ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Wednesday, January 28, 2009

အရေးပေါ်ကြေညာချက်

ကမ္ဘာ့စီးပွားရေးကပ်ကြောင့် တကမ္ဘာလုံးနီးပါး အလုပ်လက်မဲ့ပြဿနာများနှင့် ရင်ဆိုင်နေရရာ ငပေါဂေဟာသို့ စုပြုံအလုပ်လျှောက်လာဖွယ်ရှိ သဖြင့် ယနေ့ ငပေါဘုတ်အဖွဲ့မှ အရေးပေါ်ကြေညာချက်တစောင် ထုတ်ပြန် လိုက်သည်။

၁။ ငပေါဂေဟာသည် အဖွဲ့ဝင်နှင့် ဝံဂျီးများအားလုံးကို လစာ ဒေါ်လာငွေ သန်းနှင့်ချီ၍ ပေးနေသောကြောင့် လည်းကောင်း၊ ပါမစ်များ ဖောချင်းသောချင်း ချပေးနေသောကြောင့် လည်းကောင်း၊ မည်သည့် စီးပွားရေးကပ်ရှိသည်မဆို၊ မည်သို့ပင် ပေါက်ကရလုပ်လုပ် မည်သူ့ကိုမျှ အလုပ်မဖြုတ်သောကြောင့် လည်းကောင်း ဂေဟာသို့ ဝင်လိုသူများ တနေ့ထက်တနေ့တိုးပွားလျှက်ရှိရာ ယခုဆိုလျှင် ဝံဂျီးများ စုံသလောက် ဖြစ်နေပြီ ဖြစ်သည် (ထို့အတွက် ငပေါလူကြီးမြင်းများက ဝမ်းသာအားရ ဖြစ်မိပါသည် - ဤကား စကားချပ်)

ထို့ကြောင့် ယနေ့မှစ၍ ၅ ရက်အတွင်း ဝံဂျီးလျှောက်လွှာလက်ခံခြင်း အစီအစဉ် ပိတ်သိမ်းတော့မည် ဖြစ်သည်။ သို့ရာတွင် ဂေဟာသို့ဝင်လိုသူများ စိတ်မပျက်ရန်အလို့ငှာ နောက်ထပ် ရာထူးများ စီစဉ်ထားပါသည်။ ယနေ့မှ စ၍ ဒုဝံဂျီးရာဒူးများကို ဦးရာလူ၊ ပေါရာလူစနစ်ဖြင့် လျှောက်ထားနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါသည် .. ။

၂။ ငပေါဂေဟာတွင် သမ္မတရာထူး လုံးဝ (လုံးဝ) ခန့်အပ်လိမ့်မည်မဟုတ်ပါ။ မစ္စတာအိုဘားမားကိုယ်တိုင် တောင်းတောင်းပန်ပန်ဖြင့် ငပေါသမ္မတ ခန့်အပ်ပါရန် တောင်းပန်လာသော်လည်း ကျွန်ုပ်တို့ ဘုတ်အဖွဲ့က စိတ်မကောင်းခြင်းကြီးစွာ ငြင်းပယ်လိုက်ပါသည် (ငပေါအဖွဲ့ကငြင်းလိုက်သဖြင့် သူ့ခမျာ အလွန်သိမ်နုတ်သော အမေရိကန်သမ္မတရာထူးကို လက်ခံလိုက်ရခြင်းဖြစ်သည်)

အဘယ်ကြောင့် ဟူမူကား ငပေါဂေဟာတွင် ဘုတ် အဖွဲ့ဟူ၍ ရှိနေရာ ယင်းဘုတ်အဖွဲ့က သမ္မတရာဒူးဂျီး (ဆာဒူးကြီးမဟုတ်) ကို ပူးတွဲတိုင်ပင် နှီးနှော၍ စုပေါင်း ထမ်းဆောင် သွားမည်ဖြစ်သောကြောင့်ပင် (ဒါကတော့ ခေါင်းတခေါင်းထဲထက်စာရင် ခေါင်းများတော့ ကောင်းတယ်ဟူသော နောက်ဆုံးပေါ် ဂလိုဘယ် ပေါ်လစီအရ ဖြစ်ပါသည်) ထိုအကြံကို အမေရိကန်နိုင်ငံက ဒေါ်လာ ဘီလီယံနှင့်ချီ ပေး၍ လာဝယ်သည့်တိုင်အောင် ငပေါဘုတ်အဖွဲ့က မရောင်းလိုက်ဘဲ ကိုယ်တိုင်ကျင့်သုံးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

မှတ်ချက်။ ။ ပေါစံချိန်မမီသူများ အသင်းဝင်အဖြစ်သာ လက်ခံမည်။

ဤကား ငပေါဂေဟာ လူကြီးမြင်းများ၏ စေတနာပင်ဖြစ်တော့သည်။ ဂေဟာအဖွဲ့ဝင်များ ကျန်းမာကြပါစေ။ လောင်းလစ်ဗ် ငပေါဗီလာ။

ပုံ/ ငပေါဘုတ်

Tuesday, January 27, 2009

နာမည်ပြောင်းခြင်း

အခန်း (၁)
ဝန်ကြီးချုပ်ကို အင်္ဂလိပ်တို့က PM ဟုခေါ်ကြသည်။

အခန်း (၂)
မြန်မာတို့ကား ၀န်ကြီးချုပ်ကို သိန်းစိန်ဟု ခေါ်လေသည်။
နောက်ဆုံးရ သတင်းမှာ ၀န်ကြီးချုပ်၏ တန်ဘိုး ပိုမိုတက်စေရန် သန်းစိန်ဟု အမည်ပြောင်းတော့မည်ဟူ၏။
ဤသတင်း မမှားပါက မကြာမီ ကြေးမုံသတင်းစာတွင် အောက်ပါအတိုင်း ကြော်ငြာတခု ပါလာဖွယ် ရှိသည်။

အမည်ပြောင်းခြင်း
ငပေါဂေဟာတွင် နေထိုင်သည့် ဦးသောင်းစိန် ၏ သားကြီး ဦးသိန်းစိန် အား ယနေ့မှစ၍ ဦးသန်းစိန်ဟု ခေါ်ပါရန်။ ပုံ (ဦးသိန်းစိန်)

လူသိနည်းသော အချက်တခုရှိသည်။ ၀န်ကြီးချုပ်က "ဦးကုဋေစိန်"ဟူသော အမည်သို့ ပြောင်းလိုသည်၊ ပို၍ပို၍ တန်ဖိုးရှိသော ထိုအမည်ကို လွန်စွာ နှစ်သက်သည် ဟုလည်း သိရသည်။

သို့သော်လည်း ထိုအမည်ကို ယူမည်မဟုတ်ဟု ၀မ်းနည်းစွာဖြင့် ညည်းတွားသည်။ အကြောင်းရင်းမှာ ဦးသိန်းစိန်က "တာ့တလင်းဂျိတ်" ဟု အသံထွက်သော ဋသံလျင်းချိတ် (ဋ) ကို မရေးတတ်သောကြောင့် ဟူ၏။

ထိုသို့သော ပြဿနာကို ဖြေရှင်းသည့် နည်းလမ်းတခု ၀န်ကြီးချုပ်တွင် ရှိနေသည်။ သို့သော်လည်း မြန်မာတနိုင်ငံလုံးနှင့် သက်ဆိုင်သော အရေးဖြစ်သဖြင့် ပညာရှင်များနှင့် တိုင်ပင်ခဲ့သည်။ ပညာရှင်များက ၁၀၀ ရာခိုင်နှုန်း ကန့်ကွက်လိုက်သည်။ ၀န်ကြီးချုပ်၏ဇွဲ သေခါမှ လျှော့မည် ဟု ကြုံးဝါးတတ်သော မစ္စတာ သိန်းစိန်က ငပေါဂေဟာရှိ လူကြီးမင်းများနှင့် စည်းဝေးတိုင်ပင်ရန် ဆုံးဖြတ်လိုက်သည်။

ဤသို့ဖြင့် ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလ ၃၀ ရက်နေ့က အနှီဝန်ကြီးချုပ်က အစည်းအဝေးတခု ခေါ်ယူခဲ့သည်။ ကကြီး ခကွေး ဂငယ်တို့အနက်မှ ဋသံလျင်းချိတ်၊ ဍရင်ကောက်၊ ဎရေမှုတ် စသည့် အသုံးနည်း မြန်မာအက္ခရာများကို delete လုပ်ရန် ဟူသတည်း။

အစည်းအဝေးတွင် ၀န်ကြီးချုပ်က လိုအပ်သည်များကို ညွှန်ကြားခဲ့သည်ဟု သတင်း ရရှိသည်။ အဆိုပါ ၀န်ကြီးချုပ် မကြိုက်သည့် အက္ခရာများကို အပြီးတိုင် အငြိမ်းစားပေးရန် အလို့ငှာ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်တခုကို လာမည့် ဖေဖော်ဝါရီ ၂၉ ရက်နေ့တွင် ထုတ်ပြန်မည် ဟူ၏။ ဤကား ငပေါဂေဟာမှ ၀န်ကြီးချုပ်၏ လျှပ်တပြက်ပုံရိပ် ဖြစ်ပေတော့သည်။

အခန်း (၃)

နိုင်ငံတကာတွင် ၀န်ကြီးချုပ် များစွာရှိသည်။ ၀န်ကြီးချုပ်ကို အင်္ဂလိပ်ဘာသာဖြင့် PM ဟု အခန်း (၁) တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် အကျယ်မချဲ့လို။ လိုရင်း ရေးရပါက ၀န်ကြီးချုပ်ကို

Problem Maker
Problem Man

စသဖြင့် အနက် ဖွင့်ကြလေသည်။ Postman ဟု ဘာသာပြန်သူများလည်း ရှိလေသည်။
တနိုင်ငံ တပုဒ်ဆန်းဟု ဆိုပါက မှားအံ့မထင်။

အခန်း (၄)
ဘလော့ဂ် သရမ်းသူ မြန်မာပြည်သားအချို့ကလည်း အာဏာရှိ အစိုးရအဖွဲ့ နှင့် ဆင်တူသော ဂေဟာတခုတွင် ၀န်ကြီးအဖွဲ့ဝင်များ အသီးသီး ကိုယ်တိုင်ကိုယ်ကျ ခန့်အပ်ကြလေသည်။ ထိုသို့ ပေါများလှသော ၀န်ကြီးများအတွက် ကံကောင်းခြင်း လက်ဆောင်တခု ပေါ်ပေါက်လာသည်။ လွန်လေပြီးသော ရက်အနည်းငယ်အတွင်းက ဖြစ်သည်။ ယင်း လက်ဆောင်မှာ ၎င်းတို့အား အုပ်ထိန်းနိုင်မည့် ထက်မြက်သည့် အကြီးအကဲတဦးကို ထိုက်ထိုက် တန်တန် ရရှိခဲ့ခြင်းပင် ဖြစ်ပေတော့သည်။

အခန်း (၅)
အဆိုပါ ၀န်ကြီးချုပ် (အခန်း ၄ တွင် ဖော်ပြထားသော ၀န်ကြီးချုပ်) က သူ၏ ဘလော့ဂ်ပေါ်မှ ကိုရီးယားမင်းသမီး ဓာတ်ပုံကို ဖြုတ်လိုက်သည်။ ၀န်ကြီးချုပ်၏ဘလော့ဂ်ဟု သိသာနိုင်စေမည့် အခြားဓာတ်ပုံတခုဖြင့် အစားထိုးလိုက်လေသည်။
အစားထိုးလိုက်သည့် ပုံမှာ ၀ံကြီး (၀န်ကြီး) တကောင်ကို ချုပ်နှောင်ထားသော ဓာတ်ပုံ ဖြစ်လေသည်။ ။

မှတ်ချက် -
ဤစာကို အများသူငါ ဖတ်ရှုနိုင်စေရန်အလို့ငှာ ဘလော့ဂ်ပေါ်သို့ တင်ရမည်။ နာယကကြီးက ဦးဆောင်ပြီး လျှို့ဝှက် ဆောင်ရွက်ရမည်။ တနင်္လာနေ့ မှ သောကြာနေ့အတွင်း ဆောင်ရွက်ရမည်။ စနေတနင်္ဂနွေနေ့များတွင်လည်း ဆောင်ရွက်နိုင်သည်။ ပုံနှိပ်မီဒီယာများက ဤစာကို ကူးယူဖော်ပြလိုပါလျှင် သင့်လျော်သည့် စာမူခ တောင်းယူပြီးမှ ခွင့်ပြုရမည်။ ။

Monday, January 26, 2009

တစ်ပတ်အတွင်း သတင်းအစီအစဉ် (၄) (၂၆-၀၁-၀၉)

(၁) ကမ္ဘာလုံးဆိုင်ရာ စီးပွားပျက်ကပ်၏ နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် မြန်မာပြည်ရှိ သူတောင်းစားများ ၀င်ငွေ လျော့ကျလျှက်ရှိ၏။ ထို့အပြင် ၀င်ငွေချို့တဲ့မှုကြောင့် မွေးမြူရေးဝန်ကြီးမှာလည်း မွေးမြူထားသော ရေသူမများအတွက် ဘလာစီယာများ လုံလုံလောက်လောက်မထောက်ပံ့နိုင်တော့ချေ။

(၂) ရူးပေါဂေဟာမှ အတင်းရေးမှူး(၁) ကြီးမှူးကျင်းပသော အာဆီယံအိုးပင်းဂေါက်သီးရိုက်ပြိုင်ပွဲတွင် မြန်မာပြည်မှ ဂေါက်သီးရိုက်အားကစားသမား တစ်ချက်တည်း ကျင်းဝင်။ ၀င်သောကျင်းမှာ ဂေါက်ကွင်းအနီး အသစ်ဖောက်လုပ်နေသော ၅ပေပတ်လည် အိမ်သာကျင်းဖြစ်နေကြောင်း သိရ၏။

(၃) ကုလသမဂ္ဂအဖွဲ့ကိုယ်စားလှယ် မန်ဒါလီ (ကြက်ငှက်တုပ်ကွေးကင်းရှင်းကြောင်း ဆေးစစ်ပြီးသူ) သည် ရူးပေါဂိုဏ်းသို့လာရောက်ကာ စားသောက်လည်ပတ်ပြီး သဘာပတိကြီးနှင့် အပေါပြိုင်မည်ဟု သတင်းရရှိသည်။

(၄) ငှက္ကထနှင့်အဖွဲ့သည် ဂါဇာမြို့မှ စစ်ဒဏ်ခံဒဏ်ရာရပြည်သူများကို လိုက်လံတွေ့စုံကာ လူသားချင်းစာနာထောက်ထားမှု အကူအညီအနေဖြင့် ပလာစတာ(၅)ခုကို ကံစမ်းမဲဖောက်ပေးခဲ့သည်။

(၅) ငပေါများဂေဟာမှ မွေး/ရေ ၀န်ကြီးသည် မြန်မာပြည်တွင်း ကြက်ငှက်တုပ်ကွေးရောဂါကာကွယ်ရန် မွေးမြူရေးခြံများရှိ ကြက်၊ ဘဲများအား ပါရာစီတမောနှင့် ပနဒေါလ်ဆေးလုံးများ တိုက်ကျွေးလျှက်ရှိသည်။

(၆) ငပေါများဂေဟာတွင်း မကြာခဏ လျှပ်စစ်မီးပြတ်တောက်ရခြင်း အကြောင်းရင်းမှာ မီးမလာခြင်းကြောင့်ဖြစ်သည်ဟု EPC (Existence for People's Complaints) ရုံးက ဖြေရှင်းပြောကြားခဲ့၏။

ပုံ/ ဖျံကျရေးဝံကြီး ချမ်းရဲ

Saturday, January 24, 2009

နာယကဂျီး၏ ၁/ ၂၀၀၉ ဆူပွက်သံ

ဒီတလောမှာ နာယကဂျီးလည်း မအားတာနဲ့ ဂေဟာမှာ ဘာဖစ်မှန်းကို မသိတာ။ ဂျီတော့ကိုဖွင့်လိုက်တော့မှ တွင်း ၂ က နာယကဂျီး ရှင်းပေးတော့ နာယကရှင်းမှ ရတော့မယ် ဆိုတာလေးတွေ့သကွဲ့။ ဒါနဲ့ နာယကလည်း တံပျက်စည်း တချောင်းနဲ့ ဂေါ်ပြားယူပြီး ဂေဟာကို ပြေးတာ ခုလို ပေါက်ကရလေးဆယ်တွေ တွေ့တော့တာပဲ။ ကိုင်း ရှင်းမယ် ..

၁။ မွေးဝံ .. ဂေဟာမှာ ဝင်ပေါက်ပဲရှိတယ် ထွက်ပေါက်မရှိဘူး ငှဲငှဲ။ အလကားနေရင်း ဝံဂျီးတယောက်ကို အထွက်ခံလို့ဖြစ်မလား။ လူစည်အောင်မနည်းလုပ်ထားရတာ။ တွင်း ၂ ကိုမြင်ဖူးသလောက်တော့ ဓာတ်တိုင်လေး အအေးမိထားသလို ရှက်တက်တက် ကောင်ကလေးပါ။ ပြောမှာဆိုမှား တကြိမ်တခါရှိရင် ခွေးလွှတ်လိုက်။ ဟုတ်ပြီလား။ နာယကဂျီး ကိုယ်တိုင်လည်း ရစရာမရှိအောင် ဆူလိုက်ဦးမယ်။ စိတ်ချ .. ပြီးတော့ မွေးဝံအတွက် လက်ဆောင် ငသလဲထိုး ၂ ကောင် ပို့ခိုင်းပေးလိုက်မယ်။ ထွက်စကား နောက်တခါ ပြောရဲပြောကြည့်။ အင်း ပြောရဲပြောကြည့် ဘာလုပ်မယ်ဆိုတာတော့ မစဉ်းစားရသေးဘူး။ ပြောရဲရင် ပြောကြည့်လိုက်ပေါ့ကွာ ...။

၂။ လယ်ယာပြန်စားရေးဝံဂျီးရေ ... ဂေဟာမှာ လယ်ယာက ပြန်စားပြီး အိပ်နေလို့ရတယ်။ အလုပ်မလုပ်ဘဲနဲ့ လစာလည်းအပြည့်ပေးတယ်။ မလောက်ဘူးလား ဒေါ်လာ တသန်း ထပ်ယူ ဟုတ်လား။ ပါမစ်တွေလည်း ချပေးတယ်။ ဟန်းဖုန်း ဘယ်နှလုံးလိုချင်လဲ။ ဖယ်ယာရီစီးချင်လား၊ စီဒိုးနားမှာပဲ နေ့လည်စာစားချင်လား၊ အွန်စောကို ဒရိုင်ဘာခန့်ချင်လား အားလုံးလုပ်လို့ရတယ်။ တခုတော့ရှိတယ် .. အဲဟို လူတည်ဂိုဏ်းတွေနဲ့ ပတ်သက်လို့တော့ မဖြစ်ဘူး။ လူတည်ဂိုဏ်းက ငပေါဂေဟာက လူကြီးမြင်းတွေကို လုပ်ကြံဖို့ချောင်းနေလို့ တွင်း ၂ တို့ ယဉ်ဝံတို့တောင် တွင်းအောင်းပြီး သိုင်းကျင့်နေရတာ။ အဲဒါတော့ သီးခံ ဟုတ်ပြီလား။ အောင်မငေး မောလိုက်တာ .. ကဲ ဟိုကောင်လေး ဘေယောင်ဂျွန်း ... အလိုက်ကို မသိဘူး .. ရေလေးတခွက်လောက် ခပ်ပေးပါဟ ... အဲလိုပဲ .. ခိုင်းမှပဲ သိတော့တယ် ..

ကဲ ဆက်ရှင်းမယ် ငတိ၊ တွင်း ၂၊ ဘလာဘလာ ဘလာ ....

