ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Tuesday, April 28, 2009

မင်္ဂလာဆောင်မယ်

ဒီနေ့ ၂၈.၀၄.၂၀၀၉ မှာ မင်္ဂလာဆောင်ပါမယ်။ မင်္ဂလာဆောင်မယ်ဆိုလို့ ငတိများ ဆောင်မှာလားပေါ့ မဟုတ်ပါဘူး။ ငတိက အိမ်ထောင်မှု ကိစ္စတွေကို စိတ်မ၀င်စားသေးပါဘူး။ (ရည်းစားမရှိသေးကြောင်း ကြော်ငြာဝင်တာ) မိဘကို လုပ်ကျွေးဖို့ ရှိသေးတယ်လေ။ ဒီကြားထဲ Company ကိစ္စတွေကလဲ ရှုပ်နေတာပဲ။ မအားဘူးဆိုတာလဲ ပြောမရ ငတိ လက်မှတ်ထိုးမှ ပြီးမဲ့ ကိစ္စတွေဖြစ်နေလို့ပါတဲ့ တွင်း ၂ လေ ဒီလောက် လုပ်ပိုင်ခွင့်တွေ ပေးထားတာတောင် မရဘူး။ ကိုယ်ကိုတိုင် လက်မှတ်ထိုးမှ ပြီးမဲ့ ကိစ္စဆိုတော့လဲ မအားလဲ အားအောင် လုပ်ပေးရတာပေါ့။ ဒီနေ့တောင် ရွှေမြန်မာပြည်ကြီးရဲ့ မြို့တော်ဖြစ်သော နေပြည်တော်မှာ မင်္ဂလာ အခန်းအနား တက်ဖို့ တကူးတက ဖိတ်ကြားတာတောင် မအားလို့ ကိုယ့် ညီအကို အရင်းလဲ ဖြစ် ငပေါ ဂေဟာရဲ့ နိုင်ငံခြားရေး ၀န်ကြီးလဲဖြစ် (အကို ၀မ်းကွဲဆိုတော့ နေရာရတဲ့ သဘော) နေတာတောင် တောင်းပန်ရတယ်။ လက်ဖွဲ့ကိုလဲ နေပြည်တော်မှာ တိုက် အလုံး ၁၀၀ ကား အစီး ၁၀၀၀ လောက် ပေးလိုက်တယ်။ (ဒီတော့မှ ဒင်း သဘောကျသွားတယ်) ငတိအနေနဲ့ ဒီပွဲကို တက်ရောက် ချီးမြှင့်ချင်ပေမဲ့ ကိစ္စတွေကများနေတော့ မသွားနိုင်ဘူး။ ဘယ်လောက်များလဲဆို သတို့သမီး နာမည်လဲ မသိဘူး။ ဓာတ်ပုံတောင် ဒီဌာနမှာ အလုပ် လုပ်တုန်းက ဖုန်းထဲမှာပဲ မြင်ဖူးလိုက်တယ်။ အဲ့လောက်ချစ်တာ နေပြည်တော် ပြန်ရောက်မှ သွား နှုတ်ဆက်လိုက်မယ်။ (သူတို့ ဇနီးမောင်နှံလာတွေ့ရင်တော့ ဂါရ၀ါပြုလာတာပေါ့။ ငတိသွားတော့ တွေ့ဆုံ နှုတ်ဆက်ပေါ့ အဲ့လို မြန်မာစကားက ကွာတာ ပညာရေးဝန်ကြီး မှတ်သားသင့်တာတွေ ထောက်ပြနေတာ) ကဲကဲ မင်္ဂလာ ဆုတောင်းလေး ပေးလိုက်မယ်။

အကျွေးအမွေး အစီအစဉ်ကတော့ ကိုယ့်ဖာသာ ကိုယ် ၀ယ်စားကြပေတော့။

သူငယ်ချင်းလို အကိုလို ခင်ရ ချစ်ရတဲ့ ကဗျာမွှေ (ခ) နိုင်ငံခြားရေး ၀န်ကြီး
မင်္ဂလာနေ့ရက်မှသည် နောင်နှစ်ပေါင်းများစွာ ငွေရတု ရွှေရတု စိန်ရတု ဒေါ်လာရတု ပါမစ်ရတု ထိ ပျော်ရွှင်စွာ လက်တွဲနိုင်ပါစေဗျာ။
သားသား မီးမီးလေးတွေလဲ တဒါဇင်လောက် နီးနီး မွေးဖွား သန့်စင့်နိုင်ပါစေ။
ကွန်နက်ရှင်ကောင်းခဲ့သော် ပေါတောတော စာတွေ ဆက်လက် ရေးသားနိုင်ပါစေ။
ညီလေး ငတိမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

ကဗျာမွှေ
နိုင်ငံခြားရေး ၀န်ကြီး (ခ) ကဗျာမွှေ

ဆက်သွယ်ရေးတွေက အရမ်းကောင်းနေတော့ နိုင်ငံခြားဝန်ကြီးရဲ့ မင်္ဂလာ အခန်းအနား ပုံတွေ ကြည့်ရမယ် မထင်ပါဘူး။ ဒီပုံက စင်ကာပူ ဌာနချုပ်မှာ အလုပ်လုပ်နေတုန်း လေ့လာရေး ခရီးထွက်တုန်းက ပုံပါ။

