲ တို့ ကတော့ခေါ်မှာပဲကွယ် . . . .
တနေကုန်အောင် စောင့်လို့ ပျက်ဦးကွယ်.. စောင့်လို့ ရပ်ဦးကွယ် . . ရတယ်
အင်တာပျက်ရေ . . . . အိုး . . . .  အင်တာပျက်ရေ . . . .
အင်တာပျက်ရေ . . . . အိုး . . . . အင်တာပျက်ရေ . . . .

 နဲနဲလေး ပြောရင်လည်း မလောက် . . . .  များများကြီး ပြောရင်လည်း မလောက် . . . .
တနေကုန် ပြောလိုက်မှကွယ် သုံးဒေါ်လာ ပေးလိုက်ရတာ များလား
များသွားလည်း မတတ်နိုင်ဘူးဟေ့ . . .  တို့ ကတော့ပြောမှာပဲပေါ့
ဒီမှာစောင့်လိုက်ရတာ လိုင်းကောင်းချိန်တောင် မမှတ်မိလိုက်ဘူး

အင်တာပျက်ရေ . . . . ဒီလိုပဲတို့ ကတော့ ခေါ်မှာပဲကွယ်..
တနေကုန်အောင်စောင့်လို့ ပျက်ဦးကွယ် . . စောင့်လို့ ရပ်ဦးကွယ် ရတယ်
အင်တာပျက်ရေ . . . . အိုး . . . .  အင်တာပျက်ရေ . . . .
အင်တာပျက်ရေ . . . . အိုး . . . . အင်တာပျက်ရေ . . . .

တိုးတိုးလေး ပြောတာမကြားလို့ တအားကြီးကုန်းအော်လိုက်တော့
ဒီမှာအသက်ထွက်တော့မယ် မင်းက ဒါတောင်မကြားရဘူးတဲ့ 
"ကျားလား"  "ကျားလား" ရုပ်ကလေးကို ကြည့်ကာပြောမလို့ 
web cam ပျက်နေသားမို့  ဒီမှာ ဖွင့်လို့ မရတာ
မင်းက ဘာကြောင့် ဒေါသထွက်ရတာတုန်း

အင်တာပျက်ရေ ဒီလိုပဲ တို့ ကတော့ ခေါ်မှာပဲကွယ်
တနေကုန်ကွယ် လိုင်းကျကျသွားတယ် စက်က ရပ်ရပ်သွားတယ် ဖြစ်မယ်
အင်တာပျက်ရေ . . . . အိုး . . . .  အင်တာပျက်ရေ . . . .
အင်တာပျက်ရေ . . . . အိုး . . . . အင်တာပျက်ရေ . . . .

Thursday, May 13, 2010

ကျွန်တော်တို့ဂေဟာမှာဗျာ

တစ်နေ့ သ၌ ဂေဟာ၏ အစည်းဝေးခန်းမ၌ မူးနေကြသော ဘုတ်အဖွဲ့၏ ဘေး၌ ဖဲခိုးနေသည့် ကက်စီနိုမမက
မမ ။ ။ “အား…. နံတယ်နံတယ်။ ဘယ်ကောင့် လက်ချက်လဲ ပြောစမ်း”
ထိုအခါ မှောက်နေသည့် ငတိက ကမူးရှူးထိုး ထလာကာ
ငတိ ။ ။ “ဟိုကောင် ပေါညီ၊ မင်းမလားကွ၊ ဟိုဘက်က ဂျင်ဂျင်လေးလား၊ ဂေဟာမှာလာလာပြီး ဒါမျိုးလုပ်လို့ရမလားကွ၊ ဟို…… ဟို….”
စာအုပ်တစ်အုပ် ဆွဲကာ ထွက်လာသော ပျံဝံက
ပျံဝံ ။ ။ “ကဲပါ အသာနေစမ်းပါ ငတိရာ။ ကဲပြော… ပို့စ်ရေးမယ်။ မမ ပြင်းအား ဘယ်လောက်ရှိလဲ။ အချိန် ဘယ်လောက်ကြာလဲ၊ ဘာစားထားတဲ့ အနံ့မျိုးလဲ”
ငှက္ကဌ ။ ။ “ဟရောင်၊ ပျံဝံ။ မင်းအကြံ ငါမသိဘူးများမှတ်နေလား။ မီဒီယာလို့ မပြောရဘူး။ ဉာဏ်ဖြူ၊ ဉာဏ်မဲ ဆို အကုန်ထွက်တယ်။ မင်းဘာသာမင်း ပဲကြီးလှော်တွေ ခိုးစား၊ မင်းဘာသာမင်း ပေါက်၊ ပြီးတော့ မင်းဘာသာမင်းပဲ ပို့စ်ရေး။ ဒါမျိုးတွေ ရိုးနေပါပြီကွာ။ ရေးမယ့်ရေး ဟိုတလောက ဂေဟာကို လေပြင်းတိုက်တဲ့ ကိစ္စ ရေးပါလား။”
အမှုရှောင် ။ ။“အို ဒါကတော့ ဟော့တာလေး ရေးရတာတော်ရေ့။ ရေးစရာမရှိရင် ဂေဟာကို ဘာနဲ့ ပို့စ် အသစ်တင်မတုန်း၊ ငှက်ရယ်။ ဒါလေးတွေရေးမှ ငပေါဂျာနယ် ရောင်းအားကောင်းမှာ။ ငပေါဂေဟာ လူလာများမှာ။ ဒီဂွင်ကို လူတွေ မသိသေးပါဘူး။ ဟတ်ဟတ်”
နာယကဂျီး ။ ။ “အေးလေ။ တွင်းတူး။ ညည်းက ပို့စ်ဖြင့် မရေးဘူး ရေးတဲ့ သူတွေကို အပြစ်လိုက်ရှာနေတာလား။ အသာနေစမ်းပါ။ ဒါနဲ့ နေစမ်းပါဦး။ ဂျင်ဂျင်လေးက ဒီည ဂေဟာမှာ အိပ်မှာမလား။ ဧည့်စာရင်းတိုင်ပေး ပြီးပြီလား။”
ငှက္ကဌ ။ ။ “ဟိ၊ တိုင်ရတေးဝူး။”
ငတိ ။ ။ “အေး၊ အဲဒါပဲ။ ငှက်ရဲ့။ မြန်မြန် သွားတိုင်ချေ။ ရပ်ကွက်လူကြီး ဦးနီစပ်က ဂေဟာကို သိပ်ကြည့်ရတာမဟုတ်ဘူး။ ဒါနဲ့ စကားမစပ်။ ဟိုဘက်ခြံက မနေ့က ရန်တွေ ဖြစ်ကြတယ်ဆို…။”
ပေါညီ ။ ။ “ဟုတ်တယ်ဗျာ။ ရန်ဖြစ်တာမှ တစ်အိမ်လုံးကို ဗြောင်းသတ်နေတာပဲ၊ ဦးရှနီလုပ်လိုက်တာ တစ်ယောက်ဆို လက်ပါ ကျိုးသွားတယ်ဆိုပဲ၊”
တွင်းတစ် ။ ။ “ဟုတ်ပါ့။ အဲဒါကိုလည်း ရပ်ကွက်လူကြီး ဦးနီစပ် က ဘာမှ လာမပြောဘူး။ ကျုပ်တို့ဂေဟာများ အသံလေး ကျယ်ကျယ်မပြောလိုက်နဲ့ ပြောလိုက်တာနဲ့ ရပ်ကွက်လုံခြုံရေး ထိခိုက်တယ် ဆိုတာက တမျိုး။ ဘာရိုက်၊ ညာရိုက်၊ စမာရိုက် ကို ချိုးဖောက်တယ် ဆိုတာက တစ်မျိုး၊ အီးပေါက်တာတောင် လေထုညစ်ညမ်းတယ် ဆိုပြီး အစည်းဝေးထိုင်ရတာနဲ့ မဲခွဲဆုံးဖြတ်ရတာနဲ့ မောကို မမောနိုင်ဘူး။”
ပေါငြိမ် ။ ။ “ဟားဟားဟား။ အဲဒါက လူရှိန်အောင်လုပ်ပြနေတာပါဗျာ။ တကယ်တမ်းဂေဟာကို ဘယ်သူ ပြဿနာလာရှာရဲ သလဲ၊ ဂေဟာကို ရုတ်ရုတ်လာလုပ်ရဲသလဲ၊ ရောက်တော့လာပါတယ်။ ကက်စီနိုမမ ဆီက ဖဲဝိုင်းအကောက်လေးး နည်းနည်းပါးပါး ခါးကြားထိုးပေးလိုက်ရင် ပြန်သွားတာပဲမဟုတ်လား။ ဟားဟားဟား။ ဘူးထွားထွားထွား။”
ထိုအခိုက် ဇေပုလင်းဖက်ကာ အိပ်နေရာမှ ထလာသည့် တွင်းတူးက မူးမူးနှင့် ဘောင်းဘီဇစ်ကို ကိုင်ရင်း ရုပ်ရှင်ထဲမှ သရုပ်ဆောင် ရှဲဒိုး စတိုင်ဖြင့်
တွင်းတူး ။ ။ “ဘာတွေပြော နေကြတာလဲကွ။ ကြားလိုက်ပါတယ်။… ဘာတဲ့။ အူနီစပ် အဲလေ… ဦးနီစပ်က ဘာပြောလို့လဲ။ ဘာပြောပြော မပြောပြောကွာ။ ပြန်ပြောလိုက်…. ဘာကောင်မှေ-ာက်ဂရုမစိုက်ဘူး။ တို့ကတော့ ပြောင်ပြောင်ပဲဟေ့ ပြောင်ပြောင်ပဲ….။ လုပ်စရာရှိတာ လုပ်တယ်။ ချွတ်စရာရှိတာ ချွတ်တယ်။ လိမ်စရာရှိတာ လိမ်တယ်။ သောက်စရာရှိတာ သောက်တယ်။ ကဲ…. ကြာပါတယ်ကွာ……………။”
ပြောရင်းဆိုရင်း ဘောင်းဘီဇစ်ကို ဆွဲချလိုက်သည်။ ဇွိ………………………
“ဟိုက်………….” (အားလုံး)
ငှက္ကဌ နှင့် ပေါငြိမ် ၂ ယောက်သား တွင်းတူး၏ လက်ကို လှမ်းဆွဲလိုက်ကြရင်း အားလုံးလည်း ကိုယ့်နဖူးကိုယ် ရိုက်မိလေတော့ သတည်း…………….။

