ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Showing posts with label ပေါသင်္ကြန်စာ. Show all posts
Showing posts with label ပေါသင်္ကြန်စာ. Show all posts

Monday, April 12, 2010

မြန်မာသက္ကရာဇ် ၁၃၇၂ ခုနှစ်အတွက် မဟာအတင်း သင်္ကြန်စာ

ကမ္ဘာ့ကမ္ဘာကျော် ပုဂ္ဂိုလ်ရှော်ကြီးများထံမှ နည်းမှီးစတန့်ထွင် စိတ်ကူးယဉ်ထားသော မူအရ
မြန်မာ့မြန်မာမြေပေါ်က ဆရာ့ ဆရာအော်ကြီးများ၏ ကြီးကြပ်မှုဖြင့်
ဗေဒက၀ိ မောင်မောင်ကွိ ကကျိကကျိ ကလိထားသော

မြန်မာသက္ကရာဇ် ၁၃၇၂ ခုနှစ်အတွက် မဟာအတင်း သင်္ကြန်စာ

အောင်​ဇေယျတု သဗ္ဗမင်္ဂလံ၊ ငကြောင်တွေအခု ဖိနပ်ချအရင်ပြန်... ခရစ်နှစ် ၂၀၁၀၊ ကောဇာသက္ကရာဇ် ၁၃၇၂ ခုနှစ်စတင်သော ယခုအချိန်သည်ကား တုရှိန်မမီငြားသည့် လူ့အိမ်ပြည်သားတို့၏ နှစ်ကူးသာစွ အဖြစ်ထူးကာလ အသစ်တန်ခူးသမယ ဖြစ်သည်နှင့်အညီ မကောင်းတာပြုသူများအား ထောင်းကာထုချင် နေလေသော နတ်တို့သခင် သိကြားအရှင်သည် ကိုရီးယားမင်းသားများစတိုင် အဝတ်တန်ဆာကို ဝတ်ဆင်လျက်... ဒရိုက်ဘာ မာတလိ မောင်းနှင်သော အဆင့်မြင့် အဲယားမွန်း လေအိတ်ဘတ်စ်ကားကို စီးကာ... နေပြည်တော်တွင် လေဒီခေါ်တင်ပြီး သကာလ... ခွေးရေပုရပိုက်အစား၊ လက်တစ်ဘက်တွင်... ဗရုတ်ဗရက် အလွန်ခက်လေသော ရုပ်ဒ်မတ်ပ် ခုနှစ်ချက်အား ကိုင်ကာ... အခြားလက်တစ်ဘက်ကား မသွေအမြန် ထူကာထုတ်ထားသည့် အခြေခံမူစာအုပ်အား အဖြေအကြံယူရန် လက်မှာချိတ်ပြီးသကာလ... မြောက်ကိုရီးယားတွင် တစ်ထောက်ခိုပြီးနားဝင်၍ တရုတ်ပြည်မ၌ အဟုတ်အပီခဏဆိုက်ခါ... မဖောက်ပြားသော ယောကျာ်းတို့မာန်ဖြင့် ကြောက်အားကို အနောက်ထားပို့ချန်ပြီး ရွှေမြန်ပြည်သို့ မသွေအမြန်ချီလာ ပါတော့သည်။

ထိုမျှမက ယခုအချိန်သည်ကား မြန်မာနယူးရီးယားဟုခေါ်သော အသာထူးပြီးခြားသည့် ကာလဖြစ်သည့်အပြင်... အပြေးရောက်တစ်ဖွယ် အဝေးရောက်တစ်သွယ် ရွေးကောက်ဆယ်မည့် ကာလနှင့်လည်း နီးကပ်လာသည်အညီ ခုနှစ်ရက်သားသမီးတို့ အချွန်အတက်ပွားစီးဖို့အလို့ငှာ ကျွန်ုပ် ဗေဒကဝိန် ပေါ်ငြိမ်သည်... ကောင်းကင်တခွင်တွင် စောင်းချင်သလိုစောင်းတင်နေသည့် နက္ခတ်တာရာများအား အပြတ်ဖတ်ကာသွားရောက် ကြည့်ရှုပြီးသကာလ... အမှန်သရုပ် ဟန်လုပ်ကာ ဤ... 'မဟာအတင်း သင်္ကြန်စာ' ကို ခဏအတွင်း သတင်းအမြန်ရှာ၍ ဗလသွင်း ချက်ချင်းအမြန်နွှာပြီး နင်းကန်ကာရေးသားသမှု ပြုလိုက်ရပါလေသတည်း။