သဘာပတိ ဖိုးဂျယ်

Tuesday, April 21, 2009

ကြော်ငြာစာတမ်း

ပေါဂေဟာက လူစုံရုံးမတတ်ကြသေးဘူး . . သင်္ကြန်မှာ ကဲမိလို့ အသားမဲသွားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အိမ်မှာ နှပ်နေကြတာလေ
ပေါညီကတော့ သင်္ကြန်အတွင်း မကဲထားတော့ (လူလိမ်မာ လေးလေ) ရုံးလဲ ပြန်ဖွင့်ရော အလုပ်ထဲမှာ လာအိပ်ပါရော ( အိမ်မှာ အိပ်တာ အားမရလို့ )
ကူးသန်းရောင်းဝယ်ရေးတွေလဲ ပုံမှန်ပြန်ဖြစ်ဖို့ ကျိုးစားရဦးမယ်လေ (ကြက်ပေါင်ကျိုး) .. အိုဘားမားနဲ့ လဲသွားတွေ့ ရသေးတယ်။
ဆီကိစ္စတွေ ဆွေးနွေးစရာရှိလို့တဲ့ .. အစကတော့ မူနေသေးတာ နောက်တော့ တစ်ပိုင်း တိုက်မယ်ဆိုတာနဲ့ အားနာနာနဲ့ လိုက်သောက်ရင်း သွားဆွေးနွေးတာလေ ..
အဲဒါကို သဘာငတိ သိသွားတော့ သူ့ကိုမခေါ်လို့ ဖုန်းဆက်ပြီး ရန်ရှာသေးတာ နောက်တော့မှ ဆိုက်ကျဲရိုးးလက်မှတ်ပို့လိုက်မှ ရောက်တဲ့နေရာက ဆိုက်ကျဲရိုးနဲ့ အမြန်မီအောင်လာတာ
အဲဒါတောင် ကေလာမမက လမ်းကြုံခိုးစီးလာသေးတယ် .. ဟိုရောက်တော့ အိုဘားမားနဲ့ စည်းအဝေးလုပ်ပြီး ပေါဂေဟာ တိုးတက်ရေးအတွက်
အောက်ပါ ကြေငြာချက်များပေါညီမှ ကြေငြာလိုက်သည် . . . .

၁) ဂေဟာတွင် အလုပ်လုပ်ရင်း နေထိုင်နိုင်ရန် ဂေဟာအဆောက်အဦး ချဲ့ထွင်ရန် လိုအပ်သည် ။ ထို့အတွက် ဆောက်လုပ်ရေးဝန်ကြီးကို အုပ်တစ်ချပ် သဲတပွင့် ထောက်ပံ့လိုက်သည် ။

၂) သင်္ကြန်တွင်းကဲထားကြပြီး နေမကောင်းသေး သူများအတွက် ဆေးခန်းတစ်ခန်း လိုအပ်သည် ။ ငှက်ကထကြီး ကိုယ်တိုင်လာ တက်မည်ဖြစ်ပါသဖြင့် အဆင့်မြင့်မြင့် ဓနိ ဖြင့်ဆောက်ရန် ။

၃) သင်္ကြန်အတွင်းအသုံးပြုထားသော ရေများ ပြန်လည်သုံးပြုနိုင်ရန် စီစဉ်ရေး ။ မဏပ်များတွင် အသုံးပြုထားသော သစ်သားများကိုလည်း သစ်တောပြုန်းတီးမှု မဖြစ်စေရန် ပြန်လည်စိုက်ပျိုးရေး ။

၎) သင်္ကြန်တွင်း ပိတ်ပင်ထားသော အ၀တ်အစားများကို ၀တ်ဆင်သူများ အားရေးယူပေးရန် ။ ဥပမာ ။ ။ တကိုယ်လုံး လုံလုံခြုံခြုံဝတ်ဆင်ထားသူများ

ပေါညီမှ အထက်ပါ တို့ကို ကိုယ်တိုင်မှာစား လက်မှတ်ရေးထိုးလိုက်သည်။

လက်မှတ်

Saturday, April 18, 2009

သင်္ကြန်ဖောင်ပိတ်သတင်း

ဘာလိုလိုနဲ့ သင်္ကြန်လည်းပြီးပြီး...cat mountain mountain ဖြစ်ပြီး။ မမ ဈေးဝယ်ထွက်တယ်။ နေရာတိုင်းမှာ ဘာမဆို buy one,free one တွေချည်းဘဲ။ အဲဒီ မ buy ဘဲနဲ့ free one ရအောင် ဘယ် ဂလိုလုပ်ရပါ့ မလည်း အ၀တ်အစားတွေ ဆိုတာ မြန်မာပြည်က ဖျာပုံထည်တွေကို သနားတယ်။ မယုံရင် ဒီမှာလာကြည့် ဈေးရင်း 59 euro ကို 7 euro လောက်နဲ့ ချထားတာ ဟိုနေရာလည်း sale ဒီနေရာလည်း sale မမ တကိုယ်လုံးမှာလည်း sale ပစ္စည်းတွေ ချည်းဘဲ။ ထူးတော့ဘူးလေ SALE စာတန်းပါတဲ့ အကျီပါ တစ်ခါတည်း ၀တ်ထားလိုက်တော့တယ်။
အယ် အနောက်မှာ ပါလိုက်သေးရဲ့ 70% OFF တဲ့ ဟီး . . . .
စိတ်ဝင်စားတယ်ဆိုရင်ပါ။ ကြော်ငြာ ၀င်ထားတာ . . . . (ဒီနေ့ နောက်ဆုံးနော်)