တိုက်ဆိုင်မှုရှိလျှင် ခွင့်လွှတ်ကြကုန်………
တွင်းတူး

Wednesday, May 12, 2010

ပျံဝံပါတီ

၂၀၁၀ ရွေးကောက်ပွဲတွင် ငပေါဂေဟာဝန်ကြီးချုပ် ဦးဆောင်သော "ဂေဟာဖဲဝိုင်းနှင့် အရက်ဝိုင်းဖွံ့ဖြိုးရေး" ပါတီ ၀င်ရောက်ရွေးကောက်မည်ဟု သတင်းထွက်ပေါ်ပြီးနောက် ငပေါများဂေဟာမှ ပျံကျားရေးဝံကြီးကလည်း ပါတီဖွဲ့စည်း၍ ၀င်ရောက် အရွေးခံမည့် သတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ကြေငြာခဲ့သည်။

ငပေါဂေဟာ ပေါချာရေးနှင့် ဖွံကြောင်ရေး ကောင်စီမှ ပျံဝံချမ်းရဲသည် ငပေါသူ ငပေါသားများ
သာမန်ငပေါ(ခရေစီ)ဘ၀မှ အီမို(ခရေဇီ) ဖြစ်ပေါ်လာအတွက် "ဒစ်စကိုပါတီ" အမည်ဖြင့် ရွာသာကြီးမြောက်ပိုင်း မွဲခြောက်ကုန်းရွာမှ တဲ(၄)လုံးကို ကိုယ်စားပြုပြီး ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

"ခေတ်မီဂေဟာတော်သစ်ဆီ ချီတက်ကြဖို့အတွက် အီမိုခရေစီဂေဟာ တည်ထောင်နိုင်ရမှာဖြစ်ပါတယ်။ လူတကာ အီမိုမှ အီမို ဖြစ်နေတဲ့ခေတ်မှာ ကျွန်တော်တို့လည်း ရိုးရိုးခရေဇီမဟုတ်ပဲ အီမိုခရေဇီတွေအဖြစ်ကို ပြုပြင်ပြောင်းလဲသွားမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ ၀င်ရောက်ယှဉ်ပြိုင်တာပါ။ ကျွန်တော် ၀န်ကြီးဘ၀ကနေ အနားယူပြီး အင်္ကျီချွတ် ဘောင်ဘီချွတ် ခြေအိတ်ချွတ် ဖိနပ်ချွတ် နောက်ဆုံး ရှိသမျှချွတ်ပြီး stripper အနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်တာပါ။ ပါတီ စိုစိုပြည်ပြည်လေးဖြစ်အောင် "ဒစ်စကိုပါတီ" လို့ အမည်ပေးထားပြီး မဲပေးသူတိုင်းကို အရက်ပုလင်းတစ်ပုလင်းစီ အလကားပေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပါတီ အနိုင်ရခဲ့ရင် အလုပ်အကိုင်အခွင့်အလမ်းများစွာကို ကျွန်တော့်ကိုယ်ပိုင် ကလပ်မှာ ချထားပေးမှာပါ။ မိန်းကလေးတိုင်း အလုပ်အကိုင်ရရှိရေးအတွက် ကျွန်တော်အပြည့်အ၀ တာဝန်ယူပါတယ်။ ပြီးတော့ လက်ရှိဖြစ်ပွားနေတဲ့ တဲစွန်တဲဖျားက ဆွေးမြည့်နေတဲ့ ခြံစည်းရိုး ပြဿနာတွေကိုလည်း ပြေလည်အောင် ခြံစည်းရိုးအသစ်တွေ တည်ဆောက်ဖို့အတွက် ၀ါးရရှိအောင် ၀ါးပင်တွေ စိုက်ထားပြီးပါပြီ။ ပြီးတော့ အိမ်တိုင်း မီး ပုံမှန် လောင်ရေး..အဲလေ..မီးပုံမှန်လာရေးအတွက် မီးမလာတဲ့အိမ်တွေ ဖြိုချပြီး ဂေဟာအတွက် မီးပုံမှန်လာမယ့် အိမ်သစ်တွေ တည်ဆောက်သွားမှာပါ" ဟု ပျံဝံက ပြောကြားသွား၏။

တစ်ပတ်အတွင်း အထူသတင်း (၁၂-၀၅-၂၀၁၀)

အကြောင်းမညီညွတ်သဖြင့် ဘောင်းဘီချွတ်ထားရသော မနုဿီဟပါတီ ဥက္ကဖြစ်သူ ငပေါဂေဟာ ဝန်ကြီးချုပ်သည် ယမန်နေ့က အင်တာနက်တိုင်း အွန်လိုင်းကျေးရွာတစ်ခုတွင် မဲဆွယ်စည်းရုံးမှုများကို အတင်းလုပ်ဆောင်သွားကြောင်း အတင်းတုတ်ရပါသည်။

ဝန်ကြီးချုပ်သည် အဆိုပါ ကျေးရွာအတွင်း တစ်အိမ်တက်ဆင်း တံခါးခေါက်ပြီး မနုဿီဟ တံဆိပ်ပါ ကလေးဝတ် စွပ်ကျယ်များကို စည်းရုံးရေးဆင်းသည့် အနေဖြင့် ဝေငှသွားကြောင်း သိရှိရပါသည်။

ဆက်လက်ပြီး ဝန်ကြီးချုပ်က ၎င်းဦးဆောင် တည်ထောင်သော မနုဿီဟ ပါတီကို မဲများများထည့်ရန်နှင့် ၎င်းပါတီ အနိုင်ရပါက ဒေသတွင်း ရေရှားပါးမှုကို ဖြည့်ဆည်းပေးသည့်အနေဖြင့် တစ်အိမ်လျှင် ရေသန့်ပုလင်း (1 Liter) တစ်လုံးစီ ပံ့ပိုးသွားမည်ဟု သိရှိရပါသည်။

ဒေသခံတို့အား ဝန်ကြီးချုပ်က... မနုဿီဟသည် လူတစ်ပိုင်း ခြင်္သေတစ်ပိုင်း ဖြစ်သည့်အပြင် တင်နှစ်ခွရှိသည့်တွက် ဂေဟာ၏ အကျိုးကိစ္စများကို ဝန်ကြီးချုပ်သက်တမ်း ကုန်သော်လည်း ဆက်လက်ပြီး တင်ပါးပြောင်း လွှဲယူနိုင်သဖြင့် ဂေဟာအကျိုးများဖွယ် ရှိကြောင်း ပြောကြားသွားပါသည်။

အဆိုပါ ဒေသမှ ပြန်မထွက်ခွာမီ ဘောင်းဘီဝတ်အကျင့်မပျောက်သေးသော ဝန်ကြီးချုပ်သည် ထုံးစံအတိုင်း လိုအပ်သည်များကို မှာစားပြီး ကျန်တာများကို အိမ်သူပိုင် အထုပ်ဆွဲသွားပါသည်။

ဤတွင် တစ်ပတ်အတွင်း အထူသတင်းများကို ကြေညာလို့ ပြီးပါပြီ။

Wednesday, May 5, 2010

ဂေဟာအတွင်း မိုးလေဝသ သတင်း (၅-၅-၂၀၁၀)

အခုအချိန်ကနေ စတင်ပြီး ငပေါများဂေဟာ မိုးလေဝသနှင့် လဒဗေဒ ညွှန်ကြားရေးမှူး၏ ဂျုပ်ကြီးတာဝန်ကို ခေတ္တလွှဲပြောင်းရယူသူ နာယဂျီးက တလအတွင်း ငပေါများဂေဟာ မိုးလေဝသ သတင်းများကို ကြေညာပါတော့မယ်။

