ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Tuesday, June 30, 2009

သံရုံးဖွင့်မည်ဖြစ်ကြောင်း အသိပေးကြော်ငြာခြင်း

ပေါကူးသန်းဝံဂျီး ပေါညီသည် ပေါဂေဟာ နိုင်ငံခြားဆက်ဆံရေး တိုးတက်စေ၇န် USA (ဦးစမဟုတ်) နိုင်ငံတွင် သံရုံးဖွင့်လှစ်ရန်ပါမစ် တောင်းဆိုလိုက်ပါကြောင်း

သံရုံးနေရာ - LA (လမဟုတ်) တွင် လက်ရှိ လေလံပစ်ထားသော မိုက်ကယ်ကြက်ဆင်၏ ''Never land'' (မြန်မာလို - ဘယ်တော့မှ ကုန်းမြေ)

၎င်းနေရာဝယ်ရခြင်းရည်ရွှယ်ချက် - ပေါဂေဟာမှ လူဂျီးများ အားလပ်ရက် ခရီးထွက်ပါက နေရာကောင်းကောင်းနှင့် အပန်းဖြေစေရန်
ကစားကွင်းများရှိသဖြင့် အသက် ၄၀ ကျော်ကလေးများ အတွက်လည်း အဆင်ပြေစေရန် (ဥပမာ - ဇင်ဇင် ၊ ကေလာ ၊ ကေလာမမ ၊ ခေါင်ခေါင် ၊နန်းညီ ..etc .. ) မှတ်ချက် - ပေါညီ မပါ။

ထိုသို့သော ရည်ရွယ်ချက်ကောင်းများဖြင့် သံရုံးနေရာရရန် ကြိုးစားလျှက်ရှိသော (ဟီး .. ပြောလို့ကောင်းလိုက်တာ .... အမှန်တော့ ပွဲစားငှားထားတာ) ပေါညီအား လိုအပ်သလောက် ထောက်ပံ့ပေးပါရန် အောက်ပါတို့ကို တောင်းဆိုလိုက်ပါကြောင်း ......

ပေါဂေဟာမှ လေလံဆွဲမည်ဖြစ်ပါသောကြောင့် တစ်ယောက်ကို ဒေါ်လာ ၁၀သန်းစီ ထည့်ဝင်လှုဒါန်းကြရန် (ဒီလောက်ကတော့ ပါးပါးလေးပါ ဖဲရှုံးသလောက်ပဲရှိတာ) အိမ်ပြန်ပြင်ရမည်ဖြစ်ပါသောကြောင့် ပေါဂေဟာမှ လုပ်အားပေးကြရန် (လေယာဉ်စင်းလုံး ငှားပေးမည်) မြက်ရိတ်ရမည် ၊ ဆေးသုတ်ရမည်၊ (မှတ်ချက် ။ ။ မြက်ရိတ်ဓါး Second hand လိုက်ရှာပေးနေပါသည်။)

၎င်းတို့ကို လက်ခံပါက ၀ိုင်းဝန်းထောက်ခံပေးပါရန် တောင်းဆိုအပ်ပါသည်ခင်ဗျား .... !@#$%^&*

မထောက်ခံပါက ဂေဟာတွင်းဖဲရိုက်ခွင့် ပါမစ် တစ်သက်တစ်ကျွန်းပိတ်မည် ဖြစ်ပါကြောင်း .... ဂေဟာလူအများမြင်နိုင်မည့် ကုတင်အပေါ်တည့်တည့် မျက်နှာကြက်ပေါ်တွင် စာလုံးကြီးကြီး ရေးထားပါကြောင်း ....

ပေါညီ လက်မှတ်ရေးထိုးမှာစားသည်။

လက်မှတ်

Friday, June 26, 2009

သန်လျင်ချစ်ကြည်ရေးခရီးစဉ်

ငပေါအဖွဲ့သားများသိစေရန်
(အဖွဲ့သားများလို့သာ မကောင်းတတ်လို့သုံးနှုန်းတာ.. အမှန်က ရန်ကုန်ကလူတွေပဲ.. နိုင်ဂံဂျားကလူတွေ လိုက်လို့မရဘူး.. ခွိခွိ)

၂၀၀၉ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့ (စနေနေ့)တွင် ရန်ကုန်ငပေါအဖွဲ့သားများမှ နာယကကြီး၏ဒေသဖြစ်သည့် သန်လျင်မြို့သို့ အလည်အပတ်ခရီးအဖြစ် သွားရောက်မည်ဖြစ်ကြောင်းကို ရှေးဦးမဆွကပင် တင်ကြိုပြောကြားဖူးခဲ့ပြီးဖြစ်သည်..
(ထိုစဉ်ကတည်းက လိုက်မည် သွားမည်ဟု ငမ်းငမ်းတက်ပြောထားခဲ့သူများ ရှိသော်ညား ပြောချင်ရာပြော ပေါချင်ရာပေါတတ်သော အဖွဲ့သားများအကြောင်းကိုသိသဖြင့် ယခုတရားဝင်အကြောင်းပြန်ကြားပေးပါရန်)

