ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Saturday, March 28, 2009

.com ၀ယ်မယ်

ဒီနေ့ပဲ ကျွန်တော်တို့ .com တစ်ခု ၀ယ်ဖို့ ဆွေးနွေးဖြစ်ပါတယ်။ co.cc က Free မရတော့တာ ပြီးတော့ ကိုယ်ပိုင် websiteလေး ပိုင်ဆိုင်ချင်တာ နဲ့ တခြား အကြောင်း ကိစ္စတွေကြောင့် အခုလို .com ၀ယ်ဖို့ ဆွေးနွေးဖြစ်တာပါ။ ကျွန်တော်ကတော့ czygov.com or czgov.com ဆိုပြီး ရှာလိုက်တာ ရပါတယ် (အတည် မယူရသေးပါ။ ကိုယ်ကြိုက်တဲ့ နာမည်လေးရှိရင်လဲ တင်ပြနိုင်ပါတယ်)။ တိုတိုလေးနဲ့ မှတ်မိလွယ်မဲ့ name လေးပါ။ တစ်နှစ်ကို US $ 90 ကျော် ကုန်ကျမယ်လို့ သိရပါတယ်။ အဲ့ .com မှ တဆင့် တခြား အသင်းသားတွေကို ကိုယ်ပိုင် sub domain name တွေ ခွဲပေးဖို့ ရည်ရွယ်ပါတယ်။ ဥပမာ - www.jeljel.czygov.com or www.jeljel.czgov.com ဆိုပြီး sub domain name တွေ ခွဲပေးဖို့ စီစဉ်ထားပါတယ်။ သို့သော် FTP Access နဲ့ data base Access တော့ လောလောဆယ် ပါဝင်မှာ မဟုတ်ပါဘူး။ နောက်နှစ်တွေ အတွက် ထပ်ဝယ်ဖို့ကို ကြော်ငြာတွေ လက်ခံပြီး ၀င်ငွေရှာလို့ရတဲ့ ads google and http://www.bidvertiser.com တွေကို ကြော်ငြာပြီး ၀င်ငွေ ရှာမယ်လို့ စဉ်းစားထားပါတယ်။ ၀င်ငွေ ကောင်းရင်တော့ အသင်းသားတွေကို ကိုယ်ပိုင် domain name ၀ယ်ပေးဖို့ စဉ်းစားထားပါတယ်။ :) ဒါက အသင်းသားတွေ အားလုံးနဲ့အတူ ဂေဟာအကျိုးအတွက်ကို ပြောပြတာပါ။ အခုဆို ကျွန်တော်တို့ ငပေါဂေဟာလေးဟာ ၅ လ ပြည့်တော့ပါမယ်။ အားလုံး ဒီထက် အောင်မြင်အောင် ကူညီပေးပါဦးလို့ တောင်းဆိုလိုက်ပါတယ်။ တခြား ဆွေးနွေးချင်တာနဲ့ သိချင်တာလေးတွေ ရှိရင် မေးလ် ပို့ပြီး ဆွေးနွေးလို့ရပါတယ်။ ဒါမှ မဟုတ် ကျွန်တော်ကို တိုက်ရိုက် မေးလဲရပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

သဘာပတိ ဖိုးဂျယ်

Saturday, March 21, 2009

မြန်မာသက္ကရာဇ် ၁၃၇၁ ခုနှစ်၊ မဟာအလင်းသင်္ကြန်စာ

မြန်မာသက္ကရာဇ် ၁၃၇၁ ခုနှစ်၊ မဟာအလင်းသင်္ကြန်စာ

ယခုအချိန်အခါသည်ကား ခရစ်နှစ် ၂၀၀၉ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁ ခုနှစ်၏ အဦးအစ အခါသမယကောင်း၊ တန်ခူးလ သာစွညောင်းချိန် ဖြစ်သည်နှင့်အညီ နတ်တို့သခင် အရှင်သိကြားဘုရင်သည် မကောင်းမှုပြုသူများအား ထောင်းထုအမှုတင်ရန် ခွေးရေပုရပိုက်အစား၊ မြန်ပြည်တစ်ဖြာ ထွန်းကားစီသည့် Multimedia Room များအညီညှိကာ၊ ဟိုဒီထိုင်ငိုသွားနိုင်တဲ့ `Sony Vaio´ Laptop တစ်လုံးကို အပိုမှီဒိုင်လျှိုတင်၍ Driver မာတလိမောင်းနှင်သော `CNG စီးတော်ယာဉ်´ ကို စီးတော်မူပြီးသကာလ…… လက်တစ်ဖက်တွင် ရတက်မပူရရန် အရက်ဖြူ… အဲ… `ကြက်စူပင်´ ကို ကိုင်ပြီး၊ အခြားလက်တစ်ဖက်ကား အရားသမက်များ… အဲ… တအားအခက်မပွားရအောင် `နွားဇတ်ပျက် ငစားတစ်ကောင်´ အား ဂုတ်မှဆွဲပြီး အဟုတ် ခဏ၀ဲကာ တိဘက်၌ Transit ဖြင့် တစ်ထောက်နားဆော့ကစားပြီး မဖောက်မပြားသော ပကာသနတို့ဖြင့် ရွှေမြန်ပြည်သို့ မသွေအမြန်ချီလာတော့လေသတည်း။



ယခုအချိန်သည်ကား နယူးရီးယားဟုခေါ်သော ထူးပြီးခြားသည့် အခါခဏဖြစ်ရာ မူးပြီးဟား… အဲ… ခုနှစ်ရက်သားသမီးအပေါင်းတို့ လိုအင်ဆန္ဒအ၀၀ ပြည့်ဝစေရန်အလို့ဌာ ကျွန်ုပ်ဗေဒ အထွတ်အထိန် ပေါ်ငြိမ်သည် သူ့အလိုလို လှည့်လည်လျှက်ရှိနေကြသော ဂြိုဟ်၊ နက္ခတ်တာရာ၊ ဘာညာသာရကာများအား ကိုယ့်အပူ ကိုယ်ရှာ၍ သွားရောက် ဖင်ရှည် ကြည့်ရှုပြီးသည့်သကာလ အမှန်သရုပ် သဏ္ဍာန်လုပ်ကာ ဤ… မဟာအလင်း သင်္ကြန်စာကို ပလီပလာသတင်း အတင်းအမှန်ရှာ၍ အဆုံးသတ် နိဂုံးဖြတ်ကာ ရေးသားသမှု ပြုလုပ်လိုက်ရ ပါလေသတည်း။



တနင်္ဂနွေ (အ၊ ဧ၊ ဥ)

တနင်္ဂနွေသားသမီးများသည် အပျင်းဖြေအားကြီးလွန်းသောကြောင့် အချင်းတွေ အသွားကြီးသော အပျင်းပြေ ဘားကြီးများသို့ သီချင်းတွေသွားဟီးတတ်ရုံမက သတင်းတွေ မှားဖြီးတတ်ပါလိမ့်မည်။ ထိုမျှမက ဂဠုန်မင်းတို့သည် အကုန်ဖျင်းလွန်း သောကြောင့် ငထုံငပျင်းများဖြစ်တတ်ရာ ရဂုံချင်းကာ ဖာခုန်ညှင်းလို အသားကုန် ကမြင်းနေရလတံ္တ့။

