ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Showing posts with label ငှက္ကဌအာဘော်. Show all posts
Showing posts with label ငှက္ကဌအာဘော်. Show all posts

Monday, August 17, 2009

ငှက်ကထကြေငြာချက်

ကြေငြာချက်

အကြောင်းအရာ။ ။ ငပေါငှက်ကထကြီး ရာထူးမှအနားယူခြင်း

ငပေါများဂေဟာ၏ ပိုင်အိုနီးယား ခေါင်ချုပ်မဟုတ်တရုတ် (ဟင်ဟုတ်ပါဘူး) ငှက်ကထကြီးဖြစ်သော မောင်အန်ဒီသည် ပင်စင်လစာ တစ်လ US$ 1000000 ဖြင့် လက်ရှိငပေါများဂေဟာ ငှက်ကထရာထူးမှအနားယူကြောင်း ကြေငြာအပ်၏။

ငပေါများဂေဟာသည် လုံးဝရာနှုန်းပြည့်ပေါချာနေသူ မြန်မာဘလော့ဂါများအတွက် ပေါစရာနေရာတစ်ခုရစေ ဟူသောသဘောဖြင့် မည်သူ၏အကျိုးမှမပါ၊ ဂုဏ်သိက္ခာဘာညာဟူသော ပကာသနများ ဘာမှမပါပဲ လွတ်လပ်စွာပေါနိုင်ရေးသက်သက်ကိုသာလျှင် ဦးတည်ထားခြင်းဖြစ်၏။

သို့ရာတွင် ယခုအခါ ငပေါဂေဟာအတွင်းတစ်ချို့သော ဝန်ကြီးများ၊ ဘုတ်များမှာ ပုံမှန်မပေါခြင်း၊ ဝင်ရုံဝင်ထားပြီး ပစ်ထားကြခြင်း၊ ထို့ထက်ဆိုးသည်မှာ တစ်ချို့မှာ အချင်းချင်းပတ်ရှုပ်ကြခြင်း၊ ထိုသို့ရှုပ်နိုင်ရန်အတွက် ဝင်ရောက်ခုတုံးလုပ်နေခြင်းတို့ကို စစ်ဆေးတွေ့ရှိရ၏။

ငပေါငှက်ကထကြီးအန်ဒီမှာ ရေမရောသော၊ သီလ၊ သမာဓိ၊ သိက္ခာ၊ အကျင့်သီလ၊ ကိုယ်ကျင့်တရား၊ (အမငီးမောလိုက်တာ) တို့နှင့်ပြည့်စုံလှပေရာ ထိုသို့ပတ်ရှုပ်ခြင်းအမှုများကို လွန်စွာသောက်မြင်ကပ်၏။

ထို့ကြောင့် ထိုအခြင်းအရာများကို နောက်ထပ် မမြင်လို မကြားလိုသည်သာမက ငပေါငှက်ကထရာထူးကိုပင် ဆက်လက်ဆောင်ရွက်ခြင်းငှာ မတတ်နိုင်တော့သည်ဖြစ်သောကြောင့် ယနေ့ ခရစ်နှစ် ၂၀၀၉ ခုနှစ် သြဂတ်စ်လ ၁၇ရက်နေ့မှစ၍ ငပေါဂေဟာ၏အဓိပတိ ပိုင်အိုနီးယား ငှက်ကထကြီးတာဝန်မှ အနားယူကြောင်း တရားဝင်ထုတ်ပြန်ကြေငြာလိုက်ရပေသည်။