တခုခုဆို စိတ်ကလှုပ်ရှားပြီ .. အော်မယ် ဟစ်မယ်နဲ့ သူတို့ကိုယ်သူတို့ လေးဖြူနဲ့ မျိုးကြီးများ မှတ်နေလား မသိဘူး။ ပြီးရင် အပြောအဆိုက မတတ် ... မှားပြောမိ .. ဒါနဲ့များ မိန်းမကယူချင်သေးတယ်။ ကဲ ဆူပစ်လိုက်ပြီ မှတ်ပြီလား။ ပြဿနာက ရှင်းရှင်းလေး ... လူတည်ဂိုဏ်းက ချာတိတ်တွေကိစ္စများ ဂေဟာက ဝန်ဂျီးဂျုပ် တယောက်နဲ့တင်ဖြစ်တယ်။ ဘာမှ ကြောက်မနေကြနဲ့။ ဝန်ဂျီးဂျုပ်က ဂျက်လီနဲ့ ညီအစ်ကို ဆယ့်နှစ်ဝမ်းကွဲ တော်တယ်ဆိုတာ မသိကြဘူးလား။ သူ တချက်ကလိထိုးပဲရှိတယ်။ မလောက်ရင် အသင်းသားဂျုပ်ကြီးကို ထည့်ပေးလိုက်။ သူက တချက်လောက်မျက်လုံးပြူးပြလိုက်ရင် အားလုံး ထွက်ပြေးမှာ။ ဒါမှ မလောက်သေးရင် အမှုရှောင်လည်းရှိတယ် .. သူလည်း ဝိုင်းပြူးပြလို့ရတယ်။

ပြင်ညာရေးဝံဂျီး မမ ရေ .. အင်္ဂမာကိတ်စနဲ့ မအားဘူးဆိုတာ သိပါရဲ့ .. သို့သော် ကလေးတွေကို ပစ်မထားပါနဲ့ .. တနေ့တခေါက်လောက်တော့ လေယာဉ်လေး စီးလုံးငှားပြီး သွားကြည့်ပေးပါဦး။ စားရိတ်ကတော့ ဂေဟာကထုတ်ပေါ့။ ချက်ရေးပေးထားတာ ရှိသေးတယ်မဟုတ်လား .. ဒေါ်လာ သုံး လေး သန်းကတော့ နာယကဂျီးအသေးသုံးထဲကပဲ ယူသွားလိုက်ပါနော် .. ။

ငှက်ကထတို့က ဘာမှမသိဘူး။ ပုဆိုးကွင်းသိုင်းပြီး မူးနေဖို့ပဲသိတယ်။ ဂေဟာမှာ ဘာဖြစ်နေလဲ ဆိုတာ နည်းနည်း စနည်းနာပါဦး။ ကျော်ခွဝင်ရတာ ဟုတ်ပါတယ်။ ဒါပေမယ့် ကျော်ခွလို့မရရင် လှေခါးလေး ဘာလေး ထောင်ဝင် .. ခွေးတိုးပေါက်လေးဘာလေး ရှာဝင်ပေါ့ ... ခေတ်ဆွေး နာယကဂျီးက ဒါတွေလိုက်ပြောနေရတာ မဟုတ်သေးပါဘူး။

ရှိသေးတယ် ပျံကျားရေးဝ .. ပန်းချီတကားလောက် ဂေဟာမှာချိတ်ဖို့ ပို့ပါဆိုတာ မပို့ဘူး။ ဘာလဲ အလကား တောင်းတယ်ထင်လို့လား ... ။ အပေါ်မှာ ဟိုလူတွေကိုတောင် ဘယ်လိုပေးထားတယ် ဆိုတာ သိတယ်နော်။ ယူသွားချည် .. စာရင်းတွေဘာတွေ လုပ်မနေနဲ့။ တခုတော့ရှိတယ် .. ဆောက်လုပ်ရေးဝံဂျီး .. ကြုံတုန်းလေး ဆူဦးမယ် .. ဘာဆူရမယ်မှန်းတော့မသိဘူး။ သိပြီ ဂေဟာသူ ဂေဟာသားတွေ ပျော်ရွှင်ရအောင် ဆောက်လုပ်ရေးဝံဂျီးရဲ့ နှာခေါင်းဒီဇိုင်းပြိုင်ပွဲ လေးဘာလေး လုပ်လေ။ ထောက်ချုပ် .. ယမမင်း .. ဆည်မြောင်း .. ဆက်သွယ်ရေးဝံ ... မပြောရင်မပြောသလို ငြိမ်နေကြ ... ပိုက်ဆံမရှိရင်လည်း ဘဏ်ထဲက ထုတ်သုံးကြပေါ့ .. ခက်တာလိုက်လို့ .. နာယကဂျီးအပြောကိုပဲစောင့်နေကြလားမသိဘူး ... ။ သြော် ကျန်သေးတယ် ကေလာကောင် .. အိပ်ချည်းပဲမနေနဲ့ဦး .. ဂေဟာမှာ နာယကဂျီးတယေက်တည်း တံပျက်စည်းလှဲနေရတာ .. ဝိုင်းလှဲပေးဦးလေ။ ကျန်တဲ့သူတွေလည်း နာယကဂျီးက နာမည်တပ် မဆူလို့ စိတ်မကောင်းဖြစ်မနေကြနဲ့ .. ဆူတယ်လို့ သဘောထားလိုက် ဟုတ်ပြီလား ...။

ကဲရှင်းပြီးပြီ .. အားလုံး နေမြဲ၊ စားမြဲ၊ သောက်မြဲ၊ အိပ်မြဲ၊ မဟုတ်တာလုပ်မြဲ၊ မူးယစ်သောက်စားမြဲ၊ .. ပေါက်ကရ ရှစ်ဆယ် ပြောမြဲ ... လုပ်ကြပေတော့။ နာယကဂျီး ပျံဘီ ...။

ရေးသူ .. နာယကဂျီး

Friday, January 23, 2009

အတင်းထုက်ပြန်ချက်

ရွာရိုးကိုးပေါက် လျှောက်သွားနေတုန်းမှာပေါ့ဗျာ။ တွင်း(၂)တွင်းနဲ့တွေ့ပါလေရော.... အဲဒီမှာဗျာ လူကိုလာပြီကောတာပေါ့။ ဂေဟာကိုပြန်ဖို့ ပြန်စရာမရှိပါက သူ၏ စီးတော်ယာဉ်ကို ယူသွားရန်စသဖြင့်
ညွှန်ကြားသွားတယ်။ သူ့တွင်း(၂)ဆိုတဲ့ ရာထူးကြောင့်ပေါ့။ နို့ မဟုတ်ရင် ကော်ဖီ ဝယ်သောက်လိုက်ပြီ။ အဲ့ပြောမယ့်သာ ပြောရတာဗျ။ ဂေဟာတစ်ခုလုံးမှာ သဘောအကောင်းဆုံးပဲ ခု ကျွန်တော့blog မှာတင်ထားတဲ့စီဗုံး ကသူလုပ်ပေးတာပေါ့။ .....ဟင်းဟင်း သူကလဲ ဆရာချီးဗျ ရေမချိုးတာ ၂ပတ်ဆိုလား၊ ၂လဆိုလားပဲ။ အဲခုတော့ ဝဲတွေပေါက်နေတယ်တဲ့ ဘယ်သူမှမပြောပါနဲ့တဲ့ ကျွန်တော်ကလည်း ပါးစပ်
က အရမ်းလုံတဲ့ကောင်လေ သေချင်သေသွားပါစေ။ ဒီအကြောင်းကို မပြောဖို့စဉ်းစားထားတယ်။ နောက်ပီး သူ့ရောဂါအတွက်ဆိုပြီး ကိုကေလာက ဆေးဖော်ပေးတယ်တဲ့။ ဂွေးသီးကို မီးကင်ပြီး ပျားရည်နဲ့ စားရမယ်တဲ့။ ကျွန်တော်က မဖြစ်နိုင်ကြောင်းပြောတော့ ကျွန်တော့ကိုဗျာ ပြောဆိုသွားတာများ နှစ်ပြားမတန်အောင်ပါပဲ။ ကျွန်တော်လည်း ဘာမှပြောမနေတော့ပဲ ထွက်လာခဲ့တာပေါ့။ ဒါပေမယ့် ဂေဟာကလူတွေကို သံယောဇဉ်ကြီးလွန်းသူဆိုတော့ လည်ပြန်လေးတော့လှည့်ကြည့်မိတာပေါ့။တွင်း(၂) ၁ယောတ်
ဂွေးသီးကြီးကို မီးကင်ဖို့ လုပ်နေတာများဗျာ ခုထိမျက်လုံးထဲကကို မထွက်ဘူး.........

အသင်းသူ/သားများခင်ဗျာ
ကျွန်တော် လယ်ရာပြန်စားရေးဝန်ကြီး
ဂေဟာသို့ ချောမောစွာ ပြန်လည်ရောက်ရှိပါကြောင်း နှင့် တွင်း(၂) ပြန်လည် မရောက်ရှိပါက စိတ်မပူကြရန်။ ထိုသူသည် ဂွေးသီးကိုမီးကင်ရန် ကြိုးစားနေပါကြောင်း...................

လျှောက်လွှာလက်ခံခြင်း (၂၁)

သို့
ငပေါဂေဟာမှ လူကြီးမင်းအပေါင်းရှင့်

ကျွန်မ မBlack မဟုတ်သော မWhite သည် ပေါရာထူး တစ်နေရာ လိုချင်ပါသောကြောင့် လျှောက်ထားရပါတယ်။ (ဘလက်ကန်ဝှိုက်က ဝှိုက်လားဟင်)
လိုချင်တဲ့ ရာထူးကတော့ ရှေ့နေပါ ရှေ့နေနော် နောက်နေမဟုတ်ဘူး ရှေ့မှာပဲနေမှာ အရပ်ပုလို့ မဟုတ်ရင်ဘာမှမမြင်ရဘူးရယ်။ နောက်မှာထားမယ်ဆိုရင်တော့ ပေါနေကြသူများကိုကြည့်ဖို့ ခုံတစ်လုံးတော့ ပေးရမယ် ခုံပေါ်တက်ကြည့်မှ မြင်မှာမို့ပါ။ (ဒါဆိုလည်းနောက်နေပဲလုပ်တော့ ဂုန်းပိုးပေးထားမယ်။ ခုံတော့ပေးဘူး။ ဈေးကြီးတယ်။)
လက်ရှိအလုပ်အကိုင်ကတော့ မြှားနတ်မယ်ဖြစ်ပါတယ်။ (မြှားတစ်ချောင်းလောက် ပေးစမ်းပါ။ ကိုယ့်ဟာကိုယ် ပြန်ပစ်မလို့ ညည်းက လက်မှ မမှန်ပဲနဲ့။ တစ်ခါမှ ထိဘူး။ ဟွန်း)
မြှားနတ်မယ် အလုပ်ကောင်းမှုကြောင့် သမီးရည်းစား ချစ်သူနှစ်ဦးမှာ ချစ်သူအဖြစ်မှ အပြီးအပိုင် ရပ်စဲလိုက်ပြီး
ညားခါစ လင်မယားလည်း ကွဲသွားပါတယ်။ (ဒီလောက်ဆို မဆိုးဘူး ချက်ချင်းခန့်လိုက်တော့။ ဇင်း သမားပီသတယ်။ ဟိဟိ)
ထို့သို့ .. ထိုသို့...စွမ်းဆောင်မှု့တွေမြင့်မားနေသောကြောင့် ငပေါဂေဟာတွင် လာရောက် လျှောက်ထားရခြင်း ဖြစ်ပါတယ်။ အသက်ကတော့ 20 ကျော် 5 နှစ်ပတ်လည်ပါ။ တော်တော်လေး ငယ်ပါသေးတယ်။ (ငယ်တော့ပါဘူး။)
ရှေ့နေအလုပ်ကိုတော့ သေချာလုပ်ကိုင်နိုင်ပါတယ်။ (ဟုတ်လို့လား)
ဥပဒေ တက္ကသိုလ်ကို အရိုးဆွေးဆွေး၊ လူဆွေးဆွေး၊ ကျောင်းဆွေးဆွေး တက်နေတာမို့ပါ။ (အသည်းကော မဆွေးခဲ့ဘူးလားဟင်)
လခကိုတော့ ရိုးရိုး $ နဲ့ပဲရချင်ပါတယ်။ (ရှယ် ကျပ်ငွေနဲ့ပဲယူပါ။)
အလုပ်ချိန်ကိုတော့ တက်ချင်တဲ့ အချိန်တက်ပါ့မယ်။ (ဒါမှ ဂိုဏ်းသားပီသမှာ။ ရုံးမှန်ရင် အလုပ်ဖြုတ်တယ်။)
အားလုံးပဲ သဘောတူထောင်ခံ ပေးကြမယ် လို့မျှော်လင့်မိပါတယ်။ (ထောင်တင်မဟုတ်ဘူး။ သောင်းပါခံတယ်။)
သဘောတူလျှင် အမိန့်ချမှတ် ပေးပါရန်။ (အလုပ်မဲ့နှင့် ရာသက်ပန် လခစားခွင့်။)

လေးစားစွားဖြင့်
ဝှိုက်ဝှိုက်

အက်စ်တူး လိုအပ်သည်များ အနီရောင်ဖြင့် ဖြည့်စွက်မှာကြားပြီး ထောက်ခံလိုက်သည်။

ဝမ်းနည်းကြောင်း မှတ်တမ်း

ဤငပေါဂေဟာ၏ ကမ္ဘာငတိကြီးဖြစ်သူ ဦးဂျဲဂျယ်တစ်ယောက် သူ၏ N73 ကြီးပျောက်သွားသဖြင့် ဝမ်းနည်းကြေကွဲခံစားနေရသည်ကို စာနာသောအားဖြင့် ရောက်ရှိသူများ ဤဝမ်းနည်းကြောင်းမှတ်တမ်းကြီး၌ လက်မှတ်ရေးထိုးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်..ဟီဟီ..။
ကောမန့်တွင်လက်မှတ်ရေးထိုးနိုင်ကြပါသည်...။

Monday, January 19, 2009

ငှက်ကထကြီး ရန်ကုန်ဘလော့ဂါများအား သွားရောက်တွေ့ဆုံ၊ လိုအပ်သည်များ မှာစား၊ မူးရမ်းခဲ့

မြန်မာပြည်တွင် ချစ်ကြည်ရေးခရီးစဉ် အလည်အပတ် ရောက်ရှိနေသော… အိပ်မက်ပြည့်ရှင် ဆရာမကြီးမက်မက်၏ ဖိတ်ကြားချက်အရ… ရန်ကုန်ရှိဘလော့ဂါများ၏ မိတ်ဆုံပွဲသို့ တက်ရောက်သော ငပေါများဂေဟာ ငှက္ကဋ္ဌကြီးမောင်အန်ဒီသည် ရေချိန်လွန်ကဲ သွားသောကြောင့် အိမ်ပေါ်သို့လေးဘက်ထောက်တက်ရကြောင်း သတင်းရရှိသည်။

သတင်းအစုံလင်မှာ… စင်ကာပူရှိ အိပ်မက်ပြည့်ရှင်ဆရာမကြီးမက်မက်သည် ပြည်တွင်း (ရန်ကုန်မြို့) ရှိ ဘလော့ဂါများ ရင်းနှီးကျွမ်းဝင်စေရန် ရန်ကုန်မြို့ မလျှို့ဝှက်တဝှက် တစ်နေရာ၌ပြုလုပ်သော ဘလော့ဂါများတွေ့ဆုံဧည့်ခံပွဲ၌ ငပေါများဂေဟာ ကိုယ်စားလှယ်များ အဖြစ် ငပေါများဂေဟာ၏ ဂုဏ်ထူးရှော်ငှက္ကဋ္ဌကြီးမောင်အန်ဒီနှင့် လူဝံမှုကြီးကြပ်ရေး (မျောက်ဝံမဟုတ်ပါ) ဝန်ကြီး ဂျူဝသုန်(ခေါ်) ခပ်ညံ့ညံ့ကောင်တို့တက်ရောက်ကြသည်..။

အဆိုပါဧည့်ခံပွဲသို့ ရန်ကုန်ရှိအားယားနေသော ဘလော့ဂါများ၊ အချို့မှာ မအားသော်လည်း ကျွေးမွေးဧည့်ခံစရိတ်ငြိမ်းဖြစ်သဖြင့် "နိပ်ဟ" ဟု အတင်းအားကာ တက်ရောက်လာသူများ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်…။

ပထမဦးစွာ စီစဉ်သူဆရာမကြီးမက်မက်မှ ပွဲကျင်းပရခြင်းအကြောင်းရင်းကို အနည်းငယ် ရှင်းလင်းပြောကြားပြီးအခမ်းအနားကို ကော်ဖီများကိတ်မုန့်များဖြင့် စတင်ဖွင့်လှစ်၏…။ ထို့နောက် တက်ရောက်သူတစ်ဦးချင်းဆီမှ မိတ်ဆက်စကား အနည်းငယ်မြွက်ကြားကြသည်။ ထို့နောက်ဘလော့ဂါများမှာ အွန်လိုင်းတွင်သာ အချိန်ကုန်ကြပြီး ရန်ကုန်မြို့ကိုမရောက်ဖူးသော
တောသားများဖြစ်ကြသောကြောင့် ဆရာမကြီးမက်မက်မှနေ၍ ဘလော့ဂါများအား
ရန်ကုန်မြို့အနှံ့မော်တော်ကားဖြင့် လှည့်လည်ပြသပြီး ကန်တော်ကြီးတွင်
ဂိမ်းကစားနည်းများဖြင့် တည်ခင်းဧည့်ခံပြန်၏…။

ထို့နောက်နောက်ကျမှရောက်ရှိလာသော (စီစဉ်သူတစ်ဦးလည်းဖြစ်သည့်) လူဝံမှုဝန်ကြီး ဂျူဝသုန်(ခေါ်) ခပ်ညံ့ညံ့ကောင် မစားမသောက်လိုက်ရသည်ကို စာနာထောက်ထားပြီး ၄င်းမိတ်ဆုံစားပွဲကို ရန်ကုန်မြို့ ထရိတ်ဒါးဟိုတယ်နှင့် မလှမ်းမကမ်းရှိ လေးဘမ်းဟိုတယ်သို့ ပြောင်းရွှေ့ကြပြန်၏…။ (အမှန်မှာ သူလာလာမလာလာ ၁၉လမ်းသို့ ရွှေ့ကြမည်သာတည်း။ ဤကားစကားချပ်)

ထိုလေးဘမ်းဟိုတယ်တွင် မိန်းကလေးများအတွက်စားဖွယ်ရာများနှင့်ရေခဲရေ…၊
ယောင်္ကျားလေးများအတွက် ဝီစကီနှစ်တောင့်နှင့် ဘီယာသောက်ချင်သလောက်
စီစဉ်ပေးထားလေရာ… အလုပ်ပြုတ်၊ ဘိုင်ကျ၊ လောလောဆယ်မိဘလုပ်စာ ထိုင်စားနေရရှာသော ငပေါများဂေဟာငှက္ကဋ္ဌကြီးမောင်အန်ဒီခမျာ "မသောက်ရတာကြာပြီ။ ယနေ့တော့ အလှူရှင်ဒါယကာတွေ့တုန်းနှံလိုက်မည်" ဟူ၍နှံလိုက်ရာ အလုပ်ပြုတ်၊ ဘိုင်ကျ
မသောက်တာကြာပြီဖြစ်သဖြင့်"လစ်မစ်"ကျဆင်းလျက်ရှိနေသောကြောင့်…
စည်ဘီယာလေးခွက်နှင့် ဝီစကီလေးပက်မျှအကုန်တွင် ဦးခေါင်းအဝီစိထိုးနေသဖြင့်
(လူဝံမှုဝန်ကြီး၏အဆိုအရ) တက္ကစီပေါ်သို့ ထမ်းတင်ပေးလိုက်ရသောဟူသတတ်…။

ငှက္ကဋ္ဌကြီး၏ပြောရေးဆိုခွင့်ရ ကိုယ်ရေးအတွင်းရေးမှုး လီဒါဟေးကမူ
ထိုမှအပြန်တွင် ငှက္ကဋ္ဌကြီးမှာ အိမ်ပေါ်သို့လေးဘက်ထောက်ပင်တက်ရကြောင်း…၊
သို့ရာတွင်နောက်နေ့ အိမ်ပေါ်မှလေးဘက်ထောက် မဆင်းရသည်မှာကံကောင်းကြောင်း…။
ယခုအခါတွင် ငှက္ကဋ္ဌကြီးမှာ အခြေအနေကောင်းမွန်စွာရှိနေကြောင်း…၊ သို့ရာတွင်
ဘိုင်ကျရောဂါစွဲကပ်နေသဖြင့် အွန်လိုင်းနှင့် ငပေါဂေဟာအရေးကိုလောလောဆယ်
လှုပ်ရှားဆောင်ရွက်နိုင်ခြင်းမရှိကြောင်း စသည်ဖြင့် ရှင်းလင်းဖြေကြားသည်…။