(ယတြာ။ တနင်္ဂနွေ ဂဠုန်တို့မှာ ပုလင်းတွေအစုံတီးပြီး တလင်းမြေအဟုန်ပေါ်မှာ ထမင်းတွေပုံကာ စားပါက အခင်းတွေ ပြေကုန်အံ့လတ္တံ)



တနင်္လာ (က၊ ခ၊ ဂ၊ ဃ၊ င)

တနင်္လာသားသမီးတို့သည် ဂင်္ဂါတံတားအနီးက ၀မ်းနာအဖွားကြီးကို ပုလင်းရှာသော ကုလားသမီး ဟုထင်ပြီး အတင်းလာအကြွားကြီးသဖြင့် သတင်းစာအမှားကြီးမှာ `မင်းဟာ ငနွားကြီး´ ဟု အထင်းသာ အဟားမိတတ် လေတော့သည်။ တအားငြင်းသော ကျားမင်းတို့သည် သွားရင်းက မှားနင်းမိတတ်ရာ (ခွေးချေးပုံမဟုတ်) ဆီကုန်သက်သာ စရိတ်ကာသော ကားတစ်စင်းအလား နွားတစ်ရှဉ်းအငှားဖြင့် တအားနင်းသွား ရမည့်ကိန်းမြင်ကြောင်း ကျားမင်းကြီးအား ပွားနင်းကီးပါသည်။

(ယတြာ။ တနင်္လာကျားတို့သည် သတင်းစာသမားတို့အား ဟင်းမပါဆားအချို့ဖြင့် ထမင်းလာစားဖို့ရန် အတင်းမှာကြားညှို့လိုက်ပါလေ။)



အဂၤါ (စ၊ ဆ၊ ဇ၊ စ်၊ ည)

အစဉ်အလာမပျက် မင်္ဂလာအချက်နဲ့ အင်္ဂါလက်တို့ဟာ အင်တာနက်လောကမှာ ထင်ကာထွက်နေဖို့ကတော့ မြင်သာလို့နေပါတော့သည်။ အင်္ဂါသားသမီးတို့မှာ နင်ဟာမယားကြီးဟု အထင်မှာတအားစီးနေလောက်အောင် ဘ၀င်ဟာ မတရားကြီးပါတယ်။ ခြင်္သေ့မင်းတို့သည် ဖင်ဝှေ့ကမြင်းတတ်သည့်အပြင် အမြင်အတွေ့ မရှင်းသောကြောင့် နင်တစ်နေ့ ဆင်းရမယ် ဟုပင် အပြောခံရတတ်ပါသည်။

(ယတြာ။ အင်္ဂါခြင်္သေ့ကို နင်လာဖင်ဆိတ်ပါဟု တမင်တကာထွင်ဖိတ်ပြီး ဘ၀င်လွှာရွှေစိတ်မှာ မင်္ဂလာဝင်အိပ်ပါစေလေ။)



ဗုဒ္ဓဟူး (ယ၊ ရ၊ လ၊ ၀)

အဟုတ်ထူးခြားတဲ့ ဗုဒ္ဓဟူးသားသမီးတွေကတော့ ဒီနှစ်သစ်မှာ အပီတစ်ဖြစ်နေမှာပါ။ `ဗုဒ္ဓဟူး တုတ်စူး၊ ဖုတ်ပူး အဟုတ်ရူး၊ ဘူးဘူးဘူး မဟုတ်ဘူး´ ဟု ပြန်ငြင်းရလောက်အောင် ဗုဒ္ဓဟူးတွေက မရှုပ်စဖူး အလုပ်မြူးနေကြမှာပါ။ ဆင်မင်းတို့ပီပီ အမြင်ထင်းလို့ကြည်တဲ့ နင်ပုလင်းတို့ ဘော်ဒီဟုပြောရလောက်အောင် ဆင်မင်းတို့က ဖင်ဝင်းကာ အသွင်အဆင်းဖြာလို့နေပါလိမ့်မယ်။

(ယတြာ။ ဗုဒ္ဓဟူးဆင်တို့ အစုတ်အရူးထင်မှ အဟုတ်အထူးဝင်မှာမို့ မုန့်ဘူးဖင်မှာဆို့ပါဗျို့။)



ကြာသပတေး (ပ၊ ဖ၊ ဗ၊ ဘ၊ မ)

ကြာသပတေးသားသမီးတို့သည် ဘာညာကလေးကလားကြီးဟု ဆိုရလောက်အောင် အာပလာအပေးများလွန်းသဖြင့် ဘာသာရေးများလုပ်ရန် အချိန်ကျလို့နေပါပြီ။ သို့အတွက် ကြာသပတေးတို့မှာ အသာအယာမှေးမနေဘဲ နာနာပြေးကာ ၀ါသနာကလေးဖြင့် စာကဗျာရေးသင့်ပါတော့သည်။ ကြွက်မင်းတို့မည်သည် အရက်ပုလင်းဖက်ရီသည် ဟု ဆိုရလောက်အောင် အပျက်သတင်းတို့ ထွက်စည်နေတတ်သဖြင့် ကက်ကင်းဓာတ်မှီ ရတော့ပေမည်။

(ယတြာ။ ကြာသပတေးကြွက်တို့ ဘ၀အရေးမခက်ရအောင် မာနကလေးဖက်ပြီး ငါက ကလေးငပျက်ဟု စာထရေးကျက်လိုက်ပါ။)



သောကြာ (သ၊ ဟ)

မြှောက်ကာစကားကြီး လျှောက်ကာတအားဖြီးတဲ့ သောကြာသားသမီးတွေကတော့ `မျောက်ငနာငစားကြီး´ ဟုပင် ပြောခံရလောက်အောင် ထောက်ညှာသနားကြည့်ဖို့ မသင့်ပါဘူးဟု ဆိုရလတ္တံ့။ ပူးမင်းတို့မှာ ဘီလူးမင်းစတိုင်ဖြင့် အရူးချင်း မလိုင် လုပ်ချင်သောကြောင့် ဒူးရင်းသီးဆိုင်တို့နှင့် အထူးအငြင်းကြီးပြိုင်ရသည့်အခါ မထူးချက်ချင်းကြီး အနိုင်ရပါလေအံ့။

(ယတြာ။ သောကြာပူးတို့မှာ အခြောက်မသာအရူးတို့ကြား သောက်ကာမူးပြီး လျှောက်ကာပလူးသင့်လှပါကြောင်း ကောက်ကာနှူးလိုက်ရပါသည်။)



စနေ (တ၊ ထ၊ ဒ၊ ဓ၊ န)

ဒီနှစ်မှာ စနေသားသမီးတို့သည် ငွေပွားမစီးသဖြင့် အထွေအပြားကြီးတတ်ချေရာ မနေမနားဖရီးစားဖို့ လိုအပ်ပေတော့သည်။ ထို့ကြောင့်လည်း အနေအစားမှားပြီး အသေနားလည်း နီးတတ်ပေရာ အမွေစကား ညည်းရတတ်ပေသည်။ စကားရှင်းရှင်း နဂါးမင်းတို့မှာ တအားပျင်းလွန်းသောကြောင့် ကုလားသီချင်းနှင့် အားတင်းပြီး ကစားကွင်းထဲမှာ သွားကမြင်းနေကိန်းများရှိလေအံ့။

