ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Showing posts with label တွေ့ဆုံဆွေးနွေးပွဲ. Show all posts
Showing posts with label တွေ့ဆုံဆွေးနွေးပွဲ. Show all posts

Friday, October 8, 2010

ငပေါဂေဟာ ၂ နှစ်ပတ်လည် အခမ်းအနား


ပဏာမအစည်းအဝေး


နေရာ။ ။ ငပေါဂေဟာ
အချိန်။ ။ ညီအကို မသိတသိအချိန်
အကြောင်းအရာ။ ။ ငပေါများဂေဟာ ၂ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား
တက်ရောက်သူများ။ ။ ငပေါများ
အစည်းအဝေး မှတ်တမ်းယူသူ။ ပေါငြိမ်


ပျံဝံ။ ။ အားလုံးပဲ မင်္ဂလာပါခင်ညာ။ ကျွန်တော်တို့ရဲ့ ငပေါများ ဂေဟာဟာ ဆိုရင်ဖြင့် အခုဆိုရင် အသာဖယ်ထားလို့ မရတဲ့ နှစ်ခါလည်သားလေး ဘဝကို ရောက်ရှိလို့ လာတာ လူချီးမြင်းများ အားလုံး အသိပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ကျွန်တော်တို့ရဲ့ ငပေါများဂေဟာကြီးဟာ အခုဆိုရင် ပေါခြင်းတွေတိုးပွားလို့ ငပေါသတင်း ငပေါချင်းဆောင်လို့ သိပ်မကြာသေးခင်က အကယ်ဒမီဆုကြီးကိုတောင် ထိုက်ထိုက်တန်တန် ဆွတ်ခူးခဲ့တာ အားလုံးအသိပဲ ဖြစ်ပါတယ်။

တက်ရောက်လာသူများ။ ။ သိရင်လည်း ဘာလို့ ထပ်ပြောနေတာလဲ။ အချိန်ကုန်တယ်ကွာ။

နာယကဂျီး။ ။ အားလုံးတိတ်စမ်း... !!!!

ဝေ... ဝူ...

နာယကဂျီးအော်သံအဆုံးမှာပဲ ပေါင်ချိန်ကားထဲကလို “ဝေ... ဝူ...” အသံကြီးထွက်လာပြီး အားလုံးတိတ်သွားသည်။

ပျံဝံ။ ။ ဟုတ်ကဲ့ပါ အားလုံးသိကြသလိုပါပဲ။ ဒါကြောင့်ပဲ ခု ဆိုရင် ၂ နှစ်ပြည့်လာပြီ ဖြစ်တဲ့ ငပေါများ ဂေဟာအတွက် အခမ်းအနားတစ်ခု စည်ကားသိုက်မြိုက်စွာ ကျင်းပဖို့အတွက် အခုလို အစည်းအဝေးဖိတ်ခေါ်ရခြင်း ဖြစ်ပါတယ်။ ဖိတ်စာထဲမှာလည်း ပါတော့ အားလုံးလည်း သိပြီး ဖြစ်မှာပါ။ ဒါကြောင့် အခုလို အစည်းအဝေးကြီးမှာ...

တက်ရောက်လာသူများ။ ။ ဟာ... တယ်လေရှည်တဲ့ ပျံဝံပဲ... ပြောစရာမရှိလည်း ဆင်းကွာ၊

တက်ရောက်လာသူများ။ ။ အေး... ဟုတ်တယ်။ အက်ကြောင်းထပ် ဓာတ်ပြားဖွင့်မနေနဲ့၊ ဆင်းဆင်း...

ဆင်းကွ၊ ဆင်းကွ၊ ပျံဝံ ဆင်းကွ။။။

နာယကဂျီး။ ။ အားလုံးတိတ်စမ်း... !!!!

ဝေ... ဝူ...

နာယကဂျီး။ ။ ပျံဝံ... နင်ဆင်းခဲ့တော့။ အလုပ်မဖြစ်ဘူး။ ငါတက်ပြောမယ်။

ဒီလိုနဲ့ တိုက်ပုံကြီးတကားကားနဲ့ ပျံဝံလည်း ဟန်လုပ်ချိန်မရဘဲ ဆင်းလာရတော့တယ်။ နာယကဂျီးက စင်ပေါ်တက်ခါနီး သူ့ခေါင်းကို ဒေါက်ခဲနဲ လှမ်းခေါက်ပြီး တက်သွားသည်။

နာယကဂျီး။ ။ ငပေါများအားလုံး မင်္ဂလာပါ။

တက်ရောက်လာသူများ။ ။ မကလာပင်...

နာယကဂျီး။ ။ အခုလို အဝေးအစည်းမဟုတ်ဘဲ အစည်းအဝေးဖြစ်အောင် စုံညီစွာနဲ့ တက်ရောက်လာတဲ့ ငပေါများအားလုံးကို ကျေးဇူးအထူး တင်ပါတယ်။ ဒီနှစ် အခမ်းအနားကို ခမ်းနား၊ ဆန်းပြားသွားအောင်... ဝမ်းသွား... အဲ… သီးခံပါရှင်။ ခမ်းခမ်းနားနား ဖြစ်အောင် ပြဇာတ်ကရင် ကောင်းမယ်လို့ စဉ်းစားမိပါတယ်။ ဘယ်လိုများ သဘောရကြပါသလဲ။

