ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Tuesday, March 30, 2010

ပေါသတင်း

ပုလင်း(မှားလို့)အတင်းအစီအစဉ် ....

၁) အမည်မဖော်လိုသူဆေးကျောင်းထွက်ခွဲစိတ်ဆရာဝန်လောင်းတစ်ယောက်သည် ၄င်း၏ ပထမအကြိမ် ခွဲစိတ်ခန်းဝင်ရာတွင် လူနာ၏သွေးကို မြင်လိုက်ရသော ကြောင့် မူးလဲသွားကြောင်း ..
ကြမ်းမာရေးဝံကြီးက ၄င်းကျောင်းသားလေးအား သွေးမကြောက်တတ်စေရန်
ကြက် ၊ ၀က် ၊ ငါး ဈေးတွင် လက်တွေ့သင်တန်းအဖြစ် တစ်လတိတိ သွားရောက်ရန် အမိန့်ပေးထားကြောင်းသတင်းရရှိသည် ။

၂) ငပေါဂေဟာ၏ ၀န်ကြီးများ စုပေါင်းလက်မှတ်ထိုး၍ မီးကင်တဲ့ကလေး (အဲမှားပြန်ပြီ) မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းကြီးရှိခဲ့သလို ဖခင်နှင့်လူကြီး စောင့်ရှောက်ရေးအသင်း ဟူ၍လည်းဖွဲ့စည်းပေးသင့်ကြောင်း အထက်ပေါ လွတ်တော်သို့ စာတင်ထားသည်ဟု အတင်းရရှိသည် ။

၃) ဧပြီအတွင်း သင်္ကြန်မိုး ရွာနိုင်ချေရှိသောကြောင့် မြေကြီးအောက်ထဲ တွင်နေသော ပုရွက်ဆိတ်တို့သည် ၄င်းတို့၏ အစာများ ဥများကိုယူဆောင်ကာ အနီးရှိ ဓါတ်တိုင်များသို့ နေရာပြောင်းရွေ့ကြရာ ဓါတ်ကြိုးများမှာ ၄င်းတို့၏၀ိတ်ကို မခံနိုင်ပဲ ပြတ်ကျသွားသောကြောင့် ငပေါဂေဟာအတွင်း မီးမမှန်နိုင်သေးကြောင်း တာဝန်ရှောင်သူများက ပြောကြားခဲ့သည် ။

၎) ဒီတပတ်ရဲ့ငပေါကဗျာ
ဓါးနဲ့ထိုး
ဓါးကျိုးလို့လှံခွေ
ပြောင်နာဂိန်ဆင်တောင်
နင်းသတ်လို့မသေ
ဇမ္မူဒီပါတောလို
ချောတဲ့ငပေါ ။ :P

Wednesday, March 17, 2010

haPpy bIrThdaY to y♥u

ဂေဟာရဲ့ ပိုင်အိုးနီးယားတွေဖြစ်တဲ့ အမှုရှောင် နည ၁၆.၀၃.၂၀၁၀ နှင့် အသင်းသားဂျုပ် ခေါင် ၁၇.၀၃.၂၀၁၀ တို့ရဲ့ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ ငပေါဂေဟာနဲ့ အတူတူ အကယ်ဒမီတွေ ဆက်လက် ယူနိုင်ပါစေလို့ အကယ်ဒမီ ငတိမှ ဆုမွန်ကောင်း တောင်းပေးပါတယ်။ ငတိရဲ့ အချစ်ဆုံး ညီမလေးတွေ အဖြစ် မွေးဖွားပေးတဲ့ ဖေကြီးနဲ့ မေကြီးကိုလဲ ညီမလေး နှစ်ယောက် ကိုယ်စား ကျေးဇူးတင်ပါတယ်။ နေ့ရက်တိုင်း နေ့ရက်တိုင်း ပျော်ရွှင်ဖွယ် နေ့ရက်တွေ ဖြစ်ပါစေလို့လဲ ဆုတောင်းပေးပါတယ်။ မွေးနေ့မှာ ကိုယ်မျှော်နေတဲ့ သူဆီက ကောင်းမွန်သော သတင်းစကား ကြားရပါစေဗျာ :) (ဒါက အရမ်းအရေးကြီးသော ဆုတောင်းလေး ဟုတ်တယ် ဟုတ် ) နောင်နှစ်ပေါင်းများစွာ ငပေါဂေဟာသူ ဂေဟာသားတွေနဲ့ ဆက်လက် ပေါနိုင်ပါစေသောဝ်

မွေးနေ့ အတွက် မွ မွ မွ . . . .



နန်းညီအတွက် မွေးနေ့လက်ဆောင်

မျက်နှာလေးက ချစ်စရာ နန်းညီရုပ်ကလေးပါ
နှုတ်ခမ်းစူပြီးမျက်မှောင်ကြုတ် အဲဒါသူ့အလုပ်
မှန်တင်ခုံရှေ့အလှပြင် သူက မ,လှချင်
အလှပြင်ပြီး ရှိုးတွေထုတ် အဲဒါကြောင်ချီးရုပ်
မျက်နှာကြီးကတည်နေတာ ကြောက်စရာကောင်းလိုက်တာ (အီမိုလေ... အီမို)
မာနတွေကကြီးလိုက်တာ ဘယ်လောက်ပေးရတာ
လက်လက်တောက်ထင်တာတော့ သိပ်မများပါ ထောင့်ငါးရာတည်းပါ
လမ်းတွေ့ရင်တော့ ခေါ်ပါကွာ နင့်ကိုချစ်လို့ပါ........။
                             
                                                     မချစ်စနိုး(လက်လက်တောက်)

မမ တို့ ဂေဟာ ရဲ့ ၁၆ ရက်နေ့ မတ်လ မှာ ကျရောက်မဲ့ စည်းရုံးရေးအမှုဆောင် ယခင် နန်းညီနှင့် (ယခု-အကယ်ဒမီ ညီ)ရဲ့ မွေးနေ့နှင့် ၁ရ ရက်နေ့ မတ်လမှာ ကျရောက်မဲ့ အသင်းသားချုပ်ကြီး ယခင်-မယ်ခေါင်ခေါင်( ယခု -အကယ်ဒမီ ခေါင်)ရဲ့ မွေးနေ့အတွက် ဂေဟာကိုယ်စား၊ ဂေဟာမှ လူကြီးမြင်းများ ကိုယ်စား၊ ဂေဟာသို့ တစ်ခါတစ်ခေါက် အလည်ရောက်လာသော ဧည့်သည်တော်များ ကိုယ်စား၊ ရက်ဂူလာ ဂက်စ် များ ကိုယ်စား နောက်နှစ်ပေါင်း ၁ရ၀ ကျော် ပျော်ရွင်သော မွေးနေ့ပိုင်ရှင်များဖြစ်ပါစေဟု ဂဲမလောက် တီးဝိုင်းမှလည်း happy birthday သီးချင်းနှင့် မြိုင်ဆိုင်စွာ နှုတ်ဆက် လိုက်ပါသည်။ ဆုတောင်းမေတ္တာ များ ၊အချစ်(love)နှင့်တကွ လက်ဆောင်ဘဏ္ဍာများပါ ပို့သလိုက်ပါသည်။ (ယခုကဲ့သို့ လက်ဆောင်ဘဏ္ဍာများ ပေးပြီးသကာလမှာ ဂေဟာမှ ရန်ဘုံးငွေများ တက်တက်စင်အောင် ပြောင်သွားပါသဖြင့် birthday ၈ဲလ်စ် တို့ရေ . . . . အမှုမပတ်ခင် ပြေးဖို့ အဆင်သင့် ကားပါစီစဉ်ထားတယ်။ လစ်ပေတော့ ဓါတ်ဆီ ထည့်စရာမလိုဘူး။ မသကာ ခြေထောက်လေး မဆိုသလောက် တောင့်သွားယုံပဲ)


ချစ်သော အကယ်ဒမီ ကက်စီနို ပေါမမ












Thursday, March 11, 2010

ငပေါများဂေဟာ တီရှပ်ဒီဇိုင်း

လျှောက်လုပ်ရေးဌာနမှ လျှောက်လုပ်၊ ဆောက်လုပ်စရာ များမရှိသည့်နောက်. ကြံရာမရပါသည့်အဆုံး... တိုက်ပေါ်မှ တီပေါ်သို့ ပြောင်းသော စီမံကိန်းအရ တီရှပ်ထုတ်ရန် စဉ်းစားမိလေတော့သည်။ ဤသို့ဖြင့် လျှောက်လုပ်ရာမှ တီရှပ် ပုံစံ ၃မျိုး ထွက်လာပါတယ်။ အကြမ်းစဉ်းစားတာပါ။

ဓာတ်ပုံထဲက ငပေါတွေက သူများပုံကို ယူသုံးထားတာမို့ အသစ် ပြန်ဆွဲချင်ပါတယ်။ အနုပညာတို့ အနူပညာတို့ ကျွမ်းကျင်တဲ့ အမှုရှောင်နီညန်းတို့ ဘာတို့ ကူညီကြရန် ဏာယကဂျီးမှ အထုတ်မိန့်... အဲ... အမိန့်ထုတ်ပါရန်... (ဏာယကဂျီးအား ပြန်အမိန့်ထုတ်သည်ဟု မယူဆပါရန်၊ ခိုင်းသည်ဟုလည်း မယူဆပါရန်...)

ငပေါတွေပုံကို ဓာတ်ပုံကြီး ဒီတိုင်း မသုံးဘဲ၊ ဖိုတိုရှော့ပ်ဖြင့် ပန်းချီပုံစံဖျက်လျှင်ဖြစ်ဖြစ်၊ ဖြစ်နိုင်လျှင် ကယ်ရီကေချာဆွဲတတ်သူ တစ်ယောက်အား ဆွဲခိုင်းလျှင် ပို ကောင်းမည်ဟု ထင်မိပါသည်။

ဆက်လက်ပြီး အကျန်များ၊ အကြွင်းများ ပေးကြပါရန်...

လျှောက်လုပ်ရေးဝန်ကြီး
ပေါငြိမ်


၁။ နာယကဂျီး မွေးနေ့တုန်းက ဆွဲပေးတဲ့ မြောင်းပေါက်စကို ပုံအပ်ရင် ဘယ့်နှယ်လဲ
၂။ ပုံအပ်ခကတော့ တီရှပ်တထည်နဲ့ အတူ ငပေါများနဲ့ အချိန်မရွေးဝင်ပေါခွင့် ၁ နှစ်စာ ပေးလိုက်မယ် (ဟီဟိ)
၃။ အပေါ်က ၃ ခု သဘူမတောရင် ကြိုက်သလို ပြင်ဆင် ဖြည့်စွက် ပြောင်းပြန်လှန် ပြုလုပ်နိုင်ကြောင်း

ပုံ - ဏာယကကြီး အမိန့်ထုတ်သည် (ထိုအမိန့်ကို ဘယ်ငပေါမဆို မလိုက်နာဘဲ နေနိုင်သည်) ငပေါကွ


Monday, March 8, 2010

မြန်မာ ဘလော့ဂ် အကယ်ဒမီ ဆုပေးပွဲကြီး (၃)

အကယ်ဒမီပွဲတက်လာသော ငပေါကြီးငယ် အသွယ်သွယ်တို့မှာ ဆုရသည် မရသည် အပထား... လေထဲ တိုက်အိမ်ဆောက်ကာ စိတ်ကူးကိုယ်စီ၊ ရင်ခုန်သံကိုယ်စီနဲ့ အပျော်ကြီးပျော် အပေါကြီးပေါနေ ကြတော့သည်။ အဝတ်အစားများကလည်း မင်းသား၊ မင်းသမီးများရှုံးလောက်အောင် တောက်ပြောင် မော်ကြွားနေလိုက်သည်မှာဖြင့် မြင်ရသူ မျက်စိကျိန်းလောက်သည်အထိပင်။

အကယ်ဒမီဆိုသည်မှာ ဘယ်ဆီနေမှန်းမသိ... ငပေါတွေကတော့ဖြင့် ဆုကြီးကို လက်ဝယ် ပိုက်ထားသကဲ့သို့ပင် လောကကို ထီမထင်သလို မာန်တက်နေသည်ကိုလည်း အခြားအခြားသော ဘလော့ဂ်များ၊ လူတည်လူခန့်များက နည်းနည်မျှ ကြည့်မရဖြစ်နေလေတော့သည်။

ငပေါများနှင့် ယခု လောလောဆယ် ဓာတ်ကျနေသည်ကတော့ မီဒီယာသမားများဖြစ်လေသည်။ လူသတင်း လူချင်းဆောင်သော ခေတ်ကို လွန်မြောက်ခါ ယခုအခါ လူသတင်း မီဒီယာဆောင်ဟုပင် ဆိုရမည့်ခေတ် ဖြစ်ရာ ငပေါတို့သည်လည်း “မီဒီယာကို ပေါဂေဟာဖြင့် ဖုံးလွှမ်းမည်” ဟူသော ဆောင်ပုဒ်ဖြင့် မီဒီယာတို့နှင့် တရုံးရုံးတစီစီ လုပ်ကာ ခေတ်ကို ပုခုံးခြင်းယှဉ်ရန် ကြိုးစားနေလေတော့သည်။

မီဒီယာ။ ။ ဒီဘက်က ဝန်ကြီးက...