(ယတြာ။ စနေနဂါးတို့ အသရေကြွားစေဖို့ ဒန်ငွေဖလားဖြင့် အမြန်ရေကစားပြီး အမှန်လေအဖျားဆင့်ပါမှ နံပြေအစားသင့်ပေလိမ့်မယ်။)



ကမ္ဘာ့ကမ္ဘာကျော် ပုဂ္ဂိုလ်ရှော်ကြီးများထံမှ

နည်းမှီးစတန့်ထွင် စိတ်ကူးယဉ်ထားသော မူအရ

မြန်မာ့မြန်မာမြေပေါ်က ဆရာ့ ဆရာအော်ကြီးများ၏ ကြီးကြပ်မှုဖြင့်

ဗေဒက၀ိ မောင်မောင်ကွိ ကကျိကကျိ ကလိထားသော

မြန်မာသက္ကရာဇ် ၁၃၇၁အတွက် That’s Sure! မဟာ သင်္ကြန်စာမှ



လျှောက်လုပ်ရေးဝံကြီး ပေါငြိမ်

Thursday, March 19, 2009

နှစ်သစ် သင်္ကြန်ကြိုဆိုခြင်း

အခု တစ်လော ပေါဂေဟာ လူဂျီးမြင်းများ ကမ္ဘာ့ စီးပွားရေး ကဒ်နဲ့အတူ ရောယောင်ပြီးအကြီးအကျယ် စိတ်ထိခိုက်နေကြတယ်နဲ့တူတယ်။

အချို့အချို့တွေကျတော့လည်း စာမေးပွဲရှိလို့တဲ့
အချို့အချို့တွေကျတော့လည်း ဟောလီးဒေး ပြည်တော်ပြန်သတဲ့
အချို့အချို့တွေကျတော့လည်း ပလာစတာကိစ္စ..ကော်ကိစ္စတွေနဲ. ရှုပ်နေကြဟန်တူလေရဲ..
အချို့အချို့တွေကျတော့လည်း မွေးနေ့ပွဲတွေ၊ အလုပ်တွေနဲ့ ယောင်နေကြတယ်လို့လည်း သိရတယ်။
(မမ ဘာမှပြောဘူးနော် . . . . မသိသလိုလေးဘဲ နေနေတာ . . .)

မမ ကတော့ လာမဲ့ မြန်မာ နယူးယားအတွက် ကဲဘို့ ပြင်ဆင်နေတယ်။ လာသမျှ စာတွေ ဖောက်လိုက်ရင် ၀ံကြီးဌာနတွေက ဖိတ်ထားတာနဲ့ ရုပ်ရှင်၊ သရုပ်ဆောင်တွေ မယ်တော်တွေက ဖိတ်ထားကြတာနဲ့။ သင်္ကြန်လေး ရှိတာမှ ၃ ရက်တည်း မမ ဘယ်နှစ်ကိုယ်များ ခွဲပြီး သွားရပါ့ မလဲ လို့
(အယ် တိုးတက်နေတဲ့ ခေတ်ကြီးမှာ ကိုယ်ခွဲစရာလား . . . ကိုယ်လုံး လုပ်ပြီး ပွားလိုက်မှာပေါ့ နော်)

ဟိုမရောက် ဒီမရောက်ရင်လည်း မျက်နှာပျက်စရာတွေ ဖြစ်အုံးမယ်လေ ဟူး . . . နာမည်ကြီး ဖြစ်ရတာကလည်း တကယ် တကယ်ကျတော့လည်း လွတ်လပ်မှုတွေ တကယ်ဆုံးရှုံးတာဘဲ။ အားလုံးကို ဥပက္ခာပြုပြီး ဂေဟာအတွက် ရေပက်မဏ္ဍပ်တစ်ခု လုပ်ချင်တယ်။

စိတ်ဝင်စားသူများ လိုအပ်သလိုအရေးတယူ မှာစား စာရင်းသွင်းနိုင်ကြပါကြောင်း။

မဏ္ဍပ်အမည်- ရင်ထဲဗလာ ပေါဂေဟာ

မဏ္ဍပ်နေရာ- U.K.(Upper kanaungto)

ဘာမဆို U.K မှ ဆိုလို့များ တို့လည်း U.K နိုင်ပါတယ်နော် . . .ဟွန်း

ဖွင့်လှစ်မည့်ရက်စွဲ- ၂၀၀၉ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့မှ ဧပြီလ ၁၈ ရက်နေ့ထိ

ကြိုဆိုရေး -sugar မင်း သို့မဟုတ် suger king ကို Hip Hop band များက ထိန်းမနိုင် သိမ်းမနိုင် အကများဖြင့် ဖြေဖျော်ကြိုဆိုရန်၊

အထူးလုံခြုံရေးအစီအစဉ်ဖြင့်၎င်း သယ်ဆောင်လာသော Hip Hop Band များကို out of service
ဖြစ်စေရန် အချိန်ပြည့် ကာဗာ ဆားဗစ် လုပ်နိုင်ရန် ဂေဟာမှ စီစဉ်ထားကြောင်း။

ဝတ်စုံ - ကိုးရီးယား ဒီဇိုင်း၊ တရုပ်ပြည်ဒီဇိုင်းများ ရိုးအီနေပြီဖြစ်သောကြောင့် ဂေဟာမှ ၀န်ထမ်းများအတွက် မိုင်၉၀ အကွာမှ ကွင်းကွင်း ကွက်ကွက် လင်းလင်းလက်လက် မြင်စေရန်အလို့ငှာ
သစ်ရွက် အစိုများဖြင့် စနစ်တကျပြုလုပ်ထားသော တာဇံ အကျီ င်္များအား အထူးမှာကြားပြီးဖြစ်ကြောင်း၊
(အနောက်တိုင်း ယဉ်ကျေးမှုကိုပယ်ဖျက်၍ အရှေ့တိုင်းကိုသာ ဦးစားပေးထားကြောင်း အနောက်က တိုင်းစရာမလို၍ ဖြစ်ပါသည်။)

ဝတ်စုံများမှာ မိန်းမ၀တ် နှင့် ယောက်ကျားဝတ် ဟူ၍ ခွဲခြားထားခြင်း မရှိကြောင်း (ရောင်းရန်လုံးဝ မရည်ရွယ်ပါ)
အကယ်၍ ဈေးကွက်များတွင် တွေ့ရပါက သက်ဆိုင်ရာ ဌာနဆိုင်ရာဝံကြီးများ အကြံအဖန်လုပ်ထုတ်၍သာ ဖြစ်ကြောင်း)

(သတိ- သစ်ရွက်ခြောက်လျှင် ကော်ပီ သာဖြစ်သည်)

မဖြစ်မနေရံပုံငွေ - မဏ္ဍပ်ကြီးဖြစ်မြောက်ရေးအတွက် ဒေါ်လာစား များအားမျှော်ကိုးပြီး စင်္ကာပူဒေါ်လာ ၁၀၀၀ မှစ၍ ရှိလျှင် ရှိသလို ထည့်နိုင်ကြောင်း၊

(ပေါဂေဟာမှ ရာထူးကြီးကြီး ရထားသော ၀ံကြီးများက အပြိုင်အဆိုင် အားရပါးရ စေတနာများ ထက်သန်စွာဖြင့် အလုအယက် လှူဒန်းကြမည်ဟုလည်း ယုံကြည်ထားပါကြောင်း . . ဂေဟာ ရန်ပုံငွေအတွက်လည်း စိတ်မအေးဖွယ်ရာများ ထပ်ကြုံရန်လည်းရှိကြောင်း။