ထို့ကြောင့် ယခု အစီစဉ်အသေးစိတ်ကို တင်သွင်းလိုက်သည်.. တစ်နေကုန်လည်ပတ်ပျော်ရွှင်ကြမည် ဖြစ်ပါသဖြင့် ရှိရှိသမျှသော အစီအစဉ်များကို ယခုကတည်းက ကြိုတင်ဖယ်ရှားနိုင်စေရန်အလို့ငှာ ကြို၍အကြောင်းကြားရခြင်းဖြစ်ပါသည်.. (တိတ်အလုပ်များကြတဲ့လူတွေချိုဒေါ့လေ.. တိဒယ်ဟုတ်) သေချာစွာစိစစ်ဖတ်ရှုပြီးသကာလ အဆင်မပြေမှုများရှိခဲ့ပါလျှင် ပြန်လည်ညှိနှိုင်းပေးမည်ဖြစ်ပါသဖြင့် ဂေဟာအမှုဆောင်နန်းညီနှင့် သဘာငတိဂျဲဂျယ်ထံ ပြန်၍ အကြောင်းကြားဆက်သွယ်ပေးပါရန်..

အလည်အပတ်သွားမည့်နေ့.. ၄-၇-၂၀၀၉ ၊ စနေနေ့

လည်ပတ်မည့်နေရာများ.. နာယကကြီး၏ အိမ်နှင့် အနီးအနားလည်ပတ်လို့ရမည့်နေရာမှန်သမျှ အကုန်..

အခြားအစီအစဉ်များ.. သောက်ခြင်း စားခြင်း ကစားခြင်း တစ်ယောက်နှင့်တစ်ယောက်ကျပ်ခြင်း ဖောက်ခြင်း သဘောကျရာအကုန်လုပ်ခွင့်ရှိသည်.. (အထူးအစီအစဉ်များပါမည် သို့သော် Top Secret.. မပြောပြသေးဘူး)

ကုန်ကျစရိတ် .. တစ်ဦးလျှင် မြန်မာငွေကျပ် ၇၀၀၀ တိတိ (ကားခ၊ စားခ၊ သောက်ခ အပြီးအစီး )

ကားထွက်မည့်နေရာနှင့် ပတ်သက်၍မူ ယခုလောလောဆယ် အကြမ်းဖျင်းစီစဉ်ထားသည်မှာ -
စုရပ်(၁)... တာမွေ၊ တာမွေပလာဇာရှေ့တွင် နံနက် ၉း၀၀ နာရီ
စုရပ်(၂)... သန်လျင်တံတားအတက် (တိုင်းရင်းသားကျေးရွာလမ်းခွဲထိပ်) တွင် နံနက် ၉း၃၀ နာရီ
(စုရပ်ကိစ္စအဆင်မပြေမှုများရှိလျှင် ပြောပါ..)

ယခုမေးလ်ကိုရသည်နှင့် လိုက်ပါမည် မလိုက်ပါမည်ကို အတည်ပြုဖြေကြားပေးစေလိုပါသည်.. ကားငှားရန်နှင့် အစားအသောက်ကိစ္စများမှာ ကြိုတင်စီစဉ်ရမည်ဖြစ်ပါသဖြင့် လိုက်ပါမည်သေချာပါက ငွေကြိုတင်ကောက်ခံပါမည်.. (ဘန်ဒါရေးဝံဂျီးတော့ရှိဘူး.. ရှိတဲ့လူထံအပ်ရမှာပဲ.. တတ်နိုင်ပါဘူးလေ)

အမြန်ဆုံးအကြောင်းပြန်မည် မျှော်လင့်ပါသည်..
ကျေးဇူးတင်ပါသည်..

