ဒီနေ့ ၂၈.၀၄.၂၀၀၉ မှာ မင်္ဂလာဆောင်ပါမယ်။ မင်္ဂလာဆောင်မယ်ဆိုလို့ ငတိများ ဆောင်မှာလားပေါ့ မဟုတ်ပါဘူး။ ငတိက အိမ်ထောင်မှု ကိစ္စတွေကို စိတ်မ၀င်စားသေးပါဘူး။ (ရည်းစားမရှိသေးကြောင်း ကြော်ငြာဝင်တာ) မိဘကို လုပ်ကျွေးဖို့ ရှိသေးတယ်လေ။ ဒီကြားထဲ Company ကိစ္စတွေကလဲ ရှုပ်နေတာပဲ။ မအားဘူးဆိုတာလဲ ပြောမရ ငတိ လက်မှတ်ထိုးမှ ပြီးမဲ့ ကိစ္စတွေဖြစ်နေလို့ပါတဲ့ တွင်း ၂ လေ ဒီလောက် လုပ်ပိုင်ခွင့်တွေ ပေးထားတာတောင် မရဘူး။ ကိုယ်ကိုတိုင် လက်မှတ်ထိုးမှ ပြီးမဲ့ ကိစ္စဆိုတော့လဲ မအားလဲ အားအောင် လုပ်ပေးရတာပေါ့။ ဒီနေ့တောင် ရွှေမြန်မာပြည်ကြီးရဲ့ မြို့တော်ဖြစ်သော နေပြည်တော်မှာ မင်္ဂလာ အခန်းအနား တက်ဖို့ တကူးတက ဖိတ်ကြားတာတောင် မအားလို့ ကိုယ့် ညီအကို အရင်းလဲ ဖြစ် ငပေါ ဂေဟာရဲ့ နိုင်ငံခြားရေး ၀န်ကြီးလဲဖြစ် (အကို ၀မ်းကွဲဆိုတော့ နေရာရတဲ့ သဘော) နေတာတောင် တောင်းပန်ရတယ်။ လက်ဖွဲ့ကိုလဲ နေပြည်တော်မှာ တိုက် အလုံး ၁၀၀ ကား အစီး ၁၀၀၀ လောက် ပေးလိုက်တယ်။ (ဒီတော့မှ ဒင်း သဘောကျသွားတယ်) ငတိအနေနဲ့ ဒီပွဲကို တက်ရောက် ချီးမြှင့်ချင်ပေမဲ့ ကိစ္စတွေကများနေတော့ မသွားနိုင်ဘူး။ ဘယ်လောက်များလဲဆို သတို့သမီး နာမည်လဲ မသိဘူး။ ဓာတ်ပုံတောင် ဒီဌာနမှာ အလုပ် လုပ်တုန်းက ဖုန်းထဲမှာပဲ မြင်ဖူးလိုက်တယ်။ အဲ့လောက်ချစ်တာ နေပြည်တော် ပြန်ရောက်မှ သွား နှုတ်ဆက်လိုက်မယ်။ (သူတို့ ဇနီးမောင်နှံလာတွေ့ရင်တော့ ဂါရ၀ါပြုလာတာပေါ့။ ငတိသွားတော့ တွေ့ဆုံ နှုတ်ဆက်ပေါ့ အဲ့လို မြန်မာစကားက ကွာတာ ပညာရေးဝန်ကြီး မှတ်သားသင့်တာတွေ ထောက်ပြနေတာ) ကဲကဲ မင်္ဂလာ ဆုတောင်းလေး ပေးလိုက်မယ်။
အကျွေးအမွေး အစီအစဉ်ကတော့ ကိုယ့်ဖာသာ ကိုယ် ၀ယ်စားကြပေတော့။
သူငယ်ချင်းလို အကိုလို ခင်ရ ချစ်ရတဲ့ ကဗျာမွှေ (ခ) နိုင်ငံခြားရေး ၀န်ကြီး
မင်္ဂလာနေ့ရက်မှသည် နောင်နှစ်ပေါင်းများစွာ ငွေရတု ရွှေရတု စိန်ရတု ဒေါ်လာရတု ပါမစ်ရတု ထိ ပျော်ရွှင်စွာ လက်တွဲနိုင်ပါစေဗျာ။
သားသား မီးမီးလေးတွေလဲ တဒါဇင်လောက် နီးနီး မွေးဖွား သန့်စင့်နိုင်ပါစေ။
ကွန်နက်ရှင်ကောင်းခဲ့သော် ပေါတောတော စာတွေ ဆက်လက် ရေးသားနိုင်ပါစေ။
ညီလေး ငတိမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

နိုင်ငံခြားရေး ၀န်ကြီး (ခ) ကဗျာမွှေ
သဘာပတိ ဖိုးဂျယ်

ဆက်သွယ်ရေးတွေက အရမ်းကောင်းနေတော့ နိုင်ငံခြားဝန်ကြီးရဲ့ မင်္ဂလာ အခန်းအနား ပုံတွေ ကြည့်ရမယ် မထင်ပါဘူး။ ဒီပုံက စင်ကာပူ ဌာနချုပ်မှာ အလုပ်လုပ်နေတုန်း လေ့လာရေး ခရီးထွက်တုန်းက ပုံပါ။
သဘာပတိ ဖိုးဂျယ်