ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Showing posts with label အဖွဲ့လှုပ်ရှားမှု. Show all posts
Showing posts with label အဖွဲ့လှုပ်ရှားမှု. Show all posts

Tuesday, September 1, 2009

ကျေးဇူးတင်လွှာ (နာယကဂျီးမွေးနေ့)

မြိုင်ဆိုင်လှပသော နာယကကြီးမွေးနေ့ ဖြစ်မြောက်ရန် အတွက် ဂေဟာအဖွဲ့ဝင်များ၊ ၀ံကြီးများ နှင့်တကွ ဧည့်သည်တော်များ ..
အစစ အရာရာ ကြိုးစားမှုများစွာနှင့် ဖြစ်လာသော နာယကဂျီး၏ ပုံတူပန်းချီ ဒီဇိုင်းနာ နန်းညီ၊ လစ်တဲဘရု နှင့် အဖွဲ့သားများ...
အမှတ်တရစာတန်းများ ဆိုင်းများဝေဆာလှပစေရန် ကူညီတွေးတော တီထွင်ကြံဆကြသော အဖွဲ့ဝင်တိုင်းနှင့်
အခက်အခဲများစွာ(ကွန်) အချိန်များစွာကြားမှ အဘက်ဘက်မှ ကြိုးစားကြသော ဂေဟာအဖွဲ.၀င်များအားလုံးကို
အလွန် ကျေးဇူးဥပကရ တင်ရှိပါသည်။

online,mail များ Post များဖြင့်သာ ပြီးစေနိုင်သော မွေးနေ့ဆုတောင်း အမှတ်တရအား ဓါတ်ပုံမှန်ဘောင်ကြီးအဖြစ်နှင့် သော်လည်းကောင်း၊ ထာဝရအမှတ်တရ လက်ဆောင်ကို နာယကဂျီးရင်ထဲ စကားလုံးရှာမရသော ပျော်ရွှင်မှုများ ဖြစ်အောင် ကိုယ်တိုင်ကိုယ်ကျ အချိန်ယူပြီး သွားရောက်ချီးမြှင့်သော အသင်းသားကေလာအား အားလုံးကိုယ်စား အလွန်ကျေးဇူးတင်ကြောင်း နှင့် အသင်းသားကေလာ ၏ ကြိုးစားအားထုတ်မှုကို မမတို့ဂေဟာမှ ထာဝရ မှတ်တမ်းတင်ပါသည်။

ပေါမမ

Wednesday, July 22, 2009

ရန်ကုန်ငပေါများဂေဟာ (အဖွဲ့ချုပ်)မှ အဖွဲ့သားများ ဒတ်ပုံ

ငပေါများ အသက်ရှူရပ်လေ့ကျင့်ခဏ်း သရုပ်ပြ၍ ဝက်တုပ်ကွေး ကာကွယ်နေပုံ..
ချောကြတယ်ဟုတ်.. ဘယ်မှညာ အစဉ်လိုက်ပြောရမယ်ဆိုရင် .. ရင်ညို မယ်ညီ ဖိုးဂျယ် မယ်ခေါင်.. အဲ.. ဟုတ်ဖူး.. ပြန်စမယ်.. ဒီဘက်က ပုဆိုးနဲ့က ပေါညီ နောက်ပီး မယ်ခေါင် ဖိုးဂျယ် မယ်ညီ ရင်ညို အန်ဒီ.. အဲ မှားပြန်ပီ.. အစွန်ဆုံးက ပေါညီ နောက်ပီး မယ်ညီ..နောက်ပီး ..အန်ဒီ.. အာ.. မဟုတ်ပြန်ဘူး.. ပေါညီ မယ်ညီ ဖိုးဂျယ်.. မယ်ခေါင် ရင်ညို.. အန်ဒီ.. အာ.. အာ.. အဲ..


“ဟေ့ကောင် နာယကကြီးရဲ့သားတွေ ကစားဖို့လား မင်းကစားမှာလား ဟမ် ဟမ်”

မောင်နှမများ ချစ်ချစ်ခင်ခင်

အဲ့သင်္ဘောကြီးစီးမယ် စီးချင်တယ်..

Thursday, July 9, 2009

တညင်သွား တောလား

အားလုံးသိတော်မှုတဲ့ အတိုင်းပါပဲ ပြီးခဲ့တဲ့ ၄ရက်နေ့ မနက်ခင်းမှာ ရင်ညိုတစ်ယောက် BAK ရှေ့မှာ၈နာရီမထိုးခင်ကတည်းက ရောက်နေပါပြီ။ မျက်နှာမှာလည်း mask ကြီးတတ်လို့ပေါ့။ ခဏနေတော့ ပေါညီတစ်ယောက် ရှည်တောင်ရှည်တောင် နဲ့ရောက်လာပါတယ်။ ခေါင်ကတော့ ကားနှစ်စီးပိုက်ပြီး ရောက်လာပါတယ်။ မယ်နန်းညီကတော့ လိပ်နင်ဂျာလိုဒီဇိုင်း နဲ့ ယက်ကန်ယက်ကန်လေး ရောက်လာပါတယ်။ ကျွန်တော်နဲ့သူ ပေါင်းပြီး H.C တစ်လုံးကို မသိမသာ သွားခေါ်ခဲ့ပါတယ်။ တပြိုင်ထဲမှာပဲ အားကိုးရဆုံးသော ကိုမိုးသား ရောက်လာပါတယ်။ ဒီအင်အားစုကြီးဟာ ဆောက်လုပ်ရေး မှတ်တိုင်ကို ချီတက်လာခဲ့ပါတယ်။ အမောင်ဂျယ်ဂျဲ ဆိုသောအမျိုးကောင်း သမီးလေးကို ခေါ်ရန်အတွက်ပါ။
ကလစ် ကလစ် ကလစ် ကလစ် ကြားကာလများကို တင်ပြချင်ပါသော်လည်း အချိန်ကိုငဲ့ကွက်ပါသောကြောင့် ကောင်းနိုးရာရာ ဇာတ်ကွက်များကိုသာ အရှည်ချဲ့ ဖော်ပြသွားပါတော့မည်၊

ပီကေတစ်ခုစာခန့် ကြာလတ်သော်
ဟတ်ခဲ့ ကျွန်တော်ရင်ညိုပါ ခုတညင် ပဲခူးစုမှ တင်ပြနေပါတယ်။ ဒါက မမိုးပါ။ မိန်းစပွန်ဆာပါ။ ဟတ်ကဲ့ အန်ဒီ ရောက်လာပါပြီ။ ကျွန်တော်တို့ မတူးရဲ့အိမ်ကိုရွှေ့ ကြပါပြီ။ မတူး၏အိမ်တွင် ဟယ်လို သုံးဆယ့်ငါးခါ ခန့်ကြာ ပီးနောက်
ဟတ်ကဲ့ မမိုးအိမ်မှ တင်ဆက်နေပါတယ် ခေါင်ပန်းဂေါ်ဖီကို ဘဝဖျက်နေပါတယ်။ ပန်းကန်ဆေးနေတာက ပေါညီပါ။ ခေါင်ရဲ့ဘော်ဒါ ပေါက်စလေးက ဘဲဥအစ ရှာနေပါတယ်။ နန်းညီ၊ အန်ဒီ နဲ့မိုးသားက ရွှေဝါရောင် စစ်ဆင်ရေးလုပ်နေပါတယ်။ တစ်မျိုးမထင်ပါနဲ့။
ဘီယာ သောက်နေကြတာပါ။ ကျွန်တော်ကတော့ အီးယောင်ဝါးလုပ်နေပါတယ်။
စားစရာ၊ သောက်စရာ၊ မှောက်စရာများ ready ဖြစ်လတ်သော်
ခေါင် _ ပန်းကန်လေးလှမ်းပါဦး
နန်းညီ _ အားရေရေပေးပါ
အန်ဒီ _ ချညီလေးချ
ပေါညီ _ ကျွန်တော့ကို ထည့်ပေးပါဦး
ရင်ညို _ ရော့ရော့ရေ
မောင်မိုးသား _ မမိုးရေ တစ်ခါတည်း ဝင်စားလိုက်ပါလား
မမိုး _ တော်ပါပြီ
ခေါင် _ လာပါတစ်ခါတည်းဝင်စားလိုက်ပါ
မောင်မိုးသား _ အမလည်းသောက်တယ်မဟုတ်လား
မမိုး _ အင်း အရင်ကပါ။ ခုတော့ မသောက်တော့ဘူး
ညီညီ _ နည်းနည်း လောက်ထည့်ပေးပါ
မောင်မိုးသား _ လာလာ cheer
ခွက်များကိုတပြိုင်ထဲ မော့သောက်ကြ

ထိုသို့ ဖြင့် H.C တလုံးခန့် ကုန်လတ်သော်
ပြန်ဦးမယ်နော်အစ်မ
မောင်မိုးသား _ နောက်လည်း အားရင်လာခဲ့မယ်နော်
မမိုး _ အေးအေး လာခဲ့ကြ
ခေါင် _ ခုလိုကျွေးမွေးတာ ကျေးဇူးတင်ပါတယ်
ပေါညီ _ ပြန်ပါဦးမယ်
ရင်ညို _ အမပြန်ပြီနော်
အန်ဒီ _ ဟေ ဟေ့ ကျွန်တော်ကတော့ မူးနေပြီ
ဒီလိုနဲ့ ကျွန်တော်တို့ ပြန်ခဲ့ကြပါတယ်
အသွားလမ်း၊အသောက်လမ်း ဖြောင့်ဖြူးသာယာ ခဲ့ပါတယ်။ အပြန်ခရီးတွင်မူ
အပိုင်း(၂) မျှော်......

Friday, June 26, 2009

သန်လျင်ချစ်ကြည်ရေးခရီးစဉ်

ငပေါအဖွဲ့သားများသိစေရန်
(အဖွဲ့သားများလို့သာ မကောင်းတတ်လို့သုံးနှုန်းတာ.. အမှန်က ရန်ကုန်ကလူတွေပဲ.. နိုင်ဂံဂျားကလူတွေ လိုက်လို့မရဘူး.. ခွိခွိ)

၂၀၀၉ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့ (စနေနေ့)တွင် ရန်ကုန်ငပေါအဖွဲ့သားများမှ နာယကကြီး၏ဒေသဖြစ်သည့် သန်လျင်မြို့သို့ အလည်အပတ်ခရီးအဖြစ် သွားရောက်မည်ဖြစ်ကြောင်းကို ရှေးဦးမဆွကပင် တင်ကြိုပြောကြားဖူးခဲ့ပြီးဖြစ်သည်..
(ထိုစဉ်ကတည်းက လိုက်မည် သွားမည်ဟု ငမ်းငမ်းတက်ပြောထားခဲ့သူများ ရှိသော်ညား ပြောချင်ရာပြော ပေါချင်ရာပေါတတ်သော အဖွဲ့သားများအကြောင်းကိုသိသဖြင့် ယခုတရားဝင်အကြောင်းပြန်ကြားပေးပါရန်)

ထို့ကြောင့် ယခု အစီစဉ်အသေးစိတ်ကို တင်သွင်းလိုက်သည်.. တစ်နေကုန်လည်ပတ်ပျော်ရွှင်ကြမည် ဖြစ်ပါသဖြင့် ရှိရှိသမျှသော အစီအစဉ်များကို ယခုကတည်းက ကြိုတင်ဖယ်ရှားနိုင်စေရန်အလို့ငှာ ကြို၍အကြောင်းကြားရခြင်းဖြစ်ပါသည်.. (တိတ်အလုပ်များကြတဲ့လူတွေချိုဒေါ့လေ.. တိဒယ်ဟုတ်) သေချာစွာစိစစ်ဖတ်ရှုပြီးသကာလ အဆင်မပြေမှုများရှိခဲ့ပါလျှင် ပြန်လည်ညှိနှိုင်းပေးမည်ဖြစ်ပါသဖြင့် ဂေဟာအမှုဆောင်နန်းညီနှင့် သဘာငတိဂျဲဂျယ်ထံ ပြန်၍ အကြောင်းကြားဆက်သွယ်ပေးပါရန်..

အလည်အပတ်သွားမည့်နေ့.. ၄-၇-၂၀၀၉ ၊ စနေနေ့

လည်ပတ်မည့်နေရာများ.. နာယကကြီး၏ အိမ်နှင့် အနီးအနားလည်ပတ်လို့ရမည့်နေရာမှန်သမျှ အကုန်..

အခြားအစီအစဉ်များ.. သောက်ခြင်း စားခြင်း ကစားခြင်း တစ်ယောက်နှင့်တစ်ယောက်ကျပ်ခြင်း ဖောက်ခြင်း သဘောကျရာအကုန်လုပ်ခွင့်ရှိသည်.. (အထူးအစီအစဉ်များပါမည် သို့သော် Top Secret.. မပြောပြသေးဘူး)

ကုန်ကျစရိတ် .. တစ်ဦးလျှင် မြန်မာငွေကျပ် ၇၀၀၀ တိတိ (ကားခ၊ စားခ၊ သောက်ခ အပြီးအစီး )

ကားထွက်မည့်နေရာနှင့် ပတ်သက်၍မူ ယခုလောလောဆယ် အကြမ်းဖျင်းစီစဉ်ထားသည်မှာ -
စုရပ်(၁)... တာမွေ၊ တာမွေပလာဇာရှေ့တွင် နံနက် ၉း၀၀ နာရီ
စုရပ်(၂)... သန်လျင်တံတားအတက် (တိုင်းရင်းသားကျေးရွာလမ်းခွဲထိပ်) တွင် နံနက် ၉း၃၀ နာရီ
(စုရပ်ကိစ္စအဆင်မပြေမှုများရှိလျှင် ပြောပါ..)

ယခုမေးလ်ကိုရသည်နှင့် လိုက်ပါမည် မလိုက်ပါမည်ကို အတည်ပြုဖြေကြားပေးစေလိုပါသည်.. ကားငှားရန်နှင့် အစားအသောက်ကိစ္စများမှာ ကြိုတင်စီစဉ်ရမည်ဖြစ်ပါသဖြင့် လိုက်ပါမည်သေချာပါက ငွေကြိုတင်ကောက်ခံပါမည်.. (ဘန်ဒါရေးဝံဂျီးတော့ရှိဘူး.. ရှိတဲ့လူထံအပ်ရမှာပဲ.. တတ်နိုင်ပါဘူးလေ)

အမြန်ဆုံးအကြောင်းပြန်မည် မျှော်လင့်ပါသည်..
ကျေးဇူးတင်ပါသည်..

-သန်လျင်ခရီးစဉ်ဖြစ်မြောက်ရေးကော်မတီ

Thursday, June 11, 2009

ငတိကြိုဆိုပွဲ

အစ်ကိုတော်ငတိတစ်ယောက် ပြန်လာမယ်ဆိုကတည်းက အမှုရှောင်နန်းညီလေးတစ်ကောင် ရွစိရွစိနဲ့ပျော်နေသည်မှာ အတော်ကြာ.. အဲ့သဟာနဲ့ ပြန်ရောက်တော်မူလာသော စနေနေ့မှာ သူပေးထားသော ဖုန်းနံပါတ်ကို အားရဝမ်းသာဆက်ရရှာ.. သို့သော် သို့သော်.. ငတိနေသော ရပ်ကွက်မဟာကြီးက အင်မတန်တိုးတက်ကောင်းမွန်သောဆက်သွယ်ရေးစနစ်ကြောင့် “လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ ဆက်သွယ်မှုဧရိယာ ဘလာ ဘလာ ဘလာ” ပေါ့လေ.. ဖုန်းကို အခါတစ်ရာမက နှိပ်ပါလွန်းမှ တစ်ချက်ကလေးဝင်သွားပြီး နောက်နေ့မှာ အားလုံးတွေ့ဆုံကြပါမည့်အကြောင်း ချိန်းဆိုလိုက်နိုင်လေသည်.. (Tempo အမြင့် တီးလုံးကိုတီး)

အဲဂလိုနဲ့ပေါ့လေ.. နောက်နေ့တနင်္ဂနွေနေ့မှာ အိမ်လမ်းထိပ်ကို သူလာခေါ်မည်ဆိုသဖြင့် စောင့်စားနေတော့သည်ပေါ့.. အမှုရှောင်၏ မိခင်ဖြစ်သူမှာ သူသွားစရာရှိရာနေရာနှင့် လမ်းကြုံသဖြင့် လမ်းထိပ်ကိုလိုက်ပို့ရင်း မွေးစားသားတော်မောင်ကို မြင်ဖူးချင်စိတ်ဖြင့် ဟိုတစ်ယောက်တွေ့ “ဟိုဟာလား” ဒီတစ်ယောက်မြင် “ဒီဟာလား”နဲ့ မေးနေသဖြင့် “အဲလိုပုံစံတွေ မဟုတ်ဘူး.. hip hop ပုံကိုရှာ.. hip hop” လို့ပြောထားရသေးသည်.. ခဏမျှသာစောင့်ရသည်.. ဟော- လာပါပြီဗျာ.. ကျွန်ုပ်တို့ သဘာငတိကြီး..

