ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Wednesday, April 1, 2009

အတွင်းရေးမှူး-၂ ရာထူးမှ နှုတ်ထွက်ခြင်း နှင့် ချိပ်ပိတ်တင်ဒါခေါ်ယူခြင်း

သူများတွေ ဧပရယ်ဖူးလ်နဲ့ ပျော်နေကြပါသည်။ အတွင်းရေးမှူး-၂ ဗီလိန်မှာ သူများပျော်လို့ မပျော်နိုင် ဖြစ်နေပါသည်။ အလုပ်ပြုတ်ပြီး ချစ်သောအမိမြေကို ပြန်ရတော့မှာ ဖြစ်လို့ တစ်ဘက်မှလည်း ပျော်နေပါသည်။ တိုက်တိုက်ဆိုင်ဆိုင် အရူးများနေ့မှာ ပျော်လိုက် မပျော်လိုက်၊ ရယ်လိုက် ဝမ်းနည်းလိုက် ဖြစ်နေပါသည်။ နှုတ်ထွက်ခွင့်မရှိဘူး ဆိုသော်ငြားလည်း မရှိမဲ့ ရှိမဲ့ ဗီတိုအာဏာနဲ့ ရာထူးမှ နှုတ်ထွက်ပါတယ်။ ဒီနေရာမှာပြောစရာရှိပါတယ်။ ရာထူးမှ နှုတ်ထွက်တာကို ဗီတိုအာဏာသုံးလို့မရပါဘူး။ ဒါပေမယ့် ကျနော့နာမည်က ဗီလိန်ပါ။ ဒါကြောင့် ဗီတိုအာဏာဆိုတဲ့ စကားလုံးမှာ “ဗီ” ဆိုတဲ့ စကားလုံးကြောင့် ကျနော်ပိုင်ပါတယ်။ ဒါကြောင့် ဗီတိုအာဏာကို ထပ်ပြီး သုံးပါတယ်။

နောက်ဆက်တွဲ ပြောချင်တာကတော့ သဘာပတိကတော့ အစကတည်းက ပြန်ဖို့ အစီအစဉ်ရှိနေပါတယ်။ ဥက္ကဌကလည်း အွန်လိုင်းမှာ မရှိ၊ နာယကဂျီးက အမြဲတမ်းမအား၊ အသင်းသားချုပ်က မပေါ်လာ၊ အတွင်းရေးမှူး-၁ က ဂေဟာမှာ ရှိတယ်လို့တောင် ဘယ်သူမှ မသိကြပါဘူး။ ဘယ်သူမှန်းတောင် သိချင်မှ သိကြမှာ၊ အမှုရှောင်ကတော့ ဝပ်ဘ်ဆိုဒ်တွေ ဖွင့်မရလို့ တဂျီဂျီနဲ့ အကျန်ပေးအရာရှိကလည်း ရည်းစားနဲ့ပဲ အချိန်ကုန်နေတယ်လေ။ ဂေဟာကို သစ္စာအရှိဆုံး ကေလာမမ တစ်ယောက်ပဲ အမြဲမပြတ် ဂေဟာမှာ ရှိနေပါတယ်။ကျန်တဲ့ မှူးကြီးမတ်ရာတွေနဲ့ အသင်းသားတွေကလည်း ပို့စ်လောက်ပဲ တင်နိုင်ကြတာဆိုတော့ သဘာပတိနဲ့ အတွင်းရေးမှူး-၂ တို့ မရှိတဲ့နောက်မှာ ဂေဟာထိန်းသိမ်းဖို့ ခက်ခဲလာပါပြီ။

