ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Showing posts with label ဓာတ်ပုံ. Show all posts
Showing posts with label ဓာတ်ပုံ. Show all posts

Wednesday, July 22, 2009

ရန်ကုန်ငပေါများဂေဟာ (အဖွဲ့ချုပ်)မှ အဖွဲ့သားများ ဒတ်ပုံ

ငပေါများ အသက်ရှူရပ်လေ့ကျင့်ခဏ်း သရုပ်ပြ၍ ဝက်တုပ်ကွေး ကာကွယ်နေပုံ..
ချောကြတယ်ဟုတ်.. ဘယ်မှညာ အစဉ်လိုက်ပြောရမယ်ဆိုရင် .. ရင်ညို မယ်ညီ ဖိုးဂျယ် မယ်ခေါင်.. အဲ.. ဟုတ်ဖူး.. ပြန်စမယ်.. ဒီဘက်က ပုဆိုးနဲ့က ပေါညီ နောက်ပီး မယ်ခေါင် ဖိုးဂျယ် မယ်ညီ ရင်ညို အန်ဒီ.. အဲ မှားပြန်ပီ.. အစွန်ဆုံးက ပေါညီ နောက်ပီး မယ်ညီ..နောက်ပီး ..အန်ဒီ.. အာ.. မဟုတ်ပြန်ဘူး.. ပေါညီ မယ်ညီ ဖိုးဂျယ်.. မယ်ခေါင် ရင်ညို.. အန်ဒီ.. အာ.. အာ.. အဲ..


“ဟေ့ကောင် နာယကကြီးရဲ့သားတွေ ကစားဖို့လား မင်းကစားမှာလား ဟမ် ဟမ်”

မောင်နှမများ ချစ်ချစ်ခင်ခင်

အဲ့သင်္ဘောကြီးစီးမယ် စီးချင်တယ်..

Monday, June 22, 2009

ဂေဟာသစ်တိုးချဲ့ရေး တင်ပြချက်

တစ်ပတ်တစ်ခါ ဂေဟာမှာ ဝိုင်းထောင်တယ်..
အဆင်ပြေရင် ဖဲခိုးတယ်..အကောက်တွေ အခွန်တွေ မတရားကောက်တယ်..
ဒီထက် အဆင်ပြေရင် ဂေဟာ ရန်ဗုံးငွေ လစ်ရင်လစ်သလို ဗုံးတယ်..
သိသွားရင် အရှက်ပြေ ဟိဟိ စ တာ ဆိုပြီး ပြန်ပေးတယ်..
ရသမျှ အချိန်လေးမှာ Part time ဆိုပြီး အိုက်တိုးပဂေးဆံတယ်..
အဲ့ဂလို ဂေဟာအတွက် အနစ်နာခံပြီး စုဆောင်းထားသမျှတွေနဲ့ မမက ဂေဟာကို ဂလိုတိုးချဲ့လိုက်ပါကြောင်း.............
ရှင်းပြဘို့လိုမယ်လို့လည်း ထင်ပါတယ်.. ဂေဟာတည်ဆောက်ပုံလေးပါ
နံပါတ်မှာ ခုနစ် ကတော့.. သူလေးနံပါတ်မို့လို့ မှတ်မှတ်ရရလေး ဖြစ်သွားအောင်ပါ။
နံပါတ်မှာ (ရှစ်) တစ်ခါတစ်လေ စကားမပီရင် ချစ် ဖြစ်တတ်တယ်လေ...
သဘောကတော့.. ခုနစ် ကလေးကို အမြဲ ချစ်နေတဲ့ သဘောလေးလည်း နည်းနည်းဆောင်ပါတယ်..
(တိုက်ဆိုင်ခဲ့သည်ရှိသော် တမင်ရည်ရွယ်ပြီးလုပ်တယ်လို့ပဲ သဘောထားပေးပါနော်)
တံခါး ၂ ပေါက်ဖောက်ထားရခြင်း အကြောင်းကတော့ အင်မတန်ရုံးတက်မှန်သော် မျိုးကောင်း သမီးလေး၊ ဂေဟာအတွက်ဆိုရင် ဦးဆွေးဆံမြေ့ ဂတုံးဖြစ်တဲ့ထိ တာဝန်ကျေသော် မျိုးချစ် ပူတူးတူးလေး၊ အိုက်တိုးပဂေးလည်းဆံ၊ လူဂျီးမြင်းများအတွက် အမြဲ အနားမှာ ပြာတတ်သော အနားပြာ မမလေး အတွက် အထူးစပယ်ရှယ် ခန့်ခန့်ကြီးဝင်နိုင်သော နံပါတ် (၇)နှင့်.. ကျန်တံခါးတစ်ပေါက်မှာ တစ်လ တစ်ခါလောက်သာ ရုံးလာပြီး..လူဂျီးမြင်း ရှိလျှင် တစ်မျိုး၊ မရှိလျှင်တမျိုး.. နှစ်မျိုးတည်းသာရှိသော် ခုတစ်မျိုး တော်ကြာတစ်မျိုး ဥပဒေများကို မရိုးရအောင် တစ်လတမျိုး လာလာထုတ်တတ်သော် ငှက်ကထ၊ ငတိ များအတွက် မလွယ်ပေါက် ဖောက်ပေးထားခြင်း ဖြစ်ပါသည်။

