ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Tuesday, December 30, 2008

လျှို့ဝှက် သတင်းစဉ်

သတင်းစဉ်။ ။ ပေါဂေဟာ၏ ပေါပုံပေါနည်းများကို စောင့်ကြည့်လေ့လာနေသော ငပေါလောင်းလျာသည် ယခုအခါ ပေါဆောင်ရေးဝံကြီးရာထူးကို လက်ဝယ်ပိုင်ပိုင် မလွတ်တမ်းဆုပ်ကိုင်သွားနိုင်ပြီဖြစ်ရာ အောက်ပါတာဝန်များကို ကျေကျေပွန်ပွန်၊ စွမ်းစွမ်းတမံ၊ ဦးဆွေးဆံမြည့်၊ အင်တိုက်အားတိုက်၊ အားသွန်ခွန်စိုက်၊ ကြိုးစားပမ်းစား၊ အရိုးကျေကျေအရေခန်းခန်း၊ ဥာဏ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ၊ အတင်းအဓမ္မ ဆောင်ရွက်ထမ်းဆောင်တာဝန်ယူသွားမည်ဖြစ်ပါကြောင်း။

၁) ငှက်ကထနှင့်တပါပတိ အာဏာလုစေရန် မြှောက်ပေးခြင်း
၂)တွင်း(၁)နဲ့တွင်း(၂) အနိုင်ပေါ်သည်အထိနပန်းလုံးစေရန် ဘေတီးခြင်း
၃)၀ံကြီးများ လစာလုရန် မီးထိုးခြင်း
၎)အတင်းတားချုပ်နဲ့ထောက်ချုပ်တို့ အကြောင်းမရှိအကြောင်းရှာ ထချကြရန် ကုန်းချောခြင်း

ပို့ဆောင်ရေးဝန်ကြီးဟူသော ရာထူးနှင့်ကိုက်ညီစေရန် ရန်ဖြစ် ထချသောင်းကျန်းကြစေရန် မည်သည့်ပေါနည်းနှင့်မဆို အရောက်ပို့ ဆောင်သွားမည်ဖြစ်ပါကြောင်း…။

စာကြွင်း။ ။မိမိကြည့်မရသော အသင်းသားများ၏ စာရင်း ပို့ပေးနိုင်ပါသည်။ အတတ်နိုင်ဆုံး နှစ်ဖက်ချွန်၍ ကုန်းတိုက်ပေးမည်ဖြစ်ပါကြောင်း….။


Monday, December 29, 2008

ငပေါဂေဟာရဲ့ အပေါဆုံးဆုပေးပွဲ

ငပေါဂေဟာရဲ့ ရွှေတံဆိပ်ဆု ဘယ်သူဆွတ်ခူးသလဲ ..
တစ်နေ့သ၌ မြန်မာဘလော့ဂ်ဂါလောကတွင် လွန်စွာမှ အရှိန်အဝါကြီးမားလှသော ငပေါဂေဟာ၏ ဂုဏ်ထူးဆောင်ပိုင်အိုနီးယားကြီးဖြစ်သူ ငှက္ကဋ္ဌကျွန်တော် မောင်အန်ဒီသည် မချမ်းစဖူးချမ်းစိမ့်စိမ့်ရှိလှသော ရန်ကုန်ဒီဇင်ဘာလ၏ နေ့လည်ခင်းတွင် လကုန်ရက် ဘိုင်ကျလှသဖြင့် ထမင်းမျှမစားနိုင်ဘဲ အလကားရသော ရေကိုအဝသောက်ကာ ကွန်ပြူတာရှေ့၌ စိတ်ပျက်လက်ပျက် ငိုက်မြည်းနေခိုက်… ကွန်ပြူတာစပီကာဆီမှ “ပလုံ ပလုံ” ဟူသော အသံကြားရသဖြင့် ရုတ်တရက်လန့်ဖြန့်ကာ အကြွေးရှင်ပေလော… အသင်းထဲမှမိမိအား အတိုက်အခံပြုရာ၌အကဲဆုံးဖြစ်သော တစ်ဦးတည်းသောအသင်းသား၊ အသင်းသားချုပ်ကြီးနှင့် စည်းရုံးရေးအမှုရှောင်တို့မှ အကွက်ရသဖြင့် သူတို့ချင်းအရေးပေါ်ပါတီဖွဲ့ကာ ထိုးနှက်တိုက်ခိုက်ကြ လေပြီလောဟု ယီးတီးယောင်တောင်ဖြစ်မိသေး၏…။ သို့သော်ကံကောင်းထောက်မစွာဖြင့် ၄င်းတို့မဟုတ်မူပဲ အသင်းစတင်တည်ထောင်စကပင်… အစ်မကြီးဘာအလုပ်မျှ မလုပ်ရင်နေပါ… ဒီအတိုင်းထိုင်ရုံထိုင်နေပါ… နာယကရာထူးပေးပါမည် ဟုကျွန်တော်ကိုယ်တိုင် အတင်းဆွဲခန့်ထားသော ခေတ်ဆွေးငပေါ နာယကကြီး မတူးတူးသာဖြစ်နေသဖြင့် အနည်းငယ်အသက်ရှူချောင်သွားရပါသည်…။
“ဗျို့ ငှက္ကဋ္ဌကြီးရဲ့… တို့ငပေါဂိုဏ်းလဲ တစ်ခုခုလုပ်မှဖြစ်တော့မကွဲ့”
“ဘာပါလိမ့် အစ်မကြီးရယ် ဆိုင်းမဆင့်ဗုံမပါ”
“တို့လည်းတို့ငပေါဗီလာအနေနဲ့ ဆုတစ်ခုခုပေးရမယ်”
“ဘာဆုလဲ အစ်မဂျီးရဲ့”
“ဟာကွာ ဝေးလိုက်တာ…။ အခု ၂၀၀၈ ကုန်တော့မယ်လေ…။ အဲဒီတော့ နှစ်ကုန်ရင် အကယ်ဒမီတို့ အော်စကာတို့ပေးသလိုပဲ… အခုဘလော့ဂ်လောကမှာလဲ အကောင်းဆုံးဘလော့ဂ်ဆိုပြီး ပေးဖို့စီစဉ်နေကြသတဲ့…။”
“ဟုတ်တယ်… အဲဒါကြားမိတယ်… ဘာဆုကြီးလဲ ဘယ်လိုပေးမလဲတော့ မသဲကွဲဘူး”
“အေး… အဲဒီတော့ငါတို့လဲ ထုံးစံအတိုင်း သူများလုပ်ပြီးသားလိုက်လုပ်တဲ့အနေနဲ့၊ ငါတို့က ငပေါဂိုဏ်းဆိုတော့ ၂၀၀၈ ခုနှစ်အတွက် အပေါဆုံးဆုဆိုပြီး ပေးကြရအောင်”
“ဟားး ကောင်းတယ်၊ ကောင်းတယ်၊ ဒီလောက်တော်တော်တီးတော်လွန်းလို့ နာယကကြီးဖြစ်နေတာ… ကဲ..ဒီတော့ကာ ၂၀၀၈ အတွက်ငပေါဂိုဏ်း သင်းလုံးလစ် အစည်းအဝေးကြီး ကျင်းပပြီးပေးလိုက်ကြရအောင်…”
ငပေါဂိုဏ်း သင်းလုံးကျွတ်အစည်းအဝေးကြီးကား မြန်မာပြည်ရှိ ဟိုအသင်းကြီးအစည်းအဝေးကြီးနှင့် ခြားနားလေစွတကား…။ တွင်း(၂) ကိုဗီလိန်မှာ မြန်မာပြည်ပြန်နေလို့ မတက်နိုင်၊ အသင်းသားချုပ်၊ စည်းရုံးရေးအမှူရှောင် တို့မှာလည်း အလုပ်များနေသည်ဟုဆိုကာ ညည်းညည်းညူညူဖြင့် ရောက်ရှိလာကြလေ၏…။ အခြားဝန်ကြီးများမှာလည်း လာသူလာ လစ်သူလစ်ဖြင့် စည်ကားသိုက်မြိုက်လှပါဘိတောင်း…။ ရှေးဦးစွာ နာယကကြီးက အဖွင့်မိန့်ခွန်း မြွက်ကြားလေ၏…။ မိန့်ခွန်းဆိုသော်လည်း အသစ်ရေးရမှာပျင်းသဖြင့် ကျွန်တော်နှင့်ပြောသောစကားများကို စာစကားဖြင့် ပြန်လည်ရေးသားထားခြင်းများကို ပြန်ဖတ်ခြင်းသာဖြစ်၏…
“အဲဒီလို ဆုချီးမြင့်မှာဖြစ်တဲ့အတွက် မည်သူကိုပေးသင့်မပေးသင့် မဲခွဲဆုံးဖြတ်အဆိုတင်သွင်းကြဖို့ ယခုလို ဖိတ်ကြားရခြင်းဖြစ်ပါတယ်”
ထိုအချိန်တွင် မည်သည့်အချိန်ကစောင့်နေသည်မသိသော ဆြာဖိုးဂျယ်ခေါ်ကမ္ဘာငတိက
“ကျွန်တော့်ကိုယ် ကျွန်တော်အဆိုတင်သွင်းပါတယ်”
“ကန့်ကွက်ပါတယ် ကန့်ကွက်ပါတယ်”
တက်ရောက်သမျှ အသင်းသားအားလုံး တခဲနက်ကန့်ကွက်လိုက်ကြသည်မှာ အားရဖွယ်ပင် ကောင်းလှပါဘိတောင်း…။
ကျွန်တော်က “ဟုတ်ပါပြီ… နည်းနည်း လူကြားကောင်းအောင် ဘာကြောင့်ကန့်ကွက်ကြသလဲဆိုတာ သိပါရစေ”…။ ဤတွင် အသင်းသားချုပ်ကြီး ခေါင်ခေါင်ကထကာ…
“တခြားတော့မဟုတ်ပါဘူး… သူကခဏခဏအသည်းကွဲပါတယ်…”
“အသည်းကွဲပေမယ့် ပေါပါတယ်…။ အသင်းကောင်းကျိုးလဲ တော်တော်လုပ်ပါတယ်…”
“နောက်ပြီးတော့ လည်ပင်းမှာ ဘာကြီးလဲမသိဘူးဆွဲထားပါတယ်… ရှည်မျောမျောကြီး”
“ဘာကြီးလဲဟင်..”
“MP3 နဲ့ ဟတ်ဆက်ကြီး၊ အဲဒါကြီးတပ်ပြီး လူကြားထဲမှာ သူ့ကိုခေါ်ရင် မကြားချင်ယောင်ဆောင်ပြီး ထွက်သွားပါတယ် အဲဒါကြောင့်” ဤတွင် တခြားသူများကလည်း “ဟုတ်ပါတယ်၊ မှန်ပါတယ်၊ မပေးသင့်ပါဘူး… ကန့်ကွက်ပါတယ်…” ကမ္ဘာငတိကြက်နာကြီး လည်လိမ်သလို ခေါင်းငိုက်စိုက်ကျသွားလေ၏…။
“ဟုတ်ပါပြီ အများဆန္နအရ ငတိကိုမပေးတော့ပါဘူး… အခုအလှည့်ကျတာကတော့ တွင်း(၂) ဗီဗီဖြစ်ပါတယ်… အခုတော့ ရန်ကုန်မှာရောက်နေတယ်ဆိုပြီး အဆက်အသွယ်မရသေးပါဘူး…။ ဘုန်းကြီးဝတ်တော့မလိုလို သတင်းတွေတော့ထွက်နေပါတယ်…”
“ကန့်ကွက်ပါတယ်” ထမှုတ်ကြပြန်ပါသည်…။
“ဟင်..ဘာပြုလို့…”
“သူမှ အခုဒီမှာ မရှိတဲ့ဥစ္စာ သူ့ပေးလို့အပိုပေါ့”
“အင်း…ဒါဆို အသင်းသားချုပ်ကြီး…”
“ထောက်ခံပါတယ်” ရှားရှားပါးပါး အသံထွက်လာသဖြင့် ကြည့်လိုက်ရာ… မတ်တပ်ရပ်၍ လက်ကိုအားယားရှိသမျှ ထောင်ထားသော အသင်းသားချုပ်ကြီး ကိုယ်တိုင်ကိုတွေ့လိုက်ရလေ၏…။
“ဟင်”
“မဟင်နဲ့…ဟုတ်တယ်လေ.. တဂိုဏ်းလုံးကိုကြည့်လိုက် အချောဆုံးဘယ်သူလဲ…ငါ
အပေါဆုံးဘယ်သူလဲ…ငါ
သဘောအကောင်းဆုံး…ငါ
….ငါ
….ငါ”
“ကဲ မဂေါင်းဂေါင်း ….အဲဒီ ငါစွဲတွေ အသာထားလိုက်ပါဦး… တခြားသူများ ကန့်ကွက်လိုကြပါသလား”
ထိုအခါ စောစောက အနှံခံလိုက်ရသော ငတိကထက
“ကန့်ကွက်တယ်ကွာ ငါကန့်ကွက်တယ်ကွာ… ကမ္ဘာငတိက ဘာပြောပြော ထောက်ခံရမယ်ဆိုပေမယ့် ဒီတစ်ခါကန့်ကွက်တယ်ကွာ…”
“ဘာဖြစ်လို့လဲဆိုတဲ့ အကြောင်းပြချက်လေး”
“ရုပ်ကတော့မြင်တဲ့အတိုင်းပါပဲ…နောက်ပြီး စွာတယ်.. ကက်ကက်လန်တယ်…မျက်လုံးပြူးတယ်… မင်္ဂလာလဲဆောင်တော့မယ် အဲဒါကြောင့်ပယ်တယ်ကွာ…”
“ဟုတ်ပါတယ်….မှန်ပါတယ် …ငတိကြီးပြောတဲ့အတိုင်းပါပဲ…”
အောက်မှ တခဲနက်ဝိုင်းအာကြပြန်သည်…။
“နောက် အမှုရှောင်နန်းညီ… သူ့တော့ထောက်ခံမှထင်တယ်… သူကငပေါဂိုဏ်းနဲ့ ဂိုဏ်းလူကြီးမင်းများကို ဘန်နာထောက်ပံ့နေတဲ့သူ…။ တစ်နေ့ကတောင် ကျွန်တော့်ကို ဘန်နာလုပ်ပေးသွားတယ်…”
ဤတွင်နာယကကထက…“ဒီမှာ ငှက္ကဋ္ဌ… အခုကိစ္စမှာ… တခြားလာဘ်လာဘကိစ္စတွေ ပါလို့မရပါဘူး… ပေါစံချိန်နဲ့ အများသဘောတူမှ ဆုံးဖြတ်လို့ရပါလိမ့်မယ် … အားလုံးပဲ သဘူတောကြပါသလား”
“ကန့်ကွက်ပါတယ် ကန့်ကွက်ပါတယ်”
တစ်ဦးတည်းသော အသင်းသားကထကာ
“ဘာကြောင့်လဲဆိုတာတော့ အထူးပြောစရာမလိုပါဘူး… လောလောလတ်လတ် အလွမ်းဝတ္ထုတွေရေးနေလို့ ကန့်ကွက်ရခြင်းဖြစ်ပါတယ်…နောက်ပြီးရာထူးကိုကကြည့်ပါလား အမှူရှောင်တဲ့…”
အမှူရှောင်က တစုံတခုပြောဖို့ ဟန်ပြင်ပါသေးသည်… သူပါးစပ်မဟနိုင်ခင်မှာပင်
“ဟုတ်ပါတယ် ကန့်ကွက်ပါတယ်…နောက်တစ်ယောက်…” ဟုဝိုင်းအော်ကြသောကြောင့် ဝင်မရထွက်မရသော လိပ်ခေါင်းကဲ့သို့ ဟတ်ကော့ကြီးဖြစ်သွားရလေ၏…။
“အင်း…အထူးအကြံပေး ကတ်ဘိနက်တွေတော့ ကုန်သွားပြီ…။ အခုဝန်ကြီးတွေအလှည့်… ပထမဆုံး မွေးရေဝန်ကြီးကို ဆန္နပြုကြပါ… ပေးသင့်ပါသလား…”
“မပေးသင့်ပါဘူး…ဘာကြောင့်လဲဆိုတော့ ဟိုတခါကရေသူမမွေးမြူရေးလုပ်တာ မအောင်မြင်တဲ့အတွက်ရယ်… ငါးသလဲထိုးကို တစ်ကောင်ဆယ်ပိဿဖြစ်အောင် မမွေးနိုင်လို့ရယ်ကြောင့်ပဲ ဖြစ်ပါတယ်…”
ငတိက “ဟုတ်တယ်..ဒါနည်းမှန်လမ်းမှန်ပါပဲ… သူရေသူမမွေးတာ အောင်မြင်ရင် ငါလဲ လွမ်းနေစရာမလိုဘူး… မလွမ်းရင် လွမ်းတယ်ဆိုပြီး ငါ့ကိုပယ်လို့ရမှာမဟုတ်ဘူး… ဒင်းကြောင့်…တောက်ခ် ငါ့မျှော်လင့်ချက်တွေ ပြိုကျပျက်စီး မြေခကြွေကျ” ငတိမှာ… ကဗျာသေးသေးလေးတွေ ရေးဖို့စဉ်းစားထားသော စာသားများကို တခါတလေ ထုတ်ရွတ်တတ်ပါသည်…။
“ကဲကဲ ငတိ… ကိုယ့်ဟာကိုယ်နောက်မှ ရွတ်စရာရှိရွတ်ပေတော့…ကဲနောက်တစ်ယောက်”
“အခုအလှည့်ကျတာကတော့ ပြင်ညာရေးဝန်ကြီး….”
“ပယ်တယ်ဗျာ…ငှက္ကဋ္ဌကန့်ကွက်တယ် ပယ်တယ်…ဘယ့်နှယ့်ဗျာ… အခုဆို ဗမာပြည်မှာ တက်ကသိုတွေ မှိုလိုပေါက်နေတာ… ကျုပ်တို့ပေါဂိုဏ်းက အခုထိပေါတက်ကသိုဝေးလို့ ပေါကျုရှင်တောင်မဖွင့်နိုင်ဘူး…ပယ်တယ်..”
“ဒါဆို အခု မကြာခင်ကမှ ဝင်တဲ့ ဆောက်လုပ်ရေးဝန်ကြီးကော….”
“ဒါတော့ နာယကကန့်ကွက်ပါတယ်… စဉ်းစားကြည့်ကြပါ… သူကနှာခေါင်းက မျက်နှာထက်ကြီးပါတယ်…”
“ဟင်…”
“အဲဒီတော့ ကိုယ့်မျက်ခွက်ကိုတောင် မပြင်နိုင်တဲ့ဟာ… ဘယ်ကဘာတွေကိုသွားဆောက်မလဲ…”
“ဟုတ်တယ်နော်…ဟုတ်တယ်…ကန့်ကွက်ပါတယ်…ပယ်ပါတယ်…”
ရွေးချယ်ပွဲက အရှိန်မြင့်လာချေပြီ… တင်သွင်းလိုက်ကြ ပယ်ချလိုက်ကြဖြင့် အတိုင်အဖောက်ညီလှသည်…။
“တရားစီရင်ရေးဝန်ကြီးကော”
“သူကတော့ အထူးပြောစရာမလိုပါဘူး… အသက်မပြည့်သေးလို့ပယ်ပါတယ်… သူ့ကိုသွားပေးလိုက်ရင် ကလေးတွေကို သွေးဆောင်ဖြားယောင်းပါတယ်ဆိုပြီး တို့အသင်းကြီး မတရားအသင်းကြေငြာခံရနိုင်ပါတယ်”
“နိုင်ဂျံငါးရေးဝန်ကြီးရော…”
“သူကနိုင်ဂျံငါးဆို စလုံးလောက်ရောက်ဖူးတာ အမေကြီးကား မရောက်ဘူးလို့ပယ်တယ်…”
“ဟုတ်တယ် နိုင်ဂျံငါးဆိုပြီး နော်ပြီတေ(နေပြည်တော်)ရောက်နေတာ ကန့်ကွက်ပါတယ် ပယ်ပါတယ်..ဟေ့ ကန့်ကွက်ပါတယ် ပယ်ပါတယ်”
တဖြည်းဖြည်းအရှိန်မြင့်လာလေရာ တင်သွင်းသမျှအဆိုကို ထွေထွေထူးထူးမစဉ်းစားပဲ တွင်တွင်သာကန့်ကွက်ကြကုန်သတည်း…။
“ထောက်ချုပ်”
“ကန့်ကွက်ပါတယ်…”
“အသင်းသား…”
“ကန့်ကွက်ပါတယ်…”
“နေပါဦး နေကြပါဦး”
“ကန့်ကွက်ပါတယ် ပယ်ပါတယ် ဟင်ဟုတ်ပါဘူး ဘာဖြစ်လို့လဲ ငှက္ကဋ္ဌရဲ့”
“အသင်းသားတွေ ဝန်ကြီးတွေ အကုန်ကုန်ပြီ…”
“ဟုတ်လား..ဒါဆို”
“ငှက္ကဋ္ဌ ကျွန်တော်ရယ်…နာယကအမကြီးရယ်ပဲကျန်တော့တယ်…”
ထိုရောအချိန်တွင် နာယက အစ်မကြီးက ရုတ်တရက်ထက
“ကဲကဲ ခု ငါတို့ ၂ ယောက်ပဲကျန်တော့တယ်။ ဒီ ၂ ယောက်ကို ထောက်ခံတယ် ဆိုရင် အားလုံး မတ်တပ် ထရပ်ကြပါ သိတယ်နော်” ဟု ပြောကာ အသင့်ဝှက်ယူလာသော ခွေးလျားသီးမှုန့်များကို ပရိသတ်အလယ်သို့ ကျဲချလိုက်လေတော့သည်။ ပြီးတာနဲ့ ကျနော့်ကို အချက်ပြလိုက်ရာ ကျနော်ကလည်း ခပ်တည်တည်နှင့် “ကဲ အားလုံး ကြားကြတယ်နော် ကျနော်တို့ကို ထောက်ခံရင် မတ်တပ်ရပ်ပါ” ဟု ဝင်ပင့်ပေးလိုက်သည်။ ကျနော့် စကားမဆုံးခင် အသင်းဝင်အားလုံး ရုတ်တရက် ထိုင်ရာမှ ထကာ ဘရိတ်ဒန့်ကသလို ကုတ်ကြ ဖဲ့ကြလေတော့၏။
“ဟော အသင်းသားတွေများ သူတို့ နာယကနဲ့ ငှက္ကဌက ဘယ်တုန်းကတည်းက ထောက်ခံမဲပေးချင် နေကြတယ် မသိဘူး ကြည့်စမ်း ငှက္ကဌရေ ခုလို ဝမ်းမြောက်ဝမ်းသာ ထောက်ခံနေတာ အားရဖို့ မကောင်းဘူးလား” ဟု နာယကဂျီးက ခပ်တည်တည်မှုတ်ရာ ကျနော်လည်း အားကျမခံ …
“ဟုတ်လိုက်လေ အစ်မဂျီးရေ … ကြည့်ပါဦး အသင်းသားကေလာဆို ဝမ်းသာလုံးဆို့ပြီး ခုံပေါ်တွေဘာတွေ တက်ရပ်၊ အင်္ကျီတွေဘာတွေချွတ်ပြီး ဝှေ့ရမ်းပြနေသေးတယ်။ အမယ် သူကတာ စိုင်းစိုင်းခမ်းလှိုင် မျောက်က ကနေသလိုပဲနော်”
“အေးဟ ဟိုမှာ ငတိကိုလည်း ကြည့်ပါဦး လည်ပင်းက နားကြပ်ကြီးတောင် လွှင့်ပစ်လိုက်ပြီ .. ပါးစပ်ကလည်း ပျော်လွန်းလို့ အသံသေးအသံကြောင်တွေ အော်နေတာ ကြားတယ်မဟုတ်လား။ သူက ဗိုကယ် မဆိုးဘူးပဲဟ ဇီးသီးတော့ ထုတ်ပေးသင့်နေပြီ”
“ကဲကဲ ပျော်တာလည်း ပျော်တာပေါ့လေ .. တရားဝင်ဖြစ်သွားအောင် ကြေညာလိုက်ရအောင်လား .. အဟွတ် .. အဟွတ် .. ဟဲလို ဟဲလို … ခုချိန်ကစပြီး ငပေါဗီလာရဲ့ အပေါနိုင်ဆုံးဆုကို ကြေညာပါတော့မယ်ရှမ် .. အားလုံး နားသောတ ဆင်တော်မူကြပါ” ဟု နာယကဂျီးက မိန့်ကြားလေရာ ကျနော်က ဆက်လက်ပြီး
“ဟုတ်ကဲ့ ၂၀၀၈ ခုနှစ်ရဲ့ အပေါဆုံးဆုကို ငပေါဂိုဏ်းရဲ့ ဂုဏ်သရေမရှိ ဥက္ကဌကြီးနဲ့ နာယကဂျီးတို့က ပူးတွဲ ဆွတ်ခူးသွားပါကြောင်း သတင်းကောင်းပါးလိုက်ရပါတယ် ခင်ဗျား” ဟု ကြေညာလိုက်သည်။ ထိုစဉ် လက်ခုပ်သံများအစား ပြောင်းဖူးရိုးများ၊ ရေသန့်ဗူးများ၊ ခဲလုံးများ ဝဲပျံလာသဖြင့် ကျနော်နှင့် နာယကဂျီး ၂ ဦးစလုံး မတိမ်းမစောင်း ဗိန်းဗောင်းမတီးဘဲ ကြောက်ခမန်းလိလိ လစ်ပြေးခဲ့ရလေသတတ်။ ။
မှတ်ချက်။ ။ မြင့်တဲ့သစ်ပင် လေတိုက်ပိုခံရတယ်ဆိုတာ ဂလိုပဲနေမှာ .. ဟီဟိ။

