ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Tuesday, January 11, 2011

ငပေါ အိမ်ဟောင်းဆင်း၊ အိမ်သစ်တက် မင်္ဂလာ

ငပေါများဂေဟာ၏ အိမ်ဟောင်းမှာ အိမ်လခ ဆက်မပေးနိုင်တော့ပါသဖြင့် စည်ပင်က ပြန်သိမ်းလိုက်ပြီ ဖြစ်ကြောင်း မူးမူးရူးရူး တံခါးသွားခေါက်မည့် ငပေါများအား လည်းကောင်း၊ အိမ်ရှင်းမည်ဟု အကြောင်းပြကာ တံမြက်စည်းကြီး ကိုင်၍ ချောင်တွင် သွားအိပ်မည့် ငပေါများအား လည်းကောင်း၊ ဖဲဝိုင်းသွားထောင်မည့် ငပေါများအား လည်းကောင်း၊ ခွက်ပုန်း သွားကစ်မည့် ငပေါများအားလည်းကောင်း၊ ကျန် ငပေါများအား လည်းကောင်း အကြောင်းကြားအပ်ပါသည်။

ထို့ကြောင့် ငပေါဂေဟာကို ခေတ္တယာယီအားဖြင့် နေပူတော်ရှိ သမ္မတ အိမ်တော်သို့ ရွှေ့ဆိုင်းကျူးကျော် နေထိုင်ကြမည်ဖြစ်ပါသည်။ ကြားကြားသမျှသော ငပေါအားလုံး သမ္မတအိမ်တော်တွင် ကြိုက်သလို သွားရောက် သောင်းကျန်းနိုင်ပြီ ဖြစ်ကြောင်း အကြောင်း ကြားပါသည် (သေချာတာကတော့ သမ္မတ အိမ်တော်ကို စည်ပင်က သိမ်းစရာ အကြောင်းမရှိ) တကယ်လို့ မောင်းချမှာ စိုးရိမ်ကြရင်လည်း ငပေါဖြစ်ကြောင်း ထောက်ခံစာကို ငတိ၊ ငှက်ကထ၊ နာယကဂျီး၊ အမှုရှောင်၊ တွင်း ၁၊ တွင်း ၂ တို့ထံတွင် လာရောက်ယူကြဖို့ နှိုးဆော်အပ်ပါသည်။

ယာယီအားဖြင့် သမ္မတအိမ်တော် အဆင်သင့် မဖြစ်သေးပါက ယာယီ့ ယာယီအားဖြင့် ယခင် ကျူးကျော် ခဲ့ဖူးသော ဘလော့စပေါ့ ဒေါ့ကွမ် အမည်ရ အလကားပဲတင်း ကျူးကျော်တဲတွင် လာရောက် နေထိုင်ကြစေ လိုပါသည်။ ထိုတဲတွင် နာယကဂျီး အမှူးပြုသော ငပေါများ အိမ်သစ်တက် မင်္ဂလာ အခမ်းအနားကို နေပူတော်ရှိ လွှတ်ရင်တော်မည့် အခမ်းအနားကြီးနှင့်အပြိုင် ကြီးကျယ်စွာ ကျင်းပမည် ကြောင်း ငပေါအပေါင်းကို အကြောင်း ကြားအပ်ပါသည်။

ကျင်းပမည့် နေရာ - ငပေါဂေဟာ ဘလော့စပေါ့ ဒေါ့ကွမ် ... အင်္ဂလိပ်လို crazybloggergroup.blogspot.com

ကျင်းပမည့် အချိန် - ပေါငြိမ်ကို မေးရန်

ကျင်းပမည့်နေ့ရက် - လွှတ်ရင်တော်မည့် အခမ်းအနားနှင့် တရက်တည်း

ဦးဆောင်ကျင်းပမည့်သူ - ပေါငြိမ် (မှတ်ချက် - ဘာကျွေးမလဲဆိုတာလည်း ပေါငြိမ်ကိုမေးရန်)

နာယကဂျီး တာဝန်တော့ ပြီးပြီ။ ငပေါအပေါင်း ကျန်းမာချမ်းသာပါစေ။ လောင်းလစ်ဗ် သပေါစ်

4 comments:

မိုးယံ said...

ကျေးတမာဒယ် ကျေးတမာဒယ်

အောင်ဂျေ ပိုင်ဇေ နိုင်ဇေ

zarny win said...

မူလလက်ဟောင်း blogspot ပဲ ကောင်းပါတယ်လေ

မိုးသား said...

နောက်ဆုံးတော့လဲ .. blogspot..လေးပဲ..
(အိမ်သစ်တက်ပွဲမှာ အသောက်အစားလေးကော ပါလားဟင် နာယကဂျီး)

ဖိုးဂျယ် said...

နောက်ဆုံးတော့လဲ ဒုံး၇င်းပါပဲလား ဟီးးးးးး