ရူးပေါဂိုဏ်းကြီး၏ ထိပ်သီးအစည်းအဝေးတွင်ဖြစ်သည်။
သဘာငတိ။ ။ ရူးပေါဂိုဏ်း ငပေါများဂေဟာဘလော့အတွက် ဘန်နာလေးတော့ ဒီဇိုင်းလှလှလုပ်သင့်တယ်..
တွင်း ၂ ။ ။ အမှန်ပဲ အဲဒိအတွက်ကိုတော့ စည်းရုံးရေးအမှုဆောင်နန်းညီက တာဝန်ယူလိုက်ပါ.. ပါမစ်တွေပေးမယ်လေ.. (မျက်နှာချိုလေးသွေးကာပြောခြင်း)
နာယက ။ ။ မှန်၏ မှန်၏
ငှက္ကထ ။ ။ ကဲ အားလုံးထောက်ခံနေမှတော့ လက်ခံလိုက်ပါတော့ စည်းရုံးရေးမှူးကြီးရယ်..
တွင်း ၁ ။ ။ လက်ခံတာက ဟုတ်တယ်၊ ဘန်နာဒီဇိုင်းဆိုတော့ကာ အမှုဆောင်များရဲ့ ပုံလေးတွေနဲ့ လုပ်မှ သင့်တော်တော့မပေါ့..
သဘာငတိ။ ။ ဒါလည်းဟုတ်တာပဲ ဒါဖြင့် အားလုံး ဓာတ်ပုံအရိုက်ခံကြပြီး ဒီဇိုင်းကိုတော့ အမှုဆောင်က တာဝန်ယူစေ..
တွင်း ၂+နာယက+ငှက္ကထ+တွင်း၁ ။ ။ ၀ယ် (ဟယ် ဟယ်ဟယ်)... ၀ူ (ဟူ ဟူဟူ)..
ဤသို့ဖြင့် ကျွန်ုပ် အမှုဆောင်ခင်မျာ ဘာတစ်ခွန်းမှ မပြောလိုက်ရပဲ အလိုလို အော်တို ဘန်နာဒီဇိုင်းတာဝန်ကျလာလေတော့သည်.. တာဝန်ဆိုမှတော့လည်း ကျေပွန်အောင် ထမ်းရွက်ရတော့မပေါ့.. ခက်တာက သူတို့တွေပဲ.. ဓာတ်ပုံရိုက်မယ်ဆိုပြီးတော့ကာ နာမည်ကြီး ဓာတ်ပုံဆရာ ၀ဏ္ဏခွာဝေး ကိုခေါ် .. ၁ နာရီ ၂ သိန်းပေးရသော စပယ်ရှယ် စတူဒီယိုကြီး ငှားကာ ဓာတ်ပုံအရိုက်ခံကြလေသည်..
ပထမဆုံး
သဘာငတိဂျီး ဦးဂျဲဂျယ်.. အနောက်တိုင်းဝတ်စုံကြီးကို ၀တ်.. ကြောင်လျှာသီးအနီရောင်ကြီးဖြင့် စတူဒီယိုထဲကို ၀င်လာလေသောအခါ.. ဟင်..
တွင်း ၂ ဦးဗီလိန် ၀တ်ထားတာက သဘာငတိဂျီးနဲ့ တူနေပါရောလား.. ၂ ယောက်သား မကျေမနပ်ဖြစ်ကာ အချင်းပေစောင်းစောင်း ကြည့်နေကြ၏.. မင်းက ငါ့လိုလိုက်ဝတ်တာ.. မင်းကမှ ငါ့ကိုအတုခိုးတာ ဆိုပြီး ထချကြမလို ဖြစ်သေးသဖြင့် ကျန်သူများက မနည်းဆွဲရသည်..
ငှက္ကထကြီး ဦးအန်ဒီက ငြိမ်ငြိမ်မနေရင် ကိုယ်တိုင်ဖော်စပ်ထားတဲ့ ငပေါတွင်းအားပျောက်ဆေး တိုက်လိုက်မယ်ဟု ခြိမ်းခြောက်မှ ငြိမ်သွားကြသည်.. ခဏနေတော့
အသင်းသားချုပ်ကြီး ဒေါ်ခေါင်ခေါင်က အမဲရောင်ဝမ်းဆက်ဖြင့် ရောက်လာပါ၏..