လျှောက်လွှာလက်ခံခြင်း (၁၆)

ငပေါများဂေဟာသို့ ရာထူးလျှောက်လွှာ တင်သွင်းခြင်း

အမည် ။ ။ ပေါသူ (မှတ်ချက် - စိုးသူ နဲ့ ကျော်သူ ၁၆ နှစ်သားတုန်းက ရောမွှေထားတဲ့ ရုပ်ပိုင်ရှင်။ မြင်သူတကာ လန့်သွားမှာစိုးလို့ ဓာတ်ပုံတော့ မပြတော့ပါ)

အသက် ။ ။ ၁၀၀၁ နှစ် (ဒါတောင် သက္ကရာဇ်ဖြိုထားတာ)

အိမ်ထောင် ရှိ - မရှိ ။ ။ လူပျိုနုနုထွတ်ထွတ်လေးပါ ခင်ဗျ။ မိန်းမ ၆ ယောက်ပဲ ရဖူးပါသေးတယ်။

လူမျိုး ။ ။ လူမျိုး လူနွယ်ပါပဲ (ကချင်၊ ကယား၊ ကရင်၊ ချင်း၊ တရုတ်၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကုလား - အကုန်စပ်ပါတယ်)

လျှောက်ထားလိုသည့် ရာထူး ။ ။ ယဉ်ကျေးမှုဝန်ကြီး (ငပေါဂေဟာရှိ အဖွဲ့ဝင်အားလုံး တီးချင်ရာတီး၊ ဆိုချင်ရာဆို လုပ်နိုင်ဖို့ ကျနော်လိုလူတယောက်ရှိမှ ဖြစ်ပါလိမ့်မယ်။ စတိတ်ရှိုးပါမစ်တွေ ချပေးမယ်။ ငပေါအဖွဲ့ကို ကြည်ချင်တဲ့ ရှိုးကြည့်နိုင်ဖို့ လက်မှတ်တွေ အလကားပေးမယ်။ ဆိုကရေးတီးပြိုင်ပွဲမှာ ရော့ခ်သီချင်းထဲ ငပေါဦးတည်ချက်တွေ ဝင်အောင်ရေးနိုင်တဲ့သူကို ဆုချမယ်။ သီချင်းကြီးနဲ့ ဟဲဗီးမက်တယ် ရီမစ် လုပ်မယ်။ ပေါလို့ရတာ အကုန်ပေါမယ်။ သဘာပတိကြီးကို ဇီးသီးထုတ်ပေးမယ်)

ငပေါအတွေ့အကြုံ ။ ။ အမေ့ဗိုက်ထဲက ထွက်လာကတည်းက အူဝဲလို့ အော်ရမယ့်အစား အူပေါ လို့ အော်ခဲ့တာ။ အဲဒါကြောင့် အိမ်သာကျော်ဇင်က အူဝဲဆိုတဲ့နာမည် ယူခွင့်ရသွားတာလေ။ ဒါကြောင့် မွေးကတည်းက ပေါခဲ့သူဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုယ် ထောက်ခံပါတယ်။

ငပေါဂေဟာသို့ လျှောက်ထားလိုခြင်း အကြောင်းရင်း ။ ။ ကျနော် မောင်ပေါသူသည် ဤကမ္ဘာမြေပေါ်၌ ကျနော့်လောက်ပေါနိုင်သည့်သူ မရှိဟု ကိုယ့်ကိုယ်ကိုယ် ထင်တလုံးနှင့် နေနေစဉ် တနေ့ ငပေါဂေဟာသို့ မျက်စိလည်လမ်းမှား ရောက်ရှိခဲ့ရာ ကျနော့်ထက် အဆပေါင်းများစွာ ပေါနိုင်သော လူကြီးမင်းများကို တွေ့လိုက်ရသဖြင့် ရုတ်တရက် ပါးစပ်မှသွားရည်များ စီးကျသည်ထိ အံ့သြမင်တက် ပါးစပ်အဟောင်းသား ဖြစ်ခဲ့ရပါသည်။ ငပေါဂေဟာရှိ သဘာပတိ၊ ဥက္ကဌ၊ နာယကကြီး၊ တွင်းတူး တို့မှစ၍ ရှိရှိသမျှသော ဝန်ကြီး အပေါင်းတို့အား အလွန့်အလွန်လေးစားမိပြီး ငပေါဂေဟာသို့ဝင်ကာ ငပေါဂေဟာ ကောင်းကျိုးအတွက် ဦးဆွေးဆံမြေ့ စွမ်းစွမ်းတမံဆောင်ရွက်တော့မည်ဟု ဆုံးဖြတ်ပြီးသကာလ ဤလျှောက်လွှာတော်ကြီးကို ရေးတင်ရခြင်းဖြစ်ပါသည်။ ကျနော့်ပေါခြင်းကြောင့် ငပေါဂေဟာ ပေါသတင်းကျော်ဇော၍ ပေါဂုဏ်တိုးစေရပါ မည်ဟု ကတိပြုပါသည်။


ငပေါလူကြီးမင်းများအားလုံး ပေါသက်ရှည်၍ ပေါခြင်းမင်္ဂလာနှင့် ပြည့်စုံပါရန် ကျနော်ပေါသူက ဆုတောင်း မေတ္တာ ပို့သလိုက်ရပါသည်။

Long Live The Paw
ပေါသူ
ယာယီ ယဉ်ကျေးမှုဝန်ကြီးရာထူး (ခန့်ရင်အမြဲတမ်းဖြစ်ပြီနော် ဒါပဲ) - ခေတ္တ ဖင်လန်။

မှတ်ချက် - သဘာပတိကို ဇီးသီးထုတ်ပေးမည်ဆိုသောကြောင့် ထောက်ခံခြင်းမဟုတ်ပါ။ ငပေါဂေဟာ ပေါဂုဏ်တိုးစေလိုသော ဆန္ဒဖြင့် ထောက်ခံလိုက်သည်။
ပုံ/ သဘာပတိ၏ ပြောရေးဆိုခွင့်ရှိသူ
ဖိုးဂျယ်


Saturday, December 27, 2008

လျှောက်လွှာလက်ခံခြင်း (၁၅)

ပေါခြင်းဆိုင်ရာDiploma သင်တန်းဖွင့်ရန်လျှောက်ထားခြင်း

ကျွှန်မပိုက်ပိုက်သည် ပေါခြင်းဆိုင်ရာတွင် ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ရန်အလို့ ဌာ ပေါခြင်းဆိုင်ရာ Diploma သင်တန်းဖွင့်ရန် လျှောက်ထားအပ်ပါသည်။

ပေါခြင်းဆိုင်ရာတွင်Diplomaရပါက ပိုက်ပိုက်လျှောက်ချင်သော ရာထုမှာ ရှက်သွယ်ရေးဝန်ကြီးရာထုဖစ်ပါ သည်။

အမည်- ပိုက်ပိုက်
အသက်- ၇၁ နှစ်
ပညာအရည်အချင်း- ABCကိုကျွှမ်းကျွှမ်းကျင်ကျင်ရေးတတ်ဖတ်တတ်၊Dip. in SAE (Myanmar) Sleeping and eating
လက်ရှိအလုပ်အကိုင်- အိပ်ခြင်းဆိုင်ရာအထူးပြုသင်တန်းတွင်ဆရာမလုပ်နေသည်။

ရာထူးလျှောက်ရခြင်းအကြောင်းအရာ

ယခုခေတ်သည် ITခေတ် ဖစ်သသည့် အညီ communication technology သည် အရေးအပါဆုံး ဖစ်သည့်အတွက် ဆက်သွယ်ရေးဝန်ကြီးရာထူး လျှောက်ထားခြင်းသည်။ ဝန်ကြီးလေသံနဲ့ ပြောရတာ မောလိုက်တာ ရေတစ်ခွက်လောက်

ရည်ရွယ်ချက်

ဝန်ကြီးရာထူးရပါက သဘာငတိမှအစ ရူးပေါဂိုဏ်းကြီးရှိ ဂိုဏ်းသူဂိုဏ်းသားများအား GSM Lineနှင့် hand-set များပေးအပ်မည်ဖစ်ကြောင်း သတင်းခေါင်းပါး အပ်ပါတီ။ ဟီးဟီးဖားထားတာ

ဝန်ကြီးရာထူးရပါက Information Technology တိုးတတ်လျင်မြန်ရန်အလို့ ဌာခေတ်နှင့်အညီကြေးနန်းနှင့် သံကြိုးရိုက်ခြင်းလုပ်ငန်းကို ရတနာပုံinfortech၌ ခန်းနားစွာ ဖွင့်လှစ်မည် ဖစ်ကြောင်း သတင်းကောင်းပါး အပ်ပါတီ


လေးစားစွာဖြင့်
ပိုက်ပိုက်@ Money @ Qian

မှတ်ချက်- တခါမှ မပေါဖူးသလို၊ ပထမဆုံးလာလည်ပြီး၊ ပထမဆုံးပေါခြင်းဖြစ်ပြီး၊ ပေါစရာ ကိုယ်ပိုင်ဘလော့လဲ မရှိသဖြင့်၊ ဒီမှာပဲ ပေါပေါကြီး ပေါမည်ဟု ခံယူချက်ဖြင့် လာရောက်ပေါသဖြင့် သဘာပတိမှ ပေါပေါကြီး ပေါစေလိုသော ဆန္ဒနဲ့ ရဲရဲကြီး ထောက်ခံလိုက်သည်။
ပုံ/ ပြောရေးဆိုခွင့်ရှိသူ ဖိုးဂျယ်


Friday, December 26, 2008

ငပေါ မဟာသင်္ကြန်စာ

မြန်မာသက္ကရာဇ် ၁၃၇၀ ပြည့်နှစ်ဝယ် ဘိုးတော်သိကြားမင်းသည် တစ်ဖက်မှ ဂျော်နီလမ်းလျှောက်ပုလင်း ကျန်တစ်ဖက်မှ ကြက်ကင် ကိုင်ပြီး ယခုနှစ်တွင် တမူထူးခြားစွာ ရုရှားနိုင်ငံသို့ အလည်အပတ်ခရီး ဆင်းသက် ရောက်ရှိမည်ဖြစ်သည်။ ငပေါသဘာပတိထံသို့ ကိုယ်ရံတော် နတ်သမီးများခြံရံကာ ရေကစား မည်ဖြစ်ကြောင်း မာတလိနတ်သား၏ မေလ်းကို ငေပေါသဘာပတိမှ လက်ခံ ရရှိထားပြီး ဖြစ်သည်။

ဤကဲ့သို့ ထူးကဲလှသောအခါသမယ၀ယ် ခုနစ်ရက် သားသမီးများအတွက် ဟော စာတမ်းကို သိပ္ပံနည်းကျကျ ငပေါဂေဟာ ၏ ဒိတ်ဒိတ်ကြဲ ပါမောက္ခကြီးများကို ကြေးစား ခေါ်ယူကာ နေ၊လ၊နက္ခက် အစုံအလင် အချိန်၌ ကျဉ်းမြောင်းလှသော အခန်းငယ်ထဲ၌ ဂျော်နီလမ်းလျှောက်လေးသောက်ရင်း (၇)ရက်သားသမီးများ၏ ကံဇာတာကို ပရိုဂရမ်များ၏ အကူအညီ များဖြင့် အချိန်နှင့် တပြေးညီ တိကျ မှန်ကန်စွာ ထုတ်ပြန်သွားမည်ဖြစ်သည်။

တနင်္ဂနွေ(အ၊ဥ၊သြ)
အားအားယားယား ဖြစ်နေတတ်သည်။ အူကြောင်ကြား ဖြစ်နေသောသူတစ် ယောက်နှင့် မိတ်ဆွေဖြစ်ကိန်းရှိသည်။ အူတူတူ အတတ ကောင်မလေးတစ်ယောက်နှင့် ဥတုတု ညုတုတု ဖြစ်ကိန်းရှိသည်။ အီရတ် နိုင်ငံသို့ နွေရာသီ အပန်းဖြေခရီး ထွက်ရကိန်းရှိသည်။ ဥ နှင့်ပတ်သက်၍ ကျန်းမာရေး အညံ့ရှိသည်။ အိမ်သာတက်ရင်း အူကျရောဂါ အပြင်းအထန်း ခံစားရတတ်သည်။ အနာကြီးရောဂါ ဖြစ်နေသော သူတစ်ယောက်နှင့် မတော်တဆ အိမ်ထောင်ကျကိန်း ရှိသည်။

ယတြာ။ ။အင်္ဂါနေ့တွင် ဥဥနေသော ကြက်မဖင်ကို အံ့သြစွာကြည့်၍ “အောင်ပြီ၊ အောင်ပြီ” ဟု သုံးကြိမ်တိုင်တိုင် အော်ပါ။

----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

တနလာၤ(က၊ခ၊ဂ၊ဃ၊င)
ကုန်းကုန်း ခွခွ အလုပ်များနေတတ်သည်။ တနင်္လာနံဖြစ်ပစ္စည်းများ ဖြစ်သော ကုန်တင်ကား၊ဘစ်(စ်)ကားများ မမျှော်လင့်ပဲ အစုံလိုက်အပြုံလိုက် ၀င်လာတတ်သည်။ ရုတ်တရက် ၀င်လာတတ်သဖြင့် သတိကြီးစွာထားရန် လိုအပ်သည်။ ဂေါက်ကြောင် ကြောင်ဖြစ်နေသော ကုလားမတစ်ယောက်နှင့် ချစ်ကြိုက်ရကိန်းရှိသည်။ ကျပ်မပြည့်သော လူတစ်ယောက်၏ ကြောင်တောင်တောင် လုပ်ခြင်းခံရတတ်သည်။ လကုန်ရက် ဖြစ်ပါက ငွေဝင်ကိန်းရှိသည်။ ခွေးရူးပြန်ရောဂါ ရှိသူများ ချွတ်ခြုံကျနေသော သူများ၏ မရမကချစ်ကြိုက်ခြင်းကို ခံရတတ်သည်။ ဂတ်ထဲတွင် အိပ်စက်ရကိန်းရှိသည်။ ကြောက်ခမန်းလိလိ ခွေးကိုက်ခြင်း၊ ဂနိုကျခြင်းများ ဖြစ်တတ်သည်။

ယတြာ။ ။ကြာသပတေးနေ့တွင် ဂတုံးပြောင်အောင် တုံးပြီး ကင်းမြီးကောက်ထောင်ကာ ကြောင်တစ်ကောင်လို အော်ဟစ်၍ ယတြာချေပါ။

----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

အဂၤါ(စ၊ဆ၊ဇ၊စ်၊ည)

စာမလုပ်သူများ အထူးသတိထားပါ စေ့စပ်သေချာ၍ စေ့စေ့စပ်စပ်လုပ်တတ် သော ဆရာ၏ စာမေးပွဲနှင့် စိတ်ညစ်စွာ ကြုံရတတ်သည်။ အပြင်းအထန် ဇစ်ညှပ်ခြင်း ခံစားရတတ်သည်။ ဆိုက်ကားနင်းစားခြင်း ၊စာခိုးချခြင်း၊ ဈေးရောင်းခြင်း၊ ညစောင့်ခြင်း စသည့် ပညာရပ်များကို ဇင်ဘာဘွေ နိုင်ငံတွင် သွားရောက် သင်ယူရကိန်းရှိသည်။ စိတ်ရောဂါရှိသူများ အဆဲသန်သူများ ဆစ်ဖလစ်ရောဂါ ရှိသူများနှင့် စီးပွါးရေးစပ်တူ လုပ်ပါက အထူးအောင်မြင်ကိန်းရှိသည်။ ညှင်း ၊၀ဲ စွဲကပ်နေသော သူများနှင့် အိမ်ထောင်ကျကိန်းရှိသည်။

ယတြာ။ ။စနေနေ့ ညဘက် ၁၂ နာရီတွင် စိုင်းစိုင်းခမ်းလှိုင်၏ သီချင်းတစ်ပုဒ်ကို ဈေးထဲ၌ အဆဲသန်သော ဈေးသည်တစ်ယောက်ရှေ့တွင် စွဲစွဲမြဲမြဲ ဆယ်ရက် ဆက်ဆိုပါ။

----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

ဗုဒ္ဓဟူး(ယ၊ရ၊လ၊၀)

ဝဲ၊ယားနားအကြီးအကျယ် ပေါက်တတ်သည်။ လမ်းလျှောက်ရင်း လေလည်တတ် သောသူများ၏ နောက်မှမလိုက်ပါနှင့်၊ လုံးပါးပါးနိုင်သည်(နှာခေါင်း)။ ရူှးနှမ်းနှမ်းဖြစ်နေ သူတစ်ယောက်၏ ရင်ဖွင့်စကားကို နားထောင်ပေးရတတ်သည်။ ၀က်ရူးပြန်ရောဂါရှိ သူများ၊ ယဉ်ယဉ်လေး ရူးနေသော သူများ ၊လေကျယ်တတ်သူများ၊ ၀ိတ်ပေါပေါနေသူ များနဲ့ စပ်တူစီးပွါးရေးလုပ်ပါက အကြီးအကျယ် အောင်မြင်ကိန်းရှိသည်။ ၀က်မတစ်ကောင် ကဲ့သို့ ၀အစ်နေသော မိန်းကလေးတစ်ယောက်၏ ရေလာမြောင်းပေးခြင်း နှင့် ချစ်ခင်နှစ်သက်ခြင်းကို မထင်မှတ်ပဲ လက်ခံရတတ်သည်။ ယာဉ်၊ ရထားတို့ ပေါ်၌ ယားနာဆေး၊ လိပ်ခေါင်းပျောက်ဆေး ရောင်းခြင်းမှ ထူးခြားစွာအမြတ်ရကိန်းရှိသည်။

ယတြာ။ ။လင်ရှိမယား တစ်ယောက်၏ အိမ်ရှေ့တွင် “၀င်သက်ထွက်သက်(နွဲ့ယဉ်ဝင်း)”သီချင်းကို လေးဖက်ကုန်း၍ လဒမှိုင်မှိုင်ကာ လက်ယာရစ်ပတ်ကာ လေးကြိမ်တိုင်တိုင် ဟစ်ကြွေးပါ။

----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

ကြာသပတေး(ပ၊ဖ၊ဗ၊ဘ၊မ)

ဘိုင်ကျပြီး မွဲတေနေတတ်သည်။ မျက်နှာတွင် ပိုးစိုးပက်စက် မီးလောင်တတ်သည် ဗိုက်ကြီးသည် တစ်ယောက်နှင့် အိမ်ထောင်ကျကိန်းရှိသည်။ ပုတက်မွေးခြင်း ၊ဖွတ် မွေးခြင်း၊ ပုရစ်မွေးခြင်း၊ ဘယာကြော် ကြော်ရောင်းခြင်းစသည့် အလုပ်များဖြင့် ပိုးစိုး ပက်စက် မြိုးမြိုးမြက်မြက် စီးပွါးတက်ကိန်းရှိသည်။ ဖိနပ်ချုပ်ခြင်း၊ မီးသွေး ရောင်းဝယ်ခြင်း ၊ပြောင်းဖူးဖုတ်ခြင်း ပညာများရပ်များကို မွန်ဂိုလီးယား၊ ဖင်လန်၊ ဘော့ဇနီးယား၊ မြန်မာ စသည့်နိုင်ငံများတွင် ပညာတော်သင် သွားရကိန်းရှိသည်။ ဘာဘူကုလားမကြီး၏ ဖောဖောသီသီ မျက်နှာပေးခြင်း၊ ပုဆိုးကြားတွင် ပိပိရိရိ မေတ္တာစာ ခိုးထည့်ခံရခြင်းများ ကြုံရတတ်သည်။

ယတြာ။ ။ဘောင်းဘီတိုဝတ်၍ ဗိုက်ကြီးသည် တစ်ယောက်နှင့်အတူ ဘောလုံးကွင်းတွင် ဘရိတ်ဒန့် အတူတွဲက၍ ယတြာချေပါ။ လိုအပ်ဆန္ဒပြည့်ဝ လာလိမ့်မည်။

----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

သောကြာ(သ၊ဟ)

ဟိုယောင်ယောင် ဒီယောင်ယောင်နှင့် သတိလက်လွတ် ဖြစ်နေတတ်သည်။ သောက်ရှက်ဟက်တက်ကွဲ၍ သူတစ်ပါး၏ သေချင်စော်နံလောက်အောင် သောက်မြင် ကပ်ခြင်းကို ပိုးစိုးပက်စက် အကြီးအကျယ် ကြုံရတတ်သည်။ သရဲမတစ်ယောက်နှင့် ဟိုကိစ္စ ဖြစ်ကိန်းရှိသည်။ သင်္ချိုင်းကုန်း၊သုဿာန် စောင့်ခြင်း ၊သန်ကောင်မွေးခြင်း ဟောင်းနွမ်းပစ္စည်းရောင်းဝယ်ခြင်းတို့မှ ဟိုးလေးတကျော် အကျိုးအမြတ်ရကိန်း ရှိသည်။ ဟိုင်းနေသော သူတစ်ယောက်နှင့် သိုးသိုးသန့်သန့် သတင်းထွက်ကိန်းရှိ သည်။ သတိကြီးကြီး ထားပါ တော်ကာကျမည်။ သပ်သပ်ရပ်ဝတ်ပြီး ဟိုင်းလတ်ကားတိုက်ကာ ဟပ်ထိုးလဲပြီး ဟောဟဲဟောဟဲ ဖြစ်နေတတ်သည်။