နောက်ဆက်တွဲသတင်းအနေဖြင့်အဆိုပါ ဧည့်ခံပွဲအပြီး (ငှက္ကဋ္ဌကြီးပြန်အပြီး အတန်ကြာမှပြီး) တွင် ငပေါဂေဟာ၏ လူဝံမှုဝန်ကြီးမှာ ရေချိန်အဆမတန်လွန်ကဲသဖြင့် ထမ်းစင်ဖြင့်ပင် ထမ်းထုတ်ရကြောင်းကိုလည်းခိုင်လုံသော သတင်းရပ်ကွက်များမှသတင်းရရှိသည်…။
ထိုပွဲတွင်ထမ်းထုတ်ရသောဘလော့ဂါ အများအပြားပင်ရှိကြောင်းကို အဆိုပါ လေးဘမ်း ဟိုတယ် ရှိ အမည်မဖေါ်လိုသူ ဝန်ထမ်းတစ်ဦးမှလည်းပြောကြားသည်..။

မှတ်ချက်။ ။ ငှက်ကထဂျီးနှင့် လူဝံမှုကြီးကျပ်ရေးဝံဂျီးတို့၏ စွမ်းစွမ်းတမံ ဆောင်ရွက်ချက် များအတွက် ဂေဟာက အထူးပင် ဂုဏ်ယူဝမ်းမြောက်ကြောင်း .. ရှေ့ဆက်၍ ဒီ့ထက်ပိုမို စွမ်းဆောင်ကြရန် နာယကဂျီးမှ ဝင်ရောက်နှမ်းဖြူးပဏာယူလိုက်သည်။

Saturday, January 17, 2009

လတ်တလော အတင်းထုတ်ပြန်ခြင်း

ှက်ကထတစ်ယောက်သည် ငပေါဂေဟာအတွက် စွမ်းစွမ်းတမံ ကြိုးပမ်းလုပ်ဆောင်ရန်အတွက် လက်ရှိလုပ်ကိုင်နေသော ဟိုကလိ ဒီကလိ နှင့် ချက်တင် ထိုင်ချက်နေသော ရာထူးမှ ရုံးရှိ အရာရှိကြီးများ အောက်ကျို့ခံ တားမြစ်နေသည်ကြားမှ ရင်ကော့ပြီး (ငှက်ကထ ပြောတာပဲ ကိုယ်မှ မမြင်ရတာ) ၁၀၉/၁၁၀ ရာထူးနှင့် ငပေါဂေဟာ ငှက်ကထရာထူးအား ပူးတွဲထမ်းဆောင်ရန် ထွက်စာတင်ခဲ့သည်ဟု ခိုင်လုံသော သတင်းရပ်ကွက်မှ ပြောရေးဆိုခွင့်ရှိသူ ငှက်ကထကိုယ်တိုင်မှ ပြောကြား

နာယကဂျီးသည် အသက်ထွက်ခါနီးဆဲဆဲတွင် ငပေါဂေဟာသူ ဂေဟာသားများအား များများဆက်ပေါကြပါဟု မှာကြားပြီးမှ ဆန့်ငင်ဆန့်ငင်ဖြင့် ထွက်မည့်အသက်မထွက်ဘဲ ကြမ်းမာရေးဝန်ကြီး၏ ဆေးကြမ်းအရ အေဘီစီဘီယာ တလုံး နှင့် ဂျီးနပ်စ်ဘီယာတလုံးကို တိုက်လိုက်ရာ နေပြန်ကောင်းစပြုလာပြီဟု ရုပ်တည်နဲ့ နာယကကိုယ်တိုင် သတင်းထုတ်ပြန်

သဘာငတိတစ်ယောက် ဘလော့ရွာထဲတွင် မျက်စိသူငယ် နားသူငယ်နဲ့ ဘာလုပ်လို့ ဘာလုပ်ရမှန်းမသိ ဖြစ်နေပြီး ခေါင်းထဲမှာလဲ ဗလာနထိ ဘာမှ မရှိဖြစ်တဲ့ အပြင် လူရော ခေါင်းရော ထုံနေပါပြီဖြစ်ကြောင်း၊ တခါတရံ ဘီယာစုန်မျောနေကြောင်း၊ ရုပ်တည်နဲ့ တွေ့သမျှ ကောင်မလေးတွေကို ရည်းစာအတင်းလိုက်ပေးနေကြောင်း၊ အခုတော့ ရထားတစီးနဲ့ ခရီးထွက်သွားပြီး၊ ရော်ရွက်ဝါလို့ လေယူရာလွင့်နေကြောင်း၊ ပါးစပ်ကလဲ အချစ် အချစ်ဟု တိုးတိုးလေး ရွတ်ဖတ် သရဇ္ဈယ်(ပူဇော်)နေကြောင်း ပြောရေးဆိုခွင့်ရှိသူ မဒမ်လောင်းလေးမှ အကျယ်တ၀င့် မကျဉ်းမကျယ်ပြောကြား

တွင်း ၁ ဤ အခြေအနေမှာ မသိရှိရသည်မှာ များစွာကြာမြင့်ရပြီဖြစ်ကြောင်း လူတည်ဂိုဏ်းမှ လုပ်ကြံ သတ်ဖြတ်ခံရပြီဟုလဲ သတင်း သိုးသိုးသန့်သန့် မသိုးမသန့် ကြားသိရကြောင်းသိရှိ

တွင်း ၂ မှာ ရုတ်တရက် ကျရောက်နိုင်ဖွယ်ရှိသော လူတည်ဂိုဏ်းရန်အား ကာကွယ်နိုင်ရန်၊ သိုင်းကျမ်းကြီးမြောက်များစွာ ရေးသားရန် ဂူအောင်း ပြုစုနေကြောင်း၊ သဘာငတိမှာ စောက်ပျင်းတစ်နေသဖြင့် ရုံးတွင်းရှိ အလုပ်ပေါင်းမြောက်များစွာ တစ်ယောက်တည်း ပြုလုပ်နေရသဖြင့် မည်တွန်တောက်တီးနေကြောင်း၊

အမှုရှောင်မှာ နာမည်သစ်ပေါင်း မြောက်များစွာနဲ့ ပျော်ရွှင်စွာ တိုင်ပတ်နေကြောင်း၊ ဥပမာ ဂျေမီရဲ့ ညီမ ဂျေပီ JP (ထို နာမည်၏ ရာဇ၀င်ကို သိသူ အနည်းငယ်သာရှိ) ဟု၍ စသော နာမည်ပေါင်းမြောက်များစွာဖြင့် တိုင်ပတ်နေကြောင်း၊ ယခုလောလောဆယ် ပေါက်စီ စားချင်နေကြောင်း၊ လမ်းမှာ တွေ့တဲ့ သူတွေကိုလဲ သူမလွမ်းနေကြောင်း ရပ်ဝေးတစ်နေရာရှိ ဂျေပီ နာမည်ပိုင်ရှင်အား ပြောကြားပေးရန် အတင်း လူကြုံပါးနေကြောင်း သူမ အကြောင်းသိသူ တစ်ဦးမှ လျှို့ဝှက်စွာ အတင်းကာရောပြောကြား

အတင်းသားချုပ်မှာ သူမ မိုးချုပ်နေသော အသားနဲ့ မလိုက်ဖက်စွာ အလွန်လှပသော ဖိနပ်များအား သူမ၏ ပြောရေးဆိုခွင့်ရှိသူအား တဖက်လှည့်နဲ့ ၀ယ်ခိုင်းနေကြောင်း၊ အခုရက်ပိုင်း ကိုမာနကို ချောင်ထိုးထားကြောင်း၊ သူမ၏ သတိုးသားလောင်းလေး ဒိုလေးမှာလည်း ပြောင်းရွှေ့ခြင်းကြောင့် အလုပ်ရှုပ်နေကြောင်း ခိုင်လုံသော သတင်းရပ်ကွက်မှ ပြောကြား

အကျန်ပေးအရာရှိမှာလဲ ငပေါဂေဟာအား အကျန်မပေးပဲ ရှိသမျှအကျန်တွေအား တစ်ယောက်တည်း ကျိတ်ဝါးနေကြောင်း သတင်းရရှိ

ဝံကြီးဂျုပ်သည် ဂေဟာရောက်တာ ရက်ပိုင်းပဲရှိသေးပေမဲ့ ဂေဟာ၏ အာဏာအား လုယူသိမ်းပိုက်ရန် အောက်ခြေသိမ်း အလုပ်သမား ဂျက်လီအား ခေါ်ယူမွေးစားနေသည်ဟု ၀ံကြီးဂျုပ်နဲ့ နီးစပ်သူ ၀ံကြီးဂျုပ်ကိုယ်တိုင်မှ ဖွင့်ဟပြောကြား (သူလောက်နီးစပ်တာ ရှိဦးမလား)

ကူးသန်းဝံကြီးမှာ တာဝန်တခုနဲ့ ဇာတိမြေသို့ အလွမ်းတွေ ကူးသန်းသွားကြောင်း၊ ရုံးသို့ တက်ရောက်နိုင်မည် မဟုတ်ဟု သဘာပတိအား တိုးတိုးတိတ်တိတ် ခွင့်တိုင်သွားခြင်းဖြစ်ကြောင်း သဘာပတိပြောရေးဆိုခွင့်ရှိသူ မဒမ်လောင်းလေးမှ ပြောကြား

ကြမ်းမာရေးဝံကြီးမှာ ပိန်ညှောင်နေသော ကိုယ်ကာယကြောင့် ရာထူးနဲ့ မလိုက်ကြောင်း၊ ယခုအချိန်သည် သူအား ကောင်းကောင်း ထောပနာပြုရန် အချိန်ကောင်းဖြစ်ကြောင်း သူ့အိမ်တွင် မကောင်းဘူးဟုဆိုတော့ ဗုတ်အား အားအားနေ သွားနှိပ်သင့်နေကြောင်း၊ ဟို မဲပုံးလိုတော့ ဗုံးထောင်မည်မဟုတ်ဟု ယူဆရကြောင်း

ဆက်သွယ်ရေးဝံချီးသည် ပေါသူပေါသားများ ဆက်သွယ်ရေး၌ အဆင်ပြေပြေ အသုံးပြုနိုင်ရန် ကလေးကစားစရာ ဟန်းဖုန်းအား top-up card ထည့် အသုံးပြုနိုင်ရန် တီထွင် ကြိုးစားနေကြောင်း ပြောရေးဆိုခွင့်ရှိသူ သူမကိုယ်တိုင်မှ ပြောကြား

ဆယ်မြောင်းဝံကြီးမှာ ရင်ခွင်ပျောက်သူကို အသည်းအသန်ရှာနေကြောင်း တချိန်က နင်ကြင်နာခဲ့သလို အတိတ်ရဲ့ အရိပ်များပဲ ပြန်ရချင်ကြောင်း တောင်းဆိုများကြားသိရသည်။

တရားရေးဝံကြီးမှာ မြင့်မားလှသော အရပ်၊ ကြီးမားလှသော ကိုယ်ကာယနဲ့ သူမ၏ ကျောင်းအတွက် အသည်းအသန် အကကျင့်နေသောကြောင့် မအားလပ်ကြောင်းပြောကြား

ပညာရေးဝံကြီးမှာ အသဲကွဲရောဂါအပြင် ကင်စား၍ရသော ရောဂါရရှိနေသည်ဟုကြားသိရခြင်း၊ မြန်းဂလစ် ဘာသာစကားအား ပေါသူ၊ ပေါသားများအား အသည်းအသန်သင်ပေးရန် ဆန္ဒရှိနေသည်ဟု ထုတ်ဖေါ်ပြောကြွား

ပို့ဆောင်ဝံကြီးမှာ အခုလတ်တလာတွင် သရဲခြောက်ခံနေရသောကြောင့် နာရီတလုံး ဆုံးသွားကြောင်း၊ သူမ၏ ဘာညာကွိကွကလဲ ခပ်ချောချောကောင်လေး သဘာငတိလောက် သတ္တိမရှိကြောင်း ကြားသိရ

ယဉ်ကျေးမှုဝံကြီးမှာလဲ သူ၏အိမ်မှာ မီးပျက်နေကြောင်း၊ ယဉ်ကျေးစွာ ဖဲကစားရာ ဖေတွေ မောင်တွေ ကိုင်တုတ်ကျကြောင်း၊ ယဉ်ကျေးမှုဝံကြီးနဲ့ မအပ်စပ်စွာ တွင်း ၂ ရေးသားသော သိုင်းကျမ်းများဖတ်၍ ငပေါဂိုဏ်းကြီးအား ကာကွယ်ရန် ကြိုးစားနေကြောင်း

လယ်ရာပြန်စားရေးဝံကြီးမှာ ရွာရိုးကိုးပေါက်လျှောက်သွားရာမှ ငပေါဂေဟာသို့ ပြန်မလာတတ်တော့ကြောင်း တွေ့ရှိသူမှ အကြောင်းကြားပေးပါရန် သတိပေးနှိုးဆော်ထားကြောင်း

လူဝင်မှုကြီးကြပ်ရေးဝံချီးမှာ အမိ့မြန်မာပြည်သို့ ပြန်သွားရာ လူထွက်ပေါက်မသိသဖြင့် မေးမိရာ ဓါးကြိမ်း ကြိမ်းခံရကြောင်း၊

သစ်တောရေးဝံကြီးမှာ ကြီး မြန် သစ်ပင် စိုက်ပျိုးလျှင် စီးပွားလည်း ရ လူလည်းဝဆိုတဲ့ ဆောင်ပုဒ်အတိုင်း ကြီးသမျှ အပင်တွေအား ဂေဟာအတွက် ခုတ်ယူရောင်းကျွေးနေခြင်း

ဆောက်လုပ်ရေးဝံကြီးအား ရွာမှ ရုံးချုပ်အား အမြန်အားချင်း ဖြတ်၍ အေးအေးဆေးဆေး နှစ် ၃၀၀ စီမံကိန်းချပေးရန် သဘာငတိမှ စဉ်းစားနေကြောင်း ပြောကြားလိုက်သည်

ထောက်ချုပ်မှာ အိမ်သာတွင်းလိုက်လံ တူးကြောင်း သတင်းတစွန်းတစရရှိ ထို့အပြင် အခမဲ့ ဘာသာရေးစာစောင် ထုတ်ဝေရန် စီစဉ်နေသောကြောင့် မအားလပ်ဟုသိရ

မွေးမြူရေးဝံကြီးမှာ ငှက်ကထနဲ့ ငတိအတွက် နို့စားရေသူမမွေးမြူရာ မအောင်မြင်ကြောင်းကြားသိရပြီး၊ တွင်း ၂ ရဲ့ လက်ချက်ကြောင့် နို့စား ရေသူမတွေ သေဆုံးကုန်ကြောင်းကြား ထင်မြင်ယူဆရကြောင်း ၀ံကြီးမှ ပြောကြား

ပြန်ကြားရေးဝန်ကြီးသည် သတင်းပြန်ကြားရေး အလုပ် မလုပ်ပဲ လက်ဖက်ရည်ဆိုင်ဖွင့်ခြင်း၊ စားကြမယ်ဟေ့ ကောင်းကောင်း အစီစဉ်တွင် အောက်ဆိုဒ်ရှာခြင်း အလုပ်များ စွမ်းစွမ်းတမံ ပြုလုပ်နေကြောင်း သူရဲ့ နီးစပ်သော ဘလော့အသိုင်းအ၀ိုင်းဖြစ်သော သူ့ဘလော့မှာ သွားကြည့်က သိ၍ သဘာပတိမှ ရမ်းဖြီးလိုက်သည်။

နိုင်ငံခြားရေးဝံကြီးသည် မလေးရှားနှင့် စင်ကာပူနှစ်နိုင်ငံ ရောက်ဖူးသဖြင့် နိုင်ငံခြားရေးဝံကြီးဖြစ်သော်လည်း ယခုအခါ ရွာပြန်၍ မဒမ်လောင်းလေးဘေးတွင် ကပ်ချွှဲ ပတ်ချွှဲ လုပ်နေကြောင်း၊ မင်္ဂလာဆောင် စရိတ်မှာ များပြားလှသဖြင့် မင်္ဂလာဆောင်မည့် ကိစ္စကို မေ့ချင်ယောင်ဆောင်နေကြောင်း သူ၏ ညီဖြစ်သူ ငတိမှ အတင်းဖွလိုက်သည်။

အသင်းသား ပေါကေလာမှာ အသားများအား အစိမ်းစားနေကြောင်း၊ ဗျစ်ရည်လေးသောက်ကာ သူ၏ မမ(ခ) အသင်းသူအား ရစ်ရန်ကြိုးစားစဉ် သူပြန်အရစ်ခံရကြောင်း ပ်ချောချောကောင်လေး သဘာပတိအား ပြောဆိုတိုင်ကြားလိုက်ကြောင်း


အောက်ဆိုဒ်ရှာနေသော ပြန်ကြားရေးအစား ပါလေရာငပိချက်ဖြစ်သော ခပ်ချောချောကောင်လေး သဘာပတိမှ အတင်းကာရော အတင်းပေါင်းများစွာ ထုတ်ပြန်လိုက်သည်။

Thursday, January 15, 2009

ငပေါ ဝန်ဂျီးဂျုပ် ခန့်အပ်ကြောင်း သဝဏ်လွှာ

တနေ့သ၌ ကျွန်ုပ်သည် အားအားရှိခိုက် ဘလော့လောကတခွင်ပြဲပြဲစင်အောင် လမ်းသလားနေစဉ် သူ့ကို ဂျက်လီနှင့်တူသည်ဟု မြှောက်ပေးသူများ ရှိကတည်းက မျက်မှန်နက်ကို မချွတ်တမ်းတပ်ခါ ကုတ်အင်္ကျီလိုလို ဂျာကင်လိုလို အနက်ရောက် အင်္ကျီပွပွကြီးကိုဝတ်လေ့ရှိသူတဦး ကျွန်ုပ် အနားသို့ ချဉ်းကပ်လာလေသည်။

ဂျက်လီ။ ။ ဒီမှာ ... ခင်ဗျားက ငပေါများဂေဟာ ဆိုတာရဲ့ နာယကကြီးမှတ်တယ်။ ဟုတ်တယ် မဟုတ်လား။ ဟုတ်မှာပါ။ ခင်ဗျားကြည့်ရတာ အတော်ပေါပုံပဲ။ ခင်ဗျားရဲ့ ပေါပုံပေါနည်းကြည့်ရတာလည်း တော်တော် ပေါသက်ရင့်နေပုံဆိုတော့ ဒါ နာယကကြီးပဲ ဆိုတာ ကျနော်အတတ်ပြောနိုင်တယ်။

နုပ်။ ။ ဟုတ်လိုက်လေ ကိုဂျက်လီရယ်။ ကျွန်ုပ်ဟာ ဟောဒီဘလော့လောကရဲ့ အထင်ကရ ငပေါဂေဟာကြီးက ခေတ်ဆွေးငပေါ နာယကကြီး ဖြစ်တော့သကိုး။ ကဲ ဘာကိစ္စ။

ဂျက်လီ။ ။ ဘာရယ်မဟုတ်ပါဘူးဗျာ။ ကျုပ်လည်း ရာထူးတနေရာ လိုချင်လို့ပါ။

နုပ်။ ။ အင်း ကိုဂျက်လီကြည့်ရတာလည်း တော်တော် ပေါနိုင်မယ့်သူပဲ။ ဘာလို့ ဂေဟာကို ဝင်ချင်တာလဲ။

ဂျက်လီ။ ။ ဝင်ချင်တာ မဝင်ချင်တာက အသာထားပါဗျာ။ ကျုပ်က ဝန်ကြီးတနေရာ ရချင်တာ။

နုပ်။ ။ ဝန်ကြီးတွေကတော့ မြင်တဲ့အတိုင်းပဲလေ။ လူက ပြည့်သလောက်ရှိနေပြီ။ အဲဒီတော့ ကိုယ့်ဘာသာစဉ်းစား။ ဘာဝန်ကြီး လုပ်ရင် ကောင်းမလဲဆိုတာကို။

ဂျက်လီ။ ။ တကယ်ကတော့ လယ်ရာပြန်စားရေး ဝန်ဂျီးလုပ်ချင်တာဗျ။ ဒါပေမယ့် သူများ ဦးသွားပြီ။ ဘယ်လိုလုပ်ရင်ကောင်းမလဲ။ အဲ သိပြီ ခင်ဗျားတို့ ဂေဟာမှာ ဝန်ကြီးဂျုပ်လစ်လပ် နေတယ်။ ကျုပ် ဝန်ကြီးဂျုပ် လုပ်မယ်ဗျာ။