အလုပ်ချိန်တွင်းမှာ မာကက်တင်း အကြောင်းပြပြီး လစ်ရင်လစ်သလို ထွက်တတ်ပြီး တစ်ပတ်လောက် ပျောက်ပျောက်နေတတ်သော ထောက်ချုပ်၊ ကူးသန်းဝံကြီး နှင့် ကျန်းမာရေးဝံကြီးနှင့်တကွ တွင်း ၁-၂-၃ စသဖြင့် ဝံကြီးများ လူဂျီးမြင်းများအတွက် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေစေရန် အလို့ငှာ ဘီးပါ အဆင့်သင့် ထားပေးထားကြောင်းပါ။

ဒါကတော့ ဂေဟာပြင်ဆင်ပီး ပုံတွေပါ ....
ဂေဟာမှာ တစ်ပါတ်တစ်ခါ ဝိုင်းလုပ်တဲ.နေရာ..လူကြီးမြင်းများ လိုအပ်သည်များကို မှာစားသည့်နေရာမမ အိုက်တိုးပဂေးလေး ဆံလိုက်.. vodka လေး ချလိုက်နဲ..အလုပ်ရှုပ်နေတဲ.နေရာ

အဖွဲ့သားများ ဗော်ဒကာ နဲ့ ခွက်ပုံးချရာ နေရာမမ အိုက်တိုးပဂေးလေး ဆံလိုက်.. vodka လေး ချလိုက်နဲ..အလုပ်ရှုပ်နေတဲ.နေရာ

ကေလာ့ အိပ်ရာ....
ရုံးမှာ ဘာကြောင့်အိပ်နေလည်း သိပီလား ... ဟီဟိ
ကေလာ အလုပ်ခန်း
လူဂျီးမြင်းများ စုဝေးရာ ဧည့်ခန်း တစ်နေရာ
လူဂျီးမြင်းများ ...ရန်ပုံငွေအရှာခံလိုက်ရသော ... နာယကဂျီး စီးတော်ယာဉ်

Tuesday, June 2, 2009

ဓာတ်ပုံသတင်း ထုတ်ပြန်ခြင်း (၂)

အယ်ချုပ် ဘယ်သတင်းလိုက်ရမလည်းမသိသောကြောင့် ဘုရားဇောင်းတန်းတွင် အကြံထုတ်နေပုံ...
ပေါညီ ခေါ် ကူးသန်းဝံဂျီး ၏ ဆိုက်ရာဒို အင်ဂျင်တပ်ပီးပုံ...
နာယကဂျီး ရုံးတက်ပုံ...
ဝံဂျီးဂျုပ် ရုံးတက်ပုံ...

Tuesday, May 19, 2009

ကိုကေလာနှင့် ကေလာမမ

ဂေဟာမှ လူဂျီးမြင်းများ . .လမ်းတွေ့လျှင်မှတ်မိစေရန် .. ဂျစ်တူ နှစ်ဦး ပန်းခြံမှာ စချိန်းတွေ့တုန်းက အမှတ်တရာ ရိုက်ထားသော... ကေလာ နဲ့ ကေလာမမ ဓါတ်ပုံကို တင်ပြအပ်ပေသတည်း။



နောက် ဒါတ်ပုံထပ် ကြည့်ချင်လျှင် ဒီမှာ ပါ

Monday, May 18, 2009

ဓာတ်ပုံသတင်း ထုတ်ပြန်ခြင်း (၁)

ယခုအခါ သမျှတွင် ဂေဟာမှ လူဂျီးမြင်း တစ်ဦးဖြစ်သော ငတိမှာ ရန်ကုန်ပြန်မယ် ပြန်မယ်နဲ့ မပြန်ဖြစ်သေး၍ ရုံးတွင် စိတ်ညစ်ပီး ထိုင်နေပုံကို ... ပေါကေလာမှ မှတ်တမ်းတင်ထားခြင်း ဖြစ်ပါသည်။

အဖွဲ့လူဂျီးမြင်းများ သဘောတူပါလျှင် .. ပုံကြီးချဲ့ ရွှေဘောင်တပ်၍ ငပေါဂေဟာ အစည်းအဝေးခန်းတွင် ချိတ်ထားမည်ဖြစ်ပါသည်။ ....

Sunday, November 9, 2008

ဂျပန်ဓာတ်ပုံရိုက်နည်းများ

ရှေ့သို့အီးမေးလ်တွေကနေ ရထားတဲ့ ပုံတွေပါ .. တစ်ချို့ကတော့ကြည့်ဖူးမယ်ထင်တယ်.. မကြည့်ဖူးသေးတဲ့ လူတွေရော ဓာတ်ပုံဝါသနာရှင်တွေရော ဒီဓာတ်ပုံရိုက်နည်းတွေကို လေ့လာထားသင့်တယ်ထင်လို့ အများအကျိုးကို ရှေးရှုပြီး တင်ပေးလိုက်ပါတယ်.. ရှုကြပါလော့..


ကိုညီလင်းဆက်တို့ .. ကိုသခင်ကြီး .. ကိုမောင်လှ .. ကိုညီမင်းစံတို့ လာလေ့လာသင့်တယ်.. အဟိ