အလို- ရှုလော့.. ငတိဝတ်လာစားလာပုံကို..
ဆံပင်ကေက တိုနံ့နံ့ ကြွက်ကိုက်ကေ.. (ဒါကတော့ ဓာတ်ပုံတွေထဲမှာမြင်ဖူးနေကြပါပဲ..)
မိုးတွင်းထွက်စနေမှာ စူးရှသဖြင့် နေကာမျက်မှန်ကပါသေး..
လည်ကတုံးအဖြူနှင့် ပုဆိုးကပလေကပ်အပြာရောင်.. (အဝတ်တွေအကုန် လျှော်ထားသဖြင့် ဝတ်စရာမရှိသောကြောင့်ဟုပြောသည်)
ကတ္တီပါဖိနပ်မီးခိုးရောင်.. လက်ထဲမှာက လူကြုံပေးရမည့် အထုပ်တွေအပိုးတွေက တပုံတပင်နှင့်..

အမှုရှောင်၏ မိခင်က တံတောင်နှင့်တွက်ကာ “နင်ပြောတော့ HipHop ဆို”..
အဲလေ.. အဲဒါတွေထားလိုက်ပါတော့.. အဲလိုနဲ့ တွေ့ကြပြီး ကျန်ဂေဟာအဖွဲ့ဝင်များနှင့် ချိန်းဆိုထားရာ ဒဂုံစင်တာတော်ကြီးကို သွားကြလေသတည်းပေါ့.. ဒဂုံစင်တာအဝင်မှာက သိတော်မူကြသည့်အတိုင်း ရှိသမျှအထုပ်တွေကို စစ်ချင်ယောင်ဆောင်.. အဲအဲ.. စေ့စေ့စပ်စပ် စစ်ဆေးသည့်ထုံးစံရှိသည့်အလျောက် ငတိပါလာသော လူကြုံပေးရမည့် အထုပ်အပိုးကြီးငယ် အသွယ်သွယ်ကို ဖွင့်ကြ စစ်ကြ ထုတ်ကြ.. ဝတ်ပုံစားပုံထူးခြားနေသဖြင့် မနည်းကို အကဲခတ်ကြည့်ရနှင့် အတော်လေး ရှုပ်သွားကြလေသပေါ့ကွယ်...

အဲသည့်နေ့က ထောက်လှမ်းရေးချုပ်ဦးမိုးသား.. အသင်းသားချုပ်ကြီးဒေါ်ခေါင်.. ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဦးပေါညီ.. အယ်ဒီတာချုပ်တို့နဲ့ တွေ့ဆုံဖြစ်ခဲ့ကြပါသည်.. (ဧည့်သည်တော်အနေဖြင့်ပါဝင်သူများလည်း ရှိပါသည်.. မဒမ်လောင်းတွေ အမျိုးသားလောင်းတွေပေါ့လေ.. ဘယ်သူတွေမှာ ပါတာလဲတော့ ပြောတော့ဘူး.. တော်ကြာ ဆင်ဆာအဖွဲ့က ဒီပို့စ်ပေးမတင်ပဲနေဦးမယ်).. ငှက္ကဌကြီးဦးအန်ဒီမှာ အကြိမ်ကြိမ်ဖုန်းဆက်ချိန်းဆိုပါသော်ညား... အလုပ်အင်မတန်များနေသောကြောင့်မလာနိုင်ခဲ့ပါ ..(အလုပ်များတယ်ဆိုတာ သူပြောတာပဲ.. ဟုတ်မဟုတ်တော့မသိ)..

ငတိက ပြောကြားခဲ့သော အမှာစကားမှာ - ဒီတစ်ကြိမ်တွေ့ဆုံပွဲမှာ ပဏာမတွေ့ဆုံခြင်းသာဖြစ်ကြောင်း.. နောက်တစ်ခါမှ သေချာပြန်လည်ချိန်းဆိုပြီး ရန်ကုန်ရှိလူစုံတက်စုံ ဆွေးနွေးကြပါမည့်အကြောင်းနှင့် နာယကကြီးအမှာတော်ရှိထားသည့်အတိုင်း မြို့ပြင်တစ်နေရာသို့ သွားရောက်မည်ဖြစ်သဖြင့် နောက်တကြိမ်တွင်တော့ အားလုံးမပျက်မကွက်တက်ရောက်စေလိုကြောင်း.. ဂေဟာတွင်းဘတ်ဂျက်အခြေအနေမကောင်းပါက ငတိကိုယ်တိုင် စိုက်ထုတ်စပွန်ဆာပေးမည့်အကြောင်းများကို ပြောကြားသွားခဲ့ပါသည်.. ထို့နောက် လိုအပ်သည်များကို မှာစား၍ ထောက်ခံစရာများကို ထောက်ခံ၍ အစည်းအဝေးကိုရုတ်သိမ်းခဲ့ပါသည်ရှင့်..

Thursday, March 19, 2009

နှစ်သစ် သင်္ကြန်ကြိုဆိုခြင်း

အခု တစ်လော ပေါဂေဟာ လူဂျီးမြင်းများ ကမ္ဘာ့ စီးပွားရေး ကဒ်နဲ့အတူ ရောယောင်ပြီးအကြီးအကျယ် စိတ်ထိခိုက်နေကြတယ်နဲ့တူတယ်။

အချို့အချို့တွေကျတော့လည်း စာမေးပွဲရှိလို့တဲ့
အချို့အချို့တွေကျတော့လည်း ဟောလီးဒေး ပြည်တော်ပြန်သတဲ့
အချို့အချို့တွေကျတော့လည်း ပလာစတာကိစ္စ..ကော်ကိစ္စတွေနဲ. ရှုပ်နေကြဟန်တူလေရဲ..
အချို့အချို့တွေကျတော့လည်း မွေးနေ့ပွဲတွေ၊ အလုပ်တွေနဲ့ ယောင်နေကြတယ်လို့လည်း သိရတယ်။
(မမ ဘာမှပြောဘူးနော် . . . . မသိသလိုလေးဘဲ နေနေတာ . . .)

မမ ကတော့ လာမဲ့ မြန်မာ နယူးယားအတွက် ကဲဘို့ ပြင်ဆင်နေတယ်။ လာသမျှ စာတွေ ဖောက်လိုက်ရင် ၀ံကြီးဌာနတွေက ဖိတ်ထားတာနဲ့ ရုပ်ရှင်၊ သရုပ်ဆောင်တွေ မယ်တော်တွေက ဖိတ်ထားကြတာနဲ့။ သင်္ကြန်လေး ရှိတာမှ ၃ ရက်တည်း မမ ဘယ်နှစ်ကိုယ်များ ခွဲပြီး သွားရပါ့ မလဲ လို့
(အယ် တိုးတက်နေတဲ့ ခေတ်ကြီးမှာ ကိုယ်ခွဲစရာလား . . . ကိုယ်လုံး လုပ်ပြီး ပွားလိုက်မှာပေါ့ နော်)

ဟိုမရောက် ဒီမရောက်ရင်လည်း မျက်နှာပျက်စရာတွေ ဖြစ်အုံးမယ်လေ ဟူး . . . နာမည်ကြီး ဖြစ်ရတာကလည်း တကယ် တကယ်ကျတော့လည်း လွတ်လပ်မှုတွေ တကယ်ဆုံးရှုံးတာဘဲ။ အားလုံးကို ဥပက္ခာပြုပြီး ဂေဟာအတွက် ရေပက်မဏ္ဍပ်တစ်ခု လုပ်ချင်တယ်။

စိတ်ဝင်စားသူများ လိုအပ်သလိုအရေးတယူ မှာစား စာရင်းသွင်းနိုင်ကြပါကြောင်း။

မဏ္ဍပ်အမည်- ရင်ထဲဗလာ ပေါဂေဟာ

မဏ္ဍပ်နေရာ- U.K.(Upper kanaungto)

ဘာမဆို U.K မှ ဆိုလို့များ တို့လည်း U.K နိုင်ပါတယ်နော် . . .ဟွန်း

ဖွင့်လှစ်မည့်ရက်စွဲ- ၂၀၀၉ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့မှ ဧပြီလ ၁၈ ရက်နေ့ထိ

ကြိုဆိုရေး -sugar မင်း သို့မဟုတ် suger king ကို Hip Hop band များက ထိန်းမနိုင် သိမ်းမနိုင် အကများဖြင့် ဖြေဖျော်ကြိုဆိုရန်၊

အထူးလုံခြုံရေးအစီအစဉ်ဖြင့်၎င်း သယ်ဆောင်လာသော Hip Hop Band များကို out of service
ဖြစ်စေရန် အချိန်ပြည့် ကာဗာ ဆားဗစ် လုပ်နိုင်ရန် ဂေဟာမှ စီစဉ်ထားကြောင်း။

ဝတ်စုံ - ကိုးရီးယား ဒီဇိုင်း၊ တရုပ်ပြည်ဒီဇိုင်းများ ရိုးအီနေပြီဖြစ်သောကြောင့် ဂေဟာမှ ၀န်ထမ်းများအတွက် မိုင်၉၀ အကွာမှ ကွင်းကွင်း ကွက်ကွက် လင်းလင်းလက်လက် မြင်စေရန်အလို့ငှာ
သစ်ရွက် အစိုများဖြင့် စနစ်တကျပြုလုပ်ထားသော တာဇံ အကျီ င်္များအား အထူးမှာကြားပြီးဖြစ်ကြောင်း၊
(အနောက်တိုင်း ယဉ်ကျေးမှုကိုပယ်ဖျက်၍ အရှေ့တိုင်းကိုသာ ဦးစားပေးထားကြောင်း အနောက်က တိုင်းစရာမလို၍ ဖြစ်ပါသည်။)

ဝတ်စုံများမှာ မိန်းမ၀တ် နှင့် ယောက်ကျားဝတ် ဟူ၍ ခွဲခြားထားခြင်း မရှိကြောင်း (ရောင်းရန်လုံးဝ မရည်ရွယ်ပါ)
အကယ်၍ ဈေးကွက်များတွင် တွေ့ရပါက သက်ဆိုင်ရာ ဌာနဆိုင်ရာဝံကြီးများ အကြံအဖန်လုပ်ထုတ်၍သာ ဖြစ်ကြောင်း)

(သတိ- သစ်ရွက်ခြောက်လျှင် ကော်ပီ သာဖြစ်သည်)

မဖြစ်မနေရံပုံငွေ - မဏ္ဍပ်ကြီးဖြစ်မြောက်ရေးအတွက် ဒေါ်လာစား များအားမျှော်ကိုးပြီး စင်္ကာပူဒေါ်လာ ၁၀၀၀ မှစ၍ ရှိလျှင် ရှိသလို ထည့်နိုင်ကြောင်း၊

(ပေါဂေဟာမှ ရာထူးကြီးကြီး ရထားသော ၀ံကြီးများက အပြိုင်အဆိုင် အားရပါးရ စေတနာများ ထက်သန်စွာဖြင့် အလုအယက် လှူဒန်းကြမည်ဟုလည်း ယုံကြည်ထားပါကြောင်း . . ဂေဟာ ရန်ပုံငွေအတွက်လည်း စိတ်မအေးဖွယ်ရာများ ထပ်ကြုံရန်လည်းရှိကြောင်း။

ပျော်ရွှင်ရပိုင်ခွင့် - ရောင်စုံရေပိုက်တစ်ခုကို ၁၀ မိနစ်ကို စင်္ကာဒေါ်လာ ၅၀၀ ဖြင့် credit card or cash ဖြင့် လွယ်လင့် တကူပေးနိုင်ရန်၊ cash machine, ATM စက်များ မဏ္ဍပ်အတွင်း ထားရှိကြောင်း၊ ငွေသားများ ရေစို ပေါက်ကွဲ စုတ်ပြတ် မည်ကိုစိုးရိမ်၍ ပလပ်စတစ် ကာဘာများနှင့် အထပ်ထပ် လုံခြုံစိတ်ချစွာ စီမံထားပါသဖြင့် မလုပ်တတ် မကိုင်တတ်ဖြစ်နေလျှင် နီးရာဝန်ထမ်းအား အကူအညီတောင်းနိုင်ရန် အဆင်သင့် ရှိကြောင်း၊

(ဂေဟာဝန်ထမ်းများနှင့်အတူ ပတ်သက်ရာ ပတ်သက်ကြောင်း အတွယ်အတာများပါလာလျှင် ပလပ်စတစ်ရေပုံးနှင့် နို့ဆီခွက်များလည်း အလုံလောက်စီစဉ်ထားကြောင်း)

အစီအစဉ်များ - ကြွရောက်လာသမျှ 7 ရက်သားသမီးများ လွယ်လင့်တကူ စားသောက်နိုင်ရန် ဆန်ပြုတ်များကို ကျွတ်ကျွတ်အိတ်ဖြင့်ထည့်၍ အဆင့်သင့် ချိတ်ဆွဲထားကြောင်း၊ တန်းစီစရာ မလိုအောင် တစ်ယောက် တစ်ထုတ်နှုန်းဖြင့် ယူနီဖောင်းပြည့် ၀န်ထမ်းများက အပီအပြင် ၀န်ဆောင် ကြီးကြပ် စီမံ့ ပေးထားကြောင်း၊

အလွန်ဆာနေသောအချိန် အားရပါးရ စားသုံးနိုင်ရန်အတွက် အိုက်စကလင် များကိုလည်း သက်ဆိုင်ရာကောင်တာတွင် မှာစားနိုင်ကြောင်း၊

အုန်းသီး၊ ဖရဲသီး၊ ပိန္နဲသီး နှင့် ဒူးရင်းသီးများကို self service ဖြင့် ကိုယ့်ခွန်၊ ကိုယ့်အားဖြင့် နွှစားနိုင်ရန်လည်း အသင့်ထားပေးကြောင်း၊

မဏ္ဍပ်အတွင်း မူးယစ်သောက်စား ရမ်းကားခြင်းလုံးဝ မလုပ်ရန်အလို့ငှာ၊ မဏ္ဍပ်ဘေးတွင် လွတ်လပ်စွာ လုပ်နိုင်ကြောင်း နေရာ သတ်မှတ်ထားရှိ၊

ဖျော်ဖြေရေးများအတွက် ဆဲရန်ရှိ အစီအစဉ်ဖြင့် ၀ံကြီးများမှ ပါမစ်ချပေးရန် စောင့်ဆိုင်းနေပါသည်။
(သေချာလျှင် ထပ်မံကြေငြာပါမည်)

နှစ်ဆန်းတစ်ရက်နေ့တွင် သက်ကြီးရွယ်အို စာရင်းအရ ငှက်ကဌ၊ နာယကကြီး၊ ၀ံကြီးချုပ်၊ အသင်းသားချုပ်ကြီးနှင့် ၀ံကြီး အချို့အား ကတုံး တုံးရန် နှင့် ခြေသည်း လက်သည်းများကို ဂျပန် ခွာနည်းဖြင့် ပူဇော်မည်ဖြစ်ကြောင်း၊

ဧည့်သည်များ ယခုလို အင်တာနက်တွင် တင်လိုက်ပြီးသကာလ-ကိုနေကိုတိုး၊ အိန္ဒြာကျော်ဇင် ၊ မိုးဟေကို၊ ဖြိုးဝေစိုး၊ ပြေတီဦး တို့နှင့် အခြားမယ်တော်၊ ရုပ်ရှင်သရုပ်ဆောင်များသည်၎င်း၊ victoria Backham, Paris Hilton မှ သည် Ronadol7 etc နှင့် Prince William, Obama တို့မှ လာရောက်ရန် လျှောက်လွှာများနှင့် မိသားစုများသော brit pitt တို့အတွက် ဂေဟာမှ အလွန်ခေါင်းကိုက်စွာ လက်ခံရန် စဉ်းစားနေရပါကြောင်း၊ များတို့ ဂေဟာက မြန်မာမှု မြန်မာ့ ဟန်စစ်စစ်ဖြင့် ဖန်တီးထားသော် မဏ္ဍပ်ဖြစ်ပါ၍ နိုင်ငံခြားယဉ်ကျေးမှုများ မပါဝင်စေရန် ရည်ရွယ်ပါကြောင်း (သူတို့လာရင် ပေါက်ကရတွေ လုပ်ကြအုံးမှာ)

ရေပက်ခံထွက်လိုသော လူများအတွက် ထိုင်းနိုင်ငံမှ သုံးဘီးများကို ဘန်ကောက်မြို့တွင် နေထိုင်သော အသင်းသားက တစ်ပတ် တစ်စီးနှုန်းဖြင့် ချင်းမိုင်းမှ အဆင့်ဆင့် လိုင်စင်ပျောက် ကိုယ်တိုင် မောင်းယူလာမည်ဖြစ်ကြောင်း။

ဤကဲ့သို့ ဂေဟာ အတွက် အကြီးစားစီမံ ခန့်ခွဲမှုများဖြင့် မြိုင်ဆိုင်နေသောမဏ္ဍပ်မှာ နောက်ဆုံး အထူး အစီအစဉ်အနေဖြင်..