ကျွန်ုပ် အလွန်အင်မတန်မှ အံ့သြသွားသည်။ အနှီရာထူးကို ကျွန်ုပ်တို့ တခါမှ မစဉ်းစားစဖူး။ ထိုသို့သော ရာထူးမျိုးကို ဤပုဂ္ဂိုလ်ကျော်က သတိတရ ရှိသွားချေပြီ။ ထိုကိစ္စအတွက် ကျွန်ုပ်တို့ အရေးပေါ်စည်းဝေး ခေါ်မှဖြစ်တော့မည်။ ကျွန်ုပ်တို့ ငပေါဂေဟာ ဘုတ်အဖွဲ့ဝင်များအနက် ကျွန်ုပ်၏ ဂျီတော့ထဲတွင် မီးစိမ်းနေသူမှာ ထိုအချိန်က မြန်မာပြည်က ပြန်ရောက်ခါစ ရုံးတွင်ဖင်မြဲနေသော တွင်းတူး ဗီလိန်သာ ရှိလေသည်။ ထို့ကြောင့် ကျွန်ုပ်လည်း မနှောင့်ယှက်ပင် မနှောက်ယှက် ချင်သော်ငြား ထုံးစံအတိုင်း ပလုံ ပလုံ လုပ်လိုက်ရချေသည်။ အိပ်မှုံစုံမွှား မျက်ချေး ဗလပြစ်ဖြင့် ထလာသော တွင်းတူးမှာ ကျွန်ုပ်ကို ကြိမ်ဆဲချေရော့မည်။ သို့သော် ဒါက ဂေဟာ ကောင်းကျိုးမဟုတ်တုံလော။

တွင်းတူး။ ။ ဘာတုန်း အစ်မဂျီးရာ ရှုပ်လိုက်တာ ဒီမှာ အိပ်မက်ထဲ အွန်စောနဲ့ ...။

နုပ်။ ။ အွန်စောနဲ့သာပြောနေ နင့်မီးကလင်းနေတာဟ။ အိပ်ချင်လည်း မီးပိတ်ပြီးမှ အိပ်ပေါ့။ နင်တို့စင်ကပူရမှာ မီးခတွေ ဈေးက ကြီးကကြီးသနဲ့။

ထိုအခါ တွင်းတူးမှာ ခဲပေါင်းများစွာ မှန်ထားသော သံဓာတ်တိုင်ကြီးကဲ့သို့ ရှုံ့တွ လိန်တွန့်ရင်း ပျင်းကျော ဆွဲလေသည်။

နုပ်။ ။ ဒီမှာ အသင်းကိစ္စ အရေးပေါ်ပြီဟေ့။ ခု ဝန်ကြီးဂျုပ် လျှောက်ချင်တဲ့သူ တယောက် ပေါ်လာပြီ။ အဲဒါတိုင်ပင်ချင်လို့။

တွင်းတူး။ ။ ဟမ် .. ဟုတ်လား။ အဲ့ရာထူးကို ကျနော်တို့တောင် မစဉ်းစားမိပါလား အစ်မဂျီးရဲ့။

နုပ်။ ။ အေးလေ တို့ဂေဟာရဲ့ပေါ်လစီကိုက ကိုယ်ဦးကိုယ်ယူစနစ်မဟုတ်လား။ ကိုယ်တော် ကြောင်းကို ကိုယ်ပဲသေချာသိတာဆိုတော့ ခု ဒီလူကလည်း သူ့ကိုယ်သူ အရမ်းတော်တယ်ပြောနေတယ်။ ကြည့်ရတာ ငါတို့ နင်တို့နီးနီးတော်ပုံပဲနော် … (တွင်းတူးမှာ ညစ်လိန်လိန်နေသဖြင့် အနည်းငယ် ပင့်ပေးလိုက်ရသေးသည်)

တွင်းတူး။ ။ အဲဒါတော့ ဟုတ်ပါပြီလေ။ သို့သော် သူက ကျနော်တို့ထက်များ ရာထူးကြီး သွားမလား။ ဟိုလူတွေလည်းစိုးရိမ်မှာပဲနော်။

နုပ်။ ။ ဒီကိစ္စ ငါရှင်းပါ့မယ်။ လွယ်လွယ်လေး။ ခေါက်ဆွဲပြုတ်တာထက်လွယ်တယ်။ သူက ဝန်ကြီးတွေရဲ့ အထက်မှာရှိပေမယ့်။ ငါတို့ ဘုတ်အဖွဲ့ရဲ့အောက်မှာပဲ ငှဲငှဲ။

တွင်းတူး။ ။ ဒါဆိုရင်တော့ဖြစ်ပါတယ်။ နောက်တခုက ခု ငတိ မအားလို့ ကျုပ်တယောက်တည်း ဂေဟာအလုပ်တွေ လုပ်နေရတယ်။ အဲဒါသူ့ကိုပါ ညာတာပါတေးနဲ့ ဘုတ်အဖွဲ့ထဲထည့်ပြီး လုပ်ခိုင်းရရင် ကောင်းမှာပဲ။

နုပ်။ ။ ဖြစ်ပါတယ်။ ဒါဆို ခန့်လိုက်တော့မယ်နော်။ ငှဲငှဲ ငါတို့ဂေဟာက ဟိုအစိုးရသစ်ထက် ဝန်ကြီးဂျုပ်စောခန့်တာဟ။ တော်ကြာ သူတို့ကဝန်ကြီးဂျုပ်ရွေးပြီး ငါတို့မှာ ဝန်ကြီးဂျုပ်မရှိရင် ဘယ်ကောင်းမလဲ။ လူရိုသေ ရှင်ရိုသေ သဘောနဲ့ ခန့်တယ်ပဲ ထားပါတော့ဟာ။ သူလည်း တော်တော် ပေါသက်ရှိတဲ့ သူတယောက်ပါ။ သူဘယ်လောက်ပေါကြောင်း သူ့ကိုယ်သူ ထောက်ခံထားတယ်။ မျက်မှန်နက်ကြီးနဲ့ ကုတ်အင်္ကျီမည်းကြီးနဲ့ မသိရင် အမေရိကန် ဂိုဏ်းစတားလိုလို ဘာလိုလိုနဲ့။ ဝန်ဂျီးဂျုပ်က ခုလိုပုံနဲ့ဆိုတော့ လူရှိန်တာပေါ့ဟာ။

တွင်းတူး။ ။ အိုကေ အစ်မဂျီး။ ချဗျာ။ ကျုပ်လည်းသက်သာ ဂေဟာလည်း လူတိုး ဘယ်လောက် အဆင်ပြေလဲ။

တွင်းတူးသည် သူမလုပ်ရပြီးရော ဆိုသည့်သဘောဖြင့် လျှင်မြန်စွာ ထောက်ခံလေသည်။ ကျွန်ုပ် နာယကဂျီးသည် အလွန့်အလွန်မအားလပ်သည့် ကြားမှ ဂေဟာအကျိုးကို စွမ်းစွမ်းတမံ ထမ်းဆောင် ချင်သော ဆန္ဒဖြင့် ဘုတ်အဖွဲ့ဝင်များထံ စာလွှာတော်ဂျီးများကို လျှင်မြန်စွာ လွှတ်လိုက်လေရာ .. လူကြီးမြင်းများထံမှ ထင်ထားသည့်အတိုင်း (ဖတ်ပင်ဖတ်ရဲ့လားမသိ) ထောက်ခံပါသည် ဟူသော စာများ ပလူပျံအောင် ရောက်ရှိလာလေတော့သည်။

နုပ်။ ။ ဟဲ့ဒါဆို ငါကြေညာလိုက်တော့မယ်နော်။

တွင်းတူး။ ။ ကောင်းသလိုလုပ်ပါဆိုဗျာ။ နောက်ထပ်လာမနှောက်ယှက်နဲ့တော့။

ထိုအခါ ကျွန်ုပ်မှာ တွင်းတူးဘက်မှ ကိုဂျက်လီဘက်သို့ လှည့်ရပြန်သည်။

နုပ်။ ။ ကိုဂျက်လီရေ။ ခု ကိုဂျက်လီကို ဝန်ဂျီးဂျုပ်ခန့်ပြီ။ ကဲ ဂေဟာကိုသွားပြီး အဖွဲ့သားတွေနဲ့ တွေ့ ပေါနိုင်သမျှသာ ပေါပေတော့ဗျို့။ တခုတော့ရှိတယ်နော် နာယကဂုဏ် ၇ ပါးဆိုတာ ရှိတယ်တဲ့ ..။ တကယ်က ၆ ပါးပါ။ အဲဒီ ၆ ပါးလုံး ကျွန်ုပ်မသိလို့ ကိုယ့်ဘာသာ တပါးထပ်ထည့်ထားတာ။ အဲဒီထပ်ထည့်ထားတဲ့ ဂုဏ်က “ပေါဂုဏ်” တဲ့ .. ကျွန်ုပ်ရဲ့ ဘော်ဒါဖြစ်တဲ့ ကိုဂျက်လီအနေနဲ့ နာယကဂျီး ရဲ့ပေါဂုဏ်ကိုတော့ မဖျက်စီးစေချင်ဘူး။

ဂျက်လီ။ ။ ဟာ ဟုတ်ပြီဗျို့ ...။ စိတ်ချ၊ မပျက်စေရဘူး။ နာယကကြီးရဲ့ ပေါဂုဏ်တွေ တိုးတက် စေရမယ်။ ကမ္ဘာပေါ်မှာရှိရှိသမျှ ဝန်ဂျီးဂျုပ်တွေထက် ပေါမယ်။ အပေါတကာ့ထွတ်ခေါင် ပေါမင်းနောင် ဖြစ်အောင်ကို ပေါပါမယ်။ ကျနော့်ထက်ပေါတဲ့ ဝန်ဂျီးဂျုပ်ပေါ်လာရင် အမြစ်ဖြုတ်ပစ်မယ်။ ဒန်ဒန့်ဒန် …။

ကိုဂျက်လီမှာ မြန်မာ့ဂီတကိုလည်း ဝါသနာထုံသူတဦးဖြစ်ပေရာ … ပါးစပ်ဆိုင်းတီး၍ ကွေးနေအောင် ကရင်း ကျွန်ုပ်အနားမှ ပျော်ရွှင်စွာ ထွက်ခွာသွားလေတောသည်။

ငပေါဂေဟာ၌ ဝန်ဂျီးဂျုပ်သစ် ခန့်အပ်ခြင်းအစီအစဉ် ဤတွင် ပြီးဆုံးပါပြီ။

Wednesday, January 14, 2009

တစ်နေ့စာအပေါများ

Intro:
အိပ်ယာထဲကထနေ့တိုင်း ငါပေါနေကျ
ဘလော့ဂ်ထဲတွေ့နေရတဲ့ မျက်နှာများ
ဟန်လုပ်ကာ ပေါပြပြီး စိတ်က မုဒ်တက်လာတော့

ဒီဘက်ကိုကြွပါ မိတ်ဆွေငပေါကြီးရဲ့
အားနာမိတော့လိုက်လျော ဆီဘောက်စ်မှာ သွားအော်တော့
သူ့ပေါလုံးထဲ ငါမျောပြီပေါ့
ငါခေါင်းညိတ်ရင်း ထပ်ပြန်ပေါပြလိုက်ရင်း
တစ်သက်လုံး ပေါနိုင်ဖို့သာ ကြိုးစားတော့...

နည်းနည်းလေးတော့ ပေါနေမယ် ပေါပေါလေးလည်း ကောင်းပါတယ်
စိတ်ကျေနပ်ရင် ပေါတာပဲ နေတတ်ရင် အေးဆေးလေး
နည်းနည်းလေးတော့ ပေါနေမယ် ပေါပေါလေးလည်း ကောင်းပါတယ်
ပေါနေလိုက်ရင် ပြီးပြီ ကောင်းသားပဲ လိုအပ်ရင်ရူးလိုက်ဦး

ဒီညနေခင်းတွေထဲ အိုး ... အွန်လိုင်းပေါ်တက်

ပေါတဲ့စိတ်ကို လွှတ်တင်လို့
ပေါချင်တဲ့စိတ်ကူး ဆေးရောင်အသစ်ပြန်ထပ်မယ်

ပေါလိုက်တယ်အားလုံးကို
ကြည်နူးကာ ပေါလို့လာရင်းနဲ့ တုန်ယင်လန့်ဖျပ်လို့သွားခဲ့
မပေါတတ်သေးတဲ့ ဘလော့ဂ်ဆိုပဲ
မပေါရင်သွားဗျာ အနားအနားမလာနဲ့
ပိတ်အော်မိလိမ့်မယ် အပေါမဟုတ်ရင် သွားစမ်းကွာ...

နည်းနည်းလေးတော့ ပေါနေမယ် (နည်းနည်းလေးတော့ ပေါမယ်) ပေါပေါလေးလည်း ကောင်းပါတယ် (ပေါပေါလေးပဲကောင်းတယ်)
စိတ်ကျေနပ်ရင် ပေါတာပဲ နေတတ်ရင် အေးဆေးလေး
နည်းနည်းလေးတော့ ပေါနေမယ် (နည်းနည်းလေးတော့ ပေါမယ်) ပေါပေါလေးလည်း ကောင်းပါတယ် (ပေါပေါလေးပဲကောင်းတယ်)
ပေါနေလိုက်ရင် ပြီးပြီ ကောင်းသားပဲ လိုအပ်ရင်ရူးလိုက်ဦး

နည်းနည်းလေးတော့ ပေါနေမယ် (နည်းနည်းလေးတော့ ပေါမယ်) ပေါပေါလေးလည်း ကောင်းပါတယ် (ပေါပေါလေးပဲကောင်းတယ်)
စိတ်ကျေနပ်ရင် ပေါမှာပဲ နေတတ်ရင် အေးဆေးလေး

နည်းနည်းလေးတော့ ပေါနေမယ် (နည်းနည်းလေးတော့ ပေါမယ်) ပေါပေါလေးလည်း ကောင်းပါတယ် (ပေါပေါလေးပဲကောင်းတယ်)
စိတ်ကျေနပ်ရင်ပြီးပြီ ပေါမှာပဲ လိုအပ်ရင် ရူးလိုက်ဦး

Solo:
ရင်ထဲမှာ အတွေးလေးရ ဘလော့ဂ်ထိုင်ရေးအုန်းမှ
လုပ်ပြီ ဟန်းဂ်လို့သွားတယ် ကွန်ပျူတာက
ကဲကွာရှိပါစေတော့ဟေ့ ကဗျာစပ်မှာပေါ့ ဟာသွားပြီ မီးပျက်သွားခဲ့တော့
ဘာတတ်နိုင်သေးလို့လဲ ပေါတာအကောင်းဆုံးပဲ ငါ့နေ့စဉ်လွဲချော်မှုတွေနဲ့
ငါ ပေါနေလိုက်မှ အေးမှာပဲ
မနက်ဖြန်အိပ်ရာထရင် ပေါမယ် နောက်တစ်နေ့စာ အပေါများနဲ့...

နည်းနည်းလေးတော့ ပေါနေမယ် (နည်းနည်းလေးတော့ ပေါမယ်) ပေါပေါလေးလည်း ကောင်းပါတယ် (ပေါပေါလေးပဲကောင်းတယ်)
စိတ်ကျေနပ်ရင် ပေါတာပဲ နေတတ်ရင် အေးဆေးလေး
နည်းနည်းလေးတော့ ပေါနေမယ် (နည်းနည်းလေးတော့ ပေါမယ်) ပေါပေါလေးလည်း ကောင်းပါတယ် (ပေါပေါလေးပဲကောင်းတယ်)
ပေါနေလိုက်ရင် ပြီးပြီ ကောင်းသားပဲ လိုအပ်ရင်ရူးလိုက်ဦး

နည်းနည်းလေးတော့ ပေါနေလည်း (နည်းနည်းလေးတော့ ပေါမယ်) ပေါပေါလေးလည်း ကောင်းပါတယ် (ပေါပေါလေးပဲကောင်းတယ်)
ပေါနေလိုက် ရင်ပြီးပြီ အေးဆေး ပေါတတ်ရင် ဘ၀မှာအကောင်းဆုံးဟေ့
နည်းနည်းလေးတော့ ပေါတာရှိမယ် (နည်းနည်းလေးတော့ ပေါမယ်)
ပေါရဲ့လား... ပေါတာလေးတွေရှာကြံတွေး... (ပေါပေါလေးပဲကောင်းတယ်) အဟင်း
ပေါနေလိုက်ရင်ပြီးတာပဲ နေတတ်ရင်အေးဆေးလေး

နည်းနည်းလေးတော့ ပေါတာရှိမယ် (နည်းနည်းလေးတော့ ပေါမယ်) ပါပေါလေးလည်း ကောင်းပါတယ် (ပေါပေါလေးပဲကောင်းတယ်)
ပေါနေလိုက်ရင်ပြီးပြီ အားလုံးပေါတယ် အေးဆေးပါ အေးဆေးလေး
ပေါရဲ့လားဟေ့...

မာ မာ ... မာ ... မာ မာ မာ ... (မာ မာ ... မာ ... မာ မာ မာ) ၀ို ၀ို ... ၀ို ... ၀ို ၀ို ၀ို ... (၀ို ၀ို ... ၀ို ... ၀ို ၀ို ၀ို)
ပေါနေလိုက်ရင်ပြီးပြီဟေ့ နေတတ်ရင် အေးဆေးလေး
နာ နာ ... နာ ... နာ နာ နာ ... (နာ နာ ... နာ ... နာ နာ နာ) ရဲ ရဲ... ရဲ ... ရဲ ရဲ ရဲ ... (ရဲ ရဲ... ရဲ ... ရဲ ရဲ ရဲ)
အို အို ... အို ... အို အို အို ... (အို အို ... အို ... အို အို အို)

မာ မာ ... မာ ... မာ မာ မာ ... (မာ မာ ... မာ ... မာ မာ မာ) ၀ို ၀ို ... ၀ို ... ၀ို ၀ို ၀ို ... (၀ို ၀ို ... ၀ို ... ၀ို ၀ို ၀ို)
စိတ်ကျေနပ်ရင်ပြီးပြီ အားလုံးအတွက်
အပေါဆုံးပဲ အေးဆေးလေး


လျှောက်လုပ်ရေးဝန်ဂျီး ပေါငြိမ်

(မှတ်ချက်။ ။ ထူးအိမ်သင်၏ `တစ်နေ့စာအလွဲများ´ သီချင်းသံစဉ်အလိုက်ဖြင့် သီဆိုရန်)

Tuesday, January 13, 2009

လျှောက်လွှာလက်ခံခြင်း (၂၀)

ဟလို.... ဟိုလာ တက်စ်စီ 1-2-၃ ကြားလား ကြောင်လား
ကြားချင်ကြား မကြားချင်နေ မြင်အောင်ကြည့် တွေ့အောင်ရှာ။
ရိုသေ ငါးစားရပါသော ဘာမသိ ညာမသိ အ၀ှာငြိတဲ့ သဘာငတိခင်ဗျား ကျနော်ကတော့ လူတကာကို ကလိတဲ့ ရဲလေးအာဇာရော်နယ်ဗေဗေမောင်ကြောင်မျိုး ဖြစ်ပါတယ်။

ယ မှာ အမှိုက်ကောက်တဲ့ အလုပ်က အောက်ဆိုဒ်မရှိတော့ အဆင်ပြေလို ပြေငြား အချိန်တိုအတွင်း ထိုးဖောက်ပေါ နိုင်လွန်းသော ငပေါများဂေဟာမှာ ညစောင့်အလုပ်လေးများ ရမလားလို့ ဆင်စားနေတုန်း မိုက်ဖော် မိုက်ဖက် ရွာတောင်ပိုင်းမှာ ကြက်ခိုးစားတုန်းက သူငယ်ဂျိုးကြီး ၁လိန်၂လိန် လိန်ချင်တာ လိန်က ကျန်းမာရေးဝံကြီးနေရာ လွတ်နေတယ်ဆိုတော့ အပြေးအလွှား လုံချည်မပါပဲ ရောက်လာခြင်းဖြစ်ပါတယ်။ ကျနော် ဆြာဝန်လုပ်ဖူးတယ်ခင်ဗျ။ လုပ်ရည်ကိုင်ရည်လည်းရှိပါတယ် လုပ်သက်ကတော့ မနေ့က ၁ ရက်ပြည့်တယ်။ ဦးသာဂိကြီး ပုရွတ်ဆိတ်ကိုက်တုန်းက အဆိပ်ပျံ့ပြီး အသက်ဆုံးရှုံးမှာ စိုးတာကြောင့် ခြေတောက်ကို ပေါက်တူးနဲ့ တစ်ခါတည်း ဖြတ်ပစ်လိုက်တာ ကျေးဇူးတင်လွန်းလို့တဲ့ဗျာ သူ့အမျိုးတွေ ဓားမတွေ နဲ့ အိမ်ထဲကို လက်ဆောင်လာပစ်ပေးတာ။ အိမ်ကကြောင်မကြီး သားကျတော့လည်း ၄ ကောင်ပဲမွေးလို့ ဗိုက်ကို အတင်းညှစ်ချပစ်လိုက်တာ နောက်ထပ်တစ်ကောင် "ပလွတ်" ထွက်လာတာ ပြီးတာနဲ့ ကြောင်မကြီးလဲ ကြောင်ရွာစံသွားတယ်။ အင်းး သေခြင်းတရားက ဘယ်သူရှောင်လို့ရမှာတဲ့လဲ နှစ်ရာနဲ့ဖြေပေါ့။ ဒါတွေက သိအောင်ပြောပြတာပါ ကြွားတယ်လို့တော့မထင်လိုက်ပါနဲ့ လူကြားထဲရောက် ပန်း (လေ) တက်တဲ့ အကျင့်ပါနေလို့ပါ သဘာငတိခင်ဗျာ။

