ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Showing posts with label ပေါကဗျာ. Show all posts
Showing posts with label ပေါကဗျာ. Show all posts

Saturday, December 4, 2010

ခွေးသံသရာ

တစ်နေ့သ၌ လျှောက်လုပ်ရေးဝန်ကြီး ပေါငြိမ်သည် ဂေဟာတွေင် လုပ်စရာ မရှိသည်ဖြစ်၍ အင်မတန်မှ အားယားနေသောကြောင့် ဂေဟာရှေ့လမ်းမ ထွက်ထိုင်ပြီး မျက်စိအစာကြွေးနေစဉ်သကာလ လမ်းပေါ် ဟိုမှသည် သွားလာ လှုပ်ရှားနေသော (ရှုလို့မငြီး နတ်သမီးလေးများ တွေ့သည်ဟု မထင်ပါနှင့်) ခွေးလေခွေးလွင့်၊ ခွေးစုတ်ခွေးနာ အစရှိသည့် ခွေးတကာတို့ကို မြင်တွေ့လေတော့သည်။ ထိုသည့်အခါ မရေးရလျှင် ယား၍လာသော မိမိ၏ ကလောင်လက်ကို အယားဖြေခြင်း အလို့ငှာ အောက်ပါ ခွေး တစ်လုံးတည်း ဗဟိုပြုရေးထားသော “ခွေးသံသရာ” ပဒုမ္မာကြာ ကဗျာကို ရေးသား သမှု ပြုပြီး ဂေဟာနံရံတွင် ကပ်ထားခဲ့ပါကြောင်း။



“ခွေးသံသရာ”

ခွေးစုတ်ခွေးနာ
ခွေးဝါခွေးပိန်
ခွေးမှိန်ခွေးမည်း
ခွေးမွဲခွေးအူ
ခွေးဖြူခွေးကုပ်
ခွေးပုပ်ခွေးညှီ
ခွေးချီခွေးစီ။

ခွေးနီခွေးညို
ခွေးအိုခွေးပြာ
ခွေးရာခွေးရေး
ခွေးချေးခွေးရွံ
ခွေးခွန်ခွေးဆောင်
ခွေးယောင်ခွေးစာ
ခွေးရှာခွေးလာ။

ခွေးရွာခွေးပြေး
ခွေးမွှေးခွေးတောင်
ခွေးကောင်ခွေးသား
ခွေးခါးခွေးဖက်
ခွေးလက်ခွေးကိုင်
ခွေးမှိုင်ခွေးမွဲ
ခွေးဆွဲခွေးပြဲ။

ခွေးလည်းခွေးခင်
ခွေးမြင်ခွေးဟောင်
ခွေးညောင်ခွေးကိုက်
ခွေးမိုက်ခွေးဆိုး
ခွေးမျိုးခွေးနွယ်
ခွေးလည်ခွေးရှုပ်
ခွေးယုတ်ခွေးနုပ်။

မေတ္တာဖြင့်
ပေါငြိမ်

Wednesday, September 29, 2010

ကလပ်စစ် ပေါကဗျာများ

ယနေ့ခေတ်တွင်၊ မော်ဒန်၊ ပို့စ်မော်ဒန်၊ ပေါမော်ဒန် စသည်ဖြင့် တဒန်ဒန် ဖြစ်နေကြလေသည်။ သို့သော် “အသစ်တွေ ဘယ်လိုကောင်းကောင်း အဟောင်းဆီ တလည်လည်” ဆိုသည့်စကားလည်း ရှိသေးလေသည်။ ထို့ကြောင့် ခေတ်စမ်း စာပေါလောကတွင် တချိန်က လျှမ်းလျှမ်းတောက် နာမည်ကျော်ခဲ့သော ကလပ်စစ် ပေါကဗျာများကို အားအားယားယား ရှာဖွေ စုဆောင်း တင်ပြလိုက်ရပါသည်။

လျှောက်လုပ်ရေးဝန်ကြီး
ပေါငြိမ်
……………………………………………………………………….