တက်ရောက်လာသူများ။ ။ ကောင်းပါတယ်၊ ကောင်းပါတယ်။ ထောက်ခံပါတယ်၊ ခေါက်တံပါတယ်။။။

နာယကဂျီး။ ။ ခုလို အားလုံးသဘောတူတဲ့အတွက် ပြဇာတ်ကဖို့ စဉ်းစားကြပါမယ်။ ပြဇာတ်အတွက် ဇာတ်လမ်း၊ ဇာတ်အိမ်တွေကို အားလုံးက တာဝန်ယူပြီး ကိုယ်နိုင်ရာကဏ္ဍကနေ တာဝန်ယူကြပါလို့ ဆိုချင်ပါတယ်။

ပေါငြိမ်။ ။ ရေးတာက ဟုတ်ပါပြီ။ ဘယ်လို ကကြမှာလဲ ဇာတ်လမ်းက ဘာအကြောင်း ရေးရမှာလဲဗျ။

နာယကဂျီး။ ။ အကြောင်းအရာက ဒီလိုပါ။ ခုဆို ငပေါဂေဟာ ၂ နှစ်ပြည့်ပြီဆိုတော့ ငပေါဂေဟာရဲ့ သမိုင်းကို ပြဇာတ်ကရမှာပေါ့...။

ပေါငြိမ်။ ။ သမိုင်း... ဟုတ်လား၊ သမိုင်းဆိုရင် ပျင်းစရာကြီးပေါ့ ပြီးတော့ ဘယ်လိုမျိုး ဇာတ်အိမ်တွေ၊ ဖရိန်တွေချမှာလဲဗျ။ ခုခေတ်က အက်ရှင်တို့၊ ရိုမန်းတစ်တို့၊ ဒါမှမဟုတ် ဟော်ရာ ဆိုလည်း မဆိုးသေးပါဘူးဗျာ။

နာယကဂျီး။ ။ တယ်။ ငပေါဖြစ်ပြီး ဒုံးဝေးလိုက်တာ။ တို့ငပေါတွေကိုပဲ အချာပင် မှတ်နေလား ပေါငြိမ်။ ဘယ်လို လုပ် တက္ကသိုလ် ဝင်တန်းအောင်ခဲ့တာလဲကွယ်၊ သမိုင်းဆိုတာ မေ့ထားအပ်တဲ့ အရာဟုတ်ဘူးလေ။

ပေါငြိမ်။ ။ သိဘူးဗျာ။ ကျုပ်တို့က သင်ချင်လို့ သင်ခဲ့ရတာမဟုတ်ဘူး။ သိပ်လည်း စိတ်ပါတာ မဟုတ်ဘူး။

နာယကဂျီး။ ။ ကဲကဲ။။။ မသိတော့လည်း ပြောပြရမှာပေါ့... အားလုံးသေချာနားထောင်ကြ... ခုပြောသွားတဲ့ ဇာတ်လမ်း ဖရိန်ကို အခြေခံပြီး ကကြတာပေါ့ကွယ်။ အဲ တစ်ခုတော့ ပြောမယ်။ နာယကဂျီးရေးတဲ့ သမိုင်းလို့တော့ မမှတ်ပါနဲ့။ သမိုင်းလို့ပဲ မှတ်ပါ။

ပေါငြိမ်။ ။ ဟုတ်ပါပြီ။ သူလုပ်ချင်ရာ လုပ်ပြီးမှ ခေါင်းရှောင်ဦးမယ်ပေါ့...။

နာယကဂျီး။ ။ ကဲ... ကဲ၊ သေချာနားထောင်ကြ ကလေးတို့... အဲ... ငပေါတို့။ တို့ ငပေါတွေဟာ အချာပင်တွေ ဟုတ်ဘူးကွဲ့၊ မျိုးနဲ့ရိုးနဲ့၊ ငပေါဇာတိနဲ့ လာခဲ့တဲ့ သူတွေပေါ့။ တို့ငပေါ ဘိုးဘွားတွေဟာ ပေါချစ်စိတ်ဓာတ် ထက်သန်စွာနဲ့ ကိုယ်ပိုင် ငပေါမှု၊ ကိုယ်ပိုင်ငပေါရာတွေကို ထိန်းသိမ်းခဲ့ကြတယ်လေ။

ဒီလို ကိုယ့်ပေါကိုယ့်လမ်းနဲ့ အုပ်ချုပ်နေတဲ့တို့ ဂေဟာကို နယ်ချဲ့ လူတည်တွေက ကျူးကျော်ဝင်ရောက် လာခဲ့တယ်လေ။ သူ့ကျွန်ဘဝအောက်မှာ သူ့ဆန်စားလို့ သူ့စပါလုံးကောက်ပေးခဲ့ရတဲ့ ဘဝကို ဖြတ်သန်းခဲ့ရတယ်လေ။ ငပေါစာပေ၊ ပေါမှု၊ ပေါရာတွေကိုလည်း သင်ကြားခွင့် ကောင်းကောင်း မရခဲ့ကြဘူးပေါ့ကွယ်။

ဒီလို လူတည်တွေရဲ့ ကျွန်သဘောက် ဘဝအောက်မှ နေရတာကို နည်းနည်းမှ မနှစ်မြို့တဲ့ ပေါချစ်စိတ်ဓာတ် ပြင်းထန်တဲ့ တို့ ငပေါဘိုးဘွားတွေဟာ အဲဒီလူတည်တွေကို လက်နက်တွေ၊ လက်ဖြူတွေ ကိုင်ပြီး တော်လှန်ခဲ့ကြတယ်လေ။ ဒီလိုနဲ့ ပေါသွပ်ရေးကြီးကို ရရှိပြီး တို့ ငပေါဂေဟာကြီး ဆိုပြီး ဖြစ်တည်လာတာပေါ့။

သဘာငတိ။ ။ ဟုတ်ပါပြီလေ။ အဲဒီတော့ ကျွန်တော်တို့က ဘယ်လို ကရမှာလဲ။ အဲဒီလို ပေါတောတော သမိုင်းကြီးကို...