ငပေါပင်လယ်ပြင်နှင့် ထိစပ်နေသောနေရာတွင် လေဖိအားများ ရပ်ဝန်းတရပ် ဖြစ်ပေါ်လျှက်ရှိပါသည်။

ထိုလေဖိအားများ ရပ်ဝန်းကို ဖန်းတီးသူများမှာ ဂေဟာသို့ မကြာခဏလာ၍ လေပေါသည့် အမည်မဖော်လိုသူများနှင့် အမည်ပေါ်လိုသူများ ဖြစ်ကြပြီး ထိုလေဖိအားများ ရပ်ဝန်းကြောင့် ငပေါဂေဟာနှင့်အနီးတဝိုက်တွင် မိုးရွာရန် ယောင်တုန်းခန့် ရှိနေပါသည်။ ထိုယောင်တုန်းကို တွင်း ၂ နှင့် ပျံဝံတို့က ဖြတ်ရောင်း၍ ကာစီနိုသွားကာ ဂေဟာရန်ပုံငွေ ရှာရန်ရှိပါသည်။

လေပြင်းမုန်တိုင်း တိုက်ခတ်သွား

ငပေါဂေဟာ နာယကဂျီးသည် လေပုတ်ထုတ်ဆေးအစားများသွားပြီး လေလည်လိုက်ရာ တနာရီလျှင်မိုင် ၈၀ နှုန်းဖြင့် လေပြင်းမုန်တိုင်းတရပ် ချင်းမိုင်နှင့် ဘန်ကောက်တွင် တိုက်ခတ်သွားပါသည်။ မွေးဝံနှင့် တွင်း ၁ တို့မှာ ဘန်ကောက်ဆန္ဒပြပွဲအတွင်း ရောက်ရှိနေသောကြောင့် လေပြင်းမုန်တိုင်းဒဏ်မှ လွတ်မြောက်သွားကြောင်း သတင်းရရှိသည်။

ထိုလေပြင်းမုန်တိုင်းက ရန်ကုန်သို့ အဖျားခတ်သွားရာ ရန်ကုန်ငပေါများ ဖြစ်ကြသော အသင်းသားချုပ်ကြီး ထဘီအနည်းငယ် လန်သွားခြင်း၊ အမှုရှောင် မျက်လုံးထဲသဲများဝင်ပြီး မျက်လုံးပိုပြူးသွားခြင်း၊ ငှက်ကထ ဂျွမ်းပစ်သွားခြင်း၊ သဘာငတိ လေတွင်လွင့်ပါကာ သစ်ပင်တပင်ပေါ်၌ သွားချိန်ခြင်း ဖြစ်ပေါ်ခဲ့ပြီး ကူးသန်းဝံနှင့် လယ်ယာပျံစားရေးဝံဂျီးတို့မှာ အမြန်ဆုံး နှာခေါင်းများ ပိတ်လိုက်သောကြောင့် လေဒဏ်မှ လွတ်မြောက်သွားခဲ့သည်။ တခြားထိခိုက်ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိသည်ဟု မသိရပေ။ နောက်ဆက်တွဲကြားသိရသည်မှာ ငှက်ကထသည့် သူ့ဘာသာ အရက်မူး၍ ဂျွမ်းပစ်ခြင်း ဖြစ်ြ့ပီး လေမုန်တိုင်းနှင့် မည်သို့မျှ ပတ်သက်ခြင်း မရှိပေ။

မုန်တိုင်းသတိပေးချက်

ဂေဟာအတွင်း သတိထားရန်မှာ နာဂစ်မုန်တိုင်းထက်ဆိုးရွားသော “နာဂတ်စ်” လေမုန်တိုင်းတရပ် ဂေဟာတွင် ဆက်လက် တိုက်ခတ်မည်ဖြစ်ပြီး လူကြီးမြင်းများကို သီးသန့်ရည်ရွယ် တိုက်ခတ်ရန် ရှိနေသောကြောင့် ဂေဟာလူကြီးမြင်းများ အထူးသတိထားရန်လိုအပ်ပါသည်။

ဤတွင် မိုးလေဝသသတင်းများကို ကြေညာပြီး နာယကဂျီးလည်း လေနာပျောက်သွားပြီ ဖြစ်ပါသည်။

Friday, April 30, 2010

သတင်းကျိုး (၃၀-၀၄-၂၀၁၀)

သတင်းခေါင်းစဉ်

ဂေဟာဝန်ကြီးချုပ် ဘောင်းဘီချွတ်မည် တကဲကဲဖြစ်နေ

အတင်းစုံသည်မှာ

ဝန်ကြီးချုပ်များ ဘောင်းဘီချွတ်သည့် ဖက်ရှင်ခေတ်စားနေသောကြောင့် ငပေါဂေဟာ ဝန်ကြီးချုပ်လည်း ဘောင်းဘီချွတ်မည် တကဲကဲ ဖြစ်နေရာ ဂေဟာ တာဝန်ရှိသူများက တားမြစ်ထားရကြောင်း အတင်းရရှိပါသည်။

ထိုသို့ တားမြစ်သော်လည်း ဝန်ကြီးချုပ်က သူတယောက်တည်း ချွတ်မည်မဟုတ်ကြောင်း၊ တွင်း ၁၊ တွင်း ၂၊ ငှက်ကထ၊ သဘာငတိ၊ ပျံဝံ၊ ပေါညီ၊ ပေါငြိမ် စသည်ဖြင့် ဂေဟာရှိ ဝန်ဂျီးနှင့် ဘုတ်အဖွဲ့ဝင် တချို့လည်း ချွတ်ရမည်ဖြစ်ကြောင်း၊ ထိုသို့ ချွတ်ခြင်းမှာ ဖက်ရှင်ဟု မယူဆစေလိုကြောင်း တပ်ချုပ်ကြီး အောင်သာငယ်က ချွတ်ခိုင်း၍ ချွတ်ရကြောင်း ပြောဆိုသည်။

“ကျုပ် ငိုရပါများတော့ မျက်ရည်တွေ နှပ်တွေ အရမ်းအရမ်းကို ထွက်ပြီး လက်ကိုင်ပုဝါတွေ တစ်ရှုးတွေနဲ့တင် မလောက်တော့လို့ ဝန်ဂျီးချုပ်အပါအဝင် ဂေဟာက တခြားဝန်ဂျီးတွေရဲ့ ဘောင်းဘီတွေချွတ်ခိုင်းပြီး သုတ်ချင်လို့ပါ” ဟု တပ်ချုပ်ကြီးက မပြောသော်လည်း ဂေဟာသတင်းထောက်က သူ့ဟာသူ အထင်နှင့် ရမ်းတုတ်သည်။

အတည်မပြုနိုင်သော သတင်းရပ်ကွက်များ၏ အဆိုအရ ဂေဟာဝန်ဂျီးဂျုပ်အပါအဝင် ဝန်ဂျီးအဖွဲ့ဝင်တချို့မှာ ရွေးကောက်ပွဲဝင်မည်ဟု သိရသည်။ ဝန်ဂျီးဂျုပ်ခေါင်းဆောင်သော ပါတီအမည်မှာ “ဂေဟာ ဖဲဝိုင်းနှင့် အရက်ဝိုင်းဖွံ့ဖြိုးရေး” ပါတီ ဟူ၍လည်း သတင်းရရှိသည်။

ထိုကိစ္စအရပ်ရပ်နှင့်ပတ်သက်၍ ဂေဟာသတင်းထောက်က ဝန်ဂျီးဂျုပ်အား မေးမြန်းရာ ဝန်ဂျီးဂျုပ်က မည်သည့်အဖြေမှ မပေးပေ။ သို့သော် သူနှင့်အလွန်ရင်းနှီးပြီး ကြုံရင်ကြုံသလို နေ့လယ်စာ မကြာခဏ ဝယ်ကျွေးခိုင်းလေ့ရှိသူ နာယကဂျီးကိုမူ “ဘယ်ဖြေလို့ရမလဲဗျ ... ညက ကျုပ်မိန်းမ ပိတ်တီးလိုက်လို့ ပါးတဖက်ယောင်နေတယ်။ ဘာစကားမှ မပြောနိုင်ဘူး” ဟု တိုးတိုးတိတ်တိတ် ဂျီတော့ခ်မှ ပြောကြားလိုက်ကြောင်း သတင်းရရှိပါသည်။

ဤတွင် ဂေဟာသတင်းကျိုးကို ကြေညာလို့ပြီးပါပြီ။

နာယကဂျီးရေးသည်

Tuesday, April 27, 2010

တစ်ပတ်အတွင်း သတင်းအစီအစဉ် (၂၇-၀၄-၂၀၁၀)

(၁) ငပေါဂေဟာစတုဂံဒေသတိုင်း စစ်ဌာနမှူးက ၀ တပ်ဖွဲ့များထံ နံပြားခြောက်ချပ် ဖုတ်ပေးရေး ကိစ္စ အပူတပြင်းတောင်းဆိုခဲ့သည်။ (နာယကကြီး မနက်စာအတွက် အဆင်ပြေစေရန်ဟု သိရ၏)