ယကြာ။ ။သောကြာနေ့တွင် သုဿာန်၌ သေသွားသူ၏ မိသားစုရှေ့တွင် ဟာသလုပ်၍ ဟဲလေးသီချင်းဖြင့် သုံးကြိမ်တိုင်တိုင် ဟစ်ကြွေးပါ။အညံ့များ ပျောက်သွားလိမ့်မည်။

----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

စနေ(တ၊ထ၊ဒ၊ဓ၊န)

တင်ပါးတွင် ဒက်ပေါက်၍ ဒန့်တန့်တန့်ထုံပေထုံပေ ဖြစ်နေတတ်သည်။ နူနာရောဂါရှိသူ တစ်ယောက်၏ တီတီတာတာ ထူးထူးခြားခြား ချစ်ကြိုးသွယ်ကိန်းရှိသည်။ တင်တု လုပ်ခြင်း ထီးပြင်ခြင်း ဓါးသွေးခြင်း ဒန်အိုးဖာထေးခြင်း စသော လုပ်ငန်းများ နှင့် သက်ဆိုင်သော ပညာရပ်များကို တူနီးရှား ထိုင်း နယူးယောက် စသောနေရာများသို့ သွားရောက်သင်ရကိန်းရှိသည်။ နတ်ကတော်များနှင့် တွဲဖက်လုပ်ငန်းစပ်တူ လုပ်ပါက ထူးထူးခြားခြား အောင်မြင်ကိန်းရှိသည်။ထီးနှင့် အသံနီးစပ် သောပစ္စည်းများ အပြွတ်လိုက် ၀င်ကိန်းရှိသည်။ ဓါတ်ရိုက် ဓါတ်ဆင်လုပ်ခြင်း ဓါတ်ရုင်ရိုက် ခြင်း ဓါတ်သွားခြင်းကိုပိတ်ဆို့ ဆေးရောင်းခြင်း စသောလုပ်ငန်းများမှ အကျိုးအမြတ်ရရှိမည်။

ယတြာ။ ။တနလာင်္နေ့ တွင် တင်ပါးပေါ်ဝတ်ပြီး နတ်သီချင်းဖွင့်ကာ နံနက်အချိန်၌ နိုင်းနိုင်းကဲ့သို့ ထိထိမိမိ ကပါ။

----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နက္ခတ်ပညာရှင် ဆြာဟောချင်
မမှန်မချင်းဟောရှေ့နောက်အလယ်အကုန်မြင် ဆြာဖောကြီး
(အသင်းသားချုပ်၏ လျှို့ဝှက်နောက်ကွယ်မှ အရာရှိ )

Thursday, December 25, 2008

လျှောက်လွှာလက်ခံခြင်း (၁၄)

အမည် . . . . နေ့အိမ်မက် (ခ) ညဘလော့လည်
အသက် . . . . ၁၈ နှစ် (ဘယ်ချိန်မေးမေး ၁၈နှစ်)
ပညာအရည်အချင်း . . . . ဘာစကားတွေပြောရသောကျောင်း၊ ရေစည်လှည်းကို ကျွမ်းကျင်စွာ မောင်းတတ်သည်။
လက်ရှိအလုပ်အကိုင် . . . . ရွာတွင် ရေစည်လှည်းမောင်း
လိုချင်သည့်ရာထူး . . . . ပို့ဆောင်ရေးဝန်ကြီး

ကိုယ်ရေးရာဇ၀င်အကျဉ်းမှာ အောက်ပါအတိုင်းဖြစ်သည်။

နေ့အိပ်မက်သည် ငပေါများဂေဟာမှ ပေါပုံပေါနည်းများကို ပေါကြောင်ကြောင် ဦးနှောက်တို့ဖြင့် ခပ်ပေါပေါလေ့လာပြီးသကာလ... အိမ်း.. ငါမပါလျှင် ရာဇ၀င်ရိုင်းလိမ့်ချေမည်ဟု ပေါဆုံးဖြတ်ချက်ချကာ ပေါဂေဟာတွင် မပေါရသေးသော ပေါဆောင်ရေး.. အဲလေ.. ပို့ဆောင်ရေးဝန်ကြီးရာထူးကို လျှောက်ထားရန် ဆုံးဖြတ်လိုက်လေသတည်း.. ဒူ... ဝေ... ဝေ....။ ပေါဂေဟာမှ ငှက်ကထ၊ သဘာပတိ၊ နာယက၊ ၀န်ကြီးများနှင့် အဖွဲ့ဝင်များ မည်သူ့ကိုမဆို ရောက်လေရာရာ မီးလောင်ရာလေပင့် ပို့ဆောင်ပေးရန် တာဝန်ယူပါကြောင်း လျှောက်ထားရပါသတည်း... ကလင်.. ကလင်.. ကလင်။ သဘူတောပါလျှင် ပေါအကြောင်းပြန်ချက်ဖြင့် ပြန်ပေါပေးစေလိုပါကြောင်း... နောင်.. နောင်..နောင်...။


#မှတ်ချက်- သဘာပတိမှ ခေါင်းငြိမ့်သည်။ လူမဆန်အောင် ထောက်ခံသည်။ ငှက်ကထနှင့်တကွ လူဂျီးမြင်းများအားလုံးမှ လိုအပ်သလို မှာစားစရာရှိသည်များကို မှာစားပေးပါရန် #
ပုံ/
သဘာပတိ ပြောရေးဆိုခွင့်ရှိသူ
ဖိုးဂျယ်

Wednesday, December 24, 2008

ဥ ကဗျာ

သင်တို့ အတွက်....အကောင်းဆုံးဖော်မွန်မှာ....ဥ တလုံးပါ....
သင် ဒီနေ့ ဥ စားပီးပီလား.......
သတင်းတခုပေးမယ်..နော်....
ပိန်ချင်သူများး........တနေ့ ကို ဗျာ.....ဥနှစ်လုံး ပုံမှန်စား
တလတွင်းပိန်မယ်ဗျား
ချိန်မှန်က မနက်တိုင်းကွ.......
ဝချင်သူများ သုံးလုံးစားး......
ညတိုင်အတွက်ဗျား......
ဖင်က စားစား..ခေါင်းကစား......အာနိသင်က တူတယ်ကွ.....
ဟိုဥ ဒီဥ မရွေးရ........ဥ ကိုမခေါက်ရ.....


သင်ဒီနေ့ (ဥ) စားပြီးပီလား...............
ဥ တွင်း ဥ နေရာ
ဥ တနေရာမှာ...ဥ နိုင်လွန်းတဲ့....
ဥ ကောင်မတွေ (ကြက်ကိုပြောတာနော်)....
ဥ ကိုကို က ၀က် သားအစားဘူး....
ဟီး..........ဥ စားခြင်းဖြင့်
ဂုဏ်ယူပါ.....ဟာဟာဟာဟာ......
သတင်းစုံလင်မှာ...ဥ နိုင်ငံချုပ် ....ကိုတော်လေး ဥ က...
လိုအပ် သည်များကို...ကြော်စားပါသည်....

ပုံ/ ဥပိ

မှတ်ချက် ## သဘာပတိမှ ကောင်းမည်ထင်၍ မန်းမှုတ်လိုက်သည်။ ##

Tuesday, December 23, 2008

ယခုတစ်ပတ်သတင်းစဉ်အကျဉ်း

အမှန်စင်စစ် သတင်းများ ရယူရေးမှာ ထောက်လှမ်းရေးချုပ် နှင့် ပြန်ကြားရေးဝန်ကြီး ၏ တာဝန်ဖြစ်သော်လည်း မိမိအနေဖြင့် မစုံစမ်းသော်လည်းသိရှိလာရသည့် ကျွန်ုပ်တို့ ၏ ငပေါများ ဆုံဆည်းရာ ဗိမာန်လေးမှ လူကြီးမြင်း အချို့၏ ထူးခြားသတင်းများအားတင်ပြလိုက် ရပါသည်။ (ထောက်လှမ်းရေးချုပ်နှင့် ပြန်ကြားရေးဝန်ကြီး တို့ အနေဖြင့် မိမိအား ဂွင်ကျော်သည်ဟု ဆိုကာ လမ်းတွေ့တိုင်း မုန့်ဝယ်ကြွေးခြင်းမပြုရန် တောင်းဆိုအပ်ပါသည်........)

ယခုတစ်ပတ်သတင်းစဉ်မှာ အောက်ပါအတိုင်းဖြစ်ကြောင်း

(၁) သဘာပတိ သည် ယခုရက်ပိုင်းအတွင်း ၄င်း၏ အိမ်အား ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လျက်ရှိ။ မိမိ ကိုယ်မိမိ သဘာပတိ ဖြစ်သည်ဟု ဆိုကာ လုပ်ချင်တိုင်းလုပ်နေဖွယ်ရှိပြီး ဆောက်လုပ်ရေးဝန်ကြီးထံ ခွင့်ပြုချက်တောင်းခံခြင်း မရှိသောကြောင့် သဘာပတိနှင့် ဆောက်လုပ်ရေးဝန်ကြီး တို့ တင်းမာမှုများ ဖြစ်လာနိုင်ဖွယ်ရှိကြောင်း အတွင်းရေး သတင်းများအရ သိရှိရ။
ဆောက်လုပ်ရေးဝန်ကြီးသာသိရှိရန်- တိုင်ခြင်းမဟုတ်ပါ.. ပြောပြခြင်းဖြစ်ပါသည်။

(၂) ငှက်ကထကြီးသည် အမေရိကန်နိုင်ငံလွတ်လပ်ရေးနေ့အတွက် ၀မ်းမြောက်ကြောင်းသ၀န်လွှာကို တရုတ်ပြည်ရှိ ငလျင်ဒဏ်ခံရသူပြည်သူများအတွက် ၀မ်းနည်းကြောင်းသ၀န်လွှာနှင့် မှားယွင်း ပို့ဆောင်မိသဖြင့် နှစ်နိုင်ငံအကြား အချေအတင် အငြင်းပွားလျှက်ရှိကြောင်း ပျံကျားရေး ၀န်ကြီး မှပြောကြားသွားခြင်း ။

(၃) ပညာရေးဝန်ကြီးသည် မူလတန်းသင်ရိုးညွှန်းတမ်းများတွင် ကျောင်းသူကျောင်းသားများ ပေါချာရေးအတွက် အပေါတကာ့အပေါဆုံး သင်ခန်းစာများ ထည့်သွင်းသွားမည်ဟုသိရသည်။ အင်္ဂလိပ်စာ ပိုမိုတတ်မြောက်စေရေးအတွက်လည်း အင်္ဂလိပ်စာများကို မြန်မာစာများဖြင့်ညပ်၍ သင်ကြားသွားမည်ဟုသိရသည် ။ ဥပမာအားဖြင့် မမ Fat Fat ထထ Dance ၊ အကမှာ First ၊ Dance ပါ Dance ပါ မမရာ ၊ ညည Moon သာသာ၊ Night အခါ ငါစာရ၊ မမ Fat Fat ထထ Dance.... အစရှိသောကဗျာများကိုလည်း ထည့်သွင်းရန် စဉ်းစားနေခြင်းကြောင့် ပညာရေးဝန်ကြီးမှာ မအားလပ်ခြင်းဖြစ်ကြောင်း ပျံကျားရေးဝန်ကြီးမှ ပြောကြားသွားခြင်း ။

(၄) ကူးသန်းရောင်းဝယ်ရေးဝန်ကြီးသည် နာမည်နှင့်လိုက်အောင် အီဗန်နိုဗစ်နှင့် ရှာရာပိုဗာ တို့ နှစ်ဦးထံတွင်
ကူးချည်သန်းချည်ဖြစ်နေခြင်း ။( ဒါတောင် မီရှဲဝီ ကို မေ့ထားလို့နော်...) ဗြိတိသျှ မင်းသားချော အော်လန်ဒို ဘလွမ်း သည် အက်ရှင်ဇာတ်ဝင်ခန်းတစ်ခုတွင် ဒဏ်ရာရရှိခဲ့သဖြင့် အနည်းဆုံး ၂ လခန့်နားရမည်ဖြစ်ရာ တာဝန်ရှိသူများအနေဖြင့် အစားထိုးရိုက်ကူးရန်အတွက် ငပေါဂိုဏ်းမှ ကူးသန်းဝန်ကြီးအား ကမ်းလှမ်းခဲ့ရာ ခရီးလမ်းကွာဝေးလှသောကြောင့် လည်းကောင်း၊ ငပေါဂိုဏ်း၏ အသင်းသားချုပ် ခေါင်ခေါင် နှင့်ခရစ်စ်တီယာနိုရိုနယ်ဒို တို့ရဲ့ မင်္ဂလာပွဲ တက်ရောက်ရန်ရှိသောကြောင့် လည်းကောင်း ကူးသန်းဝန်ကြီးမှ ငြင်းပယ်လိုက်ကြောင်း။ ကူသန်းဝန်ကြီး ယခု လိုငြင်းပယ်လိုက်သောကြောင့် မြန်မာသရုပ်ဆောင် ဗေလုဝ မှအစားထိုးရိုက်ကူးသွားမည်ဖြစ်ကြောင်း ။

(၅) နိုင်ငံခြားရေးဝန်ကြီးသည် မြန်မာပြည်သို့ ပြန်လည်ရောက်ရှိစဉ် ပျဉ်းမနား မျှစ်ချဉ်စားရာမှ ၀မ်းလျှောသဖြင့် ၀မ်းနှုတ်ဆေးနှင့် မကျည်းဖျော်ရည် အချိန်မီတိုက်လိုက်ရကြောင်း ။

ဂိုဏ်းမှ ကျန်လူကြီးမြင်းများသည် အလုပ်မလုပ်..အဲ.... (အလုပ်ရှုပ်သည်ဟုဆိုသော်လည်း မလုပ်မရှိပါ ... ) လှုပ်ရှားမှုသတင်းများအား မရရှိသေးကြောင်း ကူးသန်းဝန်ကြီး၏ PA- ပွကြီးမှ ပြောကြားသွားခြင်း ။

နောက်ဆုံးသတင်းများအရ ငပေါဂိုဏ်း မှ လူကြီးမြင်းများသည် သဘာပတိနှင့် ထောက်ချုပ် တို့ ကမကထ ပြုသော ဂိုဏ်း၏ လှိုင်ထိပ်ခေါင်တင် အချောတကာ့ထွဋ်ခေါင် (ဒီလောက်မြှောက်ပြောထားတာမှ မုန့်မ၀ယ်ကြွေးရင်တော့ လူဆိုးပဲ...) အသင်းသားချုပ် ခေါင်ခေါင် ၏ မင်္ဂလာဆောင် ရှိသောကြောင့် ဘယ်အချိန် အဖဲ့ခံရမလဲ စောင့်နေရကြောင်း ........

ပုံ/
ကူသန်း ၀န်ကြီး

မင်္ဂလာဆောင်(၃)

"ကဲပါ ပွကြီးရာ......မင်းမိန်းမကို ငါတို့ ပြန်ချော့ပေးပါ့မယ်.......အခု ပြသနာကိုလည်း ငါတို့ ဖြေရှင်းပေးပါ့မယ်....ပြတ်သွားတာကိုလည်း ပြန်ဆက်ပေးပါ့မယ်" ဂျဲဂျယ်က ပြောခြင်းဖြစ်သည်။ ကိုယ်ကတော့ မှတ်လောက်သားလောက်အောင် ပစ်ထားလိုက်ချင်သော်လည်း ခေါင်ခေါင် မင်္ဂလာဆောင်က ရှိသေးသည်။
"အေး..နောက် ဖဲမရိုက်တော့ဘူးဆိုရင် မင်းကို အာမခံနဲ့ ထုတ်ပေးမယ် . . နို့မို့ဆိုရင်တော့ မင်းဘာသာမင်း ထောင်ဘယ်လောက် ကျကျ ပစ်ထားလိုက်မယ် ပွကြီး" ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ပွကြီးတစ်ယောက် ဆက် ကနဲ့ တုန်သွားသည်။ ဒီ ကိစ္စက ပေါ့သေးသေးမဟုတ်.. ပုဒ်မက အတော်ကြီးသည်။ အမျိုးသမီးရေးရာကပါ သိသွားလို့ကတော့ ထောင် (၇)နှစ်လောက် ကျသွားနိုင်သည်။ သူ့ မိန်းမဆုံးရှုံးသွားသည့် အရာများကလည်း ဘယ်ဈေးကွက်မှာမှ ပြန်ရှာပြီး အစားထိုးလို့ ရသည့် အရာမဟုတ်။ လင်မယားချင်းမို့သာ သည်းခံရင် သည်းခံမည်။ အလျော်သာ ပြန်တောင်းလို့ကတော့
"ဒီမသာ သေပြီသာမှတ်" ဟု ပြောရမည်။
ပွကြီး တော်တော်ကြာအောင် စဉ်းစားသည်။ သူ့ ဘ၀အတွက် အရေးအကြီးဆုံး အခြေအနေတစ်ရပ်ဟု ယူဆထားပုံပေါ်သည်။ သူ့ ဆုံးဖြတ်ချက်သည် သူ့ ဘ၀တစ်ခု ဖြစ်လိမ့်မည်။ ကိုယ် အံ့သြမိသည်ကား ... ထောင်ကျခံ မလား ၊ ဖဲကို ဖြတ်မလားဟု မေးသည်ကို ပွကြီးတစ်ယောက် သည်လောက်ကြာကြာ စဉ်းစားနေခြင်းကို ဖြစ်သည်။ ထူးဆန်းပါပေသည်။ ဖဲ မရိုက်ရရင် သေများ သေမည်လား မသိ။ ပွကြီး ခေါင်းမော့လာသည်။ သက်ပြင်းရှည်ကြီးကို ချသည်။ ဒီလိုပဲ ဖြစ်ရမည်ပေါ့။ မည်သူက ဖဲအတွက်နှင့် ထောင်ကျခံပါမည်နည်း။ "ငါ့ ကို ခွင့်လွှတ်ပါ..ထောက်ချုပ်၊ ခွင့်လွှတ်ပါ သဘာပတိ၊ ငါ့ကို ဒီထဲမှာပဲ ထားခဲ့လိုက်ပါတော့ ... ရာဇ၀င်ထဲမှာပဲ ပွကို ထားခဲ့လိုက်ပါတော့ . . . ငါလေ. . ထောင် (၇)နှစ်လောက် အကျခံနိုင်တယ်။။ ဖဲ မရိုက်ပဲ တစ်သက်လုံး မနေနိုင်လို့ပါ . . . ငါ့ကို ခွင့်လွှတ်ပါကွာ . . .။ သြချရလောက်ပါပေသည်။