နာယကဂျီး။ ။ တယ်၊ တယ်ခက်တာပဲ။ ခုနက ပြောပြတာက အကြမ်းဖျင်းလေ၊ ခြုံပြီး ကြည့်မယ်ဆိုရင် ပြဇာတ်ကို ၃ ပိုင်းခွဲပြီး ကလို့ ရမယ်။

  • ကိုယ့်ပေါကိုယ့်လမ်းနဲ့ အုပ်ချုပ်ခဲ့တဲ့ ကာလရယ်
  • လူတည်တွေရဲ့ သူ့ကျွန်ဘဝအောက်မှာ နေရတဲ့ ဘဝရယ်
  • ပေါသွပ်ရေးကြီး ရရှိတဲ့ ကာလဆိုပြီး သုံးခုပေါ့။

အဲဒီ သုံးပိုင်းမှာမှ ခုနက ပေါငြိမ် ပြောသွားသလို... အက်ရှင်တွေ၊ ရိုမန်းတစ်တွေ၊ ဟော်ရာတွေ လုပ်ကြတာပေါ့လေ။။။

ပေါညီ။ ။ ဟော်ရာဆိုတော့ ဟိုဟာ၊ ဒီဟာ ဖြတ်တာတွေ ပါမှာပေါ့နော်၊ ညီက ကြောက်တတ်လို့ပါ။

ပေါဂျယ်။ ။ ဟ၊ ရိုက်မှတော့ သဏ္ဍာန်လုပ် သရုပ်တူရတော့မှာပေါ့။

ပေါညီ။ ။ ဘြား၊ ဘြား... ဒါဆိုရင် ပေါညီကို သရဲပေးလုပ်...

ပေါဂျယ်။ ။ အောင်မယ်၊ တော်တော် တရားတယ်၊ ရမလား၊ ဇာတ်လမ်းအရ ကျရာနေရာ နင်ကရမှာပေါ့။ ပြီးတော့... သရဲဖြစ်ချင်ရင် ကားတိုက်ခံရတဲ့ အခန်းတို့၊ ဆယ်ထပ်တိုက်ပေါ်က ခုန်ချတာတို့ နင်အရင် လုပ်ရမှာလေ... လုပ်မှာလား။

နာယကဂျီး။ ။ ကဲ၊ ကဲ။။။ တော်ကြပါလေ။။ ပေါငြိမ်မေးတဲ့ ဇာတ်လမ်း ဖရိန်ကို ရပြီလေ...။ ဒီတော့ ဘယ်သူတွေက မင်းသားလုပ်ကြမယ်။ ဘယ်သူတွေက မင်းသမီး လုပ်မယ်၊ ပြီးတော့ ကင်မရာမန်းတွေ၊ ဗီဒီယို မှတ်တမ်းတင်မယ့် သူတွေက ဘယ်သူတွေ လုပ်ကြမှာလဲ။ ဇာတ်ရံတွေ၊ ဇာတ်ပို့တွေ၊ ဇာတ်ခေါင်းတော့ ကွဲလို့ မဖြစ်ချေဘူး။ ဝိုင်းစဉ်းစားကြဦးလေ။။။

ဗီလိန်။ ။ ဟာ... ဒါကတော့ ဇာတ်လမ်းရေးပြီးမှပဲ ပုံပေါ်တော့မှာပေါ့ဗျ။

နာယကဂျီး။ ။ ဒါဆိုရင်လည်း လုပ်ကြ၊ ဇာတ်လမ်းကို အမြန်ရေးကြ၊ မနက်ဖြန်၊ သန်ဘက်ခါ အမြန်ဆုံး ဂေဟာမှာ လာတင်ကြ ဒါပဲ။ ရေဗူးပေါက်တာ မလိုချင်ဘူး။ အဲဒီဗူးထဲ အရက်ပါလာတာပဲ လိုချင်တယ်။ ဒါပဲ။

ဝေ... ဝူ...


ပြောပြီးတာနဲ့ နာယကဂျီးမှာ ချက်ချင်းပဲ အစည်းအဝေးခန်းမမှ ပြန်လည်ထွက်ခွာသွားလေသည်။ ထိုအချိန်မှာပဲ ပျံဝံက စင်ပေါ်သို့ ပြန်တက်လာလေသည်။

ပျံဝံ။ ။ အခုလို... နာယကဂျီးရဲ့ အကြံပြု ပြောကြားချက် အပြီးမှာ ကျွန်တော်က... အဲ...

နာယကဂျီး ထွက်သွားပြီ ဖြစ်သဖြင့် ကျန်ရှိနေသော ဝံကြီးများ အဖွဲ့သားများလည်း အလျှိုလျှိုဖြင့် ကြက်ပျောက်ငှက်ပျောက် လစ်ပြေးကုန်ကြရာ စင်ပေါ်တွင် ပျံဝံတစ်ဦးတည်းသား ငေါင်တောင်တောင် ကျန်ရှိတော့သဖြင့် ငပေါဂေဟာ ၂နှစ်ပတ်လည် ပဏာမအစည်းအဝေးကြီးကို လူမသိ၊ သူမသိ တိတ်ဆိတ်စွာ ပိတ်သိမ်း လိုက်ရပါတော့သည်။