ကမ္ဘာ့ စီးပွားရေးကာဒ်တဲ အွန်း အဲဒီကာဒ် နဲ့ မြန်မာပြည် ဖုံးခေါ်ရင် အဆင်ပြေနိုင်တယ်နဲ့တူတယ်နော်။ သူဌေး သင်္ဘောမှောက်တာ အရေးမကြီးဘူး။ သူတောင်းစားခွက်ပျောက်တာ ပြသာနာ
မမ ခွက်ပျောက်လို့ကတော့ ဒင်းတို့တော နာပြီသာမှတ်။

သင်္ကြန်တွင်းမှာ ကဲလိုက်ကြတာ ဂေဟာမှာလည်း ဗွက်ကို ထ နေတာဘဲ။ သင်္ကြန်တွင်းကြီးလည်း ရုံးရောက် ဂတ်ရောက်နဲ့ ဖိုးဂျယ်နဲ့ ဗီလိန်းပေါ။ နန္ဒာလှိုင် မဏ္ဍပ်က ရေပိုက်တွေ သွားဗုံးတာ မိသွားလို့ မနည်းကြီး အာမခံနဲ့ ထုတ်လာရသေးတယ်။ ပြောရင် ပြောတဲ့ အတိုင်း မလုပ်တာလေ။ နောက်ဆုံး ရှေ့မျက်နှာ နောက်ထားပြီး လိုက်ရှင်းရတယ်။ တပည့် မကောင်းတော့ ဆရာ့ဂေါင်း မျက်နှာကို ပေါင်ဒါ ရိုက်တာ ပြောပါတယ်။

ထညက်ပါတဲ့ မုန့်လုံးရေပေါ်ချိုချိုလေးတွေ သာပေါင်းတွေ ထုတ်သွားကြတာ မြင်မကောင်းဘူး။ ဆန်ပြုတ်တိုက်တဲ့ နေ့ကလည်း ဂလိုဘဲ အိမ်က ရှိသမျှ ခွက်စုတ်-ပလုံးစုတ်တွေ ရေပက်ဖို့ မှတ်လို့ ဘယ်ဟုတ်မလည်း ဆန်ပြုတ် သာပေါင်း လုပ်မလို့တဲ နောက်တစ်နေ့ ရောက်တော့လည်ုးအန်းသီးခွဲပေးမယ့် လူလည်းမရှိ ခြစ်ပေးမယ့် လူမရှိ။ မထူးဘူးလေ အုန်းထမင်းဖြစ်ရင် ပြီးရော ထမင်းအိုးနဲ့ အုန်းသီးတွေ စားပွဲပေါ် တင်ထားလိုက်တယ်။ အုန်းသီးကို self service နဲ့ လိုသလို ထုတ်-ခုတ်-ဖြုတ်ပြီး ထမင်းနဲ့ မြိန်မြိန်ရှက်ရှက်ကြီး စားလို့ ရတဲ့ ဂေဟာမှ ကေလာမမအုန်းထမင်းလို လိုက်ရှာ ကြည့် မတွေ့စေရဘူး။ အဲဒါတောင် အုန်းသီးတွေ မ သွားကြသေး ပြောဘူးနော်။ ဂေဟာက လူဂျီးမြင်းများ လည်သလို လုပ်စားသွားတယ်လို့ မမ ဘယ်သူ့ကိုမှ မပြောဘူး။ တူတို့က လူဂျီးမြင်း အကောင်ကြီးကြီးတွေ ဆိုတောာ တူတို့ ဘာလုပ်လုပ် မမလို အသင်းသူလေးက ပြောရဲဘူးတော့ မမ ကတော့ အိုက်တိုးပဂေးဘဲ ဆံ နေပါတယ်။

ကဲ တဲ့ လူတွေကလည်း ကဲကြ မဲ တဲ့ သူတွေလည်း မဲကြနဲ့ ကမ်းခြေတွေ သွားပြီး စပ်စလူး ထထားကြတာလေ။
မိုးဟေကို lotion မှ မလိမ်းတာ နည်းတောင်နည်းသေး။ ညဘက်ကျမှ သနပ်ခါး ထူလဗျစ်နဲ့ အခန်းအောင်းပြီး အသားပြန်မွေးသတဲ့ အံ့ရော အံ့ရော