အသင်းသူ။ ။ ဟွန်း... တစ်ခါလာ ဝန်ကြီး... နှစ်ခါလာ ဝန်ကြီး... ကြာရင် ခင်ဗျားတို့ မီဒီယာတွေ ကိုဝန်ကြီးတွေနဲ့ ဖြစ်ကုန်မယ်...

မီဒီယာ။ ။ ဗျာ...

အသင်းသူ။ ။ မဟုတ်ဘူးလား... ဒီမယ်ရှင့်... ခေါင်းဆောင်ပဲ ရှိပြီး နောက်လိုက်ကောင်း မရှိရင် အသင်းအဖွဲ့တစ်ခု ရေရှည်မခံနိုင်ဘူးဆိုတာ ရှင်တို့ မသိလေရော့သလား...

မီဒီယာ။ ။ အော်...

အသင်းသူ။ ။ မအော်ပါနဲ့... ရှင်တို့တွေက အထက်ဖားအောက်ဖိ သိပ်လုပ်ချင်တဲ့ လူတွေ... ခုခေတ်ဟာ ခေတ်မီဖွန်ဖြိုးသော Democrazy ဆိုတဲ့ ငပေါလူထုကို ဦးတည်တဲ့ခေတ်ဖြစ်နေပြီဆိုတာ ရှင်တို့ မသိဘူးလား...

မီဒီယာ။ ။ အော်... ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ... ကျွန်တော်တို့က...

အသင်းသူ။ ။ ဘာမှ ဟုတ်မနေနဲ့... ခု ကျွန်မကို အင်တာဗျူးပါ... ဒါပဲ...

မီဒီယာ။ ။ ဟုတ်ကဲ့ဗျာ... နာမည်က...

အသင်းသူ။ ။ ချောသမှ ပြောသတင်းယူရလေတဲ့... ပေါမမ ပေါအသင်းသူပါရှင့်

မီဒီယာ။ ။ အော်... အခုလို ပွဲတက်လာတဲ့ ရင်ခုန်သံနဲ့

အသင်းသူ။ ။ အကယ်ဒမီ မမ တစ်ယောက်အနေနဲ့ ရင်ဖွင့်ရမယ်ဆိုရင်...

မီဒီယာ။ ။ နေ၊ နေပါဦး... ခင်ဗျားက အကယ်ဒမီ ရပြီးပြီမို့လို့လား

အသင်းသူ။ ။ ဒီမှာ... မရှည်နဲ့... အကယ်ဒမီပွဲကို လာတယ်ဆိုကတည်းက အကယ်ဒမီဖြစ်သွားပြီ... ဒါပဲ...

မီဒီယာ။ ။ ဟုတ်... ခင်ဗျားကတော့ အကဲဒမီပဲ ရသင့်တယ်၊ ကဲလွန်းလို့...

အသင်းသူ။ ။ ဟွန်း၊ ဒီတော့ အကယ်ဒမီ ပေါမမအနေနဲ့ ရင်ဖွင့်ရမယ်ဆိုရင်... အရမ်းအရမ်းကို ရင်သိမ့်တုန် ရင်ခုန် ရင်နင့်အောင် ပေါဟောဟော... ပါတယ်လို့ ပြောချင်ပါတယ်။ ပြီးတော့...

မီဒီယာ။ ။ ဟုတ်ကဲ့ ကျေးဇူးပါ... ဒီဘက်က...

အသင်းသူ။ ။ အဲ... ပြီးသေးဘူးလေ... ဒီမှာ ဖြေနေတာ

မီဒီယာ။ ။ ဟုတ်ကဲ့၊ ဒီလောက်ဆို ရပါပြီ၊ ကျေးဇူးတင်ပါတယ်။

အသင်းသူ။ ။ ဟွန်း...

မီဒီယာ။ ။ ဒီဘက်က အသင်းသား ထင်ပါတယ်။

ယာယီ အသင်းသား။ ။ ဟုတ်ပါတယ်။ ကျွန်တော်က ယာယီအသင်းသားဖြစ်ပါတယ်။ အမှတ်စဉ် ယပက်လက် မျဉ်းစောင်း သုညသုညတစ်ကို ကိုင်ဆောင်ထားတဲ့...

မီဒီယာ။ ။ ဟုတ်၊ ရပါပြီ... ဘာဖြစ်လို့ ယာယီ ဖြစ်ရတာပါလဲ။ ဂေဟာက အစမ်းခန့်ထားတဲ့ သဘောလား။

ယာယီ အသင်းသား။ ။ အမှန်က Permanent လို့ခေါ်တဲ့ အမြဲတမ်း အသင်းသားလုပ်လိုက်ရင် အမြဲတမ်း ပေါနေတဲ့သူလို့ အထင်ခံရမှာ ဆိုးလို့ပါ။

မီဒီယာ။ ။ အော်... ခုလို ပွဲတက်ရခြင်းရဲ့ ရင်ခုန်သံ...

ယာယီ အသင်းသား။ ။ ရင်ခုန်တာ လမ်းမကောင်းလို့ နေမှာပေါ့ဗျာ...

မီဒီယာ။ ။ ဘယ်လို... မရှင်းလို့...

ယာယီ အသင်းသား။ ။ အော်... ယာဉ်တွေ ခုန်တာ... လမ်းမကောင်းလို့၊ ချိုင့်တွေနဲ့ မို့လို့ နေမှာပေါ့လို့ ပြောတာ...

မီဒီယာ။ ။ အော်... ဟာဗျာ... ကျေးဇူးပါပဲ။ ဒီဘက်က ဝန်ကြီး ထင်ပါတယ်။

ချက်တွယ်ရေး ဝန်ကြီး။ ။ ဟုတ်ပါတယ်၊ တချက်အလွယ်လေး ပြင်ပြီးသုံးနိုင်တဲ့ ဆက်သွယ်ရေးဝန်ကြီး ငတုံးပါ...။

မီဒီယာ။ ။ အော်... ငပေါ ဆက်သွယ်ရေးအနေနဲ့... အကယ်ဒမီပေးပွဲအပေါ် ဘယ်လိုများ ရင်ခုန်ပါသလဲ

ချက်တွယ်ရေး ဝန်ကြီး။ ။ အော်... ပျော်ပါတယ်။ ဘာလို့လဲ ဆိုတော့ ငပေါဂေဟာက အကောင်းဆုံး အတင်းအဖျင်း အဖွဲ့ ဆုရမှာ မို့လို့ပါ

မီဒီယာ။ ။ ဗျာ... ဘယ်လို... အကောင်းဆုံး အတင်းအဖျင်း အဖွဲ့ဆု ရတယ်၊ ဟုတ်လား...

ချက်တွယ်ရေး ဝန်ကြီး။ ။ ဟုတ်တယ်၊

မီဒီယာ။ ။ ဗျာ... ဘယ်လို သိတာပါလဲဗျာ... ဗေဒင်ဆရာ မေးလာလို့လားခင်ဗျာ...

ချက်တွယ်ရေး ဝန်ကြီး။ ။ ဟေ့ ဒီမှာ ဗေဒင်မေးရင်တောင် လွဲမယ်။ ဆက်သွယ်ရေးက နားထောင်ပြီးသွားပြီ။ သေချာတယ်...

မီဒီယာ။ ။ ဗျာ... နားထောင်တယ်

ချက်တွယ်ရေး ဝန်ကြီး။ ။ ဟုတ်တယ်လေ... မယုံစောင့်ကြည့်ပေါ့... ဘာကြောင့်လဲဆိုတော့... ဒီလိုဗျ... ဘယ်နေရာကနေ ဘယ်နေရာကိုပြောပြော... ဘယ်သူက ဘယ်သူ့ကိုပဲ ပြောပြော ငပေါဂေဟာ ဆက်သွယ်ရေးက ကြားတယ်လေ... သိဘူးလား။

မီဒီယာ။ ။ ဗျာ...

ချက်တွယ်ရေး ဝန်ကြီး။ ။ မဗျာနဲ့... “နံရံတွေမှာ နားတွေ ရှိတယ်” ဆိုတာ ခု မဟုတ်တော့ဘူး၊ “ဆက်သွယ်ရေးမှာ နားတွေ ရှိတယ်” လို့ ပြင်လိုက်တော့...

မီဒီယာ။ ။ အော်... ဟုတ်ကဲ့၊ ကျေးဇူးအများကြီး၊ အကြီးကြီးကို တင်ပါတယ်။ ဒီသတင်းကို သူများ သတင်းဌာနတွေထက် အလျင်ကို ကြေညာပါ့မယ်။ ဒါနဲ့ ဒီဘက်က ဝန်ကြီးလို့ ထင်ပါတယ်။

ကြမ်းမာရေး ဝံဂျီး။ ။ ဟုတ်ပါတယ်... ချမ်းသာအေးစေဖို့ လှမ်းလာမေးနေကြတဲ့ ကျန်းမာရေးမြေကပါ။

မီဒီယာ။ ။ အော်... ဟုတ်ကဲ့ပါ။ ကျန်းမာရေးနဲ့ အကယ်ဒမီနဲ့ ဘယ်လိုများ ပတ်သက်လို့ လာရောက်ရပါသလဲ...

ကြမ်းမာရေး ဝံဂျီး။ ။ အော်... အကယ်ဒမီ ရတယ်၊ မရဘူးဆိုတာ စိတ်နဲ့ပတ်သက်တယ်လေဗျာ။ တကယ်လို့ အကယ်ဒမီမရဘူးဆိုရင် ငပေါတွေ ပေါရုံမက သွပ်ချောင်ချောင်ဖြစ်တာတို့၊ စိတ်ဖောက်သွားတာတို့ ဖြစ်သွားနိုင်တယ်လေ... အဲလိုတွေ ဖြစ်တဲ့အခါ ကျန်းမာရေးက လိုအပ်လာပြီလေ...

မီဒီယာ။ ။ ဝန်ကြီးကရော... အကယ်ဒမီကို မျှော်မှန်းပါလား...

ကြမ်းမာရေး ဝံဂျီး။ ။ အင်း... ကျွန်တော်က ဂေဟာကို အကယ်ဒမီ အရမ်းရစေချင်ပါတယ်။ အဲဒါဆို နောက်ပိုင်းမှာ ပေါကျန်းမာရေး ပညာပေးကားတွေ များများ ရိုက်လို့ ပိုရလာမှာ မို့လို့ပါ

မီဒီယာ။ ။ တကယ်လို့ အကယ်ဒမီ မရရင် ကျန်းမာရေး ဝန်ကြီးကရော သွပ်ချောင်ချောင်ဖြစ်သွားမှာလား... အဲလို ဖြစ်သွားရင် ကျန်တဲ့ ငပေါတွေကို...