(၂) ငပေါဂေဟာ ဥက္ကဌသည် ၂၀၁၀ သေးပေါက်ပွဲတွင် ဆီးရွှင်ရန် နှင့် ရန်စွယ်အပေါင်း ကျော်လွှားနိုင်ရန် ဆင်ဖြူတော် ဆားငံစေ့ ၁၀ ကို အစေ့ပါမြိုချရာ လည်ပင်းတွင်အစေ့ဆို့နင့်ပြီး ရန်ကုန်ဆေးရုံကြီးသို့ အတွင်းလူနာအဖြစ်ထားရှိခံခဲ့ရ၏။

(၃) သင်္ကြန်အကြတ်နေ့ ဗုန်းပေါက်ကွဲခြင်း၏ အဓိကတရားခံသည် ဗုန်းဖောက်ခွဲသူသာ ဖြစ်သည်ဟု ငပေါ ၀န်ကြီးချုပ်က အတိအလင်းပြောဆို။ တွင်း(၂) နေအိမ်တွင်လည်း လုံခြုံရေးတင်းကြပ်လျှက်ရှိရာ အိမ်သာနှင့်ရေချိုးခန်းများတွင် တံခါးများ တပ်ဆင်ထားကြောင်း ချောင်းကြည့်သူရပ်ကွက်မှ သတင်းရရှိသည်။

(၅) ရင်ခွဲရုံမှ အလောင်းများ ကုတ်ဖဲ့ဖျက်ဆီးခံရမှုနှင့်ပတ်သတ်၍ ရဲတပ်ဖွဲ့မှ ကြွက်၊ ခြ နင့် ပိုးကောင်များအား
အတင်း အဓမ္မစစ်မေးလျှက်ရှိရာ တရားခံများမှ ၀န်ခံပြောကြားခြင်းမရှိသေးပေ။

(၆) လွန်ခဲ့သော တနင်္လာနေ့မတိုင်မီ ၂ရက်က တွင်း(၂)သည် ဂေဟာရန်ဘုန်းငွေ အမြောက်အများကို ကတ်စီနိုကစားဝိုင်းတွင် ရှုံးပြီးနောက် "ရရင်ရ မရရင် မ" ဟုဆိုကာ chip ပြားများခိုးယူသဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း နှင့်အတူ ဂေဟာမှ ချီးမြှင့်သော "ပြည်သူကုန်စေ" ဆုချီးမြှင့်ခံရသည်။


ပျံကြားရေး ၀ံကြီး/
ချမ်းရဲ

Friday, April 16, 2010

သင်္ကြန် သတင်းကျိုး (Break News) (၁၆-၀၄-၂၀၁၀)

- ဧပရယ်လ ၁၅ ရက်နေ့(သင်္ကြန်အကျက်နေ့) တွင် ငပေါများဂေဟာ၏ သဘာငတိဖြစ်သူအား ဗုံးခွဲ လုပ်ကြံ
ခင်းဖြစ်ပေါ်ခဲ့ ...
- သင်္ကြန်တွင်း လူ့ပြည်သို့ လာရောက်ပျော်ပါးသော သကြားမင်း၏ စနက်ကြောင့် မန္တလေးတွင် မဏ္ကပ်များပြိုခဲ့

>ငပေါဂေဟာ၏ ရိုးရာအခါတော်နေ့ ဘီယာပတ်သော အခါသမယတွင် ငပေါများဂေဟာ၏ သဘာငတိဖြစ် သူအား ဗုံးခွဲ လုပ်ကြံခြင်းဖြစ်ပေါ်ခဲ့ပါသည်။
သို့သော်လည်း ပြန်ကြားရေးဝံချမ်းရဲ၏ သတင်းထုတ်ပြန်မှုအမှားကြောင့် ငတိမူးနေသော မဏ္ကပ်နှင့် တခြားမဏ္ကပ်တစ်ခုအား မှားယွင်း၍ ဖောက်ခွဲခဲ့သောကြောင့် ငတိမှာ အသက်ရှင်လျှက် လိပ်ပြာဖမ်း၍ ပြန်လာနိုင်ခဲ့ကြောင်း .....
သဘာငတိကြီးမှာ စိတ်နူ ကိုယ်နူသောသူဖြစ်သောကြောင့်တစ်ကြောင်း ၊ ထပ်မံလုပ်ကြံမည် စိုးရိမ်သောကြောင့်လည်းကောင်း နောက်တစ်နေ့တွင်
ဦးပုတ်အားစောင့်၍ ဘုန်းကြီးကျောင်းမှာပင် တစ်နေကုန်ပုန်းအောင်နေရကြောင်း နောက်ဆုံးအတင်းများအရသိရှိရပါသည်

>သကြားမင်းကြီးသည် သင်္ကြန်ရက်တိုင်း လူ့ပြည့်သို့အလည်လာကာ ပျော်ပါးခဲ့ပါသည် ။ သို့သော် မဏ္ကပ်များတွင် DJ များမဖွင့်ရသောကြောင့် သီချင်းသံနားထောင်ချင်လှသော သကြားမင်းသည် အနီးတွင်ရှိသော ပုလွေစုတ်နှင့် လေမှုတ်သောကြောင့် .. ၁၆ ရက်နေ့မနက် မန္တလေးကျုံးဘေးတွင် အစကတည်းက ပြိုချင်နေသော မဏ္ကပ်များ ပြိုကျသွားခဲ့ကြောင်းသတင်းရရှိပါသည်... ။

ပေါညီလက်မှတ်ရေးထိုးမှာစားသည်
လက်မှတ်

Wednesday, April 14, 2010

အွန်လိုင်းပေါ်က ငပေါဂေဟာ

onlineပေါ်မှာ စကားများတာ အဲ့ဒါမမပါ
typingရိုက်တာမြန်တာများ လက်နှိပ်စက်စာရေးမအလားးး။

ဒန့်ဒလွန်သီးတောင် ပါပါးခေါ် သဘာငတိကိုနော်
မော်ဒယ်တွေတောင် အရှုံးပေးရ ပိန်လွန်းလို့တဲ့ဗျ။

ခပ်တည်တည်နဲ့ပေါတတ်တာ ချင်းမိုင်မမပါ
ရာထူးကတော့ဏယကဂျီး ပြီးတော့ စိတ်ကကြီး ...။

ဗီလိန်လို့အများခေါ်တယ် တွင်း(၂)လေးကိုကွယ်
ကောင်မလေးတွေဝေးဝေးပြေးးး တွင်း(၂)နှာဘူးလေးးးးး။

မောင်ရင်ညိုလည်းရှိသေးတာ အမြဲတမ်းဘိုင်ပြတ်တာ
ရံဘုံးငွေတွေအမြဲဘုံးရ ဒါတောင်မလောက်ဘူးဗျ။

တာဝန်ဆိုရင်စတေးရှောင် အဲ့ဒါအမှုရှောင်
ဘုကြည့်ကြည့်ပြီးလူကိုရှိုး သူ့စတိုင်ကတစ်မျိုးးးးး။

ဌက္ကဋ္ဌဆိုတဲ့ APဟာ တော်တော်ရုပ်ဆိုးတာ
ဗေလုဝတောင်ငိုချင်းချ APကြီးကိုဗျ။

အူတူတူနဲ့သူ့စတိုင် ဘယ်သူမှမတုနိုင်
လူကိုမြင်ရင်သွားဖြီးပြ အဲ့ဒါပေါညီဗျ..။

ဖိုးသာထူးနဲ့အမျိုးတော်တာ အသင်းသားဂျူပ်ဂျီးပါ
တူပါသကွဲ့မယုံငြား ဒီမှာကြည့်ပါလားးး။

ချမ်းရဲကလည်းသိပ်မခေ ငပေါဂေဟာမှာလေ
အနိုင်မခံ အရှုံးမပေး အပေါပြိုင်ချင်သေးးးး။

လေယာဉ်ပျံကိုမမြင်ဖူးတာ နိုင်ဂန်ခြားရေးဝံဂျီးပါ
လူပျိုကြီးလိုဟန်တွေလုပ် ပြီးတော့ ရှိုးတွေထုတ်။

ဘန်ဒါရေးဝံဂျီးအူးဖိဟာ လစာထုတ်ပေးတာ
လကုန်ရက်ဆိုပျောက်လို့သွား ရှာလို့မတွေ့ဘူးဗျားးးးးး။

Crazy Villa Groupထဲမှာ လက်လက်တောက် အချောဆုံးပါ
မနာလိုမဖြစ်နဲ့ငပေါတွေရဲ့ အဲ့ဒါအမှန်ပဲကွဲ့။

ငပေါတွေအတင်း ပြောရတာ သိပ်တော့ စိတ်မကောင်းပါ
သေသေချာချာမှတ်လို့ထား မောင် ညီမလေးများးးးးး။ (အဟိ)