ပျော်ရွှင်ရပိုင်ခွင့် - ရောင်စုံရေပိုက်တစ်ခုကို ၁၀ မိနစ်ကို စင်္ကာဒေါ်လာ ၅၀၀ ဖြင့် credit card or cash ဖြင့် လွယ်လင့် တကူပေးနိုင်ရန်၊ cash machine, ATM စက်များ မဏ္ဍပ်အတွင်း ထားရှိကြောင်း၊ ငွေသားများ ရေစို ပေါက်ကွဲ စုတ်ပြတ် မည်ကိုစိုးရိမ်၍ ပလပ်စတစ် ကာဘာများနှင့် အထပ်ထပ် လုံခြုံစိတ်ချစွာ စီမံထားပါသဖြင့် မလုပ်တတ် မကိုင်တတ်ဖြစ်နေလျှင် နီးရာဝန်ထမ်းအား အကူအညီတောင်းနိုင်ရန် အဆင်သင့် ရှိကြောင်း၊

(ဂေဟာဝန်ထမ်းများနှင့်အတူ ပတ်သက်ရာ ပတ်သက်ကြောင်း အတွယ်အတာများပါလာလျှင် ပလပ်စတစ်ရေပုံးနှင့် နို့ဆီခွက်များလည်း အလုံလောက်စီစဉ်ထားကြောင်း)

အစီအစဉ်များ - ကြွရောက်လာသမျှ 7 ရက်သားသမီးများ လွယ်လင့်တကူ စားသောက်နိုင်ရန် ဆန်ပြုတ်များကို ကျွတ်ကျွတ်အိတ်ဖြင့်ထည့်၍ အဆင့်သင့် ချိတ်ဆွဲထားကြောင်း၊ တန်းစီစရာ မလိုအောင် တစ်ယောက် တစ်ထုတ်နှုန်းဖြင့် ယူနီဖောင်းပြည့် ၀န်ထမ်းများက အပီအပြင် ၀န်ဆောင် ကြီးကြပ် စီမံ့ ပေးထားကြောင်း၊

အလွန်ဆာနေသောအချိန် အားရပါးရ စားသုံးနိုင်ရန်အတွက် အိုက်စကလင် များကိုလည်း သက်ဆိုင်ရာကောင်တာတွင် မှာစားနိုင်ကြောင်း၊

အုန်းသီး၊ ဖရဲသီး၊ ပိန္နဲသီး နှင့် ဒူးရင်းသီးများကို self service ဖြင့် ကိုယ့်ခွန်၊ ကိုယ့်အားဖြင့် နွှစားနိုင်ရန်လည်း အသင့်ထားပေးကြောင်း၊

မဏ္ဍပ်အတွင်း မူးယစ်သောက်စား ရမ်းကားခြင်းလုံးဝ မလုပ်ရန်အလို့ငှာ၊ မဏ္ဍပ်ဘေးတွင် လွတ်လပ်စွာ လုပ်နိုင်ကြောင်း နေရာ သတ်မှတ်ထားရှိ၊

ဖျော်ဖြေရေးများအတွက် ဆဲရန်ရှိ အစီအစဉ်ဖြင့် ၀ံကြီးများမှ ပါမစ်ချပေးရန် စောင့်ဆိုင်းနေပါသည်။
(သေချာလျှင် ထပ်မံကြေငြာပါမည်)

နှစ်ဆန်းတစ်ရက်နေ့တွင် သက်ကြီးရွယ်အို စာရင်းအရ ငှက်ကဌ၊ နာယကကြီး၊ ၀ံကြီးချုပ်၊ အသင်းသားချုပ်ကြီးနှင့် ၀ံကြီး အချို့အား ကတုံး တုံးရန် နှင့် ခြေသည်း လက်သည်းများကို ဂျပန် ခွာနည်းဖြင့် ပူဇော်မည်ဖြစ်ကြောင်း၊

ဧည့်သည်များ ယခုလို အင်တာနက်တွင် တင်လိုက်ပြီးသကာလ-ကိုနေကိုတိုး၊ အိန္ဒြာကျော်ဇင် ၊ မိုးဟေကို၊ ဖြိုးဝေစိုး၊ ပြေတီဦး တို့နှင့် အခြားမယ်တော်၊ ရုပ်ရှင်သရုပ်ဆောင်များသည်၎င်း၊ victoria Backham, Paris Hilton မှ သည် Ronadol7 etc နှင့် Prince William, Obama တို့မှ လာရောက်ရန် လျှောက်လွှာများနှင့် မိသားစုများသော brit pitt တို့အတွက် ဂေဟာမှ အလွန်ခေါင်းကိုက်စွာ လက်ခံရန် စဉ်းစားနေရပါကြောင်း၊ များတို့ ဂေဟာက မြန်မာမှု မြန်မာ့ ဟန်စစ်စစ်ဖြင့် ဖန်တီးထားသော် မဏ္ဍပ်ဖြစ်ပါ၍ နိုင်ငံခြားယဉ်ကျေးမှုများ မပါဝင်စေရန် ရည်ရွယ်ပါကြောင်း (သူတို့လာရင် ပေါက်ကရတွေ လုပ်ကြအုံးမှာ)

ရေပက်ခံထွက်လိုသော လူများအတွက် ထိုင်းနိုင်ငံမှ သုံးဘီးများကို ဘန်ကောက်မြို့တွင် နေထိုင်သော အသင်းသားက တစ်ပတ် တစ်စီးနှုန်းဖြင့် ချင်းမိုင်းမှ အဆင့်ဆင့် လိုင်စင်ပျောက် ကိုယ်တိုင် မောင်းယူလာမည်ဖြစ်ကြောင်း။

ဤကဲ့သို့ ဂေဟာ အတွက် အကြီးစားစီမံ ခန့်ခွဲမှုများဖြင့် မြိုင်ဆိုင်နေသောမဏ္ဍပ်မှာ နောက်ဆုံး အထူး အစီအစဉ်အနေဖြင်..

အကယ်၍ မပြောကောင်း မဆိုကောင်း အခိုက်အတန့်လေး မီးများမလာခဲ့သည် ရှိသော် ဓါတ်အားလေးများ ဖုတ်ကနဲ့ စက္ကန့်ဝက်လောက် ကျသွားခဲ့သည်ရှိသော်၊ ရောင်စုံ မော်တာပိုက်များ ဈေးကြီးပေးပြီး အပီအပြင် မြန်မာ့ ရိုးရာသင်္ကြန်ကို ကြိုဆိုခံစားနေကြသော မိကောင်းဖသား လူဂျီးများ အီလက်ထရိုက် ကြောင့် စိတ်အနှောင့် အယှက်မဖြစ်စေရန်အလို့ ငှာ မမ တို့ မဏ္ဍပ်ကို နီးစပ်ရာ U.K ဆိပ်ကမ်းတွင် ဆောက်လုပ်ရန် စီစဉ်ထားပါကြောင်း၊ နို.ဆီခွက် ပလပ်စတစ်ရောင်စုံပုံးများနှင့် သရက်ရွက်၊ ပိန္နဲရွက်များကိုလည်း အကုန်အကျများစွာ စီစဉ်ထားကြောင်း