တွင်း ၁ ဦးဂါဒင်နာကတော့ သူ့ဝတ်စုံမှာ သူများနှင့်မတူ တမူထူးပါသောကြောင့် အင်မတန်ပျော်ရွှင်နေပုံရသည်..
နာယက ဒေါ်တူးတူးကတော့ နာယကတို့ ထုံးစံအတိုင်း နောက်ကျနေပြန်ပြီ.. ဓာတ်ပုံဆရာ ၀ဏ္ဏခွာဝေးက ဓာတ်ပုံရိုက်ဖို့ လူစီနေကာမှ အပြာရောင်ဝတ်စုံဖြင့် ပြူးကြောင်ကြောင်ရောက်လာ၏.. သူ့ခမျာ စတူဒီယိုနေရာလာတာ လမ်းပျောက်နေသဖြင့် မနည်းရှာလာရသောကြောင့် မျက်လုံးများပြူးသွားရသည် ဟူသတတ်.. ကျွနု်ပ်ကတော့ဖြင့် ဒီလူတွေကို ဓာတ်ပုံရိုက်လို့ရအောင် စီစဉ်ရတာနှင့်ပင် အတော်ခေါင်းစားနေပြီ.. ရိုက်ပါမယ် ငြိမ်ပါဆိုကာမှ တွင်း ၁ က ထ ကလိုက.. ဒီဘက်ထိပ်က သဘာငတိဂျီးက ဟိုးဘက်ထိပ်မှ တွင်း ၂ ကိုလှမ်းပြောင်သဖြင့် တွင်း ၂ က ဘုကြည့်ကြည့်.. နာယကဂျီးက ကင်မရာကို ကြောက်သဖြင့် ပြူးကြောင်ကြောင်ဖြစ်.. အသင်းသားချုပ်ကလည်း မပါမှာစိုးသဖြင့် အမြင့်တက်လိုတက်.. ငှက္ကထကြီးက သူ့ဆေးကြော်ညာလိုကြော်ညာ လုပ်နေသဖြင့် အတော်စိတ်ရှုပ်ရသည်.. အားလုံးတစ်ပြိုင်နက် ငြိမ်အောင် ဘယ်လိုမှ ထိန်းမရတော့သဖြင့် ရသလိုပဲ ရိုက်လိုက်တော့သည်.. ကျွန်ုပ်မှာ ဓာတ်ပုံရိုက်ခါနီး မလှမှာလည်းစိုးသဖြင့် ရယ်လိုက်သော်လည်း ကျန်သူများ၏ ထိန်းမနိုင်သိမ်းမရ အပြုအမူများကြောင့် အပြုံးမှာမချိပြုံးဖြစ်သွားရလေကား အိမ်မှပြင်လာသော မိတ်ကပ်အ၀ါများလည်း အစွမ်းမပြနိုင်တော့ပေ.. ဘန်နာအတွက် ဒီဇိုင်းပြန်လုပ်သောအခါတွင်မှ တွင်း ၂ ဆီမှာ အသင်းဝင်တိုးတယ်ဟူသော စကားကိုကြားရတော့ ဓာတ်ပုံထပ်ရိုက်ရန် မည်သို့မျှမမီတော့ပေ.. ကျန်ရစ်ခဲ့သော
အကျန်ပေးအရာရှိ apyae1 နှင့် ၀န်ကြီးများကို အထူးပင် တောင်းပန်ပါကြောင်း ပြောကြားရင်း ဘန်နာဒီဇိုင်းအစီရင်ခံစာကြီးကို နိဂုံးချုပ်လိုက်ပါသည်.. (ဘန်နာလုပ်ပေးတဲ့အတွက် HIV တင်သွင်းခွင့်ပါမစ်ရထားတာတော့ ထည့်မပြောတော့ပါဘူး.. တော်ကြာ လုပ်စားတယ်ထင်နေမစိုးလို့)