သင်္ကြန်စာ၏ အလိုအရကား... မိုးသုံးမိုးတို့တွင် မိုးဟေကို ခါအံ့၊ မိုးယုစံ နန့်အံ့၊ မိုးဟေမာန်ခင် လှုပ်အံ့... နိုင်ငံခြား၊ ပင်လယ်ရပ်ခြား၊ လူမျိုးခြား၊ သားဆက်ခြား၊ ချောက်ချောက်ခြားခြား စသည့် အခြားအခြားများနှင့် ဆက်ဆံတွေ့ကြုံရအံ့... သမိန်ပေါသွပ်၊ Mr. Bean, Charlie Chaplin အစရှိသော စူပါစောက်ပေါများ ထူးကုန်အံ့... ငပေါလိုဂိုပါသော ငွေစက္ကူများကို အသုံးများအံ့... Ning, Facebook အစရှိသော Social Network များ လူကြိုက်များအံ့... Online Library, E-book စသော Soft Copy စာအုပ်လောကများ ပေါက်အံ့...။ G Talk, Messenger အစရှိသည်တို့တွင် လူအထင်ကြီးစေသော၊ လူသနားစေအံ့သော Custom Message များ၊ Avatar များ စသည်တို့ ဖြင့် Chatting သမားများ အလုပ်ရှုပ်အံ့...။

ဘလော့ဂါများ၏ ကံဇာတာသည်ကား... MBAA ဟုအမည်ရသော ဘလော့ဂ်အကယ်ဒမီကို ဘလော့ဂါများ ရူးသွပ်ကုန်အံ့... နံမည်ကြီး ဘလော့ဂါများ မိမိတို့ပို့စ်ကို လူမသိသူမသိ ဖြန့်ဝေခံရခြင်းကြောင့် ဒေါသကြီးကုန်အံ့... အခြားတစ်ဘက်၌ လူသိများသဖြင့် ကြိတ်ပြီး ဝမ်းသာအံ့... Copy Right, Copy Left, Creative License အစရှိသော စကားလုံးများကို ဘလော့ဂ်များတွင် အသုံးများအံ့...။

ဘလော့ဂ်များ၏ ကံကြမ္မာကား... သတင်းပလင်း၊ အတင်းအဖျင်းများရေးသော ဘလော့ဂ်များ ဆဲဆိုခံရခြင်း၊ အငြင်းအခုံပြုရခြင်းတို့ ကြုံတွေ့အံ့... နည်းပညာမျှဝေနေသော ဘလော့ဂ်များ ဘလော့ဂါရှိန်ခံရခြင်း၊ ဘလော့ဂါ ထင်ကြီးခံရခြင်းတို့ ကြုံရအံ့... Unicode သုံးသော ဘလော့ဂ်များသို့ လူအလာနည်းအံ့... ရူးပေါပေါ ကြောင်တောင်တောင်စာများ တင်သော ဘလော့ဂ်များ ပေါက်အံ့... ကိုယ်ပိုင်ခံစားချက်ရေးသော ဘလောဂ်များ Comment အရနည်းခြင်းကြောင့် စိတ်ပျက်လတ္တံ့… သို့တိုင်အောင် အသည်းကွဲသော အချစ်နာကျသော ဘလော့ဂ်အရေအတွက် များပြားလာအံ့… အဘိဓာန်၊ ဘာသာစကား စသည်တို့ရေးသော ဘလော့ဂ်များသို့ လူအသွားနည်းအံ့... အွန်လိုင်းရေဒီယို မျူးဇစ်စတေရှင်များသို့ လူအသွားများအံ့... ရွှေနိုင်ငံအကြောင်း စဉ်ဆက်မပြတ်ရေးသားနေသော အမျိုးချစ်ဘလော့ဂ်များကား ဒေါသကြီးခြင်း၊ ပေါက်ကွဲခြင်းတို့ဖြင့် နိုင်ငံကို ဆက်လက်ချစ်ခင်အံ့...။

Facebook ၏ ကံကြမ္မာကား... ပုံမှန်အားဖြင့် ပေါတောတောလုပ်သူ များအံ့... အလုပ်ရှိသူများ အလုပ်အကြောင်း Wall တွင် တက်ညည်းတွားအံ့... အလုပ်မဲ့သူများက မိမိတို့ အချိန်ကုန်ခံ ဖန်တီးထားမှုများကို ကြော်ငြာအံ့... လူပြိုဂျီးများ ကိုယ်လုံးဖော်ပုံများကို Profile တွင်တင်၍ Comment အဝင်များအောင် ဆွဲဆောင်အံ့... အာပြိုဂျီးများ အသည်းကွဲ Status များကို Wall တွင်ရေး၍ ဆွဲဆောင်အံ့... ဆယ်ကျော်သက် လူငယ်များက မာဖီးယား ဂိုဏ်းဝင်ဖြစ်အံ့... ဖွန်ကြောင်သူ ငဘူးများကား သီချင်းများ၊ ဗီဒီယိုများ တင်၍ နှာထအံ့... ဓာတ်ပုံဆရာများကား မိမိတို့ ရိုက်ထားသော မော်ဒယ်များအား အတုံးလိုက် အတစ်လိုက် ပြ၍ ပညာပြိုင်အံ့...။