ကျနော်ဖော်ထားတဲ့ဆေးတွေနဲ့ ကုသနည်း တွေလည်းရှိပါသေးတယ်။

1 .၀မ်းကိုက် ၀မ်းလျှော ရောဂါ ဖြစ်လျှင် ကုတ်ကိုသီးနဲ့ ချဉ်ပေါင်ကြော်စား
2. ငါးရိုးဆူးလျှင် လည်ချောင်းကို ဓားမြှောင်နဲ့ကလော်ထုတ်
3 .ခေါင်းမူးလျှင် အရက်သောက်
4 .လက်နာလျှင် ခုတ်ဖြတ်
5. မျက်စိနာလျှင် ဖောက်ထုတ်
ဒါ့အပြင် ဂိုဏ်းကြီးရှိ သဘာငတိနှင့်တစ်ကွ ဂိုဏ်သားများ အားလုံးရဲ့ ကျန်းမာရေးကို ကျနော် ဒေါက်တိုကြောင်ကြောင်မှ စွမ်းစွမ်းတမံ စောင့်ရှောက်သွားမည်ဖြစ်ကြောင် ဇီးဖျော်ရည်သောက်ပြီး သစ္စာကို အနမ်းပေးပါတယ် ။

ဒီလောက် ပညာအရေးချင်းနဲ့ဆို အလုပ်ရနိုင်မယ်လို့ထင်ပါတယ် (ပေးမှာလား မပေးဘူးလား မပေးရင်တွေ့မယ် ရွာထိပ်က ထန်းတောမှာ)။ အလုပ်ခန့်ရင် ပျက်ရက်မပါ တစ်လမှာ ခွင့် ၂၉ ရက်လိုချင်ပါတယ် အကြောင်းမှာ ဒီဝင်ငွေနဲ့ မလောက်ရင် အပြင်ဆေးခန်းထိုင်ရမှာမို့ပါ ။ ဂိုဏ်းကြီးမှ ချမှတ်သော စည်းကမ်းချက်များကို တစ်သွေမတိမ်း ဖယ်ရှောင်သွားမှာဖြစ်ပြီး ရန်ပုံငွေများ ခွဲဝေလျှင်လည်း အညီမျှ လိုချင်ပါသည် ။စည်းဝေးပွဲများကို အဝေးရောက် တက်ရောက်မည်ဖြစ်ပြီး လူနာကျလွန်းလျှင် အိပ်ချင်ယောင်ဆောင်သွားမှာ ဖြစ်ကြောင်း ။ အမျိုးသား၊ သက်ကြီးရွယ်အို နှင့် ခလေးသူငယ်များကို လက်ထောက်များနှင့် လွှဲပြီး ခပ်ငယ်ငယ်ချောချော အမျိုးသမီးများအား မည်သည့်ရောဂါမဆို ကိုယ်တိုင်ကုသပေးမည်။ ယခု လျှောက်လွှာအား ပယ်ချလျှင် အသရည်ဖျက်မှူဖြင့် တရားစွဲဆို လျော်ကြေးတောင်းသွားမည် ဖြစ်ကြောင်း ပြောကြားရင်း ချုပ်ပါတယ် နိဂုံး ။

အမည်........ အပေါ်မှာ ပြောပြထားပြီးပြီး နှစ်ခါမပြောဘူး အာညောင်းလို့
အသက်.......... ရှူး တိုးတိုး သေမင်းကြားရင် လာခေါ်နေလိမ့်မယ်
နေရပ်.............. လာချင်ရင် အနီးလေးအထပ်ထပ် မခေါ်ပါခင်ဗျား (သိသွားမှာကြောက်လို့)
ပညာအရည်အချင်း.... PHc> MBBS> တံတားဆောက်လုပ်ရေး

မှ/
ကျန်းမာရေးဝံကြီးအဖြစ်လျှာထားခံထားရသော
ပရော်ဆော်ဖာ ဒေါက်တို -ချောင်ထိုး

ထောက်ခံပါ၏။ လုံးဝကြီးကိုထောက်ခံပါ၏။ မထောက်ခံတဲ့သူ ဓားမနဲ့ လိုက်ခုတ်မယ်။ ပြီးမှ သူ့ကိုကုခိုင်းလိုက်မယ်။ ဒါဗြဲ။
ပုံ။
တွင်းဆွဲ-၂

Monday, January 12, 2009

ပညာရေးဝန်ကြီး တင်ပြချက် (၂)

ခေတ်မီပြီး ဖွံ့ဖြိုးကာ တိုးတက်ရသော ဒီခေတ်အခါ သမ၀ါယမတွင် ဆန်ဆီရှားကာ အဲလေ ဟုတ်သေးပါဘူးလေ။ ပြောချင်တာကတစ်ခြား အင်း အင်း ပြောပြီ အတည်နော်.... အင်္ဂမာ လန်းဂွေ့ကို ငပေါရုံးသုံး ဘာသာစကားအဖြစ် သတ်မှတ်ချင်တာပါ။ ဒီလိုပါ အိပ်စ်ပလိမ်း ပေးပါ့မယ်။

ဒီခရေဇီရှိ လူချီးမင်းတွေ၊ မင်းသမီးတွေ၊ အိမ်ရှေ့နေတွေ အိမ်ဘေးနေတွေ မှာ ကမ္ဘာကိုပတ်၍ သွားလာနေရသူတွေ ဆိုတော့ အဲဒီဘာသာကိုသာ ဒီခရေဇီက လူချီးတွေ အားလုံးတတ်မည် ဆိုလျှင် ၀ါးလ်ဒ်မှာ ဘားမားဟေးလို့ ရှောက်အော်လို့ ရလောက်အောင် ထင်ရှားလာနိုင်ပြီး ၀ါးလ်ဒ် နှင့် ရင်ဘောင်တန်းနိုင်သော ခရေဇီ အဖွဲ့တစ်ခု ဖြစ်လာနိုင်မည်ဆိုတာကို အိုင်နိုးနေလို့ပါ။ အခုလို အောက်ဖေ့စ်သုံးတွေမှာ ခေတ်မီ၍ တိုးတက်နေပြီး ကမ္ဘာနှင့်အပြိုင် လမ်းဂွေ့ရှ်တွေ ကို လိုင်းမ်လိုမွှေ ၀ပ်တားလို နှောက်နေသည်ဆိုသော်လည်း လန်းဂွေ့ရှ် ယူးစေ့ခ်ျတွေ ကို မြင်သူတကာ ဂေ့စ်လောက်အောင် ယူးစ်သင့်ကြောင်း.... အက်ဒဗိုက်စ် အနေနှင့်ကော၊ အိပ်စပီးရင့် ပြင်ညာရေးဝံချီး တစ်ယောက်အနေနှင့်ကော၊ ဒီ် ခရေဇီဂါဒင်းအပေါ် ကွန်စမ်း ရှိလွန်းသောကြောင့်ကော၊ ပိုပြီး ခေတ်မီစေချင်သော ဆန္ဒတွေနှင့် လမ်းဂွေ့ရှ် အသုံးလေးတွေကို ချိမ်းဂ်ျပီး သုံးကြရအောင်လို့ ပြောချင်ပါတယ်။ ကျောင်းတွင် ယူးစ်နေသော ကျောင်းသုံး ဘုတ်အုပ်တွေကိုလည်း အင်္ဂမာလန်းဂွေ့သို့ ပြောင်းလည်းတော့မည် ဖြစ်ကြောင်း ပြင်ညာရေးဝံချီးမှာ အလွန်ပင် အင်သူစီးယား စတစ်ကယ်လီး နှင့်တိုးတက် စေချင်သည့်ဆန္ဒမှာ မချုပ်နိုင်မထိန်းနိုင် အင်ကွန်ထရိုးဖြစ်ကာ တင်ပြခြင်းပင် ဖြစ်သည်။

ထို့အတွက် အိဖ်ယူအော အာရ် အဂရီး တူ ယူစ် သစ်ဇ်လန်းဂွေ့ရှ် ...လာရောက် လာဘ်ပေးကာ ဆိုင်းလာထိုးကြပါလို့ တောင်းတောင်းပန်ပန် နှင့် တင်ပြထောက်ခံကာ သစ်ဇ်ဝေးနှင့် ဂိုးဟုမ်းသွားပါကြောင်း....

အိုင် အဂရီး.....
အခုလို ဘလော့လောကမှာ မြန်မာလိုသုံးနေတဲ့ အချိန်မှာ ရွေးစရာလမ်းမရှိရင် ငပေါလန်းဂွေ့ကိုမှ မပြောရင် ဘယ်လိုလုပ်ပြီး အတင်းပြောကြမလဲ။ အခု ငပေါထဲက ငပေါခေါင်းဆောင်တွေ၊ ငပေါဝံဂျီးတွေ၊ ငပေါအသင်းသားတွေ အားလုံးဟာ ၄တန်းမအောင်၊ ၅တန်းမတက်နိုင်တွေပါ။ နင်တို့ ငပေါတွေက ဒါပဲလား ကိုယ်ပိုင်လန်းဂွေ့မရှိဘူးလားဆိုရင် ရှက်ဖို့ကောင်းပါတယ်။ ကိုယ်ပိုင်လန်းဂွေ့ရှိသူတွေတောင်မှ သူများလန်းဂွေ့ကို အထင်ကြီးနေကြသေးတာပဲ။ ပြင်ညာရေးဝံဂျီးက ဒီကိစ္စကို ရှေ့ဆောင်လမ်းပြ ကောင်းတာကြောင့် ငပေါနောက်လာနောက်သားတွေ ဒီထက်မက တော်လာထက်မြက်လာကြမှာပါ။ အင်တာလေးနည်းနည်းဗျူးမယ်ဗျာ။

လိန်လိန်: စမ်းမသင်းလောက်မေးလို့ရမလား ရီပဲ(Repair) လိုင်းဒ်(Lied) ရေးဝံဂျီး ခင်ဗျ
ပြင်ညာ: အိုကေ မေးပါ အိုင်က ရယ်ဒီပါဒယ်
လိန်လိန်: ဒီလန်းဂွေ့ခ်ျကို ယူ့စ်ဖို့ ဘယ်လိုများစဉ်းစားမိပါသလဲ ခင်ဗျ
ပြင်ညာ: ဒီလန်းဂွေ့ခ်ျက တော်တော်လေးကို ယူစ်ဖူး ဖြစ်မှာပါ။ ဘာကြောင့်လည်းဆိုတာ အိပ်စ်ပလိမ်းရမယ် ဆိုရင်.....
လိန်လိန်: ရားစ်၊ ဆက်ပြောပါ
ပြင်ညာ: ခရေဇီဂါဒင်းက ပီးပဲလ်တွေ အားလုံးဟာ ကမ္ဘာအရပ်ရပ်ကို ဂိုးပြီး ပရဲစီးဒင့်တွေနဲ့ တွေ့ရပါတယ်။ ဒီတော့ကား သိဇ်တိုင်းမ်တွေမှာ ဗူးတီးဖူးဝါ့ဒ်တွေ ကို ပြောပြီး ခရေဇီတွေ ဖေ့စ် မ စမော ရအောင်လို့ပါ။ နောက်လာနောက်သားတွေ အသစ် ဂျင်နရေးရှင်းတွေ အတွက်လည်း လန်းနိုင်အောင်လို့ ပေါ့နော် အိုင့် အနေနဲ ပြင်ညာရေး ဆိုတဲ့ အယ်ဂျူကေးရှင်းမှာလည်း ကျောင်းသုံး ဘုတ်အုတ်တွေကိုလည်း ချိမ်းပြီး ယူစ် လုပ်သွားဖို့ရည်ရွယ်ထားပါတယ်။
လိန်လိန်: တန်ဖိုး ဘစ်ဂ်လိုက်တဲ့ ဝါ့ဒ်တွေပါလားနော်။ အခုလို အမြော်အမြင်ဘစ်ဂ်ဘစ်ဂ်နဲ့ ဖော်ထုတ်ပေးတာ ခရေဇီများအားလုံးက ကျေးဇူး အထူးပဲ သန့်ဇ်ပါကြောင်းပြောကြားလိုပါတယ်ဗျာ။
ပြင်ညာ: ရက်စ်..ရက်စ် အိုင်လည်း ရီးရဲလ်လီး ကျေးဇူးပါ။ အိုင်လည်း အိုင်ထဲက ဖားတွေ ကောက်စရာရှိသေးလို့ အိပ်စ်ဇ် ခရုမီ

အလေးအနက် ထောက်ခံပါကြောင်း ဆိုင်းထိုးခဲ့ပြီး မထိုးတဲ့သူ လစာဖြတ်မယ်။ ဒါဗြဲ
ပုံ
အတွင်းမူး-၂ (ဂျော်နီဝါကာ) အဲလေမှာလို့ (ငပေါများဂေဟာ)


အင်္ဂမာလန်းဂွေ့ခ်ျကို ဤအရောင် ဖြင့် ဖော်ပြထားသည်။

ကျော်ခြင်းခွခြင်း

ဝမ်းဒေး .. Ta Nae Tha Hnight .. (ဒန်တန့်တန်)..
မီ အိက်က်ဇက်ကယူးတစ်ဗ် နီညန်း အစ်စ်.. Kya Noat, A Hmu Shaung Nang Nyi thii..
(အာ ဒီလိုပြောရတာမောပါတယ်.. မြန်မာလိုပဲပြောတော့မယ်.. နားလည်အောင်ဖတ်ကြ.. ဟုတ်ပလား).. ပြောမှာက ဒီလို..
ကျွန်ုပ် အမှုရှောင်နန်းညီသည် ငပေါများဂေဟာကို အန်ဒီကောင်မြှောက်ပေးသဖြင့် ပါးစပ်ဆော့လက်ဆော့ကာ တည်ထောင်ပြီး ဘန်နာလေး မဖြစ်ညစ်ကျယ် ရေးပေးလိုက်သည်မှတပါး ပေါပို့စ်များရေးခြင်း ငပေါတကာ့ ငပေါများအား လိုက်ရှာဖွေစည်းရုံးခြင်းများကို တာဝန်ကျေရုံ လခရရုံသာ လုပ်သူပီပီ.. ယခုလည်း စည်းရုံးရေးဆင်းရမည့် တာဝန်များကို ဘယ်သို့ ဘယ်ပုံရှောင်ရှားရလတ္တံ့ဟု ဥာဏ်နီဥာဏ်နက် ဥာဏ်ပြာဥာဏ်ဝါ ဥာဏ်စိမ်း ဥာဏ်မရမ်း ဥာဏ်မီးခိုး ဥာဏ်အနက် ဥာဏ်ပန်းရောင် ဥာဏ်ရွှေရောင် ဥာဏ်ငွေရောင် (အမလေး ပန်းချီဆရာမဆိုပြီး အရောင်မျိုးစုံရေးလိုက်တာ မောပါ့).. ထိုသို့ အရောင်မျိုးစုံသော ဥာဏ်များကို ထုတ်ကာ တာဝန်ရှောင်နေခိုက်.. .. ...

တွင်း ၂ ၏ အရေးပေါ်ဆင့်ခေါ်စာက ကျွန်ုပ်ရှေ့ရှိ ကွန်ပျူတာဖြင့် ဆက်သွယ်အသုံးပြုရသော စတုဂံပုံစံရှိ အရုပ်မြင်အသံကြားရသော ဖန်သားပြင်ပေါ်တွင် (တိုတိုပြောရရင်တော့ မော်နီတာပေါ့).. အဲအဲ အဲသည့်ဟာကြီးပေါ်တွင်ပေါ်လာလေသည်.. ကျွန်ုပ်အား ငပေါများဂေဟာ စာမျက်နှာပေါ်တွင် မတွေ့တာကြာနေပြီဖြစ်ကြောင်းနှင့် ပေါပို့စ်များကို တာဝန်ယူရေးသားခြင်းကို မကြာခဏပြုလုပ်သင့်ကြောင်း.. စည်းရုံးရေးလုပ်ငန်းများကို ကမ္ဘာငတိ.. တွင်း ၂ တို့နှင့်သာလွှဲမထားဘဲ တက်တက်ကြွကြွ ပါဝင်သင့်ကြောင်းများကို နိုင်ငံတကာ ဆက်သွယ်ပြောဆိုနိုင်သော စာရိုက်လုပ်ငန်းကြီး (လွယ်လွယ်ပြောရရင်တော့ ချက်တင်ပေါ့).. အဲအဲ အဲသည့်ဟာကြီးမှ တဆင့်ပြောဆို ကြိမ်းမောင်းပါတော့သည်..

ကျွန်ုပ် စည်းရုံးရေးအမှုရှောင်နန်းညီမှာ.. "ရည်းစားနဲ့ပြတ် ပိုက်ဆံပြတ် အလုပ်ပြတ်" ဟူသည် ပြတ်သုံးပြတ်နှင့် ကိုက်ညီနေသဖြင့် စိတ်ညစ်ညူးနေပြီး ပေါခြင်းအစွမ်းငှာ မတတ်နိုင်ကြောင်း အတန်တန်ပြောကြားပါသော်လည်း ဇွတ်သမား တွင်း ၂ က တာဝန်ရှောင်ရင် လခဖြတ်မယ်ဟု ခြိမ်းခြောက်လာသောကြောင့် မဖြစ်ညစ်ကျယ် ပေါပို့စ်ကို ရေးသားရန် ပြင်ဆင်ရပေတော့သည်..(အမလေးစ် အင်ထရိုဝင်ရတာ မောလိုက်တာ)..

အဲသဟာနဲ့ ဘာရေးရမတုန်းဆိုပြီး ဟိုတွေးဒီတွေးနဲ့ ဖျစ်ညှစ်ပေါပြီး .. ဆန်းဒေး .. which means.. မိုင်ဟောလီးဒေးတွင် အများသုံးနိုင်ငံတကာ အင်တာနက် ဆက်သွယ်ရေးစင်တာ (ရှင်းရှင်းပြောရရင်တော့ အင်တာနက်ဆိုင်ပေါ့) . အဲအဲ.. အဲသည့်ဆိုင်ကိုသွားကာ ပို့စ်တင်ပါမည် ဆိုသော်ညား.. အရင်ကျော်ခွနေကြ လွတ်လပ်သောအပေါက်ဝကြီး (ဟိုလေ FreeGate Software ကိုပြောတာ) အဲအဲ အဲသည့်ဟာကြီးက ဖွင့်မရ.. တခြားသော လွတ်လပ်ရေး (Freedom)ကတော့ မရတာကြာ.. တခြားကျော်ခွစရာလည်း ဘာမှမရှိသောကြောင့် စိတ်ညစ်ပြီး ဆိုင်မှဝန်ထမ်း ခန့်ခန့်ချောချောအစ်ကိုကြီးကို မကျော်တတ်မခွတတ်လို့ လုပ်ပါဦးဟု အကူအညီ တောင်းမိပါသည်.. ထိုအခါ သူပြန်ပြောသောစကားကြောင့် ကျွန်ုလည်း အတော်လက်လန်သွားကာ.. တပ်ခေါက်ပြန်လာခဲ့သဖြင့် ဘာပေါပို့စ်မှ မတင်ဖြစ်ကြောင်း ယခုထုချေလွှာရေးခြင်းဖြစ်ပါသည်.. သူပြန်ပြောသောစကားလား.. အောက်မှာ ရှု..

