ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Showing posts with label *အကျန်ပေးအရာရှိ. Show all posts
Showing posts with label *အကျန်ပေးအရာရှိ. Show all posts

Thursday, November 20, 2008

၂၀၀၉ ခုနှစ် တစ်နှစ်စာ ဟောစာတန်း

အရူးပေါဂိုဏ်းကြီးနှင့် ၇ရက်သားသမီးတို့ အတွက် အကျန်းပေးအရာရှိ apyae1 က ဘင်္ဂလန်နိုင်ငံ (ဘလော့+မြေပုံပေါ်မှ အင်္ဂလန်) တွင် ဒိတ်ဒိတ်ကျဲ ဗေဒင်ဆရာကြီး အပြည့်အား တွက်ချက်ခိုင်းသော ၂၀၀၉ ခုနှစ် ဗေဒင် ဖြစ်သည်။

တနင်္ဂနွေ
ဒီနှစ်သည် တနင်္ဂနွေ သားသမီးများအတွက် အထူးကံကောင်းသောနှစ် ဖြစ်သည်။ ခြေတစ်လှမ်း ကုဋေတစ်သန်း ဆိုသည့်အတိုင်း ခြေတစ်လှမ်းလှမ်းတိုင်း ကုဋေတစ်သန်း ကောက်ရမည်။ စန်းအလွန်ပွင့်၍ ဆော်အရမ်းကြည်ပြီး ၀ိုင်းဝိုင်းလည်နေမည်။ သို့သော် စိုးမိုးကျော်မဟုတ်ပေ။ ရုပ်ဖြောင့်သလောက် ဆော်ကြည်မည်။

တနင်္လာ
တနင်္လာသားတို့အတွက် ကံကောင်းသည်ဟု ပြော၍မရသော်လည်း ကံကောင်းနေမည်။ လမ်းလျောက်လျှင် ဖိနပ်စီး၍ မိုးရွာပါက ထီးဆောင်းပါ။ အိမ်ထောင်ကျပြီး အမျိုးသားဖြစ်ပါက မိန်းမရှိမည်။ အမျိုးသမီးဖြစ်ပါက ယောက်ျားရှိမည်။
အကျိုးပေးသော အရောင်များမှာ- နီ၊ စိမ်း၊ ၀ါ၊ ပြာ၊ မဲနယ်၊ လိမ္မာ်၊ ခရမ်း၊ အနက်၊ အဖြူ၊ မီးခိုး၊ အညို တို့ဖြစ်သည်။

အင်္ဂါ
ကံအလွန်ကောင်းမည်။ ရေသောက်လျှင် သေးပေါက်ပြီး ရေမသောက်ပါက ရေဆာမည်။ သို့သော် ထမင်းမစားပါက ဗိုက်ဆာမည်။ ဗိုက်ဆာလာပါက ထမင်းစားပါ။ ထမင်းစားရန် ထမင်း၊ ဟင်း သို့မဟုတ် ပိုက်ဆံမရှိပါက ရေသောက်၍ ဗိုက်မှောက်အိမ်ပါ။ သို့သော် အိပ်ရန် ခေါင်းအုန်းတစ်လုံး ရှိသင့်သည်။

ဗုဒ္ဒဟူး
ကျန်းမာရေးအတွက် ရေကိုကျိုချက် သောက်သုံးသင့်သည်။ ရေမကျိုနိုင်ပါက ရေသန့် ဝယ်သောက်ပါ။ ရေသန့်ဝယ်ရန်ပိုက်ဆံမရှိပါက လ္ဘက်ရေဆိုင်မှ ရေနွေကြမ်း တောင်းသောက်ပါ။ လူကြီးဖြစ်ပါက အသက်ကြီး၍ လူငယ်ဖြစ်ပါက အသက်ငယ်မည်။ ရာထူးတိုးရန် ကိုယ့်အထက်လူကြီးများကို တုတ်နှင့်ရိုက်ပါ။

ကြာသာပတေး
ဒီနှစ်သည် ကြာသာပတေး သားသမီးများအတွက် ၂ နာရီခွဲလောက် မတ်တက်ရပ်နေပါက ညောင်းလာမည်။ ပြေးနေပါက မောမည်။ အလေးသူငယ်များအဖို့ အိမ်ရေ့ဝရန်တာမှ ခုန်ချတိုင်း ကစားသင့်သည်။ အလောင်းကစား အကျိုးမပေး သော်လည်း မောင်းလောင်းက အောင်မည်။

သောကြာ
အလောင်းကစား လွန်စွာအကျိုးပေးမည်။ သို့သော် ထီမထိုးသင့် ချဲများများထိုးသင့်သည်။
အကျိုးပေးဂဏန်းများမှာ- 9,6,3,2,5,1,4,7,8,0 တို့ဖြစ်သည်။ နှစ်လုံး၊ သုံးလုံးများများထိုးပါ မပေါက်ပါက ပိုက်ဆံမရပေ။

စနေ
စနေသားသမီးတို့ အတွက် ကံကောင်းသည်ဟု ပြော၍မရသော်လည်း ကံကောင်းနေမည်။ ရေးချိုးပါက ဆပ်ပြာတိုက်ပါ။ သခွားသီးသုံးလုံးကို အစိမ်းလိုက်စားပါက ဗိုက်ပြည့်မည် လေထိုးမည်။ ဗိုက်ဆာသလောက်ထမင်းစားရမည်။

Friday, October 31, 2008

လျှောက်လွှာလက်ခံခြင်း (၁)

အမည်.......................................apyae1 (ခ) ခေါ်ချင်သလိုခေါ်
အသက်.....................................162
မှတ်ပုံတင်အမှတ်..........................ISO/200002-445
နေရပ်လိပ်စာ...............................72/တာဝတိံသာ(15)လမ်း။ နတ်ပြည်။
ဝါသနာ......................................ကြောင်စီကွေး။

ကိုယ်ရေးရာဇ၀င်အကျဉ်း

ကျွန်တော့်ကို 1846 ခုနှစ် စက်တင်ဘာလ(ဟိုဟာသောင်းကျန်းတဲ့လ) ဂျမန်ခနာ မြို့မှာမွှေးဖွားပါတယ်။
ကျွန်တော်က ရုပ်တော်တော်ဖြောင့်ပါတယ်။ ရုတ်တရက် ကြည့်ရင် ကြောင်တောင်တောင်နိုင်ပေမဲ့
သေချပေါင်းကြည်ရင်တော့ ပေါင်းတဲ့လူပါကြောင်သွားနိုင်ပါတယ်။ အခုကျွန်တော် ကြောင်ကြည်နူးသင်တန်း
တက်ရောက်သင်ကြားလျက်ရှိပြီး ကြောင်စီကွေးလုပ်ငန်းများကို အပေါအဖွဲ.စည်း၏ညွှန်ကြားမူဖြင့် လုပ်ဆောင်လျှက်ရှိပါတယ်။


လစ်လပ်နေသည့် အကြံပေးအရာရှိအဖြစ် ခန့်အပ်လိုက်သည်။
ပုံ/
အခွင့်ရ
တွင်းတူးလိန်လိန်