လျှောက်လုပ်ရေးဝန်ကြီး
ပေါငြိမ်။

Tuesday, July 7, 2009

ဂေဟာအရေး နှင့် ပတ်သတ် ၍ နာယကဂျီး နှင့် တွင်း ၂ တွေ့ဆုံဆွေးနွေး

နာယကဂျီး : မင်္ဂလာဆောင်ပါ တွင်း ၂ ရေ။ ခုလို မတွေ့မဆုံဘဲ ဆွေးနွေးရတဲ့အတွက်အရမ်း အရမ်းကို ဝမ်းသာပါတယ် (တွေ့ရင် မျက်ခွက်ကို ပိတ်ရိုက်ချင်နေဦးမယ်) လေဒီယို စတိုင်ပေါ့ ဟီဟိ။
တွင်း ၂ : ဟုတ်ကဲ့ မတွေ့တာတောင် ကြာပြီနော် (အွန်လိုင်မှာ ဒီမျက်ခွက်ကြီးပဲ။)
နာ : ဒါနဲ့ တွင်း ၂ ရေ ဂေဟာကိုလည်း မရောက်တာကြာပြီ ဘာတွေ ထူးနေလဲ လုပ်ပါဦး။ (ပြောစမ်းဟဲ့ပေါက်ကရ ပင့်ပေးပြီးပြီ)
တွင်း : မရောက်ဆို မြောက်ကိုရီးယားအရေးကလည်း ရှိသကိုး။
နာ : ဟား ဟုတ်တာပေါ့ မြောက်ကိုရီးယားသင်္ဘောကြီးက စင်ကာပူဝင်လာပြီး တွင်း ၂ ကို လက်နက်တွေ ပေးသွားတယ် ကြားတယ် ဘာလက်နက်တွေများလဲ။
တွင်း : ဒါကတော့ ဒီလိုပါ။ ငပေါများနိုင်ငံတော် အင်အားရှိဖို့အတွက် ကျနော့အနေနဲ့ စွမ်းစွမ်းတမံကြိုးစားနေပါတယ်။ အခုဆိုရင်လည်း မြောက်ကိုရီးယားကနေ မှာယူထားတဲ့ လက်နက်တွေဟာ ကျနော့လက်ထဲကို ရောက်လို့ နေပါပြီ။ လောလောဆယ်တော့ ပေါက်ကွဲအား အဆင့် ၇.၅ အဆင့်ရှိတဲ့ ပေါက်ကွဲမှုတွေအတွက် မြောက်ကိုရီးယားက ၃ ထုပ် ၁ မတ်နဲ့ မှာယူထားတဲ့ ပဲကြီးလှော်များကို ဂေဟာတွင်း နည်းစနစ်မှန်မှန် အသုံးပြုတတ်ဖို့ သင်တန်းပို့ချရပါဦးမယ်
နာ : တော်တော် စိတ်ဝင်စားစရာကောင်းတာပဲ။
တွင်း : သင်တန်းတက်ရမယ့်သူကလည်း မဲစနစ်(ဖားနိုင်သူဦးစားပေးစနစ်) နဲ့ ရွေးချယ်မှာပါ။
နာ : ဂေဟာတွင်း အေးချမ်းသာယာရေးကော ဘယ်လိုအခြေအနေ ရှိပါသလဲ။ မအေးချမ်းရင်တော့ ကေလာမမ ရောက်နေတဲ့ အိုင်ယာလန်က ရေခဲတုံးတွေ လှမ်းမှာသင့်ရင်မှာရအောင်
တွင်း : ဂေဟာတွင်း အခြေအနေကတော့ ပြောလို့မရတဲ့ အနေအထားလေးတစ်ခု ရှိနေလို့ ခွင့်လွှတ်ပါ။ မကြာခင်မှာတော့ အပြောင်းအလဲ တစ်ခု တွေ့ရမှာပါ။
နာ : ဟာ အပြောင်းအလဲကို အရမ်းလိုလားတယ်နော် အရမ်းအရမ်းကို စိတ်ဝင်စားလာပြီ။
တွင်း : အင်း အဲဒါကိုလည်း စဉ်းစားထားပါတယ်။ အပြောင်းအလဲကြီးတစ်ခု အဖြစ် အနည်းဆုံး ပို့စ်အသစ်တက်တာကနေ အများဆုံး ကော်မန့်တွေ လာပေးတာကို တွေ့ရမယ်လို့ ကျနော်ထင်ပါတယ်။ ဒါကတော့ ဂေဟာရဲ့ ပြောင်းလဲမှု ဖြစ်နိုင်ချေကို ကျနော့အတွေ့အကြုံနဲ့ ပြောပြတာပါ။ ဖြစ်မဖြစ်ကိုတော့ ပိတ်ကားမှာပဲ ရှုကြပါစို့ဗျာ။
တွင်း : ဒါနဲ့ ထိုင်းငပေါ အရေးလေးလည်း ပြောပြပါဦး နာယကဂျီးရဲ့
နာ: နာယကဂျီးလည်း ထိုင်းနိုင်ငံအရေးနဲ့ အတော်လေး မအားလပ်လို့ ဂေဟာကို မရောက်နိုင်တာပါ။ ဥပမာ - ဝန်ဂျီးဂျုပ်က ချင်းမိုင်က ပန်ဒါလေးကို စားမယ်ချည်း လုပ်နေလို့ ဆွဲထားရတာမျိုးပေါ့။