ဂျူနီယာလက်လက်တောက်၏ ပထမဦးဆုံးသော ဘလော့ဖြစ်ပါသဖြင့် မပါဝင်သော ငပေါများအား ထပ်မံရေးသားပါဦးမည်။
ကျန်ရှိနေသေးသော ငပေါများ၏အတင်းများကို ကဗျာစပ်ဦးမည်ဖြစ်ကြောင်းးးးးးးးးး ငပေါများကြောက်ရွံ့စွာ စောင့်မျှော်ကြပါကုန်လော့...။

Monday, April 12, 2010

မြန်မာသက္ကရာဇ် ၁၃၇၂ ခုနှစ်အတွက် မဟာအတင်း သင်္ကြန်စာ

ကမ္ဘာ့ကမ္ဘာကျော် ပုဂ္ဂိုလ်ရှော်ကြီးများထံမှ နည်းမှီးစတန့်ထွင် စိတ်ကူးယဉ်ထားသော မူအရ
မြန်မာ့မြန်မာမြေပေါ်က ဆရာ့ ဆရာအော်ကြီးများ၏ ကြီးကြပ်မှုဖြင့်
ဗေဒက၀ိ မောင်မောင်ကွိ ကကျိကကျိ ကလိထားသော

မြန်မာသက္ကရာဇ် ၁၃၇၂ ခုနှစ်အတွက် မဟာအတင်း သင်္ကြန်စာ

အောင်​ဇေယျတု သဗ္ဗမင်္ဂလံ၊ ငကြောင်တွေအခု ဖိနပ်ချအရင်ပြန်... ခရစ်နှစ် ၂၀၁၀၊ ကောဇာသက္ကရာဇ် ၁၃၇၂ ခုနှစ်စတင်သော ယခုအချိန်သည်ကား တုရှိန်မမီငြားသည့် လူ့အိမ်ပြည်သားတို့၏ နှစ်ကူးသာစွ အဖြစ်ထူးကာလ အသစ်တန်ခူးသမယ ဖြစ်သည်နှင့်အညီ မကောင်းတာပြုသူများအား ထောင်းကာထုချင် နေလေသော နတ်တို့သခင် သိကြားအရှင်သည် ကိုရီးယားမင်းသားများစတိုင် အဝတ်တန်ဆာကို ဝတ်ဆင်လျက်... ဒရိုက်ဘာ မာတလိ မောင်းနှင်သော အဆင့်မြင့် အဲယားမွန်း လေအိတ်ဘတ်စ်ကားကို စီးကာ... နေပြည်တော်တွင် လေဒီခေါ်တင်ပြီး သကာလ... ခွေးရေပုရပိုက်အစား၊ လက်တစ်ဘက်တွင်... ဗရုတ်ဗရက် အလွန်ခက်လေသော ရုပ်ဒ်မတ်ပ် ခုနှစ်ချက်အား ကိုင်ကာ... အခြားလက်တစ်ဘက်ကား မသွေအမြန် ထူကာထုတ်ထားသည့် အခြေခံမူစာအုပ်အား အဖြေအကြံယူရန် လက်မှာချိတ်ပြီးသကာလ... မြောက်ကိုရီးယားတွင် တစ်ထောက်ခိုပြီးနားဝင်၍ တရုတ်ပြည်မ၌ အဟုတ်အပီခဏဆိုက်ခါ... မဖောက်ပြားသော ယောကျာ်းတို့မာန်ဖြင့် ကြောက်အားကို အနောက်ထားပို့ချန်ပြီး ရွှေမြန်ပြည်သို့ မသွေအမြန်ချီလာ ပါတော့သည်။

ထိုမျှမက ယခုအချိန်သည်ကား မြန်မာနယူးရီးယားဟုခေါ်သော အသာထူးပြီးခြားသည့် ကာလဖြစ်သည့်အပြင်... အပြေးရောက်တစ်ဖွယ် အဝေးရောက်တစ်သွယ် ရွေးကောက်ဆယ်မည့် ကာလနှင့်လည်း နီးကပ်လာသည်အညီ ခုနှစ်ရက်သားသမီးတို့ အချွန်အတက်ပွားစီးဖို့အလို့ငှာ ကျွန်ုပ် ဗေဒကဝိန် ပေါ်ငြိမ်သည်... ကောင်းကင်တခွင်တွင် စောင်းချင်သလိုစောင်းတင်နေသည့် နက္ခတ်တာရာများအား အပြတ်ဖတ်ကာသွားရောက် ကြည့်ရှုပြီးသကာလ... အမှန်သရုပ် ဟန်လုပ်ကာ ဤ... 'မဟာအတင်း သင်္ကြန်စာ' ကို ခဏအတွင်း သတင်းအမြန်ရှာ၍ ဗလသွင်း ချက်ချင်းအမြန်နွှာပြီး နင်းကန်ကာရေးသားသမှု ပြုလိုက်ရပါလေသတည်း။

သင်္ကြန်စာ၏ အလိုအရကား... မိုးသုံးမိုးတို့တွင် မိုးဟေကို ခါအံ့၊ မိုးယုစံ နန့်အံ့၊ မိုးဟေမာန်ခင် လှုပ်အံ့... နိုင်ငံခြား၊ ပင်လယ်ရပ်ခြား၊ လူမျိုးခြား၊ သားဆက်ခြား၊ ချောက်ချောက်ခြားခြား စသည့် အခြားအခြားများနှင့် ဆက်ဆံတွေ့ကြုံရအံ့... သမိန်ပေါသွပ်၊ Mr. Bean, Charlie Chaplin အစရှိသော စူပါစောက်ပေါများ ထူးကုန်အံ့... ငပေါလိုဂိုပါသော ငွေစက္ကူများကို အသုံးများအံ့... Ning, Facebook အစရှိသော Social Network များ လူကြိုက်များအံ့... Online Library, E-book စသော Soft Copy စာအုပ်လောကများ ပေါက်အံ့...။ G Talk, Messenger အစရှိသည်တို့တွင် လူအထင်ကြီးစေသော၊ လူသနားစေအံ့သော Custom Message များ၊ Avatar များ စသည်တို့ ဖြင့် Chatting သမားများ အလုပ်ရှုပ်အံ့...။

ဘလော့ဂါများ၏ ကံဇာတာသည်ကား... MBAA ဟုအမည်ရသော ဘလော့ဂ်အကယ်ဒမီကို ဘလော့ဂါများ ရူးသွပ်ကုန်အံ့... နံမည်ကြီး ဘလော့ဂါများ မိမိတို့ပို့စ်ကို လူမသိသူမသိ ဖြန့်ဝေခံရခြင်းကြောင့် ဒေါသကြီးကုန်အံ့... အခြားတစ်ဘက်၌ လူသိများသဖြင့် ကြိတ်ပြီး ဝမ်းသာအံ့... Copy Right, Copy Left, Creative License အစရှိသော စကားလုံးများကို ဘလော့ဂ်များတွင် အသုံးများအံ့...။

ဘလော့ဂ်များ၏ ကံကြမ္မာကား... သတင်းပလင်း၊ အတင်းအဖျင်းများရေးသော ဘလော့ဂ်များ ဆဲဆိုခံရခြင်း၊ အငြင်းအခုံပြုရခြင်းတို့ ကြုံတွေ့အံ့... နည်းပညာမျှဝေနေသော ဘလော့ဂ်များ ဘလော့ဂါရှိန်ခံရခြင်း၊ ဘလော့ဂါ ထင်ကြီးခံရခြင်းတို့ ကြုံရအံ့... Unicode သုံးသော ဘလော့ဂ်များသို့ လူအလာနည်းအံ့... ရူးပေါပေါ ကြောင်တောင်တောင်စာများ တင်သော ဘလော့ဂ်များ ပေါက်အံ့... ကိုယ်ပိုင်ခံစားချက်ရေးသော ဘလောဂ်များ Comment အရနည်းခြင်းကြောင့် စိတ်ပျက်လတ္တံ့… သို့တိုင်အောင် အသည်းကွဲသော အချစ်နာကျသော ဘလော့ဂ်အရေအတွက် များပြားလာအံ့… အဘိဓာန်၊ ဘာသာစကား စသည်တို့ရေးသော ဘလော့ဂ်များသို့ လူအသွားနည်းအံ့... အွန်လိုင်းရေဒီယို မျူးဇစ်စတေရှင်များသို့ လူအသွားများအံ့... ရွှေနိုင်ငံအကြောင်း စဉ်ဆက်မပြတ်ရေးသားနေသော အမျိုးချစ်ဘလော့ဂ်များကား ဒေါသကြီးခြင်း၊ ပေါက်ကွဲခြင်းတို့ဖြင့် နိုင်ငံကို ဆက်လက်ချစ်ခင်အံ့...။