"ကျော်ခွဖို့လား ကျွန်တော်တို့လည်း မတတ်တော့ဘူး.. ဆိုက်ကားဆရာတွေဆီပဲ သွားသင်ရတော့မယ်နဲ့တူပါတယ်ဗျာ.. သူတို့က နေ့တိုင်း ကျော်လို့ခွလို့.. ကျွမ်းမှကျွမ်း"

သူပြောတာ မိုက်ဘူးလားဗျာ.. ဟုတ်တယ်.. ဆိုက်ကားနင်းမယ်ဆိုတိုင်း ခုံရှေ့ဘားတန်းကြီးကို ကျော်ခွပြီးမှ နင်းလို့ရတာကိုး.. ခွိခွိ..
(ဟင် .. မရယ်ရဘူးလား.. ဒါကြောင့်ပြောပါတယ်.. ပြတ်သုံးပြတ်နဲ့ ကိုက်ညီနေချိန်မှာ ပေါပို့စ်လာမရေးခိုင်းပါနဲ့ဆိုမှ ဟွန်း ဂယ်ဖဲ ဂယ်ဖဲ)

Sunday, January 11, 2009

လျှောက်လွှာလက်ခံခြင်း (၁၉)

အဟမ်း....အဟမ်း...ဟလို တက်စီ...ကြားလား...ကြောင်လား...
.အဲ(ဟုတ်ပါဘူး) လေးစားရပါသော သဘာပတိ နှင် အုကိထ တို့ ခင်ဗျား...
အနော်က တော့ ရာစုသစ်လူငယ်လေး ဒဒိုးပါ(သတိုး)....လူတစ်ကာ မျက်မှန်းတန်းမိယုံ နှင့် ဒီကောင်တော်တော်ပေါတာဘဲ ဟု မှတ်ချက်များနှင့် ပြည့်စုံသော ဘရက်ပစ် ဒဒိုးပါ...ရုပ်ခံကောင်းတာကိုး... :P
အခု လို လူကျီးမင်းတို့ထံ လျှောက်လွှာတင်ဖို့ အတွက် စာရွက်၊ဘောပင် များကို အနော် သူငယ်ချင်းများထံမှ အလစ်သုတ် ခိုးယူ၊ရေးပြီး တင်ပြအပ်ပါသည်။
ယခင် အနော် စိုက်ပျိုးရေးများကို ဇော်ချလုပ်ခဲ့ဖူးပါတယ်.....ဥပမာ ခွေးလယားသီးပင်...ခွေးသေးပန်းပင်များနှင့် ပုတ်အံ့နံ့ ထွက်သော အပင်မှန်သမျှ စိုက်ပျိုးပြီး နာမည်ကြီး လာတာပါ...

ကြီး မြန် သစ်ပင် စိုက်ပျိုးလျှင်
စီးပွားလည်း ရ လူလည်းဝ..... (အဲဟုတ်ပေါင်)...အဲလို နည်းတွေနဲ့ စိုက်ပျိုးရေးကို အခြေခံပြီး ကြီးပွားရေးကို သာ ဦးတည်ခဲ့ပါတယ်...
အခုလို လျှောက်လွှာတင်ရ ခြင်း အကြောင်းအရင်းကလည်း ငပေါဂေဟာ မိတင်တို့ ပွဲမှာ လေလည်လေ့ ရှိပါတယ်တဲ့....(အဒူပြောလည်း ပြောပြဘူး) ဒါကြောင့် အနော်တတ်စွမ်းတဲ့ ပညာနဲ့  တစ်ခန်းလုံးကို စိုက်ပျိုးရေးအပင်များ(ခွေးလယားသီးပင်၊ခွေးသေးပန်းပင်)နဲ့  ကာရံထားလျှင် နောက်ဆို အီလို အဖြစ်ပျက်မျိုး မဖြစ်နိုင်တော့ပါဘူး ဟု တာဝန်ယူပါတယ်.....
ဂေဟာဧ။် မွေးနေ့ ပွဲများ....မိတင်များ....ဈာပနာများ(အဲ ချောတီး)အားလုံးအားလုံးအတွက် အစဉ်မပြတ် ပန်းစည်း ပန်းခွေများ ပို့ ပေးနေပါမယ်။

နာမည်..ဘရက်ပစ် ဒဒိုး(သတိုး)
ပေါချက်....ပါရမီနှင့် ရုပ်ခံကြောင့် ပေါလာသူ
လိုချင်သော နေရာ......အီကဲ့သို့ စိုက်ပျိုးပညာ ( အခြေအနေကောင်းလျှင် ဂေဟာအတွက် ပန်းခိုးရောင်းကျွေးမယ့်သူ)များကြွယ်ဝစွာလုပ်ကိုင်နိုင်သဖြင့် စိုက်ပျိုးရေးဝန်ကြီး ခန့် အပ်စေချင်လို့ပါသည်..အဟိ
အီလျှောက်လွှာနှင့် အတူ ကျနော်ဧ။် စိုက်ပျိုးလက်ရာ ခွေးသေးပန်းပင်များ၊ခွေးလယားသီးပင်များ အား လူကြီးမင်းတို့ စမ်းသပ်ကြည့်ရှု နိုင်ရန် တပါးတည်း ပေးပို့ အပ်ပါသည်....

ပုံ / ဘရက်ပစ် ဒဒိုး (လျှောက်လွှာတင်သူ)

ထောက်ခံပါ၏ မထောက်ခံသူများ အကြောင်းပြချက်ဖြင့် အဆိုတင်သွင်းကြပါ။ မထောက်ခံသူများ တစွန်းတစကြား နေရပါသဖြင့်။ :)
အမိန့်အရ ။ ။ အတွင်းရေးမှူး-၂

Saturday, January 10, 2009

လျှောက်လွှာလက်ခံခြင်း (၁၈)

သို့
နာယကဂျီး

အကြောင်းအရာ။ ။ ဟိုနေ့ကပြောတဲ့ကိစ္စ။

ကျနော့်ကို ၁ နေရာ ပေးပါ။ လိုချင်တဲ့နေရာက ဝန်ကြီးချုပ်။ တကယ်လိုချင်တာက လည်ရာ ပြန်စားရေးဝန်ကြီး ဌာန။ ဒါပေမယ့် သူများ ဦးသွားပြီ။

အဲဒါမရတော့လည်း ကျန်တာ ရွေးယူမယ်လေ။ လစာ ငါးထောင့်ငါးရာ ရနိုင်မယ်လို့ မျှော်မှန်းပါတယ်။ ဘာကြောင့်လဲ ဆိုတော့ "တောင်ကျရေ နွားနှစ်ကောင် မဝ သလိုပ၊ မောင်ဘဖေ ငါးထောင် မရတာကြောင့်" ဆိုတဲ့ ကဗျာလည်း ရှိတယ်မဟုတ်လား။ ဟိုတုန်းက ၀န်ကြီးတွေက ငါးထောင် ရတဲ့သဘော။ ၀န်ကြီးချုပ်ဆိုတော့ သူတို့ထက် ငါးရာ ပိုရသင့်ပေတာပေါ့။

ဝန်ကြီးချုပ်က ဘာတွေလုပ်ရတယ် ဆိုတာတော့ ကျနော်လည်း မသိ။ သိလည်း မသိချင်ဘူး။ တချို့က အဲဒီနေရာအတွက် အသည်းအသန်ဖြစ်နေတယ် ဆိုတော့ အင်မတန် အိုကေမယ့် ရာထူး ဖြစ်လိမ့်မယ် လို့တော့ ထင်တယ်။ ကြုံတုန်း ယူထားတာ ဆိုပါစို့။

ဒီအလုပ်ရရင် ကိုယ့် ရှေ့ရေးအတွက် အထောက်အကူဖြစ်တယ်။ အလုပ်တခုခု လျှောက်တဲ့အခါ ကိုယ်ရေးရာဇ၀င်မှာ ဖြည့်စရာအကြောင်းအရာ တခု ရမယ်လေ။

ပြည်ပမှာ စင်ပြိုင်အစိုးရသစ် ပေါ်တော့မယ်လို့ ကြားတယ်။ ဘာရယ်လို့မဟုတ်ဘူး၊ ကျနော်လည်း နေရာတခုခု ရချင်တယ်။ ဒါပေမယ့် အဲဒီမှာ ၀င်အရွေးခံဖို့ ကျနော့်မှာ အခွင့်အရေး ရှိမယ် မထင်။ ၀မ်းနည်းစရာပဲ။ ဒါကြောင့်လည်း အခွင့်သာတဲ့အခါ ရတဲ့နေရာတခုခု ယူမယ်လို့ ဆုံးဖြတ်လိုက်ရတာပါ။

ဒါပါပဲ၊ နောက်နေ့ တွေ့တာပေါ့။

ကြိုတင်ကျေးဇူးတင်လျက်

မစ္စတာဇက်

မှတ်ချက် - တကယ့် ဆရာ့ ဆရာကြီးတွေသာ ရှိသော ငပေါဂေဟာမှ ကြိုဆိုပါတယ်။ ထောက်ခံပါသည်။ ထောက်ခံပါသည်။ တကယ့် ငပေါထိပ်ခေါင် ဆြာဂျယ်ဂေါင် (ကျယ်ခေါင် မဟုတ်ပါ)

တစ်ပတ်အတွင်း သတင်းအစီအစဉ် (၃) (၁၀-၀၁-၀၉)

(၁) မော်ဒယ်လ်မလေး ၀က်ဝံရွှေရည် ခေတ္တခဏပျောက်ဆုံးသွားမှုနှင့်
ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီး ချမ်းရဲက အများထင်သလို သူနှင့်ဟိုဒင်းဟိုဟာမဟုတ်ကြောင်း အတိအလင်းပြောကြားခဲ့သည်။
ဝက်ဝံရွှေရည်သည် လူမမြင်သူမမြင်နေရာတွင် ရူးပေါဂိုဏ်းအတွင်းရေးမှူးတစ်၏ ကုမ္မဏီမှ ထုတ်လုပ်သော ဖိုးလပြည့်ရေခဲချောင်း သွားစားနေခြင်းသာဖြစ်သည်ဟု နီးစပ်ရာ အသိုင်းအ၀ိုင်းမှ ထွက်ဆိုခဲ့သည်။

(၂) လျှောက်လုပ်ရေးဝန်ကြီး၏ ညွှန်ကြားချက်အရ ရန်ကုန်မြို့ ပလက်ဖောင်းများပေါ်တွင် လူသွားလမ်းများ ဖောက်လုပ်လျှက်ရှိသည်။

(၃) လာမည့်ဖေဖော်ဝါရီလအတွင်း ကျင်းပမည့် အကယ်ဒမီဆုပေးပွဲအခမ်းအနားတွင် "ငါ့ဓါး ငါသွေးပြီး ငါ့ဟာငါဖြတ်မည်" ဟူသောဇာတ်ကားမှ သရုပ်ဆောင်လူမင်း အကယ်ဒမီရရန် ရေပန်းစား (water flower eat)လျှက်ရှိသည်။ ထို့ပြင် "အဖေနှင့် ဇနီးများ" ဇာတ်ကားမှ သရုပ်ဆောင်များလည်း အကယ်ဒမီမျော်မှန်းထားသည်။

(၄) ဆက်သွယ်ရေးဝန်ကြီးမှ အသစ်ထုတ်ဝေလျှက်ရှိသော မိုဘိုင်းဖုန်းဖြင့်အသုံးပြုသည့်ု ဖုန်းကဒ်များ ဈေးကွက်အတွင်း အရောင်းအ၀ယ် မတွင်ကျယ်ဟု သိရ၏။ ပြည်သူများက ဈေးသက်သာပြီး ဖုန်းလိုင်းပိုမိသော နို့ဆီခွက်နှင့်အပ်ချည်ကြိုးများ အစားထိုးသုံးစွဲနေကြ၏။

(၅) ဂိုဏ်းအတွင်း တစ်ကြိမ်တစ်ခါမှ အလုပ်မလုပ်သော ပို့ဆောင်ရေးဝန်ကြီးသည် ၄င်းယောက္ခမ၏ အသုဘအခမ်းအနားသို့ ပထမဆုံးအကြိမ် အားတက်သရော ပို့ဆောင်ခဲ့သည်။

(၆) အသစ်ခန့်အပ်သော နိုင်ငံခြားရေးဝန်ကြီးသည် ယမန်နေ့ညနေက ပထမဆုံးခရီးစဉ်အဖြစ် အမေရိကန်နိုင်ငံသို့ ထွက်ခွာသွားခဲ့ပြီ။ ခရီးစဉ်ရည်ရွယ်ချက်မှာ အဂ်လိပ်စကားသင်ရန်ဖြစ်ပြီး မူလတန်းအောင် စကားပြန်၂ယောက်လည်း လိုက်ပါသွားသည်ဟု သတင်းရရှိသည်။

(၇) လယ်ယာပြန်စားရေးဝန်ကြီး၏ တစ်နှစ်စာလျာထားချက်အတိုင်း ယာ၃ယာ ပြည့်မီစေရန် ဒေသခံတောင်သူဦးကြီးများက ပလယာ နှင့် ကွမ်းယာ တစ်ခုစီ ထည့်သွင်းဖော်ပြခဲ့ကြသည်။

ပုံ/
ပျံကျားရေးဝံကြီး

Thursday, January 8, 2009

လျှောက်လွှာလက်ခံခြင်း (၁၇)

ကျွန်မ(အဲ ဟုတ်ဘူး)မိဖုရားလေး၊ ကေလာမမ ဖြစ်ပါသည်၊ ပထမတော့ အလည်လာတာပါ။ ဒုတိယကျတော့ နည်းနည်းစိတ်ပါလာတာပါ။ တတိယကျတော့ သောင်ပြင်မှာ ဦးတည်ရာမရှိ လျှောက်လမ်းသလားနေတဲ့ တစ်ကောင်တည်း ဒါပေမယ့် လိပ်လိုဖြစ်နေတဲ့ အတင်းကြီးရဲ့တစ်ဦးတည်းသော အဖွဲဝင် အသင်းသား-ကောလာလို နောက်တစ်နေရာလောက် ပူးတွဲ ခံစားခွင့်များရလို ရငြား ပလာစတာမပါ အကပ်မပါ၊ ဆီပုံးမပါ၊ မုန့်ပုံးမပါ၊ ပွဲစားမပါ ဘဲ ရိုးသားစွာ လျှောက်ထားအပ်ပါသည်။

အကယ်လို့ အပြောကောင်း၊ အပေါကောင်း၊ အပေးကောင်းလို့( တိုက်-ကား-ဘာညာ ပြောပါတယ်) ပတ်သက်ရာ ပတ်သက်ကြောင်း မျက်နှာဖျက်စရာ အချက်များနှင့် ပြည့်စုံပြီး၊ ဂွင်တစ်ခု မိပြီးဟု သတ်မှတ်ပြီး ခန့်မည်ဆိုပါက သက်တောင့်သက်သာ ဝေစား-မျှစား စနစ်ကြီးဖြင့် ဆွေစဉ် ၁၅ ဆက်-ခိုးစဉ် ၁၅ ဆက်ထက်မကသော် လူထုကြီး အကျိုးကို မျှော်ခိုးပြီးအတင်းကြီး၏ ပေါချက်များကို ဦးဆွေး(ဂတုံးဖြစ်တိအထိ) (သွားတုတပ်ရသည့်ထိ) တာဝန် ထမ်းရှောင် သွားမည်ဖြစ်ပါကြောင်း မိဖုရားလေး ကေလာမမ ၏ အရည်အချင်းများမှာ အထက်ဖော်ပြထားသည့်အပြင် အောက်ပါအတိုင်းဖြစ်ပါသည်။

အမည်
- ကေလာမမ
နစ် နိမ်း-(cross name) -ကေလာမမ (စာရေးရင်တော့ ကျွန်မ-ကျွန်မ( ကျွန်မလို ကိုယ့်ကိုကိုယ် နှိမ်ချပြောဆိုလိုခြင်း အရှင်းမရှိတဲ့အတွက်-မိဖုရားလေး)လို့ ဘယ်သူမှ မပေးသော် ရာထူးကို ကိုယ်ဘာသာ ကိုယ် ယူထားကြောင်းပါ)
အသက်-လူ့သက်တမ်း ၂ ပြန်ကျော်
လိုချင်သော်နေရာ-ခေါင်းဝင်ကိုယ်ဆန့်-သက်တောင့်သက်သာ(ဆပ်ပြာ-မဟုတ်ပါ)ပေါ့ပေါ့ပါးပါးတစ်နေရာ
လုပ်သက်-ပထမဦးဆုံးအကြိမ် ဤကဲ့သို့ပေါလိုခြင်း
ကျေးဇူးအထူးတင်ရှိပါကြောင်း
ကေလာမမ

မှတ်ချက်- သဘာပတိမှ စိတ်ဝင်စားစရာ အချက်တွေ့ရှိပါသဖြင့် ထောက်ခံလိုက်သည်။

ပေါချင်လို့ကို ပေါပါတယ်

ပေါချင်လို့ကို ပေါပါတယ်
ရန်သူဝိုင်းဝိုင်းလည်

ကျုပ်ကိုယ်ကျုပ် မိတ်ဆက်ဦးမယ်ဗျာ။ ကျုပ်က တခါမှပို့စ်မတင်ဘူးတဲ့ အခါကျတော့ ဂေဟာ လူကြီးမြင်းများနဲ့ သိပ်မရင်းနှီးဘူးဖြစ်နေတယ်။ ကျုပ်က ရေကြီးမှုဝံဂျီးပါ ... အစကတော့ ယဉ်ကျေးမှုဝံဂျီးပေါ့ .. ဒါပေမယ့် ကျုပ်က ကျုပ်တာဝန်နဲ့အညီ သီချင်းတွေဘာတွေ ဆိုတယ်မဟုတ်လား .. အဲဒီတော့ ကျုပ်သီချင်းဆိုတဲ့ ပွဲတွေမှာ တံတွေးတွေစဉ်ပြီး အောက်မှာ ရေတွေဘာတွေကြီး၊ တခါတလေ စိုးရိမ်ရေမှတ်တွေဘာတွေရောက်တော့ (ဟိုနေ့က မိုး၊ လေ နဲ့ ဝသထဲတောင်ပါတယ်လေ) အဲဒါကာလရွေ့လျောပြီး ရေကြီးမှုဝန်ဂျီးဖြစ်သွားတာ။ အဲ .. စောက်လုပ်ရေးဝန်ဂျီး ဟန်တစ်မငြိမ်ကတော့ ကျုပ်ကိုရင်ကြီးမှုဝန်ဂျီးတဲ့။ အဲဒါတော့ အလုပ်ပါနဲ့ဂျာ .. တော်ကြာ ရင်ပဲကြီးလား တင်တို့ဘာတို့ကော မကြီးဘူးလားဆိုပြီး လာစမ်းသပ်ကုန်မှဖြင့် (အဟင့် ကြောက်တယ်နော် .. ငတိက အဆိုးဆုံးလို ကြားထားတယ်)

မိတ်ဆက်တာ နည်းနည်းရှည်သွားပြီထင်တယ်။ သီးခံဗျာ .. နည်းနည်းတော့သီးခံ။ ကျုပ်က ဟိုအစိုးရမင်းများရဲ့ ဝန်ဂျီးတွေလို တူညားရေးထားတာ ဖတ်ပြတာ မဟုတ်တော့ လျှာက သိပ်ဘရိတ်အုပ်လို့မရချင်ဘူး (သူတို့ ကတော့ သူများရေးထားတာပဲဖတ်တာဆိုတော့ စာဆုံးရင် ပြီးပါပြီ လုပ်လို့ရတယ်လေ အဟဲ။ ကျနော်မပါဘူး အဲဒါနာယကဂျီးသင်ပေးတာ)။

ဂလိုဗျ ဝန်ဂျီးလုပ်သက်ကလေး ၂ ရက်ခွဲလောက်ရှိတော့ ကျုပ်စဉ်းစားမိတယ်။ ကျုပ်တို့ ဂေဟာက လူကြီးမြင်း များဟာ အလွန်အင်မတန် အတင့်ရဲပေတာကိုးဗျ။ အကြောက်အလန့်က နည်းနည်းမှမရှိ။ သဘာငတိတို့ တွင်းတူးတို့ ဆိုလည်း တယောက်တည်း ဘော်ဒီဂတ်မပါဘာမပါ စီးတီးဟောကို အများသုံး အမ်အာတီ ကြီးနဲ့သွားလိုသွား။ ငှက်ကထဆိုလည်း လမ်းဘေးမှာ ပုဆိုးကွင်းသိုင်းလေးနဲ့ မူးလဲလိုလဲ။ ပန်ကျားရေးဝန်ဂျီး ချမ်းရဲ ဆိုရင်လည်း လမ်းဘေးလက်ဖက်ရည်ဆိုင်မှာ အီကြာကွေးတချောင်းကိုင်ပြီး ငိုင်ချင် ငိုင်နေတာ။ ကျုပ်ပြောတယ် အဲလို မလုပ်ကြပါနဲ့ .. ဂေဟာက သူတို့ကို ဝယ်ပေးထားတဲ့ ဖယ်ရာရီတွေဖောချင်းသောချင်း စီးကြပါဆိုတာ ဒရိုင်ဘာက အွန်စော မဟုတ်လို့ .. မိုးဟေကို မောင်းမပို့လို့နဲ့ ချေးများနေကြတယ်။ အဲလို ကြပ်ကြပ်လုပ် တနေ့ ဒုက္ခရောက်မယ်။