တွင်း: ငရုပ်သီးလိုရင်ပြောပါ။ (အဲမှားလို့)
နာ : သူက အစပ်မကြိုက်ဘူး။ ဟင် ဘာဆိုင်လို့လဲ။
တွင်း : အသေးစိတ်လေးပြောပြပါဦး။
နာ : ခုတော့ နေကြာစေ့တထုပ်လက်ထဲ ထည့်ထားလိုက်ပါတယ်။
တွင်း : စိတ်ဝင်စားဖို့ အတော်ကိုကောင်းနေပါပြီ။ နေကြာစေ့နဲ့ ပန်ဒါနဲ့ဆိုတော့ ဘယ်လိုများ ချက်စား (အဲလေ) ဘယ်လိုများ အပ်စပ်လို့များလဲ နာယကဂျီးရေ့။
နာ : ဒီလိုပါ။ ဝန်ဂျီးဂျုပ်လည်း နေကြာစေ့အခွံခွာရင်း မအားမလပ်ဖြစ်နေလို့ ပန်ဒါလေးကို မျက်စောင်းမထိုးတော့ပါဘူး။
တွင်း : ဝန်ဂျီးဂျုပ်ရဲ့ အနေအထားကကော ဘယ်လို ဖြစ်လာမယ်လို့ မျှော်လင့်ရပါသလဲ။
နာ : ကြည့်ရတာတော့ အင်္ကျီအနက်အစား တီရှပ်အစိမ်းရောင် ပြောင်းဝတ်ပုံထောက်တော့ သူလည်း ဆက်ပေါဦးမယ်ဆိုတဲ့ သဘောပါပဲ (ဆိုင်ဆိုင် မဆိုင်ဆိုင်ဟာ)
တွင်း : ဒါဆို ပန်ဒါမလေးလည်း အဆင်ပြေသွားပြီပေါ့နော်။ သူ့ကျန်းမာရေးအခြေအနေလေးလည်းပြောပြါပါဦး
နာ : ပန်ဒါမလေးကတော့ နယ်စပ်အခြေအနေ မငြိမ်သက်လို့ တရုတ်ပြည်ပြန်မယ်လုပ်နေပါတယ်
တွင်း : တီရှပ်အစိမ်း?? ဘယ်လိုများ ဆက်နွယ်ပါသလဲ သိပါရစေဦးဗျာ။
နာ : ဒါကဒီလိုပါ။ အစိမ်းရောင်တီရှပ်ကိုဝတ်ခြင်းဟာ green ကို အားပေးချင်းပဲမဟုတ်လား။
တွင်း : ဒါဆို အစိမ်းရောင်တပ်ဖွဲ့ပေါ့လေ။ ကြောက်စရာကြီးပါလား။ (အစိမ်းဆို ငယ်ငယ်တည်းက ကြောက်တတ်လို့ပါ။)
နာ : သူ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းတဲ့အနေနဲ့ ပန်ဒါလေးကို မစားတော့ဘူးဆိုတဲ့သဘောပေါ့
တွင်း : ဟုတ်ကဲ့
နာ : စကားမစပ် (အတင်းစပ်မှာပဲ) ဘန်ကောက်က ကိစ္စပြောချင်ပါသေးတယ်။
တွင်း : ပြောပြပါဦး နာယကဂျီးရေ့
နာ : အဲဒီမှာ အသင်းသားကေလာက တနေ့က စားပိုးနင့်ပြီး သေမလိုဖြစ်သွားခဲ့ပါတယ်။
တွင်း : (သေသွားရမှာ ဖဲရိုက်ဖို့)
နာ : သောက်နေကျ အရက်မသောက်ပဲ အစားတွေနင်းကန် စားလို့ ဖြစ်ရတာပါ။ (ဒါတော့ တွင်း ၂ ပြောတာ လက်ခံတယ် ရိုက်ချင်တာ လက်ကိုယားနေတာပဲ)
တွင်း : ဒါဆို အစားကြောင့် အရက်မသောက်ဖြစ်တာလား။ ပိုက်ဆံမရှိလို့ မသောက်ဖြစ်တာလား။
နာ : အဲဒီကိစ္စက အတော်လေး လျှို့ဝှက်နက်နဲ့ပါတယ်။ သူ့မှာ ပိုက်ဆံက အမြဲမရှိပါဘူး။
တွင်း : ဆိုလိုတာက တခါတလေတော့ ရှိတယ်ပေါ့။
နာ : နာယကဂျီးဆီကနေ အသေးသုံး နေ့တိုင်း ဘတ် ၁ သောင်း တောင်းလေ့ရှိပါတယ်။ နာယကဂျီးအရမ်းစိတ်ညစ်ရပါတယ်။
တွင်း : (အမှန်တော့ နာယကမှာလည်း တစ်နေ့ တစ်သောင်းတောင်မရှိဘူး)
နာ : (ဟီး တကယ်က သူကသာတောင်းတာ ကိုယ်ကလည်း ဘယ်တုန်းကမှ ပေးတာမဟုတ်ဘူး)
တွင်း : အဲဒါနဲ့ နာယကကြီးက ပေးတန်သလောက်ပေးလိုက် တယ်ပေါ့။