ကြမ်းမာရေး ဝံဂျီး။ ။ ဟ၊ ဟ... အဟေ့... မောင်ရင်... သိပ်မစဉ်းစားနဲ့၊ မောင်ရင်ပါ သွပ်ချောင်ချောင် ဖြစ်သွားမယ်၊ မီဒီယာက မီဒီယာလိုနေ...

မီဒီယာ။ ။ ဟုတ်၊ ဟုတ်ကဲ့ပါ။ ကျေးဇူးတင်ပါတယ်။

အားလုံးပဲ မင်္ဂလာပါရှင်...

ငပေါများ အားလုံး နေရာယူပြီး သိပ်မကြာခင်မှာပဲ... စင်မြင့်ထက်မှ အစီအစဉ်တင်ဆက်သူ၏ အသံကို ကြားရတော့သည်။

ကျွဲရောင်းလာကြတဲ့... ဘလော့ဂါရပ်ဝန်း အချီးအကဲများ၊ လူချီးမြင်းများ... ငပေါများ... ရုပ်တည်များ... ပေါက်လွတ်ပဲစားများ၊ ဘလော့အာပလာရှင်များ... အားလုံးအားလုံးကို စီစဉ်သူများကိုယ်စား ကျွန်မကပဲ ဒီစင်မြင့်ထက်ကနေ နှုတ်ခွန်းဆက်သ ဂါရဝ ပြုပါရစေ။

မကြာမီ အချိန်တောအတွင်းမှာ အားလုံးမျှော်လင့် စောင့်စားနေကြတဲ့ ၂၀၀၉ ခုနှစ်ရဲ့ အကောင်းဆုံး ဘလော့ဂ် အကယ်ဒမီများကို ကြေငြာပေးအပ်သွားမှာဖြစ်ပါတယ်။

ထိုသို့ ပေးအပ်တဲ့နေရာမှာ စနစ်မကျ... အဲ... စနစ်တကျ ကောက်ယူထားတဲ့ စစ်တမ်းကို အခြေခံပြီး... ၂၀၀၉ ခုနှစ်မှာ ထွက်ရှိသမျှ ဘလော့ဂ်တွေ အားလုံးထဲကနေ... အလွဲဖြတ်ဒိုင်တွေ စိတ်ရှိသလို... အဲ... စိတ်ထင်သလို... အဲ... သီးခံပါရှင်... အလွဲဖြတ်ဒိုင်လူကြီးတွေက စည်းမျဉ်းစည်းကမ်းများနှင့် တခြားစီ မတရားသဖြင့်... အဲ... သီးခံပါ... စည်းမျဉ်း စည်းကမ်းများနှင့် အညီ တရားသဖြင့် ဆုံးဖြတ်ရွေးချယ်ထားတာ ဖြစ်ပါတယ်။

ဏာယကဂျီး။ ။ ဆယ်သွယ်ရေးဝန်ကြီးရဲ့ သတင်းသာ အမှန်ဆိုရင် ဆုပေးတဲ့အခါ ငပေါအားလုံးက “လောင်းလစ်ဗ် သပေါစ်” လို့ အော်ကြမယ်။

လျှောက်လုပ်ရေးဝန်ကြီး။ ။ ဟုတ်ပါပြီ၊ ဆုကို ဘယ်သူက တက်ယူမှာလဲ... အကုန်လုံးသာ တက်ယူရင် စင်ကျိုးကျမှာ သေချာတယ်။

တွင်း (၁)။ ။ တကယ်လို့ ဆုမရရင်... အကောင်းဆုံး အတင်းအဖျင်းအဖွဲ့ ဆုရတဲ့ ဘလော့ဂ်ကို အပြန်ကျရင် ပြန်ပေးဆွဲသင့်ဆွဲရမယ်

တွင်း (၂)။ ။ ဟာ... ပြန်ပေးဆွဲပြီး ဘာလုပ်မှာလဲ... ရွှေပြားဆုကို လုပြေးရင် ရပြီပဲလေ...

အသင်းသူ။ ။ နေပါဦး... မမတစ်ခုလောက် ပေါ... အဲ ပြောပါရစေ... တကယ်လို့ ဆုရရင်... တစ်ဦးတည်းသော အသင်းသူလေးကို အသိမှတ်ပြုတဲ့အနေနဲ့ ဆုတက်ယူခွင့် ပြုပါလို့... တောင်းဆို...

ကာကွယ်ရေး ဝန်ကြီး။ ။ အာ... အရေးထဲမှာ၊ တိတ်တိတ်နေ... ဆုတကယ်ရရင် ညည်းကို တက်ယူခိုင်းမယ်၊ ခု ပါးစပ်ပိတ်နေ...

အသင်းသူ။ ။ ဂယ်... ဒဂယ်။။။ မမကို တက်ယူခိုင်းမယ်... ဏာယကဂျီး ဟုတ်လားဟင်...

ကာကွယ်ရေး ဝန်ကြီး။ ။ ဟာ။ ညည်း ပါးစပ်ပိတ်ပါဆို... ဒီမှာ... ကျွန်တော့် ကျောပိုးအိတ်ထဲမှာ လက်နက်တွေ အများကြီး ပါလာတယ်။

ဏာယကဂျီး။ ။ လက်နက်တွေ... ဟုတ်လား၊ အဝင်တုန်းက စစ်ဆေးရေးမှာ အသံမမြည်ဘူးလား။

ကာကွယ်ရေး ဝန်ကြီး။ ။ အာ... ဏာယကဂျီးကလည်း လက်နက်ဆိုတာ လက်အိတ်အနက်တွေကို ပြောတာဗျ။

ဏာယကဂျီ။ ။ ဟာ... နင့် အဲဒီ လက်အနက်တွေက ဘာလုပ်လို့ ရမှာလဲ၊ ကာကွယ်ရေးဝန်ရ...

ကာကွယ်ရေး ဝန်ကြီး။ ။ ဟာ... ဟုတ်ဘူးဗျ၊ ကျွန်တော့်ဟာတွေက လက်ဝှေ့ထိုးတဲ့ အိတ်အနက်တွေဗျ။ အဲဒီတော့ ဂေဟာသာ ဆုမချိတ်ဘူး ဆိုရင်... ခုရှေ့က စင်မြင့်ဟာ လက်ဝှေ့စင်မြင့် ဖြစ်သွားစေရမယ်။ သိပြီလားဗျ။

ဏာယကဂျီး။ ။ နင့်ဟာက ဖြစ်ပါ့မလားဟယ်။ ဟိုမှာ လျှောက်လုပ်ရေးဝန်ဆို လူရိုးလေး... လူက အရိုးပဲ ရှိတာလို့ ပြောတာ... အတွင်းထဲမူးဆိုတဲ့ ကောင်တွေကလည်း အတွင်းထဲမှာပဲ မူးနေတာလေ... လူမပြောနဲ့ ပုလင်းတောင် ကုန်အောင် ဖြိုနိုင်ပါ့မလား သိဘူး။

ငှက္ကဌ။ ။ ဒါတော့ ဏာယကဂျီး အချင်းချင်း ကပ်ကျောတာပဲ... ပုလင်းတော့ ဖြိုနိုင်ပါတယ်ဗျာ... ဒီလူတွေ

ဝန်ကြီးချုပ်။ ။ ဟေ့လူတွေ၊ ငြင်းမနေကျနဲ့တော့ ဟိုမှာ ပွဲပြန်စနေပြီ။

အခု... အခမ်းအနားအစီအစဉ်အရ မြန်မာဘလော့ဂ် အကယ်ဒမီဆုများကို ကြေငြာရန် အမ်အမ် ဘလော့ဂ်ပရက်စ်မှ တာဝန်ရှိလူချီးမြင်း ဦးပြောင်ပြောင်ပွင့်ကို ဖိတ်ခေါ်ပါတယ်။

ဒီလိုနဲ့ ဦးပြောင်ပြောင်ပွင့် စင်ပေါ်တက်လာသည်။

မင်္ဂလာပါ။ အားလုံးလည်း သိကြမှာပါ။ ဘလော့ဂါဆိုတာ ဘလာဂေါ်တဲ့ လူတွေပါ။ ဒါပေမယ့် ၂၀၀၇ နောက်ပိုင်းမှာ သူတို့တွေရဲ့ တန်ဖိုးကို ကျွန်တော်တို့ သိလာပါတယ်။ သူတို့တွေဟာ ဘယ်ဝန်ကြီးက ဘယ်အုတ်နံရံမှာ သေးနဲ့ပန်းသွားတယ်။ ဏာယကဂျီး ဘယ်ဆိုင်မှာ ပုလွေတစ်ရာသောက်တယ် အဲသလို အရာတွေကအစ အချိန်နဲ့ တပြေးညီ တင်ဆက်နိုင်တော့ ကျွန်တော်တို့ဟာ သူတို့တွေရဲ့ အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့... တနည်းအားဖြင့် ကျွန်တော်တို့ အတင်းတွေကို မရေးဖို့... အဲ... အဲ... တနည်းအားဖြင့် နိုင်ငံကို ပိုမို အကျိုးပြုနိုင်ဖို့အတွက် ဒီလိုဆုတွေကို ပေးအပ်ရတာပါ။

အခု... အကောင်းဆုံးစားရင်ဝင်တဲ့ ဆုရဘလော့ဂ်များကို ကြေငြာပါတော့မယ်...

အကောင်းဆုံး တိုလီမိုလီ ဘလော့ဂ်ဆုကို မြန်မာ အီးတုံး ဘလော့ဂ်က ရရှိပါတယ်။

အကောင်းဆုံး ဘာသာကူးရသစာပေ ဘလော့ဂ်ဆုကိုဖြင့် ကိုပါတီရဲ့ အကူးပုံရိပ်များ ဘလော့ဂ်က ရရှိပါတယ်

အကောင်းဆုံး ရင်တွင်းညှစ် ခံစားမှုစာပေ ဘလော့ဂ်ဆုကို မြောင်းကျိုးတစ်စင်း ဘလော့ဂ်က ရရှိပါတယ်။

အကောင်းဆုံး လူမှုဘဝ အရှုပ်ဖော် စာပေ ဘလော့ဂ်ဆုကိုဖြင့် ဟင်းနဲ့ ပလာတာ ဘလော့ဂ်က ရရှိပါတယ်။

အကောင်းဆုံး ပညာမပေး စာပေ ဘလော့ဂ်ဆုကို အာပလာ အာဝါဒါး ဘလော့ဂ်က ရှိပါတယ်။

အကောင်းဆုံး နိုင်ငံ အပုပ်ချ သတင်းနှင့် စာပေ ဘလော့ဂ်ဆု အီးကုန်းခြင်းရဲ့ အင်အား ဘလော့ဂ်က ရရှိပါတယ်။

အကောင်းဆုံး ရွှီးပညာ ဘလော့ဂ်ဆုကို သေလမင်း ဘလော့ဂ်က ရရှိပါတယ်။

အားလုံးကို ကျေးဇူး အထူးပဲ တင်ရှိပါတယ်။ အခု ဆုများကို ပေးအပ်ဖို့အတွက်...

ဏာယကဂျီး။ ။ ဟာ... ဟေ့ကောင်တွေ... တို့ ဂေဟာ ဆုမရဘူးကွ

လျှောက်လုပ်ရေး ဝန်ကြီး။ ။ ဟာဗျာ... ရကို ရရမှာဗျ။ ဆယ်သွယ်ရေးဝန်ကော... သူပြောတော့ ရမယ်ဆို...

တွင်း (၁)။ ။ အဲဒီတော့ ရရင်ရ မရရင် သမ လုပ်ရတော့မှာပေါ့

အသင်းသူ။ ။ အဟင့်... အကယ်ဒမီ မမ မဖြစ်တော့ဘူးပေါ့နော်... ဟင့်...