“ပေါဉာဏ်ပွင့်”

ဂေဟာက အပြန်
ပေါချင်တယ် နောက်ထပ်ဆိုလို့
ပတ်စ်ဝေါ့ကိုပေး။

မနက်တုန်းဆီက
ဖေ့စ်ဘွတ်ကို မောင်ဝင်တော့
သူ့ဝေါလ်မှာ ပေါဿနတွေနဲ့
ပေါလှတယ်လေး။

ပေါသုဝဏ်
……………………………………………………………………….

“ပေါတာကြီး”

ပေါလို့လည်းဝ
နေလည်းကျပြီ
ငါ့ကို ဂေဟာ
ပို့ကြပါတော့။

ပေါမိုး
……………………………………………………………………….

“ပေါစာတိုင်”

ဒီဂေဟာ
ငပေါတွေ ပေါရဲ့
မောင့်လေဒီ
ဝီစကီယူခဲ့။

ပေါအောင်
……………………………………………………………………….

“တို့ဂေဟာ”

ပေါလော့မှန်စွာ အိုဘလော့ဂါတို့
တို့ရွာတို့မြေ တို့ဂေဟာဝယ်
ဝန်ကြီး၊ အဖွဲ့သား များလည်းများ၏
များပါလေလည်း တပျင်းပျင်းနှင့်
အချင်းချင်းနှက် လက်ညှိုးထွက်လျှက်
သူပို့စ်ရေးနိုး ငါရေးနိုးဖြင့်
ရှေ့ထိုးနောက်ထိုး အပြန်လှန်ထိုး၏
ကြည့်လှည့်ပါလေ ဂေဟာဆွေတို့
နေရာသာရှိ စာမရှိလျှင်
ဘယ်လျှင် ဂေဟာ တွင်မည်တည်း။

ပေါလော့မှန်စွာ ဆွေသဟာတို့
ပေါမပျက်နှင့် အပေါစိတ်ဓာတ်
နေ့တိုင်းမှတ်၍ လာသမျှသိမ်းကြုံး
ဝါးလုံးရမ်းကာ လက်သရမ်းကာဖြင့်
ပေါကြောင်ကြလေ ကြောင်ကြလေတော့
ဤနေရာဂေဟာ ဘယ်သူ့ဂေဟာလဲ
ဤအဖွဲ့သားများ ဘယ်လောက်များလဲ
ထားလော့စိတ်ပေါ ပေါလော့စိတ်ဝမ်း
ပေါရွှင်လန်း၍ ပေါလန်းပေါဉာဉ် ထွက်စေသတည်း။

ပေါဂျီ
……………………………………………………………………….

မူရင်း ကဗျာများ
  • နှင်းဆီပွင့်၊ ဆရာမင်းသုဝဏ်
  • ဧည့်သည်ကြီး၊ ဆရာတင်မိုး
  • သစ္စာတိုင်၊ ဆရာကြည်အောင်
  • တို့တိုင်းပြည်၊ ဆရာဇော်ဂျီ

Wednesday, April 14, 2010

အွန်လိုင်းပေါ်က ငပေါဂေဟာ

onlineပေါ်မှာ စကားများတာ အဲ့ဒါမမပါ
typingရိုက်တာမြန်တာများ လက်နှိပ်စက်စာရေးမအလားးး။

ဒန့်ဒလွန်သီးတောင် ပါပါးခေါ် သဘာငတိကိုနော်
မော်ဒယ်တွေတောင် အရှုံးပေးရ ပိန်လွန်းလို့တဲ့ဗျ။