နာ : အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်းပါပဲ တွင်း ၂။ ဒါနဲ့ မြန်မာပြည်ရောက် ငပေါတွေ အတော်သောင်းကျန်းနေတယ် ကြားပါတယ်
တွင်း : ဟုတ်ပါတယ်ဗျ
နာ : ဘယ်လိုများ ဆောင်ရွက်ဖို့ ရှိပါသလဲ
တွင်း : အခုဆို လူကြီးမြင်းများရဲ့ လုံခြုံရေးအတွက် ငပေါများလုံခြုံရေးကော်စီက ပေါအားရှင်အဖွဲ့တောင် ဖွဲ့စည်းပေးရမလိုဖြစ်နေပါတယ်။ ဒီကိစ္စကိုလည်း မကြာခင် ဖော်ဆောင်တော့မှာပါ။
နာ : ဟာ... ဒီကိစ္စ အရေးကြီးတာပေါ့ စည်းဝေးခေါ်သင့်တယ်။ နာယကဂျီးအနေနဲ့ အနံ့တခုရတယ် တွင်း ၂ ရန်သူရဲ့အနံ့ပါ။
(အနံ့ခံကတော့ ဘာကောင်းသလဲမမေးနဲ့)
တွင်း : ဘာအနံ့များပါလိမ့် နာယကကြီး
နာ : ဒန်ပေါက်နံ့ (အဲ ယောင်လို့) လူတည်ဂိုဏ်းက ဝင်ရောက်နှောက်ယှက် ဖျက်ဆီးတော့မယ် ဆိုတာကို အာရုံရပါတယ်။ ပို့စ်တွေ တည်လာတာကို တွင်း ၂ လည်း တွေ့မှာပါ။
တွင်း : မှန်ပါတယ်။ အခုအချိန်မှာ လူတည်ဂိုဏ်းရဲ့ ဝင်ရောက်နှောက်ယှက်မှုတွေကြောင့် ငပေါများ အတွင်းကို ရောဂါတစ်ခု စွဲကပ်နေပါတယ်။
နာ : ဘာရောဂါများပါလိမ့် H1N1 ထက်များဆိုးသေးလား
တွင်း : ဆိုးပါတယ် ဒီရောဂါကြောင့် ဘာကြောင့်မှန်းမသိတဲ့ ငပေါများရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ သဘာငတိကြီးလည်း မကြာသေးခင်က ပြုလုပ်သွားတဲ့ တညင် ညီလာခံကို မတက်ရောက်ပဲ ရှောင်နေတယ်လို့ သိရပါတယ်။
နာ : ဒါကတော့ အရည်အချင်းပြည့်ဝတဲ့ ခေါင်းရှောင်တို့ရဲ့ သဘာဝပါပဲ
ဖြစ်နိုင်ပါတယ်။
တွင်း : နောက်တစ်ခုက လူတည် ဂိုဏ်းရဲ့ အသည်းကွဲရောဂါကလည်း ကပ်ရောဂါတစ်ခုအနေနဲ့ ကူးစက်လာပါတယ်။
နာ : ဒါကလည်း ကြောက်ဖို့ကောင်းတဲ့ ရောဂါတစ်ခုပဲလေ။
တွင်း : လူတည်ပို့စ်တွေ တက်လာတာနဲ့ ပတ်သတ်ပြီးတော့လည်း ဂိုဏ်းတွင်း အချုပ်အချာ အာဏာခိုင်မြဲဖို့ လိုအပ်လာပြီ ဆိုတာ သတိပေးလိုက်သလိုပါပဲ။
နာ : ဒီကိစ္စက အတော်လေး အရေးကြီးနေပြီလို့ ထင်ပါတယ် တွင်း ၂။ ခု အတော်လေး အရေးကြီးနေပါပြီ။
တွင်း : မှန်ပါတယ်။ ငပေါဦးတည်ချက် ၄ ရပ်နဲ့ အညီ စစ်မှန်တဲ့ ပေါမိုခရေစီ ပြည့်ဝတဲ့ ငပေါများဂေဟာမှာ လိုအပ်တဲ့ လွတ်လပ်မှုတွေနဲ့ တင်ပြချက်တွေ၊ ထောက်ခံချက်တွေ၊ ပေါရေးပေါရာတွေ အားလုံး ပြည့်စုံတိကျဖို့ လိုအပ်ပါတယ်။
နာ : နာယကဂျီးကို အရေးပေါ်ခေါ်နေပါပြီ။ ဝိုင်တစ်ပုံးရှိတယ်လို့ သတင်းရပါတယ်။ မသွားမဖြစ် သွားရပါတော့မယ်။
တွင်း : ဟုတ်ကဲ့ပါ။ အချိန်မရှိတဲ့ ကြားက အရက်သောက်ဖို့ အချိန်လေးကို ဖဲ့ပြီး အခုလို ဆွေးနွေးပေးလို့ ကျေးဇူးတင်ပါတယ်။ တွေ့ဆုံပွဲ အမြန်ဆုံးဖြစ်အောင်လည်း ဆောင်ရွက်လိုက်ပါမယ်။