ထို့ကြောင့်လဲ ဂေဟာမှာ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဖြစ်နေခြင်း ဖြစ်မည်။ ခန့်တဲ့ သူတွေကလည်း ခန့် တက်ပါပေသည်။ တကယ့်ဖဲသမား စစ်စစ်ကိုမှ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ခန့်လေသည်။ ရန်ပုံငွေတွေ ကုန်တာ နည်းတောင် နည်းသေးသည်။ "ကဲပါကွာ ..ပွကြီးရာ..ဖဲလည်း မဖြတ်ပါနဲ့တော့ . . . မင်းကိုလည်း ထောင်ထဲမှာ မထားခဲ့ပါဘူး . . အခုတော့ ခေါင်ခေါင့် မင်္ဂလာဆောင်မီအောင် ငါတို့ သွားကြစို့ . . နာယက မတူးအိမ်မှာ ဂေဟာက လူတွေ အကုန်စုပြီး စောင့်နေလိမ့်မယ်။
"ကဲ..လုပ်လုပ် လေယာဉ်ပေါ်တက်.."
ဒီလိုနှင့် ရဲစခန်းက သူတို့ (၃)ယောက်ကို ခေါ်ပြီး ပြန်အထွက်တွင် နန်းညီကို အပေါက်ဝတွင် ဆိုက်ကားတစ်စီးနှင့် ရောက်လာသည်ကို တွေ့ရလေသည်။
"ဟင် . . နန်းညီ . . ဘယ်လိုဖြစ်လာတာလဲ . . ဆိုက်ကားနဲ့ . . " "အေး . . ငါ ငှက်ကထနဲ့ တွင်း-2ကို လာထုတ်တာလေ. . . မင်္ဂလာဆောင်ကို သွားရင် မမီမှာ စိုးလို့ ရပ်ကွက်ထဲက ဆိုက်ကားဆရာဆီက နေ့ပြတ်နဲ့ ဆိုက်ကားငှားပြီး ငါကိုယ်တိုင် နင်းလာတာ...ဟီး..ဟီး"
သြော် . . . . နန်းညီ . . . နန်းညီ . . ကြောင်လည်း ကြောင်ပါပေသည်။ တကယ့် မင်္ဂလာဆောင်ကို ဆိုက်ကားနှင့်သွားမည်တဲ့ .. မထူးတော့ သူ့ဆိုက်ကားပါ လေယာဉ်ပေါ်တင်ပြီး နာယကအိမ်သို့ ထွက်လာကြသည်။ နာယက မတူးတူးသာ၏ အိမ်ကိုရောက်တော့ လူက စုံနေပြီ ဖြစ်သည်။ ဂေဟာမှ လူတွေ အကုန်လုံး စုမိဖို့ က ကြုံတောင့် ကြုံခဲဖြစ်သည်။ ဒီတစ်ခါတော့ ခေါင်ခေါင့် မင်္ဂလာဆောင်ကြောင့်သာ စုမိကြခြင်းဖြစ်သည်။ ဇင်ဇင်ကို မတူးတူးသာ ဘယ်မှာလဲ ဟု မေးတော့ ရေချိုးခန်းဝင်နေသည်ဟု ပြောသည်။ ခဏစောင့် ရဦးမည်..။ စောင့်ရင်းနှင့် တစ်ခုခု စားဖို့ ဂေဟာမှာ တောက်တိုမယ်ရခိုင်းဖို့ ခန့်ထားသော တစ်ဦးတည်းသော အသင်းသား ကေလာ့ကို သွားဝယ်ခိုင်းရသည်။ ကေလာကား တိုက်ပုံနှင့် ပုဆိုးနှင့် သားသားနားနားဝတ်လာသဖြင့် သွားဝယ်ချင်ပုံ မပေါ်။ အင်..တင်တင်လုပ်နေသည်။ အက်ျီကြေမှာ စိုးလို့ ဖြစ်သည်။ လောလောလတ်လတ်ထောင်မှ ထွက်လာသည့် လူမိုက်ကြီး (၃)ယောက်က ဗိုက်ဆာနေပြီဖြစ်သည်။ ကေလာကို သွားဝယ်ဖို့ ၀ိုင်းဖားကြသည်။
"လုပ်ပါ ကေလာကြီးရယ်.....မင်းကို မင်္ဂလာဆောင်ရောက်ရင်..အရန်သတို့သားလုပ်ခိုင်းဖို့ ခေါင်ခေါင့်ကို ပြောပေးပါ့မယ်"ဟု ငှက်ကထက ပြောသည်။
" တော်စမ်းပါ . . . ငှက်ကထရာ . . . အနားကပ်ပြီး မပြောပါနဲ့ . . ခင်ဗျားဆီက အရက်နံ့နံလွန်းလို့ပါ . . သတို့သား အရန်လည်း မလုပ်ချင်ပါဘူး . . ကျုပ်ရုပ်ဆိုးတာ ကျုပ်ဘာသာ ကျုပ်သိပြီးသားပါ..." ဟု ကေလာကြီးက ပြန်ပက်သည်။ဒါဆိုရင်..မင်းဘာလိုချင်လဲ ၀ယ်ပေးမယ်လေကွာ..."ဟု တွင်း-၁ က ဆက်ဖားသည်။"မရ.. ကေလာတို့ က ဗူးဆိုရင် ဖရုံမသီး...ဘာမှ မလိုချင်ဘူး"ဟု ပြန်ပြောသည်။>"သူတောင် သူများဆီက ကပ်စားနေရတာများ..."ဟု မကြားတကြားနှင့် ပြောလိုက်သေးသည်။ "" ဒီမယ် ..ကေလာ ... မင်းကို င့ါမှာ ရှိတဲ့ ရွှေကြယ်သီး (၂)လုံး ပေးမယ်..မင်း...တစ်ခုခုသွားဝယ်ပါကွာ .."ဟု ပွကြီးက ထပ်ဆွယ်သည်။ "အရင်က ဂေဟာမှာ ခင်ဗျားတို့ ခိုင်းတာ အကုန်လုပ်တယ်..အခုတော့ ဘာမှ မလုပ်ဘူးကွ..ဟု ကေလာကြီးက တင်းခံနေသည်။ ""ဒီမယ်...ကေလာ...မင်းဘာကြိုက်တယ်ဆိုတာ ...ငါသိပါတယ်ကွာ.. ငါပေးမယ့် ကြယ်သီး (၂)လုံးကို မင်းမမြင်သေးလို့ပါ...ကြည့်ကြည့်ပါဦးကွ"..ဟုဆိုပြီး သူ့ မိန်းမဆီက ဖြတ်လာသော ကြယ်သီးတွေကို လက်ဝါးပေါ် ဖြန့်ပြတော့ ကေလာကြီးက စိတ်မ၀င်စားသလိုလိုနှင့် တစ်ချက်စွေကြည့်သည်။""ဟင်...ဒါ..ဒါ..ကြယ်သီးလား...""ဒါ ..တားတား တိတ် ကြိုက်တဲ့ ပစ္စည်းမျိုးတွေ.. တားတား တိတ်ကြိုက်တဲ့ ပစ္စည်း..တွေ...." သွားပြီ.. ကေလာကြီး ဟန်ပင်မဆောင်နိုင်..တော့ ... ပွကြီးပေးသည့် ကြယ်သီးက သူထင်သလို ကြယ်သီးမဟုတ်.. သူမထင်ထားသော သူ့ အကြိုက်ကြယ်သီးတွေ ဖြစ်နေသည်။ ဆက်..ခနဲ ကောက်ယူပြီး ကြယ်သီးတစ်လုံးကို တိုက်ပုံ အကျီ်ထဲ ရိုရိုသေသေထည့်သည်။ နောက်တစ်လုံးကိုတော့ သူ့ ပါးစပ်မှာ ခပ်မြန်မြန်လေး ကောက်တပ်လိုက်လေသည်။ ထို့နောက် စားစရာဝယ်ရန် မပြေးရုံတမယ် အပြင်သို့ ထွက်သွားလေတော့သည်။
"ဟင်.. မတူးတူးသာ .. ရေချိုးလို့ မပြီးသေးဘူးလား"ကျွန်တော်မေးတော့မှ အားလုံးက မတူးတူးသာ ရေချိုးနေတာကို ပြန်သတိရသည်။ ဟုတ်ပ "ကြာလိုက်တာ.." ဟု အမှုဆောင်က ပြောသည်။"ရေချိုးခန်းထဲမှာ ချော်လဲများနေလား မသိဘူး။ သူက အရင်က သွပ်ချာပါဒ ဖြစ်ဖူးတယ်။ ခွေးရူးကိုက်တာလည်း ခံဖူးတယ်"ဟု နန်းညီက ၀င်ပြောသည်။ သူပြောမှ အားလုံး စိတ်ပူပြီး ရေချိုးခန်းဆီသို့ သူ့ထက်ငါ ပြေးလေသည်။ ရေချိုးခန်းသို့ရောက်တော့မှ မတူးတူးသာက အေးအေးဆေးဆေး သီချင်းလေး တညီးညီးဖြင့် ရေချိုးခန်းထဲမှာ ထွက်လာသည်။ ကိုယ်တို့ကို မြင်တော့ အလန့်တကြားဖြစ်သွားပုံရသည်။ သူ့ လက်ထဲမှ တစ်စုံတစ်ရာကိုလဲ လက်နောက်ပစ်ပြီး အမြန်ဖွက်လိုက်သည်ကို မြင်လိုက်ရသည်။ ကျွန်တော်တို့ကို မမြင်စေချင်ရအောင် ဘာများပါလိမ့်..။ ရေချိုးခန်းထဲမှာ ဒီလောက်ကြာကြာဝင်ပြီး သူဘာလုပ်နေပါလိမ့်.. သူ့လက်ထဲက ဘာများပါလိမ့်... စဉ်းစားသော်လည်း အဖြေမပေါ်..။ မထူးတော့ ...ဒီလူနဲ့ ဒီလူ အားနာစရာမလို မေးလိုက်တော့မည်။
""ဒီမယ် ..မတူး လက်ထဲက ဘာလဲ..."
"ဟင်..ဘာမှ မဟုတ်ပါဘူး.. မဟုတ်ပါဘူး.. " မတူးတူးသာ အလန့်တကြားငြင်းသည်။ မရတော့.. အားလုံးက စိတ်ဝင်စားနေကြပြီ.. မတူးတူးသာ ထွက်ပြေးဖို့ ပြင်သည်။ ဆည်မြောင်းဝန် သံလွင်က လက်ကို လှမ်းဆွဲပြီး အတင်းလု ကြည့်လေသည်။ တွေ့ပါပြီ.. တွေ့ပါပြီ..
"သံ ဘရပ်ကြီး" "........." "သံ ဘရပ် အကြီးကြီး.."အားလုံးက ၀ိုင်းအော်သည်။ မတူးတူးသာ ခြေထောက်ကို ငုံကြည့်လိုက်တော့မှ တစ်ချို့နေရာတွေမှာ သွေးစို့နေတာကို တွေ့ရသည်။ တစ်ချို့ နေရာတွေမှာတော့ ဂျီးကွက်တွေက အကွက်လိုက် အကွက်လိုက်ထနေသည်။ "ဟို . . . ဟိုလေ . . . မမကလေ . . . အရင်က . . ကျန်းမာရေးက သိပ်မကောင်းတော့ ရေ သိပ်မချိုးဖြစ်ဘူးလေ . . အဲဒါ. . အခုမှ ခေါင်ခေါင့် မင်္ဂလာဆောင်သွားရင် ဂါဝန်လေးဝတ်သွားချင်လို့ အဲဒါ.. ဂျီးတွန်းနေတာနဲ့ နည်းနည်းကြာသွားတာ စောရီးပါနော် စောရီးနာ်" ဖြစ်မှ ဖြစ်ရလေ . . နာယကရယ် . . . ဂျီးတွန်းတာ . . . သံဘရပ်နဲ့တောင် တိုက်ယူရတယ်လို့ အဲဒီလောက်ကို ဂျီးထူအောင် ဘယ်လိုများနေလဲ မသိဘူးနော် ဒါကြောင့် အရင်က ဘောင်းဘီရှည်ရှည်၊ အကျီ င်္ရှည်ရှည်နဲ့ လူမမြင်အောင် ၀တ်ထားတာကိုး"
သူ့မိန်းမအတွက် စဉ်းတောင် မစဉ်းစားရဲ... တော်တော်ဆိုးတဲ့ လူပါလား...။
ဒီမှာက မင်္ဂလာဆောင် (၁)
ဒီမှာက မင်္ဂလာဆောင် (၂)
မင်္ဂလာဆောင် (၄)မျှော်

Sunday, December 21, 2008

မင်္ဂလာဆောင် (၂)

ကိုယ်တို့ ဂေဟာမှာက လောက်လောက်လားလား ချမ်းသာပြီး ရည်မွန်တည်တံ့သည်က ကိုယ်ပဲ ရှိသည်ဆိုတော့ အားလုံးအတွက် လိုက်ပြီး ပူပန်နေရသည်။ ဘာပဲဖြစ်ဖြစ် ကိုယ်က သဘောကောင်းသူမို့ အားလုံးရဲ့  အနွံတာ ခံပါသည်။
အခုလည်း ငှက်ကထနှင့် တွင်း-၁ တို့ကို ရဲစခန်းမှာ ၀င်ထုတ်ရဦးမည်။ နန်းညီက စိတ်မချနိုင်။ ထို့ကြောင့် ကိုယ်တိုင်ပဲ ၀င်ထုတ်တော့မည်ဟု စဉ်းစားရင်း ဟယ်ရီဆင်ဖို့ဒ်ကို ရဲစခန်းဖက်သို့ လေယာဉ်ကို ပြန်လှည့်ခိုင်းရသည်။ ဟယ်ရီဆင်ဖို့ဒ်က "အဲယားဖို့ဒ် ၀မ်း" ရုပ်ရှင်ရိုက်တုန်းက လေယာဉ်မောင်းသင်ထားသူဖြစ်သဖြင့် ကျွမ်းကျွမ်းကျင်ကျင်မောင်းတက်သည်။ ကိုယ့်တပည့်တွေထဲမှာ သူနဲ့ ဂျက်လီက အားအကိုးရဆုံးဖြစ်သည်။ ဂျက်လီဆိုလျှင် တောက်တိုမယ်ရခိုင်းလို့ ရသလို ကိုယ့်အတွက် သက်တော်စောင့်တာဝန်ပါ ပူးတွဲထမ်းဆောင်ခြင်းဖြစ်သည်။ ကိုယ်က စိတ်သဘောထား ဘယ်လောက်ကောင်းကောင်း ရန်သူတော့ ရှိပါသည်။ အခု ကမ္ဘာကျော်ဖြစ်နေသော ဒေးဗစ်ကော်ပါဖီးလ်ဖြစ်သည်။ ဒီလူ မျက်လှည့်ဆရာမဖြစ်ခင် လမ်းပေါ်မှာ ကလေရိုက်နေတုန်းက ကိုယ့်ဆီမှာ အလုပ်လာတောင်းဖူးသည်။ သူ့ကို သနားသော်လည်း ကိုယ် အလုပ်မပေးဘဲ မောင်းထုတ်မိခဲ့သည်။ သူ့ကို မယုံလို့ ဖြစ်သည်။ သူ့ကို မယုံရခြင်းမှာ အကြောင်း ရှိပါသည်။ ဒီလူက အဲဒီတုန်းကတည်းက "ဇ"လေး နည်းနည်းရှိသည်။ ဟိုဟာ ဖျောက်ပြ ဒီဟာ ဖျောက်ပြနှင့် လက်စွမ်းပြတတ်သည်။ တော်ကြာ ကိုယ့် ချမ်းသာသမျှကို ဖျောက်ပစ်လိုက်လျှင် ကိုယ်ကတော့ ကိစ္စမရှိ။ ကိုယ့်ကို မှီခိုနေရသော ကမ္ဘာတစ်ခြမ်းကလူတွေ စားဝတ်နေရေး ဒွတ်ခရောက်လိမ့်မည်။ ငပေါဂေဟာမှာ ပညာရေးဝန်ကြီး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး ၊ ဆောက်လုပ်ရေးဝန်ကြီး၊ ဆည်မြောင်းဝန်ကြီး ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးတို့ ပေါင်းပြီး လိမ်နေသမျှ ရန်ပုံငွေကိုလည်း ကိုယ်ကပဲ အဓိက ထောက်ပံ့နေရခြင်းဖြစ်သည်။ ကိုယ် မရှိလျင် အားလုံးဒွတ်ခရောက်မှာ စိုးရိမ်ရသည်။ ထို့ကြောင့် ဒေးဗစ်ကို အလုပ် မခန့်ခဲ့ခြင်းဖြစ်သည်။ အခုတော့ သူက ကိုယ့်ကို နာကြည်းပြီး အငြိုးနှင့် ရန်ရှာနေသဖြင့် ဘယ်သွားသွား ဂျက်လီကို ခေါ်သွားရခြင်းဖြစ်သည်။
ငှက်ကဌနှင့် တွင်း-၁ ကို ၀င်ထုတ်လျှင် နာယက မတူးတို့တော့ မျှော်နေလိမ့်မည်။ သို့သော် မတက်နိုင် ငှက်ကဌကလည်း ဂေဟာတွင် အရေးပါလေသည်။ ရဲစခန်းကိုရောက်တော့ ငှက်ကဌနှင့် အတွင်းရေးမှူး-၁တို့ကို သံတိုင်နောက်မှာ စိတ်ပျက်ဖွယ်ရာတွေ့ရသည်။ ငှက်ကဌကဆိုလျှင် ပျော်တောင် ပျော်နေသေးသည်။ လာထုတ်သည့် ကိုယ်တို့ကိုပင် စိတ်ဆိုးနေသေးသည်။ ပြန်မလိုက်ဟု ဆိုလေသည်။
ကိုယ်နားလည်ပါသည်။ ငှက်ကဌ ရော တွင်း-၁ ပါ ကိုယ့်အိမ်မှာ ဆိုရင် ထမင်းတောင် နပ်မှန်အောင် မစားရသဖြင့် ရဲစခန်းအချုပ်ခန်းမှာ ပျော်နေခြင်းဖြစ်မည်။ ကိုယ့်စိတ်ထင်ပြောရလျှင် အဖမ်းခံချင်လို့ တမင်တကာ လမ်းဘေးမှာ ထိုးအိပ်နေခဲ့ခြင်းတောင် ဖြစ်နိုင်လေသည်။ သို့သော် ကိစ္စမရှိ။ အခု ခေါင်ခေါင့် မင်္ဂလာဆောင် အကြောင်း ပြောပြီး အတင်းပြန်ခေါ်ရမည်ဖြစ်သည်။
ပြောရင်းဆိုရင်း ရဲစခန်းသို့ လူတစ်ယောက်ကို ဖမ်းလာပြန်သည်။ "ဟင် .. မြင်ဖူးပါတယ် ..ကြည့်နေတာ ...ပွကြီး" "ဂေဟာ သို့ ၀င်သည်မှာ သိပ်မကြာသေးသော ပွကြီး (ကူးသန်းရောင်းဝယ်ရေးဝန်ဂျီး)ဖြစ်သည်။ အတင်းရုန်းကန်ပြီး ပါလာသည်။ ရဲတွေက သူ့ကို မညှာမတာ ထိုးကြိတ်ထားပုံပေါ်သည်။ နဂိုကမှ ရုပ်ဆိုးသူမို့ အခုလို ရုပ်နှင့် မြင်ရတော့ စိတ်ဆင်းရဲဖို့ ကောင်းလှသည်။ "သူက ကျွန်တော့် သူငယ်ချင်းမိတ်ဆွေပါဗျာ ..စခန်းမှုးကြီးရယ် .. ဘာဖြစ်လို့များ...." စကားတောင် ဆုံးအောင် မမေးရသေး.။ "ဒီလူဗျာ တော်တော်ဆိုးတယ်... တောက် .. ကိုယ့်မိန်းမကိုယ်များ ..တောက်!....လုပ်ရက်လိုက်တာ.. တောက်!.." "တောက်" တစ်ခေါက်ခေါက်နှင့် စခန်းမှူး တော်တော်စိတ်ဆိုးနေပုံ ရသည်။ သူကတော့ မျက်နှာငယ်လေးနှင့် ဖြစ်သည်။ "မဟုတ်ရပါဘူး.. တစ်ခုခုတော့ မှားနေပါတယ် ..မှားနေပါတယ်" ပွကြီးအတင်းငြင်းသည်။ မရ။ စခန်းမှူးက သုံးချက်လောက် နရင်းအုပ်လိုက်မှ ငြိမ်သွားသည်။ ကိုယ်တို့ကိုတော့ အခုမှ တွေ့ပုံရသည်။
"ဟင်.. သဘာပတိ၊ " "ထောက်ချုပ်"
" အမယ်ငီး ...ကယ်ပါဦး ကယ်ပါဦး" ပြောပြောပြီး ငိုလေသည်။
" ကဲ ..ဘယ်လိုဖြစ်တာတုန်း .. ကူးသန်းရောင်းဝယ်ရေးဝန်ဂျီးရယ်..ပြောပါဦး"
ဒီလိုပါ ထောက်ချုပ်ရယ်.. ဒီလိုပါ.... ကျွန်တော့်မိန်းမ နှိပ်စက်တယ်ဆိုပြီး ကျွန်တော့်ကို အထင်မှားပြီး ဖမ်းလာတာပါ။ တကယ်တော့ ကျွန်တော့် မိန်းမကို ကျွန်တော် သိပ်ချစ်တာပါ" ဆိုပြီး သူ့  အကြောင်းကို ရင်နင့်ဖွယ်ရာ အောက်ပါအတိုင်း ပြောပြလေသည်။
ကျွန်တော့်မိန်းမက အသက် (၄၀) ကျော်လောက်တော့ ရှိပါပြီ...ထောက်ချုပ်ရယ်.. ဒါပေမယ့် ပိုက်ပိုက်တော့ တော်တော်လေးချမ်းသာပါတယ်။ ကျွန်တော် က အဲဒါမက်လို့ သူ့ကို ယူတာတော့ မဟုတ်ပါဘူး။ ကိုယ့်ဘာသာ မရှာချင်လို့ သူရှာပြီးသား သုံးချင်တာလေး တစ်ခုကြောင့်ပါ။ ဒါပေမယ့် သူက ရှေးရိုးသိပ်ဆန်ပါတယ်။ ဟုတ်ပါတယ်။ သူက တောက တောသူဌေးမကြီးပါ။ ကျွန်တော်နဲ့ ရတော့ ကျွန်တော်က ဘာမှ လုပ်မကျွေးတာတော့ မဟုတ်ပါဘူး ထောက်ချုပ်ရယ်။ သူ့ကို ကျွန်တော် ဖဲရိုက်ပြီးတော့ ကျွေးပါတယ်။ ဒါပေမယ့် ဖြစ်ချင်တော့ ကျွန်တော်က ဖဲရိုက်တိုင်း ရှုံးနေတာများတော့ ကျွန်တော့် မိန်းမ ပစ္စည်းတွေကို နည်းနည်းပါးပါး ယူသုံးမိတာပေါ့ဗျာ။ သိပ်တော့ များများစားစားမဟုတ်ပါဘူး။ ရွှေခြေကျင်းလေး၊ လက်ကောက်လေး၊ ဆွဲကြိုးလေးတွေလောက်ပါ။ အဲဒီလို ကျွန်တော် ခိုးသုံးနေတာကို မိန်းမက သိသွားတော့ ဗီရိုသော့ကို ဖွတ်ထားပါတယ်။ ကျွန်တော်လည်း အဲဒါနဲ့ ဖဲမရိုက်ရတာတောင် တော်တော်လေးကို ကြာပါပြီ။ ကျွန်တော့်ကို ပိုက်ဆံလည်း ပေးမသုံးတော့ပါဘူး။ တစ်ရက်တော့ ကျွန်တော့်သူငယ်ချင်းတွေ အတင်းခေါ်တာနဲ့ ....၀ိုင်းကလည်း ကောင်းနေတာနဲ့ ... ရှိတာလေးကို စုပြီး ရောက်သွားပါတယ်။ ထုံးစံအတိုင်းပေါ့ ...ထောက်ချုပ်ရယ် .. အဲဒီနေ့ ဖဲကောင်းနေလိုက်တာများဗျာ.. ကုန်လို့သာ ပြန်လာရတယ်.. ဖဲကတော့ ကောင်းနေတုန်းပဲ။ ပါသမျှ ကုန်လို့ အိမ်ပြန်ရောက်တော့ မိန်းမက အိပ်နေပြီ။ အဲဒါနဲ့ သူမသိအောင် ဗီရိုသော့ လိုက်ရှာပြီး သူ့ပစ္စည်းလေး ခိုးမလို့ လုပ်မိပါတယ်။ ကျွန်တော်သိသလောက် သူ့မှာ ရွှေကြယ်သီးတွေ တော်တော်များများကျန်ပါသေးတယ်။ အဲဒါနဲ့ ဗီရိုကို ဖွင့်ပြီး ရွှေကြယ်သီးတပ်ထားတဲ့ အက်ျီကို ရှာပြီး ကြယ်သီးဖြုတ်မလို့ လုပ်ပါတယ်ဗျာ.. ဟီးဟီး... အဲဒီမှာ ဒွတ်ခရောက်ရတာပါပဲ ဆရာတို့ရယ်...ဟီးဟီးဟီး...." ပြောရင်းနဲ့ ငိုပြန်သည်။
"ကဲကွာ .. ပြောပါဦး အဲဒီတော့ မိန်းမက နိုးလာလို့လား.."
ဟင့်အင်း .. .မနိုးပါဘူးဗျာ. ကျွန်တော့်မိန်းမက သိပ်အအိပ်ကြီးတာဗျ...၊ ဒွတ်ခရောက်တာက ဒီလိုပါ...၊ ရွှေကြယ်သီးတပ်ထားတဲ့ အင်္ကျီက ရှာလို့ မတွေ့တာပါ။ အဲဒါနဲ့ ကုတင်ပေါ် အိပ်နေတဲ့ မိန်းမကို သေချာ ပြန်ကြည့်တော့မှ ပြန်ကြည့်တော့မှ ...သူက အကျီင်္ကို ၀တ်ထားတာကိုးဗျ..."
"သြော်...အဲဒါနဲ့ ခင်ဗျား ခိုးလို့ မရတော့ဘူးဆိုပါတော့ "
ဂျဲဂျယ်က ၀င်မေးလိုက်သည်။
"မဟုတ်ပါဘူး၊ ခိုးပါတယ်၊ ကျွန်တော် ရအောင်ကို ခိုးပါတယ်၊ အဲဒီအချိန်မှာ အရက်ကလေးကလည်း နည်းနည်းသောက်ထားတော့ ကျွန်တော်ခိုးဖို့ သတ္တိရှိပါတယ်၊ ဒါနဲ့.....ဒါနဲ့ ...အီးဟီးဟီး..အီးဟီးဟီး"
"ကဲပါ ကိုပွကြီါ်ရယ် .. မငိုပါနဲ့တော့ .. ပြောစရာရှိတာ စိတ်ထိန်းပြီး ပြောပါ..."
"အင်း..ငင်းငင်း...ရွှတ်....ဒီလိုပါ.. ကျွန်တော်က မူးနေတော့ သူမသိအောင် ကြယ်သီးဖြုတ်မယ်ဆိုပြီး မုတ်ဆိပ်ရိတ်တဲ့ ဘရိတ်ဓားလေးနဲ့ ကြယ်သီးလေးကို ရွရွလေးကိုင်ပြီး ကြိတ်လှီးယူပါတယ်...အီးဟီးဟီး..."
"အီး ..အီး ..အီး အစ်အစ်.. "
"တကယ်တော့ အဲဒီမှာကျမှ ဒွတ်ခက ကောင်းကောင်းရောက်တာပါဗျာ.. ဟီးဟီး.. ကျွန်တော်..ဖြုတ်တာ ကြယ်သီး (၂)လုံးရမှ မိန်းမက လန့်နိုးပြီး အော်တာပါ.. အဲဒီတော့မှ ကျွန်တော် သိတာက ..သိတာက ..
အီးဟီးဟီး...အစ် ..အစ်..
မိန်းမက .. ..မိန်းမအိပ်နေတာက အကျီင်္ဝတ်မထားဘူးဗျ..အီးဟီးဟီး..."
အဲဒါနဲ့ ကျွန်တော့်ကို မိန်းမက ရဲစခန်းကို တိုင်လိုက်လို့ .. ကျွန်တော့်ကို အခုလို ..ရဲတွေက လာဖမ်း...ဖမ်း...ဖမ်း...အစ်အစ်..အစ်..."
ဟိုက်ရှားဘား!
ဟုတ်လည်း ဟုတ်တဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ဂျီးပါလားဗျာ.
သူ့မိန်းမအတွက် စဉ်းတောင် မစဉ်းစားရဲ... တော်တော်ဆိုးတဲ့ လူပါလား...။
ဒီမှာက မင်္ဂလာဆောင် (၁)
မင်္ဂလာဆောင် (၃)မျှော်

Saturday, December 20, 2008

တခန်းရပ် ပြကွက်

တစ်နေ့သားမှာပေါ့ ငပေါများဂေဟာက မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီး လူယောင်ဖျောက်ပြီး တိုင်းခန်းလှည့်လည်ပါတယ်..အစဉ်အဆက် လူပြောများလွန်းတဲ့ အများစီး လိုင်းကားတွေရဲ့ အခြေအနေကို သိချင်တဲ့အတွက် လူတွေကို ငါးပိသိပ် ငါးချဉ်သိပ်တင်လာတဲ့ ဒဂုံမြို့သစ်နဲ့ သာကေတကို ပြေးနေတဲ့ ခဏခဏ လေးကျိုးပြီး မှောက်လေ့ရှိတဲ့လေးကိုး ဒိုင်နာကားပေါ်ကို အမိအရ လက်လှမ်းမီရာ ဆွဲပြီး တက်လိုက်ပါတယ်။

အဲ့ဒီ့မှာ စတွေ့တော့တာပါပဲ..စလုံးမှာနေတယ်ပြောပြီး မြန်မာပြည်မှာ စပယ်ယာလိုက်နေတဲ့ စင်ကာပူက သဘာပတိကိုဂျဲဂျဲကို ဒိုင်နာကားနောက်ခုံမှာ တန်းလန်းကြီးတွေ့လိုက်ပါတယ်.. နောက်မီးမှာ တန်းလန်းကြီး ဖြစ်နေတဲ့ စပယ်ယာ သဘာပတိကို မွေးမြူရေးဝန်ကြီးက မသိမသာ မသိချင်ယောင်ဆောင်ပြီး မွေးမြူရေးဝန်ကြီးဌာနထုတ် ငါးဖယ်တိုး ငါးမြွေတိုး တိုးပြီး အတွင်းကျကျ ၀င်သွားလိုက်ပါတယ် ကားအူလမ်းကြောင်းထဲကိုပါ..
ထို့နောက်တွင်...ဒန့်တန်တန်..