ငပေါဂေဟာ၏ ကံကြမ္မာကား... အကယ်ဒမီရသဖြင့် ငပေါများ မျောက်ကြွကြွ (မျောက်များကဲ့သို့ ကွတတ) ဖြစ်အံ့... ထိုမျှမက မရှိသော ဘဝင်များ မြင့်ကုန်သဖြင့် ရုံးမတက်တော့ဘဲ စတေးရှောင်သူများအံ့... ဏာယကဂျီး အထာမကျ ညည်းအံ့... အတင်းရေးမှူးများ ပုလင်းဘေး မူးသွားနိုင်အံ့... သဘာငတိ အသာကွိအံ့... ငှက်ကထ အပျက်သမခံရအံ့... အမှုရှောင် အဖုတစ်ထောင်ရအံ့... (ဘာဖုလဲ မသိပါ) အတင်းတားချုပ်ကြီး ဝမ်းသွားရုပ်ဖြီးအံ့... အကြံပေးအရာရှိ ရန်ဘေးတစ်ရာရှိအံ့... ဝန်ကြီးချုပ် ဖင်ကြီးလှုပ်အံ့... ကာကွယ်ရေး ဦးစီးချုပ်ခမျာ ရွာလယ်နံဘေး ဘူးသီးဖုတ်ရှာအံ့... ကူးသန်းဝံဂျီး ထူးဆန်းရင်ကြီးအံ့... ဆည်မြောင်းဝံဂျီး လည်ချောင်းဖင်ကြီးအံ့... တရားစီရင်ရေးဝံဂျီး တအားဖီလင် ဆွေးငင်ညည်းရအံ့... ပညာရေးဝံဂျီး ဖင်မှာအမွှေးအမျှင်ကြီးအံ့... အိုင်တီဝန်ကြီး မဆိုင်မဆီဝင်အတီးခံရအံ့... ပို့ဆောင်ရေးဝံဂျီး နို့၊ ပေါင်၊ မေး၊ ဖင်ကြီးအံ့... ထောက်လှမ်းရေးချုပ် သောက်ရမ်းခွေးကုတ်ခံရအံ့... မွေးမြူရေးနှင့် ရေလုပ်ငန်းဝံဂျီး အေးပူချွေးထုတ် လေလည်လမ်းတွင်ပြီးရအံ့... ပြန်ကြားရေးဝံဂျီး ရန်ပွားပြေးဝင်အတီးခံရအံ့... လျှောက်လုပ်ရေးဝံဂျီး စောက်... စောက်... အဲ... မျောက်၊ ဘုတ်၊ ခွေး မစင်မြည်းရအံ့... နန်ငံခြားရေးဝံဂျီး နံရံကြားပြေးဝင်ညည်းရအံ့... ကြမ်းမာရေးဝံဂျီး ပန်းနာဆေးထွင်မြည်းရအံ့... ဆက်သွယ်ရေးဝန်ကြီးခဗျာ လက်ဝယ် ခွေးမစင်အီးပါခံရအံ့... လယ်ယာပြန်စားရေးဝန်ကြီးခဗျာ မဖွယ်မရာ နံကြားခွေးဝင်ချီးပါခံရအံ့... ယဉ်ကျေးမှုဝန်ကြီးခဗျာ ဖင်ဘေးအဖုအနာရအံ့... အသင်းသား အသင်းသူများ အချင်းများ အပျင်းထူအံ့... ဤကား သင်္ကြန်ကျ အဟောတည်း...။