-သန်လျင်ခရီးစဉ်ဖြစ်မြောက်ရေးကော်မတီ

Monday, June 22, 2009

ဂေဟာသစ်တိုးချဲ့ရေး တင်ပြချက်

တစ်ပတ်တစ်ခါ ဂေဟာမှာ ဝိုင်းထောင်တယ်..
အဆင်ပြေရင် ဖဲခိုးတယ်..အကောက်တွေ အခွန်တွေ မတရားကောက်တယ်..
ဒီထက် အဆင်ပြေရင် ဂေဟာ ရန်ဗုံးငွေ လစ်ရင်လစ်သလို ဗုံးတယ်..
သိသွားရင် အရှက်ပြေ ဟိဟိ စ တာ ဆိုပြီး ပြန်ပေးတယ်..
ရသမျှ အချိန်လေးမှာ Part time ဆိုပြီး အိုက်တိုးပဂေးဆံတယ်..
အဲ့ဂလို ဂေဟာအတွက် အနစ်နာခံပြီး စုဆောင်းထားသမျှတွေနဲ့ မမက ဂေဟာကို ဂလိုတိုးချဲ့လိုက်ပါကြောင်း.............
ရှင်းပြဘို့လိုမယ်လို့လည်း ထင်ပါတယ်.. ဂေဟာတည်ဆောက်ပုံလေးပါ
နံပါတ်မှာ ခုနစ် ကတော့.. သူလေးနံပါတ်မို့လို့ မှတ်မှတ်ရရလေး ဖြစ်သွားအောင်ပါ။
နံပါတ်မှာ (ရှစ်) တစ်ခါတစ်လေ စကားမပီရင် ချစ် ဖြစ်တတ်တယ်လေ...
သဘောကတော့.. ခုနစ် ကလေးကို အမြဲ ချစ်နေတဲ့ သဘောလေးလည်း နည်းနည်းဆောင်ပါတယ်..
(တိုက်ဆိုင်ခဲ့သည်ရှိသော် တမင်ရည်ရွယ်ပြီးလုပ်တယ်လို့ပဲ သဘောထားပေးပါနော်)
တံခါး ၂ ပေါက်ဖောက်ထားရခြင်း အကြောင်းကတော့ အင်မတန်ရုံးတက်မှန်သော် မျိုးကောင်း သမီးလေး၊ ဂေဟာအတွက်ဆိုရင် ဦးဆွေးဆံမြေ့ ဂတုံးဖြစ်တဲ့ထိ တာဝန်ကျေသော် မျိုးချစ် ပူတူးတူးလေး၊ အိုက်တိုးပဂေးလည်းဆံ၊ လူဂျီးမြင်းများအတွက် အမြဲ အနားမှာ ပြာတတ်သော အနားပြာ မမလေး အတွက် အထူးစပယ်ရှယ် ခန့်ခန့်ကြီးဝင်နိုင်သော နံပါတ် (၇)နှင့်.. ကျန်တံခါးတစ်ပေါက်မှာ တစ်လ တစ်ခါလောက်သာ ရုံးလာပြီး..လူဂျီးမြင်း ရှိလျှင် တစ်မျိုး၊ မရှိလျှင်တမျိုး.. နှစ်မျိုးတည်းသာရှိသော် ခုတစ်မျိုး တော်ကြာတစ်မျိုး ဥပဒေများကို မရိုးရအောင် တစ်လတမျိုး လာလာထုတ်တတ်သော် ငှက်ကထ၊ ငတိ များအတွက် မလွယ်ပေါက် ဖောက်ပေးထားခြင်း ဖြစ်ပါသည်။

အလုပ်ချိန်တွင်းမှာ မာကက်တင်း အကြောင်းပြပြီး လစ်ရင်လစ်သလို ထွက်တတ်ပြီး တစ်ပတ်လောက် ပျောက်ပျောက်နေတတ်သော ထောက်ချုပ်၊ ကူးသန်းဝံကြီး နှင့် ကျန်းမာရေးဝံကြီးနှင့်တကွ တွင်း ၁-၂-၃ စသဖြင့် ဝံကြီးများ လူဂျီးမြင်းများအတွက် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေစေရန် အလို့ငှာ ဘီးပါ အဆင့်သင့် ထားပေးထားကြောင်းပါ။

ဒါကတော့ ဂေဟာပြင်ဆင်ပီး ပုံတွေပါ ....
ဂေဟာမှာ တစ်ပါတ်တစ်ခါ ဝိုင်းလုပ်တဲ.နေရာ..လူကြီးမြင်းများ လိုအပ်သည်များကို မှာစားသည့်နေရာမမ အိုက်တိုးပဂေးလေး ဆံလိုက်.. vodka လေး ချလိုက်နဲ..အလုပ်ရှုပ်နေတဲ.နေရာ

အဖွဲ့သားများ ဗော်ဒကာ နဲ့ ခွက်ပုံးချရာ နေရာမမ အိုက်တိုးပဂေးလေး ဆံလိုက်.. vodka လေး ချလိုက်နဲ..အလုပ်ရှုပ်နေတဲ.နေရာ

ကေလာ့ အိပ်ရာ....
ရုံးမှာ ဘာကြောင့်အိပ်နေလည်း သိပီလား ... ဟီဟိ
ကေလာ အလုပ်ခန်း
လူဂျီးမြင်းများ စုဝေးရာ ဧည့်ခန်း တစ်နေရာ
လူဂျီးမြင်းများ ...ရန်ပုံငွေအရှာခံလိုက်ရသော ... နာယကဂျီး စီးတော်ယာဉ်