Facebook ၏ ကံကြမ္မာကား... ပုံမှန်အားဖြင့် ပေါတောတောလုပ်သူ များအံ့... အလုပ်ရှိသူများ အလုပ်အကြောင်း Wall တွင် တက်ညည်းတွားအံ့... အလုပ်မဲ့သူများက မိမိတို့ အချိန်ကုန်ခံ ဖန်တီးထားမှုများကို ကြော်ငြာအံ့... လူပြိုဂျီးများ ကိုယ်လုံးဖော်ပုံများကို Profile တွင်တင်၍ Comment အဝင်များအောင် ဆွဲဆောင်အံ့... အာပြိုဂျီးများ အသည်းကွဲ Status များကို Wall တွင်ရေး၍ ဆွဲဆောင်အံ့... ဆယ်ကျော်သက် လူငယ်များက မာဖီးယား ဂိုဏ်းဝင်ဖြစ်အံ့... ဖွန်ကြောင်သူ ငဘူးများကား သီချင်းများ၊ ဗီဒီယိုများ တင်၍ နှာထအံ့... ဓာတ်ပုံဆရာများကား မိမိတို့ ရိုက်ထားသော မော်ဒယ်များအား အတုံးလိုက် အတစ်လိုက် ပြ၍ ပညာပြိုင်အံ့...။

ငပေါဂေဟာ၏ ကံကြမ္မာကား... အကယ်ဒမီရသဖြင့် ငပေါများ မျောက်ကြွကြွ (မျောက်များကဲ့သို့ ကွတတ) ဖြစ်အံ့... ထိုမျှမက မရှိသော ဘဝင်များ မြင့်ကုန်သဖြင့် ရုံးမတက်တော့ဘဲ စတေးရှောင်သူများအံ့... ဏာယကဂျီး အထာမကျ ညည်းအံ့... အတင်းရေးမှူးများ ပုလင်းဘေး မူးသွားနိုင်အံ့... သဘာငတိ အသာကွိအံ့... ငှက်ကထ အပျက်သမခံရအံ့... အမှုရှောင် အဖုတစ်ထောင်ရအံ့... (ဘာဖုလဲ မသိပါ) အတင်းတားချုပ်ကြီး ဝမ်းသွားရုပ်ဖြီးအံ့... အကြံပေးအရာရှိ ရန်ဘေးတစ်ရာရှိအံ့... ဝန်ကြီးချုပ် ဖင်ကြီးလှုပ်အံ့... ကာကွယ်ရေး ဦးစီးချုပ်ခမျာ ရွာလယ်နံဘေး ဘူးသီးဖုတ်ရှာအံ့... ကူးသန်းဝံဂျီး ထူးဆန်းရင်ကြီးအံ့... ဆည်မြောင်းဝံဂျီး လည်ချောင်းဖင်ကြီးအံ့... တရားစီရင်ရေးဝံဂျီး တအားဖီလင် ဆွေးငင်ညည်းရအံ့... ပညာရေးဝံဂျီး ဖင်မှာအမွှေးအမျှင်ကြီးအံ့... အိုင်တီဝန်ကြီး မဆိုင်မဆီဝင်အတီးခံရအံ့... ပို့ဆောင်ရေးဝံဂျီး နို့၊ ပေါင်၊ မေး၊ ဖင်ကြီးအံ့... ထောက်လှမ်းရေးချုပ် သောက်ရမ်းခွေးကုတ်ခံရအံ့... မွေးမြူရေးနှင့် ရေလုပ်ငန်းဝံဂျီး အေးပူချွေးထုတ် လေလည်လမ်းတွင်ပြီးရအံ့... ပြန်ကြားရေးဝံဂျီး ရန်ပွားပြေးဝင်အတီးခံရအံ့... လျှောက်လုပ်ရေးဝံဂျီး စောက်... စောက်... အဲ... မျောက်၊ ဘုတ်၊ ခွေး မစင်မြည်းရအံ့... နန်ငံခြားရေးဝံဂျီး နံရံကြားပြေးဝင်ညည်းရအံ့... ကြမ်းမာရေးဝံဂျီး ပန်းနာဆေးထွင်မြည်းရအံ့... ဆက်သွယ်ရေးဝန်ကြီးခဗျာ လက်ဝယ် ခွေးမစင်အီးပါခံရအံ့... လယ်ယာပြန်စားရေးဝန်ကြီးခဗျာ မဖွယ်မရာ နံကြားခွေးဝင်ချီးပါခံရအံ့... ယဉ်ကျေးမှုဝန်ကြီးခဗျာ ဖင်ဘေးအဖုအနာရအံ့... အသင်းသား အသင်းသူများ အချင်းများ အပျင်းထူအံ့... ဤကား သင်္ကြန်ကျ အဟောတည်း...။

တနင်္ဂနွေ၊ Sunday (အ၊ ဧ၊ ဥ) အရမ်းအတွေးများသော ဆန်းဒေးသမားတို့သည် လမ်းဘေးသွားသော အလွမ်းတေးသမားများ ဖြစ်ကြပါလိမ့်မည်။ အတင်းတွေတုတ်ချင်သော တနင်္ဂနွေရုပ်ညဉ်အတိုင်း လည်ပင်းအခြေတွေ ငုတ်ဝင်နေလောက်အောင် သတင်းတွေအဟုတ်ပင် နာမည်ကျော်အံ့။ သို့သော်လည်း ဂဠုန်တို့ထုံးစံ အကုန်ဗျို့ အမုန်းခံရမည့်သူများဖြစ်ရာ အမှန်အချို့ကုန်းပြန်ကြွခြင်း၊ ဝါးလုံးမှန် ရှခြင်းစသော အရှုံးကံရခြင်းများ ကြုံရတတ် လေတော့သည်။
(ယတြာ။ စမ်းနံဘေးနား ရွာမှာ နှုတ်ခမ်းဘေးသား ဖွာ၍ အနမ်းပေးမလားဗျာဟု လှမ်းမေးသွားလာခြင်းဖြင့် ဆန်ဒေးသမားတကာတို့မှာ အရမ်းအလေးထားခြင်း ခံလာဖို့ ရှိပါသည်။)

တနင်္လာ၊ Monday (က၊ ခ၊ ဂ၊ ဃ၊ င) မန်းဒေးပုဂ္ဂိုလ်တို့သည် နှုတ်ခမ်းလေးထုတ်လျှိုပြီး အရမ်းကလေးလုပ်လို ကြသဖြင့် လမ်းဘေးမုန့်ချိုသည်များနှင့် ဆက်ဆံရကိန်းရှိလေတော့သည်။ တနင်္လာတို့ကံအတိုင်း သတင်းစာတချို့မှာ အမှန်အတိုင်း “မင်းဟာ ငါတို့ ရန်လိုင်း” ဟု ဆဲဆိုခံရတတ်သည်။ ကျားမင်းတို့ ကံအရ သွားရင်းတချို့ ခံရတတ်ပြီး အားသွင်းဖို့ ပြန်ကြွရကိန်းများရှိရာ တအားမကမြင်းဖို့တော့ လိုပေသည်။
(ယတြာ။ လမ်းဘေးအုတ်ဖိုများကြား ဝမ်းပြေးထုတ်ယိုခြင်းအားဖြင့် မန်းဒေးပုဂ္ဂိုလ်တို့သည် အလန်းလေးရုပ်ပျိုသွားပါလိမ့်မည်။)

အင်္ဂါ၊ Tuesday (စ၊ ဆ၊ ဇ၊ ဈ၊ ည) အထူးအတွေးများသော တျူးစဒေးသမားတို့သည် “ငမူးလေးငစား” ဟု ဝူးရေးဟားခံရတတ်ပါသည်။ အစဉ်အလာချို့သော အင်္ဂါတို့ကုသိုလ်အရ ရင်နာဖို့အခုကိုသာ ရှိတော့လေရာ အစဉ်သာအစို့တစ်ခုရှာကာ နင်မကြာဖို့ထားသင့်ပေသည်။ အခင်အပွေ့တင်းသော ခြင်္သေ့မင်းတို့ကံအရ ယှဉ်တွေ့ခြင်းမှာပင် ဖင်ကွေ့ဆင်းပြီးပြန်ရတတ်လေရာ ရင်စေ့မငြင်းဖို့ သတိချပ်ရပေမည်။
(ယတြာ။ “တူးရေးဝါးဗျို့” ဟု နဖူးဘေးသားအမို့မှာ ပြူးရေးထားခြင်းဖြင့် တျူးစဒေးသမားတို့သည် အထူးအလေးထားခံဖို့ ရှိလေတော့သည်။)

ဗုဒ္ဓဟူး၊ Wednesday (ယ၊ ရ၊ လ၊ ဝ) ငမ်းငေးအားကြီးသော ဝန်းစဒေးသားသမီး တို့သည် အခန်းဘေးအနားနီးမှ လှမ်းကလေးကလား ညည်းခြင်းများ ခံရတတ်သည်။ ဗုဒ္ဓဟူးတို့ကံအရ အဟုတ်ရူးနှံရခြင်း၊ တုတ်စူးသံရှခြင်း၊ ဖုတ်ပူးအန်ရခြင်းများ ရှိနိုင်လေသည်။ အမြင်မရှင်းတခုလိုသော ဆင်မင်းတို့ကုသိုလ်အရ မစင်တွင်းတစ်ခုမှာ လင်ကွင်းတစ်ခုလို ရင်စင်း အခုငိုရတတ်လေတော့သည်။
(ယတြာ။ အဆန်းလေးပွားစီးစရာ ဝမ်းစဒေးသားသမီးတို့မှာ လမ်းနံဘေးအနားနီးမှာ မန္တလေးနွားကြီးများနှင့်သာ အနမ်းလေးများ မြည်းလိုက်ပါလေ။)