မွေးမြူရေးဝန်ကြီး: ခပ်မာမာအသံနဲ့တစ်ထောင်တန်ပေးထားတယ်နော် ပြန်အမ်းဦး
သဘာပတိ: ဗျာ အမ်းပီးပီလေဂျာ
မွေးမြူရေးဝန်ကြီး: ဘာလဲ အရူးကွက်နင်းတာလား
စပယ်ယာ ဂျယ်ဂျဲ : တိန်
မွေးမြူရေးဝန်ကြီး: ခုဏက ပေးထားတယ်လေ ထောင့်လေးမှာ စုတ်နေတယ်လေ
စပယ်ယာ ဂျယ်ဂျဲ : အမ်းပီးပြီလေ အမရယ်(ငိုချင်စဖွယ် အသံလေး)
မွေးမြူရေးဝန်ကြီး: ဘာ!!!!!!!!!!! နင်တို့တွေကလေ @+x@
စပယ်ယာ ဂျယ်ဂျဲ : ခင်ဗျာ အမ်းပီးပါပြီအမရယ် သေချာလဲကြည့်ပါဦး
မွေးမြူရေးဝန်ကြီး: ငါ့ကို ဘာမှတ်နေလဲ ဟင်
စပယ်ယာ ဂျယ်ဂျဲ : ဘာလဲ အမက ငပေါဂိုဏ်းက လူကြီးလား
မွေးမြူရေးဝန်ကြီး: မိခင်နဲ့ကလေးမှာ မွေးမြူရေးဝန်ကြီး
စပယ်ယာ ဂျယ်ဂျဲ : ဟာကွိုင်ပဲ ဇာရာဝင်အိုးကိုတော့ ကန်မိပြီ (သူမကြားအောင်ပြောတာ)
မွေးမြူရေးဝန်ကြီး: လူထုကြားဆင်းကြည့်တာ ဟင်းဟင်း ဒီလိုလုပ်နေသရွေ့တော့ မဖြစ်သေးပါဘူး ဆက်ကိုင်ရမယ် ဆက်ကိုင်ရမယ် နီးရာ ရဲစခန်းမောင်း ဒါပဲ
စပယ်ယာ ဂျယ်ဂျဲ : တိန် လုပ်ပါနဲ့ဂျာ အချိန်ကုန်ပါတယ် အမရယ် ရော့ပါ ရော့ပါဂျာ
မွေးမြူရေးဝန်ကြီး:အေးအေး ဒီလိုလိမ်မာမှပေါ့ (တော်သေးတယ် ဖဲရူံးလာတာလေး ပြန်ရလို့) ခိ
စပယ်ယာ ဂျယ်ဂျဲ : တိန် ဂီး
မွေးမြူရေးဝန်ကြီး: ရှေ့မှတ်တိုင်ဆင်းမယ်
စပယ်ယာ ဂျယ်ဂျဲ : ရှေ့မှတ်တိုင်ပါတယ် ဆရာရေ (မြန်မြန် ဆင်းပါ့မှပဲ ) ဖူးး ဖူးးး
မွေးမြူရေးဝန်ကြီး: ဟဲ့ဟဲ့ အမေလေး ဗုန်း ဒိုင်း ဂွမ်း လဲပြီ
စပယ်ယာ ဂျယ်ဂျဲ : ဗျာ တား ဘာမှမလုပ်ဖူးနော်
မွေးမြူရေးဝန်ကြီး: ဗြဲ..ကားနံပတ် မှတ် ကားနံပါတ်မှတ်
စပယ်ယာ ဂျယ်ဂျဲ : အမလေး ဒီနေ့တော့ အကုသိုလ်အတုန်းလိုက်ဝင်တဲ့နေ့ပဲ
မွေးမြူရေးဝန်ကြီး: နဖူးကွဲတယ် ဒူးပြဲတယ် တံတောင်စုတ်တယ် ပေါင်ပုတ်တယ်ပေး ဆေးဖိုး
စပယ်ယာ ဂျယ်ဂျဲ : ဗျာ ဆေးဖိုးလား ဂျာ
မွေးမြူရေးဝန်ကြီး: မထသရုံးကို ဆေးစာနဲ့ တိုင်စာ တွဲပို့လိုက်ပြီ ဒါပဲ
စပယ်ယာ ဂျယ်ဂျဲ : ဂျာ အမရယ် လုပ်ရက်တယ် ဂျာ အဟင့် အဟင့်
မထသဌက်ကဌ: သင့်ကို သင့်ယောက်ခမ နဲ့ သင့် မယားပါသားလေးများ စောင့်ဆိုင်းနေသည်ကို မမေ့ပါနဲ့ဆိုတာ မင်းမသိဘူးလားကွ
စပယ်ယာ ဂျယ်ဂျဲ : တိပါတယ် ကိုကြီးရယ် လုပ်ပါနဲ့ဂျာ နော် လက်ရည်ဖိုးလေးတော့ ယူလိုက်နော် ကိုကြီး နော်
မထသဌက်ကဌ: (ရုပ်တည်နဲ့ အိပ်ကပ်ထဲ ထည့်လိုက်တယ်) ပါစင်ဂျာကို စောင်မကြည့်ရူရမယ်ဆိုတာ မသိဘူးလား ခရီးသည်ကို ကျောသား တင်သား မခွဲပဲ စောင်မကြည့်ရူရမယ်ဆိုတာ မြဲမြဲမှတ်
စပယ်ယာ ဂျယ်ဂျဲ : တိပါတယ် ဦးလေးရယ် ဟုတ်
မထသဌက်ကဌ: လျော်ရမယ် ပြီးတော့ ချောဆွဲမယ် ခုနှစ်ရက် လိုက်ပို့ပေးရမယ် ဒါပဲ
စပယ်ယာ ဂျယ်ဂျဲ : တိန် ဂျာ
မထသဌက်ကဌ: ကိုယ့်ထမင်းကိုယ်စား ကိုယ့်ဆီကိုယ်စိုက် ကိုယ်ပုဆိုးကိုယ်ပိုက်ပြီး လိုက်ရမယ် ကြားလား
စပယ်ယာ ဂျယ်ဂျဲ : ဟုတ်
မထသဌက်ကဌ: အေးဒါပဲ
စပယ်ယာ ဂျယ်ဂျဲ : ဂိန် ကိန်
မထသဌက်ကဌ: မင်းတို့ကားသမားတွေထဲမှာ အရင်ဆိုင်းတီးဘူးတဲ့ လူတွေပါလား
စပယ်ယာ ဂျယ်ဂျဲ : ရှာပေးပါ့မယ် ကိုကြီးရယ် ဘာအတွက်လဲခင်ညာ
မထသဌက်ကဌ: အေး လိုအပ်ရင် ပတ်မကြီးတီးသလို လူကို တီးနိုင်တဲ့သူ လိုချင်တယ် ဘောလုံးသမားတွေရော ရှိလား လိုအပ်ရင် လှိမ့်ကန်နိုင်မယ့် လူလိုတယ်
စပယ်ယာ ဂျယ်ဂျဲ : ရှိတယ် ရှိတယ် ဗီဗီ သူအကန်ကောင်းတယ် ဆိုင်းလဲ တီးတတ်တယ် နှဲမူတ်လဲတော်တယ်
မထသဌက်ကဌ: အင်း ဟုတ်ပြီ နောက် အလေးမသမားတွေရော ရှိလား၊ လူကို ကားယားမပြီး သယ်နိုင်မယ့်သူလိုတယ် .. နောက် ငါးဒိုင်မှာ လုပ်ဖူးတဲ့သူလဲ လိုချင်တယ် ခေါင်းလေးတွေချည်း ရွေးထုနိင်တဲ့သူ
စပယ်ယာ ဂျယ်ဂျဲ : ရှိတယ် ရှိတယ် နန်းညီက အလေးမဖူးတယ်တဲ့၊ အန်ဒီက ငါးဒိုင်မှာ လုပ်ဖူးတယ် ပြောဖူးတယ်၊ ယမင်းဆိုတဲ့ ကောင်မလေးလဲ လူတစ်ယောက်ကတော့ မနိုင်တယ် အေးဆေးပဲတဲ့၊ ခေါင်ဆိုတဲ့ ကောင်မလေးကိုလဲ ရုပ်နဲ့ ဖြဲချောက်ခိုင်းလို့ရတယ်၊ နေ့စားခလေးတော့ ပေးနော် ကိုကို
မထသဌက်ကဌ: အေး တနေ့ ၃၀၀၀ ရမယ်။ လိုအပ်ရင် အဲ့လို ရှိသင့်တဲ့ အရည်အချင်းတွေ အဲ့မှာ ပြနိုင်မယ့် စွမ်းအားရှင်တွေ လိုတယ် မရှင်းတာရှိ ပြန်မေးပါ ပြီးရင် ကားခုနှစ်စီး လွှတ်လိုက်ဒါပဲ
စပယ်ယာ ဂျယ်ဂျဲ : ဘာလုပ်မလို့လဲ အကိုကြီးရယ် ခုနှစ်စီးတောင် ကျွန်တော် တစ်ခါပဲ လုပ်မိတာပါ..
မထသဌက်ကဌ: တစ်စီးပဲ စည်းကမ်းဖောက်ပေမယ့် နောက်ခြောက်စီးမှာ အမူတွဲတပ်တာ ငပေါဂိုဏ်းသားတွေအတွက်က ၃စီး ကင်းလှည့်ဖို့က ၂စီး လူတည်ဂိုဏ်းတွေကို ဖမ်းဖို့က ၃စီး အိမ်အတွက်က ၁ စီး ငါ့အတွက်က ၁စီး ဟာ..မလောက်ဘူးကွ သေချာတွက်ကြည့်မှ လိုသေးတယ် နောက်၂စီးထပ်ထည့် ပေါင်းကိုးစီး ထည့်လိုက် ဒါပဲ ...
စပယ်ယာ ဂျယ်ဂျဲ : ကိန်
မထသဌက်ကဌ: ဂျောက်..(ဂလု ဂလု ) ................တူ တူ တူ
စပယ်ယာ ဂျယ်ဂျဲ : ဟ ဖုန်းကျသွားပီ တေပီဆရာပဲ ဖုန်းကျတွားပီ...

ဂျဲဂျဲ ဆောင်းချမ်းတာ အကြောင်းပြပြီး မလျှော်ကြာပြီဖြစ်တဲ့ ခေါင်းကို တဗျင်းဗျင်းကုတ် ကားလိပ် ချ...ဒန့်တန်တန်... ကန့်လကာနောက်ကွယ်မှာ မွေးမြူရေးဝန်ကြီး ချောင်းကြည့် ငါးခူပြုံးပြုံး ငါးပြေမ ခုန်သလို ခုန်ပေါက်ရင်း ဖေကြံတာ ဖေကြံတာဟု အော်ဟစ်နေ...ငပေါ တစ်ခန်းရပ် ဂျီတော့ချက်ကွက် ပြီးဆုံးကြောင်း
ပူးပေါင်းတင်ဆက်သူ သဘာပတိဂျဲဂျဲနှင့် မွေးမြူရေးဝန်ကြီး မဆုမွန် ဂျဲဂျဲတင်ထားတဲ့ ဂျီတော့ စတေတပ်ကို စချင်စိတ်ဖြင့် အမှတ်တမဲ့ရိုက်ချက်လေးများမှ... ချက်ကွက်မှ လက်ကွက်လေးများ တင်ဆက်ခြင်း..

Thursday, December 18, 2008

ပေါနှလုံးသား

ပေါခြင်းတိုးပွား၊ ပေါများဂေဟာ
ပေါတာတွေကြိုက်၊ ပေါလိုက်ဘိနှယ်
ပေါတယ်အမှန်၊ ပေါပြန်တာမှ
ပေါကြတအား၊ ပေါတကာများ။

ပေါကမ္ဘာ၀ယ်၊ ပေါမယ်ဆိုလျှင်
ပေါဝင်စိတ်ဓာတ်၊ ပေါမှတ်မှတ်ပြီး
ပေါနည်းဖွေရှာ၊ ပေါနေပါမှ
ပေါလှဝေစည် ပေါတွေညီမည်။

ပေါလီပေါခိုက် ပေါများရိုက်ကာ
ပေါရှာပါလျှင် ပေါဉာဉ်တွေထွက်
ပေါချက်ထပ်ပြန် ပေါမှန်ကန်မည်
ပေါပြီပျော်ပြီ ပေါပျော်ပြန်ပြီ။

(လျှောက်လုပ်ရေးဝန်ကြီး ပေါငြိမ်)

Wednesday, December 17, 2008

လျှောက်လွှာလက်ခံခြင်း (၁၃)

သို့/
ဥက္ကဌ
ရူးပေါဂိုဏ်း
ငပေါများဂေဟာ။
နေ့စွဲ။ ။ ၁၇. ၁၂. ၂ဝဝ၈

အကြောင်းအရာ။ ။ ငပေါရာထူးတစ်ခုခု ချီးမြှင့်ရန် လျှောက်ထားခြင်း။

အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သတ်၍ ကျွန်တော် ခပ်ညံ့ညံ့ကောင် (ခ) ဂျူဝသန်၊ အဘအမည် (မေ့နေ)၊ မှတ်ပုံတင်အမှတ် ( လျှောက်ထားဆဲ ) သည် ငပေါတစ်ယောက် အရည်အချင်းများနှင့် ပြည့်မီကြောင်း ရဲရဲကြီး အာမခံပါသဖြင့် လူကြီးမင်းတို့၏ ငပေါများဂေဟာတွင် ရာထူးအာဏာ တစ်ခုခုပေးအပ်ပါရန် လျှောက်ထားအပ်ပါသည်။ ကျွန်တော်သည် အများပေါတာမြင်၍ လိုက်ပေါနေခြင်းမျိုးမဟုတ်ပဲ မွေးရာပါ ဗီဇအတိုင်း ပေါနေသူတစ်ယောက်ဖြစ်ပါသည်။ သို့သော် ယခင်က လူအများအလယ်၌ (အပေါင်းအသင်းများမှ) ငပေါ ဟု အခေါ်ခံရချိန် ရှက်စိတ်ဝင်ခဲ့ဖူးပါသည်။ ယခုမူကား ကျွန်ုပ်ထက်ပေါသူများကို ရှာဖွေ တွေ့ရှိခဲ့ပြီဖြစ်ပါသဖြင့် နောက်နောင် အရှက်မရတော့ပါဟု ၀န်ခံကတိပြုအပ်ပါသည်။ ကျွန်ုပ်သည် အခွင့်အရေးပေးလျင်ပေးသလို ပေါလေ့ ရှိပါသည်။ ရပ်ကွက် သာရေးနာရေး ကိစ္စများတွင်ထင်ရှားသူဖြစ်ပြီး၊ ကာရာအိုကေ ပွဲများတွင်မူ ပရက်ဇန်တာ တစ်ဦးရာထူးကို မတောင်းပါပဲ ဝင်ဝင်နွှဲရတတ်သည်။ ကျောင်းကားပေါ်၌ အတွေ့အကြုံရင့် စပယ်ယာ တစ်ယောက်ဖြစ်ခဲ့ပြီး၊ ကျောင်းခန်းထဲတွင် အီးစီ တစ်ယောက်ဖြစ် ၂ နှစ်ဆက်တိုက် တာဝန်ယူခဲ့ရဖူးသည်။ ကျွန်ုပ်လွယ်အိတ်ထဲတွင် စာတစ်အုတ်နှင့် ကြေးစည် တစ်ချပ်ပါ ယူဆောင်သွားတတ်သည်။ ကန်းတင်းန် ကဲ့သို့သော ကျောင်းသားများ စုရုံးနေရာများ၌ ဂစ်တာသံကြားရသော အရပ်သို့ သတိပြုကြည့်လိုက်မည်ဆိုလျင် ကျွန်ုပ် မဟုတ်ပါ။ ကြေးစည်သံကြားရမှ သာလျှင် စင်စစ် ကျွန်ုပ်ဖြစ်၏။ မျက်မှန်း တန်းမိယုံဖြင့် ကျွန်ုပ်အတွက် မုန့်တောင်းစားရန် လုံလောက်ပြီး ထို့ထက်ပို၍ ပိုက်ဆံချေး တတ်သည်။ ရည်းစားတစ်ယောက်နှင့် လျှောက်လည်နေရခြင်းထက်၊ ငပေါဖော် ပေါဖက် သူငယ်ချင်းများနှင့် လျှောက်သွားနေရခြင်းကို ကျွန်တော် အလွန်တောင်းတ လိုလားပါသည်။ လိုအပ်ပါက ငပေါ စာတီဖီကိတ်များပါ ပူးတွဲပေးပို့ သွားရန်ရှိပါသည်။

လေးစားစွာဖြင့်
ခပ်ညံ့ညံ့ကောင်


မှတ်ချက်။ ။ သဘာပတိမှ လုပ်နည်းလုပ်ထုံးများအရ လိုအပ်သည်များ ဖြည့်စွက်မှာစားလိုက်သည်။ ကျန်အရာရှိ လူဂျီးလူဂေါင်းများမှ ရာထူးပေးအပ်ရန် အစည်းအဝေးပြုလုပ်သင့်ကြောင်း သဘာပတိ၏ ပြောရေးဆိုခွင့်ရှိသူ ဖိုးဂျယ်မှ ပြောကြား


Tuesday, December 16, 2008

ကိုယ်တွေ့ဖြစ်ရပ်

အကြောင်းအရာ ။ ပေါစာမူ ပေးပို့တင်ပြခြင်း
ရည် ညွှန်း ချက် ။ သဘာပတိ၏ ၁၂-၁၂-၂၀၀၈ ရက်နေ့ ၀၉၄၉ ချိန် ပို့ massage ကိုညွှန်း