မောင်အန်ဒီ
ငှက်ကထ
ငပေါများဂေဟာ

Monday, November 3, 2008

ငှက္ကဌ အာဘော်

ယနေ့နံနက် ရုံးသို့ရောက်၍ ကျွန်ုပ်တစ်ယောက်တည်းကိုသာ အပိုင်စားပေးထားသော အင်တာနက်ကြီးရှေ့ထိုင်ကာ အွန်လိုင်းမှ ကောင်မလေးများနှင့် အီစီကလီရိုက်တော့မည်ဟု ပြင်ဆင်ခိုက်. တွင်း(၂)ဆိုသော မနုဿသတ္တဝါမှ (တွင်းထဲမှာနေသော နံပါတ်နှစ်သတ္တဝါမဟုတ်ပါ အတွင်းရေးမှူးနှစ် ကို ဆိုလိုခြင်းဖြစ်ပါသည်) ငှက္ကဌအနေဖြင့် ယနေ့တစ်ခုခုပေါရမည်ဟို အမိန့်ထုတ်လာလေ၏…။ ကျွန်ုပ်မှာ မြန်မာပြည်မှ ငှက္ကဌပြီပြီ ကိုယ်လုပ်ချင်ရာလုပ်နိုင်သော်လည်း ၄င်းတို့မှာ စင်ကာပူခေါ်သော နိုင်ဂျံငါးတိုင်းပြည်များမှ ဖြစ်ရကား…စည်မျဉ်းစည်းကမ်းများကို မလွန်ဆန်နိုင်ပဲ(သံဃာအား ဘုရားမှ မဆန်သာ ဆိုဘိသို့ အဟိ) ဦးနှောက်ကို ဖြစ်ညစ်ခလောက်ရလေတော့၏…။
ကျွန်ုပ်မှာ ငယ်စဉ်ကတည်းက မည်သည့်အသင်းအဖွဲ့တွင်မျှ ခေါင်းဆောင်ဟူ၍ မဖြစ်စဖူး…။ ငယ်စဉ် အသင်းလေးသင်းတွင်ပင်လျှင် အသင်းသားနာမည်စာရင်းတွင် နောက်ဆုံးမှ ပါမြဲဖြစ်ရကား ယခုမှ အရေးပေါ်ကြားဖြတ်ဒါရိုက်ဟစ် ငှက္ကဌဟု ခန့်အပ်ခြင်း (ကိုယ့်ဟာကိုယ်) ခံရကား တော်တော်ပင် မနေတတ်မထိုင်တတ် ဖင်ကြားဆားညပ်သကဲ့သို့ဖြစ်ကာ လမ်းလျှောက်လျှင်ပင် မြေကြီးမှ တလက်မခန့် ကြွတက်နေသည်ဟု အသင်းသားများပြောသဖြင့်သိရလေ၏…။
ယခု အသင်းကြီးတွင် အသင်းဝင်လိုသူ အရေအတွက် အင်မတန်များပြားနေသည်ဟုကြားသိရ၏…။ ဝင်ကြည့်ရာတွင်လည်း အဟုတ်ပင် ကြောက်ခမန်းလိလိ တွေ့ရှိရ၏…။ သို့ရာတွင် ကျွန်ုပ်မှာ မြန်မာပြည်ရှိ ဟိုအသင်းကြီး၏ ငှက္ကဌကြီးကို ကြည်ညိုလေးစားလွန်း၍ ၄င်းလုပ်သမျှ အတုယူ လုပ်ဆောင်ရကား အသင်း၏ ဗာဟီရကိစ္စအဝဝကို အတွင်းရေးမှူးများ အမှူဆောင်များ အကြံပေးအရာရှိများကို လွှဲထား၍ ၄င်းတို့ တင်ပြလာသမျှကိုသာ ဖြည့်စွက်မှာကြားခြင်းအမှုကိုသာ ပြုခြင်း ငှက်ပဒေများ စည်းမျဉ်းများ အခါအားလျှော်စွာ ထုတ်ပြန်ခြင်းကိုသာပြုနေပါသည်…။ ၄င်း ငှက္ကဌနေရာယူသည်မှစ၍ စည်းမျဉ်းများထုတ်သည်အထိ ကျွန်ုပ်အကျိုးအတွက် တပြားသားမှ မပါပဲ ခေါင်းဆောင်မှု အရည်အချင်းပြည့်ဝစွာဖြင့် အများကောင်းကြိုး ဂိုဏ်းကြီးကောင်းကျိုးအတွက် အနစ်နာခံ မလွှဲမရှောင်သာ လုပ်ဆောင်ကယ်တင်ခဲ့ရခြင်းသာဖြစ်ပါ၏…။ ဟီဟီဟိ..။
ထို့ကြောင့် ကျွန်ုပ်၏ ငှက္ကဌရာထူး အဓွန့်ရှည် (ဟင်ဟုတ်ပါဘူး) ဤအသင်းကြီး အဓွန့်ရှည်စေရေးအတွက် အသင်းငှက်ပဒေများကို လိုက်နာကြ၍ အသင်း၏အပေါဦးတည်ချက်လေးရပ်ကို ဦးထိပ်ပန်ဆင်ကာ အပေါပန်းတိုင်သို့ အတူတကွ လျှောက်လှမ်းကြပါစေသတည်း…။ တော် တီး ဒန်……….