အကယ်၍ မပြောကောင်း မဆိုကောင်း အခိုက်အတန့်လေး မီးများမလာခဲ့သည် ရှိသော် ဓါတ်အားလေးများ ဖုတ်ကနဲ့ စက္ကန့်ဝက်လောက် ကျသွားခဲ့သည်ရှိသော်၊ ရောင်စုံ မော်တာပိုက်များ ဈေးကြီးပေးပြီး အပီအပြင် မြန်မာ့ ရိုးရာသင်္ကြန်ကို ကြိုဆိုခံစားနေကြသော မိကောင်းဖသား လူဂျီးများ အီလက်ထရိုက် ကြောင့် စိတ်အနှောင့် အယှက်မဖြစ်စေရန်အလို့ ငှာ မမ တို့ မဏ္ဍပ်ကို နီးစပ်ရာ U.K ဆိပ်ကမ်းတွင် ဆောက်လုပ်ရန် စီစဉ်ထားပါကြောင်း၊ နို.ဆီခွက် ပလပ်စတစ်ရောင်စုံပုံးများနှင့် သရက်ရွက်၊ ပိန္နဲရွက်များကိုလည်း အကုန်အကျများစွာ စီစဉ်ထားကြောင်း

လိုအပ်သည်များကို ထပ်ဆင့် မှာစားနိုင်ရန်အတွက် ဂေဟာမှ သက်ဆိုင်ရာဝံကြီးများအား
ပါမစ်ချပေးပါရန် တင်ပြလိုက်ရပါသည်။
ကေလာမမ

Friday, January 23, 2009

ဝမ်းနည်းကြောင်း မှတ်တမ်း

ဤငပေါဂေဟာ၏ ကမ္ဘာငတိကြီးဖြစ်သူ ဦးဂျဲဂျယ်တစ်ယောက် သူ၏ N73 ကြီးပျောက်သွားသဖြင့် ဝမ်းနည်းကြေကွဲခံစားနေရသည်ကို စာနာသောအားဖြင့် ရောက်ရှိသူများ ဤဝမ်းနည်းကြောင်းမှတ်တမ်းကြီး၌ လက်မှတ်ရေးထိုးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်..ဟီဟီ..။
ကောမန့်တွင်လက်မှတ်ရေးထိုးနိုင်ကြပါသည်...။

Monday, January 19, 2009

ငှက်ကထကြီး ရန်ကုန်ဘလော့ဂါများအား သွားရောက်တွေ့ဆုံ၊ လိုအပ်သည်များ မှာစား၊ မူးရမ်းခဲ့

မြန်မာပြည်တွင် ချစ်ကြည်ရေးခရီးစဉ် အလည်အပတ် ရောက်ရှိနေသော… အိပ်မက်ပြည့်ရှင် ဆရာမကြီးမက်မက်၏ ဖိတ်ကြားချက်အရ… ရန်ကုန်ရှိဘလော့ဂါများ၏ မိတ်ဆုံပွဲသို့ တက်ရောက်သော ငပေါများဂေဟာ ငှက္ကဋ္ဌကြီးမောင်အန်ဒီသည် ရေချိန်လွန်ကဲ သွားသောကြောင့် အိမ်ပေါ်သို့လေးဘက်ထောက်တက်ရကြောင်း သတင်းရရှိသည်။

သတင်းအစုံလင်မှာ… စင်ကာပူရှိ အိပ်မက်ပြည့်ရှင်ဆရာမကြီးမက်မက်သည် ပြည်တွင်း (ရန်ကုန်မြို့) ရှိ ဘလော့ဂါများ ရင်းနှီးကျွမ်းဝင်စေရန် ရန်ကုန်မြို့ မလျှို့ဝှက်တဝှက် တစ်နေရာ၌ပြုလုပ်သော ဘလော့ဂါများတွေ့ဆုံဧည့်ခံပွဲ၌ ငပေါများဂေဟာ ကိုယ်စားလှယ်များ အဖြစ် ငပေါများဂေဟာ၏ ဂုဏ်ထူးရှော်ငှက္ကဋ္ဌကြီးမောင်အန်ဒီနှင့် လူဝံမှုကြီးကြပ်ရေး (မျောက်ဝံမဟုတ်ပါ) ဝန်ကြီး ဂျူဝသုန်(ခေါ်) ခပ်ညံ့ညံ့ကောင်တို့တက်ရောက်ကြသည်..။

အဆိုပါဧည့်ခံပွဲသို့ ရန်ကုန်ရှိအားယားနေသော ဘလော့ဂါများ၊ အချို့မှာ မအားသော်လည်း ကျွေးမွေးဧည့်ခံစရိတ်ငြိမ်းဖြစ်သဖြင့် "နိပ်ဟ" ဟု အတင်းအားကာ တက်ရောက်လာသူများ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်…။

ပထမဦးစွာ စီစဉ်သူဆရာမကြီးမက်မက်မှ ပွဲကျင်းပရခြင်းအကြောင်းရင်းကို အနည်းငယ် ရှင်းလင်းပြောကြားပြီးအခမ်းအနားကို ကော်ဖီများကိတ်မုန့်များဖြင့် စတင်ဖွင့်လှစ်၏…။ ထို့နောက် တက်ရောက်သူတစ်ဦးချင်းဆီမှ မိတ်ဆက်စကား အနည်းငယ်မြွက်ကြားကြသည်။ ထို့နောက်ဘလော့ဂါများမှာ အွန်လိုင်းတွင်သာ အချိန်ကုန်ကြပြီး ရန်ကုန်မြို့ကိုမရောက်ဖူးသော
တောသားများဖြစ်ကြသောကြောင့် ဆရာမကြီးမက်မက်မှနေ၍ ဘလော့ဂါများအား
ရန်ကုန်မြို့အနှံ့မော်တော်ကားဖြင့် လှည့်လည်ပြသပြီး ကန်တော်ကြီးတွင်
ဂိမ်းကစားနည်းများဖြင့် တည်ခင်းဧည့်ခံပြန်၏…။

ထို့နောက်နောက်ကျမှရောက်ရှိလာသော (စီစဉ်သူတစ်ဦးလည်းဖြစ်သည့်) လူဝံမှုဝန်ကြီး ဂျူဝသုန်(ခေါ်) ခပ်ညံ့ညံ့ကောင် မစားမသောက်လိုက်ရသည်ကို စာနာထောက်ထားပြီး ၄င်းမိတ်ဆုံစားပွဲကို ရန်ကုန်မြို့ ထရိတ်ဒါးဟိုတယ်နှင့် မလှမ်းမကမ်းရှိ လေးဘမ်းဟိုတယ်သို့ ပြောင်းရွှေ့ကြပြန်၏…။ (အမှန်မှာ သူလာလာမလာလာ ၁၉လမ်းသို့ ရွှေ့ကြမည်သာတည်း။ ဤကားစကားချပ်)

ထိုလေးဘမ်းဟိုတယ်တွင် မိန်းကလေးများအတွက်စားဖွယ်ရာများနှင့်ရေခဲရေ…၊
ယောင်္ကျားလေးများအတွက် ဝီစကီနှစ်တောင့်နှင့် ဘီယာသောက်ချင်သလောက်
စီစဉ်ပေးထားလေရာ… အလုပ်ပြုတ်၊ ဘိုင်ကျ၊ လောလောဆယ်မိဘလုပ်စာ ထိုင်စားနေရရှာသော ငပေါများဂေဟာငှက္ကဋ္ဌကြီးမောင်အန်ဒီခမျာ "မသောက်ရတာကြာပြီ။ ယနေ့တော့ အလှူရှင်ဒါယကာတွေ့တုန်းနှံလိုက်မည်" ဟူ၍နှံလိုက်ရာ အလုပ်ပြုတ်၊ ဘိုင်ကျ
မသောက်တာကြာပြီဖြစ်သဖြင့်"လစ်မစ်"ကျဆင်းလျက်ရှိနေသောကြောင့်…
စည်ဘီယာလေးခွက်နှင့် ဝီစကီလေးပက်မျှအကုန်တွင် ဦးခေါင်းအဝီစိထိုးနေသဖြင့်
(လူဝံမှုဝန်ကြီး၏အဆိုအရ) တက္ကစီပေါ်သို့ ထမ်းတင်ပေးလိုက်ရသောဟူသတတ်…။

ငှက္ကဋ္ဌကြီး၏ပြောရေးဆိုခွင့်ရ ကိုယ်ရေးအတွင်းရေးမှုး လီဒါဟေးကမူ
ထိုမှအပြန်တွင် ငှက္ကဋ္ဌကြီးမှာ အိမ်ပေါ်သို့လေးဘက်ထောက်ပင်တက်ရကြောင်း…၊
သို့ရာတွင်နောက်နေ့ အိမ်ပေါ်မှလေးဘက်ထောက် မဆင်းရသည်မှာကံကောင်းကြောင်း…။
ယခုအခါတွင် ငှက္ကဋ္ဌကြီးမှာ အခြေအနေကောင်းမွန်စွာရှိနေကြောင်း…၊ သို့ရာတွင်
ဘိုင်ကျရောဂါစွဲကပ်နေသဖြင့် အွန်လိုင်းနှင့် ငပေါဂေဟာအရေးကိုလောလောဆယ်
လှုပ်ရှားဆောင်ရွက်နိုင်ခြင်းမရှိကြောင်း စသည်ဖြင့် ရှင်းလင်းဖြေကြားသည်…။

နောက်ဆက်တွဲသတင်းအနေဖြင့်အဆိုပါ ဧည့်ခံပွဲအပြီး (ငှက္ကဋ္ဌကြီးပြန်အပြီး အတန်ကြာမှပြီး) တွင် ငပေါဂေဟာ၏ လူဝံမှုဝန်ကြီးမှာ ရေချိန်အဆမတန်လွန်ကဲသဖြင့် ထမ်းစင်ဖြင့်ပင် ထမ်းထုတ်ရကြောင်းကိုလည်းခိုင်လုံသော သတင်းရပ်ကွက်များမှသတင်းရရှိသည်…။
ထိုပွဲတွင်ထမ်းထုတ်ရသောဘလော့ဂါ အများအပြားပင်ရှိကြောင်းကို အဆိုပါ လေးဘမ်း ဟိုတယ် ရှိ အမည်မဖေါ်လိုသူ ဝန်ထမ်းတစ်ဦးမှလည်းပြောကြားသည်..။

မှတ်ချက်။ ။ ငှက်ကထဂျီးနှင့် လူဝံမှုကြီးကျပ်ရေးဝံဂျီးတို့၏ စွမ်းစွမ်းတမံ ဆောင်ရွက်ချက် များအတွက် ဂေဟာက အထူးပင် ဂုဏ်ယူဝမ်းမြောက်ကြောင်း .. ရှေ့ဆက်၍ ဒီ့ထက်ပိုမို စွမ်းဆောင်ကြရန် နာယကဂျီးမှ ဝင်ရောက်နှမ်းဖြူးပဏာယူလိုက်သည်။

Saturday, January 17, 2009

လတ်တလော အတင်းထုတ်ပြန်ခြင်း

ှက်ကထတစ်ယောက်သည် ငပေါဂေဟာအတွက် စွမ်းစွမ်းတမံ ကြိုးပမ်းလုပ်ဆောင်ရန်အတွက် လက်ရှိလုပ်ကိုင်နေသော ဟိုကလိ ဒီကလိ နှင့် ချက်တင် ထိုင်ချက်နေသော ရာထူးမှ ရုံးရှိ အရာရှိကြီးများ အောက်ကျို့ခံ တားမြစ်နေသည်ကြားမှ ရင်ကော့ပြီး (ငှက်ကထ ပြောတာပဲ ကိုယ်မှ မမြင်ရတာ) ၁၀၉/၁၁၀ ရာထူးနှင့် ငပေါဂေဟာ ငှက်ကထရာထူးအား ပူးတွဲထမ်းဆောင်ရန် ထွက်စာတင်ခဲ့သည်ဟု ခိုင်လုံသော သတင်းရပ်ကွက်မှ ပြောရေးဆိုခွင့်ရှိသူ ငှက်ကထကိုယ်တိုင်မှ ပြောကြား

နာယကဂျီးသည် အသက်ထွက်ခါနီးဆဲဆဲတွင် ငပေါဂေဟာသူ ဂေဟာသားများအား များများဆက်ပေါကြပါဟု မှာကြားပြီးမှ ဆန့်ငင်ဆန့်ငင်ဖြင့် ထွက်မည့်အသက်မထွက်ဘဲ ကြမ်းမာရေးဝန်ကြီး၏ ဆေးကြမ်းအရ အေဘီစီဘီယာ တလုံး နှင့် ဂျီးနပ်စ်ဘီယာတလုံးကို တိုက်လိုက်ရာ နေပြန်ကောင်းစပြုလာပြီဟု ရုပ်တည်နဲ့ နာယကကိုယ်တိုင် သတင်းထုတ်ပြန်

သဘာငတိတစ်ယောက် ဘလော့ရွာထဲတွင် မျက်စိသူငယ် နားသူငယ်နဲ့ ဘာလုပ်လို့ ဘာလုပ်ရမှန်းမသိ ဖြစ်နေပြီး ခေါင်းထဲမှာလဲ ဗလာနထိ ဘာမှ မရှိဖြစ်တဲ့ အပြင် လူရော ခေါင်းရော ထုံနေပါပြီဖြစ်ကြောင်း၊ တခါတရံ ဘီယာစုန်မျောနေကြောင်း၊ ရုပ်တည်နဲ့ တွေ့သမျှ ကောင်မလေးတွေကို ရည်းစာအတင်းလိုက်ပေးနေကြောင်း၊ အခုတော့ ရထားတစီးနဲ့ ခရီးထွက်သွားပြီး၊ ရော်ရွက်ဝါလို့ လေယူရာလွင့်နေကြောင်း၊ ပါးစပ်ကလဲ အချစ် အချစ်ဟု တိုးတိုးလေး ရွတ်ဖတ် သရဇ္ဈယ်(ပူဇော်)နေကြောင်း ပြောရေးဆိုခွင့်ရှိသူ မဒမ်လောင်းလေးမှ အကျယ်တ၀င့် မကျဉ်းမကျယ်ပြောကြား