လိုအပ်သည်များကို ထပ်ဆင့် မှာစားနိုင်ရန်အတွက် ဂေဟာမှ သက်ဆိုင်ရာဝံကြီးများအား
ပါမစ်ချပေးပါရန် တင်ပြလိုက်ရပါသည်။
ကေလာမမ

Monday, March 16, 2009

ဂေဟာလူကြီးမြင်းများ မေတ္တာဝေ အမှုရှောင် ကျန်းမာပါစေ

ငပေါဂေဟာရဲ့ လူကြီးမြင်းများအားလုံး ဂေဟာကိုစတင်တည်ထောင်သူ ဖောင်ဒါတဦးဖြစ်သူ အမှုရှောင်ရဲ့ မွေးနေ့ပွဲကို အကြီးအကျယ် ကျင်းပပေးဖို့ အတော်ကို မအားမလပ်ဖြစ်နေကြပါတယ်။ ဒီနေ့ မတ်လ ၁၆ ရက်နေ့ဟာ အမှုရှောင်ကြီးရဲ့ မွေးနေ့ဖြစ်တယ်ဆိုတာကို လွန်ခဲ့တဲ့ တလကျော်ကတည်းက အားလုံး ကြိုသိကြပါတယ်။

ကြိုသိတဲ့အတိုင်းပဲ ကြိုပြီး အလုပ်ရှုပ်ကုန်ကြပါတယ်။ အဲလိုအလုပ်ရှုပ်ကုန်ကြတဲ့အတွက် ပို့စ်တောင် အသစ် မတင်နိုင်လောက်အောင်ပါပဲ။

ဘယ်လိုရှုပ်သလဲ ဆိုတာကို နာယကဂျီး ကြားသိတော်မူတဲ့အတိုင်း (ခွင့်လွှတ်ပါ ဇာတ်သံ .. အဲလေ ယောင်လို့ ထီးသံနန်းသံ နည်းနည်းပါကောင်း ပါပါလိမ့်မယ်။ ဘာလို့ဆိုတော့ နာယကဂျီးက ခုတလော ဘုရင်ရူးရူးနေလို့ပါ)
ဖောက်သည်ချပါမယ်။

နာယကဂျီးက ခုတလော ဘာလို့ ပို့စ်တွေ မရေးကြသလဲဆိုတာကို စုံစမ်းလိုက်တဲ့အချိန်မှာ .. ပထမဆုံး တွေ့တဲ့ သူကတော့ ဗီပုန်း .. အဲ ဂျီပုန်းလုပ်နေတဲ့ တွင်း ၂ ဖြစ်ပါတယ်။ သူ့ရဲ့ မပြီးဆုံးနိုင်တဲ့ (ဘယ်တော့မှလဲ ပြီးမှာမဟုတ်တဲ့ ဝတ္ထုရှည်ကြီးကို အမှုရှောင်ရဲ့ မွေးနေ့အမီ (ဒါက နာယကဂျီးကိုယ့်ဘာသာ ဖြည့်စွက်တွေးတာ) ရေးနေရလို့ ပုန်းနေရတဲ့အကြောင်း၊ နောက်တော့ သူ့ရဲ့ နာမည်ကျော် ကြက်ဥ တဝက်ပြုတ်၊ တဝက်ကျော်ကို လည်း ပေါညီမ ရဲ့မွေးနေ့မှာ လုပ်ကျွေးဖို့ သေသေချာချာလေ့ကျင့်နေကြောင်း၊ ဒါကြောင့် သူ့မှာ မပုန်းချင်ဘဲ ပုန်းနေရပြီး ..ခုလိုပုန်းတာတောင် ငတိက လာလာ နှောင့်ယှက်လို့ တခါတခါ ပွင့်ရကြောင်း (အပြင်ထွက် လာတာကို တင်စားတာပါ) ပြောပါတယ်။

နောက်တယောက်ကတော့ ပြန်ဝင် .. အဲယောင်ပြန်ပြီ ပြန်ဝန်ဖြစ်ပါတယ်။ ဒင်းကတော့ တော်တော့ကို အားကိုး လောက်ပါတယ်။ သူ့အစ်မတော် အမှုရှောင်ရဲ့ မွေးနေ့ပွဲမှာ အများနဲ့မတူ တမူထူးခြားစွာ ဂုဏ်ပြုချင်တာကြောင့် တပြိုင်ထဲ ရည်းစား ၂ ယောက်ထားနည်း လေ့ကျင့်နေပါသတဲ့ (နာယကဂျီးကို တိုးတိုးတိတ်တိတ် အော်ဟစ် အသိပေးလို့ သိရတာပါ) အဲဒီကိစ္စ အောင်မြင်ရင် သူက အမှုရှောင်မွေးနေ့ပွဲကို ၂ ယောက်တွဲနဲ့ တက်ပြီး ဂုဏ် ပြုမယ်လို့ ဆိုပါတယ်။ သို့သော် ကြည့်ရတာ ဒီနေ့ထိပျောက်နေပုံထောက်တော့ အဲဒီ ၂ ယောက်ပေါင်းပြီး ပြန်ဝန် ကြီးကို လုပ်ကြံလိုက်ပြီလား မသိပါဘူး။ ရှာကြပါဦး … ဤကားစကားချပ်။

နောက်တယောက်ကတော့ ငတိပါ။ သူကတော့ အားတက်သရောအရှိဆုံးလို့ ဆိုရပါလိမ့်မယ်။ ငတိနဲ့ ယဉ်ကျေးမှု ဝန်ဂျီးတို့ ၂ ယောက်ပေါင်းပြီး အမှုရှောင်အတွက် မွေးနေ့ကျင်းပဖို့ ဘယ်နေရာ အကောင်းဆုံးဖြစ်မလဲ ဆိုတာ လွန်ခဲ့တဲ့ တလကျော်ကတည်းက လိုက်စုံစမ်းကြပါတယ်။ ဘယ်ဘီယာကောင်းမလဲလို့ လိုက်မြည်း ကြည့်ရ တာလည်း အတော် မူးနေပြီလို့ ဆိုပါတယ်။ အဲဒီလောက်ထိ ချာလပတ်ယမ်းနေတာတောင် လုံးဝ စိတ်တိုင်းမကျ တဲ့အတွက် အတော် ဦးနှောက်စားနေကြပါတယ်။ တကယ်လို့ စိတ်တိုင်းကျနေရာ မတွေ့ခဲ့ရင် ဆက်လက် ရှာဖွေ စုံစမ်း မြည်းကြည့်ဦး မှာ ဖြစ်ပြီး .. မွေးနေ့ပွဲကိုတော့ နောက်နှစ်မှာ ကျင်းပဖြစ်အောင် ကျင်းပပေးမယ်လို့ စီစဉ်နေကြောင်း အတွင်းသတင်း ရရှိပါတယ်။