Thursday, June 18, 2009

ပိုက်ဆံလိုနေတယ်ဟုတ်၊ မပူနဲ့၊ နည်းလမ်းတခု ရှိတယ်။

ဇင်းမယ် တိရိစ္ဆာန်ရုံမှာ ပန်ဒါ တကောင် မွေးတယ်။ ဒီနေ့ (ဇွန် ၁၈ ရက်နေ့ သောကြာနေ့)မှာတော့ ပန်ဒါလေးက ၁၆ ရက်မြောက် မွေးနေ့ကို ကျင်းပနေလေရဲ့။ သိပ် ငယ်သေးတယ်။ ဒါပေမယ့် မကြာခင် စားလို့ ရတော့မယ်။ သွားပေါက်ပြီး အစာစားလို့ရတော့မှာကို ပြောတာပါ။ ပန်ဒါကိုတော့ ချက်စားလို့ ဘယ်ဖြစ်မလဲ။ ချက်စားလို့ကတော့ အင်မတန့် အင်မတန် ရာဇာဝတ်တော် ခံရမယ့်ကိစ္စဗျာ။ ရှားပါးပစ္စည်းထက်တောင် ရှားသေးတယ်။ ယိုးဒယားမှာ ဒီလို အဖြူအမည်းဝက်ဝံ မရှိ။ တရုတ်ပြည်ကနေ ၂ ကောင် ချေးငှားထားတာလေ။ ပြန်ပေးရမှာ။ ၁၀ နှစ်ပြည့်တာနဲ့ ပြန်ပို့ပေးရမှာ။ ဒီ ပန်ဒါပေါက်စလေးလည်း နောက် ၂ နှစ်အထိပဲ ဇင်းမယ်မှာ နေရမယ်။ ထပ်နေစေချင်ရင် တရုတ်အစိုးရကို ခွင့်တောင်းရမယ်။ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ဒါမှမဟုတ် ပန်ဒါသံခင်းတမန်ခင်းကို အကြောင်းပြုပြီး နောက်ထပ် ၁ နှစ်လောက်တော့ ရမယ် ထင်ပါရဲ့။ မိဘတွေလို ၁၀ နှစ်တော့ နေခွင့်ရမယ် မထင်။ ပန်ဒါပေါက်လေးကို ကြည့်ချင်ရင် တီဗီရှေ့မှာ ထိုင်စောင့်ကြည့်ပေတော့။ ဘာဖြစ်လို့လဲဆို ဇင်းမယ် တိရိစ္ဆာန်ရုံသွားလည်း ဒီကောင်လေးကို တီဗီထဲကတဆင့်ပဲ ကြည့်ရမယ်လေ။ အထီး အမ သိချင်လို့ သတင်းတွေ လိုက်ဖတ်ကြည့်တာ AFP သတင်းတခုမှာ female လို့ ဆိုထားရဲ့။ အဲဒီ ပန်ဒါလေးအတွက် နာမည် ပို့ပေးကြပါ။ အဲဒီနာမည် ကြိုက်ရင် ရွေးမယ်။ ဘတ်တသန်း ဆုချမယ် ဆိုပဲ။ အဲသလို ထိုင်းအာဏာပိုင်တွေက ကြေညာထားတယ်။ ဒါကြောင့် ဒီပို့စ် ခေါင်းစဉ်ကို “ပိုက်ဆံလိုနေတယ်ဟုတ်၊ မပူနဲ့၊ နည်းလမ်းတခု ရှိတယ်” လို့ ပေးထားတာပေါ့။ ဘတ်တသန်း မြန်မာငွေ ဘယ်လောက်လဲ သိချင်ရန် ၃၁ နဲ့ မြှောက်။ နာမည်ပေးရမှာ ဒီနေ့ နောက်ဆုံးပဲ။ နက်ဖန်ဆို လက်မခံတော့ဘူး။ သြဂုတ် ၂ ရက်နေ့မှာ နာမည်ကို ကြေညာမယ် ဆိုပဲ။

ပန်ဒါလေးအတွက် အရွေးခံရတဲ့ နာမည်က ဘာများ ဖြစ်မလဲ၊ တူးတူးသာ၊ ကေသွယ်၊ ပန်ဒိုရာ ဆိုတဲ့ နာမည်တခုခု ဖြစ်လာမယ် ထင်ပါရဲ့း) အင်း - - မေငြိမ်း၊ ခင်မင်းဇော် စသဖြင့်လည်း ဖြစ်နိုင်တာပဲ။ တော်သေးပြီ။ :D

Wednesday, June 17, 2009

ပေါသတင်း...ပေါအတင်း

ပေါသတင်းများ မထွက်ပေါ်သည်မှာ ကြာပီဖြစ်နေသောကြောင့် ကူးသန်းဝံပေါညီမှ
ကိုယ်တိုင်သတင်းထွက်ရှာပီး ပေါဂေဟာသို့တင်ပြလိုက်ပါ၏ ...

၁) ရန်ကုန်မြို့ရက်ကွက်တစ်ခု အတွင်းမှ သေနတ်သံများ အလွန်အမင်းထွက်ပေါ်လျှက်ရှိရာ
ပေါဂေဟာမှ ထောက်ချုပ် နှင့်အဖွဲ့မှ နီးစပ်ရာလက်နှက်များဖြစ်သော
အရက်ပုလင်းများကိုင်ဆောင်ကာ အသံများကြားရာ သို့ ချက်ချင်းသွားရောက်၇ာ
အိမ်တစ်အိမ်မှ ဖွင့်ထားသော ခေတ်ပေါ် Hip Hop
သီချင်းများမှ ထွက်ပေါ်လာ ခြင်းဖြစ်ကြောင်း သိရှိရပီးနောက်
ကိုယ့်နေရာကိုယ်ပြန်ထိုင်ကာ အချင်းချင်း
ရစ်နေကြကြောင်း သတင်းရရှိသည် ။

၂) သဘာငတိကြီးသည် အားယားနေသဖြင့် ဆေးရုံဆေးခန်းများသို့ သွားရောက်စစ်ဆေးရာ
ကျမ်းမာရေးဝံဂျီးက ဆေးရုံတွင်လူနားများမရှိမည်စိုးသောကြောင့်
ဆေးရုံမှဆင်းတော့မည်ဖြစ်သော
ပညာရေးဝံ ဇင်ဇင်အား ဆက်လက်နေခိုင်းထားကြောင်း ။ ဇင်ဇင်မှ
ဖဲရိုက်ဖို့ချိန်းထားသည်ဖြစ်ရာ အတင်း
ငြင်းနေသောကြောင့် မေ့ဆေးထိုးထားကြောင်း သတင်းရရှိသည်။