တွင်း ၁ ဤ အခြေအနေမှာ မသိရှိရသည်မှာ များစွာကြာမြင့်ရပြီဖြစ်ကြောင်း လူတည်ဂိုဏ်းမှ လုပ်ကြံ သတ်ဖြတ်ခံရပြီဟုလဲ သတင်း သိုးသိုးသန့်သန့် မသိုးမသန့် ကြားသိရကြောင်းသိရှိ

တွင်း ၂ မှာ ရုတ်တရက် ကျရောက်နိုင်ဖွယ်ရှိသော လူတည်ဂိုဏ်းရန်အား ကာကွယ်နိုင်ရန်၊ သိုင်းကျမ်းကြီးမြောက်များစွာ ရေးသားရန် ဂူအောင်း ပြုစုနေကြောင်း၊ သဘာငတိမှာ စောက်ပျင်းတစ်နေသဖြင့် ရုံးတွင်းရှိ အလုပ်ပေါင်းမြောက်များစွာ တစ်ယောက်တည်း ပြုလုပ်နေရသဖြင့် မည်တွန်တောက်တီးနေကြောင်း၊

အမှုရှောင်မှာ နာမည်သစ်ပေါင်း မြောက်များစွာနဲ့ ပျော်ရွှင်စွာ တိုင်ပတ်နေကြောင်း၊ ဥပမာ ဂျေမီရဲ့ ညီမ ဂျေပီ JP (ထို နာမည်၏ ရာဇ၀င်ကို သိသူ အနည်းငယ်သာရှိ) ဟု၍ စသော နာမည်ပေါင်းမြောက်များစွာဖြင့် တိုင်ပတ်နေကြောင်း၊ ယခုလောလောဆယ် ပေါက်စီ စားချင်နေကြောင်း၊ လမ်းမှာ တွေ့တဲ့ သူတွေကိုလဲ သူမလွမ်းနေကြောင်း ရပ်ဝေးတစ်နေရာရှိ ဂျေပီ နာမည်ပိုင်ရှင်အား ပြောကြားပေးရန် အတင်း လူကြုံပါးနေကြောင်း သူမ အကြောင်းသိသူ တစ်ဦးမှ လျှို့ဝှက်စွာ အတင်းကာရောပြောကြား

အတင်းသားချုပ်မှာ သူမ မိုးချုပ်နေသော အသားနဲ့ မလိုက်ဖက်စွာ အလွန်လှပသော ဖိနပ်များအား သူမ၏ ပြောရေးဆိုခွင့်ရှိသူအား တဖက်လှည့်နဲ့ ၀ယ်ခိုင်းနေကြောင်း၊ အခုရက်ပိုင်း ကိုမာနကို ချောင်ထိုးထားကြောင်း၊ သူမ၏ သတိုးသားလောင်းလေး ဒိုလေးမှာလည်း ပြောင်းရွှေ့ခြင်းကြောင့် အလုပ်ရှုပ်နေကြောင်း ခိုင်လုံသော သတင်းရပ်ကွက်မှ ပြောကြား

အကျန်ပေးအရာရှိမှာလဲ ငပေါဂေဟာအား အကျန်မပေးပဲ ရှိသမျှအကျန်တွေအား တစ်ယောက်တည်း ကျိတ်ဝါးနေကြောင်း သတင်းရရှိ

ဝံကြီးဂျုပ်သည် ဂေဟာရောက်တာ ရက်ပိုင်းပဲရှိသေးပေမဲ့ ဂေဟာ၏ အာဏာအား လုယူသိမ်းပိုက်ရန် အောက်ခြေသိမ်း အလုပ်သမား ဂျက်လီအား ခေါ်ယူမွေးစားနေသည်ဟု ၀ံကြီးဂျုပ်နဲ့ နီးစပ်သူ ၀ံကြီးဂျုပ်ကိုယ်တိုင်မှ ဖွင့်ဟပြောကြား (သူလောက်နီးစပ်တာ ရှိဦးမလား)

ကူးသန်းဝံကြီးမှာ တာဝန်တခုနဲ့ ဇာတိမြေသို့ အလွမ်းတွေ ကူးသန်းသွားကြောင်း၊ ရုံးသို့ တက်ရောက်နိုင်မည် မဟုတ်ဟု သဘာပတိအား တိုးတိုးတိတ်တိတ် ခွင့်တိုင်သွားခြင်းဖြစ်ကြောင်း သဘာပတိပြောရေးဆိုခွင့်ရှိသူ မဒမ်လောင်းလေးမှ ပြောကြား

ကြမ်းမာရေးဝံကြီးမှာ ပိန်ညှောင်နေသော ကိုယ်ကာယကြောင့် ရာထူးနဲ့ မလိုက်ကြောင်း၊ ယခုအချိန်သည် သူအား ကောင်းကောင်း ထောပနာပြုရန် အချိန်ကောင်းဖြစ်ကြောင်း သူ့အိမ်တွင် မကောင်းဘူးဟုဆိုတော့ ဗုတ်အား အားအားနေ သွားနှိပ်သင့်နေကြောင်း၊ ဟို မဲပုံးလိုတော့ ဗုံးထောင်မည်မဟုတ်ဟု ယူဆရကြောင်း

ဆက်သွယ်ရေးဝံချီးသည် ပေါသူပေါသားများ ဆက်သွယ်ရေး၌ အဆင်ပြေပြေ အသုံးပြုနိုင်ရန် ကလေးကစားစရာ ဟန်းဖုန်းအား top-up card ထည့် အသုံးပြုနိုင်ရန် တီထွင် ကြိုးစားနေကြောင်း ပြောရေးဆိုခွင့်ရှိသူ သူမကိုယ်တိုင်မှ ပြောကြား

ဆယ်မြောင်းဝံကြီးမှာ ရင်ခွင်ပျောက်သူကို အသည်းအသန်ရှာနေကြောင်း တချိန်က နင်ကြင်နာခဲ့သလို အတိတ်ရဲ့ အရိပ်များပဲ ပြန်ရချင်ကြောင်း တောင်းဆိုများကြားသိရသည်။

တရားရေးဝံကြီးမှာ မြင့်မားလှသော အရပ်၊ ကြီးမားလှသော ကိုယ်ကာယနဲ့ သူမ၏ ကျောင်းအတွက် အသည်းအသန် အကကျင့်နေသောကြောင့် မအားလပ်ကြောင်းပြောကြား

ပညာရေးဝံကြီးမှာ အသဲကွဲရောဂါအပြင် ကင်စား၍ရသော ရောဂါရရှိနေသည်ဟုကြားသိရခြင်း၊ မြန်းဂလစ် ဘာသာစကားအား ပေါသူ၊ ပေါသားများအား အသည်းအသန်သင်ပေးရန် ဆန္ဒရှိနေသည်ဟု ထုတ်ဖေါ်ပြောကြွား

ပို့ဆောင်ဝံကြီးမှာ အခုလတ်တလာတွင် သရဲခြောက်ခံနေရသောကြောင့် နာရီတလုံး ဆုံးသွားကြောင်း၊ သူမ၏ ဘာညာကွိကွကလဲ ခပ်ချောချောကောင်လေး သဘာငတိလောက် သတ္တိမရှိကြောင်း ကြားသိရ

ယဉ်ကျေးမှုဝံကြီးမှာလဲ သူ၏အိမ်မှာ မီးပျက်နေကြောင်း၊ ယဉ်ကျေးစွာ ဖဲကစားရာ ဖေတွေ မောင်တွေ ကိုင်တုတ်ကျကြောင်း၊ ယဉ်ကျေးမှုဝံကြီးနဲ့ မအပ်စပ်စွာ တွင်း ၂ ရေးသားသော သိုင်းကျမ်းများဖတ်၍ ငပေါဂိုဏ်းကြီးအား ကာကွယ်ရန် ကြိုးစားနေကြောင်း

လယ်ရာပြန်စားရေးဝံကြီးမှာ ရွာရိုးကိုးပေါက်လျှောက်သွားရာမှ ငပေါဂေဟာသို့ ပြန်မလာတတ်တော့ကြောင်း တွေ့ရှိသူမှ အကြောင်းကြားပေးပါရန် သတိပေးနှိုးဆော်ထားကြောင်း

လူဝင်မှုကြီးကြပ်ရေးဝံချီးမှာ အမိ့မြန်မာပြည်သို့ ပြန်သွားရာ လူထွက်ပေါက်မသိသဖြင့် မေးမိရာ ဓါးကြိမ်း ကြိမ်းခံရကြောင်း၊

သစ်တောရေးဝံကြီးမှာ ကြီး မြန် သစ်ပင် စိုက်ပျိုးလျှင် စီးပွားလည်း ရ လူလည်းဝဆိုတဲ့ ဆောင်ပုဒ်အတိုင်း ကြီးသမျှ အပင်တွေအား ဂေဟာအတွက် ခုတ်ယူရောင်းကျွေးနေခြင်း

ဆောက်လုပ်ရေးဝံကြီးအား ရွာမှ ရုံးချုပ်အား အမြန်အားချင်း ဖြတ်၍ အေးအေးဆေးဆေး နှစ် ၃၀၀ စီမံကိန်းချပေးရန် သဘာငတိမှ စဉ်းစားနေကြောင်း ပြောကြားလိုက်သည်

ထောက်ချုပ်မှာ အိမ်သာတွင်းလိုက်လံ တူးကြောင်း သတင်းတစွန်းတစရရှိ ထို့အပြင် အခမဲ့ ဘာသာရေးစာစောင် ထုတ်ဝေရန် စီစဉ်နေသောကြောင့် မအားလပ်ဟုသိရ

မွေးမြူရေးဝံကြီးမှာ ငှက်ကထနဲ့ ငတိအတွက် နို့စားရေသူမမွေးမြူရာ မအောင်မြင်ကြောင်းကြားသိရပြီး၊ တွင်း ၂ ရဲ့ လက်ချက်ကြောင့် နို့စား ရေသူမတွေ သေဆုံးကုန်ကြောင်းကြား ထင်မြင်ယူဆရကြောင်း ၀ံကြီးမှ ပြောကြား

ပြန်ကြားရေးဝန်ကြီးသည် သတင်းပြန်ကြားရေး အလုပ် မလုပ်ပဲ လက်ဖက်ရည်ဆိုင်ဖွင့်ခြင်း၊ စားကြမယ်ဟေ့ ကောင်းကောင်း အစီစဉ်တွင် အောက်ဆိုဒ်ရှာခြင်း အလုပ်များ စွမ်းစွမ်းတမံ ပြုလုပ်နေကြောင်း သူရဲ့ နီးစပ်သော ဘလော့အသိုင်းအ၀ိုင်းဖြစ်သော သူ့ဘလော့မှာ သွားကြည့်က သိ၍ သဘာပတိမှ ရမ်းဖြီးလိုက်သည်။

နိုင်ငံခြားရေးဝံကြီးသည် မလေးရှားနှင့် စင်ကာပူနှစ်နိုင်ငံ ရောက်ဖူးသဖြင့် နိုင်ငံခြားရေးဝံကြီးဖြစ်သော်လည်း ယခုအခါ ရွာပြန်၍ မဒမ်လောင်းလေးဘေးတွင် ကပ်ချွှဲ ပတ်ချွှဲ လုပ်နေကြောင်း၊ မင်္ဂလာဆောင် စရိတ်မှာ များပြားလှသဖြင့် မင်္ဂလာဆောင်မည့် ကိစ္စကို မေ့ချင်ယောင်ဆောင်နေကြောင်း သူ၏ ညီဖြစ်သူ ငတိမှ အတင်းဖွလိုက်သည်။

အသင်းသား ပေါကေလာမှာ အသားများအား အစိမ်းစားနေကြောင်း၊ ဗျစ်ရည်လေးသောက်ကာ သူ၏ မမ(ခ) အသင်းသူအား ရစ်ရန်ကြိုးစားစဉ် သူပြန်အရစ်ခံရကြောင်း ခပ်ချောချောကောင်လေး သဘာပတိအား ပြောဆိုတိုင်ကြားလိုက်ကြောင်း


အောက်ဆိုဒ်ရှာနေသော ပြန်ကြားရေးအစား ပါလေရာငပိချက်ဖြစ်သော ခပ်ချောချောကောင်လေး သဘာပတိမှ အတင်းကာရော အတင်းပေါင်းများစွာ ထုတ်ပြန်လိုက်သည်။

Monday, December 1, 2008

ငွေစာရင်ရှင်းတန်း (နိုဝင်ဘာ ၁-၁၂-၂၀၀၈)

နိုဝင်ဘာလအတွက် စာရင်းမှာ ကမ္ဘာ့စီးပွားပျက် ဂယက်ရိုက်နေသဖြင့် လက်ရှိ MOM မှ ထုတ်ပြန်လိုက်သော စည်းကမ်းများနှင့်အညီ လခနှင့်ခံစားခွင့်များ လျှော့ချလိုက်သည်။ ယခုလအတွက်
သဘာပတိကြီး အတွက် စီးတီးဟော(စင်္ကာပူ)မှ ၄ပေပတ်လည် အိမ်သာတစ်လုံး။
နာယကကြီး အတွက် စိန်များဖြုတ်ရောင်း ပြီးသား ငွေဆွဲကြိုးတစ်ကုန်း။
ဥက္ကဌကြီး အတွက် ကားဘက်မှန် တစ်စုံ။ (အိမ်မှာ အလှပြင်ဖို့ မှန်မရှိလို့)
စည်းရုံးရေးအမှုဆောင် အတွက် LOUIS VUITTON ကုမ္ပဏီသို့ အသွားအပြန် တစ်လစာ ဘက်စ်ကားခ။ (ကြည့်ရုံကြည့်ပြီး သားရေကျဖို့)
အတွင်းရေးမှူး-၁ အတွက် နဖူးပြောင်၊ သွားခေါ၊ မျက်စွေ၊ ဆံကောက်၊ ဂျီးထူ အတွင်းရေမှူး တစ်ယောက်။
အတွင်းရေးမှူး-၂ အတွက် ဂျင်ဆန်းမီ။ (ဟဲဟဲ)
အသင်းသားချုပ် အတွက် ဟန်းဖုန်းထည့်သည့် သရေအိတ် တစ်လုံး။
အကြံပေးအရာရှိ အတွက် ရန်ကုန်တွင် ကြိုက်နှစ်သက်ရာလမ်းကို အမှိုက်လှည်းခွင့် ပါမစ်။

ပညာရေးဝန်ကြီး အတွက် ကျောင်းသုံးဗလာစာအုပ် တစ်အုပ်။
မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး အတွက် ငါးမွေးရန် ရေတစ်ဂါလံ။
နိုင်ငံခြားရေးဝန်ကြီး အတွက် ဓာတ်ခဲလေယာဉ် တစ်စီး။
တရားစီရင်ရေးဝန်ကြီး အတွက် ပေါင်ချိန်ဇာတ်လမ်းတွဲ (ကော်ပီခွေ) တစ်စုံ။
ပြန်ကြားရေးဝန်ကြီး အတွက် သတင်းထုတ်ပြန်ရန် A4 စာရွက် အရွက် ၂၀။
လယ်ယာပြန်စားရေးဝန်ကြီး အတွက် လယ်စိုက်ရန် နောက်ချေးမြေသြဇာ တစ်ပုံး။
ထောက်လှမ်းရေးချုပ် အတွက် 9mm ရေသေနတ် တစ်လက်။

တစ်ဦးတည်းသော အသင်းသား အတွက် မှန်ချို သလိပ်ကြေ အသံကြည်ဆေး တစ်ဗူး။ (ထောက်ခံကြောင်း အော်ရန်)။
များလာရောက်ထုတ်ယူနိုင်ကြပါပြီ။
ရက်ကျော်လွန်ပါက အဖွဲ့ဘဏ္ဏာတော်အဖြစ် သိမ်းဆည်းမည်။