"ဟွန်း အိုဗားမား က U.S.A မှာမို့လို".."ငါတို့ ရပ်ကွက်ထဲမှာသာဆို -ဆွဲစိ ထားမှာ" လို့ ကြိမ်းဝါးထားတဲ့ မြန်မာလေဒီများကြောင့် သင်္ကြန်လည်တာတောင် ဂေဟာက လူဂျီးမြင်း မျက်နှာကို ခဏ ငှားတပ်ပြီး လည်ဖို့လုပ်ပေးလိုက်ရတယ်။ ဘယ်ရမလည်း ဒင်းလည်း မြန်မာကြားထဲ ရောက်လာမှ လူတန်းစား ညှိပြစ်လိုက်တာ

မြန်မာသင်္ကြန်လည်း တက်တက်စင်အောင် ပြောင်းသွားပြီမို့ sugar min လည်း ခွေးသရေ အစား
30 GB IPOH နဲ့ ဆင်းလာတယ်တဲ့ ဆိုးတဲ့ လူတွေ မကောင်းတဲ့ လူတွေ... လူတွေ.. လူတွေ.. လူတွေ ကိုမှတ်လိုက်တာ နောက်ထပ် memory stick ထပ်မှာရတယ်ဆိုဘဲ တစ်နှစ်လာလည်း ဒီလူစာရင်းတွေ့ တစ်နှစ်လာလည်း ဒီလူစာရင်းတွေနဲ့ချည်းမို့လို့ နောက်နှစ်ကျရင် လာတော့ဘူးတဲ့ အပြောင်းအလဲလေး ဖြစ်မှဘဲ လာတော့မယ်လို့ ပြောသွားတယ်။

မမ တစ်ယောက်တည်း ပျင်းပျင်းရှိတာနဲ့ သက်ြန် ဗီဒဟို ခွေလေး ဖွင့်ကြည့်လိုက်ပါတယ်။ အော် တူတို့လည်း စင်္ကာပူ တောင်ပြုန်း ရောက်သွားကြတာကိုး

ဂေဟာမှာလည်း သင်္ကြန်ပိတ်ရက်တွေ နဲ့ ရောယောင်ပြီး ဘယ်သူမှ မရှိကြဘူး။ ခွင့်တိုင်တဲ့ လူတွေကလည်း ခွင့်တိုင်တယ်ဆိုတာဘဲ။ ခွင့်မတိုင်ဘဲ ပျောက်သွားတဲ့ လူတွေကလည်း နားလည်မှုခွင့်လား။ ဘာလားလည်းသိဘူး။ သင်္ကြန်မရောက်ခင်ကလည်း သက်ြန်နီးလို့ အလုပ်တွေ များနေလို့တဲ့ သင်္ကြန်ကျတော့လည်း သင်္ကြန်မို့လို့တဲ့ အဲ သက်ြန်ပြီးတော့လည်း Handover မဖြစ်ကြသေးဘူးနဲ့ တူတယ်။
Sugar Min တောင် ဒိုးသွားလို့ မြန်မာဘီယာ နဲ့ နှပ်နေလောက်ပြီ။ သူတို့တွေက ခုထိ ရုံးရောက်ကြသေးဘူး
Sugar min နဲ့ holiday လိုက်သွားကြပြန်ပြီနဲ့ တူတယ်။

HAPPY NEW YEAR ALL OF YOU..
ပေါနိုင်-ပြောနိုင်-ဟောနိုင် ကြပါစေ..
ပေါသမျှ-ပြောသမျှ-ဟောသမျှ လည်း မှန်ကြပါစေ။

ကေလာမမ

Monday, April 13, 2009

မြန်မာနှစ်သစ်ကူးပွဲတော်

သတင်းခေါင်းစဉ်

၁၂ ရက် လေးလ ၂၀၀၉ နှစ်
စင်ကာပူ စံတော်ချိန် နေ့လည် ၁ နာရီခန့်

စင်ကာပူနိုင်ငံတွင် ပထမဆုံး ကျင်းပသော မြန်မာနှစ်သစ်ကူးပွဲတော်ကို စင်ကာပူနိုင်ငံ pennisula ဌာနချုပ်မှ သဘာပတိ၊ တွင်း ၂၊ ပြန်ကြားရေး ၀န်ကြီး၊ တရားရေးရာ ၀န်ကြီးတို့ တက်ရောက်အားပေးခဲ့ပါတယ်။ စင်ကာပူဒေါ်လာ ၁ သိန်းခွဲ အသုံးပြုထားသော နှစ်သစ်ကူးပွဲတော်ကို MAI Airline နှင့် M1 Mobile Services တို့က အဓိက တာဝန်ယူ အကုန်ကျခံ ဆောင်ရွက်ထားတယ်လို့ ကြော်ငြာထားပါတယ်။ ( ချွင်းချက်=တကယ့် အဖြစ်မှန်ကတော့ ငပေါဂေဟာက အဓိက တာဝန်ယူထားတာပါ။ နာမည် ၀င် မယူချင်လို့ အမည်မခံထားတာပါ။)