ကာကွယ်ရေး ဝန်ကြီး။ ။ ဟာ... အရေးထဲ... နင်က တမှောင့်၊ အကျန်ပေးရယ် လုပ်ပါဦး၊ အကျန်လေး

အကျန်ပေးအရာရှိ။ ။ ဒီလိုလုပ်ရင်ရမယ်။ ကျွန်တော်တို့က ခု အလည်လောက်မှာ ထိုင်နေတာ... ဟိုနောက်တန်းက ဆုတက်ယူမှာ သုံးယောက်လောက် ရှိတယ်... ဒီအလည်လောက်ယောက်ရင် အဲလူကို မေ့ဆေးနဲ့ အုပ်ပြီး ကျွန်တော်တို့ထဲက တစ်ယောက်က ခပ်တည်တည်နဲ့ တက်ယူမယ်ဗျာ...

သဘာငတိ။ ။ နေဦးဗျ။ ဆုကြေငြာတာ တချို့တွေ ကျန်သေးသလိုပဲ... ဟိုလူကြီး မေ့သွားပုံရတယ်...

ဏာယကဂျီး။ ။ ဟုတ်တယ်... အကောင်းဆုံး အတင်းအဖျင်း အဖွဲ့ဆုကို မကြေငြာရသေးဘူး

ထိုစဉ်မှာပဲ... စင်ပေါ်သို့ ဦးပြောင်ပြောင်ပွင့် ပြန်တက်လာသည်။

သီးခံပါ ခင်ဗျာ။ နည်းပညာ အခက်အခဲကြောင့် ခုနက ဆုများကို ကြေငြာတဲ့အခါမှာ ဘလော့ဂ်တချို့ ကျန်သွားပါတယ်။ အဲဒါတွေကို ဆက်လက် ကြေငြာပါ့မယ်။

အကောင်းဆုံး အတင်းအဖျင်းအဖွဲ့ ဘလော့ဂ်ဆုကို ငပေါများဂေဟာ ဘလော့ဂ်မှ ရရှိသွားပါသည်။

ဆက်လက်ပြီး အကောင်းဆုံး...

ဝေး... ဟေး... ဝေးးးးး

ပျော်တယ်ဟေ့၊ ပေါတယ်ဟေ့...

ငါကွ... အကယ်ဒမီ မမကွ။

ဝေး... ဟေးလားမောင်ရို့ပေါ...

ခန်းမတစ်ခုလုံး ကြွက်ဆီညံကာ ပွက်လောရိုက်သွားသည်အထိ ငပေါတွေ ထခုန် ထအော်ကြတော့သည်။ မီဒီယာတွေ၊ စာနယ်ဇင်းတွေကလည်း ကင်မရာတွေ၊ ဗီဒီယိုတွေ တဖြတ်ဖြတ်၊ တဖုတ်ဖုတ်ရိုက်... ငပေါတွေကလည်း တဖတ်ဖတ်၊ တဖုတ်ဖုတ် အမူအရာတွေနဲ့ ပေါပြ။

အခြားအခြားသော မနာလူသူတွေက နှာခေါင်းတွေရှုံ့ကြ... ခင်မင်တဲ့ ဘလော့ဂ်တွေ၊ မိတ်ဆွေတွေက လာရောက် လက်ဆွဲနှုတ်ဆက်၊ ပခုံးဖက်၊ ဒူးတိုက် နဖူးတိုက်တွေ၊ kissing တွေ လာလုပ်ကြ။

အသင်းသူ။ ။ ဟ၊ ဟ၊ မမတို့တော့ ပွတာပဲ... စင်ပေါ်တက်ရတော့မယ်။

တွင်း (၁)။ ။ ဟာ... နင်တက်လို့ ဘယ်ဖြစ်မှာလဲ... နင်က ဘာအဆင့်ရှိလို့လဲ...

အသင်းသူ။ ။ ဘာလို့ မရရမှာလဲ... ဟိုမှာ ကာကွယ်ရေးဝန်ကြီးက ကတိပေးထားတယ်၊ ဏာယကဂျီးလည်း စောစောက ခေါင်းညိတ်ထားတယ်။

ဏာယကဂျီး။ ။ ဘာ... ကတိပေးထားတယ်။။။ ဟုတ်လား၊ ဘယ်တုန်းကလဲ...

အသင်းသူ။ ။ ဟင့်... ခုနကပြောတာလေ... ဆုရရင် မမကို စင်ပေါ်တက်ခွင့်ပြုမယ်ဆို...

ယာယီ အသင်းသား။ ။ ဟုတ်တယ်လေဗျာ... ခုနက ခင်ဗျားတို့ပဲ ပြောတာပဲ...

ဏာယကဂျီး။ ။ ကဲကဲ... ဂေဟာအနေနဲ့ ချောက်ထဲကျဖို့ လက်တစ်ကမ်းသာ လိုတော့တယ်။ ဏာယကဂျီးက ဂေဟာရဲ့ ရှေ့ရေးကို ရှေးရှုကြင်နာသောအားဖြင့် စင်ပေါ်ကို ကိုယ်တိုင်တက်မှ ဖြစ်မယ်။

ပြောရင်း တဆက်တည်း ဏာယကဂျီးက ကာကွယ်ရေးဝန်နား ကပ်သွားပြီးတိုးတိုးပြောလိုက်သည်။

(((ဏာယကဂျီး။ ။ ဒီမယ်... ကျုပ်စင်ပေါ်တက်ရတဲ့အခါ ခင်ဗျားကို မမေ့ပါဘူးဗျ။ ခင်ဗျားအတွက် ရန်ဘုန်းငွေတွေထဲကနေ လက်အိတ်နက်တွေ ဝယ်ဖို့ထပ်ထုတ်ပေးပါမယ်။)))
(((ကာကွယ်ရေးဝန်ကြီး။ ။ သေချာတယ်နော်... ဏာယကဂျီး)))
(((ဏာယကဂျီး။ ။ သိပ်သေချာတာပေါ့...)))

ကာကွယ်ရေး ဝံဂျီး။ ။ ဒီမယ်... အသင်းသား၊ အသင်းသူတွေ... ညည်းတို့နှစ်ယောက် ခုလို အခြေအခြေအနဲ့ အငြင်းပွားနေလို့ မသင့်ဘူး

အသင်းသူ။ ။ ဘာမှ အငြင်းမပွားဘူး၊ ဒီမယ် ရှင်တို့ လူလည်မကျနဲ့နော်... ငိုလိုက်မှာ... အဟင့်... ဒီနေ့တော့ အကယ်ဒမီ မမအဖြစ် စင်ပေါ်ကို တက်ရမှ ဖြစ်မယ်။။။

ကာကွယ်ရေး ဝံဂျီး။ ။ ဟေ့... လူလည်ကျရအောင် ငါတို့က ဘာလုပ်နေလို့လဲ... ဂေဟာအရေးတွေးပြီး ကယ်တင်ဖို့ လုပ်နေတာ နားလည်ထား...

အသင်းသူ။ ။ ဘာပဲဖြစ်ဖြစ် ကတိက ကတိပဲ၊ ငါးပိက ငါးပိပဲ...

ကာကွယ်ရေး ဝံဂျီး။ ။ ဘာမှ ကတိတွေ ကတက်တွေ လာလုပ်မနေနဲ့... ငြိမ်ငြိမ်နေ... စင်ပေါ်ကို ဏာယကဂျီးတက်မယ်... အသံထပ်ထွက်ရင် လက်အိတ်အနက်နဲ့ တွေ့သွားမယ် ဘာမှတ်လဲ...

အသင်းသူ။ ။ အဟင့်... လူချိုးဂျီးဒွေ... လူညာဂျီးဒွေ... အဟင့်...

ဒီလိုနဲ့ ဘီဒို အာဏာသုံးပြီး ဏာယကဂျီး စင်ပေါ်ရောက်သွားလေတော့သည်။

ဖြောင်း၊ ဖြောင်း... ရွှီး... လောင်းလစ် သပေါစ်စ်စ်... ဖြောင်း၊ ဖြောင်း... ဖြောင်း... လောင်းလစ် သပေါစ်စ်စ်...

အောက်က ဝန်ကြီးတွေကလည်း ကာကွယ်ရေးရဲ့ လက်အိတ်အနက်ကို ကြောက်သဖြင့် လက်ခုပ်တွေ၊ လက်ဖြောက်တွေကို မတီးချင် တီးချင်ဖြင့် တီးရလေတော့သည်။ ဆုယူအပြီးမှာတော့ ဏာယကဂျီးရဲ့ အကယ်ဒမီ ရင်ခုန်သံကို ကြားရလေတော့သည်။

ဏာယကဂျီး။ ။ ဆုရသည်ဖြစ်စေ မရသည်ဖြစ်စေ... ကျွန်မတို့ကတော့ ဆက်ပေါမှာပဲ ဖြစ်ပါတယ်။ ဆုရဖို့ ပေါခဲ့တာလည်း မဟုတ်ပါဘူး။ ပေါချင်လွန်းလို့ကို ပေါခဲ့တာပါ။ ဒါပေမယ့် ဆုရတယ်ဆိုတော့ ငပေါရဲ့ဝန်ကြီးတွေ အကုန်ကတော့ အားတက်တာပေါ့... ဒါပါပဲ... လောင်းလစ် သပေါစ်စ်...

ငပေါများ အားလုံး။ ။ လောင်းလစ် သပေါစ်စ်စ်...

ငပေါဂေဟာ အကယ်ဒမီ အစီအစဉ် ဤတွင် ပြီး၏။


လျှောက်လုပ်ရေးဝန်ကြီး
ပေါငြိမ်

Friday, March 5, 2010

မြန်မာ ဘလော့ဂ် အကယ်ဒမီ ဆုပေးပွဲကြီး (၂)

အကယ်ဒမီဆိုသည်မှာ ပေါ့သေးသေးမဟုတ်ချေ။ ပိုက်ဆံပေါ၍ ရုပ်ရှင်ရိုက်နိုင်သော်လည်း၊ မင်းသား၊ မင်းသမီးဖြစ်ရန် ခက်လှသလို မင်းသား၊ မင်းသမီးဖြစ်တိုင်း အကယ်ဒမီရဖို့ရန်ကလည်း ခဲယဉ်းလှပေတော့သည်။ ထိုနည်းတူ မြန်မာဘလော့ဂ် အကယ်ဒမီဟု ဆိုသော အကယ်ဒမီကို ရဖို့ရန်ကား... ပေါတောတော အူကြောင်ကြောင် နိုင်လှသော ငပေါများအတွက်မူ အိပ်မက်ထဲတွင်ပင် ယောင်လို့ မမက်ဖူးသော စိတ်ကူးဟု ဆိုရအံ့။

မည်သို့ပင်ဆိုစေ အကယ်ဒမီ ရသည်မရသည်အပထား၊ အကယ်ဒမီ ပွဲတက်ရခြင်းသည်ပင်လျှင် ငပေါများအတွက် မဟာရင်ခုန်ဖွယ်အတိ ဖြစ်နေလေတော့သည်။ အခြားတစ်ဘက်မှာကား အကယ်ဒမီပွဲသို့ တက်ရောက်လာသော၊ အခြားသော ရုပ်တည်ဖြင့်၊ အတည်ပေါက်ဖြင့် လုပ်စား၊ ရိုက်စားနေသော ဘလော့ဂ်ကြီး ဘလော့ဂ်ငယ်အသွယ်သွယ်တို့မှာ ယခုကဲ့သို့ ဂေဟာလိုက် ရောက်ရှိလာသော ငပေါကြီးငယ် အသွယ်သွယ်တို့ကို နည်းနည်းမှ ကြည့်မပျော် ရှုမရ ဖြစ်နေချေသည်မှာလည်း

မီဒီယာ။ ။ ဒီဘက်က အတင်းတားချုပ်ဂျီး ခေါင်ရည်ဆိုတာလား မသိဘူး...