ကြာသပတေး၊ Thursday (ပ၊ ဖ၊ ဗ၊ ဘ၊ မ) စကားအတွေးရှုပ်လိုသော တားစဒေးပုဂ္ဂိုလ်တို့သည် မှားမေးအထုတ်ဖြေတတ်သဖြင့် ခါးလေးကုတ်နေရတတ်လေသည်။ ဇာတာမသေးသည့် ကြာသပတေးတို့မှာ အထာလာပေးသည့် ဘာညာကလေးများကြောင့် ပါတာကလေးများ ကုန်တတ်လေရာ အာပလာအတွေးများကို အသာအယာ မှေးထားသင့်လေသည်။ လက်ချင်းအဖက်မှာ အပျက်သတင်းထွက်လာတတ်သဖြင့် ကြွက်မင်းတို့ အခက်မဖြာစေရာ တစ်ချက်ခြင်းတက်ကာ ကက်ကင်းအချက်ရှာ သင့်လှပေတော့သည်။
(ယတြာ။ တအားကလေး အဟုတ်စိုသွားစေဖို့ တားစဒေးပုဂ္ဂိုလ်တို့သည် အငှားကလေး လုပ်ရန်အလို့ငှာ သွားကလေးအငုတ်တိုထားသင့်ပေသည်။)

သောကြာ၊ Friday (သ၊ ဟ) အရိုင်းလေးဆန်သော ဖရိုင်းဒေးနံတို့သည် ချိုင်းချွေးနံသည်ဟု ဝိုင်းအမေးခံရတတ်ရာ မဆိုင်းအပြေးမြန်ဖို့ လိုအပ်လေသည်။ လျှောက်ကာအကြွားကြီးတဲ့ သောကြာသားသမီးတို့မှာ ရောက်ရာ တခြားခရီးတို့မှာ ကြောက်စရာများချည်း ကြုံရတတ်လေရာ မှောက်ကာ ကားစီးသင့်လှပေသည်။ အထူးသတင်းတချို့မှာ ပါလာတတ်သော ပူးမင်းတို့အဖို့မှာကား နဖူးတင်းကာ မထူးမချင်း ဘူးငြင်းရကိန်းများရှိရာ ဒူးစင်း နေသင့်လေတော့သည်။
(ယတြာ။ ဖရိုင်းဒေးနံတို့ လိုင်းအရွေးမှန်ဖို့ရန် ဒိုင်းလေးလှံတို့နှင့် ဆိုင်းကလေးခံကာ သိုင်းကလေးနှံနေသင့်လှပေသည်။)

စနေ၊ Saturday (တ၊ ထ၊ ဒ၊ ဓ၊ န) အချက်မှာလေးစားရသော စက်တာဒေးသမားတို့သည် လက်မှာပွေးများထခြင်း၊ မျက်နှာ အမွှေးများရခြင်း၊ ဝက်စာပြေးစားရခြင်းများ ကြုံတွေ့နိုင်လေသည်။ ဖြေလို့မသာသော စနေတို့ဇာတာအရ ခြေဘို့အနာရခြင်း၊ လေဆို့နာရခြင်း၊ ငွေတချို့ပါရခြင်းများ ကြုံတွေ့ရတတ်လေသည်။ တအားကမြင်းသော နဂါးမင်းတို့မှာ ကစားကွင်းထဲမှာ ဇယားရှင်းရကိန်းများ ကြုံရနိုင်လေရာ နွားတစ်ရှဉ်းအလား အားတင်းထားသင့်လှပေသည်။
(ယတြာ။ စက်တာဒေးသမားတို့ ပြဿနာဝေးသွားဖို့အရေး လက်မှာဆေးသားတို့ကာ “ရှက်စရာဘေးထားဗျို့” ဟု ချက်မှာ ရေးသားဖို့လိုက်ပါက မခက်မကြာအတွေးများနုလာပါလိမ့်မည်။)

ကမ္ဘာ့ကမ္ဘာကျော် ပုဂ္ဂိုလ်ရှော်ကြီးများထံမှ နည်းမှီးစတန့်ထွင် စိတ်ကူးယဉ်ထားသော မူအရ
မြန်မာ့မြန်မာမြေပေါ်က ဆရာ့ ဆရာအော်ကြီးများ၏ ကြီးကြပ်မှုဖြင့်...
ဗေဒက၀ိ မောင်မောင်ကွိ ကကျိကကျိ ကလိထားသော
မြန်မာသက္ကရာဇ် ၁၃၇၂အတွက် That’s Sure! မဟာ သင်္ကြန်စာမှ


မနောမရ ဗေဒက၀ိန် ပေါငြိမ်


2010_MHAT_Thingyansar

Thursday, April 1, 2010

ဧပရယ်ဖူးလ် အမှာစာ

ဗျို့... မိတ်ဆွေ
လားလား... ခင်ဗျား ငပေါဂေဟာကပဲ
ပါလေရာ ငပေါကြီးမဟုတ်လား
လွယ်အိတ်ထဲမှာလည်း
မဟုတ်တာတွေချည်းပဲ
တယ်လီဖုန်းခါးချိတ်တာ စတိုင်လားဗျ။

တာယာအစုတ်ဝယ်တဲ့သူလို
ရမိရရာလုပ်ပြီး
ခိုင်းဖတ်ဖြစ်နေတာလား
ဖတ်ဖတ်မောနေဦးမယ်နော်
စာလေးပါလေး တတ်အောင်သင်။

လောက်လောက်ငငရှာဖွေလေဗျာ
နစ်နာစရာတွေချည်းပဲ ဖြစ်နေမယ်
မိအေးနှစ်ခါနာဆိုတာ သိတယ်ဟုတ်
တစ်ခါနာဆို တော်ရောပေါ့။

ကိုလိုနီခေတ်ကလို
ယောက်ယက်ခတ်နေတဲ့
တစ်ပါးကျွန်ဘ၀ ပြန်ရောက်ချင်လို့လား။

ပေါတဲ့သူတွေ
ပေါအသင်းဝင်တွေ သိက္ခာကျအောင်
ရူးချင်ယောင် ဆောင်မနေနဲ့ဗျို့
အင်း... ရူးချင်ယောင် ဆောင်မနေနဲ့ဗျို့။

ဘာကို ဆိုလိုသည်ကို သဘောမပေါက်ပါက အောက်ဆုံးမှနေ၍ စာကြောင်းတိုင်း၏ ထိပ်ဆုံးအလုံးများကို ဖတ်သွားကြည့်ပါဗျို့။



Happy April Fool '10

ပေါငြိမ်

နှုတ်ထွက်စာ တင်ခြင်း (လျှောက်လုပ်ရေးဝန်ကြီး)

ကျွန်တော် လျှောက်လုပ်ရေးဝံဂျီး ပေါငြိမ်သည် ငပေါများနှင့် ဂျီတော့ခ်တွင် လက်ခံ စကားပြောဖြစ်ပါသည်။ အချို့က ပေါတောတော၊ အချို့က ကြောင်ကြောင်တောင်၊ အချို့က ကဂျိုးကဂျောင်၊ အချို့က သွပ်ချောင်ချောင်၊ အချို့က အူကြောင်ကြား စသည် စသည်ဖြင့် လာရောက်လုပ်ပါသည်။

ထိုသို့ လာရောက်ပေါသည်၊ ရောနှော မိတ်ဖွဲ့သည်ကို သီးခံနိုင်ပါသော်လည်း အချို့မှာ တဖြည်းဖြည်း ရောင့်တက်လာကာ ပုဂ္ဂိုလ်ရေးနှင့် အခြားသော ကိုယ်ရေးကိုယ်တာများကို ထိခိုက်လာပြီး မလေးမစား လုပ်သည်များနှင့် မကြာခဏ ကြုံတွေ့လာရပါသည်။

အဆိုးဆုံးအချက်များတွင်...

(၁) ရုပ်တည်ကြီး လာလုပ်မနေစမ်းပါနဲ့ဗျာ
(၂) ခင်ဗျားတည်တော့ကော လူလေးစားမှာ မို့လို့လား
(၃) ခင်ဗျားမှာ ပေါညင်တွေ မွေးကတည်းက ပါလာတာပါဗျာ
(၄) စာတွေ အတည်ပေါက်နဲ့ ဖြဲချောက်မနေပါနဲ့ဗျာ
(၅) တကယ်က ခင်ဗျားဟာ ငပေါအရင့်အမာကြီးပါ
(၆) လျှောက်လုပ်ရေးဝန်ဆိုမှတော့ လျှောက်လုပ်တာ ဘာဆန်းလဲဗျာ
(၇) စသည်၊ စသည်...