ခပ်တည်တည်နဲ့ပေါတတ်တာ ချင်းမိုင်မမပါ
ရာထူးကတော့ဏယကဂျီး ပြီးတော့ စိတ်ကကြီး ...။

ဗီလိန်လို့အများခေါ်တယ် တွင်း(၂)လေးကိုကွယ်
ကောင်မလေးတွေဝေးဝေးပြေးးး တွင်း(၂)နှာဘူးလေးးးးး။

မောင်ရင်ညိုလည်းရှိသေးတာ အမြဲတမ်းဘိုင်ပြတ်တာ
ရံဘုံးငွေတွေအမြဲဘုံးရ ဒါတောင်မလောက်ဘူးဗျ။

တာဝန်ဆိုရင်စတေးရှောင် အဲ့ဒါအမှုရှောင်
ဘုကြည့်ကြည့်ပြီးလူကိုရှိုး သူ့စတိုင်ကတစ်မျိုးးးးး။

ဌက္ကဋ္ဌဆိုတဲ့ APဟာ တော်တော်ရုပ်ဆိုးတာ
ဗေလုဝတောင်ငိုချင်းချ APကြီးကိုဗျ။

အူတူတူနဲ့သူ့စတိုင် ဘယ်သူမှမတုနိုင်
လူကိုမြင်ရင်သွားဖြီးပြ အဲ့ဒါပေါညီဗျ..။

ဖိုးသာထူးနဲ့အမျိုးတော်တာ အသင်းသားဂျူပ်ဂျီးပါ
တူပါသကွဲ့မယုံငြား ဒီမှာကြည့်ပါလားးး။

ချမ်းရဲကလည်းသိပ်မခေ ငပေါဂေဟာမှာလေ
အနိုင်မခံ အရှုံးမပေး အပေါပြိုင်ချင်သေးးးး။

လေယာဉ်ပျံကိုမမြင်ဖူးတာ နိုင်ဂန်ခြားရေးဝံဂျီးပါ
လူပျိုကြီးလိုဟန်တွေလုပ် ပြီးတော့ ရှိုးတွေထုတ်။

ဘန်ဒါရေးဝံဂျီးအူးဖိဟာ လစာထုတ်ပေးတာ
လကုန်ရက်ဆိုပျောက်လို့သွား ရှာလို့မတွေ့ဘူးဗျားးးးးး။

Crazy Villa Groupထဲမှာ လက်လက်တောက် အချောဆုံးပါ
မနာလိုမဖြစ်နဲ့ငပေါတွေရဲ့ အဲ့ဒါအမှန်ပဲကွဲ့။

ငပေါတွေအတင်း ပြောရတာ သိပ်တော့ စိတ်မကောင်းပါ
သေသေချာချာမှတ်လို့ထား မောင် ညီမလေးများးးးးး။ (အဟိ)

ဂျူနီယာလက်လက်တောက်၏ ပထမဦးဆုံးသော ဘလော့ဖြစ်ပါသဖြင့် မပါဝင်သော ငပေါများအား ထပ်မံရေးသားပါဦးမည်။
ကျန်ရှိနေသေးသော ငပေါများ၏အတင်းများကို ကဗျာစပ်ဦးမည်ဖြစ်ကြောင်းးးးးးးးးး ငပေါများကြောက်ရွံ့စွာ စောင့်မျှော်ကြပါကုန်လော့...။

Thursday, April 1, 2010

ဧပရယ်ဖူးလ် အမှာစာ

ဗျို့... မိတ်ဆွေ
လားလား... ခင်ဗျား ငပေါဂေဟာကပဲ
ပါလေရာ ငပေါကြီးမဟုတ်လား
လွယ်အိတ်ထဲမှာလည်း
မဟုတ်တာတွေချည်းပဲ
တယ်လီဖုန်းခါးချိတ်တာ စတိုင်လားဗျ။

တာယာအစုတ်ဝယ်တဲ့သူလို
ရမိရရာလုပ်ပြီး
ခိုင်းဖတ်ဖြစ်နေတာလား
ဖတ်ဖတ်မောနေဦးမယ်နော်
စာလေးပါလေး တတ်အောင်သင်။

