ငပေါလို့ နာမည်တပ်တိုင်း ငပေါမဟုတ်ဘူး..
တစ်ခါတစ်လေ လူတည်ကြီးလို့ ထင်နေပေမယ့်လဲ ငပေါကြီးဖြစ်ချင် ဖြစ်နေတတ်ကြပြန်ရော.
ဥပမာ. ရုပ်တည်ကြီးနဲ့ အန်ဒီကောင်ကိုကြည့်.။ ခပ်တည်တည်နဲ့ ပေါပြလိမ့်မယ်.။
သူ့လို လူမျိုးက အခန့်ပေါလို့ ခေါ်တယ်။ ခန့်ခန့်ညားညား ပေါတယ်ဆိုပါတော့။
တစ်ချိုကြပြန်တော့လည်း ကိုယ့်ဘာသာကိုယ် ပေါလို့ ပေါမှန်း မသိတာလဲ ရှိတယ်။
ဥပမာ.. ဟန်သစ်ငြိမ်ကြီး။
သူက အငြိမ်ပေါ။ ငြိမ်ငြိမ်လေးပေါတာ။
အဲ...
ကိုယ့်ဘာသာ မပေါဘူးထင်ပေမယ့်လဲ ပေါချင်ပေါနေတတ်တဲ့ လူမျိုးကိုကျ ဘယ်လိုခေါ်တုန်းသိလား။
သူတို့ကိုကြတော့ ရွက်ပုန်းပေါလို့ ခေါ်တယ်.။
ပေါတတ်တဲ့ အရည်အချင်းတွေကို နေရာမှန် လူမှန် ထုတ်မသုံးဖြစ်သေးတာ.။
အဲဒါမျိုးက ပေါညီလို ကောင်လေးမျိုးတွေ။
ပေါတယ်ဆိုတာက လူမသိ သူမသိ ပေါနေတာလဲ ရှိသလို.. ရွာသိ ကမ္ဘာသိ ပွင့်ပွင့်လင်းလင်းပေါလို့လဲ ရတာမျိုးမဟုတ်လား
ပေါသတ္တိတော့ လိုတာပေါ့လေ။
ငပေါတွေနဲ့ သိပ်မရောဖြစ်တဲ့ ကိုကောင်းကင်ကိုလို ကိုဂစ်တာလို ကိုဇော်တို့လို လူမျိုးတွေကျတော့ အုံ့ပုန်းပေါတွေ..။
ကြည့်ပါ့လား .. ပွင့်ပွင့်လင်းလင်း မပေါရဲ့ တော့ စီဘောက်ထဲမှာပဲ ဟိုလိုလို ဒီလိုလို လာပေါသွားကြတာ.။
အဲ .. အခြောက်မလေးတွေကို ပွင့်ပွင့်လင်းလင်းပေါတတ်တဲ့ လူတွေလဲ ရှိတယ်။
သိတယ်မို့လား.. ပေါဂျယ်လို ကောင်မျိုး.။
ဘယ်သူတွေ ဘယ်လိုထင်ထင် သူများတို့က ပေါရရင်ပြီးရောဆိုတာမျိုး။
အပွင့်ပေါ.. ဆိုပါတော့..။
တစ်ချို့ကြတော့လည်း အိုက်တင်ကြီးတစ်ခွဲသားနဲ့ ပေါနေပြန်ရော..။
ဘယ်သူရှိမလဲ.. နာယက တူးတူးသာလေ။
ကလေးတွေနဲ့ ပေါင်းပြီး မပေါချင်တာလိုလို။ သူဝင်ပေါလိုက်ရင်ပဲ အင်ပရက်ရှင်ဒေါင်းတော့မှာလိုလိုနဲ့
အခွင့်အရေးလေး နည်းနည်းရတာနဲ့ သူချည်းပဲ ၀င်ပေါနေတတ်တော့တာ...။
အဲဒါကြတော့ အိုက်တင်ပေါဆိုပါတော့..။
မအားဘူးတို့ ..။ အလုပ်များနေလို့တို့ ...။ ဘာကြောင့်ပါ..တို့ ...။ ညာ.. ကြောင့်ပါလို့ ပြောပြောပြီး
ပျောက်ပျောက်နေတတ်တဲ့ နန်းညီလိုဟာမျိုးလေးတွေကြတော့ ကြုံပေါလို့ ခေါ်တယ်။
သူတို့က ဂေဟာမှာသာ လာမပေါတာ.. ။ ကြုံတဲ့နေရာမှာ ကြုံသလိုပေါတယ်။
ကြုံပေါတွေပေါ့။
အဲ.. မူးမနေရင်အကောင်း..။ နည်းနည်းမူးတာနဲ့ တွေ့ကရာနေရာဝင်ပေါတဲ့ တဲ့လူရှိသေးတယ်။
မိုးသားလိုမျိုး.. မူးပေါ.. လို့ခေါ်တယ်။
ဘယ်သူ့မှာ ဂရုမစိုက်ဘူးကွ.။ ငါ့ဘာသာ ပေါချင်ပေါမယ်.။ မပေါချင်မပေါဘူး ဆိုတဲ့ ခပ်မိုက်မိုက်လူတွေလဲ ရှိတယ်။
နာမည်ကိုက ကြည့်ပါလား။ ဗီလိန်တဲ့။
အဲလိုလူမျိုးက မိုက်ပေါလေ။
မိုက်ချက်ကတော့ ကမ်းကုန်ပဲ.. အဲလေ ပေါချက်ကတော့ ကမ်းကုန်ပဲ ဆိုသလို သူလိုလူ ပေါပြီဆိုရင်လဲ
ဘယ်သူမှ လိုက်တုပြီး မပေါရဲဘူး..။ မိုက်ပေါကြီး ဗီလိန်ဆိုပါတော့။
အဲ... ကိုယ် သာ ထုတ်မပေါတာ သူများပေါရင် .. မြောက်ပေး.. အဲအဲ.. ထောက်ခံပေးတတ်တဲ့ သူလဲ ရှိတယ်.။
နောက်ကနေ ထောက်ခံပေးတာ..ပို့ပေးတာမို့ သူတို့ကို ကျတော့ ပို့ပေါလို ခေါ်ရမလား မသိဘူး..