ခေါင်းစဉ်- ကိုယ်တွေ့ဖြစ်ရပ်

ယခုရက်ပိုင်းအတွင်း ကျွန်ုပ်တို့ ငပေါဂိုဏ်းအတွင်း အဖွဲ့ဝင်လူကြီးမင်းများဖြစ်ကြသော ကိုကိုနှင့်မမများ အချင်းချင်း ရူပါများကို အမွှမ်းတင်ကြရာမှ နောက်ဆုံးတွင် သဘာပတိမှ ကိုယ့်ကိုကိုယ် အဆုံးစီရင် အဲ... နှုတ်ထွက်ရန်အထိ ပင် စီစဉ်ခဲ့ပါသည်.... ထိုသို့ ဂိုဏ်းအတွင်း အကွဲအပြဲများ ဖြစ်ပေါ်နေချိန်တွင် ကျွန်ုပ်၏ အလွန်လန်းသော ရူပါကြောင့် ဖြစ်ခဲ့ရသော ကိုယ်တွေ့မဟုတ်သည့် ဖြစ်ရပ်လေးကို တင်ပြလိုက်ရပါသည်....။ အချိန်ကာလကား မြန်မာနိုင်ငံသို့ ဂျပန်များအ၀င် အင်္ဂလိပ်များအဆုတ်....အဲ ....မှားကုန်ပါပြီ....၂၀၀၇ ခုနှစ်ရဲ့ အောက်တိုဘာလရဲ့ ရက်လေး တစ်ရက်မှာပါ... ကျွန်တော်ရဲ့ အလုပ်ရှိတဲ့ ရိုးသားကြိုးစား ဧရာဝတီသား (အင်း...သူတို့တွေပဲပြောတာနော်...) ဆိုတဲ့ ကိုကြီး တွင်း-၂ရဲ့ ဧရာဝတီတိုင်းကနေ ရုတ်တရက်ဆိုသလို ကိုကြီး သဘာပတိ နဲ့ ကိုကြီး နိုင်ငံခြားရေးဝန်ကြီး (ဖားထားမှ ဒါမှ ရာထူးဖြစ်ဖြစ် လစာဖြစ်ဖြစ်တိုးမှာ) တို့ရဲ့ မွေးဌာနီ အညာမြေဖြစ်သော ပျဉ်းမနားကို ပြောင်းဖို့ အကြောင်းဖန်လာတယ်လေ...အလုပ်အကိုင်နဲ့ ရာထူးအဆင့်အတန်းကို တော့မပြောတော့ပါဘူး..တော်ကြာ ကျွန်တော့်ကို အထက်စီးကနေ အမြဲဆက်ဆံတတ်တဲ့ (စကားပြောတဲ့နေရာကိုပြောတာနော်...) အသင်းသားချုပ် ရှိန်သွားမှာစိုးလို့ပါ.....(ကိုယ့်ရဲ့အလုပ်က တောက်တိုမယ်ရ ဆိုတာ လူသိလို့မဖြစ်ဘူးလေ...) ကျွန်တော်ကလည်း ငယ်တယ်ဆိုပေမယ့် နှံ့စပ်တယ်ပြောပြော ..ခြေထောက်မှာ ဗွေပါတယ်ပဲပြောပြော... ရွာကနေ ရန်ကုန် နဲ့ပုသိမ် ကလွဲပြီး ဘယ်မှမရောက်ဖူးဘူး... ဒီလိုနဲ့ ပျဉ်းမနား (နေပြည်တော်ပေါ့) ကို ရထားနဲ့အရောက် ... ည ၁၁ နာရီလောက်ဆိုတော့ ခရီးကလည်း ပန်းလာတယ် ဘူတာထဲမှာ ခဏလောက်နားဦးမယ်ဆိုပြီး သေတ္တာလေးကိုချလို့ ထိုင်နားနေတာ... ဟောဗျာ ဘူတာထဲမှာ လူတွေရုတ်ရုတ်၊ ရုတ်ရုတ်နဲ့ ကျွန်တော်လည်း တစ်နယ်တစ်ကြေးကလာတာဆိုတော့ တစ်ခါမှမရောက်ဖူးတဲ့ နယ်မြေလဲဖြစ်တော့ မမေးရဲဘူး..ဒါနဲ့ပဲ ကောင်မလေးချောချော တစ်ယောက်ကို အရဲစွန့်ပြီး ....'' ချစ်ချစ် '' (လို့ခေါ်လိုက်ပါတယ်...) '' အောင်မာ ..လူကို ဘာများမှတ်နေလဲ .. ပါးကျိုးသွားချင်လား'' တဲ့....(ကိုကြီး-သဘာပတိ တို့ရဲ့ ပျဉ်းမနားသူတွေ အရမ်းသဘောကောင်းတာနော်)... ကျွန်တော်လည်း ဘာမှ အမှားမလုပ်မိပါဘူးနော်.. အမှန်က စုပ်မသပ်တတ်လို့ အခုလို ဖြစ်သွားရတာပါ... ပြီးတော့မှ အသက် ၄၀ လောက်ရှိတဲ့ အစ်မကြီး တစ်ယောက်က မောင်လေး တကယ်မသိဘူးလားတဲ့... ကျွန်တော်ကလည်း အမှန်အတိုင်းမသိဘူးလို့ပြောလိုက်ကော ..ဒီဘူတာမှာ ရုပ်ချောတဲ့သူတွေ လိုက်ဖမ်း လို့ အစ်မ တောင် မနည်းပြေးခဲ့ရတယ်ဆိုပဲ...ခဏလေးပဲကြာပါတယ် ဘူတာထဲ လုံခြုံရေး ယူထားတဲ့ ကိုကိုစစ်သား တွေက လွဲပြီး ဘယ်သူမှ မကျန်တော့ဘူး .. ကျွန်တော်လည်း ကိုယ့်ကိုကိုယ် ရုပ်ချောလား/ ဆိုးလား ဇဝေဇ၀ါဖြစ်သွားတယ်.. အနီးစပ်ဆုံးချိန်ထိုးကြည့်တော့ ...အခု အသက် ၂၁နှစ်အရွယ်အထိ ရည်းစားတစ်ယောက်မှ မရှိသေးတာ ရုပ်ဆိုးလို့ပဲဖြစ်မှာပါ..အဲ.. ဒီလိုလည်းမဟုတ်သေးပါဘူး ကျွန်တော့်ကို ရုပ်အရမ်းချောတာပဲလို့ မျက်စိမမြင်ရတဲ့ အဒေါ်ကြီးက ပြောဖူးတယ်.... အဲ့ဒီလိုနဲ့ပဲ လိုက်ပြီးပြေးရနိုး နေရနိုး ဖြစ်နေတုန်းမှာ အနားကို ရဲ (၂)ယောက်ရောက်လာတယ်... ကျွန်တော်လည်း ခပ်တည်တည်ပေါ့ အဲ့ဒီမှာ သူတို့ထဲက ရဲအရာရှိ က .-'' ညီလေး ကိုယ်တို့နဲ့ စခန်းကို လိုက်ခဲ့ပါကွာတဲ့...'''' ဗျာ... ကျွန်တော့်မှာ ဘာအပြစ်ရှိလို့လဲဗျာ..'''' ဘာမှ ရှင်းပြမနေနဲ့ ..စခန်းရောက်မှ ရှင်း....ကိုယ်တို့က ရုပ်ချောတဲ့သူတွေကို လိုကဖမ်းနေတာ '' ...တဲ့လေ အဲ့ဒီလိုနဲ့ပဲ ကျွန်တော် ရဲစခန်းကိုရောက် ဟိုရောက်တော့ ပြစ်မှုထင်ရှားတာကြောင့် ပျဉ်းမနား မြို့လည်က မြင်းရုပ်ကြီးမှာ ကြိုးနဲ့ချည်ပြီး မြို့ပေါ်နဲ့လမ်းသွားလမ်းလာ ကောင်မလေးတွေရဲ့ တစ်နေကုန် ပါးနမ်းခြင်းခံရန် ဟု ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရပါတယ်။ အဲ့ဒီလို ကျွန်တော့်ကို အပြစ်ပေးခဲ့တဲ့သူတွေထဲမှာ blogger မမတွေ ပါ/မပါကတော့ စိစစ်ဆဲပါပဲ... ကျွန်တော်လည်း အဲ့ဒီအဖြစ်လေးကို ဖြစ်ပြီးကတည်းက ရှက်လို့ ဘယ်သူ့ကိုမှ မပြောပြခဲ့ပါဘူး။ အခု တော့ ညီအစ်ကိုမောင်နှမတွေနဲ့ ဖြစ်လာတော့ လူစုံတုန်းရှင်းပြရတာပါ... ကျွန်တော်တို့ ငပေါဂိုဏ်းရဲ့ ပြည်တွင်း/ပြည်ပမှာရှိကြတဲ့ အဖွဲ့ဝင်လူကြီးမင်းများ အနေနဲ့လည်း ကျွန်ုပ်ကဲ့သို့ ရူပါအလွန်လန်းသူများဟု ယူဆသောကြောင့် ခရီးသွားလာရာတွင် မိမိ၏ အဖြစ်ကဲ့သို့ မဖြစ်ပွားစေရေး.. ထပ်ဆင့်သတိပေး တင်ပြလိုက်ရခြင်းဖြစ်ပါတယ်။

ကြေညာချက်။ ။ မိမိ (ကူးသန်း ၀န်ကြီး) ၏ ရူပါလန်းမှုအား ယခုကဲ့သို့ ကြေညာလိုက်သောအချိန်မှ စ၍ ၁ နာရီထက် နောက်ကျ၍ ရောက်ရှိလာသော မမ /ညီမလေး များ၏ မိတ်ဆက်စာများကို ယာယီအားဖြင့် ရွှေ့ဆိုင်းထားလိုက်ကြောင်း ထပ်ဆင့်ကြေညာအပ်ပါသည်။

ဆက်သွယ်ရန်လိပ်စာ- အမှတ်(၀ ငါးလုံး)၊ လမ်းဘေးဓါတ်တိုင်၊ ကွမ်းယာဆိုင် ။

ဖုန်း-လျှောက်ထားဆဲ (မထင်) ။


ပုံ
ကူသန်းရောင်းဝယ်ရေးဝန်ကြီး
PA- PwaGyi

စီးပွားရေး ကြားဖြတ်သတင်း

အတွင်းရေးမှူး(၂)၊ မွေးမြူရေး ဝန်ကြီး၊ လယ်ရာပြန်စားရေး ဝန်ကြီးနှင့် ပြည်ထောင်စု ငပေါများနိုင်ငံ၏ တစ်ဦးတည်းသော အသင်းသားဖြစ်သူ ကိုကေလာတို့ လိုက်ပါလာသော ရဟတ်ယာဉ်သည် ယနေ့မွန်လွဲ(၂) နာရီတွင် ရံကုံဘူတာသို့ ဆိုက်ရောက်ခဲ့ကြောင်း။ ထိုမှတဆင့် အတွင်းရေးမှူး(၂) နှင့် အဖွဲ့ဝင်များသည် ဆူးလေဘုရားလမ်းပေါ်ရှိ ဘလိဒ်ဒါးဟိုတယ်သို့ ဖြစ်သလို လမ်းလျှောက်၍ သွားရောက်ကာ အသင့်စောင့်ဆိုင်းလျက်ရှိသော ကိုယီးယားနိုင်ငံမှ အတွင်းရေးမှူး ဆောင်ခြုံထု နှင့် ကြက်ဆူစေ့များ တင်ပို့ရန် ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲအပြီးတွင် ကိုယီးရား ပေါအတွင်းရေးမှူးမှ ပြည်ထောင်စုငပေါများနိုင်ငံ၌ တာဝန်ထမ်းဆောင်လျက်ရှိသော ငှက္ကဥ၊ နာယကကြီး၊ တွင်း(၁)၊ တွင်း(၂) တို့မှာ အလွန်တရာ ရွှေဉာဏ်တော် စူးရောက်သူများ ဖြစ်ကြောင်း၊ လယ်ရာပြန်စားရေး ဝန်ကြီးမှာလည်း အလွန်တရာ ထက်မြတ်သွက်လတ် ခန့်ညားတည်ကြည်၍ အလွန်တရာ အားကိုးထိုက်သူ ဖြစ်ကြောင်း(အမလေး... လေး မောလိုက်တာ) ဘယ်လိုမှ သောက်သုံးမကျသော ကြက်ဆူပင်များကို လူအထင်ကြီးအောင် လုပ်နိုင်ကြောင်း၊ တစ်ဦးတည်းသော အသင်းသားဖြစ်သူ ကိုကေလာ မှာလည်း အလွန်တော်ကြောင်း၊ ရုတ်တရက် ကြည့်ပါက ငပေါဟုပင် မထင်ရကြောင်းပြော ကြားသွားခဲ့သည်။ ထိုမှ တဆင့် အတွင်းရေးမှူး(၂)နှင့် အဖွဲ့ဝင်များသည်။ ကြုံရာလိုင်းကားများစီး သီလဝါ ဆိပ်ကမ်းသို့ သွားရောက်ကာ ကြက်ဆူစေ့များတင်ပို့နေမှုကို ကြည့်ရှူ၍ လိုအပ်သည်များကို မှာစားခဲ့ကြောင်း သတင်းရရှိခဲ့သည်။

Monday, December 15, 2008

လျှောက်လွှာလက်ခံခြင်း (၁၂)

အကျောင်းအယာ။ ။ စောက်လုတ်ရေးဝန်ကြီးအဖြစ် လျှောက်ထားခြင်း


ကျွန်တော်မျိုး လူချီးမင်း `ဟဏ်တစ်ညိန်´ သည် မည်သူမျှသဘောမတူသော်လည်း ကိုယ့်ဘာသာကိုယ်သတ်မှတ်ထားသည့် အရည်အချင်းများဖြင့် ပြည့်စုံသည့်အပြင် နာယကကြီး `ဒေါ်သူးသူးတာ´ ၏ သဘောမတူသော ဆန္ဒနှင့် မကျေနပ်သော ထောက်ခံချက်အရ အသင်းဝင်များ၏ မရရှိသေးသော အတည်ပြုချက်ဖြင့် `စောက်လုပ်ရေးဝန်ကြီး´ အဖြစ် သတ်မှတ်၊ လက်ခံ၊ ခန့်အပ်၊ (အခုချက်ချင်း) အတည်ပြုပါရန်... (အပေါ်ယံ) လေးစားစွာဖြင့် အတင်းအကျပ် တောင်းဆို (ဓားပြတိုက်) တင်ပြ အပ်ပါသည်။

ယိုတေဠေးဆားဆွာဖြင့်

ဟဏ်တစ်ညိန်

#### မှန်ချက် ။ ။ သဘာပတိမှ ပိုးစိုးပက်စပ် ထောက်ခံကြောင်း ပြောရေးဆိုခွင့်ရှိသူ ဖိုးဂျယ်မှပြောကြား
ပုံ/ ပြောရေးဆိုခွင့်ရှိသူ ဖိုးဂျယ်


####

ပြောရေးဆိုခွင့်ရှိသူ အသစ်ခန့်အပ်ခြင်း နှင့် တောင်းပန်လွှာရေးသားခြင်း

သဘာပတိ၏ ပြောရေးဆိုခွင့်ရှိသူ ဘေထယ်ရောင်းသည် အအိပ်ပျက်၊ အစားပျက် ဖြစ်တာများလွန်းသဖြင့် အရူးထောင်ပို့လိုက်ရကြောင်း ထိုကြောင့် ယမန်နေ့က ထုတ်လွှင့်သော သတင်းသည် သတင်းမှားမျှသာဖြစ်ကြောင်း၊ ယခုအခါ ပြောရေးဆိုခွင့်ရှိသူ ပြောင်းလွှဲခန့်အပ်ကြောင်း သဘာပတိအရင်းခေါက်ခေါက်မှ ပြောကြားလိုက်ပြီး၊ ယခုကဲ့သို့ သတင်းမှားယွင်းသည့်အတွက် ဘေထယ်ရောင်းတွင်သာ တာဝန်ရှိကြောင်း သဘာပတိအရင်းခေါက်ခေါက်မှ ပြောကြား (အဲ့လိုပဲ လွှဲချနေကျ သတင်းမှားတာက ပိုစ့်တခုရ ပြန်ရှင်းတော့ ပိုစ့်တခုရ ဘယ်လောက်ကောင်းလဲ ဂျာနယ်တွေနည်းလေ ကြုံရင် သုံးကျနော် မိုက်တယ် ဘာပဲဖြစ်ဖြစ် နာမည်ကြီးမယ် ပြန်ရှင်းတော့ ပိုစ့်နောက်တခုရတယ်)
ယခုလို သတင်းမှားကြောင့် သဘာပတိမှာ ချစ်လှစွာသော ညီအစ်ကိုမောင်နှမတွေရဲ့ ချီးကျူးထောပနာပြုခြင်းကို အံကြိတ်ခံရင်း ဘေထယ်ရောင်းအား သဘာပတိအရင်းခေါက်ခေါက်မှ ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်သည်။ (ဒါလဲ လုပ်နေကျနည်းလေးပဲ ဘာမှမလုပ်ရဲရင် ရှုတ်ချတယ်သာအော် လူကြားကောင်းတယ်) ထိုကြောင့် သဘာပတိအရင်းခေါက်ခေါက်သည်
နာယကကြီးမှ ထွက်ရဲ ထွက်ကြည့် သေမယ်ဟု ခြိမ်းခြောက်ခံရခြင်း၊ ဤ ရူးပေါဂိုဏ်းကြီးသို့ ဝင်ပြီးသူ ဂိုဏ်းသားအားလုံး ပြန်ထွက်ခွင့်မပြုကြောင်း ထပ်ဆင့် ကြေညာခြင်း၊

ငှက်ကထမှ အသက်နဲ့ လူလုပ်တာ အရှက်နဲ့ လူလုပ်တာမဟုတ်ဟု ပြောကြားခြင်း၊

တွင်း ၂မှ မင်းမရှိရင် ငပေါဂိုဏ်းကြီး ပြိုကွဲသွားနိုင်ကြောင်း ပြောကြားသဖြင့် ဘာမှမလုပ်ရင်နေပါ အရှက်မရှိတဲ့ အခွက်လေးတော့ ပြထားပါဟု မျောက်ပြဆန်တောင်းခြင်း၊

စည်းရုံးအမှုရှောင်မှ တွင်း ၂နှင့် သဘာပတိက သူ့ အစား စည်းရုံးရေး ပေးတဲ့အတွက် တကယ်ထွက်သင့်သည် သဘာပတိမဟုတ်ပဲ ဘာအလုပ်မှမလုပ်တဲ့ သူမသာ ဖြစ်ကြောင်း ၊

အသင်းသားချုပ်မှ သဘာပတိကြီး နှုတ်ထွက်ပါက သူမဘုန်းထားသော ဘတ်ဂျတ်တွေပေါ်မှာ စိုးသောကြောင့် သဘာပတိအား တိတ်တိတ်လေး ခေါ်ဆောင်ကာ ကမ္ဘာကျော် စီးတီးဟောတွင် ညစာတည်ခင်း ဧည့်ခံကျွေးမွေးခြင်း၊

တရားရေးဝန်ကြီးမှ ဤကဲ့သို့ အရှက်မရှိသောဂိုဏ်းတွင် အရှက်မရှိသော သဘာငတိကြီးရှိမှသာ တင့်တယ်မည်ဖြစ်သောကြောင့် လုံးဝ နှုတ်ထွက်ခွင့်မရှိကြောင်း ထပ်ဆင့် အမိန့်ထုတ်ပြန်လိုက်ခြင်း

ကူးသန်း ၀န်ကြီး PA PwaGyi မှ သဘာပတိ(ချစ်လှစွာသော အစ်ကိုကြီး)၏ နှုတ်ထွက်ခွင့် အား အခြားတာဝန်ရှိသူများ ဆန္ဒကဲ့သို့ပင် ပြင်းထန်စွာ တားမြစ်ပါကြောင်းနှင့် နှုတ်ထွက်ခွင့်လုံးဝ မပြု(လုံးဝ)ကြောင်း အသိပေး ကြေညာလိုက်ခြင်း

ဆည်မြောင်းဝန်ကြီးမှ သဘာငတိ၏ နှုတ်ထွက်စာအား ဗီရှည်အာနာသုံးပြီးပယ်ချလိုက်ခြင်း၊

စသော အကြောင်းကြောင့် သဘာပတိအရင်းခေါက်ခေါက်သည် အားလုံးသော အဖွဲ့သားရဲ့ ဆန္ဒအရ သနားငဲ့ညှာသောအားဖြင့် ရုပ်တည်နဲ့ ပြန်လည်ရာထူး လက်ခံကြောင်းပြောကြား၍
နာယက၊ ငှက်ကထ၊ တွင်း၁၊ တွင်း ၂၊ အမှုရှောင်၊ အသင်းသားချုပ်၊ အကျန်ပေး၊ မွေး၊မြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၊ ပညာရေးဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီး၊ တရားစီရင်ရေး ၀န်ကြီး၊ ဆည်မြောင်းဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးချုပ်၊ လယ်ယာပြန်စားရေးဝန်ကြီးနှင့် အသင်းသားအဆုံး အားလုံးသော အဖွဲ့သားတွေကို အနှုးအညွှတ်တောင်းပန်အပ်ပါတယ်။ အားလုံးကို စိတ်ပူအောင်လုပ်သလို ဖြစ်သွားတဲ့အတွက် ရင်ထဲက လှိုက်လှိုက်လှဲလှဲကို တောင်းပန်ပါတယ်။ အခုလို ဂရုတစိုက်ရှိကျတဲ့အတွက်လဲ ကျတော်သဘာပတိအရင်းခေါက်ခေါက်မှ မဖေါ်ပြတတ်အောင် ၀မ်းသာပါတယ်။ ထိုကြောင့် သဘာပတိအရင်းခေါက်ခါက်အား ထောပနာပြုချင်ပါက ပိုးစိုးပက်စပ်၊ အားမနာပါးမနာသာ ပြုပါလို့ ဒီစင်မြင့်ပေါ်ကနေ တောင်းပန်လွှာဖတ်ကြားလိုက်ပါတယ်။ ( ဒါကတကယ် ရင်ထဲက တောင်းပန်တာပါ။ အားလုံးသော ညီအစ်ကိုမောင်နှမတွေကို ရင်ထဲက လှိုက်လှိုက်လှဲလှဲတောင်းပန်ပြီး၊ ၀မ်းသာအားရ ပျော်ရွှင်စွာရေးသားလိုက်ပါသည်။ ကျတော် ဆောင်ပုဒ်အတိုင်း
မှန်ပါက ရုပ်ချောရပါလို၏။
အမှားပါခဲ့ပါက ဒီရူးပေါဂိုဏ်းတွင် အချောဆုံးဖြစ်ရပါလို၏
)

ပုံ/ သဘာပတိ၏ ပြောရေးဆိုခွင့်ရှိသူ နောက်တစ်ဦး ဖိုးဂျယ်
(နောက်တခါမှားရင်တော့ လွှဲချစရာလူမရှိတော့ဘူး တေပီဆရာ)

Saturday, December 13, 2008

နာယကဂျီး၏ စေ့စပ်ဖြန်ဖြေရေး ခရီးစဉ် အီလည်စွာပြီးစီး။

နာယကဂျီး၏ စေ့စပ်ဖြန်ဖြေရေး ခရီးစဉ် အီလည်စွာပြီးစီး။

ပြန်လည်ရောက်ရှိ။ ။ ရူးပေါဂိုဏ်း နာယကဂျီးသည် အရေးပေါ်အခြေအနေအရ စင်ကာပူနိုင်ငံရှိ ရူးပေါဂိုဏ်းဝန်ဂျီးများနှင့် သွားရောက်တွေ့ဆုံကာ လိုအပ်သည်များကိုမှာစား၍ ဒီဇင်ဘာ ၁၁ ရက် ဒေသစံတော်ချိန် ၁၀ နာရီ မိနစ် ၂၀ အချိန်၌ သီးသန့်လေယာဉ်ဖြင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ပြန်လည် ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။

ကြိုဆိုနှုတ်ဆက်။ ။ ဒီဇင်ဘာ ၆ ရက်နေ့ နေ့လယ်က နာယကဂျီးအား စင်ကာပူနိုင်ငံအခြေစိုက် သဘာငတိ ဂျယ်၊ တွင်းတူးလိန်၊ အသင်းသားဂျုပ်ခေါင်တို့က ကြိုဆိုနှုတ်ခွန်းဆက်ကာ ကမ္ဘာကျော် စီးတီးဟော၌ နေ့လယ် လက်ဘက်ရည်ပွဲဖြင့် တည်ခင်းဧည့်ခံရာတွင် တွင်းတူးလိန်က လိန်ဖယ်လိန်ဖယ်နှင့် နာရကဂျီးအတွက် ဝယ်ထားသည့် ဗူးသီးကြော်တပွဲကို တိတ်တဆိတ် ပါဆယ်ဆွဲသွားခဲ့သည်။

မှတ်တမ်းဓာတ်ပုံများရိုက်ကူး။ ။ ၎င်းနေ့တွင်ပင် စီးတီးဟော အပေါ်ထပ်၌ မှတ်တမ်းဓာတ်ပုံများကို အောင်မြင်စွာ ရိုက်ကူးခဲ့ပြီး အလွန်အလုပ်များသော နာယကဂျီးနှင့် လျှို့ဝှက်တွေ့ဆုံလိုသူတို့ကို တွေ့ဆုံပေးခဲ့ကြောင်း သတင်းရရှိသည်။

နေ့လယ်စာနှင့် တည်ခင်းဧည့်ခံ။ ။ ဒီဇင်ဘာ ၇ ရက်နေ့တွင် အလွန်လျှို့ဝှက်စွာ သွားလာ လိုသော နာယကဂျီး၏ အလိုအရ တိတ်တဆိတ် အလွန်လူရှုပ်သောစီးတီ်းဟောတွင် ချိန်းဆို၍ နာယကဂျီး တည်ခင်းဧည့်ခံသော နေ့လယ်စာကို မြိန်ယှက်စွာ စားသုံးကြသည်။ ထိုသို့စားသုံးနေစဉ် အလွန်သေးငယ်သော တရားရေးဝန်ကြီးရောက်ရှိလာရာ နာယကဂျီးက ကလေးအလုပ်သမား အက်ဥပဒေနှင့် ညိစွန်းနေသောကြောင့် တရားရေးဝန်ကြီး၏ လက်ရှိအလုပ်ရှင်ကို တရားစွဲရန် ညွန်ကြားချက်ပေးခဲ့သည်။ ဆက်လက်၍ ၎င်းနေ့ကမှ ပြူးတူးပြာတာနှင့် ရောက်ရှိလာသော နိုင်ဂံဂျားရေး ဝန်ကြီး အနေခက်မည်စိုးသောကြောင့် မျက်နှာလွှဲထားပေးရာ ၎င်းမှာ တကယ်ရှက်ခြင်း မဟုတ်ဘဲ ရှက်ချင်ယောင်ဆောင်နေခြင်းသာဖြစ်ပြီး နာယကဂျီးမျက်နှာလွှဲလိုက်သည်နှင့် လက်ဖက်သုပ် ပန်းကန်ကို အတင်းဆွဲယူကာ ပလုပ်ပလောင်းစားနေကြောင်း ... ထို့ပြင် ဒူးပြဲနေသော အသင်းသားချုပ်ကို နောက်မှရောက်လာသော တွင်းတူးလိန်က ဓာတ်ပုံဖြင့် မှတ်တမ်းတင်လိုက် ကြောင်း ... သဘာငတိမှာ အမြဲတစေ ခေါ်မကြားအော်မကြားရပ်ဝန်းတွင် ရောက်ရှိနေတတ်သဖြင့် ဖုန်းကိုသေချာဖွင့်ထားရန် နာယကဂျီးက မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