လောက်လောက်ငငရှာဖွေလေဗျာ
နစ်နာစရာတွေချည်းပဲ ဖြစ်နေမယ်
မိအေးနှစ်ခါနာဆိုတာ သိတယ်ဟုတ်
တစ်ခါနာဆို တော်ရောပေါ့။

ကိုလိုနီခေတ်ကလို
ယောက်ယက်ခတ်နေတဲ့
တစ်ပါးကျွန်ဘ၀ ပြန်ရောက်ချင်လို့လား။

ပေါတဲ့သူတွေ
ပေါအသင်းဝင်တွေ သိက္ခာကျအောင်
ရူးချင်ယောင် ဆောင်မနေနဲ့ဗျို့
အင်း... ရူးချင်ယောင် ဆောင်မနေနဲ့ဗျို့။

ဘာကို ဆိုလိုသည်ကို သဘောမပေါက်ပါက အောက်ဆုံးမှနေ၍ စာကြောင်းတိုင်း၏ ထိပ်ဆုံးအလုံးများကို ဖတ်သွားကြည့်ပါဗျို့။



Happy April Fool '10

ပေါငြိမ်

Tuesday, March 30, 2010

ပေါသတင်း

ပုလင်း(မှားလို့)အတင်းအစီအစဉ် ....

၁) အမည်မဖော်လိုသူဆေးကျောင်းထွက်ခွဲစိတ်ဆရာဝန်လောင်းတစ်ယောက်သည် ၄င်း၏ ပထမအကြိမ် ခွဲစိတ်ခန်းဝင်ရာတွင် လူနာ၏သွေးကို မြင်လိုက်ရသော ကြောင့် မူးလဲသွားကြောင်း ..
ကြမ်းမာရေးဝံကြီးက ၄င်းကျောင်းသားလေးအား သွေးမကြောက်တတ်စေရန်
ကြက် ၊ ၀က် ၊ ငါး ဈေးတွင် လက်တွေ့သင်တန်းအဖြစ် တစ်လတိတိ သွားရောက်ရန် အမိန့်ပေးထားကြောင်းသတင်းရရှိသည် ။

၂) ငပေါဂေဟာ၏ ၀န်ကြီးများ စုပေါင်းလက်မှတ်ထိုး၍ မီးကင်တဲ့ကလေး (အဲမှားပြန်ပြီ) မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းကြီးရှိခဲ့သလို ဖခင်နှင့်လူကြီး စောင့်ရှောက်ရေးအသင်း ဟူ၍လည်းဖွဲ့စည်းပေးသင့်ကြောင်း အထက်ပေါ လွတ်တော်သို့ စာတင်ထားသည်ဟု အတင်းရရှိသည် ။

၃) ဧပြီအတွင်း သင်္ကြန်မိုး ရွာနိုင်ချေရှိသောကြောင့် မြေကြီးအောက်ထဲ တွင်နေသော ပုရွက်ဆိတ်တို့သည် ၄င်းတို့၏ အစာများ ဥများကိုယူဆောင်ကာ အနီးရှိ ဓါတ်တိုင်များသို့ နေရာပြောင်းရွေ့ကြရာ ဓါတ်ကြိုးများမှာ ၄င်းတို့၏၀ိတ်ကို မခံနိုင်ပဲ ပြတ်ကျသွားသောကြောင့် ငပေါဂေဟာအတွင်း မီးမမှန်နိုင်သေးကြောင်း တာဝန်ရှောင်သူများက ပြောကြားခဲ့သည် ။

၎) ဒီတပတ်ရဲ့ငပေါကဗျာ
ဓါးနဲ့ထိုး
ဓါးကျိုးလို့လှံခွေ
ပြောင်နာဂိန်ဆင်တောင်
နင်းသတ်လို့မသေ
ဇမ္မူဒီပါတောလို
ချောတဲ့ငပေါ ။ :P