ခု ကျုပ်ဒီပို့စ်ဝင်ရေးတာ အလကား မဟုတ်ဘူးဗျ။ ကျုပ်ပြောသလို တကယ်ဖြစ်လာပြီ ကဲ။ ကျုပ်တို့ နာယကဂျီးမှာ ရန်သူတွေ ဝိုင်းနေပြီ ...။ နာယကဂျီးလည်း အဲလိုပဲ။ အလုပ်သွားရင် ဂေဟာက ဝယ်ပေးထားတဲ့ လေယာဉ်စီးပါ ဆိုတာ မရဘူး သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးတယ်ဆိုပြီး မြင်းလှည်းနဲ့သွားတယ်ဗျာ .. အဲဒါ တိရစ္ဆာန် ချစ်သူများ အသင်းက သူ့ကို စောင့်ကြည့်နေပြီ။ တရိစ္ဆာန်တွေ ညှင်းပမ်းနှိပ်စက်ပါတယ်ဆိုပြီး လုပ်ကြံကြမလိုတဲ့။ ကံကောင်းလို့ ကျုပ်က သိုင်းဝတ္တုဂျီးတွေဖတ်တဲ့သူဆိုတော့ သိုင်းလောကနဲ့ မစိမ်းဘူလေ။ စီးတီးဟောက ရဲရင့်မှာ ရေနွေးကြမ်းသောက်ရင်း သူတို့ တိတ်တဆိတ် ကြံစည်နေတာ ကြားခဲ့တာပဲ။

ဒါပေမယ့် တခုတော့ရှိတယ်ဗျ။ ကျုပ်လို ဝန်ဂျီးတယောက်က သိုင်းတတ်တယ် ဆိုပေမယ့်... (ကြုံတုန်းကြွားရရင် အတွင်းအားလည်း တော်တော်ကောင်းတာ။ ကျုပ်တခါ အီးပေါက်လိုက်တာ အသင်းသားဂျုပ်ကြီးခေါင် တယောက် နားစည် ကွဲထွက်သွားပါရောလား။ မနည်းကို ဆေးပြန်ကုပေးလိုက်ရတယ်) အဲ .. အဲလိုပေါ့ဗျာ ဘယ်ရောက်သွားပြီတုန်း .. ရပြီ မှတ်မိပြီ .. ကျုပ်လို ဝန်ဂျီးတယောက်က သိုင်းတတ်တယ်ဆိုပေမယ့် ပညာကို နေရာတကာ ထုတ်သုံးလို့ကောင်းတာ မဟုတ်ဘူးဗျ။ တကယ်က ဒီလိုကောင်စားတွေကို ကျုပ်ရဲ့ အလက်ထရစ် ဂစ်တာ သိုင်းလောက်နဲ့တင် လွင့်သွားအောင်လုပ်လို့ရပါတယ်။ ဒါပေမယ့် ဝန်ဂျီးလုပ်နေပြီး နာယကဂျီးကို ဘယ်လိုလုပ် စောင့်ရှောက်လို့ရမလဲ။ သူ့ဟာသူ ကျီးထိုးထိုး လောက်ကိုက်ကိုက် အဲ .. ဟုတ်ပါဘူး ယောင်လို့ .. ကျုပ်မှာက အလုပ်တွေရှိသေးတယ်လေ။ ကျုပ်ရဲ့ ဟဲဗီးမက်တယ်နဲ့ သီချင်းကြီး ရီမစ္စ ကိစ္စတွေ အဆုံးသတ်ပြီး ကမ္ဘာကိုချပြဖို့က ရှိသေးတယ်။ နောက် မက်တယ်လစ်ကာတို့၊ အော့ဇီတို့၊ ပေါလ်ဂေလ်းဘတ်တို့ .. အဲဒီကောင် လေးတွေက ကျုပ်ဆီက ပညာယူချင်တယ်ဆိုလို့ ဝေါ့ခ်ရှော့ တခု စီစဉ်ပေးရဦးမယ်။ ကြွားတာမဟုတ်ဘူးနော် အဟက်။

ကျုပ်က နာယကဂျီးအတွက် တကယ်စိုးရိမ်လို့ပါ။ သူ့မှာ နောက်ထပ်ရန်သူတွေ ရှိသေးတယ်ဗျ။ အင်း .. အေးအေးဆေးဆေး မနေဘဲ ဆတ်ဆတ်ဆော့ဆော့ အသက်ကြီးမှ ငပေါဂိုဏ်း ထထောင်လို့တဲ့လေ .. လူတည်ဂိုဏ်းဝင်တချို့ကလည်း သူ့ကို မကျေနပ်ကြဘူး။ အဲဒါကတော့ ကျုပ်ကိုယ်တိုင် ကြားခဲ့တာ မဟုတ်ဘူး မွေးရေဝန်ဂျီး သိတယ်မဟုတ်လား .. သူက သူမွေးထားတဲ့ ရေသူမတွေ မြုံရခြင်း အကြောင်းရင်းကို သိချင်လို့ ရေထဲ ဆင်းငုတ်ကြည့်ရင်း ရေထဲမှာ ကြံစည် နေတာကိုကြားတာတဲ့။ ဟာ .. ကျုပ်ရဲ့ သိုင်းလောက အတွေ့အကြုံအရ ဆိုရင်တော့ ဒီကောင်တွေရဲ့ အတွင်းအားက ပေါ့သေးသေး မဟုတ်ဘူးဗျ။ ရေထဲဆင်းပြီး တိုင်ပင်တယ်ဆိုကတည်းက ကျုပ်ထက်အဆင့်နိမ့်လည်းနည်းနည်းပေါ့။

အဲဒါဗျာ နာယကဂျီးကို ကျုပ်ကပြောတယ်။ ဘော်ဒီဂတ် တယောက်လောက် ထားပါလို့ပြောတာ ပြောမရဘူး။ မြင်းလှည်းကို သူကိုယ်တိုင်မောင်းမယ်တဲ့။ တရက် တိရစ္ဆာန်အဖွဲ့က လက်နက်ပုန်းနဲ့ လှမ်းပစ်လိုက်တာ .. ဟာကံကောင်းလို့ဗျို့ .. နည်းနည်းလေးပဲမှန်လိုက်တယ်။ သူတို့လက်နက်ပုန်းက ပျော့စိစိ စိုတိုတိုနဲ့တဲ့ .. အင်း ထင်တဲ့အတိုင်းပါပဲ နွားချေးတွေဗျ။

လူတည်ဂိုဏ်းသားတွေကျ တမျိုးဗျ။ သူတို့ နာယကဂျီးကို ချဉ်းကပ်ပုံက သင်းတယ်နော်။ သူငယ်ချင်းလို .. ဘော်ဒါလိုဝင်လာတာ .. ။ တကောင်က ထရိုဂျန်တဲ့၊ တကောင်က စပိုင်ဝဲတဲ့ (အဲ့ကောင်က ယားနာတွေ တစိုစိုနဲ့ ထင်တယ်)၊ နောက်တကောင်က ဖလက်ရှီတဲ့ .. အဲ့ကောင်တွေက နာယကဂျီးကို မွေးနေ့ကျင်းပပေးမယ် ဆိုပြီး အဆုံးစီရင်မှာ။ ကျုပ်တို့နာယကဂျီးကလည်း အူတာမှ ခေတ်ဆွေးငပေါလေ။ လောကဒတ်တွေ လောကဝဲတွေ လောကဘောက်တွေ နားလည်တာမဟုတ်ဘူး မဟုတ်လား။ အဲဒါကိုသိတဲ့ အဲ့ကောင်တွေက ဟက်ပီး ဘက်သ်ဒေး လို့ အော်လိုက်တာနဲ့ နာယကဂျီးသေပြီ။ အဲလိုဖြစ်အောင်လုပ်ထားတာ။

အင်း ခုတော့ ကျုပ်က သူ့အတွက် ဘော်ဒီဂတ်တွေ ငှားထားပေးပါတယ် အဲ့ကောင်တွေငှားရတာလည်း လွယ်တယ် မထင်နဲ့ တကောင်တကောင်ကို ဒေါ်လာသန်းချီပေးရတာ။ ငပေါဂေဟာမို့လို့ ငှားနိုင်တာ။ သုံးကောင် ငှားပေးထားတယ် တကောင်က နာယကဂျီးရဲ့မြင်းလှည်းဒရိုင်ဘာ နော်တန်ဘရက်ပစ်တဲ့၊ နောက်တကောင်က ညာလက်ရုံး ကက်စပါ ဂျော်နီဒိပ်စကိုင်းတဲ့ နောက်တကောင်ကတော့ ဘယ်လက်ရုံး။ သူကတော့ မြင်းချေးတွေ ဘာတွေကျုံး၊ မြင်းစာတွေဘာတွေလည်းကျွေးတယ် အေးဗတ်စ်ကီဗင်ကော်စနာတဲ့ .. ဟီဟိ။ အဲဒါပဲဗျာ ကဲ ကျန်တဲ့ဝံဂျီးတွေလည်း သတိထား။ သွား ဖယ်ရာရီ၊ စား ဆီဒိုးနား လုပ်ကြဗျ။ ကျုပ်တို့ဂေဟာမှာ ရန်သူတွေ ဝိုင်းနေတယ်။

မှတ်ချက်။ ။ နာယကဂျီးအကျန်ပေး၍ ရေကြီးမှုဝန်ဂျီးရေးသည်။


Wednesday, January 7, 2009

နားနားပြီးပေါ

Intro:

မကျေနပ်တာ ကြုံတဲ့အခါ ငါပေါရင် ရိုင်းတယ်ပြောမယ်
နင်မပေါတာ ရင်နင့်စရာ အကုန်လုံးက ပေါနေမှကွယ်
ဒီငပေါနဲ့ ဟိုငပေါနဲ့ အဟုတ်ကြီးကို လက်ခုတ်တီးတယ်
ဒီအရပ်နဲ့ ဒီဇာတ်နဲ့ ၀င်မပေါရင် အဆဲခံရမယ်
ပေါ..... ကိုးယိုးကားရား..... ပေါ....

ပညာမတတ်ခင် (ပေါ...) စိတ်ပေါဝင် အရွယ်မရောက်ခင်က လူပေါချင်
ဟိုငပေါဘုရင် (ပေါ...) ဒီငပေါဘုရင် ကမ္ဘာနဲ့ချီပြီးတော့ ပြောရင်
ဟိုတစ်အုပ်မှာ (ပေါ...) ဒီတစ်အုပ်မှာ ငပေါတွေနဲ့ စာမျက်နှာ
ဟိုမှာလည်းပါ (ပေါ...) ဒီမှာလည်းပါ စကားလုံးတွေ ပေါချာရဲ့ဗျာ

ပါးစပ်ပိတ်... ခေါင်းညိတ်... ကြိတ်မှိတ်...ဟေ့

ငါလည်း တကယ်ပေါတယ်

ဖြည်းဖြည်း ဖြည်းဖြည်းပေါ နားနားပြီး ပေါမောမယ်
တိုးတိုး တိုးတိုးလေးပေါ အားလုံးလည်း ပေါပါတယ်

ဖြည်းဖြည်း ဖြည်းဖြည်းပေါ နားနားပြီး ပေါမောမယ်
တိုးတိုး တိုးတိုးလေးပေါ အားလုံးလည်း ပေါပါတယ်

Solo:

ပညာမတတ်ခင် စိတ်ပေါဝင် အရွယ်မရောက်ခင်က လူပေါချင်
ဟိုငပေါဘုရင် ဒီငပေါဘုရင် ကမ္ဘာနဲ့ ချီပြီးတော့ ပြောရင်း
ဟိုတစ်အုပ်မှာ ဒီတစ်အုပ်မှာ ငပေါတွေနဲ့ စာမျက်နှာ
ဟိုမှာလည်းပါ ဒီမှာလည်းပါ စကားလုံးတွေက ပေါတာကမ်းကုန်ပဲဟေ့

ပါးစပ်ပိတ်... ခေါင်းညိတ်... ကြိတ်မှိတ်...ဟေ့

ငါလည်း တကယ်ပေါတယ်

ဖြည်းဖြည်း ဖြည်းဖြည်းပေါ နားနားပြီးပေါ မောမယ်
တိုးတိုး တိုးတိုးလေးပေါ အားလုံးလည်း ပေါပါတယ်

ဖြည်းဖြည်း ဖြည်းဖြည်းပေါ နားနားပြီး ပေါမောမယ်
တိုးတိုး တိုးတိုးလေးပေါ အားလုံးလည်း ပေါပါတယ်


နားနားပြီးပေါ မောမယ်... အားလုံးလည်း ပေါပေါပဲ

နားနားပြီးပေါ မောမယ်... အားလုံးလည်း ပေါပေါပဲ

စကားလုံး။ ။ လျှောက်လုပ်ရေးဝံဂျီး ပေါငြိမ်

(မျိုးကြီး၏ `နားနားပြီးပြော´ သံစဉ်အလိုက်ဖြင့် သီဆိုရန် ဖြစ်သည်)

Tuesday, January 6, 2009

မိုး၊ လေ နှင့် ဝသအထူးသတင်း

စကားဦး။ ။ ကျွန်တော်မအားပါဘူး။ ဘာလို့မအားသလဲ မအားချင်လို့မအားတာပါ။ အကြောင်းကတော့ ၁၈နှစ်အောက် ကလေးများအတွက် အင်တာနေရှင်နယ် မှတ်ပုံတင်ထုတ်ပေးဘို့ အစီအစဉ်တွေလုပ်နေရတဲ့အတွက် မအားတာလည်းဖြစ်ပါတယ်။ (ဖြီးထားမှ) မအားတဲ့ကြားက ပျံကျားရေးဝံကြီး ချမ်းရဲရဲ့ အကူအညီ တောင်းခံမှုကြောင့် အခုလိုသတင်းထုတ်ပြန်ရေးကို ဝင်ရောက် ထမ်းဆောင်ရခြင်းဖြစ်ပါတယ်။ ၄င်းနှင့် ကျွန်တော် ဒူဘိုင်း လေဆိပ်နားက လ္ဘက်ရည်ဆိုင်မှာ လ္ဘက်ရည် တစ်ပုလင်းစီ မှာသောက်ရင်း တွေ့ဆုံခဲ့ကြခြင်းဖြစ်ပါတယ်။ စင်္ကာပူမှာ ကျင်းပခဲ့တဲ့ လွတ်လပ်ရေးနေ့ နေ့လည်စာစားပွဲ အကြောင်းနှင့် စားပွဲမတိုင်မီ ကျင်းပခဲ့တဲ့ ပျော်ပွဲရွှင်ပွဲများ အကြောင်းကိုလည်း ၄င်းက အသေးစိပ် ရှင်းပြခဲ့ပါသေးတယ်။ ပထမဆုံး သူ ယှဉ်ပြိုင်ခဲ့သော ဂုံနီအိပ်စွပ် အပြေးပြိုင်ပွဲအကြောင်း၊ ဂေါင်းအုံး ရိုက်ပြိုင်ပွဲတွင် သဘာငတိ ဂျဲဂျယ် အခါခါ ပြုတ်ကျခဲ့တဲ့အကြောင်း၊ ချောတိုင်တက်ပွဲတွင် ဌက်ကထကြီးပုဆိုးကျွတ်ကျ ခဲ့တဲ့အကြောင်း၊ လွန်ဆွဲပွဲတွင် လွန်ကြိုးပျက်သဖြင့် နှစ်ဖက်ဝံကြီးများ အတုံးအရုံးလဲကျခဲ့၍ သရေပေးလိုက်ရသည့်အကြောင်း၊ ပြိုင်ပွဲတွင် ပွဲစဉ်အားလုံး ဒိုင်လူကြီးအဖြစ် တစ်ဦးတည်းသောအသင်းသား တာတေ မှတာဝန်ယူ ခဲ့ရကြောင်း။ ထို့အပြင် တွင်း၂ ဗီလိန်သည်လည်း ပြည်တွင်းရောက်ရှိနေသဖြင့် ပြည်တွင်းပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း မိုးပြဲဒယ်အိုးဖင်ပေါ်တွင် ကပ်ထားသော အကြွေစေ့များအား လက်မကူပဲ ပါးစပ်ဖြင့်သာ ခွာယူရသော ပြိုင်ပွဲ၌ ဗီလိန် ပထမဆုဆွတ်ခူးခဲ့ကြောင်းနှင့် ပြိုင်ပွဲအပြီးတွင် နေ့လည်စာအဖြစ် အုန်းထမင်း၊ ငါးသလောက်ပေါင်း၊ မျှစ်ချဉ်ဟင်း၊ ကြက်ဟင်းခါးသီးကြော်၊ ကြောင်လျှာသီးသုပ်၊ ဆူးပုပ်ရွက် အစရှိသူတို့ဖြင့် ကြွေးမွေးအပြီး အချိုပွဲအဖြစ် သကြားလုံး၊ နွားနို့၊ ဖရဲသီး၊ ဘဲဥပြုပ်၊စိမ်းစားဥ အစရှိသောမြန်မာ အစားအစာ များဖြင့်တည့်ခင်း ဧည့်ခံခဲ့သည့် ကြောင်းများအား ခရားရေလွှတ်ရှင်းပြခဲ့ရင်း ၄င်းဆွတ်ခူးရရှိခဲ့သော ဆုအားထုတ်ကြွားခဲ့သေးသည်။ ( ဗလာစာအုတ်နှင့် ကျောက်တံတစ်ချောင်းဖြစ်၏) ထို့နောက် ဤမိုးလေဝသ သတင်းအား သူမအားပါသဖြင့် ကိုယ်တိုင်သာကြေငြာ ပေးရန် ကျွန်ုပ်အား မေတ္တာရပ်ခံခဲ့သည်။ ကြေငြာရတာပ……
မိုးလေဝသ အထူးသတင်း
မိုးလေ ဝသနှင့် ဇလဗေဒ ဌာနမှပေးပို့သော သတင်းများအရ မိုးရေချိန်တိုင်းကရိယာ ခြံအတွင်း ဖား ၁၀ကောင်အနက် ၆ကောင် အော်နေပါသဖြင့် ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါသည်။ ရေပြင်မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၁၅၀ အတွင်း အဆင်ပြေသလို တိုက်မှာဖြစ်ပြီး။ သင်္ဘောကြီးကြီး သွားပါက လှိုင်းကြီးနိုင်ပါသည်။ နောက်နှစ်ရက် အဖို့ မြန်မာပြည်တစ်ပြည်လုံးတွင် ပလူကောင်များပျံ တက်နေသည်ကို ကြည့်ခြင်းအားဖြင့် သာယာမည်။
မြစ်ရေကြီးခြင်းသတင်း 
ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့ ကမ်းနဘေးတွင်တိုင်းထွာချက်အရ ၁၀စင်တီမီတာ နှင့် ၂၂ စင်တီမီတာအတွင်း လှုပ်လှုပ် လှုပ်လှုပ်ဖြစ်နေပြီး၊ မြစ်အလယ်တနေရာတွင် တိုင်းထွာချက်အရ စိုးရိမ် ရေအမှတ်၁၂ မီတာ နှင့် အထက်တွင်ရှိနေသဖြင့် ကမ္ဘာကြီး ၄၅ ဒီဂရီ တိမ်းဆောင်းနေဖွယ် ရှိသည်ဟု ၄င်းမြို့အတွင်းကွမ်းယာ ဆိုင်ဝန်ထမ်း တစ်ဦးမှ ခန့်မှန်းပြောဆိုခဲ့သည်။ ထို့အတူ ချင်းတွင်းမြစ်ရေသည် ကျွန်တော့်ဂျီးတော်မြို့တွင် တိုင်းထွာချက်အရ စိုးရိမ်ရေအမှတ်သို့ ကောက်ခါ ငင်ခါ တက်လာဖွယ်ရှိခြင်းကြောင့် သက်ဆိုင်ရာ ဆယ်မြောင်းဝံကြီးဖြစ်သူ သံလွင်ဟီးရိုး မှသတိပေးဆော်သြ မှုများထုတ်ပြန်ထားသည်။ မြစ်ရိုးတလျှောက် မြို့များ ကျေးရွာများအား ကြိုတင်ကာကွယ်သော အနေဖြင့် တုံကင်ရေ၊ တွင်းရေ၊ ကန်ရေ၊ အစရှိသော အဝီစိ ရေများအား အသုံးမပြုကြရန်နှင့် မိုးရေများအား ရသရွေ့သိုလှောင်ပြီး မြစ်ရေကိုသာ များများခပ်၍ အသုံးပြုကြရန်… အထူးသတိပေး ကြေငြာ ထားသည်။
လေမှုန်တိုင်းသတင်း
တောင်ပစိဖိတ် သမုဒ္ဒရာအတွင်း အင်အားအတန်ငယ်ဖြင့်စတင်နေသော ဆူနာဂစ် အမည်ရှိ လေမြေရေငလျင် မုန်တိုင်းကြီးသည် ၄င်းသမုဒ္ဒရာအတွင်း ဖျက်သန်းသွား လာနေသော ပင်လယ်ကူး သင်္ဘောကြီးများထံ၌ မြန်မာပြည်လိပ်စာအား စုံစမ်းနေကြောင်း ပို့ဆောင်ရေးဝံကြီး နှင့် ဆွေးမျိုးတော်ဆပ်သူဒလမြို့ သမ္ဘာန်သမားတစ်ဦးမှ ထုတ်ဖေါ်ပြောကြားခဲ့သည်။
မိုး၊ လေ နှင့် ဝသ သတင်း ဤတွင်ပြီး၏။ ။
လူဝံမှုကျီးကြက်ရေး ဝံကြီး