ပေါမမနဲ့ ခေါင်ခေါင်လေ။
အင်းလေ..
ဦးထု တစ်ကော ဥမ္မာ တစ်ကော .. (အဲအဲ ..ဆောရီး ဖုန်းဆိုင် အကြွေးနဲ့ မှားလို့ )
ပုထုတကော ဥမ္မာတကော ဆိုတာ ဘုရားဟောတောင် ရှိသေးတာပဲ..
လောကမှာက လူတိုင်းလူတိုင်း အရူးအပေါတွေချည်းပဲ မို့လား။
ဒီလောက်ပေါတဲ့ လူတွေအများကြီးထဲမှာ အပေါတကာ့ အပေါတွေ စုထားတဲ့ ငပေါဂေဟာက လူတွေ ဒီလောက်များတယ်သားနဲ့
ဘယ်သူမှ ၀င်မပေါကြတော့ ဂေဟာမှာ ခြောက်ကပ်ကပ်ကြီး ဖြစ်နေပြန်ရော.။
ကဲပါလေ.. ဘယ်သူမှ မပေါပေါ.. မိုးသားတို့က အခု အချိန်ကနေစပြီး ..ပြန်ပေါပါပြီ ဆိုတဲ့အကြောင်း..။
ကဲ.. သူငယ်ချင်းတို့ရေ..
ငါတို့တွေ ပြန်ပေါကြရအောင်လား .. ဘ၀အမောတွေ ခဏထားပြီး .. အရင်လို စည်းစည်းလုံးလုံး ပေါကြရအောင်..
ချစ်တဲ့
ငပေါမိုးသား..
ငပေါဦးတည်ချက် ၄-ရပ်
* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။
Saturday, August 28, 2010
Subscribe to:
Post Comments (Atom)
13 comments:
ခေါက်တံပါတယ် ခေါက်တံပါတယ်
ပေါညီ
အရင်လိုလား
ပေါမမ
ဘယ်ငတည်မှ ငပေါမထင်ဘူးကွ။
ဘယ်ငပေါမှ ငတည်မထင်ဘူး
ပေါတယ်ဆိုတာလည်း မပေါဘူး။
မပေါဘူးဆိုတာလည်း ပေါတယ်။
ငပေါဆိုတာလည်း မရှိဘူး။
ငှက်ကထဆိုတာလည်းမရှိဘူး။
မရှိဘူးဆိုတာလည်းမရှိဘူးကွ...
ဘူးထွားဟားဟားဟား
ပေါတယ်ဆိုတာလည်း မပေါဘူး။
မပေါဘူးဆိုတာလည်း ပေါတယ်။
ငပေါဆိုတာလည်း မရှိဘူး။
နန်းညီဆိုတာလည်းမရှိဘူး။
ခွေဇီဗီလာဆိုတာလည်း မရှိဘူး
မရှိဘူးဆိုတာလည်းမရှိဘူးကွ...
ငွှားငွှားငွှား.. ဗြဲ သွပ်သွပ်
နာတွ အပွင့် ပေါ ပေါ . . . . တာ
ဟွင်း ဟွင်း . . . .
အရင်လို အပွင့် ပေါ ပေါကျစို့လား . . . .း)
ဘူး ထွား ထွား . . . .
^_^
ငတိ
တော်သေးတယ် လက်လက်တောက်ပေါပုံကို မရေးလို့
ကိုမိုးသားတော့ သူ့စကားနဲ့ သူပြန်ထိပါလေရောလား
ဝူးထွား ဟားဟားဟား
ပေါညီ
အကြွေးတွေကျေရင် ပြန်လာတာပေါ့...
ခဏလေး လာကြည့်ပါတယ် ငပေါတွေနဲ့ကို မလွတ်နိုင်ပါလား။ အိုက်တင်တခွဲသားနဲ့ ပေါသွားတဲ့ နာယကဂျီးပေါ့စ်ကွယ်စ်
ခဏလေး လာကြည့်ပါတယ် ငပေါတွေနဲ့ကို မလွတ်နိုင်ပါလား။ အိုက်တင်တခွဲသားနဲ့ ပေါသွားတဲ့ နာယကဂျီးပေါ့စ်ကွယ်စ်
ဟေ့ ဘယ်ကောင်တွေလဲကွ ... လောကဒတ်တွေနဲ့ ရှုပ်ရှက်ကိုခတ်နေတာပဲ လွတ်လွတ်လပ်လပ် ပေါလို့လဲ မရဘူး။
ပေါငြိမ် သိပ်ပေါလွန်းတယ်
ကလူသလိုလူကို မြူစယ်ကျီစယ်
ပေါဂေဟာ ရှေ့ကျွန်ုပ်ရောက်တယ်
ပေါပေါလေးနဲ့ ငြိမ့်ငြိမ့်လေးပေါ့ကွယ်
Post a Comment