Thursday, April 2, 2009

ဗျက်မှာတမူ

ပညာရေးဝန်ဂျီး ဇင်ဇင်အတွက် နှစ်သစ်ကူးလက်ဆောင်

သို့
ပညာရေးဝန်ဂျီး

နာယကဂျီးအနေနှင့် နောင်လာ နောက်ပေါများ ကောင်းစားရန်အလို့ငှာ အချိန်နှင့် အမျှ ကြိုးစားလျှက်ရှိကြောင်း ပဏာမ ပြောကြားလိုပါသည်။ ယခု ပညာရေးဝန်ဂျီး ပြည်တော်ပြန် နေစဉ် လာမည့်နှစ် ဆယ်တန်း သင်ရိုး၌ ထည့်သွင်း သင်ကြားနိုင်ရန်အတွက် ကဗျာ တပုဒ် ကို အပူတပြင်း ရှာဖွေစဉ်းစား ရေးစပ်ပေး ပို့လိုက်ပါသည်။ ထိုသို့ ပေးပို့သည် ဆိုရာဝယ် နာယကဂျီးတဦးတည်း စဉ်းစားပါက တကိုယ်ကောင်းဆန်ရာ ကျမည် ဆိုးသော ကြောင့် ငှက်ကထကြီး ကိုပါ ခေါင်းစားလိုက်ပါသည်။ ငှက်ကထကြီးကလည်း ဝင်၍ ခေါင်းစား အကြံဥာဏ်ပေး ထားပါသည်။ ဤကဗျာတော်ဂျီးကို ပညာရေး ဝန်ကြီး အတွက် နှစ်သစ်ကူး လက်ဆောင် အဖြစ် ပေးပို့အပ်ပါသည်။ ဆယ်တန်းသင်ရိုးတွင် ထည့်သွင်း၍ သင်ကြားကာ နောင်ပေါ များကို ပညာပေးပါကုန်။

လေးဇားဇွာဖြင့်
နာယကဂျီး (ငှက်ကထ ကူညီသည်)

-------------------------------------

ဗျက်မှာတမူ

ချစ်တဲ့သူငယ်လေ
သူငယ်ချင်းကောင်း ယောင်းမတို့ရေ
သူများမောင်မှာ ဗျက်သံကြားလျှင်
ပိုကာလား ရှိုးလား မေးကြတယ်

နှမလေးမယ်တို့မောင်မှာ ဗျက်သံကြားလျှင်
အိမ်ဂရမ်ပိုက်လို့
ဇလုံစားဖက်ကို လိုက်လို့ရှာသည်
ရဲကလည်းဖမ်း
ဇယားလည်းခမ်းလို့
ဘယ်အသုဘ ကယ်ပါလိမ့်မလားတော်

ဗျက်မှာတမူ နှမလေး မယ့်ထက် အူသူ ရမလားတော်
ဗျက်မှာတမူ နှမလေး မယ့်ထက် ဘူသူရှိမလားတော်
ဗျက်မှာဆွေမျိုး ဂျိုကာမောင့်မှာရှိသလားတော်

ဗျက်မှာတမူ နှမလေးမယ့်ထက် အူသူမရှိဘူးဗျာ
ဗျက်မှာတမူ နှမလေး မယ့်ထက်ဘူသူကို မရဘူးဗျာ
ဗျက်မှာဆွေမျိုး ဂျိုကာမောင့်မှာ မရှိဘူးခင်ဗျာ