အလုပ်အလွန်ရှုပ်သောနာယကဂျီးနှင့် ဝန်ကြီးအဖွဲ့သည် လိန်ဖယ်လိန်ဖယ်နှင့် ဓာတ်တိုင်သဖွယ် ရှေ့မှဦးဆောင် ခေါ်ဆောင်သွားသော တွင်းတူးဦးဆောင်ရာနောက် ယောင်လည်လည် လိုက်ပါ သွားကြပြီးနောက် ၎င်းဝယ်ချင်ရာဝယ်သည့်နေရာတွင် မှတ်တမ်းဓာတ်ပုံများကို ထပ်မံရိုက်ကူး ကြသည်။

အစည်းအဝေးကျင်းပ။ ။ အလွန်တိကျသေချာသော အသင်းသားဂျုပ်၏ စီမံခန့်ခွဲမှုအရ အိုင်အမ်အမ် စင်တာတွင် အစည်းအဝေးသွားရောက်ကျင်းပခဲ့ရာ၌ ငွေကုန်ကြေးကျ အသက်သာ ဆုံးနည်းကို အသုံးပြုနိုင်ခဲ့သောကြောင့် နာရကဂျီးက အသင်းသားဂျုပ်ကို ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။ ၎င်းဂုဏ်ပြုမှတ်တမ်းလွှာတွင် အသင်းငွေကြေး ကုန်ကျမည်စိုးသဖြင့် အိုင်အမ်အမ် တွင် အလုပ်လုပ်နေသော အသင်းသားဂျုပ်၏ သူငယ်ချင်း တဦးကို ဝန်ဂျီးများစားသောက်ထားသမျှ ရှင်းလင်းပေးရန် ပြောကြားနိုင်သော အသင်းသားဂျုပ်အတွက် ရူးပေါဂိုဏ်းကြီးကိုယ်စား နာယကဂျီးက ဂုဏ်ယူကြောင်း ဖော်ပြထားသည်။

အစည်းအဝေးကျင်းပရာတွင် မူလစီစဉ်ထားသော ချစ်ကြည်ရေးခရီးစဉ် တခုတည်း မဟုတ်တော့ဘဲ အရေးပေါ်အခြေအနေအရ ဘလော့ဂါများ၏ ပထမကမ္ဘာစစ်ကိစ္စကို ဖြေရှင်းရန်၊ ရူးပေါဂိုဏ်းကြီး အနေနှင့် မည်သည့်ဘက်တွင်မှ ရပ်တည်ခြင်းမပြုဘဲ ကုလပေါမဂ္ဂအဖြစ် ကြားဝင်ချွန်တွန်းလုပ်ရန်၊ အတို့အထောင် အလုပ်ကို တွင်းတူးကစတင်ပြုလုပ်ရန်၊ ငှက်ကထကြီးနှင့် နာယကဂျီးတို့ ၂ ဦး လျှို့ဝှက်ဆွေးနွေးခဲ့သမျှကို အစည်းအဝေး၌ တင်ပြရာ သဘာငတိက သမ်းဝေရင်း ပျင်းရိစွာ ထောက်ခံစကားပြောကြားသည်။

အစည်းအဝေးတွင် တွင်းတူးက ၎င်းမှာစားထားသော ရေခဲသုတ်ကို မကြိုက်သဖြင့် နာယကဂျီး၏ စတော်ဘယ်ရီရေခဲမုန့်ခွက်ကို လှမ်းနှိုက်ရာ နာယကဂျီးက သဘောထားကြီးစွာဖြင့် လုံးဝမကြွေးဘဲ တယောက်ထဲ ကုန်အောင်စားလိုက်ကြောင်း၊ အသင်းသားဂျုပ်၏ ဒူးရင်းသီးရေခဲမုန့်ကို သဘာငတိက စားချင်သဖြင့် မျက်နှာချိုသွေးရာ အသင်းသားဂျုပ်က နားဖာကလော်ဖြင့် ၂ ကလော်တိတိ ရက်ရောခဲ့ ကြောင်း သတင်းရရှိပါသည်။

အချိန်လု၍အလုပ်လုပ်နေရသော နာယကဂျီးမှာ စည်းဝေးတည်ရှိရာနေရာမှ တွင်းတူး၏ လိုက်ပါပို့ဆောင်မှုဖြင့် ဂျူရောင်းအိစ် အမ်အာရ်တီသို့ ကောင်းမွန်စွာ ရောက်ရှိခဲ့ပြီး ၎င်းညတွင် အိုင်စီရှိုးကို စင်နောက်မှ ပိုက်ဆံမပေးဘဲ ဝင်ရောက်ကြည့်ရှုနိုင်ခဲ့ကြောင်း သိရသည်။

နာယကဂျီးပြန်လည်ထွက်ခွာသွားချိန်တွင် သဘာငတိ၊ အသင်းသားဂျုပ်နှင့် နိုင်ဂံဂျားရေးဝန်ကြီးတို့ သုံးဦးမှာ အသင်းသားဂျုပ် ဝတ်ဆင်ထားသော ဒူးပြဲ နေသည့် ဂျင်းဘောင်းဘီ ပြဿနာ၊ သဘာငတိ လယ်ပင်း၌ ချိတ်ဆွဲထားသော အသံမထွက်သည့် နားကြပ်ပြဿနာနှင့် နိုင်ဂံခြားရေးဝန်ကြီး ပြည်တော် ပြန်မည့် ကိစ္စရပ်များကို အပြင်းအထန်ငြင်းခုန်ခဲ့ကြကြောင်း၊ ထိုသို့ငြင်းခုန်ရာတွင် နိုင်ဂံခြားရေးဝန်ကြီး မှာ အသင်းသားဂျုပ်လက်ချက်ဖြင့် နဖူးတွင် ဘုသီးထွက်ခဲ့သဖြင့် အခဲမကြေသောကြောင့် ညတွင်းချင်း ပို့စ်တခု ရေးတင်ကြောင်း၊ သဘာငတိမှာ ၎င်းတို့ ၂ ဦးကြား ဝင်ရောက်ဖြေရှင်းရင်း သတိလစ်မေ့မျော သွားရာ တရက်တိတိ ခေါ်မကြားအော်မကြား ဖြစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

နာယကဂျီး မပြန်မီ ၂ ရက်တွင် ဆည်မြောင်းဝန်ကြီးနှင့် တွေ့ဆုံရန် စီးတီးဟော၌ ချိန်းဆိုထားရာ အသင်းသားဂျုပ်နှင့် တွင်းတူးတို့ပါ လိုက်ပါလာခဲ့ပြီး ၎င်းတို့သုံးဦး ညနေစာစားနေသည်ကို နာယကဂျီးက ထိုင်ကြည့်နေခဲ့သည်ဟု သိရပါသည်။ ထို့နောက်ဆည်မြောင်းဝန်ကြီးကို လိုအပ်သည်များ မှာစား၍ ကိုယ့်ပိုက်ဆံကိုယ်ရှင်းရန် ပြောကြားပြီး နာယကဂျီး ပြန်လည် ထွက်ခွာ ခဲ့သည်။

နာယကဂျီး ဌာနေပြန်ချိန်တွင် နိုင်ဂံခြားရေးဝန်ဂျီးမှာ မြန်မာပြည်သို့ တရက်စောကာ ထွက်ခွာ သွားပြီဖြစ်ကြောင်း၊ သဘာငတိမှာ အိပ်မောကျပြီး ဟောက်နေကြောင်း၊ အသင်းသားဂျုပ်မှာ နာယကဂျီးကို လိုက်လံဧည့်ခံရသောကြောင့် ခေါင်းကိုက်ဝေဒနာ ပြင်းထန်စွာ ခံစားနေရကြောင်း၊ တွင်းတူးလိန်မှာ လိန်ဖယ်လိန်ဖယ်နှင့် ထမင်းအိုးသွားတည်နေသောကြောင့် ဘာမှမသိလိုက်ရကြောင်း သတင်းရရှိသည်။ နာယကဂျီး ပြန်သွားချိန်တွင် စင်ကာပူအခြေစိုက် ဝန်ကြီးများ တဦးနှင့် တဦး ချစ်ကြည်ရင်းနှီးစွာ နေထိုင်ရစ်ကြရန် မှာသွားသည်ကို နားထောင်သောအားဖြင့် အသင်းသားဂျုပ်က တဘက် သဘာငတိနှင့် တွင်းတူးကတဘက် စီးတီးဟော၌ချိန်းဆို ရန်ဖြစ်ကြရာ နာယကဂျီး၏ စေ့စပ် ဖြန်ဖြေရေး ခရီးစဉ် အီလည်စွာ ပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။

ဓာတ်ပုံ။ ။ မြန်မာ့ အမှောင် (မှောင်နေလို့ ဘာမှမမြင်ရတာကို နားလည်ကြပါကုန်)
နာယကဂျီး၏ ပီအက်စ်အို မှတ်တမ်းပြုစုသည်။

နှုတ်ထွက်စာလျှောက်ထားခြင်း

အကြောင်းအရာ ။ ။ နာယကကြီးနဲ့ ဥက္ကဌအား နှုတ်ထွက်စာ လက်ခံရန် ရိုသေစွာ လျှောက်ထားခြင်း
ရည်ညွှန်းချက် ။ ။ သဘာပတိမှာ အနေမတတ်သဖြင့် ဂိုဏ်းကြီးအား အရှက်ရစေခြင်း

စာကိုယ် ။ ။ သဘာပတိဖြစ်သော ကျတော်ခပ်ပိန်းပိန်းကောင်လေးသည် အနေအထိုင် မတတ်သဖြင့် ငပေါဂိုဏ်းကြီးအား အရှက်အကြီးအကျယ်ရစေသဖြင့် သဘာပတိ ရာထူးမှ ကိုယ့်ကိုကိုယ် ရှက်လွန်းသဖြင့် ကိုယ်သဘောနဲ့ ကိုယ် နှုတ်ထွက်ပါသည်။ ထိုင်းဝန်ကြီးလို့ ရုပ်တည်ဖြင့် အရှက်မရှိ မနေတတ်သဖြင့် နှုတ်ထွက်ပါသည်။ ယနေ့မှ စ၍ ဤ ငပေါဂေဟာကြီးနှင့် ကျတော်ခပ်ပိန်းပိန်းကောင်လေး ဖိုးဂျယ် (သဘာပတိဟောင်း)သည် လားလားမျှ မသက်ဆိုင်တော့ကြောင်း သဘာပတိဟောင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဘေထယ်ရောင်းမှ ပြောကြားလိုက်ပြီး ကျတော် ခပ်ပိန်းပိန်းကောင်လေး ဖိုးဂျယ်မှ ဥက္ကဌသို့ ဦးတိုက်လျှောက်ထားလိုက်ပါသည်။ ကျတော်ကြောင့် ဂိုဏ်းကြီး အရှက်ရ နစ်နာစေသည့် အတွက် အားလုံးသော အဖွဲ့သားများအား ရိုသေလေးစားစွာ အနှုးအညွှတ်တောင်းပန်အပ်ပါသည်။ နောက်နောင် ယခုလိုအရှက်ရစေမည့် အဖြစ်မျိုး မဖြစ်စေရန် ကျတော် (သဘာပတိဟောင်း)မှ စံပြအဖြစ် နှုတ်ထွက်ပါသည်။ ငပေါဂိုဏ်းကြီး ယခုထက်မက အောင်မြင်ကျော်ကြားပါစေလို့ ရင်ထဲက ဆန္ဒအမှန်ဖြင့် ဆုတောင်းရင်း ခပ်ပိန်းပိန်းကောင်လေးဖိုးဂျယ်မှ အားလုံးသော အဖွဲ့သားများအား ၀မ်းနည်းစွာ နှုတ်ဆက်အပ်ပါသည်။ အဖွဲ့သားများ ကျတော့်အိမ်ကိုတော့ မကြာခဏ လာရောက်လည်ပတ်ကြပါလို့ ဖိတ်ခေါ်ပါသည်။

အားလုံးကို ခင်မင်လေးစားစွာဖြင့်
ပုံ/
ဘေထယ်ရောင်း

ငပေါဂိုဏ်း ငှက္ကဋ္ဌကြီး၏ ဖျန်ဖြေစေ့စပ်ရေး သဝန်လွှာ

ပေါဘလော့သူ၊ ပေါဘလော့သား အပေါင်းတို့ ခင်ဗျား…
ဒီဇင်ဘာ ၇ရက် ဒေသစံတော်ချိန် ၁၀နာရီ ၂၆ မိနစ်တွင် ဗိုလ်ချုပ်ကြီးအိမ် စတင်ခဲ့သော ဘလော့ဂ်ဂါ စစ်မီးသည် ဒီဇင်ဘာ ၁၂ရက်နေ့ ဒေသစံတော်ချိန် ၁၂နာရီ ၁၆မိနစ်တွင် ကျွန်ုပ်တို့ ငပေါနိုင်ငံတော်ကြီးအား ကူးစက်ခြေပြီ…။ မူလအစက ကျွန်ုပ်ငပေါ ငှက္ကဋ္ဌကြီးအနေဖြင့် စစ်မီးငြိမ်းအံ့နိုး ငြိမ်းအံ့နိုးဖြင့် ဘေးထိုင် ဘိုင်ကျ အသာမျက်လွှာချနေခဲ့သော်လည်း… ယခုငပေါနိုင်ငံတော်အတွင်း၌ပင် ဝန်ကြီးများအတွင်း ဟိုဘက်ဒီဘက် သက်ဆိုင်ရာဘက်များသို့ အလျိုလျိုပါဝင် စစ်ပြင်ဆင်နေကြခြင်းကြောင့် ငပေါငှက္ကဋ္ဌတစ်ယောက်အနေဖြင့် ကြားဝင်ခွတုတ်ခလောက်ဆန်ရန် လိုအပ်သည်ဟု ထင်မြင်ယူဆသည့်အလျောက်... ကြားဝင်ခဲ့ရပေသည်…။
ကျွန်ုပ်ငပေါငှက္ကဋ္ဌကြီးသည် ငပေါနိုင်ငံငြိမ်းချမ်းသာယာခေတ်မီဖွံ့ဖြိုးတိုးတက်စေရန်နှင့် ငပေါဘလော့လောက အေးချမ်းရေးကို စွမ်းစွမ်းတမံဆောင်ရွက်လေ့ရှိကြောင်း ငပေါတိုင်းသိပြီးဖြစ်ပေသည်။ ထို့ကြောင့် ယခုအခင်းကြီးတွင်လဲ တတ်နိုင်သလောက်စွမ်းစွမ်းတမံဆောင်ရွက်သွားမည်ဖြစ်ပါသည်..။
ယခုအရေးအခင်းကြီးတွင် ဘလော့ဂ်ဂါ ကိုကိုများမှစတင်ခဲ့ခြင်းဖြစ်သော်လည်း အားနွဲ့သောယောင်္ကျားသား တစ်ယောက်ထဲကို မဟာမိတ်မမများမှ ဝိုင်းဝန်းတိုက်ခိုက်ရာမှ အခြားဆိုင်ရာဆိုင်ရာမဟာမိတ်နိုင်ငံများပါဝင် လာရာမှ ပြဿနာကြီးထွားလာပြီး ငပေါနိုင်ငံတွင်ပါ အကွဲအပြဲများဖြစ်ပေါ်ခဲ့သည့်အတွက် ပြန်လည်တိုက်ခိုက်ကြသော မဟာမိတ်မမများတွင်လဲ တာဝန်ရှိပေသည်…။ စင်စစ်မှာ ငပေါဘလော့လောကအေးချမ်းရေးအတွက် အားလုံးတာဝန်ရှိသည် မဟုတ်တုံလော (ဟီဟိ)…။
ယခုအခါတွင်မတော့ မဟာမိတ်မမများဘက်မှ ဘလော့ဂ်ဂါကိုကိုတို့ စစ်ရှုံးပြီဟုကြေငြာသော်လည်း ဘလော့ဂ်ဂါကိုကိုတို့မှ တရားဝင်လက်နက်ချခြင်းမရှိရုံမက တချက်တချက်တွင် ပြောက်ကျားစစ်ဖြင့် ပြန်လည်တိုက်ခိုက်နေသေးလျက်ရှိ၏…။ ထို့အတွက် ကျွန်ုပ်ငပေါငှက္ကဋ္ဌကြီးမှ မေတ္တာရပ်ခံလိုသည်မှာ…
-နှစ်ဘက်စလုံးမှတိုက်ခိုက်မှုများကို ရပ်ဆိုင်း၍ စစ်ပြေငြိမ်းကြရန်…။
-ငပေါဂိုဏ်းကြီးမှ ကြီးမှူး၍ ငပေါဘလော့လုံးဆိုင်ရာ ကုလပေါမဂ္ဂအဖွဲ့ကြီးကို ငပေါများစုပေါင်း တည်ထောင်ရန်..။
-ဘလော့ဂါမမများမှ ဘလော့ဂါကိုကိုများစစ်ရှုံးသည်ဟု အရင်ကြေငြာလိုက်သည့်အတွက် အားလုံး ငြိမ်းချမ်းစွာ ဖြေရှင်း၍ နှစ်ဘက်စလုံးလက်နက်ရုပ်သိမ်းရန်…။
-စစ်ရှူံးသည်ဟု ကြေငြာခံရသော ဘလော့ဂ်ဂါကိုကိုများမှ စစ်လျော်ကြေးအဖြစ် မမများထံသို့ ရည်းစားစာ သက်စေ့ပေးအပ်ရန်..။
-စစ်လျော်ကြေးရရှိသည့် ဘက်မှ စစ်ရှုံးသူများအား ဘလော့ဂ်ဂါခြင်းစာနာမှူအကူအညီအဖြစ် … အာဘွားရှလူး သက်စေ့လုပ်ပေးရန်…။
-ငြိမ်းချမ်းရေး လှုပ်ရှားဆောင်ရွက်သော ကျွန်ုပ်ငပေါငှက္ကဋ္ဌကြီးအား ကုလပေါမဂ္ဂခေါင်းဆောင်ကြီးအဖြစ်ခန့်အပ် ခြင်းအားဖြင့် ပေါငြိမ်းချမ်းရေးကို မြတ်နိုးကြရန်…။
-စစ်ထဲပါဝင်ကြသော ပေါဂိုဏ်းသားများကို သဘောထားကြီးရင့်စွာဖြင့် မူလရာထူးပြန်လည်ခန့်အပ်ရန်..။
ဟူသောအချက်များပင်ဖြစ်ပါသည်…။ သဘောတူလက်ခံကြပါက ကုလပေါမဂ္ဂရုံးစိုက်မည့် ငပေါဂေဟာတွင် ငြိမ်းချမ်းရေးဆွေးနွေးကြရန် ဖိတ်ကြားအပ်ပါသည်…။ (ဟီဟီ)

ပုံ
ငှက္ကဋ္ဌ
ငပေါဂိုဏ်းကြီး

Friday, December 12, 2008

ပထမ ကမ္ဘာစစ် စတင်လေပြီ

ပထမကမ္ဘာစစ် (ဘလော့ရပ်ဝန်း) ကို ၂၀၀၈ ခုနှစ် ဒုတိယသတင်းပတ်တွင် တရားဝင်စတင်နေပါပြီ။ စစ်၏ မူလ အရင်းအမြစ်မှာ ဗိုလ်ချုပ်ကြီး အိမ် ဖြစ်ပြီး ဒီဇင်ဘာ ၇ရက်၊ ၂၀၀၈ ခုနှစ်၊ ဒေသစံတော်ချိန် ည ၁၀နာရီ ၂၆မိနစ်တွင် ဘလော့သူလေးများ ကို တိုက်ခိုက်စကား မြွက်ကြားလိုက်ခြင်း ဖြစ်ပါသည်။ တိုက်ပွဲခေါ်သံလေလော။

အဆိုပါကိစ္စနှင့်ပတ်သတ်၍ တော်ဝင်မာန်ကိုထိပါး လာသော ဘလော့ရပ်ဝန်းမှ မိန်းကလေးများကလည်း မဆိုင်းမတွ ဆိုသလို ဒီဇင်ဘာ ၈ရက်နေ့ ဒေသစံတော်ချိန် နေ့လည် ၂နာရီ ၀၈မိနစ်တွင် ဘုရင်မကြီး ပုလဲကုန်း က ဘလော့ဂါ ကိုတော်ချော် ဟူ၍ လည်းကောင်း၊ ဒေသစံတော်ချိန် ည ၈နာရီ ၅၈မိနစ်တွင် ရှရာဗိုဗာ မက်မက် က ရှင်တို့ရူပါ ဟူ၍ လည်းကောင်း၊ ဒီဇင်ဘာ ၉ရက်နေ့ ညနေပိုင်းတွင် တော်ဝင်သခင်မကြီး နေ့အိပ်မက် က ပြန်လည်ချေပ တိုက်ခိုက်ကြရာ ၃နိုင်ငံ မဟာမိတ် တပ်ပေါင်းစုကို ဗိုလ်ချုပ်ကြီ အိမ် က မတွန်းလှန်နိုင်ပဲ တိုက်ပွဲပြီးဆုံးသွားလေပြီဟု UB (United Bloggers) က သုံးသပ်နေစဉ် ဒီဇင်ဘာ ၉ရက် ဒေသစံတော်ချိန် (ဂျပန်စံတော်ချိန်) ၄နာရီ ၄၀မိနစ်တွင် လေလှိုင်းပေါ်မှ လူသတ်သမား ဝေသာလီ ပုဏ္ဏားမကြီး မဝါက တရားဝင်သတင်း ထုတ်ပြန်လိုက်ရာ ခပ်ညံ့ညံ့ နိုင်ငံတော်၏ သခင်ကြီး ဂျူဝသန် က ရပ်ကြည့်မနေနိုင်ပဲ ယနေ့ ဒီဇင်ဘာ ၁၂ရက်နေ့ ဒေသစံတော်ချိန် ၁၂နာရီ ၁၆မိနစ်တွင် တရားဝင်စစ်ကြေငြာလိုက်ကာ ငပေါများနိုင်ငံ အတွင်းရေးမှူး-၂ ဗီလိန်ကို စစ်ဦးစီးချုပ်ခန့်၍ စစ်ပြင်ဆင်စေပြီး စစ်ရေးစည်းရုံးစေရာ ခပ်ပိန်းပိန်းစစ်သူကြီး ဖိုးဂျယ် ပါဝင်ပြီး မကြာခင် အဖွဲ့ဝင်များတိုးလာနိုင်ဖွယ်ရှိကြောင်း စီဘီဂျီ သတင်းဌာနမှ သတင်းထောက် လိန်လိန်က ပြောကြားသွားပါတယ်။

အသေးစိတ်အချက်အလက်မှားကို မဝါသတင်း တွင် လေ့လာဖတ်ရှုနိုင်ကြပါတယ်။

အမည်နာမ ခေါ်ဆိုရန်တင်ပြခြင်း

အင်ထရို -
အသင်းသားလေး ကေလာ တစ်ခါမှ ကွန်ပလိန်း မတက်ဖူးသေးပါ။ ပထမဆုံးအကြိမ် ကွန်ပလိန်းတက်ခြင်း ဖြစ်ပါတယ်။ အရင် ဖတ်ကြည့်ပါ ။ အမှားပါရင် . . . . ထောပနာပြုပါ။
(ဟီး . . . . ကြိတ်ထောပနာပြုမယ့်တူတူ မထူးဘူး ပေါတင်ထောပနာပြုဖို့ပြောလိုက်တော့မယ်)

ဘော်ဒီ -
ဒါက ဒီလို ရှိပါတယ်ခင်ဗျ (ဟိုလိုရှိတာတော့ချန်ထားတယ်)
အနော်က တစ်ဦးတည်းသော အသင်းသားလေး ဖြစ်နေတော့ အားငယ်ပီး ကွန်ပလိန်း တက်ရတာပေါ့။ တင်ပြချင်တာက . . . . နာမည် ကိစ္စပါခင်ဗျာ . . . .