အတင်းတားချုပ်ဂျီး။ ။ ဟာ... ခေါင်ခေါင်ပါဗျာ။ ခေါင်ရည်ဟုတ်ပါဘူး။။။

မီဒီယာ။ ။ အော်... သီးခံပါရှင်... ကြားရတဲ့ သတင်းအရပေါ့နော်...

အတင်းတားချုပ်ဂျီး။ ။ ဟုတ်ကဲ့၊ ပြောပါရှင်

မီဒီယာ။ ။ အတင်းသားချုပ်က အချိန်ကို ပိုင်တယ်လို့

အကျန်ပေး အရာရှိ။ ။ ပေါက်ပေါက်ရှာရှာဗျာ... နာရီကို လူတွေ ပိုင်တာတော့ ဟုတ်မယ်၊ အချိန်ကိုတော့ ဘယ်သူမှ မပိုင်ပါဘူးဗျာ။

အတင်းတား ချုပ်ဂျီး။ ။ အမှန်က ဒီလိုပါ။

အကျန်ပေး အရာရှိ။ ။ အမှားက ဟိုလိုပါ။

အတင်တားချုပ်ဂျီး။ ။ အရေးထဲ လာနောက်နေသေးတယ်၊ အမှန်က ဒီလိုပါ။ အချိန်ဆိုတာ... ပေါင်ချိန်တို့ ဘာတို့လိုပဲ လူနာမည်ပါ။ အဲဒီလူကို ကျွန်မ ပိုင်တယ်လို့ ဆိုလိုတာပါ။

အကျန်ပေး အရာရှိ။ ။ အော်၊ ဂလိုကိုး...

မီဒီယာ။ ။ ဒါနဲ့ ဒီဘက်က အကြံပေး အရာရှိကို မေးပါရစေ...

အကျန်ပေး အရာရှိ။ ။ ဟုတ်ကဲ့ မေးပါ။

မီဒီယာ။ ။ ငပေါဂေဟာမှာ အကြံပေးပေးနေတယ်ဆိုတော့လေ... ဘယ်လိုများ ကြံရည်ဖန်ရည် တက်အောင် လုပ်လာခဲ့သလဲဆိုတာ... အဲဒါလေး သိချင်လို့ပါ

အကျန်ပေး အရာရှိ။ ။ အော်... ကြံရည် ဖန်ရည်တိုးအောင်လား အလွယ်လေးပဲ။ ဖန်ရည်ဆိုတာ ရေနွေးကြမ်းကို ခေါ်တာလေ... ဟုတ်ဘူးလား။

မီဒီယာ။ ။ ဟုတ်ကဲ့၊ ဟုတ်ပါတယ်။

အကျန်ပေး အရာရှိ။ ။ အဲဒီတော့ ကြံရည်ဖန်ရည်တိုးအောင် ကြံရည်နဲ့ အဖန်ရည်ကို ရောပြီး တစ်နေ့ တစ်ခွက်စီ သောက်သုံးပေးပေါ့။

မီဒီယာ။ ။ ဟုတ်ကဲ့။ အင်မတန်မှ ထူးဆန်းတဲ့ နည်းပါပဲ၊ ကျေးဇူးပါနော်၊ ဒီဘက်က ပေါညီညီဆိုတာလား သိဘူး

ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး။ ။ ဟုတ်ပါတယ်။

မီဒီယာ။ ။ ဝန်ကြီးက စနေဂြိုဟ်ကနေ တယောတွေ တင်သွင်းတယ် ဆိုတော့လေ... အဲဒါ အဆက်အသွယ် ဘယ်လိုများ ရတာလဲ ဆိုတာ သိချင်လို့ပါ။

ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး။ ။ အော်... ဒီလိုပါ။ အဆိုတော် တစ်ယောက်က “အိမ်ဂျယ် တယော” ဆိုပြီး သီချင်းခွေ တစ်ခွေ ထုတ်တယ်လေ။ သူ့အခွေကို နားထောင်ပြီးတဲ့အခါ ကျွန်တော့်မှာ စိတ်ကူးဖြစ်လာတယ်။ တခြားကမ္ဘာနဲ့ ဆက်သွယ်ပြီး ကူးသန်းရောင်းဝယ်ဖို့ စိတ်ကူးပေါ့ဗျာ။

မီဒီယာ။ ။ ဟုတ်ကဲ့၊ နောင်ကော ဘယ်လို ပစ္စည်းတွေကို အိတ်စ်ပို့၊ အင်ပို့ လုပ်ဖို့ စဉ်းစားထားပါသလဲ။

ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး။ ။ အင်း... အဆင်ပြေရင် ယမင်းနဲ့ပါ ချိတ်ဆက်ပြီး ငရဲပြည်ကို လောင်စာဆီ သွင်းတာတို့၊ လူကုန်ကူးတာတို့ လုပ်ချင်ပါတယ်။

မီဒီယာ။ ။ ဟုတ်ကဲ့ ကျေးဇူးပါ။ ဒီဘက်က ယမမင်းလေး ဆိုတာလား မသိဘူး။

တရားစီရင်ရေး ဝန်ကြီး။ ။ ဟုတ်ပါတယ်

မီဒီယာ။ ။ ခုနက ကူးသန်းဝန်ကြီးက အိတ်စ်ပို့ လုပ်မယ်ဆိုတာ ခင်ဗျားနဲ့လား မသိဘူး။

တရားစီရင်ရေး ဝန်ကြီး။ ။ မဟုတ်ပါဘူး၊ ဟိုဟာက ယမမင်းကြီးပါ။ ငရဲပြည်မှာ နေတာလေ။ ကျွန်တော်ကတော့ လူ့ပြည်မှာ တရားစီရင်တဲ့ အသေးစား ယမမင်းလေးပါ။

မီဒီယာ။ ။ ဟုတ်ကဲ့၊ အခုလို အကယ်ဒမီပွဲကို လာရောက်ရတဲ့ ရည်ရွယ်ချက်နဲ့ ရင်ခုန်သံလေးကို သိချင်ပါတယ်။

တရားစီရင်ရေး ဝန်ကြီး။ ။ အဓိကက၊ အကယ်ဒမီကို တရားမျှတစွာ ပေးအပ်ဖို့ ဖြစ်ပါတယ်။ ဘက်လိုက်မှု ရှိမရှိ လေ့လာဖို့အတွက် လာရောက်ရခြင်း ဖြစ်ပါတယ်။

မီဒီယာ။ ။ ဘက်လိုက်မှု မျှတမှုတွေကို ဘယ်လိုမျိုး ဆုံးဖြတ်မှာလဲခင်ဗျာ။

တရားစီရင်ရေး ဝန်ကြီး။ ။ အော်... ဒီလိုပါ။ ငပေါဂေဟာကို ဆုပေးတယ်ဆိုရင် ဒါဟာ မျှတပြီး ဘက်လိုက်ခြင်းကင်းတဲ့ အကယ်ဒမီလို့ ဆိုရမှာ ဖြစ်ပြီး၊ ငပေါဂေဟာကို ဆုမချဘူးဆိုရင် ဒါဟာ အင်မတန်မှ မမျှမတ စီရင် ဆုံးဖြတ်ထားတဲ့ အကယ်ဒမီလို့ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။

မီဒီယာ။ ။ ဟုတ်ကဲ့ အခုလို သဘောထားလေးကို ပွင့်ပွင့်လင်းလင်း သိရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီဘက်က ရှိနေတာ ပို့ဆောင်ရေး ဝန်ကြီးလို့ ထင်ပါတယ်။

ပို့ဆောင်ရေး ဝန်ကြီး။ ။ ဟုတ်ပါတယ်။

မီဒီယာ။ ။ ဝန်ကြီးက ညဘက်မအိပ်ဘူး ထင်ပါတယ်။

ပို့ဆောင်ရေး ဝန်ကြီး။ ။ ဘာကြောင့်ဘာလဲ။

မီဒီယာ။ ။ နေ့ဘက် အိပ်မက်မက်တယ် ကြားလို့ပါ။

ပို့ဆောင်ရေး ဝန်ကြီး။ ။ အမှန်က အဲလို မဟုတ်ပါဘူး... ညလည်း အိပ်ပါတယ်၊ နေ့လည်း အိပ်ပါတယ်။ နေ့ခင်း ဝန်ကြီးတွေ၊ နာယကတွေကို ပို့ဆောင်တဲ့အခါမှာလည်း အိပ်ပါတယ်။

မီဒီယာ။ ။ ဗျာ... ဝန်ကြီးအနေနဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို သဘော မပေါက်တာလားခင်ဗျာ။

ပို့ဆောင်ရေး ဝန်ကြီး။ ။ ဒီမှာ... သဘောပေါက်လွန်းလို့ ဖွတ်ဖွတ်ကို ကြေနေပြီ။ “မူးရင် မမောင်းနဲ့၊ မောင်းရင် မမူးနဲ့” တဲ့။ အိပ်ရင် မမောင်းနဲ့လို့ ဘယ်သူမှ ပြောမထားဘူး။ သိပြီလား... နာချင်ပြီထင်တယ်။

မီဒီယာ။ ။ ဟုတ်၊ ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။ ဒီဘက်က ဝန်ကြီးကရော ခင်ဗျာ။

လယ်ယာပြန်စားရေး ဝန်ကြီး။ ။ အော်၊ ကျွန်တော်က လယ်ယာဝန်ပါ

မီဒီယာ။ ။ ဟာ... အခန့်သင့်လိုက်လေ... ကျွန်တော့်ကို အင်္ကျီကြယ်သီးလေး တဆိတ်လောက် ဖြုတ်ပြီး ရင်ဘတ်ကို ဖွင့်ပြနိုင်မလား မသိဘူး။

လယ်ယာပြန်စားရေး ဝန်ကြီး။ ။ ဘာကွ၊ လူကြီးကို မင်းနောက်စရာလား...

မီဒီယာ။ ။ မ... မဟုတ်ပါဘူး၊ သိချင်လို့ပါ။

လယ်ယာပြန်စားရေး ဝန်ကြီး။ ။ ဘာသိချင်တာလဲ၊

မီဒီယာ။ ။ အော်... ဝန်ကြီးနာမည်က “မောင်ရင်ညို” ဆိုတော့လေ... အဲဒါ ရင်ဘတ်ကြီး ညိုမညို သတင်းအတိအကျ ယူချင်လို့ပါ။

လယ်ယာပြန်စားရေး ဝန်ကြီး။ ။ ဘာကွ၊ လူလည်ခေါင်ကြီးမှာ... ငါ့နှယ်နော်... ဟေ့ကောင်၊ ငါ့ဘာသာ ရင်ဘတ်ကြီး ညိုချင်ညိုမယ်၊ ပြာချင်ပြာမယ်၊ မင်းတို့ အပူ တစ်ပြားသားမှ မပါဘူး။ သွား၊ သွားကွာ...

မီဒီယာ။ ။ ဟုတ်၊ ဟုတ်ကဲ့ပါ။ ကျေးဇူးပါပဲ ခင်ဗျာ။

လယ်ယာပြန်စားရေး ဝန်ကြီး။ ။ တောက်... တယ်ခက်တဲ့ မီဒီယာတွေပဲ၊ မောင်ဖင်နီလို့များ ပေးမိရင်ဖြင့် ဖင်ပါ လှန်ပြရကိန်း ဆိုက်နေပြီ။

မီဒီယာ။ ။ ဟောဒီဘက်က ဘောင်းဘီတို၊ ဆံရှည်နဲ့ နားကွင်းတပ် လမ်းသရဲကြီးက ဘယ်က လာတာပါလဲ။

ယဉ်ကျေးမှု ဝန်ကြီး။ ။ ဘာ၊ လမ်းသရဲလဲ... ဝန်ကြီးကွ၊ ယဉ်ကျေးမှု ဝန်ကြီးကွ

မီဒီယာ။ ။ ဟုတ်၊ ဟိုက်... မှားပါတယ်။ ယဉ်ကျေးမှုဝန်ကြီးက အဲသလို...