ရပ်ကွက်လူကြီး ဝဝဖီးက
ဝရမ်းစာနှင့် အပါချသည်
လိုက်ရတော့မယ်
လက်ထိပ်ငယ်နှင့်

စပိတ်မှာ ၁
ဒိုင်းမွန်းမှာ ၇
ဝင်းပလေးလည်းတိုက်
ဂျိုကာအပူးပါ
ဇလုံစားဖက်စုံ
ဗျက်သည်ပုံမှာ
မထတမ်း ဒေါင်းမိလို့
မောင်ကလေးမောင်သာလိုက်တဲ့
အုတ်ရိုးပတ်လည်နှင့်
အင်းစိန်ဆိုသည် ပြာတဲ့မြို့မှာ ပျို့လွမ်းဖွယ်လေး။ ။

ခက်ဆစ်အဓိပ္ပာယ်
ဗျက် = ဖဲ
ဇလုံစားဖက် = တဇလုံတည်းစားဖော်စားဖက် (ဖဲရိုက်ရာတွင် တဝိုင်း၌ ငါးယောက်ပါ ဝင်ရပြီး ထမင်း တဇလုံထဲ ရောနယ်ကာ ဝိုင်းတွင်လှည့်၍ စားသောက်ကြသည်)

Wednesday, December 24, 2008

ဥ ကဗျာ

သင်တို့ အတွက်....အကောင်းဆုံးဖော်မွန်မှာ....ဥ တလုံးပါ....
သင် ဒီနေ့ ဥ စားပီးပီလား.......
သတင်းတခုပေးမယ်..နော်....
ပိန်ချင်သူများး........တနေ့ ကို ဗျာ.....ဥနှစ်လုံး ပုံမှန်စား
တလတွင်းပိန်မယ်ဗျား
ချိန်မှန်က မနက်တိုင်းကွ.......
ဝချင်သူများ သုံးလုံးစားး......
ညတိုင်အတွက်ဗျား......
ဖင်က စားစား..ခေါင်းကစား......အာနိသင်က တူတယ်ကွ.....
ဟိုဥ ဒီဥ မရွေးရ........ဥ ကိုမခေါက်ရ.....


သင်ဒီနေ့ (ဥ) စားပြီးပီလား...............
ဥ တွင်း ဥ နေရာ
ဥ တနေရာမှာ...ဥ နိုင်လွန်းတဲ့....
ဥ ကောင်မတွေ (ကြက်ကိုပြောတာနော်)....
ဥ ကိုကို က ၀က် သားအစားဘူး....
ဟီး..........ဥ စားခြင်းဖြင့်
ဂုဏ်ယူပါ.....ဟာဟာဟာဟာ......
သတင်းစုံလင်မှာ...ဥ နိုင်ငံချုပ် ....ကိုတော်လေး ဥ က...
လိုအပ် သည်များကို...ကြော်စားပါသည်....

ပုံ/ ဥပိ

မှတ်ချက် ## သဘာပတိမှ ကောင်းမည်ထင်၍ မန်းမှုတ်လိုက်သည်။ ##

Thursday, December 18, 2008

ပေါနှလုံးသား

ပေါခြင်းတိုးပွား၊ ပေါများဂေဟာ
ပေါတာတွေကြိုက်၊ ပေါလိုက်ဘိနှယ်
ပေါတယ်အမှန်၊ ပေါပြန်တာမှ
ပေါကြတအား၊ ပေါတကာများ။

ပေါကမ္ဘာ၀ယ်၊ ပေါမယ်ဆိုလျှင်
ပေါဝင်စိတ်ဓာတ်၊ ပေါမှတ်မှတ်ပြီး
ပေါနည်းဖွေရှာ၊ ပေါနေပါမှ
ပေါလှဝေစည် ပေါတွေညီမည်။

ပေါလီပေါခိုက် ပေါများရိုက်ကာ
ပေါရှာပါလျှင် ပေါဉာဉ်တွေထွက်
ပေါချက်ထပ်ပြန် ပေါမှန်ကန်မည်
ပေါပြီပျော်ပြီ ပေါပျော်ပြန်ပြီ။

(လျှောက်လုပ်ရေးဝန်ကြီး ပေါငြိမ်)