အထက်ပါကဲ့သို့သော ပြောဆိုမှုများနှင့် မကြာခဏ ကြုံတွေ့လာရပါသည်။

သို့ဖြစ်ပါ၍ မည်သို့မျှ၊ မည်သည့်နည်းနှင့်မျှ သည်းခံနိုင်စွမ်းမရှိတော့ပါသဖြင့် (ဂိတ်ဆုံးသွားပါသဖြင့်) ယနေ့မှ စ၍ ငပေါများ ဂေဟာမှ နှုတ်ထွက်ခွင့်ပြုပါရန်နှင့် လျှောက်လုပ်ရေးဝန်ကြီး ရာထူးကိုလည်း အခြားသူအား လွှဲပြောင်း ပေးအပ်ပါရန် ဏာယကဂျီးနှင့် အတူ ငပေါများအားလုံး သိစေရန် တောင်းဆိုအပ်ပါသည်။

မလေးမစားစွာဖြင့်
ပေါငြိမ်
လျှောက်လုပ်ရေးဝန်ကြီး

Tuesday, March 30, 2010

ပေါသတင်း

ပုလင်း(မှားလို့)အတင်းအစီအစဉ် ....

၁) အမည်မဖော်လိုသူဆေးကျောင်းထွက်ခွဲစိတ်ဆရာဝန်လောင်းတစ်ယောက်သည် ၄င်း၏ ပထမအကြိမ် ခွဲစိတ်ခန်းဝင်ရာတွင် လူနာ၏သွေးကို မြင်လိုက်ရသော ကြောင့် မူးလဲသွားကြောင်း ..
ကြမ်းမာရေးဝံကြီးက ၄င်းကျောင်းသားလေးအား သွေးမကြောက်တတ်စေရန်
ကြက် ၊ ၀က် ၊ ငါး ဈေးတွင် လက်တွေ့သင်တန်းအဖြစ် တစ်လတိတိ သွားရောက်ရန် အမိန့်ပေးထားကြောင်းသတင်းရရှိသည် ။

၂) ငပေါဂေဟာ၏ ၀န်ကြီးများ စုပေါင်းလက်မှတ်ထိုး၍ မီးကင်တဲ့ကလေး (အဲမှားပြန်ပြီ) မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းကြီးရှိခဲ့သလို ဖခင်နှင့်လူကြီး စောင့်ရှောက်ရေးအသင်း ဟူ၍လည်းဖွဲ့စည်းပေးသင့်ကြောင်း အထက်ပေါ လွတ်တော်သို့ စာတင်ထားသည်ဟု အတင်းရရှိသည် ။

၃) ဧပြီအတွင်း သင်္ကြန်မိုး ရွာနိုင်ချေရှိသောကြောင့် မြေကြီးအောက်ထဲ တွင်နေသော ပုရွက်ဆိတ်တို့သည် ၄င်းတို့၏ အစာများ ဥများကိုယူဆောင်ကာ အနီးရှိ ဓါတ်တိုင်များသို့ နေရာပြောင်းရွေ့ကြရာ ဓါတ်ကြိုးများမှာ ၄င်းတို့၏၀ိတ်ကို မခံနိုင်ပဲ ပြတ်ကျသွားသောကြောင့် ငပေါဂေဟာအတွင်း မီးမမှန်နိုင်သေးကြောင်း တာဝန်ရှောင်သူများက ပြောကြားခဲ့သည် ။

၎) ဒီတပတ်ရဲ့ငပေါကဗျာ
ဓါးနဲ့ထိုး
ဓါးကျိုးလို့လှံခွေ
ပြောင်နာဂိန်ဆင်တောင်
နင်းသတ်လို့မသေ
ဇမ္မူဒီပါတောလို
ချောတဲ့ငပေါ ။ :P

Wednesday, March 17, 2010

haPpy bIrThdaY to y♥u

ဂေဟာရဲ့ ပိုင်အိုးနီးယားတွေဖြစ်တဲ့ အမှုရှောင် နည ၁၆.၀၃.၂၀၁၀ နှင့် အသင်းသားဂျုပ် ခေါင် ၁၇.၀၃.၂၀၁၀ တို့ရဲ့ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ ငပေါဂေဟာနဲ့ အတူတူ အကယ်ဒမီတွေ ဆက်လက် ယူနိုင်ပါစေလို့ အကယ်ဒမီ ငတိမှ ဆုမွန်ကောင်း တောင်းပေးပါတယ်။ ငတိရဲ့ အချစ်ဆုံး ညီမလေးတွေ အဖြစ် မွေးဖွားပေးတဲ့ ဖေကြီးနဲ့ မေကြီးကိုလဲ ညီမလေး နှစ်ယောက် ကိုယ်စား ကျေးဇူးတင်ပါတယ်။ နေ့ရက်တိုင်း နေ့ရက်တိုင်း ပျော်ရွှင်ဖွယ် နေ့ရက်တွေ ဖြစ်ပါစေလို့လဲ ဆုတောင်းပေးပါတယ်။ မွေးနေ့မှာ ကိုယ်မျှော်နေတဲ့ သူဆီက ကောင်းမွန်သော သတင်းစကား ကြားရပါစေဗျာ :) (ဒါက အရမ်းအရေးကြီးသော ဆုတောင်းလေး ဟုတ်တယ် ဟုတ် ) နောင်နှစ်ပေါင်းများစွာ ငပေါဂေဟာသူ ဂေဟာသားတွေနဲ့ ဆက်လက် ပေါနိုင်ပါစေသောဝ်

မွေးနေ့ အတွက် မွ မွ မွ . . . .



နန်းညီအတွက် မွေးနေ့လက်ဆောင်

မျက်နှာလေးက ချစ်စရာ နန်းညီရုပ်ကလေးပါ
နှုတ်ခမ်းစူပြီးမျက်မှောင်ကြုတ် အဲဒါသူ့အလုပ်
မှန်တင်ခုံရှေ့အလှပြင် သူက မ,လှချင်
အလှပြင်ပြီး ရှိုးတွေထုတ် အဲဒါကြောင်ချီးရုပ်
မျက်နှာကြီးကတည်နေတာ ကြောက်စရာကောင်းလိုက်တာ (အီမိုလေ... အီမို)
မာနတွေကကြီးလိုက်တာ ဘယ်လောက်ပေးရတာ
လက်လက်တောက်ထင်တာတော့ သိပ်မများပါ ထောင့်ငါးရာတည်းပါ
လမ်းတွေ့ရင်တော့ ခေါ်ပါကွာ နင့်ကိုချစ်လို့ပါ........။
                             
                                                     မချစ်စနိုး(လက်လက်တောက်)

မမ တို့ ဂေဟာ ရဲ့ ၁၆ ရက်နေ့ မတ်လ မှာ ကျရောက်မဲ့ စည်းရုံးရေးအမှုဆောင် ယခင် နန်းညီနှင့် (ယခု-အကယ်ဒမီ ညီ)ရဲ့ မွေးနေ့နှင့် ၁ရ ရက်နေ့ မတ်လမှာ ကျရောက်မဲ့ အသင်းသားချုပ်ကြီး ယခင်-မယ်ခေါင်ခေါင်( ယခု -အကယ်ဒမီ ခေါင်)ရဲ့ မွေးနေ့အတွက် ဂေဟာကိုယ်စား၊ ဂေဟာမှ လူကြီးမြင်းများ ကိုယ်စား၊ ဂေဟာသို့ တစ်ခါတစ်ခေါက် အလည်ရောက်လာသော ဧည့်သည်တော်များ ကိုယ်စား၊ ရက်ဂူလာ ဂက်စ် များ ကိုယ်စား နောက်နှစ်ပေါင်း ၁ရ၀ ကျော် ပျော်ရွင်သော မွေးနေ့ပိုင်ရှင်များဖြစ်ပါစေဟု ဂဲမလောက် တီးဝိုင်းမှလည်း happy birthday သီးချင်းနှင့် မြိုင်ဆိုင်စွာ နှုတ်ဆက် လိုက်ပါသည်။ ဆုတောင်းမေတ္တာ များ ၊အချစ်(love)နှင့်တကွ လက်ဆောင်ဘဏ္ဍာများပါ ပို့သလိုက်ပါသည်။ (ယခုကဲ့သို့ လက်ဆောင်ဘဏ္ဍာများ ပေးပြီးသကာလမှာ ဂေဟာမှ ရန်ဘုံးငွေများ တက်တက်စင်အောင် ပြောင်သွားပါသဖြင့် birthday ၈ဲလ်စ် တို့ရေ . . . . အမှုမပတ်ခင် ပြေးဖို့ အဆင်သင့် ကားပါစီစဉ်ထားတယ်။ လစ်ပေတော့ ဓါတ်ဆီ ထည့်စရာမလိုဘူး။ မသကာ ခြေထောက်လေး မဆိုသလောက် တောင့်သွားယုံပဲ)


ချစ်သော အကယ်ဒမီ ကက်စီနို ပေါမမ