ပုံ/
အခွင့်ရ (ယာယီဘဏ္ဏာရေးမှူး)
အတွင်းရေးမှူး-၂
ခေတ္တ စလုံး

အောက်တိုဘာလ ငွေစာရင်ရှင်းတန်း နှင့် နှိုင်းယှဉ်ဖော်ပြသည်။

Wednesday, November 26, 2008

ဏာယကာ့ဂျီး အမေး အဖွဲ့ဝင်တွေ အဖြေ (၁)

၁။ သင့်အနေနဲ့ လူမဖြစ်ဘူးဆိုရင် ဘာတိရိစ္ဆာန်ဖြစ်ချင်လဲ။
၂။ ကြိုက်တဲ့သူ ၃ ယောက်ကို ညနေစာ ဖိတ်ကျွေးခွင့်ရမယ်ဆိုရင် ဘယ်သူတွေကို ဖိတ်ကျွေးမလဲ (သေပြီးသူတွေလည်းဖိတ်လို့ရတယ်နော်)
၃။ ကြိုက်တဲ့လူ ၃ ယောက်ကို နရင်းတီးခွင့်ရမယ်ဆိုရင် ဘယ်သူတွေကို တီးချင်လဲ။
၎။ သင့်နာမည်ကို သင်စိတ်ကြိုက်ပေးခွင့်ရမယ်ဆိုရင် ဘယ်လိုပေးမလဲ (ကလောင်အမည်များကို ဆိုလိုခြင်း မဟုတ်၊ မှတ်ပုံတင်အတွက်သာ)
၅။ အခြေခံဥပဒေထဲတွင် ရူးပေါဂိုဏ်းအတွက် ဖြည့်စွက်ခွင့်ရမည်ဆိုပါက မည်သည့်အချက် ဖြည့်စွက်သင့်သည်ကို အကြံပြုပါ။
၆။ ရယ်စရာပြော၍မှ မရယ်တတ်သောသူများကို မည်သည့်ပုဒ်မတပ်၍ တရားစီရင်သင့်ကြောင်း အကြံပြုပါ။

=========================================================================
သဘာငတိကြီးအဖြေ
၁။ လူမဖြစ်ရရင် ကြောင်ဖြစ်ချင်တယ်.. ကောင်မလေးလှလှလေးတွေ ရင်ခွင်ထဲ ရောက်နိုင်တဲ့ အခွင့်ရေးရှိလို့
၂။ တားတားမေမေရယ်၊ သူ့မေမေရယ်၊ သူရယ်ကို ဖိတ်ကျွေးမှာပေါ့ဂျ။ အဖေတွေက လိုဘူးလေ မေမေတွေပြီးရင် အားလုံးပြီး။ ဟီဟိ
၃။ အရင်ဆုံး မဒမ်လောင်းကို (စိတ်ကူးထဲမှာပြောပါတယ်) အသည်းယားပြီး တီးကြည့်ချင်နေတာ
ပိုက်ဆံကို တီထွင်တဲ့ သူကို သူလုပ်လို့ ဘယ်လောက်ဒုက္ခရောက်နေလဲ စဉ်းစားကြည့်
နန်းညီကို အကိုဒုက္ခရောက်ရင် ပျော်နေလို့လေ နာနာလေးကို တီးချင်နေတာ
၎။ Bay Htal Yong - ဘေထယ်ရောင်း
၅။ ဂိုဏ်းသားများအား လစာ မကြာခဏတိုးပေးခြင်း
ပုံမှန်မပေါသူများအား ကျတော် ငပေါပါဟု အကြိမ် ၁၀၀၀၀ အော်ခိုင်းခြင်း
၆။ အဟမ်းအဟမ်း ကိုယ်လက်ထဲမှာရှိတာပဲ ကိုယ်စိတ်ကြိုက် ပုဒ်မတပ်ပေါ့ လွယ်လွယ်လေးကို
-----------------------------------------------------------------------------------------------------------------------------------
ဏာယကာ့ဂျီး ကိုယ့်ဟာကိုမေး ကိုယ့်ဟာကိုဖြေ
၁။ သားပိုက်ကောင်ဖြစ်ချင်တယ်။ ခုံဆွခုံဆွနဲ့ လျှောက်ပြေးချင်လို့။ စည်သွတ်ဗူးတော့ အလုပ်နဲ့နော်။
၂။ (က) ဗိုလ်ချုပ်အောင်ဆန်း (ပဲပြုတ်နဲ့နံပြားပဲစားမှာဆိုတော့ အကုန်အကျသက်သာတယ်လေ)
(ခ) ဆရာသော်တာဆွေကတော့ သူ့ဟာသူချက်စားမှာဆိုတော့ ကိုယ်လုပ်ပေးစရာမလိုဘူး
(ဂ) နောက်တယောက်ကတော့ ကိုကြီးကျော် ... ဆရာသော်တာဆွေတယောက်ထဲ ဝိုင်းဖွဲ့ရမှာ ပျင်းနေမှာစိုးလို့။ ဒီနှစ်ယောက်နဲ့ဆို ဗိုလ်ချုပ်လည်း သိပ်ပျင်းတော့မယ်မထင်ဘူး။
၃။ ရန်ကုန်ကကားစပယ်ယာတယောက်၊ အပေါက်စောင့်တယောက်၊ အခြောက်တယောက် (ယျေဘုယျဆန်ပေမယ့် အဲ့ ၃ မျိုးကိုတကယ်တီးချင်တာ ဟင်းဟင်း)
၎။ ညွန့်တင်တင်မြမြကျော်ဇံဦးခေါ် လှုပ်လိလှုပ်လဲ့သော်မော်အရည်ပျော်
၅။ ရူးပေါဂိုဏ်းအနေနဲ့လွှတ်တော်မှာ ၆၀ ရာခိုင်နှုန်းနေရာရချင်ပါတယ်။ ကျန်တဲ့ ၄၀ ရာခိုင်နှုန်းကိုတော့ ရူးပေါဂိုဏ်းက ထောက်ခံသူများကိုသာ နေရာပေးပါမယ်။ ပြီးတော့ နိုင်ငံတော်ကို ရူးပေါဂိုဏ်းက တိုက်ရိုက်အုပ်ချုပ်ပါမယ် (ဟီဟိ အရသာရှိလိုက်တာ)
၆။ ရယ်စရာပြောလို့မှ မရယ်တတ်ဘူးဆိုတော့ ဒါကိုယ့်ကိုယ်ကိုယ်သတ်သေမှုပဲ၊ လူသတ်မှုလည်းမြောက်တယ် ဆိုတော့ ပုဒ်မ ၃၀၂ (ကကြီးကနေအ) မသေမချင်းကလိထိုးသတ်သင့်တယ်။
-----------------------------------------------------------------------------------------------------------------------------------
တွင်း-၂ အဖြေ
၁။ အိမ်မှာအလှမွေးခွေး သေးသေးလေးဖြစ်ချင်တယ်။ ဒါမှ သခင်က လမ်းကို ခေါ်သွားရင် စကပ်တိုတိုလေးတွေကို အောက်ကနေမော့ကြည့်လို့ရမှာ။
၂။ ဟစ်တလာ၊ သူ့နှုတ်ခမ်းမွှေး ဘယ်နှချောင်းရှိလဲ မေးကြည့်ချင်လို့၊
အိုင်းစတိုင်း၊ ညနေစာကို ဘာသီအိုရီနဲ့စားလဲ သိချင်လို့
မစ္စတာဘင်း၊ သူတို့နှစ်ယောက်ကို နောက်ခိုင်းပြီး ထိုင်ရီဖို့
၃။ ရုံးက မန်နေဂျာ၊ မျက်နှာလိုက်လို့
ဘက်ခမ်း၊ ပန်နယ်တီဝင်အောင် မကန်တတ်လို့
ဗီလိန်၊ ကျနော့ကို အမြဲတမ်း မဟုတ်တာတွေပဲလုပ်ဖို့ တွန်းအားပေးနေလို့
၎။ လိန်ရတနာပြောင်ပြောင်ဂိန်
၅။ မြို့တိုင်းတွင်ရူးပေါဂိုဏ်းခွဲများ ထားရှိပေးရန်။ ငှဲငှဲငှဲ
၆။ ရယ်စရာက ဘာနဲ့ပြောမှာလဲ။ အင်တာနက်ကနေဖြစ်ဖြစ်၊ ချက်တင်နဲ့ပဲ ဖြစ်ဖြစ်ဆိုရင် ၁၅နှစ်ပဲ။ ပုဒ်မတော့သိပြီးသားဖြစ်မှာပါ။ ဟဲဟဲ။
-----------------------------------------------------------------------------------------------------------------------------------
အမှုရှောင် အဖြေ
၁။ လူမဖြစ်ရရင် ကျားဖြစ်ချင်တယ်.. အင်္ကျီအစင်းကြား ၀ယ်ဝတ်စရာမလိုတော့ဘူးပေါ့.. ခွိခွိ
၂။ ဘယ်သူမှ မကြိုက်ဘူး.. ကိုယ့်ဘာသာပဲ အကုန်စားမယ် (ဒါမျိုး.. ကိုယ်တို့က)
၃။ အကြိုက်ဆုံးပန်းချီကားလေးကို ကိုက်သွားတဲ့ ကျောင်းခန်းထဲက ကြွက် ..
အမြဲတမ်း အကြာကြီးစောင့်ရတဲ့ ဘတ်စ်ကားလိုင်းက လူတွေ
လူတည်ဂိုဏ်းကြီးရဲ့ တည်ထောင်သူ (ရှိတော့ မရှိသေးပါဘူး. ရှိလာရင် အုပ်မလို့)
၎။ ပိန်စော
၅။ ပေါပို့စ်တွေတင်မက.. ပေါကာတွန်းတွေ ပေါဓာတ်ပုံတွေ.. ပေါပန်းချီတွေ.. ပေါဆောင်းပါး.. ပေါဥာဏ်စမ်း.. အင်း ဘာကျန်သေးလဲ .. အဲဒါတွေပါ ရေးကြပါလို့..
၆။ ပုဒ်မ ၁၂၃၅၄၅၉၆၈၇၄၃၆ တပ်ပြီး.. ကလိထိုးသင့်ပါတယ်
-----------------------------------------------------------------------------------------------------------------------------------
ဂျုပ်ကြီး(အတင်းသား) အဖြေ
၁။ ဟမ်းစတား ပိစိကွေးသေးလေး ဖြစ်ချင်တယ်။ ဒါမှ ဂျောင် ဂျို ဂျောင်ဂျား အကုန်သွားလို့ရမှာ။
၂။ ဏာယက ဂျီးရယ် ၊ သဘာငတိ ဂျီးရယ် ၊ ငှက္ကထ ဂျီးရယ်.. ဟိဟိ ကြုံတုန်း ဖားတာ.. လစာတိုးပေးအောင်လို့..။
၃။ ရုံးက ဂျီအမ် ကုလား ရယ်
မန်နေဂျာ ဂျပုရယ်
အက်ဒမင်က ကုလားမရယ်
၎။ ရတနာနုနုထွတ်ထွတ်အုအု
၅။ ရုံးမှန်မှန် တက်ရန်၊ ပိုးစိုးပက်စက် ပုံမှန် ပေါကြရန်
၆။ ပုဒ်မ ၅/၉၆၅၉၈၃၄ မသေမချင်းသရေကွင်းနဲ့ပစ်။
-----------------------------------------------------------------------------------------------------------------------------------
ပြင်ညာရေး အဖြေ
၁။ အိမ်မှာအလှမွေးတဲ့လဒကြီးဖြစ်ချင်တယ်။ဗီး ကပြောတယ် လဒဆိုတာတော်ဝင်မင်းသမီးတဲ့ အဲဟုတ်ပေါင် ။
၂။ သဘာပတိရယ်၊ အတွင်းရေးမှုးရယ်၊ ငှကဥရယ်ကိုခေါ်ကျွေးချင်ဆုံး
၃။ တီးချင်တာမှ တော်တော်လေးကို တီးချင်တဲ့လူတွေရှိတယ်။
အတီးချင်ဆုံး လူကတော့ စုမွန်လေးရယ် ကေလာကိုလေ ပြောစကားဘယ်တော့မှ နားမထောင်ဘူးလေ။ လူတွေစီကနည်းဆို သူတို့တတွေက ထိပ်ဆုံးကလေ သူတို့အမြီးဆွဲထားရတယ်။ စပ်စုတာလေ လွန်ရော။ ဗုံးမမှန်လို့တော်သေး
၎။ ထိပ်ထားထွတ်ထွတ်ညှောင်
၅။ ပက်ပက်စက်စက်ကိုရူးရန် မညာမတာပေါရန် တိုတိုနှင့်ရီစရာတွေတင်ရန် ရုံးအမြဲတက်ကြရန်.ရုံးနောက်ကျသူဆုငွေချရန် အပေါဆုံးလူကိုထောင်ချရန်..တော်ပြီလားမသိ
၆။ ၆၅နှစ်လောက်ဆိုရပါတယ်
-----------------------------------------------------------------------------------------------------------------------------------
အကျန်ပေးအရာရှိ အဖြေ
၁။ လူမဖြစ်ဘူးဆိုရင် မျောက်ဖြစ်ချင်တယ် ဘာလို့လဲဆိုတော့ ငှက်ပျောတီးချားရလို့။
၂။ မေမေရယ် ဖေဖေရယ် အန်တီရယ် ကိုဖိတ်ကျွေးမှာပေါ့ တောင်မလေးတော့ပါဘူး။ အနော်ကသူ့ကိုရှာကျွေးရမှာလေ လိုဘူး
၃။ အနော်ပိုက်ဆံ ချီးပြီးပြန်မပေးတဲ့ ဟိုတောင်ရယ် အရက်အကုန်လုံးကို သူတစ်ယောက်တည်း တောက်သွားတဲ အနော့်ကိုရယ် နေရာတကာ လိုက်ကျပ်တဲ့ အနော့်အမရယ်
၎။ဂိုစ်အော့်ရောခ်- ရောခ်တစေ
၅။ အပေါဂိုဏ်းသားများအနေနဲ့ အပေါဂိုဏ်း အာဏာစက်ကျယ်ပြန့်အောင် ဆောင်ရွက်သင့်ကြောင်း
၆။ ကိုယ်ကြိုက်တဲ့ပုဒ်မတပ်၍ ကမ္ဘာကိုအခါ သုံးဆယ်ပတ် ပြေးသင့်ကြောင်း
-----------------------------------------------------------------------------------------------------------------------------------
အသင်းသား(ကိုကေလာ) အဖြေ
၁။ ခွေးဖြစ်ချင်တယ်. . . ချစ်မမ က ခွေးသိပ်ချစ်တာ
၂။ အိုဘားမား ရယ်. . အိုစမာ ဘင်လာဒင်ရယ်. . ဘက်ကီမွန်းရယ်..
၃။ ဒိုလေးလေ.. မော်ရင်ဟို ..ဂျရက်.. မမ က ဒင်းတို့ဆို အသေကြိုက်နေတာ ...
၎။ ဘလိတ် .. (blade)
၅။ ပေါ်တင်ပေါပါ
၆။ ရယ်စရာပြောလို့မှ မရယ်တဲ့သူကို ငိုစရာ ပြောပီး ရယ်ခိုင်းသင့်သည်
-----------------------------------------------------------------------------------------------------------------------------------
နိုင်ငံခြားရေးဝန်ကြီး အဖြေ (ထပ်ဖြည့်)
၁။ နှုတ်ခမ်းမွှေးကားကားနဲ့ ငါးခူပဲဖြစ်ချင်ပါတယ်။
၂။ ကျတော့ကို ပြန်ကျွေးမည့်သူသာဆိုရင် မည့်သူကိုမဆိုကျွေးချင်ပါတယ်။
၃။ (က) ကျတော့အဖေဖေ(အမေပြောလို့သိတာပါ ဟုတ်မဟုတ်တော့ သူကလွဲပြီးဘယ်သူမှ မသိဘူး) မုန့်ဖိုးပေးတာနည်းလို့ အဖေအရင်းဆိုရင်တော့ မရိုက်ရဲပါဘူး။
(ခ)အလုပ်ရှင်ကို လစာမတိုးပေးလို့ နာနာလေးကိုတီးချင်နေတာ
(ဂ) ကောင်မလေးအိမ်က ခွေးကြီး(ကောင်မလေးဆီ သွားရင်ငနဲသားအတင်းထိုးဟောင်တာ အကောင်ကြီးနေလို့ ကြည့်နေတာ မလုပ်ရဲထင်နေလားမသိပါဘူး ဟင်းဟင်း)။
၎။ "ကို" လို့ပြောင်းလိုက်မှာပေါ့ ဌဲဌဲ
၅။ အသက် ၁၈ ပြည့်ပြီးသူများနဲ့ မပြည့်သေးသူများ ရူးပေါဂိုဏ်းအတွင်း မ၀င်နေရ။
၆။ လွယ်လွယ်လေး အပေါ်နှုတ်ခမ်းနဲ့အောက်နှုတ်ခမ်း တွဲပြီးချုပ်ထားပေးလိုက်ပါ၊
-----------------------------------------------------------------------------------------------------------------------------------
ထောက်လှမ်းရေးချုပ် အဖြေ (ထပ်ဖြည့်)
၁။လူမဖြစ်ဘူးဆိုရင် ဆင်ဖြူတော်ဖြစ်ချင်တယ်။ ဘာပဲဖြစ်ဖြစ် သူက နည်းနည်းတော့ ဇိမ်ကျမယ်ထင်တယ်။
၂။ဗင်းဆင့်ဗန်ဂိုး (သူ့နာရွက်ကို ဘာဖြစ်လို့ ဖြတ်လိုက်တာလဲ သိချင်လို့)
အက်ဒွက်ဘုရင် (ထီးနန်းကို စွန့်ပြီး မိန်းမယူတော့ သူ့မိန်းမက ဘာပြောလဲ မေးကြည့်ချင်လို့)
ရာဇာဓိရာဇ် (လေးစားလို့)
၃။အကြောင်းပြချက် မယ်မယ်ရရမရှိဘဲ ဖြတ်သွားတဲ့ ရည်းစားဦး။
အရက်ကို စပြီး ဖော်စပ်တဲ့ သူ (ဒီလောက်ကောင်းတဲ့ အရက်ကို ချိုအောင် မလုပ်ခဲ့လို့)
ကျွန်တော့်ကောင်မလေးရဲ့ ရည်းစား (သူက ဦးသွားလို့)
၎။သူသျှင် (ရာဇာဓိရာဇ်ကို လေးစားပါတယ်ဆို)
၅။ဂေဟာမှာ ပေါသလို အပြင်မှာ တစ်နေ့ (၅)ခါလောက် အနည်းဆုံးပေါပေးရမယ်။
၆။အဲဒီလိုလူတွေကို တစ်သက်လုံး မရယ်ရဆိုတဲ့ ပြစ်ဒဏ်ပေးရမယ်။
-----------------------------------------------------------------------------------------------------------------------------------
ပျံကြားရေးဝံကြီး အဖြေ (ထပ်ဖြည့်)
၁။ နွားသိုးဖြစ်ချင်တယ် ဦးလေးကြီးတစ်ယောက် ပြောဖူးတယ်..နွားသိုးတို့ ၀က်သိုးတို့ဖြစ်ရတာ ကောင်းတယ်တဲ့ ။ (ဘာကောင်းတာလဲတော့မသိ)
ဝက်သိုးတော့ဖြစ်ချင်ဘူး.. ၀၀ကြီးဆို မလှပဲနေလိမ့်မယ်။ နွားသိုးပဲလုပ်မယ်ဗျ.. အဟီး :P
၂။ ချစ်ရတဲ့ရည်းစားရယ် ၊ အဖေရယ် ၊ အမေရယ်ပေါ့ ။
ကောင်မလေးကို အဖေအမေနဲ့ မိတ်ဆက်ပေး ၊ စကားတွေပြောကြ.. ၊ ကိုယ့်မိသားစုနဲ့သူနဲ့အဆင်ပြေနေရင် ပျော်စရာကြီး.. (စိတ်ကူးယဉ်ယုံသက်သက်ပါ)
၃။ ကတ်စီနိုက ၀န်ထမ်းတွေထဲက သုံးယောက်ကို ရွေးမယ် ။
ဒင်းတို့ငါ့ကို ဖဲကောင်းကောင်းမဝေလို့ ငါ့ဘ၀ ပျက်လုပျက်ခင်ဖြစ်ရတာ :(
၎။ အိုစမာဘားမားဒင်
ဆန့်ကျင်တဲ့လူနှစ်ယောက် ဓာတ်ပေါင်းထားတာ။ အဲလိုနာမည်မျိုးက အရမ်း ထင်ပေါ် ကျော်ကြားတတ်တယ်တဲ့
၅။ ဂိုဏ်းသားတွေ ပေါရဲတဲ့သတ္တိ ပိုရှိလာအောင် မနက်ရုံးတက်တက်ခြင်း အဖွဲ့ဝင်တွေအရှေ့
သဘာပတိကိုယ်တိုင်က ရူးပေါဂိုဏ်းဦးတည်ချက်ကို ကိုယ်တုံးလုံးချွတ်ပြီးကခုန်ဆိုပြပါ။
၆။ ရယ်စရာတွေကို မရယ်တတ်ဘူးဆိုတာ ရူးပေါဂိုဏ်းကို မရိုမသေ၊ မထီမဲ့မြင်၊ မလေးမစား၊ ဂရုမစိုက် ဥပက္ခာပြုတာပဲ။ ဒီလိုလူမျိုးရဲ့ နှုတ်ခမ်းထောင်းစွန်း ၂ဖက်ကို သံချိတ်နဲ့ဆွဲပြီး သူ့နားနှစ်ဖက်မှာတက်ချိတ်ပေးထားရမယ် ။အဲလိုရက်စက်မှ ရူးပေါဂိုဏ်းကို ချစ်ကြောက်ရိုသေလာလိမ့်မယ်။
-----------------------------------------------------------------------------------------------------------------------------------
တရားစီရင်ရေးဝံကြီး အဖြေ (ထပ်ဖြည့်)
၁။ လူမဖြစ်ဘူးဆိုတော့လဲ မထူးတော့ပါဘူး… လူရဲ့  အစဖြစ်တဲ့ မျောက်ပဲလုပ်တော့မယ်… ( လူထက်ပိုမြင့်သွားပြီ ခွိ ခွိ…)
၂။ ၁) ဟစ်တလာ (ငါနဲ့မွေးနေ့တူပြီး ငါ့လိုမပေါလို့ … ပေါတတ်အောင်သင်ပေးချင်လို့ )
၂) ဘီကိတ် (ကျွန်ုပ်ရဲ့  ငယ်ကျွန်လဲဖြစ်… ကျွန်ုပ်သင်ကြားပေးလိုက်လိုီ့လိုပြောင်ပြောင်ယောင်ယောင်ဖြစ်လာတဲ့ကောင်ဆိုတော့ သူပဲညစာအတွက်ရှင်းလိမ့်မယ်လေ… )
၃) နာယကဂျီး (ဒီလိုအမျှော် အမြင်ကြီးလှစွာသော မေးခွန်းတွေမေးတဲ့အတွက်… အမြင်ကတ်ပုဒ်မနဲ့ အစာအဆိပ်ခတ်ပြီး သတ်မလို့… :P )
၃။၁) အတွဲခုတ်နေတုန်း အတွဲလာချောင်းတဲ့အကောင်… (ပြန်ကြားရေးဝံကြီး … သတိထားပါ… )
၂) အိပ်ကောင်းနေတုန်း လာနှိုးတဲ့ အကောင် … ( အော်တိုမစ်တစ်… နရင်းတီးပြီးသားပဲ… that's my habbit.. :)
၃) အရင် အလုပ်က မန်နေဂျာ… (၀က်ခြံပေါက်နေလို့… ခွင့်လေးတစ်ပတ်ယူမိရုံ… customer ကို အမြင်ကတ်လို့ ခြေလေးထိုးမိရုံ… boss ကို boss မှန်းမသိလို့ မောင်းထုတ်မိရုံ(လာရစ်နေတာကိုး) လေးနဲ့ ငါ့ကို အလုပ်ကထုတ်ပစ်လို့…)
၎။ ယမာဥမ္မင်းနွေလေညှင်း…. ( ငှဲ..ငှဲ… )
၅။ ယမမင်းမှအပ ပေါသောသူအားလုံး တစ်ခါပေါလျှင် US ၅၀၀… လာထားကွ… (ငါ့အိတ်ကပ်ထဲ)
၆။ ရယ်စရာပြောတာ မရယ်လို့ကတော့… တည့်တည့်ကို (နဖူး) လောက်လေးဂွနဲ့ အနည်းဆုံး အဖု၃၀ လောက်မထွက်မချင်းပစ်မယ်… (ရှောင်လျှင်ပိုထိ … ဂစ္ဆာမိပဲကွ..)
-----------------------------------------------------------------------------------------------------------------------------------