၃) ကေလာမမသည် ၄င်း၏ နေအိမ်အပေါ်တည့်တည့်တွင် မထွက်စဖူး နေထွက်လာသည်ဖြစ်ရာ
ကင်မရာအသစ်တစ်လုံးဖြင့် (ကင်မရာ ကြွားခြင်တာလည်းပါမှာပေါ့) နေကို
မော့ကြည့်ပီး ဘက်စုံဒေါင့်စုံ
ရိုက်ခဲ့သည် ။ ရိုက်ပီးသော် သူမ၏ဦးခေါင်း အောက်သို့ပြန်ငုံ
လို့မရတော့ကြောင်း .. ထို့ကြောင့် သောကြာနေ့ ဖဲရိုက်မည့်နေ့အမှီ ကုပေးရန်
ဆရာဝန်အား တောင်းဆိုလျှက်ရှိကြောင်းသတင်းရရှိသည်။

၎) အယ်ချုပ်ခေါ် အယ်ဒီတာချုပ်မှာ ရုံးတွင်းအလုပ်များနှင့် အလွန်အမင်း
ရှုပ်လျှက်ရှိပီး အားလပ်ချိန်များ
တွင် တစ်ယောက်ထဲဖြစ်နေသောကြောင့် ရစ်လို့ရမည့်သူ လိုက်လံရှာဖွေနေကြောင်း
သတင်းရရှိသည်။

၅) အသင်းသားချုပ် ခေါင်ခေါင်မှာ အလွန်အသက်ကြီးနေပီဖြစ်သောကြောင့် ဂေဟာမှ
သွားနိုင်လာနိုင်သော လူငယ်များအား မနာလိုဝန်တို စိတ်ဖြစ်ကာ ကလေး
ဟူသောစကား ဖြင့် လိုက်လံ နှိပ်ကွတ် နေကြောင်း
သက်သေအထောက်အထားနှင့်တကွ သတင်းရရှိသည်။ (ပြန်နှိပ်ကွတ်လိုက်ပီဗျို့ )

ငပေါသတင်းအစီအစဉ် ပီး၏
ပေါညီကိုယ်တိုင်လက်မှတ်ထိုးမှာစားသည် ။

လက်မှတ်
ပေါညီ

Tuesday, June 16, 2009

ငါတို့ဟာ ငပေါများ ဖြစ်တယ်.....


ငါတို့ကလူတွေ လိုတာထက်ပိုပြီး နားလည်တဲ့လူတွေ၊ ငါတို့မှာ မတူညီတဲ
အိပ်မက်တွေ၊အသက်အရွယ်တွေ ရှိတယ်။ဒါပေမယ့် ငါတို့အယောက်စီတိုင်းမှာ
ခံစားတတ်တဲ့ နှလုံးသားတွေရှိတယ်။ မင်းသိပါတယ် ငါတို့ကခံစားမူုကိုအလေးထားတဲ့လူတွေလေ။
ငါတို့ရဲ့ ကြားမှာ နေရာတွေ အချိန်တွေ
ခြားချင်ခြားနေမယ်၊ ဒါပေမယ့် ငါတို့ဟာ တပေါင်းတစည်းထဲရှိတယ်လေ။

တစ်ဆယ့်လေးရက် ဂျွန်လ နှစ်ထောင့်ကိုး

ငါတို့ အားလုံးအတွက် အမှတ်တရ
ဘဝမှာ တစ်ခါဘူးမှ ဒီလောက်မပျော်ဖူးဘူး။ ငါ့နားမှာ ရှိတဲ့လူတွေ
ငါတစ်ခါမှမမြင်ဖူးတဲ့ ငါ့မောင်နှမတွေ ၊ ကျေနပ်စရာကောင်းလိုက်တာ
ကြည်နူးစရာကောင်းလိုက်တာလေ။ဒါပေမယ့်ငါတို့ပျော်နေတုံး
အသည်းအသန်ဖြစ်နေတဲ့ အမ ဇင်ဇင် အတွက် စိတ်မကောင်းဘူး၊
နောက်တစ်ယောက်က မတူး၊အဆင်ပြေပါစေဗျာ လို့ဆုတောင်းပေးရုံမှတစ်ပါး အခြားခြားသော
အရာများကိုမလုပ်ပေးနိုင်တဲ့အတွက်စိတ်မကောင်းဘူး။
အားလုံးကိုယ်စီမှာ အပြုံးကိုယ်စီနဲ့ ။ ငါတို့ ငပေါတွေမှာလည်းအပြုံး ကိုယ်စီနဲ့။ ပြောချင်ရာပြောပီးဖောချင်ရာဖောနေခဲ့ကြ။ ငါတို့က တစ်ယောက်ထဲရှိလည်း
ပေါတယ်။လူစုံတော့ ပိုပေါတယ်။ထင်တောင်မထင်ဘူး။ အားလုံးက
ငါ့ထက်ပေါတယ်။ဒီကြားထဲ ငတိ နဲ့ ကိုမိုးသား
ကရာထူးအပြောင်းအလည်းလုပ်ချင်တယ်ဆိုလို့ မူးမူးနဲ့အတင်းကန့်ကွက် ရသေးတယ်။
မတော် လယ်ရာကနေ ပြန်စားလို့မရမှာတောင် ကြောက်ရသေးတယ်လေ။ ဒီကြားထဲ
ဟိုမယ်မယ်ခေါင်က သူ့ရဲ့ ကင်မရာ နဲ့တဖတ်ဖတ် ရိုက်ရုံနဲ့တင် အားမရပဲ သူရဲ့
လက်ဝါး အကြီးကြီး နဲ့တဖောင်းဖောင်းရိုက် သေးရဲ့ဗျာ ။
ကျွန်တော်လိုအတွင်းအားကောင်းတဲ့လူမို့ပေါ့၊ တော်ရုံလူဆို အဲ့နားတင်
လဲသေတယ်။ ငတိနား လည်းမကပ်ရဲဘူး ၊သူမျက်နှာက ပေါက်ကာနီး ဗျောက်အိုးလိုပဲ
ရဲတွတ်လို့ ၊မတော်ကိုရ် သွားထိုင်ကာမှ ထပေါက်နေရင် ဒွတ်ခ ၊ဒါပေမယ့်
သူကမပေါက်ပဲ ကိုဂျူးမြစ် နဲ့ ကိုမိုးသား ကသွားပေါက်လေရဲ့ဗျာ။မယ်မယ်ခေါင်က
သားတို့ကို လူမိုက်ငှါးနေသေးတယ်။