ဥပမာ . . . . အနော်က နာယကကြီးကို . . သူးသူးတာ လို့ ခေါ်ပါတယ် . . . .
(ဆရာမလည်း သိပ်မကြည်ဟု ထင်ပါတယ် ဘာမှတော့ပြောဘူး သူက အုံ့ပုံး . . . . ဟိ)
နောက်တစ်ယောက်က . . . . ခေါင်ခေါင်ပါ . . . . ကုလားဖြူလိုရေးထားတာ . . . . khaung ပါ အနော်က အသံကို အားရပါးရ ထွက်လိုက်တာ . . . . ဂေါင်းဂေါင်း ဖြစ်သွားပါတယ် . . . သူကတော့ ပေါတင်ပဲ . .ထောပနာပြုပါတယ် လဒလေး တဲ့ . . . မနည်း ပြောယူရတယ်. .အနော်က ကေလာလေးပါ . . လဒလေး မဟုတ်ပါလို့ ဒါမယ့် ဘယ်လိုပြောပြာ မရပါဘူး . . . . အနော့်ကို လဒလေးပဲ ခေါ်တော့တယ်
ဗြဲ . . . . (ဗြဲ ဆိုသည်မှာ အသံပြဲကြီးနဲ့ အော်ငိုခြင်း ဖြစ်ပါတယ် . . . .)
နောက်တစ်ယောက်က သဘာပတိပါ။ သူ့ကို ငဂျဲ လို့ ခေါ်လို့ . . . . အနော့် ရုံးခန်းမှာ လာပီး
ဗြဲ . . . . ကနဲ အော်သွားပါတယ်။

အဲ့ဒီအကြောင်း ကြောင်းတွေကြောင့် . . . . အသင်းသားချုပ်နဲ့ ငပေါဂိုဏ်းအကြောင်း ဆွေးနွေးရင်း အိုင်ဒီယာ အသစ်ရပါတယ်။

ငပေါများဂိုဏ်းရှိ လူကြီးမင်းများကို နာမည် အဖျားဆွတ်ခေါ်ရန် ကျတော် အသင်းသားလေး ကေလာမှ တင်ပြ (ကွန်ပလိန်းတက်)အပ် ပါသည်။

ဥက္ကဌအား ပေါအန်ဒီ ဟူ၍လည်းကောင်း၊
နာယကကြီးအား ပေါသူးသူး ဟူ၍လည်းကောင်း၊
သဘာပတိအား ပေါဂျယ် ဟူ၍လည်းကောင်း၊
အတွင်းရေးမှူး-၁အား ပေါမှုး ဟူ၍လည်းကောင်း၊
အတွင်းရေးမှူး-၂အား ပေါဗီ ဟူ၍လည်းကောင်း၊
စည်းရုံးရေးအမှုဆောင်အား ပေါညီ ဟူ၍လည်းကောင်း၊
အသင်းသားချုပ်ကြီးအား ပေါခေါင် ဟူ၍လည်းကောင်း၊
အကြံပေးအရာရှိအား ပေါပြည့် ဟူ၍လည်းကောင်း၊
ပညာရေးဝန်ကြီးအား ပေါဇင် ဟူ၍လည်းကောင်း၊
မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးအား ပေါမွန် ဟူ၍လည်းကောင်း၊
တရားစီရင်ရေး ၀န်ကြီးအား ပေါမင်း ဟူ၍လည်းကောင်း၊
ဆည်မြောင်းဝန်ကြီးအား ပေါဟီးရိုး ဟူ၍လည်းကောင်း၊
ထောက်လှမ်းရေးချုပ်အား ပေါသား ဟူ၍လည်းကောင်း၊
ပြန်ကြားရေးဝန်ကြီးအား ပေါရဲ ဟူ၍လည်းကောင်း၊
ကူးသန်းရောင်းဝယ်ရေးဝန်ကြီးအား ပေါကြီး ဟူ၍လည်းကောင်း၊
နိုင်ငံခြားရေးဝန်ကြီးချုပ်အား ပေါမွှေ ဟူ၍လည်းကောင်း၊
လယ်ယာပြန်စားရေးဝန်ကြီးအား ပေါလယ် ဟူ၍လည်းကောင်း၊
အသင်းသားဖြစ်သော တားတားလေးအား ပေါကေလာ ဟူ၍လည်းကောင်း ခေါ်ဆိုသင့်ကြောင်း ကွန်ပလိန်းတက်လိုက်ပါသည်။

ကျန်အဖွဲ့သားများအား အမည်နာမ မသိသဖြင့် ကိုယ့်နာမည်ရှေ့တွင် လေးစားသမှုဖြင့်
ပေါ
ဘွဲ့ထည့်ပြီး ခေါ်ဆို ကြပါရန် တားတားလေး ပေါကေလာမှ ကွန်ပလိန်းတက်လိုက်ပါသည်။

နိဂုံး -
အဲဒီတော့ကာ . . . .
စသည်ဖြင့်ပေါင်း များစွာဖြင့် ကွန်ပလိန်း တက်လိုက်ရပေးသတည်း . . . .
အားရပါးရ ကိုယ့်နာမည်ကို ပေါ ဘွဲ့ထည့် ကြပါကုန် . . . .

ပုံ/
ဦး ကိုကို တားတားလေး မောင်မောင် ပေါကေလာ

(^_^)

# မှန်ချက်/ သဘာပတိမှ လိုအပ်သည်များ ဖြည့်စွက် မှာစားလိုက်သည်။#

Thursday, December 11, 2008

ညစာစားပွဲ

နာယကကြီးဆီက ဖုန်းဝင်လာတယ်။ ဖုန်းကို ထုံးစံအတိုင်း ပြောရေးဆိုခွင့်ရှိသူ ဘေထယ်ရောင်းက လက်ခံစကားပြောတယ်။ နာယကကြီးက ဒီနေ့ည ၈နာရီလောက် ညစာစားပွဲတစ်ခု စီစဉ်လိုက်ပါတဲ့ ဒါနဲ့ Orchard Roadရှိ နာမည်ကြီး Hotel တစ်ခုမှာ စီစဉ်ခိုင်းလိုက်တယ်။ ဘေကတော့ ထုံးစံအတိုင်း ဂိုဏ်းကြီးရဲ့ ဘဏ္ဏာထဲကပဲ ယူရမှာပေါ့။ နာယကကြီးက တွင်း ၂ ရယ်၊ အသင်းသားချုပ် ရယ်ကို ဖုန်းဆက်ပြီး ချိန်းထားလိုက်ပြီတဲ့ ဒါနဲ့ ညစာစားပွဲရှိတယ်ဆိုတော့ သဘာပတိမှာ ရှိတဲ့ အရေးကြီး ကိစ္စတွေဖြစ်သော ညနေဘက် ရုံးချုပ်၌ အိပ်ခြင်းအမှုကိစ္စကို ရှောင်ရှားပြီးသကာလ ရေချိုးသန့်စင်ပြီး နာမည်ကြီး Desinger သီးသန့် ချုပ်ပေးထားသော ပွဲတက်ဝတ်စုံကို အဆင်သင့်ပြင် ခိုင်းထားပြီး အိမ်လည်ခြင်း အမှုကိစ္စကို ပြုလုပ်နေလေသည်။ ညစာကလဲ Hotel ကျမှ အ၀တီးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။ ဒါနဲ့ Iphoneကို ဘေးနားထားလိုက်တယ် ဒီတခါတော့ နာယကဆက်ရင် သဘာပတိကိုယ်တိုင်ကိုင်မှ ကောင်းတော့မှာလေ ပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့ ကျတော်ပဲ ကိုင်နေရင် မလေးစားရာကျမယ်ဆိုတာ နားလည်တယ်လေ။ ဒါနဲ့ တရားရေးဝန်ကြီးကလဲ အိမ်မှာ ကြမ်းတိုက်၊ အ၀တ်လျှော်၊ ပန်းကန်ဆေးစရာတွေ ရှိသောကြောင့် နှင့် အိမ်သားတွေ စားထားသော အကျန်တွေ မသွန်ခင် အမှီပြန်ရမှာ ဖြစ်သောကြောင့် မလာနိုင်ကြောင်း၊ ဒါကြောင့် သူ့ကို နားလည် ခွင့်လွှတ်စေချင်ကြောင်း အစီရင်ခံလေသောကြောင့် သဘာပတိမှ သဘောထားကြီးစွာ နားလည် ခွင့်လွှတ်ပေးလိုက်သည်။ ဒါနဲ့ နာယကကြီးက ၈နာရီ ၀န်းကျင်လောက် ဖုန်းဆက်လာတယ် အသင်းသားချုပ်ကြီးက MRT Cadr ထဲကို Top-up မလုပ်တတ် Bank Cardကလဲ မရှိဘူး၊ ပိုက်ပိုက်ကလဲ မရှိ။ ရန်ကုန်မှလို ဒီရောက်မှရှင်းမယ် လုပ်လို့မရဘူးလေ။ သဘာပတိက ကားလွှတ်ပေးမယ်ဆိုတော့ သူနေတဲ့ နေရာကို မပြောတတ်။ သဘာပတိ အိမ်မှာက Ferrari/ Lamborghini / Audi ကြိုက်တဲ့ကား လွှတ်ပေးလို့ရတယ်။ ခက်တာက အသင်းသားချုပ်က ကိုယ်နေတဲ့နေရာ မသိတာပဲ။ အဲ့လောက်တောင် တုံးတဲ့ အသင်းသားချုပ်။ ငပေါဂိုဏ်းကြီးကို သဘာပတိက ထိမ်းထားရတာ ထားပါတော့လေ သိပ်အရေးမကြီးတဲ့ ပွဲပဲလေ အခုပွဲက နာယကနဲ့ တွေ့ဆုံရင်းနှီးယုံပဲလေ။ ဒါနဲ့ အ၀တ်စားလဲပြီး ဂိုဒေါင်ထဲက Ferrari အနီရောင်တစ်စီး ထုတ်ခိုင်းလိုက်တယ်။ ကားကတော့ သဘပတိက ကိုယ်တိုင်မောင်းရမှ ကျေနပ်တာဆိုတော့ သဘာပတိကိုယ်တိုင်ပဲ မောင်းသွားတယ်။ နာယကကို သွားကြိုမလို့လေ နာယကကြီးက သိပ်မသွားတတ်ဘူး။ ရောက်တာ မကြာသေးတော့ မသွားတတ်မလာတတ် ရုံးကို လာတာတောင် လမ်းပျောက်နေတတ်တယ်။ ဒါနဲ့ လမ်းတ၀က်ရောက်တော့ နာယကကြီးက သဘာပတိရဲ့ Iphoneကို ဖုန်းဆက်လာတယ်။ တွင်း ၂က အီးပေါက်ရင်း ပစ်လှဲရာကနေ ခေါင်းကိုက်၊ နှာစေး၊ လည်ချောင်းနာ၊ ကိုယ်နွေး၊ လေးဘက်နာ၊ ကျပ်မပြည့်စတဲ့ ရောဂါတွေကြောင့် ညစာစားပွဲကို မတက်ရောက်နိုင်ကြောင်း သတင်းပို့တဲ့ အကြောင်းပြောပြတယ်။ ထို့ကြောင့် ညစာစားပွဲကို ၀မ်းနည်းစွာနဲ့ ဖျက်သိမ်းဖို့ အမိန့်ပေးလာတယ်။ သဘာပတိကလဲ အစောတည်းက ထင်ထားကြောင်း ပြောပြတယ်။ ဒါကြောင့် ၀မ်းနည်းသော်လဲ ကြိုတင် တွေးဆထားသောကြောင့် သိပ်မခံစားရကြောင်း ကျတော်ကို ၀မ်းနည်းသံကြီးနဲ့ ပြောပြတယ်။ ဒါနဲ့ နီးစပ်ရာ Restaurant တခုကိုပဲ ၀င်ပြီး ညစာကို တစ်ယောက်တည်း အ၀ကြိတ်ပြီး ရှက်ရှက်နဲ့ အိမ်ပြန်လာတယ်။ အိမ်က လူတွေကို မတော်တဆ ညနက်ပါက စိတ်မပူဖို့နဲ့ ဖုန်းဆက်မယ်ဖြစ်ကြောင်း အစီရင်ခံ ပြောဆိုခဲ့သောကြောင့်ဖြစ်သည်။ တီ . . . တီ . . . . ဒါနဲ့ ရုတ်တရက် ဖုန်းသံကြောင့် လန့်နိုးလာတယ်။ ကျတော့်ရဲ့ ဖုန်းဆိုမှ ဘုရားဆူးဖုန်းလေ တခါတခါ အသံတောင် မကြားရတတ်ဘူး။ အော် ငါအိမ်မက် မက်နေတာပါလားပေါ့။ ဒါနဲ့ နည်းနည်းတော့ ၀မ်းသာသွားတယ် ဟုတ်တယ်လေ အိမ်မက်ထဲမှာ ကိုယ်လိုချင်တာတွေ တ၀ကြီးမက်လိုက်ရတာ လူဖြစ်ရကျိုး နပ်ပါဘိပေါ့။

Tuesday, December 9, 2008

တရားစီရင်ရေးဝန်ကြီးမှ အပြစ်ဒဏ်ချမှတ်ခြင်း

လတ်တလော အဖြစ်အပျက်များအရ အားလုံးလဲသိပြီးလောက်ပါပြီ… သဘာငတိခေါင်းရှောင်၍ နာယကဂျီးနှင့် နိုင်ငံခြားရေးဝံကြီး တို့သုံးဦးပူးပေါင်းကာ… တရားစီရင်ရေးဝန်ကြီးဖြစ်သော ယမမင်းကို ပက်ပက်စက်စက် အသေရေဖျက်ထားကြကြောင်းတွေ့ရှိရပါသည်။

တွေ့ဆုံဆွေးနွေးပွဲ အမှတ်စဉ်- ၀၀၀၀၀၀၀၀၀၀၁/၂၀၀၀၈ (စင်ကာပူ)အရ တရားစီရင်ရေးဝန်ကြီးအား အကောင်သေးသည်ဟု သွယ်ဝိုက်ပြောထားကြောင်း အထင်အရှားတွေ့ရှိရသည်။ အမှန်မှာ တရားစီရင်ရေးဝန်ကြီးသည် အကောင်သေးခြင်းမဟုတ် ခန္ဓာကိုယ် သွယ်လျပြီး ချစ်စဖွယ်ကောင်းခြင်းဖြစ်သည်။ ဤကဲ့သို့ အကောင်သေးကြောင်းကို ထုတ်ဖော်ပြောကြားခြင်းဖြင့် တရားစီရင်ရေးဝန်ကြီးအား အသင်းသား များနှင့် ပြည်သူလူထုက မည်သို့ ထင်ကြမည်နည်း။ ယမမင်းအား အကောင်သေးသည် ကြောက်စရာမလိုဟု တွေးကြမည်… အထင်သေးကြမည်။ ထိုကဲ့သို့ အကျိုးဆက်များကြောင့် ရာထူးပြုတ်လျှင် … သဘာငတိနဲ့ နာယဂဂျီးတို့က တင်ကျွေးထားမလားပြော။ ထို့ကြောင့် နောင်လာနောင်သားများ ယမမင်းအား အသရေ မဖျက်ရဲကြအောင် နမူနာအနေဖြင့် သဘာငတိနှင့် နာယဂဂျီးအား အပြစ်ဒဏ်ချမှတ်ရတော့မည်။

ထို့တင်မက နိုင်ငံခြားရေးဝံဂျီးရေးသားသော ကိုယ်တွေ့ဖြစ်ရပ်မှန်သတင်းအရ တရားစီရင်ရေးဝန်ကြီးမှာ အသက်(၁၈) နှစ်မပြည့်သေးဟု ထုတ်ဖော်ပြောကြားထားကြောင်းတွေ့ရသည်။ ကိုယ်ရေးကိုယ်တာ ကိစ္စကို ၀င်ရောက်စွက်ဖက်ရာရောက်ရုံသာမက အသက်ငယ်သဖြင့် မထီလေးစားပြုရာပါရောက်ပေသည်။ ထို့အပြင် ယမမင်း၏ ချောမောလှပသော ရုပ်ရည်ကို မကြည့်တတ် မခံစားတတ်ပဲ မျောက်နှင့် ဆင်တူ သည်ဟု တိရိစ္ဆာန်၂ကောင်ပေါင်းကာ မဟုတ်တရုတ် လျှောက်ရေးထားသောကြောင့် အသားအရေ ဖျက်မှု အဲ … ဟုတ်ပေါင်… အသရေဖျက်မှုမျောက်ပေသည်။ ထို့ကြောင့် နိုင်ငံခြားရေးဝံကြီးကိုပါ နောင်အခါ ပါးစပ်စည်းမစောင့်ပဲ အမှန်တွေလျှောက်မဖွမိစေရန် အပြစ်ဒဏ်ချမှတ်ရပေတော့မည်။
နောင်လာနောင်သားများ သတိမူနိုင်ကြပါစေကုန်…

ပြစ်ဒဏ်များမှာ အောက်ပါအတိုင်းဖြစ်ပေသည်။

၁) ခေါင်းရှောင်သဘာငတိ - အမြင်ကတ်မှု ပုဒ်မ (၀၀၀) အရ - တရားစီရင်ရေးဝန်ကြီး စားသမျှလိုက်ရှင်းရန် (ပိုက်ဆံဖြင့်သာမက)

၂) နာယဂဂျီး - အသရေဖျက်မှု ပုဒ်မ (၁၁၁) အရ - ဖုန်းနှင့် နားကို လုံးဝ မခွာခွင့်ရန် (လေလှိုင်းပေါ်တွင် မနားတမ်း စကားပြောနေရန်)

၃) နိုင်ငံခြားရေးဝံဂျီး - မဟုတ်မမှန်သတင်းများဖြန့်ဝေသဖြင့် စကားဖောင်းပွမှု ပုဒ်မ (၃၄၃) အရ မသေမချင်း ဘူး…ဘူး မှုတ်နေရန် (ပါးစပ်ဖောင်းပွကာ သူများအကြောင်း မပြောနိုင်ရန်)

ပုံ/-တရားစီရင်ရေးဝန်ကြီး ရဲ့ ပြောရေးဆိုခွင့်ရှိသူ
ယမမင်းလေး

လျှောက်လွှာလက်ခံခြင်း (၁၁)

သို့
လေးစားရပါသော သဘာပတိ

အကြောင်းအရာ။ ။ အဖွဲ့ဝင်အဖြစ် လျှောက်ထားခြင်း
ရည်ညွှန်းချက်။ ။ သဘာပတိကြီး၏ ၈-၁၂-၂၀၀၈ ရက်နေ့ ၀၉၀၆ အချိန်ပို့ massages ကိုညွှန်း

၁။ ကျွန်တော့်ကို ရန်ကုန်မှာ မွေးခဲ့ပေမယ့် ကျွန်တော် ၇-နှစ်သားခန့်မှာပဲ မိဘတွေက တောပြောင်းပြီး၊ စကောရောင်း..အပြော မကောင်းတာနဲ့ပဲ.. ကျွန်တော်က မြို့ပေါ်ကိုပြန်ရောက်.......
၂။ ငယ်စဉ် ကျောင်းတက်ရင်းနဲ့တုန်းကတော့.. ရည်မှန်းချက် ထားခဲ့ပါတယ်။
ဆရာဝန်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်... လူရည်ချွန်ဖြစ်ဖို့ ကျွန်တော် ကြိုးစားမည်.... ဗမာ့သားကောင်းဇာနည် စစ်သားကြီးကို ကျွန်တော်မျှော်မှန်းသည်.... ပေါ့..... ဒါကြောင့်လည်း ကြိုစားတယ်ပဲပြောပြော အတန်းထဲမှာ နောက်ဆုံးကနေ ရေတွက်မယ်ဆိုရင် ...
အမြဲတမ်း 1 to 10 ၀င်ခဲ့တယ်လေ။ (ဒါတောင် ကြွားတာ မပါသေးဘူး.........)
၃။ ၁၀ တန်းကို ကျောင်းဆွေးအောင် ဖြေဖို့ရည်မှန်းချက်ထားခဲ့တာ... ကံက ဆိုးပြီး ၂၀၀၂ - ၂၀၀၃ မှာ နှစ်ချင်းပေါက် အောင်သွားတယ်... အောင်တာတောင် အမှတ်က ကောင်းနေသေးတယ် (၆)ဘာသာကို ၂၄၀ မှတ် နဲ့လေ........
၎။ တက္ကသိုလ်ကို ကျတော့ ၂၀၀၇ မှ စတက်ဖြစ်ပါတယ်။ တက္ကသိုလ် စတက်တော့လည်း အပြစ်မတင်ရက်သော မိဘတွေရဲ့ မွေးဖွားပေးခဲ့တဲ့ မသားမနား ရုပ်ကြောင့် ကောင်မလေးရဖို့နေနေသာသာ... သူငယ်ချင်းတောင် မနည်းရှာခဲ့ရတယ်... ကောင်မလေး မရှိတဲ့အတွက် ကိုယ့်ရဲ့ ပင်ကိုယ် ဗီဇအတိုင်း စာကိုပဲ ကြိုးစားတာပေါ့.... စာမေးပွဲဖြေတော့... (၇) ဘာသာမှာ (၃) ဘာသာကို... ၁ ပုဒ်စီပဲဖြေနိုင်တယ်....
၅။ မဖြေနိုင်ဘူးဆိုပေမယ့်... အထင်တော့မသေးနဲ့... အချိန်တန်လို့ အောင်စာရင်းလည်း ထွက်ကော ကျသွားကော.... ဒီနှစ်တော့ ပြန်ဖြေထားတာပဲ ဘယ်လို လာဦးမလဲတော့ မသိ...... ဒီနှစ်မှာ စာမေးပွဲဖြေနိုင်ခဲ့ပေမယ့်.... ကောင်မလေးတွေနဲ့ကတော့ မနှစ်ကအတိုင်းပဲ.......
၆။ ကိုယ်ရေးအကျဉ်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
အမည် = မြတ်စိုးသူ
အခြားအမည် = Pwagyi
အသက် = ၂၂ နှစ်
ပညာအရည်အချင်း = 1st (His) ဖြေထားဆဲ....
အလုပ်အကိုင် = တောက်တိုမယ်ရ..
၇။ ရာထူးနေရာအတွက်ကတော့ Junior ဖြစ်တဲ့အတွက် အဖွဲ့ဝင် Senior လူကြီးမင်းများ ဆုံးဖြတ်ပြီး ပေးမယ့်နေရာကိုပဲ ထမ်းဆောင်ပါ့မယ် ခင်ဗျာ...
၈။ သို့ဖြစ်ပါ၍ အဖွဲ့ဝင်အဖြစ်လက်ခံပါက youthsoethu@gmail.com သို့
ပြန်လည် အကြောင်းကြားပေးပါရန် တင်ပြအပ်ပါသည်။

လေးစားစွာဖြင့်

my@tsoethu
(Pwagyi)
မှတ်ချက်။ လျှောက်လွှာရေးရတာ လက်တောင်ညောင်းသွားတယ်။

#မှတ်ချက်- သဘာပတိမှ ခေါင်းငြိမ့်သည်။ ထောက်ခံသည်။ ငှက်ကထနှင့်တကွ လူဂျီးမြင်းများအားလုံးမှ လိုအပ်သလို မှာစားစရာရှိသည်များကို မှာစားပေးပါရန် #
ပုံ/
သဘာပတိ ပြောရေးဆိုခွင့်ရှိသူ
ဘေထယ်ရောင်း