Thursday, December 11, 2008

ညစာစားပွဲ

နာယကကြီးဆီက ဖုန်းဝင်လာတယ်။ ဖုန်းကို ထုံးစံအတိုင်း ပြောရေးဆိုခွင့်ရှိသူ ဘေထယ်ရောင်းက လက်ခံစကားပြောတယ်။ နာယကကြီးက ဒီနေ့ည ၈နာရီလောက် ညစာစားပွဲတစ်ခု စီစဉ်လိုက်ပါတဲ့ ဒါနဲ့ Orchard Roadရှိ နာမည်ကြီး Hotel တစ်ခုမှာ စီစဉ်ခိုင်းလိုက်တယ်။ ဘေကတော့ ထုံးစံအတိုင်း ဂိုဏ်းကြီးရဲ့ ဘဏ္ဏာထဲကပဲ ယူရမှာပေါ့။ နာယကကြီးက တွင်း ၂ ရယ်၊ အသင်းသားချုပ် ရယ်ကို ဖုန်းဆက်ပြီး ချိန်းထားလိုက်ပြီတဲ့ ဒါနဲ့ ညစာစားပွဲရှိတယ်ဆိုတော့ သဘာပတိမှာ ရှိတဲ့ အရေးကြီး ကိစ္စတွေဖြစ်သော ညနေဘက် ရုံးချုပ်၌ အိပ်ခြင်းအမှုကိစ္စကို ရှောင်ရှားပြီးသကာလ ရေချိုးသန့်စင်ပြီး နာမည်ကြီး Desinger သီးသန့် ချုပ်ပေးထားသော ပွဲတက်ဝတ်စုံကို အဆင်သင့်ပြင် ခိုင်းထားပြီး အိမ်လည်ခြင်း အမှုကိစ္စကို ပြုလုပ်နေလေသည်။ ညစာကလဲ Hotel ကျမှ အ၀တီးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။ ဒါနဲ့ Iphoneကို ဘေးနားထားလိုက်တယ် ဒီတခါတော့ နာယကဆက်ရင် သဘာပတိကိုယ်တိုင်ကိုင်မှ ကောင်းတော့မှာလေ ပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့ ကျတော်ပဲ ကိုင်နေရင် မလေးစားရာကျမယ်ဆိုတာ နားလည်တယ်လေ။ ဒါနဲ့ တရားရေးဝန်ကြီးကလဲ အိမ်မှာ ကြမ်းတိုက်၊ အ၀တ်လျှော်၊ ပန်းကန်ဆေးစရာတွေ ရှိသောကြောင့် နှင့် အိမ်သားတွေ စားထားသော အကျန်တွေ မသွန်ခင် အမှီပြန်ရမှာ ဖြစ်သောကြောင့် မလာနိုင်ကြောင်း၊ ဒါကြောင့် သူ့ကို နားလည် ခွင့်လွှတ်စေချင်ကြောင်း အစီရင်ခံလေသောကြောင့် သဘာပတိမှ သဘောထားကြီးစွာ နားလည် ခွင့်လွှတ်ပေးလိုက်သည်။ ဒါနဲ့ နာယကကြီးက ၈နာရီ ၀န်းကျင်လောက် ဖုန်းဆက်လာတယ် အသင်းသားချုပ်ကြီးက MRT Cadr ထဲကို Top-up မလုပ်တတ် Bank Cardကလဲ မရှိဘူး၊ ပိုက်ပိုက်ကလဲ မရှိ။ ရန်ကုန်မှလို ဒီရောက်မှရှင်းမယ် လုပ်လို့မရဘူးလေ။ သဘာပတိက ကားလွှတ်ပေးမယ်ဆိုတော့ သူနေတဲ့ နေရာကို မပြောတတ်။ သဘာပတိ အိမ်မှာက Ferrari/ Lamborghini / Audi ကြိုက်တဲ့ကား လွှတ်ပေးလို့ရတယ်။ ခက်တာက အသင်းသားချုပ်က ကိုယ်နေတဲ့နေရာ မသိတာပဲ။ အဲ့လောက်တောင် တုံးတဲ့ အသင်းသားချုပ်။ ငပေါဂိုဏ်းကြီးကို သဘာပတိက ထိမ်းထားရတာ ထားပါတော့လေ သိပ်အရေးမကြီးတဲ့ ပွဲပဲလေ အခုပွဲက နာယကနဲ့ တွေ့ဆုံရင်းနှီးယုံပဲလေ။ ဒါနဲ့ အ၀တ်စားလဲပြီး ဂိုဒေါင်ထဲက Ferrari အနီရောင်တစ်စီး ထုတ်ခိုင်းလိုက်တယ်။ ကားကတော့ သဘပတိက ကိုယ်တိုင်မောင်းရမှ ကျေနပ်တာဆိုတော့ သဘာပတိကိုယ်တိုင်ပဲ မောင်းသွားတယ်။ နာယကကို သွားကြိုမလို့လေ နာယကကြီးက သိပ်မသွားတတ်ဘူး။ ရောက်တာ မကြာသေးတော့ မသွားတတ်မလာတတ် ရုံးကို လာတာတောင် လမ်းပျောက်နေတတ်တယ်။ ဒါနဲ့ လမ်းတ၀က်ရောက်တော့ နာယကကြီးက သဘာပတိရဲ့ Iphoneကို ဖုန်းဆက်လာတယ်။ တွင်း ၂က အီးပေါက်ရင်း ပစ်လှဲရာကနေ ခေါင်းကိုက်၊ နှာစေး၊ လည်ချောင်းနာ၊ ကိုယ်နွေး၊ လေးဘက်နာ၊ ကျပ်မပြည့်စတဲ့ ရောဂါတွေကြောင့် ညစာစားပွဲကို မတက်ရောက်နိုင်ကြောင်း သတင်းပို့တဲ့ အကြောင်းပြောပြတယ်။ ထို့ကြောင့် ညစာစားပွဲကို ၀မ်းနည်းစွာနဲ့ ဖျက်သိမ်းဖို့ အမိန့်ပေးလာတယ်။ သဘာပတိကလဲ အစောတည်းက ထင်ထားကြောင်း ပြောပြတယ်။ ဒါကြောင့် ၀မ်းနည်းသော်လဲ ကြိုတင် တွေးဆထားသောကြောင့် သိပ်မခံစားရကြောင်း ကျတော်ကို ၀မ်းနည်းသံကြီးနဲ့ ပြောပြတယ်။ ဒါနဲ့ နီးစပ်ရာ Restaurant တခုကိုပဲ ၀င်ပြီး ညစာကို တစ်ယောက်တည်း အ၀ကြိတ်ပြီး ရှက်ရှက်နဲ့ အိမ်ပြန်လာတယ်။ အိမ်က လူတွေကို မတော်တဆ ညနက်ပါက စိတ်မပူဖို့နဲ့ ဖုန်းဆက်မယ်ဖြစ်ကြောင်း အစီရင်ခံ ပြောဆိုခဲ့သောကြောင့်ဖြစ်သည်။ တီ . . . တီ . . . . ဒါနဲ့ ရုတ်တရက် ဖုန်းသံကြောင့် လန့်နိုးလာတယ်။ ကျတော့်ရဲ့ ဖုန်းဆိုမှ ဘုရားဆူးဖုန်းလေ တခါတခါ အသံတောင် မကြားရတတ်ဘူး။ အော် ငါအိမ်မက် မက်နေတာပါလားပေါ့။ ဒါနဲ့ နည်းနည်းတော့ ၀မ်းသာသွားတယ် ဟုတ်တယ်လေ အိမ်မက်ထဲမှာ ကိုယ်လိုချင်တာတွေ တ၀ကြီးမက်လိုက်ရတာ လူဖြစ်ရကျိုး နပ်ပါဘိပေါ့။