ဟားဟား
ဒါမျိုးတော့ဘယ်ရလိမ့်မလဲဗျာ၊
ရတုရင်ညို ဆိုတဲ့ကောင်က ခေါင့်အတွက်ဆိုရင် နတ်ပြည်တောင် မီးရှို့သင့်ရှို့
မှာ ဒါပေမယ့် နေ့စားကလေးတော့ ပုံမှန်ရှင်းပေးနော် .....နော်လို့
။ဒီလိုနဲ့ အကုန်လုံးစကားပြော ကောင်းတဲ့ အချိန်ကိုလည်းရောက်ရော
ပြန်ရတော့မယ်တဲ့။ ငပေါတွေအားလုံးက တစ်ကားထဲစီး ၊တစ်ပုလင်းထဲ
သောက်တွေခုမှဖစ်တွားတာ။(မူးနေပြီ ဖစ်ပါသောကြောင့်
စကားများမပီတော့ပါ)ကားပေါ်ရောက်တော့ အရင်ဆုံး တိုတေတာ တို တသိယ တွားရော
။တူနဲ့က နရူး ယီးရားနေ့ ကတစ်ခါသောက်ပီး နောက်ထပ်မသောက် ဖစ်တော့ဝူးလေ။
အော်တူနဲ့ သောက်တယ်ဆိုတာ ဂျီတော့ ဖွင့်ပီး သောက်ကြတာလေ။ဒီလိုနဲ့
ကိုယ်စီကိုယ်စီ အိမ်ပြန်ရောက်တော့ မှ ရတုရင်ညို တစ်ယောက် သေမလောက်
ဖြစ်ပါလေရော။ ဘာဖြစ်ရမှာလည်း အန်တာလေအန်တာ အစာအိမ် ရှိတာကိုမေ့ပီး
အများကြီးကစ်လိုက်တာကိုး။
အင်းမ်...ပြီးတော့လေ
ဟိုဟာလေ ဘာလည်းဆိုတော့ တော်ပြီလို့ ။ဆွေးနွေးစရာလေးတွေရှိသေးလို့။
ဘယ်သူနဲ့လည်းဆိုတော့ ကိုးမြို့ရှင်နဲ့လေ။ ဟုတ်တာပေါ့
ကိုးခရိုင်စိမ်းလန်းစိုပြေရေး အတွက်ပါ။
အော်.......ကိုးမြို့ရှင်ကဘာများကြိုက်တတ်သလဲ ခင်ဗျာ.......။
သိတဲ့လူများပြောပြကြပါဗျာ ........

ဂုဏ်ယူဝမ်းမြောက်ခြင်း

မမ တို..ဂေဟာရဲ. ပညာရေးဝံကြီးအတွက် အမြန်နေကောင်းစေရန် ဆုတောင်းမေတ္တာ ပန်းစည်းများကို ဂေဟာမှအသင်းသူ အသင်းသားများနှင်.တကွ ဧည်.သည်တော်မျုားမှ ပိုသလိုက်ပါကြောင်း
ဇင်ဇင်းအမြန်နေကောင်းပါစေ... ဂေဟာဝိုင်းကိုလည်း အမြန်ဆုံးပြန်လာနိုင်ပါစေ

စာကြွင်း.
အရေးပေါ်မှ ဇင်ဇင်း ဂေဟာဝိုင်းအား အမြန်ဆုံး အရော်ပေး နိုင်စေရန်
ကေလာမမ မှ အချိန်တိုင်း အပ်ချလောင်း လုပ်နေပါကြောင်း
ကေလာမမ