Monday, January 5, 2009

အစွမ်းကုန်ပေါခြင်း

မလွတ်မလပ်ရေးနေ့ဂုဏ်ပြုနေ့လည်စာစားပွဲ
ယမန်နေ့မလွတ်လပ်ရေးနေ့တွင် ပေါဂိုဏ်းသူဂိုဏ်းသားများ၏ ဂုဏ်ပြု နေ့လည်စာစားပွဲ တစ်ရပ်ကို စင်္ကာပူရှိ နာမည်ကြီး Fullerton ဟိုတယ်တွင် အကြောင်းရှာ၍ ကျင်းပခဲ့ရာ ဖိတ်ကြားထားသော အထူ (အပါးမဟုတ်ဘူးနော် ခပ်ထူထူဧည့်သည်တွေပြောတာ) ဧည့်သည်တော်များနှင့် ပေါဂိုဏ်းသူဂိုဏ်းသားများ မစုံညီစွာ တက်ရောက်ခဲ့ကြသည်။
တွင်းတူးဗီမှာ ပြည်တွင်းပြန်၍ လမ်းပျောက်မြေပုံခုနစ်ချက်ကို သွားခိုးနေပါသဖြင့် မတက်ရောက်နိုင်ကြောင်း (သွားဆွဲတာ ဆွဲလို့မရသောကြောင့် ခိုးခြင်းဖြစ်သည်။ ခိုး၍မရလျှင် လုမည်ဟု သတင်းရရှိသည်) ထို့အတူ နိုင်ဂံဂျားရေးဝန်ဂျီးငပတ်မွှေမှာလည်း ပျဉ်းမနား မျှစ်ချဉ်များ စားမိသောကြောင့် ဝမ်းလျှောနေပါသဖြင့် နေ့လည်စာစားပွဲ မတက်ရောက်နိုင်ရာ သဘာငတိမှ ၎င်းတို့၂ဦးစာကို ပါဆယ် ဆွဲသွားခဲ့သည်ဟု သတင်းရရှိပါသည်။

ထိုနေ့လည်စာစားပွဲ၌ ၂၀၀၈နှစ် အတွက် အပေါဆုံးဆု ရရှိထားသော ငှက္ကဌကြီး နှင့် နာယက ဂျီးတို့က ကျေးဇူးတင်စကားများ ပြော်ကြားခဲ့ကြသည်။ ငှက်ကထကြီး နှင့် နာယကဂျီး တို့က သူတို့အား တခဲနက်ထောက်ခံခဲ့ကြသော ပေါဂိုဏ်းသူဂိုဏ်းသားများ အား အထူးပင် ကျေးဇူးတင်ကြောင်း၊ နောင်တွင်လည်း ဒီ့ထပ်ပို၍ ပေါဦးမည် ဖြစ်ကြောင်း ပြောကြားကာ ချ ပေး ထားသည့် ဘီယာမလောက်သဖြင့် ထပ်မှာပေးရန် သတိပေးပြောဆို ခဲ့သည်။ ထို့ပြင် ပေါဂိုဏ်းသူဂိုဏ်းသားများအတွက် အပေါကင်းနှင့်အပေါကွင်း တို့ကိုပါ ရွေးချယ်ဖို့ ရှိကြောင်း မစားရဝခမန်းပြောကြားသွားပါသည်။

မလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် မွေးမြူရေးဝန်ကြီးက ၎င်း အထူးပြု မွေးမြူထားသော တီကောင်အရှင်လတ်လတ် အကောင် ၁၀၀ ကို ဆည်မြောင်း ဝန်ဂျီး အား လက်ဆောင် ပေးအပ်ခဲ့ရာ ဆည်မြောင်းဝန်ဂျီးထီးရိုးက ဝမ်းမြောက်ဝမ်းသာ လက်ခံခဲ့ပြီး ယတြာခြေသည့်အနေနှင့် ၎င်းအသစ် စက်စက်ဖွင့်ကာစ ဒန်အိုးဆည်ကြီးထဲ သွားလွှတ် လိုက်သည်ဟု သတင်းရရှိပါသည်။ ဆက်သွယ်ရေး ဝန်ဂျီး ကလည်း အားကျမခံ တက်ရောက်လာသော ဂုဏ်သရေမရှိ (သရေ မရှိ ပေမယ့် ကျန်တာအကုန်ရှိတယ်) လူကြီးမြင်းများအတွက် ကလေးကစားစရာ ဟမ်းဖုန်း တလုံး ကံစမ်းမဲဖောက်ပေးရာ အသင်းသားချုပ်ကြီးခေါင်က ပြိုင်ဘက်မရှိ မဲပေါက် သွားသည် ဟု သိရပါသည်။ ပြန်ကြားရေးဝန်ဂျီး ချမ်းရဲကလည်း ယနေ့ နေ့လည်စာစားပွဲသတင်းကို မှတ်တမ်းဓာတ်ပုံ များဝေဝေဆာဆာဖြင့် ၎င်းပိုင်သတင်းစာဂျီးတွင်ဖော်ပြသွားမည် ဖြစ်သော်လည်း လောလော ဆယ် ထုတ်ဝေခွင့်မကျသေးသဖြင့် ၎င်းယောက္ခမပိုင် မြန်မာ့အမှောင် သတင်းစာဂျီးတွင် အရင် ထည့်သွင်းပေးမည်ဟု ကတိပေး ပြောကြားသွားပါသည်။

ထို့နောက် သဘာငတိကြီးက မိန့်ခွန်းပြောကြားနေစဉ် တဦးတည်းသော အသင်းသား ကေလာမှာ အိပ်ပျော်နေပါသဖြင့် ၎င်းအတွက် ရှယ်ယာများကို အမှုရှောင် နန်းညီက ပါဆယ် ထုတ်ပေးရန် ဟိုတယ်ဝန်ထမ်းများအား တိတ်တဆိတ် ပြောကြားခဲ့သည်ဟု စက်ရပ် ဖောင် ပိတ်သတင်း အနေနှင့် ကြားသိခဲ့ပါသည်။

နိချုန်းဂုတ်အနေနှင့် ငပေါဂိုဏ်းသားများ အားလုံးတညီတညွတ်တည်း မတ်တပ်ရပ်ကာ ငပေါ ဦးတည်ချက်(၄)ရပ်ကို ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

နောက်ဆက်တွဲသတင်း။ ။ နေ့လည်စာစားပွဲတွင် ယဉ်ကျေးမှုဝန်ဂျီးက ကမ္ဘာ့အဆူဆုံးရော့ခ်ဘန်ဖြင့် ကိုယ်တိုင် သီဆို တီးခတ် ဖျော်ဖြေပေးခဲ့ပြီး လူဝံမှု ကြီးကြပ်ရေးဝံဂျီးက ဟစ်ဟော့သီချင်းတပုဒ်ဖြင့် ကပြ ဖြေဖျော်သွားသည်။ တရား စီရင်ရေး ယမမင်း၊ ပညာရေးဝန်ဂျီးဇင်ဇင်တို့ကလည်း အားကျမခံ မြနန္ဒာသီချင်းကို ဟဲဗီးရော့ခ်စတိုင် သီဆို ကပြ ဖျော်ဖြေခဲ့ရာ ၎င်းတို့အားလုံး နေ့လည်စာ ငတ်သွားသဖြင့် တိတ်တဆိတ် ပါဆယ်ဆွဲသွားသော အမှုရှောင်နှင့် သဘာငတိတို့ ၂ ဦး ထုခြေလွှာ တင်ရမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

မှတ်ချက်။ ။ နာယကဂျီးအကြံပေး၍ ဆက်သွယ်ရေးဝန်ဂျီးက ၎င်းပိုင်လက်ပ်တော့ပ်ဂျီးဖြင့် မှတ်တမ်းတင် ရေးသားသည်

Friday, January 2, 2009

ပေါချက်က ရင်နင့်စရာ

ABCD Key

Xm
ရို့……. ရို့………
A B
ကျွန်တော့် နာမည်ဂျူဝသန်ပါ
C D
ကြူထရံကာ နေပါတယ်။

E F
ကျွန်တော့်အဖ ဦးဌေးလှပါ
G H
ဂေါပကကြီး ဖြစ်ပါတယ်။

I J
ကျွန်တော့်အမေ ဒေါ်နှင်းမူပါ
K L
ဓနုဖြူမှာ နေပါတယ်… ။

M
ကျွန်တော့် အမ
N
ဆယ်တန်းကျတာ
O P
လေးနှစ်မက ရှိပါတယ်။

Q P
ကျွန်တော့်ညီမ ကျောင်းဆရာမပါ
S T
သူငယ်တန်းလေး ပြပါတယ်။
ရို့…. ရို့… ခင်မောင် …. ခင်မောင်

U V
ကျွန်တော့် အိပ်မက် မင်းသားတစ်လတ်ပါ
W
လူပျက်ဆိုလည်း လုပ်ပါမယ်။

X Y
ကျွန်တော့်ရည်းစား ပစ်ခါသွားတာ
Z
သုံးနှစ်နီးပါး ရှိပါမယ်။

A B
ဟက်…… ဟက်…. ဟက်
C D
ကျွန်တော့် Inbox မေ့သလောက်မှ
E
အီးမေးလ်တစ်ခုရောက်ပါတယ်…..
F G
ကျွန်တော့်အထင် အတွင်တွင်ပို့တာ
H I
အကြွေးရှင်များသာ ဖြစ်ပါတယ်။

J K
ရို့……… ရို့……. ခင်မောင်…. ခင်မောင်
L M
ဟက်….. ဟက် …. ဟက်ချိုး!!!!

N O
ကဲ…… ကျန်တာ အားလုံး သဘာပတိ မင်းပဲပြော….

P Q
ရဲ . . . . ရဲ . . . . စစ်သား . . . . စစ်သား . . . .
R S
plese ကျေးဇူးပြု၍ ရေသောက်ပါ (ရဲဂျီး အသံ)
T U
water . . . . water . . . . ရေ . . . . ရေ . . . .
V W
drink . . . . drink . . . . သောက် . . . . သောက် . . . .

X Y
ကျတော်ဆိုတဲ့ မောင်ဂျယ်ဂျဲက
Z Am
ရုပ်ကလေးက ချောပါတယ် တယ် တယ် တယ် . . . . (အသံဆွဲ၍ ဆိုရန်)

Bm Cm
တခါတခါ ဂေါက်တောက်တောက်နိုင်ပြီး
Dm Em
အခန်းကလဲပျက်နေတယ် တယ် တယ် တယ် . . . . (အသံဆွဲ၍ ဆိုရန်)

Fm Gm
go . . . . go . . . . သွား . . . . သွား . . . .
Hm Im
good . . . . good . . . . ကောင်း . . . . ကောင်း . . . .
Jm Km
carry on . . . . carry on . . . . ဆက်လုပ် . . . . ဆက်လုပ် . . . .

သီဆိုသူ .. လူဝံမှုကျီးကြက်ရေးဝံကြီး
ကူညီသီဆိုသူ . . . . သဘာပတိ ဖိုးဂျယ်

Thursday, January 1, 2009

နှစ်သစ်မှာ စိတ်သစ်နဲ့ ပေါကြစို့လား

ငါမရှိရင် မဖြစ်ပါဘူးလေဆိုပြီး ခဏခဏညည်းပြီး ငပေါဂေဟာမှာ အရမ်းအရေးကြီးတဲ့ ခပ်ချောချောကောင်လေး သဘာပတိ ဖိုးဂျယ်၊ ရုပ်တည်နဲ့ ဆရာကြီးရုပ်ဖမ်းနေပြီး တကယ်တော့ ဘာမှမသိတဲ့ ငှက်ကထအန်ဒီ၊ ခေတ်ဆွေး ပေါတောတော နာယကဂျီး မတူးတူးသာ၊ အလုပ် မလုပ်တဲ့ တွင်း ၁ ၊ ငပေါဂေဟာမှာ ရာထူးတွေ အများကြီးလိုချင်နေတဲ့ တွင်း ၂ ၊ ဘယ်တော့မှ အသင်းသားတွေ လိုက်မစည်းရုံးပဲ အချောင်ခိုနေတဲ့ အမှုရှောင်၊ နောက်ကွယ်ကပဲ ပေါသော အသင်းသားချုပ် ခေါင်၊ ဘာအကြံမှမပေးသေးတဲ့ အကြံပေး အပြည့်၊ ပြင်လိုက် ညာလိုက်လုပ်နေတဲ့ ပညာရေး အစ်မမေ ၊ ရေသူမမွေးတာ မအောင်မြင်သေးတဲ့ မွေးမြူရေး အစ်မဆုမွန်၊ အရုပ်နှစ်ရုပ်နဲ့ ဆော့နေတဲ့ တဦးတည်းသော အသင်းသား ကိုကေလာ၊ ပေါက်ရတွေ လိုက်လိုက်ထောက်နေတဲ့ ထောက်ချုပ် ငပေါမိုးသား၊ နိုင်ငံခြားရေးဝန်ကြီးဆိုပြီး မလေးရှားနဲ့ စင်ကာပူလောက်သာရောက်ဖူးတဲ့ နိုင်ငံခြားရေး ကိုကဗျာမွှေ၊ မြောင်းပုတ်တွေ လိုက်ဆည်နေတဲ့ ဆည်မြောင်း ညီထီးရိုး၊ အရောက်ပို့ချင်နေတဲ့ ချောက်ထဲပြောတာနော် ပို့ဆောင်ရေး နေ့အိမ်မက်၊ ယဉ်ကျေးလိမ်မာမှုမရှိတဲ့ ယဉ်ကျေးမှု ကိုဖြိုး၊ ဘယ်ကလူတွေ ၀င်တာ လိုက်ကြည့်နေမှန်းမသိတဲ့ လူဝင်မှုကြီးကြပ်ရေး ခပ်ညံ့ညံ့ကောင်၊ သတင်းအမှားတွေ အချိန်တိုင်းထုတ်ပြန်နေတဲ့ ပြန်ကြားရေး အမောင်ချမ်းရဲ၊ ဆောက်ချင်ရာတွေ ဆောက်နေတဲ့ ဆောက်လုပ်ရေး ကိုဟန်သစ်ငြိမ်၊ ကွန်ပလိန်းတွေ အမြဲကူးသန်းတဲ့ ကူးသန်း ပွကြီး၊ မတရား သဖြင့်အမြဲ လုပ်တဲ့ တရားရေး ယမင်းလေး၊ လည်ချင်ရာ လည်ပြီး ပြန်ပြန်မလာတဲ့ လယ်ရာ ပြန်စားရေး ကိုဝေမင်း၊ အတင်းကာရော ပေါချင်ရှာနေတဲ့ ပိုက်ပိုက်တို့ကို ကျေးဇူးကမ္ဘာလုံးလောက်ပါ (ပိုက်ဆံမပေးရတိုင်း စွတ်တင်နေတာ)

ဒီပိုစ့်လေးကတော့ အားလုံးသော ငပေါအဖွဲ့သားတွေကို ကျေးဇူးတင်ချင်လို့ပါ။ ဒီအဖွဲ့လေး အောင်မြင်စွာ ရပ်တည်နိုင်အောင် အားလုံး ၀ိုင်းဝန်းကူညီကျလို့ပါ။ ရှေ့ဆက်ပြီး နောက်နှစ်ပေါင်းများစွာ ဒီအဖွဲ့သားတွေနဲ့ နောက် ထပ်တိုးမဲ့ အဖွဲ့သားတွေရော ချစ်ချစ် ခင်ခင် ရင်းရင်း နှီးနှီး ပျော်ပျော် ရွှင်ရွှင် ပေါပေါလေး နေသွားနိုင်ပါစေလို့ ကျနော် ဖိုးဂျယ်လေးက ဆုတောင်းလိုက်ပါတယ်။ နှစ်သစ်မှာ ကျတော်တို့ အဖွဲ့လေးက နှစ်လပြည့်ပါပြီ။ အခုတလော ကျနော် စိတ်အရမ်းရှင်းလွန်းနေတော့ ဘာမှတွေးလို့မရ ဖြစ်နေတာကနေ ဘာပဲဖြစ် ဒီဂေဟာလေးအတွက် တစုံတခုတော့ လုပ်ပေးချင်တယ်။ ဒါပေမဲ့ ဘယ်လိုမှ တွေးလို့မရဘူး ဖြစ်နေသောကြောင့် ဒီပိုစ့်လေး မပြည့်မစုံလေး ဖြစ်သွားရင် ကျနော် စိတ်မကောင်းပါဘူး။ ဒီအဖွဲ့လေးကို စတင်ဖွဲ့စည်းဖို့ စဉ်းစားတာက နာယကမတူးတူးသာ၊ ငှက်ကထ အန်ဒီနဲ့ အမှုရှောင် နန်းညီတို့ ဖြစ်ပါတယ်။ အစ်မတူးတူးသာ ၊ သယ်ရင်း အန်ဒီနှင့် ချစ်ညီမ နန်းညီတို့ကို ကျေးဇူး အရမ်းတင်ပါတယ်။ ဒီလို ဘလော့လေး ဖြစ်မြောက်လာအောင်တော့ တွင်း ၂ ဗီလိန်က ကြိုးစား အားထုတ်ခဲ့တာပါ။ အဲ့အတွက် ဗီဗီက ကျတော့အတွက် သူငယ်ချင်းကောင်းဆိုလဲဟုတ် ညီအစ်ကိုလိုဆိုလဲ ဟုတ်တဲ့ ညီအစ်ကိုပေါ့ သူ့ကိုလဲ ကျေးဇူးတင်ပါတယ်။ ကျနော် ဖိုးဂျယ်လေးကတော့ ဘေးကနေ မရှိမဖြစ် ကူညီပေးလို့ ဒီအဖွဲ့လေး ဖြစ်မြောက်လာတာပါ။ (ဟီး ငါကွ) ပြီးတော့ အားလုံးသော အစ်ကို၊ အစ်မ၊ ညီလေး၊ ညီမလေးတွေက ပေါတောတော ပိုစ့်လေးတွေနဲ့ အားဖြည့်ပါဝင်ခဲ့လို့ အခုလို ပေါစရာကောင်းတဲ့ ငပေါဘလော့လေးအဖြစ် ရပ်တည်နိုင်ခဲ့တာပါ။ အားလုံးသော ညီအစ်ကိုမောင်နှမတွေကို ကျနော် အတိုင်းမသိ ကျေးဇူးတင်ပါတယ်။ (ပိုက်ဆံမပေးရတိုင်း စွတ်တင်နေတာ)
ဒီလို ညီညီညွှတ်ညွှတ်နဲ့ ဆက်လက်ပြီး ၂၀၀၉ ဆိုတဲ့ နှစ်သစ်ကို ပျော်ရွှင်စွာ လက်ဆွဲပြီး အခက်အခဲတွေ အတူတူဖြေရှင်းလို့ ချစ်ခင်စရာကောင်းတဲ့ မောင်နှမတွေ အဖြစ် စံချိန်တင်လိုက်ကြတာပေါ့။ ပေါပေါလေး နေလိုက်ကျတာပေါ့ ငပေါတို့ရေ။ နှစ်သစ်မှာ အားလုံးသော လိုအင်ဆန္ဒတွေ ပြည့်ဝပါစေ၊ ဒီထက် ပျော်ရွှင်စရာ ကောင်းသော ပိုစ့်လေးတွေ ရေးသားနိုင်ပါစေလို့ ခပ်ချောချောကောင်းလေး ဖိုးဂျယ်မှ နှစ်သစ်ဆုတောင်းလေး ပေးလိုက်ပါတယ်။