Sunday, November 23, 2008

နာယကဂျီး စေတနာဝေ အသင်းသားတွေ ကျန်းမာပါစေ

တနေ့သ၌ ကျွန်ုပ်သည် အိပ်ရာက တခါမှ စောစောနိုးလေ့မရှိသော ထုံးစံအတိုင်း နေမြင့်မှနိုးလာကာ နိုးနိုးခြင်း ရုံးနောက်ကျပြီဟူသောအသိနှင့် လူးလဲထပြီးကာမှ ရုံးပိတ်ရက်ဖြစ်ကြောင်းသတိရသဖြင့် အိပ်ရာထဲ၌ ပြန်ခွေရင်း ကျွန်ုပ်တို့၏ ရင်ဝယ်သားသဖွယ်ဖြစ်နေသော ရူးပေါဂိုဏ်းကြီးထံ စိတ်ရောက် သွားလေတော့သည်။ ထို့ကြောင့် နဖူးပေါ်လက်တင်လိုက် .. လက်ပေါ်နဖူးတင်လိုက်နှင့် ရူးပေါဂိုဏ်းကြီးအကြောင်း စဉ်းစားရင်း ၎င်း၏ အနာဂတ်အရေးအတွက် ရင်လေးဖွယ်ရာများကို ရုပ်ရှင်အနှေးကွက် ရိုက်ပြသလို တဖြည်းဖြည်း မြင်ယောင်လာတော့၏။ ထိုအနှေးကွက်များတွင် ... ငှက်ကထ၏ အရက်ပုလင်း ခါးကြားထိုး၍ သိုင်းကွက်နင်းပုံ၊ သဘာငတိ၏ တချိန်လုံးလွမ်းသည်ဟုဆိုကာ မျက်ရည်လည်ရွှဲ ဖြစ်နေပုံ၊ တွင်း ၂ စည်းဝေးခန်းထဲ အိပ်ပျော်နေပုံ (သွားရေများပင် ကျလို့)၊ အမှုရှောင် အသင်းပိုင်ငွေများ ဘုံးကာ တယောက်ထဲ ကြေးအိုးသွားသောက်ပုံ၊ မွေးရေဝန်ကြီးက ကြက်ဥများကို ကြက်မ ဝပ်တာ ကြာသည်ဆိုပြီး ကိုယ်တိုင်ဝင်ဝပ်သဖြင့် ကွဲရပုံ (ကြက်ဥ)၊ ပြင်ညာရေးဝန်ကြီးက တသံလင်းချိတ် မရေးတတ်သဖြင့် သူငယ်တန်းကလေးက ပြန်သင်ပေးရပုံ၊ ပြန်ကြားရေးဝန်ကြီးက သူ့အလုပ်သူ မလုပ်ဘဲ အတွဲလိုက်ချောင်းနေသောကြောင့် ပန်းခြံစောင့်နှင့် ရန်ဖြစ်ရပုံ စသည် .. စသည်ဖြင့် တရေးရေး မြင်လာလေတော့သည်။ ထို့ကြောင့်အိပ်ရာမှ လူးလဲထကာ အသင်းသံယောဇဉ် ဖြင့် မျက်နှာပင်မသစ် သွားပင်မတိုက်ဘဲ အသင်းရုံးတည်ရှိရာ ဒဗလျူဒဗလျှူဒဗလျူဒေါ့ ခရေဇီဗီလာ ဒေါ့ ကိုဒေါ့ စီစီ သို့အပြေး သွားရောက်ကြည့်ရှုမိတော့၏။ ထိုအခါ ကျွန်ုပ် နာယကဂျီးအနေနှင့် မသင်္ကာဖွယ်ရာ များကို သတိထားမိလေ သည်။ ထိုမသင်္ကာဖွယ်ရာများမှာ ဘာ ဟူ၍ အတတ် မပြော နိုင်သော်လည်း ကျွန်ုပ်တို့ ရူးပေါဂိုဏ်းကြီးအား နှောင့်ယှက်ဖျက်ဆီးရန် တစုံတဦး သို့မဟုတ် အဖွဲ့ တဖွဲ့ဖွဲ့က ကြံစည်နေသည်ဟု ကျွန်ုပ်၏ ဖြတ်သန်းခဲ့သော အတွေ့အကြုံများအရ ခံစားမိလေသည်။ ဖြစ်နိုင်သည်မှာ ရုပ်တည်ဂိုဏ်းတဂိုဏ်းဂိုဏ်းက ကျွန်ုပ်တို့ ဂိုဏ်းကိုသပ်လျှိုဖြိုခွင်းရန် ကြံစည်နေပုံ ရသည်ဟု ခန့်မှန်းမိသည်။ အသင်းဝင်တို့၏ လုပ်ရပ်ကိုအားမရ သည့်ကြားထဲ ထိုသို့မသင်္ကာစရာများ တွေ့လာရသဖြင့် ကျွန်ုပ်များစွာ တုန်လှုပ်မိလေသည်။ ထို့ကြောင့် အသင်းဝင် အားလုံး၏ ကိုယ်ရေး အချက်အလက်များကို စုဆောင်းထားရန် အကြံရမိ၏။ ထိုအကြံကို မည်သူ့ထံကိုမှ တင်ပြနိုင်ခြင်း မရှိသည့်အတွက် ကျွန်ုပ်ကိုနားလည်လိမ့်မည်ဟု ထင်ပါသည်။ အသင်း၏ လုံခြုံရေးအတွက် ဖြစ်သော ကြောင့် ကျွန်ုပ်၏ မေးခွန်းများကို အသင်းဝင်အားလုံး ဖြေကြားပေးကြရန်နှင့် ဤမေးခွန်းများထဲတွင် အလွန်တရာမှ အရေးကြီးသော စိတ်စစ်ချက်များပါဝင်သဖြင့် အဖြေများကို လျှို့ဝှက် မှတ်ဥာဏ်ချောင်း ဖြင့် သိမ်းဆည်းကာ အသင်းမပိုင် (မဝယ်ရသေးလို့) မီးခံသေတ္တာထဲ၌ သော့ခတ်သိမ်းဆည်း ထားမည်ဖြစ်ကြောင်း အသိပေး တင်ပြအပ်ပါသည်။

ပုံ/ နာယကဂျီး

၁။ သင့်အနေနဲ့ လူမဖြစ်ဘူးဆိုရင် ဘာတိရိစ္ဆာန်ဖြစ်ချင်လဲ။
၂။ ကြိုက်တဲ့သူ ၃ ယောက်ကို ညနေစာ ဖိတ်ကျွေးခွင့်ရမယ်ဆိုရင် ဘယ်သူတွေကို ဖိတ်ကျွေးမလဲ (သေပြီးသူတွေလည်းဖိတ်လို့ရတယ်နော်)
၃။ ကြိုက်တဲ့လူ ၃ ယောက်ကို နရင်းတီးခွင့်ရမယ်ဆိုရင် ဘယ်သူတွေကို တီးချင်လဲ။
၎။ သင့်နာမည်ကို သင်စိတ်ကြိုက်ပေးခွင့်ရမယ်ဆိုရင် ဘယ်လိုပေးမလဲ (ကလောင်အမည်များကို ဆိုလိုခြင်း မဟုတ်၊ မှတ်ပုံတင်အတွက်သာ)
၅။ အခြေခံဥပဒေထဲတွင် ရူးပေါဂိုဏ်းအတွက် ဖြည့်စွက်ခွင့်ရမည်ဆိုပါက မည်သည့်အချက်ဖြည့်စွက်သင့်သည်ကို အကြံပြုပါ။
၆။ ရယ်စရာပြော၍မှ မရယ်တတ်သောသူများကို မည်သည့်ပုဒ်မတပ်၍ တရားစီရင်သင့်ကြောင်း အကြံပြုပါ။