ယဉ်ကျေးမှု ဝန်ကြီး။ ။ ဟေ့ကောင်၊ ဘာမှ လာဆရာလုပ်မယ် မကြံနဲ့၊ ဒါ လမ်းမှား မလိုက်အောင် နမူနာ လုပ်ပြနေတာ... လူငယ်တွေ ဒါမျိုးလုပ်ရင် အမြင်မသင့်ဘူး၊ မဖြစ်သင့်ဘူး ဆိုတာက စံနမူနာအနေနဲ့ လုပ်ပြနေတာ။ ခုတောင် ခင်ဗျားတို့ သိနေပြီ မဟုတ်လား...

မီဒီယာ။ ။ ဟုတ်၊ ဟုတ်ပါတယ်၊ ကျေးဇူးတင်ပါတယ်။ ဒီဘက်က ခေါင်းမှာ အင်တီနာကြီးနဲ့ တလက်လက်တောက်နေတာက...

အိုင်တီ ဝန်ကြီး။ ။ ကျွန်တော်က အိုင်တီ ဝန်ကြီးပါ။

မီဒီယာ။ ။ တဆိတ်လောက် အိုင်တီနဲ့ပတ်သက်ပြီးတော့ ရှင်းပြပါဦးခင်ဗျ။

အိုင်တီ ဝန်ကြီး။ ။ ခင်ဗျားတို့ ခေတ်လူငယ်တွေ အဲဒါကြောင့် မတိုးတက်တာပေါ့။ ခတ်ကို မျက်ခြေမပြတ်နေစမ်း ပါဗျ။ ဒီမှာ အိုင်တီဆိုတာ... “အင်ဂုလိ တောက်တိုမယ်ရ” လို့ ခေါ်တယ် မသိရင် မှတ်ထား။

မီဒီယာ။ ။ အော်... ဟုတ်ကဲ့၊ အင်ဂုလိက ဘယ်လို တောက်တိုမယ်ရ ဖြစ်တာလဲ သိပါရစေ...

အိုင်တီ ဝန်ကြီး။ ။ မင်းတို့တွေကွာ... အကုန် အသေးစိတ်လိုက်မေးနေတယ်၊ လူကြီးတွေမှာ ဖြေချိန်မရှိဘူး၊ မအားဘူး ဆိုတာ မသိဘူးလား၊ ကိုယ့်ဘာသာ လေ့လာလေကွာ... ဒီလောက်ထိတော့ မသင်ပေးပါရစေနဲ့။

မီဒီယာ။ ။ ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။ ဒီဘက်က ထောက်ထောက်ပြီး လှမ်းနေတာ ထောက်လှမ်းရေးချုပ်ထင်ပါ့

ထောက်လှမ်းရေးချုပ်။ ။ ဟုတ်တယ်၊ ဖိနပ်ပေါက်နေလို့ ထောက်ထောက်ပြီး လှမ်းနေရတာ... ခင်ဗျားက အီစကလီ သတင်းဌာနာက သတင်းထောက် အူကြောင်ကြား မဟုတ်လား

မီဒီယာ။ ။ ဟုတ်၊ ဟုတ်ကဲ့။ အတိအကျကို သိလှချည်လား။ ဒါကြောင့်လည်း ထောက်လှမ်းရေးချုပ်လို့ နာမည်ကျော်တာကိုး... စကားမစပ် ထောက်လှမ်းရေးချုပ်က ကာလ ၃ပါး ကို တော်တော်နားလည်ပုံရတယ်။

ထောက်လှမ်းရေးချုပ်။ ။ ဘယ်လိုဗျ... ကာလ ၃ပါးဆိုတာ

မီဒီယာ။ ။ အော်... ဒီနေ့၊ မနေ့က၊ မနက်ဖြန် စတာတွေ၊ အချစ်ဦး၊ အချစ်လယ်၊ အချစ်ဆုံး စတာတွေလေ...

ထောက်လှမ်းရေးချုပ်။ ။ အင်း၊ ဆောရီးပါ ဒါက ဂေဟာရဲ့ မဟာဗြူဟာတွေကို အများကြီး ထိခိုက်လာမှာမို့လို့ ဖြေလို့ မရပါဘူး...

မီဒီယာ။ ။ ဟုတ်ကဲ့ ကျေးဇူးပါ။ ဒီဘက်က ဝန်ကြီးက...

ယာယီ အသင်းသား။ ။ ကျွန်တော်က အမြဲပူရတဲ့ ဇွဲသူရပါ... အသင်းသား အမှတ် ယပက်လက် မျဉ်းစောင်း သုညသုညတစ်ဖြစ်ပါတယ်။

မီဒီယာ။ ။ ခင်ဗျားကို မေးတာ မဟုတ်ဘူး၊ ဟိုဘက်က ပုဂ္ဂိုလ်ကြီးကို မေးတာပါ။

အသင်းသူ။ ။ သူ့ကိုဖြင့် မမေးဘဲနဲ့... အော် ကျမက ဒီ ပေါဂေဟာရဲ့ တစ်ဦးတည်းသော အသင်းသူ မမ ဖြစ်ပါတယ်။

မီဒီယာ။ ။ ဆောရီးပါ၊ ခင်ဗျားကိုလည်း မေးတာ မဟုတ်ပါဘူး။

ယာယီ အသင်းသား။ ။ ခွိ၊ ခွိ... ဟိ ဟိ...

မီဒီယာ။ ။ ဟိုဘက် အစွန်ဆုံးက ဝန်ကြီးကို သိချင်တာပါ။

နံငန်ခြားရေး ဝန်ကြီး။ ။ အော်... ကျွန်တော်က နိုင်ငံခြားရေးဝန်ကြီးပါ

မီဒီယာ။ ။ အော်... ခု အကယ်ဒမီ ပေးပွဲနဲ့ နိုင်ငံခြားရေးနဲ့ ဘယ်လိုများ ပတ်သက်နေလို့ ဒီပွဲကို တက်ရောက်လာတာ ဘာလဲ။

နံငန်ခြားရေး ဝန်ကြီး။ ။ အော်... နိုင်ငံတကာမှာ အကယ်ဒမီ ရှိတယ်လေ... နောင်တစ်ချိန် ကျုပ်က ဟောလီးဝုဒ်တို့ အော်စကာ ဆုပေးပွဲ အခမ်းအနားစတာတွေကို ရောက်သွားခဲ့သည် ရှိသော်... အကယ်ဒမီဆိုတာနဲ့ စိမ်းနေလို့ မဖြစ်ဘူးလေ...

မီဒီယာ။ ။ အော်... ငပေါတွေဟာ နိုင်ငံတကာအရည်အချင်း မှီတယ်လို့ ပြောနိုင်သလား

နံငန်ခြားရေး ဝန်ကြီး။ ။ ဗျာ... ငပေါတွေက နိုင်ငံတကာ အရည်ချင်း မှီသလား... ဟား ဟား... ခင်ဗျားစကားကို ပြင်လိုက်ပါ...

မီဒီယာ။ ။ ဗျာ... ဘယ်လို...

နံငန်ခြားရေး ဝန်ကြီး။ ။ ဒီမှာ ခင်ဗျားမေးတာ မှားနေတယ်... နိုင်ငံတကာက ငပေါတွေ အရည်အချင်း မှီသလား အဲလို မေးစမ်းပါဗျ...

မီဒီယာ။ ။ ဟုတ်၊ ဟုတ်ကဲ့ပါ။ နောင်ဆို ဆင်ခြင်ပါ့မယ်။

အသင်းသူ။ ။ ခွိ၊ ခွိ... မေးချင်ဦး... နည်းသေးတယ်။

ဆက်ရန်...

လျှောက်လုပ်ရေးဝန်ကြီး
ပေါငြိမ်

Tuesday, March 2, 2010

ဘန်နာ အသစ် ပြောင်းလဲ တပ်ဆင်

ကဲ မြင်တဲ့ အတိုင်းပဲ။ :P
အပေါ်က အမှုရှောင်လုပ်တာ
အောက်က လျှောက်လုပ်ရေး ဝံဂျီး ကလိတာ
ခေတ်ပြောင်း စနစ်ပြောင်း လိပ်စာပြောင်း ဘန်နာပြောင်း...
မပြောင်းလဲတာက ငပေါတွေ အစဉ်အမြဲ ပေါနေဆဲ.....
ဟိ ဟိ

(တွင်း ၂ တင်ပြသည်)

မြန်မာ ဘလော့ဂ် အကယ်ဒမီ ဆုပေးပွဲကြီး (၁)


မီးဆလိုက်များ ထိန်ထိန်ညီးနေသော ခန်းမကျယ်ကြီးတွင်ဖြစ်သည်။ တက်ရောက်လာကြသူ အားလုံးကလည်း စိတ်လှုပ်ရှားမှု ကိုယ်စီနှင့် ဖြစ်တော့သည်။ ထိုအထဲတွင် အသဲဆုံး၊ အကဲဆုံး ဖြစ်နေသူတွေကတော့ ငပေါများပင် ဖြစ်တော့သည်။ ဏာယကကြီးကလည်း ဏာယကကြီးဟု ဆိုရလောက်အောင်၊ ဝံဂျီးတွေကလည်း ဝံဂျီးတွေဟု သောက်မြင်ကပ်ရလောက်အောင်... ထကြွ လှုပ်ရှား၊ ယားတားတား ဖြစ်နေလေတော့သည်။

မြန်မာဘလော့ အကယ်ဒမီ ပေးပွဲ အခမ်းအနား (Myanmar Blog Academy Award Ceremony) ဟူသော ရွှေရောင် စာလုံးများ ရေးချိတ်ထားသော အဆောက်အဦကြီးသို့ အထူးဖိတ်ကြားခြင်း ခံရသော ငပေါများ ကားအသွယ်၊ ဆိုင်ကယ်အလီလီ၊ တက်စီ အဖုန်ဖုန်၊ ဆိုက်ကား တစီစီဖြင့် ရောက်ရှိလာလေတော့သည်။ အနီရောင် ကတ္တီပါ ကော်ဇော်ကြီးပေါ်မှ ဖြတ်လျှောက်လာသော ငပေါတစ်အုပ်အား ဖန်အာတီဗွီ၊ ဖွဝတီ၊ စီဘီယာ၊ ဘီကီနီ၊ ဒေဝါလီ၊ ခေတ်ယိုင်၊ မထိတထိ သမ၊ ပလီဗွီဘီ၊ အာဖတ်အေ၊ ဗွီလိန်အေ၊ စတဲ့ မီဒီယာသမားတွေက အတင်းလိုက် အင်တားဗျူးတော့သည်။

မီဒီယာ။ ။ ဟလို... မင်္ဂလာပါ။ ငပေါဂေဟာက နာယကကြီး ဒက်စ်မွန် တူးတူးသာလို့ ထင်ပါတယ်။

ဏာယကဂျီး။ ။ ရိုးရိုးတန်းတန်း တူးတာပါ။ ဒက်စ်မွန် တူးတူး မဟုတ်ပါဘူး။

မီဒီယာ။ ။ ဟုတ်ကဲ့ မှားသွားလို့ သီးခံပါ။ မီဒီယာဆိုတဲ့ သဘောက အမှားကို ရှိရမယ်လေ... အမှားတွေလွှင့်၊ မဟုတ်တာပြော... အဲလိုပေါ့၊ ခုဒီပွဲကို တက်ရောက်လာတဲ့အတွက် ဘယ်လိုများ ခံစားရပါသလဲခင်ဗျာ။

ဏာယကဂျီး။ ။ အင်း၊ ငပေါလို့ ဆိုမှတော့ ပေါတောတောပဲ ခံစားရမှာပေါ့

မီဒီယာ။ ။ ဟုတ်ကဲ့ ကျေးဇူးပါဗျာ၊ ဒီဘက်က ဘယ်သူများပါလဲ

ဝံကြီးချုပ်။ ။ ကျွန်တော်လား... ထွင်ပြီးမရှုပ်တဲ့ ဝန်ကြီးချုပ်ပါ။

မီဒီယာ။ ။ ဟာ အခန့်သင့်လိုက်လေ... ငပေါဂေဟာမှာ ၂၀၁၀ ရွေးကောက်ပွဲလုပ်မယ်လို့ ကြားလိုက်တယ်။ အဲဒါ ဝန်ကြီးချုပ် နေရာအပြောင်းအလဲနဲ့ ပတ်သက်ပြီး သဘောထားလေး...