ဒါကြောင့် ဂေဟာကို မဖျက်သိမ်းချင်တာကြောင့် ဂေဟာကို ထုတ်ရောင်းပါတော့မယ်။ သို့ကြောင့်ပဲ ဂေဟာကို ချိပ်ပိတ်တင်ဒါ လေလံတင်ပါမယ်။ လေလံတင်လို့ ရတဲ့ ပိုက်ဆံနဲ့မှ ကျနော်တွင်းမှူး-၂ က လေယာဉ်လက်မှတ် ဝယ်ရမှာဖြစ်လို့ အားလုံးကို တောင်းပန်ချင်ပါတယ်။ ကိုယ့်ဂေဟာ၊ ကိုယ့်ငပေါ (ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးမဟုတ်ပါ။ :) ) တွေကို ဒါမျိုးမလုပ်ချင်ပေမယ့် အိမ်က မိန်းမကလည်း စိန်နားကပ်ပန်ချင်တယ် ဆိုတာကြောင့် ဂေဟာမှ ရှိသမျှ အကုန်ရောင်းစားပြီး ရှာကြံရပါတော့မယ်။ အစကတော့ ငွေရှာဖို့ကိစ္စကို CBG သတင်းဌာနက သတင်းထောက် လိန်လိန်ကို အားကိုးရမယ် ထင်ပေမယ့် သူခမျာလည်း ဟိုရန်ဘုံးငွေ ဒီရန်ဘုံးငွေတွေရှာပြီး ဆိုက်ကယ်တွေ ကားတွေ ဝယ်စီးနေရရှာတာကြောင့် မပြောတော့ပါဘူး။ အဲဒါကြောင့် ဂေဟာမှာ ရှိသမျှ အကုန်လုံးရောင်းစားပြီး နှုတ်ထွက်ပါတော့မယ်။ ဒါကိုလည်း ဗီတိုအာဏာ ထပ်သုံးပါတယ်။ ဒါတွေဟာ သင်္ခါရတွေပါဆိုပေမယ့် မပြုတ်ခင်လေးတော့ ရသလောက် ယူသွားချင်သေးတယ်။ အားလုံးကိုတော့ အားနာပါတယ်။

၁။ နိုင်ငံတကာ အသိအမှတ်ပြု ISO 9004:2008 လက်မှတ်ရ ကမ္ဘာ့အဆင့်မီ ငပေါများဂေဟာ (သူများတွေပေါသလိုပေါ့) :
ကြမ်းခင်းဈေး = EUR 4.1 Mllions (ဧပရယ် ၁ ရက်နေ့ အထိန်းအမှတ်)

၂။ ငပေါများဂေဟာ တည်ရှိရာ ရုံးခန်းဖြစ်သည့် ဤဘလော့ Template, Gadget များ နှင့် Cbox :
ကြမ်းခင်းဈေး = EUR 3.0 Millions (ရုံးခန်းစတင်တည်ထောင်ရာ ၃၀-၁၀-၂၀၀၉ အထိန်းအမှတ်)

၃။ ပန်းချီကျော် အမှုရှောင် ဒေါ်နန်းညီ၏ အဖွားဖြတ်မရသည့် (အဖိုးက ဖြတ်ပြီးသွားပြီလေ) ဂေဟာဆိုင်းဘုတ် ဘန်နာ :
ကြမ်းခင်းဈေး = EUR 11.5 Millions (ဘန်နာတင်သည့် ရက်စွဲ အထိန်းအမှတ်)

၎။ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီး သတင်းအတင်းတွေ တင်ပြနေတဲ့ CBG သတင်းဌာန (Crazy Blogger Group MEDIA) :
ကြမ်းခင်းဈေး = EUR 2.0 Millions (စလောင်းမရှိ ဂြိုလ်တုမရှိ။ စာရိုက်ဖို့အကွက်နဲ့ သတင်းထုတ်ပြန်တဲ့ အကွက် ၂ခုပဲရှိလို့ တစ်ခုကို တစ်သန်းစီပေါ့)

၅။ နောက်ဆုံးတစ်ခုအနေနဲ့ အပေါ်ကလေလံ ၄ မျိုးဆွဲပြီးသွားရင် ကံစမ်းမဲဖောက်ပြီး ဂေဟာ အဖွဲ့ဝင်၊ ဝန်ကြီးများ (ယောက်ျားများ) အားလုံးထဲက တစ်ယောက်ကို CBG ရောင်းစားရင် အလုပ်ပြုတ်တော့မှာဖြစ်တဲ့ သတင်းထောက် အခြောက်မ လိန်လိန်နဲ့ ပေးစားပါမယ်။
ဂေဟာလေဒီများ အတွက်ကတော့ ဂေဟာရဲ့သူဌေးပိုင်ရှင် အသစ်ဆက်ဆက်နဲ့ ပေးစားပါမယ်။

ဒီထုတ်ပြန်ချက်ကိုလည်း မည်သူ့ကိုမျှမပြပဲ ဂေဟာစည်းကမ်းကို ချိုးဖောက်ပြီး ဗီတိုအာဏာနဲ့ တင်လိုက်ပါတယ်။ နောက်ဆိုသုံးစရာမရှိတော့လို့ ရသမျှသုံးသွားတာပါ။ လေလံဆွဲလိုသူများ စီဘီဂျီ သတင်းထောက် လိန်လိန်နဲ့ ဆက်သွယ်ပြီး အသေးစိတ်မေးမြန်း စာရင်းပေးနိုင်ကြပါပြီ။