ပညာရေး ၀န်ကြီးသည် ငပေါဂေဟာ၏ အမှုကိစ္စတွေကို ကိုယ့်နှင့် မသက်ဆိုင်သော်ငြားလည်း စွမ်းစွမ်းတမန် ကြိုးစားကာ နေမကောင်းချင်ယောင် ဆောင်၍ ထိုင်းနိုင်ငံရှိ ဆေးရုံ တရုံသို့ အမည် မဖေါ်လိုသူ ကေလာမမ၏ တိုင်ကြားချက် အရ ရှောင် တခင် ၀င်ရောက် စစ်ဆေးရာ ကျန်းမာရေး ၀န်ကြီး၏ ကြိုးစားမှုကြောင့် ပညာရေး ၀န်ကြီးမှာ ချက်ချင်းဆိုသလို ၂၄ နာရီ အတွင်း လူကောင်းဖြစ်နေတာကနေ ပိုမို၍ ကောင်းမွန်သွားကြောင်း သတင်းရရှိပါသည်။
ထို့ကြောင့် သဘာပတိမှာ လွန်စွာ ၀မ်းမြောက်ကာ
ကျန်းမာရေး ၀န်ကြီးအား လွန်စွာ ကျေးဇူးတင်ကြောင်း သ၀ဏ်လွှာ ပေးပို့ကြောင်း
ပညာရေးဝန်ကြီးမှာလဲ ကံကောင်းလွန်း၍သာ ဆေးရုံတတ်ရောက် ကူသခွင့်ရကြောင်း
တော်ယုံလူဆို ဤကဲ့သို့ တော်ယုံ ဆေးရုံသို့ တက်ရောက်ခွင့် ရဖို့မလွယ်ကူကြောင်း
ဆေးရုံတက် ခွင့်ရလို့သာ ဤကဲ့သို့ ငပေါတွေရဲ့ ဂရုစိုက်မှုကို ခံရကြောင်း
ငပေါဂေဟာတွင် ပထမဆုံး ဆေးရုံတက်ခွင့်ရသော ငပေါသူဖြစ်ကြောင်း
ကံအလွန်ကောင်းသော ဂေဟာသူဖြစ်ကြောင်း
ထိုကဲ့သို့ ကံကောင်းသူမှာ ရှားပါးကြောင်း
ငတိမှာ အလွန်ဝမ်းမြောက်ကြောင်း သ၀ဏ်လွှာ ပေးပို့လိုက်ပါသည်။

ဂေဟာသူ ဂေဟာသားတွေကလဲ ၀မ်းမြောက်ကြောင်း ပန်းစီး ပေးပို့ကာ ဆုမွန်ကောင်း တောင်းပေးလိုက်ပါသည်။

ပုံ /
သဘာပတိ ဖိုးဂျယ်

Thursday, June 11, 2009

ငတိကြိုဆိုပွဲ

အစ်ကိုတော်ငတိတစ်ယောက် ပြန်လာမယ်ဆိုကတည်းက အမှုရှောင်နန်းညီလေးတစ်ကောင် ရွစိရွစိနဲ့ပျော်နေသည်မှာ အတော်ကြာ.. အဲ့သဟာနဲ့ ပြန်ရောက်တော်မူလာသော စနေနေ့မှာ သူပေးထားသော ဖုန်းနံပါတ်ကို အားရဝမ်းသာဆက်ရရှာ.. သို့သော် သို့သော်.. ငတိနေသော ရပ်ကွက်မဟာကြီးက အင်မတန်တိုးတက်ကောင်းမွန်သောဆက်သွယ်ရေးစနစ်ကြောင့် “လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ ဆက်သွယ်မှုဧရိယာ ဘလာ ဘလာ ဘလာ” ပေါ့လေ.. ဖုန်းကို အခါတစ်ရာမက နှိပ်ပါလွန်းမှ တစ်ချက်ကလေးဝင်သွားပြီး နောက်နေ့မှာ အားလုံးတွေ့ဆုံကြပါမည့်အကြောင်း ချိန်းဆိုလိုက်နိုင်လေသည်.. (Tempo အမြင့် တီးလုံးကိုတီး)

အဲဂလိုနဲ့ပေါ့လေ.. နောက်နေ့တနင်္ဂနွေနေ့မှာ အိမ်လမ်းထိပ်ကို သူလာခေါ်မည်ဆိုသဖြင့် စောင့်စားနေတော့သည်ပေါ့.. အမှုရှောင်၏ မိခင်ဖြစ်သူမှာ သူသွားစရာရှိရာနေရာနှင့် လမ်းကြုံသဖြင့် လမ်းထိပ်ကိုလိုက်ပို့ရင်း မွေးစားသားတော်မောင်ကို မြင်ဖူးချင်စိတ်ဖြင့် ဟိုတစ်ယောက်တွေ့ “ဟိုဟာလား” ဒီတစ်ယောက်မြင် “ဒီဟာလား”နဲ့ မေးနေသဖြင့် “အဲလိုပုံစံတွေ မဟုတ်ဘူး.. hip hop ပုံကိုရှာ.. hip hop” လို့ပြောထားရသေးသည်.. ခဏမျှသာစောင့်ရသည်.. ဟော- လာပါပြီဗျာ.. ကျွန်ုပ်တို့ သဘာငတိကြီး..