ထိုပွဲတော်တွင်
ဗွက်ထနေသော ကွင်းပြင်ထဲတွင် သဘာပတိကိုယ်တိုင် ယဉ်ကျေးလိမ်မာစွာ မြန်မာဆန်ဆန် ကွေးနေအောင် ကပြ အသုံးတော်ခံခြင်း၊
မူးယစ်စေသော အရည်များ အများသူငှါ သောက်သုံးမှုမှ ကာကွယ်ရန် သဘာပတိ၊ တွင်း ၂၊ ပြန်ကြားရေး ၀န်ကြီးတို့မှ ကူသောက်သုံးပေးခြင်း၊
တွင်း ၂ နှင့် ပြန်ကြားရေး ၀န်ကြီးတွင် မဒမ်များပါလာ၍ လိမ်မာချင်ယောင်ဆောင်ခြင်း၊ (ဒါက ဖွတာ)
ပွဲတော်အတွင်း သဘာပတိသည် တွင်း ၂ နှင့် ပြန်ကြားရေး ၀န်ကြီး ဂါဝရပြု နှုတ်ဆက်တာကိုပင် ကောင်းစွာ မခံယူနိုင်ပဲ အလုပ်ရှုပ်နေခြင်း၊ (ကဲလို့ ကောင်းနေတော့ သူတို့ကို ဂရုစိုက်မအားဘူး။)
သဘာပတိသည် အလုပ်များ ရှုပ်နေသည့် ကြားထဲမှ ပွဲပြီးသည် အထိ ကွေးနေအောင် ကပြီး ဂုဏ်ပြု နှုတ်ဆက်သွားခြင်း၊ (ပွဲပြီးပါပြီဆိုမှ နေလို့ရပါဦးမလား)
သဘာပတိ၊ တွင်း ၂ နှင့် ပြန်ကြားရေးတို့၏ ဓာတ်ပုံများကို တင်ပြချင်သော်လည်း မြန်မာပြည်ရှိ မင်းသားများ၊ ကိုရီးယား မင်းသားများအား သနားသော အားဖြင့် ဖော်ပြခြင်း မပြုတော့ပေ။


မှတ်တမ်းတင်ထားသော ဗီဒီယိုများမှာ မော်ဒန် အရမ်းဆန်နေသဖြင့် ကြည့်ရှု့သူ အပေါင်း လည်ပင်း ညောင်းခံနိုင်ပါက ကြည့်နိုင်ပါတယ်။ အညောင်း မခံနိုင်ဘူးဆိုရင်တော့ Ctrl+Alt+Left Arrow Key နှိပ်ပြီးကြည့်ကြပါ။ ပြီးသွားရင် Ctrl+Alt+Up Arrow Key နဲ့ ပြန်တည့်နိုင်ပါတယ်။ :) (ဗီဗီပြောတာပါ)

ငပေါဂေဟာ၏ မြန်မာနှစ်သစ်ကူး ပွဲတော် သတင်း အကျဉ်း ဤတွင်ပြီး၏။
ရွှင်လန်း ချမ်းမြေ့ကြပါစေလို့ ဆုတောင်းရင်း ပျော်ရွှင်စရာ မြန်မာနှစ်သစ်ကူးလေး ဖြစ်ပါစေ ခင်ဗျာ

Sunday, April 5, 2009

ခွင့်စာ (ကူးသန်းရောင်းဝယ်ရေး ဝံဂျီး)

ခွင့်စာ....

သဘာငတိကြီးခင်ဗျာ ..

အခုတလော ကူးသန်းရောင်းဝယ်ရေးဝန်ကြီး(ပေါညီ) ရုံးမလာတာကို အိမ်မှာပဲ ထိုင်နေတယ် မထင်ပါနဲ့ (အိပ်နေတာ)
ရုံးနဲ့အိမ်နဲ့ ကလဲနဲနဲ ဝေး ။ လာရတာလဲ ဆိုက်ကားတို့ လန်ချားတို့နဲ့ လာရတာ..... ဒါတောင်အိမ်က ဆိုက်ကားမောင်းတဲ့လူ က ဓါတ်ဆီ ခိုးရောင်းသေးတာ ။ လမ်းပမ်းဆက်သွယ်ရေးကလည်း ဆိုးလိုက်တာမှ လမ်းတ၀က်မပြောနဲ့ အိမ်အပြင်ကိုတောင်မနည်း ထွက်ရတယ်(connection ကိုပြောတာနော် ဟီး) ။ ဒါပေမယ့် ရုံးလာလို့ မရဘူးဆိုတဲ့ အကြောင်းပြချက်နဲ့  ပေါညီ အလကားမနေပါဘူး (အိမ်ငှားနေ နေတာလေ ပိုက်ဆံပေးနေရတာပေါ့ ) ။ ကိုယ်သွားလို့ ရတဲ့ နယ်မြေတွေမှာ ကူးသန်းနေတယ်လေ ...
ဥပမာ။ ။ သင်္ကြန် နားနီးပြီဆိုတော့ အီရတ်က ရေတွေ မှာတာမျိုး ။ အိမ်ရှေ့က အပင်တွေ အိမ်နောက်ဖေး ပြောင်းစိုက်တာမျိုး အလုပ်ဆို မခိုမကပ် တတ်တာပြောပါတယ် .. ..