မှတ်ချက်။ ။ အထက်ပါ မေးခွန်းများကို အသင်းဝင်များအားလုံး ပေါနိုင်သမျှ အစွမ်းကုန်ပေါ၍ ဖြေဆိုပါ။
ဖြေဆိုပြီးလျှင် သဘာငတိ (သို့) တွင်း ၂ (သို့) အမှုရှောင် ထံပို့ရန် (နာယက ကတော့ လုပ်ချင်ရာလုပ်ပြီး ထွက်ပြေးပြီ)။
အပေါဆုံးဖြေဆိုနိုင်သူကို ဆုချမည်။

ပထမဆု .... ရွှေ ဂန်ဖလားတလုံးပုံပါ ပန်းချီကား (ဆေးနဲ့စက္ကူစိုက်ပြီးဆွဲပေးမယ့် ပန်းချီနန်းညီဆီ အပ်ဖို့ အမှုရှောင်ကို မှာထားပြီး)

ဒုတိယဆု ... ရွှေဆွဲကြိုး အကုံးငါးဆယ် ပုံပါ ဓာတ်ပုံတပုံ (ငှက်ကထကိုယ်တိုင် ရိုက်ရန်)

တတိယဆု .... မြန်မာ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်အငြင်းပွားရာနေရာသို့ လေ့လာရေးခရီးသွားခွင့် လက်မှတ် တစောင် (သဘာငတိ စီစဉ်နေ)

Saturday, November 22, 2008

မိတ်ဆုံစားပွဲ

မိတ်ဆုံစားပွဲလေး တစ်ခုကျင်းပသင့်ကြောင်း ပညာရေးဝန်ကြီးက တင်ပြတယ်။ ဂိုဏ်းသူ/သားတွေ ရုံးက အရမ်းတက်ကြလွန်းတော့ တစ်ယောက်နဲ့တစ်ယောက် တွေ့ဖူးတယ် မရှိကြဘူးလေ။ connection ကို ငြီးနေတဲ့ ငှက်ကထ၊ ဖုန်းအမြဲပြောနေတဲ့ နာယကဂျီး၊ တွင်း ၁ ကဘယ်သူလဲ တောင်မသိ၊ အမြဲ ငိုက်နေတဲ့ တွင်း ၂ ၊ အတွေ့ကြုံတိုးအောင် အကိုတွေခိုင်းတာကို ရှောင်ချင်နေတဲ့ အမှုရှောင်၊ အိမ်ကို ၂၄နာရီ ပြင်နေတဲ့ အကြံပေးအရာရှိ၊ အရမ်းချစ်တတ်တဲ့ အသင်းသားချုပ်၊ မကျော်တက် မခွတတ်တဲ့ ထောက်ချုပ်၊ အားလုံးရင်းနှီးစေချင်တဲ့ ပညာရေးဝန်ကြီး၊ သတင်းတခုထုတ်ပြန်ပြီး ပျောက်ပျောက်နေတဲ့ ပြန်ကြားရေးဝန်ကြီး၊ ဘယ်ရောက်နေမှန်းမသိတဲ့ လယ်ယာပြန်စားရေးဝန်ကြီး၊ ဘာတွေမွေးမှန်း မသိတဲ့ မွေးမြူရေးဝန်ကြီး၊ တနင်္ဂနွေနေ့တရက်ပဲ ရုံးတက်တဲ့ နိုင်ငံခြားရေးဝန်ကြီး၊ အရမ်းတော် အရမ်းချောတဲ့ သဘာပတိ တို့အား မိတ်ဆုံစားပွဲ တက်ရောက်ဖို့ဖိတ်ကြားလိုက်သည်။

နေ့ရက် - ၂၄.၁၁.၀၈

နေရာ - ရုံးထိုင်ရာ CBG Chat Room

အချိန် - ကိုယ်ပိုင်ကုမ္မဏီအလုပ် အားကျသောအချိန်(၁း၃၀နောက်ပိုင်း)

အကျွေးအမွေး -နာမည်ကျော် နာယက၏ Hademade ဘီယာ၊ ဈေးကြီးပေးမှ (မှောင်ခိုရောင်းစားနေလို့ ဈေးကြီးပေးဝယ်စားရတာလေ)စားရသော မွေးမြူရေးဝန်ကြီး၏ အကောင်ပလောင်မျိုးစုံကို (မြွေကွင်းကွင်းကြော်၊ ဖားကင်၊ ကင်းမြီးကောက်သုတ်၊ လောက်ကောင်လုံးကြော်) ပညာရေးဝန်ကြီးမှ ဘုန်းထားသော ရန်ပုံငွေများနှင့် အကုန်ကျခံ ကျွေးမွေးမည်။

*သဘာပတိသည် အမြဲအိပ်ယာထ နောက်ကျသောကြောင့် ၁း၃၀နောက်ပိုင်း ရွေးလိုက်သည်။ မကျေနပ်ပါက ၀ိုင်းဝန်း ထောပနာပြုကြပါကုန်။*


Saturday, November 8, 2008

မဲဆွယ်ခြင်း

ဒီနေ့ ပင်ပန်းတာနဲ့ အကိုကို ပြောပြီး စောစော ပြန်လာလိုက်တယ်လေ။ ပြန်လာတော့ လမ်းမှာစဉ်းစားမိတယ်။ ငါ စိတ်ညစ်လို. ရုံးမတက်တာ အကြောင်းမဟုတ်ဘူး။ ငါမရှိလဲ ဒီဂိုဏ်းကြီး ဘာမှမဖြစ်ဘူး အလုပ်ဆက်လုပ်လို့ ရတယ်ဆိုတာ သူ့တို့အားလုံးသိသွားလောက်ပြီ ဟာ မဖြစ်ဘူး ဒီနေ့တော့ ရုံးမြန်မြန်ပြန်တက်မှဖြစ်မယ်။ တော်ကြာ ဘာမှ လုပ်စရာမလိုပဲ ရုပ်တည်နဲ့ ဒီအတိုင်းထိုင်နေတာ သိကုန်ရင် ငါ့နေရာ လိုချင်နေကျလိမ့်မယ်။ မဖြစ်ဘူး မဖြစ်ဘူး။ နောက်တစ်ခါရွေးကောက်ပွဲကြရင် အားလုံး ငါ့ကို ၀ိုင်းကန့်ကွက်ကြလိမ့်မယ်။

ငါ့နေရာလိုချင်တဲ့သူတွေက ဘာပဲဖြစ်ဖြစ် ငါ ပြုတ်အောင် ကန့်ကွက်ကြမှာပဲ စဉ်းစားကြည့်လေ နာယကဂျီးကလဲ ဟိုတစ်နေ့က ငါ့ ခွင့်ယူမယ်ဆိုတော့ ယူယူ ယူတဲ့ ဘာမှတောင် နည်းနည်းပါးပါးမပြောဘူး။ ပြီးတော့ ပြောသေးတယ် ပင်စင်တော့ မယူသေးဘူးမဟုတ်လားတဲ့ ကဲကြည့် ဘယ်တုန်းတည်းက ပင်စင်ယူစေချင်နေလဲမသိဘူး။

ငါ့နေရာကို မျက်စောင်းထိုးနေတာ ပြီးတော့ ငှက်ကထကလဲ ယူယူတဲ့ သူကလဲ မလာလေကောင်းလေပဲလို့ စိတ်ထဲက ပြောနေမှာ သေချာတယ်။

တွင်း ၂ကတော့ မသိချင်ယောင်တောင် ဆောင်နေသေးတယ်။ လုပ်ရတော့ ငါ သူကကျတော့ အလုပ်ရှုပ်တယ် ပြောလိုက် စိတ်ရှုပ်တယ်ပြောလိုက်နဲ့ အလုပ်ပါ တခါတည်း ထွက်ပြီးရောလို့စိတ်ထဲက တွေးနေမှာပေါ့။

တွင်း၁ လဲ အဲ့လိုတွေးနေမှာပဲ သူပြုတ်ရင် ဘာပဲဖြစ်ဖြစ် ငါ့ ရာထူးတစ်ဆင့်တော့ တိုးမှာပဲဆိုပြီး တွေးကျမှာလေ။ အဲ့တော့ ပြုတ်လေ ကောင်းလေပေါ့။ တစ်ယောက်တည်းဆိုရင် ပိုတောင်ကောင်းသေးတယ်လို့ တွေးနေကျမှာ သေချာတယ်။

ဒါနဲ့ နာယကကို သွားကြည့်တော့ ဖုန်းကို မရပ်မနားပြောနေတယ်။ ငှက်ကထ ကိုကြည့်တော့ ကွဲနေပြီ တွင်း ၁နဲ့လေ။ တွင်း ၂ ကိုကြည့်တော့ အလုပ်ချင်ယောင်ဆောင်ပြီး အိပ်နေတယ်လေ။ သူကြည့်လိုက်ရင် အမြဲ Idle ဖြစ်နေလို.။ အမှုရှောင်ကတော့ အမြဲရှောင်နေလို့ မတွေ့ဘူး။ အသင်းသားချုပ်ကတော့ သူ့လက်ထောက်နဲ့ လွှဲထားတော့ ရုံးတောင်မလာဘူး။ သူ့လက်ထောက်ကလဲ ငါနဲ့ တစ်နယ်တည်းသား အေးဆေး။ အကြံပေးကလဲ ဘာတွေ ကြိတ်နေလဲ မသိပါဘူး။ ဒါနဲ့ ထုတ်ပြန်ချက်တစ်ခုကို သူတို့တွေ မအားတုန်း ကိုယ်ဖာသာ ကိုယ်တင်ပြ ကိုယ်ဖာသာကိုယ် အဆိုပြု ကိုယ်ဖာသာကိုယ် ထောက်ခံ ပြီးရော ဒါမှ င့ါကို နောက်တခါ ရွေးကောက်ပွဲကျရင် မဲပေးကြမှာ ကြာပါတယ် မြန်မြန်ထုတ်ပြန်မှ
သဘာပတိမှ ကြေငြာချက်တစ်ရပ် အရေးပေါ်ထုတ်ပြန်သည်။
ရူးပေါဂိုဏ်းသားများအား သဘာပတိက
၁- ၄ဒီ နှင့် တိုတို မထိုးပဲ ပေါက်ခဲ့ပါက ဘောက်ဆူးပေးမည်ဖြစ်ကြောင်း
၂- အိမ်တွင်ရှိသော Guess/ Esprit ၀ယ်ထား၍ရသော အိပ်ခွံများအား ကံစမ်းမဲ ဖေါက်ပေးခြင်း
၃- မြန်မာပြည်ပြန်သွား၍ သူများတွေ ထားခဲ့သော Sim Cardများအား လိုက်လံဝေမျှခြင်း
၎- Top-up Card များအား ပိုက်ဆံဖြင့် ၀ယ်ယူခွင့် ပါမစ်ချပေးခြင်း
၅- Gmail/Yahoomail/Ymail/Friendster/Tagged/Hi5တွင် Account လုပ်ခွင့်ပါမစ်ချပေးခြင်း
၆- Blog တည်ဆောက်ခွင့်ပါမစ်ပေးခြင်း
၇- ကွန်ပြူတာရှိပါက စလုံး အိမ်တွင် Internet အလကားသုံးခွင့်ပြုခြင်း
၈- Peninsular တွင် ကိုယ့်ပိုက်ဆံနဲ့ ကိုယ် ထမင်းဝယ်စားခွင့် ပါမစ်ချပေးခြင်း
၉- စကာပူဒေါ်လာ ၁၀တန် 1818ဖြင့် မြန်မာပြည်သို. ၂၃မိနစ်ခေါ်ဆိုခွင့်ပါမစ်ချပေးခြင်း သို့သော် အပြည့်မရပါက သဘာပတိနဲ့ ဘာမှမဆိုင်ပါ။
၁၀- ကိုယ့်MRT Card ထဲတွင် ပိုက်ဆံထည့်ထားပါက မကုန်မချင်း သွားချင်သောနေရာ သွားခွင့်ပြုခြင်း
၁၁- ကိုယ့်ဘဏ်ကပ်ထဲတွင် ပိုက်ဆံရှိပါက ပိုက်ဆံရှိသလောက် ထုတ်ယူသုံးစွဲခွင့်ပြုခြင်း
စသော အချက်အလက်များအား သဘာပတိ၏ ပြောရေးဆိုခွင့်ရှိသူ ကိုရီးယားမင်းသား Bay Htal Yong (ခ) မောင်ဂျဲဂျယ်မှ အလောတကြီး ဘယ်သူမှ ဘာမှမပြောနိုင်ခင် ထုတ်ပြန်လိုက်သည်။

ပုံ/
သဘာပတိ ရဲ့ ပြောရေးဆိုခွင့်ရှိသူ

(ပိုင်သကွာ မင်းတော်တယ် သဘာပတိ ငှဲငှဲ)

Thursday, November 6, 2008

ပေါထု အော်သံ(၁) ဖြေရှင်းပြီး

ဆရာအော ကျူရှင်မှကျောင်းသားများ ခင်ဗျား
ရန်ကုန်မြို့ ဗြုတ်စဗျင်းတောင်းမြို့နယ် ခွကန့်ရပ်ကွက် ကပ်သီကပ်သပ်လမ်းထိပ်ရှိ ဆရာအော ကျူရှင်ဆရာ ဆရာအောအား ပတ်ဝန်းကျင် ညစ်ညမ်းစေမှု၊ လောင်စာဆီဖြုန်းမှု၊ ကြက်ဆူဆီမသုံးမှု၊ မီးမလာသည်ကို သိသာစေမှု၊ ဆူပူမှု(မိုက်ခ်ဖြင့်)၊ ညဘက်မီးထွန်းသဖြင့် မှောင်ရိပ်ခိုမှုများ ဖမ်းစရာမရှိအောင်ဖြစ်ပြီး ပြီသူ့ယဲများ အောက်ဆိုဒ်နည်းသွားအောင်လုပ်မှု များဖြင့် ဝင်ရောက်ဖမ်းဆီးရာ ထပ်မံတွေ့ရှိရသော သီချင်းဆိုရန် ထုတ်လုပ်ထားသည့် Samsaung တံဆိပ် မိုက်ခ်ဖြင့် စာသင်၍ အလွဲသုံးစားမှု၊ ကျောင်းသားများကို အိမ်စာပေးပြီး အိုတီကြေးမပေးမှု၊ မြန်မာ့ရိုးရာ အစားအစာဖြစ်သည့် ကွမ်းယာစားသည့်ကျောင်းသားကို အပြစ်ပေးသဖြင့် ရိုးရာတိမ်ကောအောင်လုပ်မှု၊ အေးမြသည့် ဆောင်းတွင်းတွင် ဆေးဖြစ်ဝါးဖြစ် Grand တစ်ပြားသောက်လာသော ကျောင်းသားကို အတန်းမတက်ခိုင်း၍ လက်အောက်ငယ်သားကို မစာနာမှု၊ အားလပ်ချိန်တွင် ဖဲရိုက်သည်ကို ဖမ်းပြီး မိဘခေါ်သဖြင့် အခွင့်အရေးပိတ်ပင်မှု၊ ၈တန်း ကျောင်းသား/သူ ရည်းစားထားသည်ကို ပိတ်ပင်သဖြင့် လူ့အခွင့်အရေးချိုးဖောက်မှု များဖြင့် အလုပ်ကြမ်းဖြင့် ထောင်ဒဏ် နှစ်၂၀ ချမှတ်လိုက်ပြီး အနှောက်အယှက်ဖြစ်သည် ဟုဆိုသော ပတ်ဝန်းကျင်ကိုလည်း အနှောက်အယှက် ထက်မဖြစ်စေရန် ပြည်သူပိုင်သိမ်း၍ ငပေါဂိုဏ်းသားများကို ပါမစ်ချပေးပြီးကြောင်း။