အလို- ရှုလော့.. ငတိဝတ်လာစားလာပုံကို..
ဆံပင်ကေက တိုနံ့နံ့ ကြွက်ကိုက်ကေ.. (ဒါကတော့ ဓာတ်ပုံတွေထဲမှာမြင်ဖူးနေကြပါပဲ..)
မိုးတွင်းထွက်စနေမှာ စူးရှသဖြင့် နေကာမျက်မှန်ကပါသေး..
လည်ကတုံးအဖြူနှင့် ပုဆိုးကပလေကပ်အပြာရောင်.. (အဝတ်တွေအကုန် လျှော်ထားသဖြင့် ဝတ်စရာမရှိသောကြောင့်ဟုပြောသည်)
ကတ္တီပါဖိနပ်မီးခိုးရောင်.. လက်ထဲမှာက လူကြုံပေးရမည့် အထုပ်တွေအပိုးတွေက တပုံတပင်နှင့်..

အမှုရှောင်၏ မိခင်က တံတောင်နှင့်တွက်ကာ “နင်ပြောတော့ HipHop ဆို”..
အဲလေ.. အဲဒါတွေထားလိုက်ပါတော့.. အဲလိုနဲ့ တွေ့ကြပြီး ကျန်ဂေဟာအဖွဲ့ဝင်များနှင့် ချိန်းဆိုထားရာ ဒဂုံစင်တာတော်ကြီးကို သွားကြလေသတည်းပေါ့.. ဒဂုံစင်တာအဝင်မှာက သိတော်မူကြသည့်အတိုင်း ရှိသမျှအထုပ်တွေကို စစ်ချင်ယောင်ဆောင်.. အဲအဲ.. စေ့စေ့စပ်စပ် စစ်ဆေးသည့်ထုံးစံရှိသည့်အလျောက် ငတိပါလာသော လူကြုံပေးရမည့် အထုပ်အပိုးကြီးငယ် အသွယ်သွယ်ကို ဖွင့်ကြ စစ်ကြ ထုတ်ကြ.. ဝတ်ပုံစားပုံထူးခြားနေသဖြင့် မနည်းကို အကဲခတ်ကြည့်ရနှင့် အတော်လေး ရှုပ်သွားကြလေသပေါ့ကွယ်...

အဲသည့်နေ့က ထောက်လှမ်းရေးချုပ်ဦးမိုးသား.. အသင်းသားချုပ်ကြီးဒေါ်ခေါင်.. ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဦးပေါညီ.. အယ်ဒီတာချုပ်တို့နဲ့ တွေ့ဆုံဖြစ်ခဲ့ကြပါသည်.. (ဧည့်သည်တော်အနေဖြင့်ပါဝင်သူများလည်း ရှိပါသည်.. မဒမ်လောင်းတွေ အမျိုးသားလောင်းတွေပေါ့လေ.. ဘယ်သူတွေမှာ ပါတာလဲတော့ ပြောတော့ဘူး.. တော်ကြာ ဆင်ဆာအဖွဲ့က ဒီပို့စ်ပေးမတင်ပဲနေဦးမယ်).. ငှက္ကဌကြီးဦးအန်ဒီမှာ အကြိမ်ကြိမ်ဖုန်းဆက်ချိန်းဆိုပါသော်ညား... အလုပ်အင်မတန်များနေသောကြောင့်မလာနိုင်ခဲ့ပါ ..(အလုပ်များတယ်ဆိုတာ သူပြောတာပဲ.. ဟုတ်မဟုတ်တော့မသိ)..

ငတိက ပြောကြားခဲ့သော အမှာစကားမှာ - ဒီတစ်ကြိမ်တွေ့ဆုံပွဲမှာ ပဏာမတွေ့ဆုံခြင်းသာဖြစ်ကြောင်း.. နောက်တစ်ခါမှ သေချာပြန်လည်ချိန်းဆိုပြီး ရန်ကုန်ရှိလူစုံတက်စုံ ဆွေးနွေးကြပါမည့်အကြောင်းနှင့် နာယကကြီးအမှာတော်ရှိထားသည့်အတိုင်း မြို့ပြင်တစ်နေရာသို့ သွားရောက်မည်ဖြစ်သဖြင့် နောက်တကြိမ်တွင်တော့ အားလုံးမပျက်မကွက်တက်ရောက်စေလိုကြောင်း.. ဂေဟာတွင်းဘတ်ဂျက်အခြေအနေမကောင်းပါက ငတိကိုယ်တိုင် စိုက်ထုတ်စပွန်ဆာပေးမည့်အကြောင်းများကို ပြောကြားသွားခဲ့ပါသည်.. ထို့နောက် လိုအပ်သည်များကို မှာစား၍ ထောက်ခံစရာများကို ထောက်ခံ၍ အစည်းအဝေးကိုရုတ်သိမ်းခဲ့ပါသည်ရှင့်..

Tuesday, June 2, 2009

ဓာတ်ပုံသတင်း ထုတ်ပြန်ခြင်း (၂)

အယ်ချုပ် ဘယ်သတင်းလိုက်ရမလည်းမသိသောကြောင့် ဘုရားဇောင်းတန်းတွင် အကြံထုတ်နေပုံ...
ပေါညီ ခေါ် ကူးသန်းဝံဂျီး ၏ ဆိုက်ရာဒို အင်ဂျင်တပ်ပီးပုံ...
နာယကဂျီး ရုံးတက်ပုံ...
ဝံဂျီးဂျုပ် ရုံးတက်ပုံ...