ဝံကြီးချုပ်။ ။ ဘယ်လိုမှ သဘောမထားပါဘူး

မီဒီယာ။ ။ ဒီလိုလေ... ဝန်ကြီးချုပ်ရာထူးကို ရွေးကောက်မယ် ဆိုတော့လေ...

ဝံကြီးချုပ်။ ။ ငပေါတွေ သူ့ဘာသာ ရွေးကောက်တာလေ... ဝန်ကြီးချုပ်က ဆင်းချင်မှ ဆင်းမှာပေါ့။ မကျေနပ်လည်း ပူးတွဲ ဝန်ကြီးချုပ် ခန့်... ဒါပဲ ရှိတာပဲလေ။

မီဒီယာ။ ။ ဟုတ်ကဲ့ပါ၊ ကျေးဇူးပါ၊ ဒါနဲ့ ဒီဘက်က သဘာငတိ ထင်ပါတယ်။

သဘာငတိ။ ။ ဟုတ်ကဲ့၊ အခိုးမပျယ်တဲ့ ဖိုးဂျယ်ဘာဗျာ။

မီဒီယာ။ ။ ဘာခိုးတွေ မပျယ်တာလဲ သိပါရစေ

အမှုရှောင်။ ။ အရက်ခိုးတွေပါ... ညကသောက်တာ ခုထိ မပျယ်သေးတာကို ပြောတာပါ... အဲလို ဆိုလိုတာပါ...
အမှုရှောင် နန်းညီက ကင်မရာထဲ ပါချင်လွန်းသဖြင့် ပဲပေးပြီး အတင်းကာရောကို ဝင်ဖြေပေးသည်။

မီဒီယာ။ ။ အော်... သဘာငတိအနေနဲ့ အခုလို မြန်မာ ဘလော့ဂ် အကယ်ဒမီပေးပွဲကို လာရတဲ့အခါ ဘယ်လိုများ ခံစားရပါသလဲ။

သဘာငတိ။ ။ အခိုးမပျယ်သေးပါဘူး ဆိုနေ... ရီဝေဝေပဲ ခံစားရမှာပေါ့ဗျာ...

မီဒီယာ။ ။ ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်၊ ဒီဘက်က ခုနက ဝင်ဖြေတာ စည်းရုံးရေး အမှုရှောင် ထင်ပါတယ်

အမှုရှောင်။ ။ ဟုတ်ကဲ့ပါ။ အရမ်းမပလီတဲ့ နန်းညီလေးပါ။

မီဒီယာ။ ။ တကယ်က ရန်ဒန် အော့ဖ် နန်းညီ ဆိုတာ နန်းညီရဲ့ ပရမ်းပတာကို ဆိုတာ မဟုတ်ဘူးလား၊ ခု အရမ်း မပလီဆိုတာက...

အမှုရှောင်။ ။ ဒါက ဒီလို ရှိပါတယ်။ ဟိုဟာက ဟိုလို ရှိပါတယ်။ ဒါကို ဂေဟာရဲ့ အတွင်းရေးမို့လို့ ပြောခွင့် မရှိတာကို နားလည်ပေးပါ။

သဘာငတိ။ ။ ဘာမှလည်း ဆိုင်ဘူး၊ သူ့ဘာသာ ကာရန်နဘေတွေ လျှောက်ပြောပြီး...

မီဒီယာ။ ။ ဒီဘက်က...

လျှောက်လုပ်ရေးဝံကြီး။ ။ ဟဲ့ကုတ်... !

မီဒီယာ။ ။ ဗျာ... ဖြေဖြေးလုပ်ပါဗျာ...

လျှောက်လုပ်ရေးဝံကြီး။ ။ ရောကလိလိမ်တဲ့ ပေါငတိငြိမ်ပါ ခင်ည

မီဒီယာ။ ။ အော်... ခု၊ ဒီပွဲကို တက်လာရခြင်းနဲ့ ခံစားရတဲ့ သဘောထားက

လျှောက်လုပ်ရေးဝံကြီး။ ။ အင်း... ခံစားရသမျှကို အမှန်တရားပြကာ ပြန်ပွားရရင်တော့ဖြင့် သံပြားရှချေတော့မည်။

မီဒီယာ။ ။ ဘယ်လို... ဘယ်လို... ရှင်းစမ်းပါဦး

လျှောက်လုပ်ရေးဝံကြီး။ ။ ဒီလို ရှိတယ်ဗျ... ခံစားတယ် ဆိုတာ ပန်းကန်ပြားတကယ်လိုတာဗျ

မီဒီယာ။ ။ ဟုတ်ကဲ့...

ငှက္ကဌ။ ။ ဒီမီဒီယာတော့... ငပေါတွေ ပေါသမျှ ခံရတော့မယ်။

မီဒီယာ။ ။ ဟုတ်ကဲ့ ဆက်ပါခင်ဗျာ။

လျှောက်လုပ်ရေးဝံကြီး။ ။ ဒီလိုလေ... ခံစားတယ်ဆိုတာ ပန်းကန်းပြားတကယ်လိုတာမို့ ခင်ဗျား ပြန်သွားသယ်ရင် ကောင်းမယ်လို့... ဟီဟိ...

မီဒီယာ။ ။ ဟာဗျာ...

ငှက္ကဌ။ ။ အဲသဟာကြောင့် ပြောတာ... ဒီဘက်ကို လာပါဆိုနေ

မီဒီယာ။ ဟုတ်ကဲ့။ ငှက္ကဌကြီး ဦးအောင်ဒီကန် အနေနဲ့ အခုလို အကယ်ဒမီပွဲကို တလေးတစား ဖိတ်ကြားခံရခြင်းအပေါ် ဘယ်လိုများ ရင်ခုန်သံဖြစ်ပေါ်မိပါသလဲ

ငှက္ကဌ။ ။ အဟမ်း၊ ဟမ်း... လွဲနေပြီဗျ... ပေါတာတွေကို တလေးတစား ဖိတ်တယ်ဆိုတော့... အဲဒီမှာတင် စလွဲနေပြီ...။

မီဒီယာ။ ။ ငပေါဂေဟာက ဆုရမယ်လို့ကော မျှော်မှန်းထားပါသလား

ငှက္ကဌ။ ။ ဟာ... ငပေါတွေဆိုတာ ပေါတောတောလေ... ဆုတို့၊ အကယ်ဒမီတို့ဆိုတာက အတည်လုပ်နေတဲ့ ဟာတွေ၊ အဲဒီကတည်းကကိုက သောက်တလွဲကြီး ဟုတ်ဘူးလားဗျ... တီကောင်ဆားတို့သလို တွန့်လိမ်တွန့်လိမ် ဖြစ်နေမှာ မြင်ယောင်သေးဗျာ...

မီဒီယာ။ ။ ဟုတ်ကဲ့ ကျေးဇူးပါ၊ ဒီဘက်က ပညာရေးဝံကြီး ထင်တယ်

ပညာရေးဝံကြီး။ ။ ဟုတ်ပါတယ်...

မီဒီယာ။ ။ ခု အကယ်ဒမီပေးတာနဲ့ ပညာရေးနဲ့ ဘယ်လိုများ ဆက်စပ်မိလို့ ဒီပွဲကို တက်ရောက်လာတာလဲ ခင်ဗျာ

ပညာရေးဝံကြီး။ ။ အော် ခုခေတ်မှာ... မာလ်တီမီဒီယာခေတ်လေ... အက်ကျူတိန်းမန့်ဆိုတဲ့ ပညာရေးကို ဖျော်ဖြေမှုနဲ့ ပေါင်းစပ်သင်ကြားတာဟာ အင်မတန် ထိရောက်တယ်လေ... ဒါကြောင့်ပါ

မီဒီယာ။ ။ ဒီတော့ ပညာရေးဝံကြီးအနေနဲ့ ဘယ်လိုမျိုး အနုပညာကို အသုံးချသွားမှာလဲဆိုတာ သိချင်ပါတယ်။

ပညာရေးဝံကြီး။ ။ အော်... ခက်ပါရောလား... ကမ္ဘာ့ သမိုင်းနဲ့ပတ်သက်တာဆိုရင် “မမ်မီ၊ လော့ဒ် အော့ဖ်ဒယ်ရင်း” စတဲ့ ရုပ်ရှင်တွေ၊ အထွေထွေ ဗဟုသုတဆိုရင် “ဟယ်ရီပေါတာ၊ အရောင်းဒယ်ဝါးလ်အင် အိတ်တီးဒေးစ်” တို့ ဘာတို့၊ သိပ္ပံနဲ့ ပတ်သက်ရင်... “စတားဝါးလ်၊ တာမီနေတာ” အဲလိုဟာတွေ နဲ့ ပေါင်းစပ် သင်ကြားမှာပါ။

မီဒီယာ။ ။ မြန်မာ့သမိုင်းအနေနဲ့ကော

ပညာရေးဝံကြီး။ ။ မြန်မာ့သမိုင်းအတွက် ပျံကျားရေးက ထုတ်တဲ့ သူ့အပေါမခံပြီတို့၊ ကျန်ပေါမင်းတို့ အဲဒါတွေ ရှိတယ်လေ...

မီဒီယာ။ ။ ဟုတ်ကဲ့ပါ။ စကားစပ်လို့ ဒီဘက်က ပျံကျားရေးဝံကြီးကို မေးချင်ပါတယ်။ အခုလို နိုင်ငံတကာက ပေးတဲ့ အကယ်ဒမီနဲ့... ပျံကျားရေးက ပေးနေတဲ့ မြန်မာ အကယ်ဒမီ... ဘယ်လိုများ ကွာခြားမှု ရှိပါသလဲ ဆိုတာကို သိချင်ပါတယ်။

ပျံကျားရေးဝံကြီး။ ။ ကွာတာကတော့ တော်တော့်ကို ကွာတာ။ ကျွန်တော်တို့က ဂေဟာ ရန်ဘုန်းငွေထဲက ထုတ်ပြီး ဘုန်းရ... အဲ... သုံးရတာဆိုတော့... ရွှေအင်ဆု ပဲ ပေးနိုင်တယ်ဗျ... ခု သူတို့က နိုင်ငံတကာ ရန်ဘုန်းငွေတွေနဲ့ ပေးတာဆိုတော့... အနည်းဆုံး ရွှေဆွဲပြားလောက်တော့ ဖြစ်မယ် ထင်တယ်။

မီဒီယာ။ ။ စကားစပ်လို့... ဂေဟာအကယ်ဒမီရဖို့အတွက် ပျံကျားရေးဝံကြီးကို လက်တွေ၊ ခြေထောက်တွေ၊ ဘာညာသရကာတွေ ထိုးရတယ်လို့ ကောလဟာလ သတင်းတစ်ရပ်ထွက်နေခြင်းအပေါ် ဝံကြီးအနေနဲ့...

ပျံကျားရေးဝံကြီး။ ။ အမှန်က ဘာဆိုဘာမှကို ထိုးဖို့ မလိုတာ... ထိုးချင်လည်း ရပါတယ်... ဂေဟာရဲ့ အကယ်ဒမီမှာ အရွေးခံရဖို့က အလွယ်လေးပါ... သမိုင်းကို ဘလိုင်းကြီး ပဒိုင်းသီး လုပ်လိုက်ရုံပါပဲ... အဲဒါဆို အရွေးခံရပါတယ်...

မီဒီယာ။ ။ ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်။ ဒီဘက်က အတင်းရေးမှူးတစ် ပေါကေလာ ဆိုတာလား သိဘူး...