ငှက်ကထကတော့ တမျိုးပါ။ ဒီနေ့မှာ အမှုရှောင်ရဲ့မွေးနေ့ဖြစ်တာကို လွန်ခဲ့တဲ့ တလကျော်ကတည်းက ကြိုသိပြီး အမှုရှောင်အတွက် မွေးနေ့ကျင်းပပေးဖို့ အလုပ်ရှုပ်သလိုလို ဘာလိုလိုနဲ့ ပို့စ်မရေးတော့ဘဲ နှပ်နေပါတယ်။ တချက်ခုတ် ၂ ချက်ပြတ်ဆိုသလို သူ့ကောင်မလေးနဲ့ သူနဲ့ ရီးဇားဖြစ်တာ နှစ်ပတ်လည်နေ့ဖြစ်တဲ့အတွက် အမှုရှောင်ကို မုန့်ဝယ်ကျွေးခိုင်းပြီး လက်ဆောင်တခု မရမကတောင်းမယ် ဆိုတာလည်း အတွင်းသတင်း ရထားပါတယ်။ အမှုရှောင်ဆီက ဓားပြတိုက်လို့ရတဲ့လက်ဆောင်ကို သူ့ကောင်မလေးကို မျက်နှာလုပ်မှာ ဖြစ်တဲ့အကြောင်း သတင်းကောင်း ပါးတော်မူလိုက်ပါတယ်။ အမှုရှောင်အနေနဲ့ ရှောင်စရာရှိ စောစော စီးစီး ရှောင်နိုင်အောင် ငှက်က ဘယ်သူ့မှမပြောပါနဲ့ဆိုတဲ့အတိုင်း လိုက်နာ ဖောက်သည်ချလိုက်တာ ဖြစ်ပါတယ်။

အသင်းသားချုပ်ကြီးကတော့ အလုပ်ပြုတ်လိုက် ပြန်ရလိုက်၊ တခါ ပြုတ်လိုက် ပြန်ရလိုက်၊ ပြန်ပြုတ်လိုက် ပြန်ရလိုက် ပြန်ပြုတ် ပြန်ရနဲ့ နောက်ဆုံးမှာ ပြန်ရလားမရလားမသေချာဘဲ ပြန်တော့မယ် (ပြည်တော်ကို) လို့ သိရပါတယ်။ ဘာမှန်းကို မသိဘဲ အလုပ်ရှုပ်နေတဲ့ ချုပ်ကြီး ပို့စ်မတင်နိုင်ဖြစ်နေသလို အမှုရှောင်ရဲ့ မွေးနေ့ပွဲမှာ မနွှဲနိုင်သော်လည်း ပြည်တော်ပြန်တဲ့အခါ အမှုရှောင်ဆီက စာအုပ်တွေကိုတော့ သွားငှားဖတ်မယ်လို့ ပြောနေပါတယ် (မှတ်ချက် - ပြန်ပေးမပေး မသေချာတဲ့အတွက် ဆင်ချင်နိုင်ဖို့ အမှုရှောင်အတွက် စကား လက်ဆောင်ပါ)

ဆည်ဝန်တယောက် ရန်ကုန်ရောက်နေပါတယ်။ အမှုရှောင်မွေးနေ့အထိမ်းအမှတ် ရန်ကုန်က ရှိသမျှ မြောင်း အားလုံး ဆည်နေကြောင်း သတင်းရရှိပါတယ်။ ရန်ကုန်ကလူတွေ မြောင်းပုတ်နံ့တထောင်းထောင်း ရနေတယ် ဆိုတဲ့အကြောင်း ဝမ်းမြောက်ဖွယ်သတင်း ကြားသိရပါတယ်။

မွေးရေဝန်ကတော့ အမှုရှောင်ရဲ့မွေးနေ့မှာကျွေးဖို့ ပုစွန်ဆိတ် ၂ ကောင်တိတိ ပို့ပေးဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီပုစွန်ဆိတ် ၂ ကောင်ဟာ ဒီသတင်းကြားကြားခြင်းပဲ ကိုယ့်ကိုယ်ကိုယ့် ရေနှစ်သတ်သေသွားလို့ မွေးဝန် အတော်လေး စိတ်ထိခိုက်နေပါတယ်။

အသင်းသားကေလာကတော့ အမှုရှောင်ရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ တလလုံးလုံး ဂေဟာသန့်ရှင်းရေး လုပ်လိုက်တာမှာ တံမျက်စည်း ၃၅၈၂ ချောင်း ကျိုးသွားပါတယ်။ ကေလာမမကတော့ ပုဂံတွေ ဆေးတာ ပုဂံ အရေအတွက် ၂ သောင်းကျော်ကွဲသွားကြောင်း သတင်းရရှိပါတယ်။ အဲဒီ အကျိုးအကွဲတွေအတွက် ငတိနဲ့ ငှက်ကထတို့က အလုအယက် အကုန်ခံမယ်ဆိုပြီး ငြင်းရင်းရန်ဖြစ်ကြတာ (ဂျီတော့ကဖြစ်တာဆိုတော့) ငတိရဲ့ ကီးဘုတ်ကြီိး ပျက်စီးသွားတယ် လို့ သိရပါတယ်။

စာမျက်နှာ အခက်အခဲကြောင့် အားလုံးအကြောင်းမရေးနိုင်တာ (တကယ်တော့ လက်ညောင်းလို့ပါ) ခွင့်လွှတ်ပါ။

ဝန်ဂျီးဂျုပ်နဲ့ နာယကဂျီးတို့လည်း အမှုရှောင်ရဲ့ မွေးနေ့အထိန်းအမှတ်အနေနဲ့ လိုအပ်သည်များကို မှာစားရာမှာ ၆၅၃ ဘတ် တိတိ ကုန်ကျသွားပြီး ဝန်ဂျီးဂျုပ်ဆီက ဥပဒေမူကြမ်း တစောင်ထွက်လာတာ မြင်တဲ့အတိုင်းပါပဲ။

ကိုင်း အားလုံးကိုယ်စား နာယကဂျီးက ဆုတောင်းပေးလိုက်မယ် လောင်းလဗ်စ် သည်ပေါစ်၊ လောင်းလဗ်စ် အမှုရှောင်။ ဘဲချောချောလေးရပါစေသားစ်။

မှတ်ချက် - မှတ်ချက်ရေးတာ အကျင့်ပါနေလို့ပါ။ :) နာယကဂျီးကတော့ ရေးလိုက်တာ စုံသွားတာပဲ ငတိတကောင်လဲ ဘာတွေ ရှုပ်မှန်းကို မသိလို့ နှစ်ရက်လောက် အသည်းအသန် မွေးနေ့ပွဲကို လုပ်ဖို့ကြိုးစားနေတာနဲ့ ငပေါမှာတောင် ဘာမှ မလုပ်နိုင် မွေးနေ့ လုပ်ပေးတဲ့ နာယကဂျီးကို ကျေးဇူး ကမ္ဘာလုံးပါ။ အခုလို အဖွဲ့သားတွေ ရင်းရင်းနှီးနှီး ရှိစေချင်တာ အားလုံးရဲ့ ဆန္ဒပါ။ ကျန် အဖွဲ့ဝင်များလဲ မွေးနေ့ရောက်ရင် အကြောင်းကြားပါဦးခင်ဗျာ လာရောက် မှာစားစရာလေး ရှိတာ မှာစားရအောင်လို့။ မွေးနေ့ပွဲ အတွက် ဒေါ်လာ သန်းပေါင်းများစွာ ကုန်ကျလဲ ငတိတို့က မမှုပါဘူး။ အဖွဲ့သားတွေ အတွက်ပဲ လုပ်ပေးရမှာပေါ့။ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ ပေါတောတော နေနိုင်ပါစေ ညီရေ။ ဂေဟာမှာလဲ ပိုစ့်ပေါင်းများစွာ ရေးသားနိုင်ပါစေဗျာ။