Monday, December 8, 2008

တွေ့ဆုံဆွေးနွေးပွဲ အမှတ်စဉ်- ၀၀၀၀၀၀၀၀၀၀၁/၂၀၀၀၈ (စင်ကာပူ)

နာယကဂျီး၏ ချစ်ကြည်ရေးခရီးစဉ်အဖြစ် လာရောက် တွေ့ဆုံနှုတ်ဆက်ပွဲကို စင်ကာပူနိုင်ငံရှိ ငပေါများရုံးထိုင်ရာ ရုံးချုပ်တွင် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း CBGသတင်းဌာနမှ ထုန်ပြန်လိုက်သည်။ တွေ့ဆုံနှုတ်ဆက်ပွဲတွင် စင်ကာပူနိုင်ငံရှိ သဘာပတိ၊ တွင်း ၂၊ အသင်းသားချုပ်၊ နိုင်ငံခြားရေးဝန်ကြီး၊ တရားစီရင်ရေးဝန်ကြီးတို့မှ ဂါဝရပြု ကြိုဆို နှုတ်ဆက်ခဲ့ကြသည်။ ပထမဆုံးတွေ့ဆုံဆွေးနွေးပွဲတွင် နာယကကြီး၊ သဘာပတိ၊ တွင်း ၂၊ အသင်းသားချုပ်၊ နိုင်ငံခြားရေးဝန်ကြီး၊ တရားစီရင်ရေးဝန်ကြီး တို့မှ ခိုင်မာသော ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြသည်။

ချမှတ်သော ဆုံးဖြတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

၀၁- အလုပ်အရမ်းကြိုးစားသော သဘာပတိအား မှာစားထားသည်များကို ကျသင့်သလောက်ရှင်းခွင့်၊
၀၂- ဥက္ကဌအား ဂါးဂီးဟု မကြာခဏအော်ခွင့်၊
၀၃- နာယကအား ဖုန်း ၈၄နာရီမနားတမ်းပြောခွင့်၊
၀၄- အတွင်းရေးမှူး-၁အား ခွင့်မဲ့ လစာပေးခွင့်၊
၀၅- အတွင်းရေးမှူး-၂အား လိန်တန်လိန်တိန်နဲ့ လမ်းလျှောက်ခွင့်၊
၀၆- စည်းရုံးရေးအမှုဆောင်အား မန္တလေးသို့ ချစ်ကြည် အလည်ပတ်သွားခွင့်၊
၀၇- နာရီ သုံးလုံးပိုင်သော အသင်းသားချုပ်ကြီးအား နာရီအစုတ်ပတ်ခွင့်၊
၀၈- အကြံပေးအရာရှိအား Net Work တစ်ခုထောင်ခွင့်၊
၀၉- နိုင်ငံခြားရေးဝန်ကြီးချုပ်အား မြန်မာပြည်ပြန်ပြီး မိန်းမအတောင်းခံခွင့်၊
၁၀- ဆည်မြောင်းဝန်ကြီးအား L.V ခါးပတ် နဲ့ Gucci wallet ကိုယ်ပိုက်ဆံနဲ့ကိုယ် ၀ယ်ခွင့်၊
၁၁- ပညာရေးဝန်ကြီးအား ချင်းမိုင်တွင် မိဘပိုက်ဆံဖြင့် ကျောင်းတက်ခွင့်၊
၁၂- တရားစီရင်ရေး ၀န်ကြီးအား လူအကောင်ကြီးအောင်ပြုလုပ်ခွင့်၊
၁၃- မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးအား ချက်ချင်တာ ချက်ပြီး ဘလော့တင်ခွင့်၊
၁၄- ပြန်ကြားရေးဝန်ကြီးအား သတင်းအမှားများ မကြာခဏထုတ်ပြန်ခွင့်၊
၁၅- လယ်ယာပြန်စားရေးဝန်ကြီးအား လည်ချင်ရာ လည်ပြီး သွားချင်ရာသွားလာခွင့်၊
၁၆- ထောက်လှမ်းရေးချုပ်အား မကြာခဏ အသဲကွဲခွင့်၊
၁၇- တစ်ဦးထဲသော အသင်းသားကိုကေလာအား အရုပ်နှစ်ရုပ်နှင့် ဆော့ခွင့်၊

ယခုဆုံးဖြတ်ချက်များသည် အားလုံးစည်းဝေးပြီး ချမှတ်သော ဆုံးဖြတ်ချက်များဖြစ်ကြောင်း၊ မကျေနပ်ပါက နာယကကြီးထံ တိုက်ရိုက်ပြောကြားနိုင်ကြောင်း၊ မည်သူ့ မည်သူမှာမှ တာဝန်မရှိကြောင်း၊ သဘာပတိမှ ခေါင်းရှောင်လိုက်သည်။ ထိုကဲ့သို့ဆုံးဖြတ်ချက်များကို အတည်ပြုပြောကြားလိုက်သည်မှာ သတင်းစုံလင်ပါ။ ထို့နောက် အတွင်းရေးမှုး ၂မှ ဆက်လက် ပြောကြားပါလိမ့်မည်။