တွင်း (၂)။ ။ မဟုတ်ပါဘူး၊ ကျွန်တော်က တွင်း (၂) ပေါဗီလိန်ပါ။

မီဒီယာ။ ။ ဟုတ်ကဲ့၊ ငပေါဂေဟာရဲ့ ရာထူးနဲ့ ပတ်သက်ပြီးတော့လေ... နာမည်တွေ ရှေ့မှာ “ပေါ” တပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကို သိချင်ပါတယ်။

တွင်း (၂)။ ။ အော်... ဖြစ်သလို ဖြေရင်၊ ဖြေသလို ဖြစ်သွားမှာမို့ ဒီဟာကို ဟိုဘက်က တွင်း (၁) က ဖြေကြားမယ်လို့ ထင်ပါတယ်။

မီဒီယာ။ ။ ဟုတ်ကဲ့၊ ဒီဘက်က တွင်း (၁) ပေါကေလာပါလား ခင်ဗျာ

တွင်း (၁)။ ။ အော်... ဒါက ဒီလို ရှိပါတယ်။ ဟိုဟာက ဟိုလို ရှိပါတယ်။ အဲဒီ ကိစ္စဟာ ဂေဟာရဲ့ အတင်းရေးမို့ ကျွန်တော် အတင်းရေးမှူးမှာ ဖြေပိုင်ခွင့် မရှိပါဘူးလို့ ပြောပါရစေ...။

မီဒီယာ။ ။ ဟာ... ခင်ဗျားတို့... အချင်းချင်း... ထားလိုက်ဗျာ... ဒီဘက်က အစ်မလေးက...

မွေးမြူရေးဝံကြီး။ ။ ဘာအစ်မလေးလဲ၊ မွေးမြူရေးဝံကြီးရှင့်

မီဒီယာ။ ။ အော်... ဟုတ်ကဲ့ပါ။ ဒါဆို အန်တီပေါ့...

မွေးမြူရေးဝံကြီး။ ။ ဘာအန်တီလဲ...

မီဒီယာ။ ။ ဟိုက်၊ ဒါဆို ဘယ်လို ခေါ်ရမလဲဗျာ...

မွေးမြူရေးဝံကြီး။ ။ မမ လို့ခေါ်ရတာ ရှင်တို့ မသိဘူးလား...

မီဒီယာ။ ။ ဟုတ်ကဲ့ပါ၊ မွေးမြူမမ ခင်ဗျာ...

မွေးမြူရေးဝံကြီး။ ။ ဘာ... ဘာရှင့်...

မီဒီယာ။ ။ မွား၊ မွှားလို့ မွေးမြူရေးဝံကြီး မမ ခင်ဗျာ၊ အကယ်ဒမီ ရင်ခုန်သံလေး သိချင်လို့ပါ။

မွေးမြူရေးဝံကြီး။ ။ ကျွန်မတို့ကတော့ ရရင်ရ မရရင်ချပဲ... အဲဒီတော့ ရှင်အမြန်ဆုံး ဒီဘေးနားက ခွာပါ။ ဒါပဲ ပြောချင်တယ်။

မီဒီယာ။ ။ ဟုတ်၊ ဟုတ်ကဲ့ပါဗျာ...။ ဒီဘက်က သေနတ်ကြီး ခါးချိတ်ထားတာ၊ ကာကွယ်ရေးဝံကြီး ထင်ပါတယ်။

ကာကွယ်ရေးဝံကြီး။ ။ ဟား ဟား ဟား... ဟား ဟား ဟား... အထူး လှောင်ကာမရယ်တတ်တဲ့ ဦးအောင်သာငယ်ဆိုတာ ကျုပ်ပါပဲ။

မီဒီယာ။ ။ ဟုတ်၊ ဟုတ်... ဟုတ်ကဲ့ပါ၊ ကာကွယ်ရေးဝံကြီးအနေနဲ့ ဘလော့ဂ်အကယ်ဒမီအပေါ် ဘယ်လိုရင်ခုန်...

ကာကွယ်ရေးဝံကြီး။ ။ ဒီမှာ... ရင်ခုန်သံတွေ၊ ရင်ခတ်သံတွေ လုပ်မနေနဲ့... ကာကွယ်ရေးရဲ့ မူအရ... ရရင်ရ မရရင် သမ လုပ်ရမှာပဲ...

မီဒီယာ။ ။ ဟာ... ကာကွယ်ရေးဆိုတာ ကာကွယ်ရမှာလေ... ခုဟာက တိုက်ခိုက်ရေးကြီး ဖြစ်မနေဘူးလား...

ကာကွယ်ရေးဝံကြီး။ ။ ဘာမှ လာခွဲခြားမနေနဲ့... ဒီလိုပဲ တိုက်နေတာ... တစ်ကမ္ဘာလုံးမှာ... အာဖဂန်က အမေရိကန်ကို တိုက်တယ်၊ အမေရိကန်က အာဖကန်ကို ပြန်တိုက်တယ်။ တိုက်နေတာ... ဒါတိုက်နေတာ... ခုခံကာကွယ်နေတာ မဟုတ်ဘူး၊ နာလည်လား...

မီဒီယာ။ ။ ဟုတ်၊ ဟုတ်ကဲ့ပါ၊ ခုလို ဖြေကြားတာ ကျေးဇူးတင်ပါတယ်။ ဒီဘက်က တွေ့ရတာ မြောင်းဆယ် ဝံကြီး သံလွင်သူရဲကောင်း ထင်ပါ့။

ဆည်မြောင်းဝံကြီး။ ။ ဟာ... ဆည်မြောင်းဝံကြီးပါဗျာ။ ဘယ်နှယ့် မြောင်းဆယ် ရမှာလဲ။

မီဒီယာ။ ။ အော်၊ မွှားလို့ပါဗျာ... သီးခံပါ။ သတင်းကြေငြာရင်တောင် “သီးခံပါ ခင်ဗျာ” လို့ ခဏခဏ ကြားရသေးတာပဲ။ ဒါမှလည်း မီဒီယာ စစ်တော့မှာပေါ့။

ဆည်မြောင်းဝံကြီး။ ။ ထားပါဗျာ။ မှားချင်ရာမှားပြီးမှ မီဒီယာဖြစ်သလေး... စီဘီယာ စစ်သလေး လာလုပ်မနေစမ်းပါနဲ့

မီဒီယာ။ ။ ဟုတ်ကဲ့၊ ထပ်မံ တောင်းပန်ပါတယ်။ အခုလို ဘလော့ဂ် အကယ်ဒမီပေးပွဲကြီးကို တက်ရောက်လာရတဲ့အတွက် ဝံကြီးအနေနဲ့ ဘယ်လိုများ ခံစားရင်ခုန်မိပါသလဲ ဆိုတာ...

ဆည်မြောင်းဝံကြီး။ ။ အင်း... ရင်ခုန်တာနဲ့ ပတ်သက်ပြီး... ခု ကြုံကြိုက်လို့ပါ။ ရေလာ မြောင်းပေးဆိုတဲ့ စကားလေ... ဒါကို ကြည့်ခြင်းအားဖြင့် ကျုပ်တို့ ဆည်မြောင်းဌာနဟာ အဲဒီလို ချစ်ခြင်းတရားဆိုတဲ့ အောက်ခြေအထိတောင် ပါဝင် ပတ်သက်နေတယ်ဆိုတာ

မီဒီယာ။ ။ အဲဒီကတည်းကိုက မဟုတ်တော့တာ... အထက်က အထက်လို နေရမယ်လေ... ဘာ အောက်ခြေအထိ ဆင်းရမှာလဲ... အကုန်လုံးကို ချုပ်ကိုင် နေချင်တော့တာပဲ။

ဏာယကဂျီး။ ။ ဟေ့လူ... ဒါခင်ဗျားတို့ အလုပ်လား၊ မီဒီယာက မီဒီယာလိုနေ... ဟိုအထဲ ရောက်သွားချင်လား...

မီဒီယာ။ ။ ဟုတ်ကဲ့ပါ၊ သူတို့ကျ လုပ်ချင်ရာလုပ်ပြီး

ဆည်မြောင်းဝံကြီး။ ။ ဟေ့လူ... ခု ဘာမေးမှာလဲ၊ ပြီးရင် ဂျောင်းဗျာ...

မီဒီယာ။ ။ ဟုတ်ကဲ့၊ ခုနက အကယ်ဒမီ ရင်ခုန်သံ ကိစ္စပါ

ဆည်မြောင်းဝံကြီး။ ။ ဖြေနိုင်ဘူးဗျာ... ဆိုင်ရာဆိုင်ရာ ပညာရှင်တွေက ဖြေကြလိမ့်မပေါ့...

မီဒီယာ။ ။ အော်... ဟုတ်ကဲ့၊ ခုနကတော့ အောက်ခြေအထိ ပတ်သက်တယ်တဲ့၊ ခုကျတော့...

ဘဏ္ဍာရေးဝံကြီး။ ။ ဟေ့လူ၊ ဒီကိုလာ...

မီဒီယာ။ ။ အော... ဘန်နာရေးဝံဂျီး ဒေါ်ဦးဖိကိုး... ဒီနှစ်ရန်ဘုန်းငွေထဲက ဘယ်လောက်ကိုများ ဒီ အကယ်ဒမီ ပွဲကို တက်ဖို့အတွက် လျာထားသလဲ ဆိုတာကို သိလို့ ရမလားသိဘူး

ဘဏ္ဍာရေးဝံကြီး။ ။ အော်... အဓိကက ဝတ်စုံစားရိတ်ပေါ့နော်... ဝံဂျီးတွေ ပွဲတက်ဖို့အတွက်... ဝတ်စုံစားရိတ် ထုတ်ပေးရတယ်...

မီဒီယာ။ ။ ဝံကြီးတွေက ရုံးယူနီဖောင်းနဲ့ မတက်ဘူးလားဗျ

ဘဏ္ဍာရေးဝံကြီး။ ။ အော်... သူတို့ခင်ဗျာ... ဟိုသတင်းစာလည်း ဒီယူနီဖောင်း၊ ဒီသတင်းစာလည်း ဒီယူနီဖောင်းဆိုတော့ ဒီအချိန်လေး ကျမှပဲ စတန့်ထွင်၊ စတားလုပ်ချင်ကြတာပေါ့...

မီဒီယာ။ ။ အဲဒီထဲ ခင်ဗျားလည်း အပါအဝင်ပဲ မဟုတ်လား...

ဘဏ္ဍာရေးဝံကြီး။ ။ အဟိ... အဲလို ဒဲ့ဒိုးကြီး ပြောရဘူးလေ...

မီဒီယာ။ ။ ဟုတ်ပါပြီ။ နောက်... တခြား အသုံးစရိတ်တွေက

ဘဏ္ဍာရေးဝံကြီး။ ။ အဲဒါကို နည်းနည်းရှင်းပြချင်ပါတယ်။ အသုံးစားရိတ်ဆိုတာ... (အသုံး + စား + ရိတ်) ဆိုပြီး ရှိပါတယ်။ ခုနက ပြောတာက အသုံးပါ။ အဲဒီတော့ စားဖို့ ရိတ်ဖို့အတွက်က ရန်ဘုန်းငွေထဲကနေ ဆင်ဖြူတော် ဒေါ်လာ တစ်သန်းခွဲ တိတိကို လျာထားပါတယ်။

မီဒီယာ။ ။ ခု ဘယ်လောက်ထိ သုံးစွဲပြီးပါပြီလဲ

ဘဏ္ဍာရေးဝံကြီး။ ။ အင်း... စာရင်းအတိအကျ ပြောရရင်... တစ်ပြားသားမှ...

မီဒီယာ။ ။ မသုံးစွဲရသေးဘူးပေါ့...

ဘဏ္ဍာရေးဝံကြီး။ ။ ဟုတ်ဘူး၊ တစ်ပြားမှကို မကျန်တော့တာပါ။


ဆက်ရန်...

လျှောက်လုပ်ရေးဝံဂျီး
ပေါငြိမ်