လျှပ်စစ်လုပ်သားများ ခင်ဗျား
ပြည်သူများမှ ဆဲရေးခြင်းမရှိနိုင်စေရန် အပေါဆက်သွယ်ရေးဌာနကို အပြီးအပိုင်ဖျက်သိမ်းလိုက်ပါကြောင်းနှင့် တိုင်တန်းသူများကိုလည်း အရေးယူပြီးပါကြောင်း။

စခန်းမှူး ခင်ဗျား
ဖားမနိုင်ရပ်ကွက် လမ်းထိပ်ရဲစခန်းကို ပြန်လည်ဖျက်သိမ်းပြီး အမှိုက်ပုံအဖြစ် ပြန်လည်သတ်မှတ်ပြီးကြောင်းနှင့် ရဲစခန်းကို နီပြေတော်သို့ ပြောင်းရွှေ့ပြီး စခန်းမှူးမှ အမှိုက်လာစွန့်ပစ်သည့် ရပ်ကွက်လူထုထံမှ အမှိုက်တစ်ထုတ်လျှင် စင်္ကာပူဒေါ်လာ ၃၀မှ ၅၀အထိ အခွန်ကောက်ရန် အမိန့်ချပြီးကြောင်းပါ။

ပုံ/
အခွင့်ရ
အတွင်းရေးမှူး-၂ (ငပေါများဂေဟာ)

Saturday, November 1, 2008

ငွေစာရင်းရှင်းတန်း (အောက်တိုဘာ ၁-၁၁-၀၈)

အောက်တိုဘာလအတွက် စာရင်းမှာ ၂ရက်စာသာဖြစ်သဖြင့်
သဘာပတိကြီး အတွက် ဘွန်လေး(စင်္ကာပူ)မှ ၂ပေပတ်လည် ဖိနပ်ချွတ်တစ်ကွက်စာ။
နာယကကြီး အတွက် ဘုရားဖူးစိန်ဆွဲကြိုးတစ်ကုန်း။ (ဘုရားစူးစိန်= စိန်စစ်စစ်။ ဘုရားဖူးစိန်= စိန်တုတု)
ဥက္ကဌကြီး အတွက် ကားမူလီ နှစ်လုံး။
စည်းရုံးရေးအမှုဆောင် အတွက် LOUIS VUITTON လက်ကမ်းကြော်ညာစာရွက် (နောက်လဘာယူမလဲ ရွေးလို့ရအောင်)
အတွင်းရေးမှူး-၁ အတွက် ကလေး ၄ယောက် အမေ။
အတွင်းရေးမှူး-၂ အတွက် အွန်စော။ (ဟိဟိ)
အသင်းသားချုပ် အတွက် ကလေးကစားစရာ ဓာတ်ခဲ ဟန်းဖုန်း။
အကြံပေးအရာရှိ အတွက် ဖုန်းလျှောက်လွှာ (ပါမစ်ကတော့နောက်မှ လျှောက်လွှာအရင်ယူထား)
အဖွဲ့ဝင်တွေကိုလည်း ၂၄၀ စီ(မြန်မာငွေ) များလာရောက်ထုတ်ယူနိုင်ကြပါပြီ။
ရက်ကျော်လွန်ပါက အဖွဲ့ဘဏ္ဏာတော်အဖြစ် သိမ်းဆည်းမည်။

ပုံ/
အခွင့်ရ (ယာယီဘဏ္ဏာရေးမှူး)
အတွင်းရေးမှူး-၂
ခေတ္တ စလုံး

Friday, October 31, 2008

ရူးပေါဂိုဏ်း ဖွင့်ပွဲအခမ်းအနား

ခြံစည်းရိုးဘေးမှာ မူးနေတဲ့ အမှုရှောင်က သူကိုယ်တိုင်ကျတော့ ရှောင်ပြီး ငှက်ကထ၊နာယက၊သဘာငတိတို. ပိုစ့်တင်ပါဗျို.တဲ့။ ကိုယ်ထက်ကြီးတဲ့ ငှက်ကထက သတင်းရေးထားတော့ ကိုယ်လဲမအားတဲ့ကြားက ရေးရတော့တာပေါ့။ မအားဆို အမေရိကန်က စတော့ရှယ်ရာတွေ ကစားတော့ ကျတော့် ကုန်ပါပြီတွေလဲ ဒေဝါလီခံရတာပေါ့ တော်သေးတာပေါ့။ အကုန်မကုန်လို. ၄ ပုံ ပုံမှ ၁ ပုံပဲပါတယ်။ ဒါတောင်အခု စင်ကာပူက Starhub ကုန်ပါပြီတောင် နည်းနည်းထိချင်သေးတယ်။ တစ်ချို. သေးသေးလေးတွေတော့ ကုန်တာပေါ့။ ထားပါလေ ဒီပြဿနာတွေ ရှင်းနေရတော့ ကောင်းကောင်းမပေါနိုင်ဘူးလေ ကဲပါလေ စပေါတာပဲ ကောင်းပါတယ်။
ရူးပေါဂိုဏ်းဖွင့်ပွဲ အထိမ်းအမှတ်နေနဲ့ Marina Bay မှာ ကျင်းပရန် ကြိုတင်မှာတော့ ဒီနေ.က မရဘူးတဲ့ မရရင်မဖြစ်ဘူး ရှိတဲ့ ဘွတ်ကင်ကို လျော်ကြေးပေးမယ်ကွာဆိုတော့ စင်ကာပူဒေါ်လာ ၁၀၀၀၀၀၀ တဲ့ ဟားဟား ဒီလောက်တော့ ပါးပါးလေးပေါ့။ ရော့ အင့် ဆိုပြီးပေးလိုက်တာပေါ့ ဟုတ်တယ်လေ ဖွင့်ပွဲဆိုတာ အရေးကြီးတယ်လေ။ စားစရာကလဲ ကြိုက်ရာကြိုက်သလောက်စားပေါ့ Hotel တစ်ခုလုံးကို ၀ယ်ထားတာ ဒါတောင် အတွင်းရေးမှုး ၂ က ပါဆယ်ထုပ်မယ်ဆိုပြီး ကျွတ်ကျွတ်အိပ်နဲ. ထည့်လာသေးတယ်။ ကိုဗီလိန်ရယ်မလုပ်ပါနဲ.ဆိုတာ မရဘူး အကျင့်ပါနေပြီကွတဲ့။ ကဲပါလေ
အခန်းနားမှုးကို နာယကမတူးတူးသာနဲ. အမှုရှောင်နန်းညီက ဆောင်ရွက်တယ်။
အစီစဉ်ကြေငြာသူကိုတော့ မဒမ်လောင်းပဲ လုပ်ခိုင်းလိုက်တော့တယ်။ အခွင့်ရေးရတုန်းလေး ပွဲထုတ်ရတာ သူ.ကိုကြောက်နေရတယ်လေ သူက မထင်ရင် မထင်သလို လက်သီးနဲ. ထိုးမဲ့ပုံဆိုတော့ ဒါတောင် နာယကမတူးတူးသာနဲ. အမှုရှောင်နန်းညီက နပန်းလုံးမယ်လုပ်နေလို. မနည်းတားထားရတယ်။ လုပ်ချင်တဲ့သူတွေက တန်းစီနေတာ ဒါနဲ. မဖြစ်ပါဘူးလေဆိုပြီး နောက်ဆုံးတာ့ အွန်စောကိုပဲ လုပ်ခိုင်းလိုက်တော့တယ်။ရှေ.ဆုံးခုံတွင် သဘာငတိ၊ ငှက်ကထ၊ ဏာယကာ့ဂျီး၊ စည်းလုံးရေးအမှုရှောင်၊ အတွင်းရေးမှုး-၁၊ အတွင်းရေးမှုး-၂၊ အသင်းသားချုပ်ကြီး၊ အကြံပေးအရာရှိ ကြီးများ ရုပ်တည်ကြီးနဲ. သူ.တို.မဟုတ်သလိုပဲ ထိုင်နေကြတယ်လေ။ နောက်မှာတော့ နေ.စားနဲ.ခေါ်ထားတဲ့ လူအုပ်က နည်းတာမဟုတ်ဘူး။ ကဲထားပါလေ

အစီစဉ် ၀ အရ အွန်စောမှ သဘာငတိ၊ ငှက်ကထ၊ ဏာယကာ့ဂျီး၊ စည်းလုံးရေးအမှုရှောင်၊ အတွင်းရေးမှုး-၁၊ အတွင်းရေးမှုး-၂၊ အသင်းသားချုပ်ကြီး၊ အကြံပေးအရာရှိ ကြီးများကို ဘယ်သူဘာပြောပြော ခေါင်းငြိတ်ပေးရန် ကြိုတင်သတိပေး ပြောကြားခြင်း
အစီစဉ် ၁ အရ အခမ်းနားအောင့်မြင်စွာ ဖွင့်လင့်ကြောင်း ကြေငြာခြင်း
အစီစဉ် ၂ အရ ငှက်ကထ မှ အဖွင့်အမှာစကားပြောကြားပေးပါရန်
အစီစဉ် ၃ အရ သဘာငတိ မှ ပေါကြရတဲ့ အကြောင်းရင်း ပြောကြားပေးပါရန်
အစီစဉ် ၄ အရ နာယကမှ စိတ်လွတ်လက်လွတ်ပေါကြရန် သတိပေး စကားပြောကြားခြင်း
အစီစဉ် ၅ အရ စည်းလုံးရေးအမှုရှောင်မှ ဘယ်လို ပေါရမယ်ဆိုတာ ပြောကြားပေးပါရန်
အစီစဉ် ၆ အရ အတွင်းရေးမှုး-၁ မှ စိတ်ကူးနဲ.ပေါပုံပြောကြားပေးပါရန်
အစီစဉ် ၇ အရ အတွင်းရေးမှုး-၂ မှ ရေးသားထားသော အပေါဦးတည်ချက်တွေ ပြေကြားပေးပါရန်
အစီစဉ် ၈ အရ အသင်းသားချုပ်ကြီး မှ ပေါပေါလေးပြောကြားပေးပါရန်
အစီစဉ် ၉ အရ အကြံပေးအရာရှိ မှ ပေါချင်ရတဲ့အကြောင်းပြောကြားပေးပါရန်
အစီစဉ် ၁၀ အရ သုံးဆောင်ကြတဲ့ အစည်းဝေးမှာ လာရောက်အိပ်ငိုက်ကြတဲ့ ပြည်သူများမှ လက်ခုပ်တီးဆိုပါက တီးပေးရန်
အစီစဉ် ၁၁ အရ အောင်မြင်စွာ ပြီးဆုံးကြောင်းကြောင်ငြာခြင်း

အစီစဉ် ၀ အရ သတိပေးထားတာ မှတ်မိပါစေနော် (အွန်စောမှပြောကြားခြင်း)
အစီစဉ် ၁ အရ အခမ်းနားအောင့်မြင်စွာ ဖွင့်လင့်ကြောင်း ကြေငြာပါတယ်။ ကဲ လက်ခုပ်တီးကြဟု စည်းလုံးရေးအမှုရှောင်က ပြောကြားသဖြင့် ဖျောင်းဖျောင်း (ခုံရိုက်ချိုးသံတွေပါ)
အစီစဉ် ၂ အရ ငှက်ကထ မှ အဖွင့်အမှာစကားပြောကြားပေးပါရန် ဖိတ်ကြားပါတယ်။ ကဲ တီးကြဟေ့ ဖျောင်းဖျောင်း
ငှက်ကထက ကဲ သားသားပေါချင်တာပေါလို.ရပြီ Blog အသစ်ရပြီ ပျော်လိုက်တာ အဲ့တာ အားလုံးပေါလို.ပေါ့
အစီစဉ် ၃ အရ သဘာငတိ မှ ပေါကြရတဲ့ အကြောင်းရင်း ပြောကြားပေးပါရန်
အဟမ်း တကယ်ချောင်းဆိုးတာပါ အလကားရတဲ့ ဟာတွေမျိုဆို.ထားတာလေ ပေါရတဲ့ အကြောင်းရင်းကတော့ ပေါချင်လို.ပေါနော် ဘယ်လိုပြောရမလဲ အဲလို.ပေါ့နော် ဒါပါပဲ
အစီစဉ် ၄ အရ နာယကမှ စိတ်လွတ်လက်လွတ်ပေါကြရန် သတိပေး စကားပြောကြားခြင်း
ပေါလိုက်ကြဆို. သူငယ်ချင်း သွပ်သွပ် သွပ် ကဲ စိတ်လွတ်လက်လွတ်သာပေါကြပေတော့
အစီစဉ် ၅ အရ စည်းလုံးရေးအမှုရှောင်မှ ဘယ်လို ပေါရမယ်ဆိုတာ ပြောကြားပေးပါရန်
အင်း ပေါတယ်ဆိုတာ ပါရမီရှိရမယ် သုဝဏ္ဏရှိရမယ် မှားကုန်ပါပြီ ပေါချင်သလိုသာ ပေါကြပါကုန်
အစီစဉ် ၆ အရ အတွင်းရေးမှုး-၁ မှ စိတ်ကူးနဲ.ပေါပုံပြောကြားပေးပါရန်
အင်းပေါ့ကျတော်က အမြဲပဲ စိတ်ကူးနဲ.ပေါနေတာ တော်တော်ကြာနေပြီ ပေါချက်က ရင်နင့်စရာ အရူးပေါဂိုဏ်းကိုသွားခဲ့ ပေါခဲ့ ရူးခဲ့ အာဟာ အာဟာ (ကျော်ဟိန်းလေသံ)
အစီစဉ် ၇ အရ အတွင်းရေးမှုး-၂ မှ ရေးသားထားသော အပေါဦးတည်ချက်တွေ ပြေကြားပေးပါရန်
* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက်ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက် ဖက်နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။
အစီစဉ် ၈ အရ အသင်းသားချုပ်ကြီး မှ ပေါပေါလေးပြောကြားပေးပါရန်
လာထားပေါချင်နေတာကြာပြီ ဘယ်လိုပေါရမှန်းမသိလို. ကျွန်မက တစ်ခါတစ်လေ ကြောင်တောင်တောင်လေ..
အစီစဉ် ၉ အရ အကြံပေးအရာရှိ မှ ပေါချင်ရတဲ့အကြောင်းပြောကြားပေးပါရန်
ဟဟ ပေါချင်လွန်းလို. သဘာငတိကိုမေးပြီး ၀င်လာတာ လျှောက်လွှာမှာ ဘယ်လောက် ပေါထားလဲသာ ကြည့်ပေတော့
ကဲ လက်ခုပ်တီးကြပေတော့ (အစီစဉ် ၁၀ အရ) ပြီးရင် နေ.စားခ စင်ကာပူ၁၀၀၀ရမယ် ဟုတ်ပြီလား
အစီစဉ် ၁၁ အရ အောင်မြင်စွာ ပြီးဆုံးကြောင်းကြောင်ငြာခြင်း ဒီအစီအစဉ် အကောင်းဆုံးပဲဖြစ်ကြောင်း ပြောသံများကြားရသည်။ ဟေး ဟုအော်သံမှာတော်တော်ကျယ်သွားပြီး စင်ကာပူမြို.ကြီး တုန်လှုပ်သွားလောက်သည်။ တစ်ချို.တွေက ငါတော့ ပါမစ်ရပြီ၊ တစ်ချို.တွေက ငါတော့ GSM ရပြီဟု အော်ဟစ်သံမှာ ဆူညံနေသည်။ ဘာတွေပြောသွားတာလဲဆိုတာတော့ တစ်ယောက်တစ်လှည့် မေးနေသော်လည်း မသိကြချေ။

မှတ်ချက်- အားလုံးစိတ်မဆိုးကြဘူးလို့ယူဆပါတယ်။ မတော်တဆ စော်ကားသလိုဖြစ်ပါက တောင်းပန်ပါတယ်။ ပေါပေါလေးစဉ်းစားပြီးရေးလိုက်လို့ပါ။ ပေါ့ပေါ့ပါးပါးသာဖတ်ကြပါကုန်။