ပုံ၊
ပြုတ်လုဆဲဆဲ အတွင်းရေးမှူး-၂ (ငပေါများဂေဟာ)
ယာယီဘဏ္ဍာမှူး (ရှိသမျှအကုန်သိမ်း)
လေလံတင်ဒါ အခွင့်ရ (ဗီတိုအာဏာသုံး)


မှတ်ချက် ။ ။ ဤကိစ္စကို ကန့်ကွက်လိုသူများ မတ်လ ၃၁ ရက်နေ့၊ ၂၀၀၉ ခုနှစ်မတိုင်မီ သက်သေအထောက်အထား စာရွက်စာတမ်း အပြည့်အစုံဖြင့် ကန့်ကွက်နိုင်ပါသည်။

8 comments:

ခေါင်ခေါင် said...

ဟင်..ဘာက ဘယ်လိုဖြစ်.. အေပရယ်ဖူး မှာ
လာဖူးနေပြန်ပီ.. ဒီမှာစတည်းက ဖူးနေတာကို.. ဗြဲ... အလန့်ထညက်လာလုပ်တယ်..

တွင်းတူးတော့.နော်..
မြောင်းတူးပြီး ပြောင်းဖူးပဲ စိုက်ခိုင်းလိုက်တော့မယ်.. ဟင်းးးးးးးးးးးးးး

Anonymous said...

ဟုတ်ပ...
များတို.ကတော. ယုံဘူး..
နောက်နေတယ်ဘဲ ထင်တယ်..
တကယ်ဆိုလည်း
ကုလားထိုင်ပါ ယူသွား
ကေလာမမ

ဖိုးဂျယ် said...

လာနောက်နေတယ် ငပေါ
နင်နဲ့ငါ မရှိရင် ဂေဟာ ချိတ်ပိတ်သလို ဖစ်မယ်ဟ
ငါကတော့ မပြန်ဖစ်တော့ပါဘူး။
အကိုက မပြန်နဲ့တဲ့

ဟန်သစ်ငြိမ် said...

ပို့စ်တွေ တစ်ခုချင်းဆီ လေလံပစ်ဖို့လည်း စဉ်းစားဦးလေဗျာ...။ တချို့တွေက ဆိုက်ဒ် တစ်ခုလုံး မ၀ယ်နိုင်တော့ ကြိုက်ရာပို့စ်လေးတွေ ၀ယ်သိမ်းချင် သိမ်းမှာပေါ့ဗျ။

tututha said...

ရမလား .. ဟမ် .. သူ့ဟာသူ ဖြတ်ဖောက်ချုပ် လုပ်ချင်တာနဲ့ ဂေဟာကို လာရောင်းစားနေတယ်။ ဒါမျိုးတော့ မခံဘူးဟေ့ .. ရသမျှ နာယကဂျီးကို တဝက်ခွဲပေးရင်တော့ ငြိမ်နေမယ် .. ဒါဗြဲ။

Anonymous said...

ဟားဟ..အမွေလုနေကြပြီဗျို..
များ လည်းပါတယ်နော်..
ရောက်ကတည်းက အိုက်တိုးပဂေးဆံ နေရတဲ.မျက်နှာလေး တစ်ချက်လောက်ငဲ.ကြည်.ကြပါအုံးလို..
အဲလို တွေ လုပ်ကြပါနဲ..
တကယ်သာ ဂေဟာပြိုကွဲသွားရင်
များ တော..ဟတ်ထိပြီသိလား.
အရမ်းအရမ်းငြိနေတာ...
အဲလို တိကနဲ.လုပ်ကြပါနဲ.ဟာ
နော်..
ကေလာမမ

ဗန်ပိုင်းယား said...

တကယ့်ကို ရူးချင်လာပီ

Anonymous said...

ဟာ..ပွတာဘဲ..ဂေဟာလေဒီများအတွက် အသစ်စက်စက် သူဌေးနဲ.ပေးစားမည်ဆိုဘဲ..
ကဲ.လေဒီစာရင်းကောက်မယ်..
နောက်ပြီး အားလုံးညီတူမျှတူ ဖြစ်အောင်
သူဌေးအသစ်စက်စက်လေးကို ဖြတ်ခုတ် ပိုင်းမယ်၊
နောက်ပြီး မဲ နှိုက်ကြမယ်.
ဆရာစားလေး နဲနဲချန်ပြီး-
မမ ကတော. ကိုယ်ကြိုက်တဲ. အပိုင်းလေးကို
ဝှက်မဲ အဖြစ် အကြံအဖန်လုပ်ထားမယ်..
ဟီး
ကေလာမမ