သဘာပတိ ဖိုးဂျယ်

Sunday, March 15, 2009

ဝန်ကြီးချုပ်ထံမှ ဥပဒေ မူကြမ်း

ပုံတွင် တွေ့ရသည်မှာ နာယကကြီး ပါဝင်သော ညစာစားပွဲ အခင်းအကျင်းဖြစ်သည်။ တမတ်စေ့ ပုံစံ ပန်းကန်ပြားထဲမှ ဟင်းလျာမှာ ကြက်ရိုးများကို ကြော်ထားခြင်းဖြစ်သည်။ ဆယ်ပြားစေ့ပုံစံ ပန်းကန်မှာ ဟင်းရည်ပန်းကန် ဖြစ်ပေတော့သည်။ သို့သော် ဤဘလော့ဂ်သည် လုလု၏ မီးဖိုဆောင်ရပ်ဝန်း မဟုတ်သေးသေးတင် မဟုတ် သဖြင့် အစားအသောက်အကြောင်းကို ဇာမချဲ့လိုပြီ။ ဇာချဲ့လိုသော အကြောင်းအရာမှာ တမတ်စေ့ပန်းကန်ဘေးမှ စက္ကူဖြတ်ပိုင်း ဖြစ်တော့သည်။

တညတ၌ ဆိုင်တဆိုင်တွင် နာယကကြီး နှင့် ကျွန်ုပ် ၀န်ကြီးချုပ်တို့ အပါအ၀င် လေးဦးသား ယင်းသို့ စားသောက် သုံးဆောင်ပြီးကြသောအခါ ဘောက်ချာ ရောက်လာသည်။ ဘောက်ချာ ဟူသည်မှာ ချက် Check သို့မဟုတ် Bill ဟု ခေါ်သော စာရွက်ဖြစ်သည်။ ယိုးဒယားတို့က Check Bill ဟု ခေါ်သည်။

အဆိုပါ Check Bill ဘောက်ချာတွင် ကျသင့်ငွေကို ထင်ထင်ရှားရှား ရေးထားသည်ကို ကျွန်ုပ်တို့ တ၀ိုင်းလုံး တွေ့လိုက်ရသည်။ တခြားသူများက ထူးထွေတည့်အံ့ရာသော် ဖြစ်ဟန်မတူ။ ကျွန်ုပ်ကမူ ၀န်ကြီးချုပ်တို့၏ ရာဇအိနြေ္ဒ ဟူသည်ကိုပင် ထိန်းသိမ်းခြင်းငှာ မစွမ်းသာဘဲ အံ့သြဘနန်းဖြစ်ကာ ကင်မရာကိုပင် ထုတ်ပြီး အထက်ပါအတိုင်း မှတ်တမ်း တင်လိုက်မိခဲ့သည်။

Check Bill ဘောက်ချာပေါ်တွင် အနှီသို့ ခပ်ကြီးကြီး ရေးရခြင်းမှာ ဤဆိုင်က စားသုံးသူတို့၏ သဘောသဘာဝ ၂ မျိုး ကို သဘောပေါက် နားလည်သောကြောင့် ဖြစ်လိမ့်မည်။ စိတ်ထဲမှ ကြိတ်ပြီး အဆိုပါဆိုင်ကို Restaurant of the Month ဆု ပေးလိုက်မိသည်။ သူတို့ သဘောပေါက်သည့် အချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

သဘာဝ ၁။ စားသောက်ပြီးချိန်တွင် တချို့က ယမကာ တန်ခိုးကြောင့် အမြင် မှုန်ဝါးမှု

သဘာဝ ၂။ စုပေါင်းစား စုပေါင်းရှင်းသည့် အနောက်တိုင်းမှ အကျင့်များ ကူးစက်မှု

ဟုတ်သည်။ စားသောက်ဆိုင်များတွင် အထက်ပါအတိုင်း သဘာဝ ၂ ခုရှိသည်။ ထို့ကြောင့် ကျသင့်ငွေကို ဘောက်ချာဖြတ်ပိုင်းပေါ်တွင် ခပ်ကြီးကြီး ဖော်ပြ ရေးသားလိုက်ခြင်းဖြစ်နိုင်သည်။ ရလဒ်အားဖြင့် ယမကာ လုလင်များလည်း မျက်လုံးတွင် အတွင်းအားထည့်ပြီး ကြည့်ရန် မလိုတော့ပေ။ စုပေါင်းရှင်းမည့်သူများလည်း ဘောက်ချာစာရွက်ကို ယူကြည့်ရန် မလိုအပ် (မလိုအပ်) တော့ပေ။ ထိုင်ရာမထဘဲ ကျသင့်ငွေကို အရပ်လေးမျက်နှာမှ မြင်နိုင် သိနိုင်သည်။ ကောင်းလေစွ။

နိဂုံးချုပ်ပါမည်။ ဥပဒေ ဟူသည်များကို ၀န်ကြီးချုပ်ကဲ့သို့သော တာဝန်ရှိသူများက ထုတ်ပြန်တတ်သည်။
ကျွန်ုပ် ၀န်ကြီးချုပ်ကလည်း ဥပဒေ တခု ထုတ်ရမည် ဆိုလျှင် “အဟမ်း - အဟမ်း - - - ယနေ့မှစ၍ စားသောက်ဆိုင်များတွင် စားသုံးသူများအတွက် ကျသင့်ငွေကို ရေးသားဖော်ပြသည့်အခါ စာလုံးအရွယ်အစား ၁၅၀ (font size 150) ရှိစေရမည်။ ဤဥပဒေသည် စားသောက်ဆိုင်များအားလုံးတွင် အာဏာတည်စေရမည်” ဟု ထုတ်ပြန်လျှင် ကောင်းပေမည်ဟု ယူဆသည်။ ဂေဟာမှ ၀န်ကြီးများနှင့် အုပ်ချုပ်ရေးအဖွဲ့သားများ ဤဥပဒေ မူကြမ်းကို မည်သို့ သဘောရပါသနည်း။ အသေးစိတ် ဆွေးနွေးလိုပါက ပိုက်ဆံ ပိုပိုမိုမို ယူဆောင်ပြီး အနှီဆိုင်သို့ ကြွခဲ့ပါရန်။ ဒန် တန့် တန်။

( မှတ်ချက် - ဆိုင်သို့ သွားရောက်ပြီး ညစာ သုံးဆောင်သော နေ့မှာ သမ္မတဟောင်းဘုရှ်ကို ဖိနပ်စာကျွေးသူ သတင်းစာဆရာ ထောင် ၃ နှစ်ချခံရပြီး နောက်တနေ့ဖြစ်သည်။ အချိန်မှာ ညီအစ်ကို မသိတော့သည့်အချိန် ဖြစ်သည်။)

Monday, March 9, 2009

တောင်းဆိုလိုက်သည်

ငှက်ကဥ အဲလေ ငှက်ကထ ကြီးနှင့်တကွ သဘာငတိ
ပေါဝံဂျီးများအားလုံးကို မင်းကလားပါလို့ ပေါညီမှ နှုတ်ခန်းဆက်သလိုက်ပါတယ် ..(အဟမ်း <ဘာမှမဟုတ်ဘူး ငှက်ကထ စတိုင်ခိုးကြည့်တာ>)

