ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Wednesday, September 29, 2010

ကလပ်စစ် ပေါကဗျာများ

ယနေ့ခေတ်တွင်၊ မော်ဒန်၊ ပို့စ်မော်ဒန်၊ ပေါမော်ဒန် စသည်ဖြင့် တဒန်ဒန် ဖြစ်နေကြလေသည်။ သို့သော် “အသစ်တွေ ဘယ်လိုကောင်းကောင်း အဟောင်းဆီ တလည်လည်” ဆိုသည့်စကားလည်း ရှိသေးလေသည်။ ထို့ကြောင့် ခေတ်စမ်း စာပေါလောကတွင် တချိန်က လျှမ်းလျှမ်းတောက် နာမည်ကျော်ခဲ့သော ကလပ်စစ် ပေါကဗျာများကို အားအားယားယား ရှာဖွေ စုဆောင်း တင်ပြလိုက်ရပါသည်။

လျှောက်လုပ်ရေးဝန်ကြီး
ပေါငြိမ်
……………………………………………………………………….

“ပေါဉာဏ်ပွင့်”

ဂေဟာက အပြန်
ပေါချင်တယ် နောက်ထပ်ဆိုလို့
ပတ်စ်ဝေါ့ကိုပေး။

မနက်တုန်းဆီက
ဖေ့စ်ဘွတ်ကို မောင်ဝင်တော့
သူ့ဝေါလ်မှာ ပေါဿနတွေနဲ့
ပေါလှတယ်လေး။

ပေါသုဝဏ်
……………………………………………………………………….

“ပေါတာကြီး”

ပေါလို့လည်းဝ
နေလည်းကျပြီ
ငါ့ကို ဂေဟာ
ပို့ကြပါတော့။

ပေါမိုး
……………………………………………………………………….

“ပေါစာတိုင်”

ဒီဂေဟာ
ငပေါတွေ ပေါရဲ့
မောင့်လေဒီ
ဝီစကီယူခဲ့။

ပေါအောင်
……………………………………………………………………….

“တို့ဂေဟာ”

ပေါလော့မှန်စွာ အိုဘလော့ဂါတို့
တို့ရွာတို့မြေ တို့ဂေဟာဝယ်
ဝန်ကြီး၊ အဖွဲ့သား များလည်းများ၏
များပါလေလည်း တပျင်းပျင်းနှင့်
အချင်းချင်းနှက် လက်ညှိုးထွက်လျှက်
သူပို့စ်ရေးနိုး ငါရေးနိုးဖြင့်
ရှေ့ထိုးနောက်ထိုး အပြန်လှန်ထိုး၏
ကြည့်လှည့်ပါလေ ဂေဟာဆွေတို့
နေရာသာရှိ စာမရှိလျှင်
ဘယ်လျှင် ဂေဟာ တွင်မည်တည်း။

ပေါလော့မှန်စွာ ဆွေသဟာတို့
ပေါမပျက်နှင့် အပေါစိတ်ဓာတ်
နေ့တိုင်းမှတ်၍ လာသမျှသိမ်းကြုံး
ဝါးလုံးရမ်းကာ လက်သရမ်းကာဖြင့်
ပေါကြောင်ကြလေ ကြောင်ကြလေတော့
ဤနေရာဂေဟာ ဘယ်သူ့ဂေဟာလဲ
ဤအဖွဲ့သားများ ဘယ်လောက်များလဲ
ထားလော့စိတ်ပေါ ပေါလော့စိတ်ဝမ်း
ပေါရွှင်လန်း၍ ပေါလန်းပေါဉာဉ် ထွက်စေသတည်း။

ပေါဂျီ
……………………………………………………………………….

မူရင်း ကဗျာများ
  • နှင်းဆီပွင့်၊ ဆရာမင်းသုဝဏ်
  • ဧည့်သည်ကြီး၊ ဆရာတင်မိုး
  • သစ္စာတိုင်၊ ဆရာကြည်အောင်
  • တို့တိုင်းပြည်၊ ဆရာဇော်ဂျီ

6 comments:

Anonymous said...

ကောင်းလေစွ
ကောင်းလေစွ

Anonymous said...

ဘယ်မတုံး
ကျန်တဲ့ ငပေါတွေ

ဖိုးဂျယ် said...

မိုက်ဒယ်
ပိုစ့်တွေက ရေးထားတာ ရှိတယ် ဗျ
ဘယ်လို ကြံဖန် တင်ရမလဲ မသိတား)

chanye` said...

ရေးထားတဲ့ ပညာပေးဆောင်းပါးလေးပဲ ကောင်းသလိုတင်ပေးပါဗျ...
ဂေဟာကို အမေရိကန်ကလူတည်တွေ လှမ်း hack ထားလို့ ၀င်မရဖြစ်နေတယ် ခွိ

ဗီလိန် said...

လောင်းလဗ် ဿည်ပေါစ်..............

tututha said...

ပေါသမျှအကြောင်း အကောင်းချည်းပါလား ပေါငြိမ်ရယ်