ရုံးကိုလည်း စပါးတွေမပို့နိုင်လို့ ရုံးကလူတွေ ထမင်းမစားရတာ တပတ်ကျော်သွားပြီမှတ်လား (နေ့တိုင်းခေါက်ဆွဲကြော်တွေ စားနေကြပြီလေ)

ထိုသို့သောအကြောင်း ကြောင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ရုံးမလာနိုင်ပါကြောင်း ရုံးလာပြီး ခွင့်တိုင်သွားပါသည်။

( စာကြွင်း - သဘာငတိကြီးကို ဂါဂါလုပ်ပြီး တခုခုထည့်ပေးဖို့ပါပဲ......... ဒါပေမယ် စာအိတ်က ပိတ်ပြီးသွားပြီ )

Thursday, April 2, 2009

ဗျက်မှာတမူ

ပညာရေးဝန်ဂျီး ဇင်ဇင်အတွက် နှစ်သစ်ကူးလက်ဆောင်

သို့
ပညာရေးဝန်ဂျီး

နာယကဂျီးအနေနှင့် နောင်လာ နောက်ပေါများ ကောင်းစားရန်အလို့ငှာ အချိန်နှင့် အမျှ ကြိုးစားလျှက်ရှိကြောင်း ပဏာမ ပြောကြားလိုပါသည်။ ယခု ပညာရေးဝန်ဂျီး ပြည်တော်ပြန် နေစဉ် လာမည့်နှစ် ဆယ်တန်း သင်ရိုး၌ ထည့်သွင်း သင်ကြားနိုင်ရန်အတွက် ကဗျာ တပုဒ် ကို အပူတပြင်း ရှာဖွေစဉ်းစား ရေးစပ်ပေး ပို့လိုက်ပါသည်။ ထိုသို့ ပေးပို့သည် ဆိုရာဝယ် နာယကဂျီးတဦးတည်း စဉ်းစားပါက တကိုယ်ကောင်းဆန်ရာ ကျမည် ဆိုးသော ကြောင့် ငှက်ကထကြီး ကိုပါ ခေါင်းစားလိုက်ပါသည်။ ငှက်ကထကြီးကလည်း ဝင်၍ ခေါင်းစား အကြံဥာဏ်ပေး ထားပါသည်။ ဤကဗျာတော်ဂျီးကို ပညာရေး ဝန်ကြီး အတွက် နှစ်သစ်ကူး လက်ဆောင် အဖြစ် ပေးပို့အပ်ပါသည်။ ဆယ်တန်းသင်ရိုးတွင် ထည့်သွင်း၍ သင်ကြားကာ နောင်ပေါ များကို ပညာပေးပါကုန်။

လေးဇားဇွာဖြင့်
နာယကဂျီး (ငှက်ကထ ကူညီသည်)

-------------------------------------

ဗျက်မှာတမူ

ချစ်တဲ့သူငယ်လေ
သူငယ်ချင်းကောင်း ယောင်းမတို့ရေ
သူများမောင်မှာ ဗျက်သံကြားလျှင်
ပိုကာလား ရှိုးလား မေးကြတယ်

နှမလေးမယ်တို့မောင်မှာ ဗျက်သံကြားလျှင်
အိမ်ဂရမ်ပိုက်လို့
ဇလုံစားဖက်ကို လိုက်လို့ရှာသည်
ရဲကလည်းဖမ်း
ဇယားလည်းခမ်းလို့
ဘယ်အသုဘ ကယ်ပါလိမ့်မလားတော်

ဗျက်မှာတမူ နှမလေး မယ့်ထက် အူသူ ရမလားတော်
ဗျက်မှာတမူ နှမလေး မယ့်ထက် ဘူသူရှိမလားတော်
ဗျက်မှာဆွေမျိုး ဂျိုကာမောင့်မှာရှိသလားတော်

ဗျက်မှာတမူ နှမလေးမယ့်ထက် အူသူမရှိဘူးဗျာ
ဗျက်မှာတမူ နှမလေး မယ့်ထက်ဘူသူကို မရဘူးဗျာ
ဗျက်မှာဆွေမျိုး ဂျိုကာမောင့်မှာ မရှိဘူးခင်ဗျာ

ရပ်ကွက်လူကြီး ဝဝဖီးက
ဝရမ်းစာနှင့် အပါချသည်
လိုက်ရတော့မယ်
လက်ထိပ်ငယ်နှင့်

စပိတ်မှာ ၁
ဒိုင်းမွန်းမှာ ၇
ဝင်းပလေးလည်းတိုက်
ဂျိုကာအပူးပါ
ဇလုံစားဖက်စုံ
ဗျက်သည်ပုံမှာ
မထတမ်း ဒေါင်းမိလို့
မောင်ကလေးမောင်သာလိုက်တဲ့
အုတ်ရိုးပတ်လည်နှင့်
အင်းစိန်ဆိုသည် ပြာတဲ့မြို့မှာ ပျို့လွမ်းဖွယ်လေး။ ။