တနင်္ဂနွေ၊ Sunday (အ၊ ဧ၊ ဥ) အရမ်းအတွေးများသော ဆန်းဒေးသမားတို့သည် လမ်းဘေးသွားသော အလွမ်းတေးသမားများ ဖြစ်ကြပါလိမ့်မည်။ အတင်းတွေတုတ်ချင်သော တနင်္ဂနွေရုပ်ညဉ်အတိုင်း လည်ပင်းအခြေတွေ ငုတ်ဝင်နေလောက်အောင် သတင်းတွေအဟုတ်ပင် နာမည်ကျော်အံ့။ သို့သော်လည်း ဂဠုန်တို့ထုံးစံ အကုန်ဗျို့ အမုန်းခံရမည့်သူများဖြစ်ရာ အမှန်အချို့ကုန်းပြန်ကြွခြင်း၊ ဝါးလုံးမှန် ရှခြင်းစသော အရှုံးကံရခြင်းများ ကြုံရတတ် လေတော့သည်။
(ယတြာ။ စမ်းနံဘေးနား ရွာမှာ နှုတ်ခမ်းဘေးသား ဖွာ၍ အနမ်းပေးမလားဗျာဟု လှမ်းမေးသွားလာခြင်းဖြင့် ဆန်ဒေးသမားတကာတို့မှာ အရမ်းအလေးထားခြင်း ခံလာဖို့ ရှိပါသည်။)

တနင်္လာ၊ Monday (က၊ ခ၊ ဂ၊ ဃ၊ င) မန်းဒေးပုဂ္ဂိုလ်တို့သည် နှုတ်ခမ်းလေးထုတ်လျှိုပြီး အရမ်းကလေးလုပ်လို ကြသဖြင့် လမ်းဘေးမုန့်ချိုသည်များနှင့် ဆက်ဆံရကိန်းရှိလေတော့သည်။ တနင်္လာတို့ကံအတိုင်း သတင်းစာတချို့မှာ အမှန်အတိုင်း “မင်းဟာ ငါတို့ ရန်လိုင်း” ဟု ဆဲဆိုခံရတတ်သည်။ ကျားမင်းတို့ ကံအရ သွားရင်းတချို့ ခံရတတ်ပြီး အားသွင်းဖို့ ပြန်ကြွရကိန်းများရှိရာ တအားမကမြင်းဖို့တော့ လိုပေသည်။
(ယတြာ။ လမ်းဘေးအုတ်ဖိုများကြား ဝမ်းပြေးထုတ်ယိုခြင်းအားဖြင့် မန်းဒေးပုဂ္ဂိုလ်တို့သည် အလန်းလေးရုပ်ပျိုသွားပါလိမ့်မည်။)

အင်္ဂါ၊ Tuesday (စ၊ ဆ၊ ဇ၊ ဈ၊ ည) အထူးအတွေးများသော တျူးစဒေးသမားတို့သည် “ငမူးလေးငစား” ဟု ဝူးရေးဟားခံရတတ်ပါသည်။ အစဉ်အလာချို့သော အင်္ဂါတို့ကုသိုလ်အရ ရင်နာဖို့အခုကိုသာ ရှိတော့လေရာ အစဉ်သာအစို့တစ်ခုရှာကာ နင်မကြာဖို့ထားသင့်ပေသည်။ အခင်အပွေ့တင်းသော ခြင်္သေ့မင်းတို့ကံအရ ယှဉ်တွေ့ခြင်းမှာပင် ဖင်ကွေ့ဆင်းပြီးပြန်ရတတ်လေရာ ရင်စေ့မငြင်းဖို့ သတိချပ်ရပေမည်။
(ယတြာ။ “တူးရေးဝါးဗျို့” ဟု နဖူးဘေးသားအမို့မှာ ပြူးရေးထားခြင်းဖြင့် တျူးစဒေးသမားတို့သည် အထူးအလေးထားခံဖို့ ရှိလေတော့သည်။)

ဗုဒ္ဓဟူး၊ Wednesday (ယ၊ ရ၊ လ၊ ဝ) ငမ်းငေးအားကြီးသော ဝန်းစဒေးသားသမီး တို့သည် အခန်းဘေးအနားနီးမှ လှမ်းကလေးကလား ညည်းခြင်းများ ခံရတတ်သည်။ ဗုဒ္ဓဟူးတို့ကံအရ အဟုတ်ရူးနှံရခြင်း၊ တုတ်စူးသံရှခြင်း၊ ဖုတ်ပူးအန်ရခြင်းများ ရှိနိုင်လေသည်။ အမြင်မရှင်းတခုလိုသော ဆင်မင်းတို့ကုသိုလ်အရ မစင်တွင်းတစ်ခုမှာ လင်ကွင်းတစ်ခုလို ရင်စင်း အခုငိုရတတ်လေတော့သည်။
(ယတြာ။ အဆန်းလေးပွားစီးစရာ ဝမ်းစဒေးသားသမီးတို့မှာ လမ်းနံဘေးအနားနီးမှာ မန္တလေးနွားကြီးများနှင့်သာ အနမ်းလေးများ မြည်းလိုက်ပါလေ။)

