ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Monday, August 8, 2011

ကူးသန်းဝံပေါညီ၏ အတင်းစာရှင်းလင်းပွဲ

း ငပေါဂေဟာအိမ်ပြောင်းပြီတဲ့
း ဟဲ့ . . ငါလဲမသိလိုက်ပါ ကွဲရို့
း မသိရှိမပေါ့ .. လာမှမလာတာကိုး
း အော် .. ငါနှယ့်နော် .. ဂေဟာစည်ပင်သိမ်းသွားပြီဆိုလို့ ငါ့အလုပ်ပျောက်ပြီဆိုပြီး
စကောဖိနပ်နဲ့တောထွက်တော်မူနေတာ လဟဲ့ .
မဖြစ်ဘူး မဖြစ်ဘူး အိမ်အသစ်ရောက်သွားတဲ့ဂေဟာကိုအမြန်ကြွမှပဲ

ပေါညီတစ်ယောက် ဂေဟာသို့ မိမိ၏ ကိုယ်ပိုင်ယာဉ်ဖြစ်သော ပြည်တွင်းဖြစ် BMW (Burma Mini Wagon)
ထော်လာဂျီ အားစီးနင်းပြီးရောက်ရှိလာခဲ့လေတော့...သတည်း။ (ကောင်းလေစွ ကောင်းလေစွ)

ဂေဟာရောက်ရောက်ခြင်းအကျင့်ပါနေသောကျနော် ..
နောက်ဖေးခန်းထဲဝင် ရေခဲသေတ္တာဖွင့် အရက်ပုလင်းလက်ကျန်ရှာဖွေရင်း ......

မမ - ဟဲ့ ပေါညီ နင်ဘယ်လိုများမတ်စိလည်လမ်းမှားရောက်လာတုန်း
ပေါညီ - အာ မမ ဒီနေ့ဘာချက်တုန်း
မမ - အ၇င်လို မုန့်ညှင်းပေါ ဟယ်
ပေါညီ - မမ ကလဲ ကောက်ရွေးပွဲ (အဲ မှားလို့) ရွေးကောက်ပွဲသာပြီးသွားတယ် မုန့်ညှင်းကမုန့်ညှင်းပဲလားဗျာ .
မမ - မုန့်ညှင်းပဲပေါ့ကွယ် .

+ မဖြစ်ခြေပြီ .. အထက်လူဂျီးတစ်ယောက်ယောက်ကို သွားပေါ အဲ သွားပြောဦးမှလို့ တက်သွားလိုက်ပါသည်+
ငတိ - ပေါညီ မင်းခုမှပဲပေါ်လာတော့တယ်
မင်းအတွက်သတင်းကောင်းရှိတယ်လကွ
မင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးနေရာရတယ်
ပေါညီ - ဗျာ .. အစကတဲက ကျနော်က အဲ့ ၀န်ကြီးလေ
တွင်း ၁ - အရင်က ရာထူးက အရင်ကလေ ၊ အခု ရာထူးက အခုပေါ့ကွ
အရင်က မင်းကိုငါတို့ခန့်တာ ၊ အခု ကောက်ရွေးထားတဲ့လူ အဲမှားလို့ ရွေးကောက်ထားတဲ့လူတွေခန့်တာ
ဝေမင်း(ရတုရင်ညို)တောင် လယ်ယာပြန်စားရေးရတယ်ကွ
ပေါညီ - အော် အော် ၈လိုကိုး ..

အင်းပေါ့လေ ဂလိုဆိုတော့လဲ ၈လိုပေါ့လေ .. ရာထူးပြန်ရတာပဲကံကောင်းတယ်လိုမှတ်ပြီးသကာလ
အတင်းစာ ရှင်းလင်းပွဲလုပ်ကာ ကြေငြာလိုက်ပါတော့သည်။
" မုန့်ညှင်းပဲစားပါတော့မယ်လို့ " (တိုက်ဆိုင်မှုများရှိလျင် တိုက်ဆိုင်သွားသည် ဟုမှတ်ကြပါရန်)

ကူသန်းဝံပေါညီ
လက်မှတ်ရေးထိုးမှာစားသည်