ပေါပိုစ့်များကို တစ်လတစ်ခါရေးပါဆိုတော့ ပေါညီ တော်တော်စားသွားတယ်(ချီးအဲဟုတ်ပါဘူး ခေါင်း) .. .. ..
ပေါညီကိုတော့ ပေါတယ်ဆိုပြီး အထင်မသေးနဲ့ (သေးရဲပါဘူး ငပေါဂေဟာက လူတွေက ဆရာကြီးတွေ ဘာတွေမှာ ကြီးနေတာလဲတော့ မသိ)
တရုပ်ရှောင်လင်ဘုန်းကြီးထက် ဆံပင်ပိုရှည်တယ်ဗျ .. (ဟုတ်လား <အရမ်း အံ့ဩသွားတယ်>)

အခုမှစတာ ..
သဘာပတိထံသို့ လိုအပ်သည်များတောင်းဆိုလိုက်သည် ... (တောင်းဆိုတယ် ဆိုတာ တောင်းကို ခေါင်းပေါ်ရွက်ပြီး သီချင်း ဆိုတာလား ဒါဆိုဆက်လုပ်)

၁) ပေါဂေဟာကို TAXI ငှားပြီး လာဖို့ ပိုက်ဆံမရှိလို့ ဘစ်ကားပဲ စီးလာရတယ်..ထို့အတွက်ကြောင့် ပေါဂေဟာမှ လူများစီးရန် ဖယ်ရီများ လွှတ်ပေးပါရန်(ဖမ်းမထားနဲ့ လေ) .. (ဖယ်ရီ ၀ယ်ပေးဖို့မပြောနဲ့ ဘစ်ကားခတောင် မရှိလို့ ရုံးမှာ လာအိပ်နေတာပဲကြည့်)

၂) ဓါတ်ဆီဈေးများ တက်နေပါသောကြောင့် ရွှက်လွှင့်ကားများကို တီထွင်ပေးပါရန် နှင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးရန် (ငါတို့ ဂေဟာက အဲ့လို ကိစ္စသေးသေးလေးတွေ စိတ် မ၀င်စားဘူး ကမ္ဘာနဲ့ ချီပြီပြော)

၃) အိုဇုန်းလွှာပေါက်သည်ကို ပြန်ဖာပေးရန် အ၀ီစိတွင်း အင်ဂျင်နီယာများကိုလွှတ်ပေးပါရန် .(လိုအပ်သော သံမဏိများကို ထောက်ပံပေးမည်) (ဒီကိစ္စကတော့ လျှောက်လုပ်ရေး ၀န်ကြီး လျှောက်လုပ်လိမ့်မယ်)

၎) မြန့်မာယဉ်ကျေးမှုနှင့်ညီသော ဆိုက်ကားပြိုင်ပွဲများ ကျင်းပပေးရန် (ဒါကတော့ ပို့ဆောင်ရေး ၀န်ကြီး ဦးဆောင်၍ ဆိုက်ကား အရမ်းနင်းချင်နေတဲ့ ကြမ်းမာရေး ၀န်ကြီး ကိုယ်တိုင် ၀င်ရောက် ယှဉ်ပြိုင်စေ)


ပုံ / ပေါညီညီ
(ကိုယ်တိုင်လက်မှတ်ရေးထိုး (တောင်းစို) နေလှန်း လိုက်သည်) (သဘာပတိ ကိုယ်တိုင်မှာစားသွားသည်)


လက်မှတ်

Friday, March 6, 2009

လျှောက်လွှာလက်ခံခြင်း (23)

အမည် .. .. .. မှတ်ပုံတင်ထဲမှာတော့ ပေါညီညီလို့ရေးထားတာပဲ

အသက် .. .. .. သီပေါမင်းထက်ငယ်ပါတယ်

အိမ်ထောင် .. .. .. အိမ်က မိန်းမပြန် မေးကြည့်လိုက်ဦးမယ်

ပညာအရည်အချင်း .. .. .. good ,, gooder ,, goodest

လက်ရှိအလုပ်အကိုင် .. .. .. လေရှုလမ်းလျှောက်

လိပ်စာ .. .. .. ရေစိုလို့ပျက်သွားပြီ

ထင်ရှားသည့်အမှတ်အသား .. .. .. နှဖူးတည့်တည့်တွင် ဘောပန်နှင့်အစက်ချထား

ဝါတနှာ .. .. .. မေးခွန်းထဲမှာတင်အဖြေပါသွားပြီ

လိုချင်သည့်ရာထူး .. .. .. အာကာသဆိုင်ရာ ၀န်ကြီးဌာန (ရှိခဲ့လျှင်)

လစာ .. .. .. ဘီဂိတ် ထက်များရင် ကျေနပ်သည် (ဒါတောင်မှတော်တော်လျှော့ပြောထားတာ)

ကျွှမ်းကျင်သည့်ပညာ .. .. .. အာကာသယဉ်မောင်းနှင်ခြင်း (ဂိမ်းထဲမှာ)
အလုပ်ခန့်လျှင် ဂြိုလ်များသို့လိုက်ပို့မည်။ ( ယဉ်မတော်တဆဖြစ်ပါက အရေးပေါ်လေထီးဆောင်ထားရန် ..)

အားနည်းချက် .. .. .. လမ်းလျှောက်ရင် ဘယ်တစ်လှမ်း ညာတစ်လှမ်းဖြစ်နေခြင်း

ကိုယ်ရေးရာဇ၀င် .. .. .. မရေးရသေးဘူး

မှတ်ချက် - တကယ့် ဆရာ့ ဆရာကြီးတွေသာ ရှိသော ငပေါဂေဟာမှ ကြိုဆိုပါတယ်။
ငပေါဂေဟာသို့ ၀င်ချင်ရတဲ့ ရည်ရွယ်ချက်လေးကို ကော့မန့်တွင် ၀င်ရောက်ရေးသားပေးပါရန် ပေါညီညီ ခင်ဗျာ ရေးသားသော ရည်ရွယ်ကိုကြည့်၍ ဆုံးဖြတ်မှာ ဖြစ်လို့ပါ။ တစ်လကို အနည်းဆုံး ပေါပိုစ့် တစ်ပုဒ် ရေးသားရန် သဘောတူညီရပါမည်။


ပုံ/ သဘာပတိ၏ ပြောရေးဆိုခွင့်ရှိသူ
တကယ့် ငပေါထိပ်ခေါင်
ဆြာဂျယ်ဂေါင် (ကျယ်ခေါင် မဟုတ်ပါ) 

Sunday, March 1, 2009

မိုးလေဝသကျောက်တုံး

ငပေါများဂေဟာ စည်းရုံးရေးအမှုရှောင်တီထွင်ထားသော Weather Forecasting Stone ..
အခြေအမြစ်ခိုင်မာတိကျသော နေရာမှ အခြေခံတီထွင်ထားခြင်းဖြစ်သဖြင့် မိုးလေ၀သခန့်မှန်းရာတွင် အင်မတန်မှန်ကန်တိကျကြောင်း အာမခံပါသည်။ ဤကျောက်တုံးကို တီထွင်ရန် ၇နှစ်နီးပါး ရှာဖွေတီထွင်ခဲ့ပါသည်......... ငှဲငှဲငှဲ