ခက်ဆစ်အဓိပ္ပာယ်
ဗျက် = ဖဲ
ဇလုံစားဖက် = တဇလုံတည်းစားဖော်စားဖက် (ဖဲရိုက်ရာတွင် တဝိုင်း၌ ငါးယောက်ပါ ဝင်ရပြီး ထမင်း တဇလုံထဲ ရောနယ်ကာ ဝိုင်းတွင်လှည့်၍ စားသောက်ကြသည်)

Wednesday, April 1, 2009

အတွင်းရေးမှူး-၂ ရာထူးမှ နှုတ်ထွက်ခြင်း နှင့် ချိပ်ပိတ်တင်ဒါခေါ်ယူခြင်း

သူများတွေ ဧပရယ်ဖူးလ်နဲ့ ပျော်နေကြပါသည်။ အတွင်းရေးမှူး-၂ ဗီလိန်မှာ သူများပျော်လို့ မပျော်နိုင် ဖြစ်နေပါသည်။ အလုပ်ပြုတ်ပြီး ချစ်သောအမိမြေကို ပြန်ရတော့မှာ ဖြစ်လို့ တစ်ဘက်မှလည်း ပျော်နေပါသည်။ တိုက်တိုက်ဆိုင်ဆိုင် အရူးများနေ့မှာ ပျော်လိုက် မပျော်လိုက်၊ ရယ်လိုက် ဝမ်းနည်းလိုက် ဖြစ်နေပါသည်။ နှုတ်ထွက်ခွင့်မရှိဘူး ဆိုသော်ငြားလည်း မရှိမဲ့ ရှိမဲ့ ဗီတိုအာဏာနဲ့ ရာထူးမှ နှုတ်ထွက်ပါတယ်။ ဒီနေရာမှာပြောစရာရှိပါတယ်။ ရာထူးမှ နှုတ်ထွက်တာကို ဗီတိုအာဏာသုံးလို့မရပါဘူး။ ဒါပေမယ့် ကျနော့နာမည်က ဗီလိန်ပါ။ ဒါကြောင့် ဗီတိုအာဏာဆိုတဲ့ စကားလုံးမှာ “ဗီ” ဆိုတဲ့ စကားလုံးကြောင့် ကျနော်ပိုင်ပါတယ်။ ဒါကြောင့် ဗီတိုအာဏာကို ထပ်ပြီး သုံးပါတယ်။

နောက်ဆက်တွဲ ပြောချင်တာကတော့ သဘာပတိကတော့ အစကတည်းက ပြန်ဖို့ အစီအစဉ်ရှိနေပါတယ်။ ဥက္ကဌကလည်း အွန်လိုင်းမှာ မရှိ၊ နာယကဂျီးက အမြဲတမ်းမအား၊ အသင်းသားချုပ်က မပေါ်လာ၊ အတွင်းရေးမှူး-၁ က ဂေဟာမှာ ရှိတယ်လို့တောင် ဘယ်သူမှ မသိကြပါဘူး။ ဘယ်သူမှန်းတောင် သိချင်မှ သိကြမှာ၊ အမှုရှောင်ကတော့ ဝပ်ဘ်ဆိုဒ်တွေ ဖွင့်မရလို့ တဂျီဂျီနဲ့ အကျန်ပေးအရာရှိကလည်း ရည်းစားနဲ့ပဲ အချိန်ကုန်နေတယ်လေ။ ဂေဟာကို သစ္စာအရှိဆုံး ကေလာမမ တစ်ယောက်ပဲ အမြဲမပြတ် ဂေဟာမှာ ရှိနေပါတယ်။ကျန်တဲ့ မှူးကြီးမတ်ရာတွေနဲ့ အသင်းသားတွေကလည်း ပို့စ်လောက်ပဲ တင်နိုင်ကြတာဆိုတော့ သဘာပတိနဲ့ အတွင်းရေးမှူး-၂ တို့ မရှိတဲ့နောက်မှာ ဂေဟာထိန်းသိမ်းဖို့ ခက်ခဲလာပါပြီ။

ဒါကြောင့် ဂေဟာကို မဖျက်သိမ်းချင်တာကြောင့် ဂေဟာကို ထုတ်ရောင်းပါတော့မယ်။ သို့ကြောင့်ပဲ ဂေဟာကို ချိပ်ပိတ်တင်ဒါ လေလံတင်ပါမယ်။ လေလံတင်လို့ ရတဲ့ ပိုက်ဆံနဲ့မှ ကျနော်တွင်းမှူး-၂ က လေယာဉ်လက်မှတ် ဝယ်ရမှာဖြစ်လို့ အားလုံးကို တောင်းပန်ချင်ပါတယ်။ ကိုယ့်ဂေဟာ၊ ကိုယ့်ငပေါ (ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးမဟုတ်ပါ။ :) ) တွေကို ဒါမျိုးမလုပ်ချင်ပေမယ့် အိမ်က မိန်းမကလည်း စိန်နားကပ်ပန်ချင်တယ် ဆိုတာကြောင့် ဂေဟာမှ ရှိသမျှ အကုန်ရောင်းစားပြီး ရှာကြံရပါတော့မယ်။ အစကတော့ ငွေရှာဖို့ကိစ္စကို CBG သတင်းဌာနက သတင်းထောက် လိန်လိန်ကို အားကိုးရမယ် ထင်ပေမယ့် သူခမျာလည်း ဟိုရန်ဘုံးငွေ ဒီရန်ဘုံးငွေတွေရှာပြီး ဆိုက်ကယ်တွေ ကားတွေ ဝယ်စီးနေရရှာတာကြောင့် မပြောတော့ပါဘူး။ အဲဒါကြောင့် ဂေဟာမှာ ရှိသမျှ အကုန်လုံးရောင်းစားပြီး နှုတ်ထွက်ပါတော့မယ်။ ဒါကိုလည်း ဗီတိုအာဏာ ထပ်သုံးပါတယ်။ ဒါတွေဟာ သင်္ခါရတွေပါဆိုပေမယ့် မပြုတ်ခင်လေးတော့ ရသလောက် ယူသွားချင်သေးတယ်။ အားလုံးကိုတော့ အားနာပါတယ်။