ကြာသပတေး၊ Thursday (ပ၊ ဖ၊ ဗ၊ ဘ၊ မ) စကားအတွေးရှုပ်လိုသော တားစဒေးပုဂ္ဂိုလ်တို့သည် မှားမေးအထုတ်ဖြေတတ်သဖြင့် ခါးလေးကုတ်နေရတတ်လေသည်။ ဇာတာမသေးသည့် ကြာသပတေးတို့မှာ အထာလာပေးသည့် ဘာညာကလေးများကြောင့် ပါတာကလေးများ ကုန်တတ်လေရာ အာပလာအတွေးများကို အသာအယာ မှေးထားသင့်လေသည်။ လက်ချင်းအဖက်မှာ အပျက်သတင်းထွက်လာတတ်သဖြင့် ကြွက်မင်းတို့ အခက်မဖြာစေရာ တစ်ချက်ခြင်းတက်ကာ ကက်ကင်းအချက်ရှာ သင့်လှပေတော့သည်။
(ယတြာ။ တအားကလေး အဟုတ်စိုသွားစေဖို့ တားစဒေးပုဂ္ဂိုလ်တို့သည် အငှားကလေး လုပ်ရန်အလို့ငှာ သွားကလေးအငုတ်တိုထားသင့်ပေသည်။)

သောကြာ၊ Friday (သ၊ ဟ) အရိုင်းလေးဆန်သော ဖရိုင်းဒေးနံတို့သည် ချိုင်းချွေးနံသည်ဟု ဝိုင်းအမေးခံရတတ်ရာ မဆိုင်းအပြေးမြန်ဖို့ လိုအပ်လေသည်။ လျှောက်ကာအကြွားကြီးတဲ့ သောကြာသားသမီးတို့မှာ ရောက်ရာ တခြားခရီးတို့မှာ ကြောက်စရာများချည်း ကြုံရတတ်လေရာ မှောက်ကာ ကားစီးသင့်လှပေသည်။ အထူးသတင်းတချို့မှာ ပါလာတတ်သော ပူးမင်းတို့အဖို့မှာကား နဖူးတင်းကာ မထူးမချင်း ဘူးငြင်းရကိန်းများရှိရာ ဒူးစင်း နေသင့်လေတော့သည်။
(ယတြာ။ ဖရိုင်းဒေးနံတို့ လိုင်းအရွေးမှန်ဖို့ရန် ဒိုင်းလေးလှံတို့နှင့် ဆိုင်းကလေးခံကာ သိုင်းကလေးနှံနေသင့်လှပေသည်။)

စနေ၊ Saturday (တ၊ ထ၊ ဒ၊ ဓ၊ န) အချက်မှာလေးစားရသော စက်တာဒေးသမားတို့သည် လက်မှာပွေးများထခြင်း၊ မျက်နှာ အမွှေးများရခြင်း၊ ဝက်စာပြေးစားရခြင်းများ ကြုံတွေ့နိုင်လေသည်။ ဖြေလို့မသာသော စနေတို့ဇာတာအရ ခြေဘို့အနာရခြင်း၊ လေဆို့နာရခြင်း၊ ငွေတချို့ပါရခြင်းများ ကြုံတွေ့ရတတ်လေသည်။ တအားကမြင်းသော နဂါးမင်းတို့မှာ ကစားကွင်းထဲမှာ ဇယားရှင်းရကိန်းများ ကြုံရနိုင်လေရာ နွားတစ်ရှဉ်းအလား အားတင်းထားသင့်လှပေသည်။
(ယတြာ။ စက်တာဒေးသမားတို့ ပြဿနာဝေးသွားဖို့အရေး လက်မှာဆေးသားတို့ကာ “ရှက်စရာဘေးထားဗျို့” ဟု ချက်မှာ ရေးသားဖို့လိုက်ပါက မခက်မကြာအတွေးများနုလာပါလိမ့်မည်။)

ကမ္ဘာ့ကမ္ဘာကျော် ပုဂ္ဂိုလ်ရှော်ကြီးများထံမှ နည်းမှီးစတန့်ထွင် စိတ်ကူးယဉ်ထားသော မူအရ
မြန်မာ့မြန်မာမြေပေါ်က ဆရာ့ ဆရာအော်ကြီးများ၏ ကြီးကြပ်မှုဖြင့်...
ဗေဒက၀ိ မောင်မောင်ကွိ ကကျိကကျိ ကလိထားသော
မြန်မာသက္ကရာဇ် ၁၃၇၂အတွက် That’s Sure! မဟာ သင်္ကြန်စာမှ


မနောမရ ဗေဒက၀ိန် ပေါငြိမ်


2010_MHAT_Thingyansar