၁။ နိုင်ငံတကာ အသိအမှတ်ပြု ISO 9004:2008 လက်မှတ်ရ ကမ္ဘာ့အဆင့်မီ ငပေါများဂေဟာ (သူများတွေပေါသလိုပေါ့) :
ကြမ်းခင်းဈေး = EUR 4.1 Mllions (ဧပရယ် ၁ ရက်နေ့ အထိန်းအမှတ်)

၂။ ငပေါများဂေဟာ တည်ရှိရာ ရုံးခန်းဖြစ်သည့် ဤဘလော့ Template, Gadget များ နှင့် Cbox :
ကြမ်းခင်းဈေး = EUR 3.0 Millions (ရုံးခန်းစတင်တည်ထောင်ရာ ၃၀-၁၀-၂၀၀၉ အထိန်းအမှတ်)

၃။ ပန်းချီကျော် အမှုရှောင် ဒေါ်နန်းညီ၏ အဖွားဖြတ်မရသည့် (အဖိုးက ဖြတ်ပြီးသွားပြီလေ) ဂေဟာဆိုင်းဘုတ် ဘန်နာ :
ကြမ်းခင်းဈေး = EUR 11.5 Millions (ဘန်နာတင်သည့် ရက်စွဲ အထိန်းအမှတ်)

၎။ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီး သတင်းအတင်းတွေ တင်ပြနေတဲ့ CBG သတင်းဌာန (Crazy Blogger Group MEDIA) :
ကြမ်းခင်းဈေး = EUR 2.0 Millions (စလောင်းမရှိ ဂြိုလ်တုမရှိ။ စာရိုက်ဖို့အကွက်နဲ့ သတင်းထုတ်ပြန်တဲ့ အကွက် ၂ခုပဲရှိလို့ တစ်ခုကို တစ်သန်းစီပေါ့)

၅။ နောက်ဆုံးတစ်ခုအနေနဲ့ အပေါ်ကလေလံ ၄ မျိုးဆွဲပြီးသွားရင် ကံစမ်းမဲဖောက်ပြီး ဂေဟာ အဖွဲ့ဝင်၊ ဝန်ကြီးများ (ယောက်ျားများ) အားလုံးထဲက တစ်ယောက်ကို CBG ရောင်းစားရင် အလုပ်ပြုတ်တော့မှာဖြစ်တဲ့ သတင်းထောက် အခြောက်မ လိန်လိန်နဲ့ ပေးစားပါမယ်။
ဂေဟာလေဒီများ အတွက်ကတော့ ဂေဟာရဲ့သူဌေးပိုင်ရှင် အသစ်ဆက်ဆက်နဲ့ ပေးစားပါမယ်။

ဒီထုတ်ပြန်ချက်ကိုလည်း မည်သူ့ကိုမျှမပြပဲ ဂေဟာစည်းကမ်းကို ချိုးဖောက်ပြီး ဗီတိုအာဏာနဲ့ တင်လိုက်ပါတယ်။ နောက်ဆိုသုံးစရာမရှိတော့လို့ ရသမျှသုံးသွားတာပါ။ လေလံဆွဲလိုသူများ စီဘီဂျီ သတင်းထောက် လိန်လိန်နဲ့ ဆက်သွယ်ပြီး အသေးစိတ်မေးမြန်း စာရင်းပေးနိုင်ကြပါပြီ။

ပုံ၊
ပြုတ်လုဆဲဆဲ အတွင်းရေးမှူး-၂ (ငပေါများဂေဟာ)
ယာယီဘဏ္ဍာမှူး (ရှိသမျှအကုန်သိမ်း)
လေလံတင်ဒါ အခွင့်ရ (ဗီတိုအာဏာသုံး)


မှတ်ချက် ။ ။ ဤကိစ္စကို ကန့်ကွက်လိုသူများ မတ်လ ၃၁ ရက်နေ့၊ ၂၀၀၉ ခုနှစ်မတိုင်မီ သက်သေအထောက်အထား စာရွက်စာတမ်း အပြည့်အစုံဖြင့် ကန့်ကွက်နိုင်ပါသည်။