ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Thursday, March 19, 2009

နှစ်သစ် သင်္ကြန်ကြိုဆိုခြင်း

အခု တစ်လော ပေါဂေဟာ လူဂျီးမြင်းများ ကမ္ဘာ့ စီးပွားရေး ကဒ်နဲ့အတူ ရောယောင်ပြီးအကြီးအကျယ် စိတ်ထိခိုက်နေကြတယ်နဲ့တူတယ်။

အချို့အချို့တွေကျတော့လည်း စာမေးပွဲရှိလို့တဲ့
အချို့အချို့တွေကျတော့လည်း ဟောလီးဒေး ပြည်တော်ပြန်သတဲ့
အချို့အချို့တွေကျတော့လည်း ပလာစတာကိစ္စ..ကော်ကိစ္စတွေနဲ. ရှုပ်နေကြဟန်တူလေရဲ..
အချို့အချို့တွေကျတော့လည်း မွေးနေ့ပွဲတွေ၊ အလုပ်တွေနဲ့ ယောင်နေကြတယ်လို့လည်း သိရတယ်။
(မမ ဘာမှပြောဘူးနော် . . . . မသိသလိုလေးဘဲ နေနေတာ . . .)

မမ ကတော့ လာမဲ့ မြန်မာ နယူးယားအတွက် ကဲဘို့ ပြင်ဆင်နေတယ်။ လာသမျှ စာတွေ ဖောက်လိုက်ရင် ၀ံကြီးဌာနတွေက ဖိတ်ထားတာနဲ့ ရုပ်ရှင်၊ သရုပ်ဆောင်တွေ မယ်တော်တွေက ဖိတ်ထားကြတာနဲ့။ သင်္ကြန်လေး ရှိတာမှ ၃ ရက်တည်း မမ ဘယ်နှစ်ကိုယ်များ ခွဲပြီး သွားရပါ့ မလဲ လို့
(အယ် တိုးတက်နေတဲ့ ခေတ်ကြီးမှာ ကိုယ်ခွဲစရာလား . . . ကိုယ်လုံး လုပ်ပြီး ပွားလိုက်မှာပေါ့ နော်)

ဟိုမရောက် ဒီမရောက်ရင်လည်း မျက်နှာပျက်စရာတွေ ဖြစ်အုံးမယ်လေ ဟူး . . . နာမည်ကြီး ဖြစ်ရတာကလည်း တကယ် တကယ်ကျတော့လည်း လွတ်လပ်မှုတွေ တကယ်ဆုံးရှုံးတာဘဲ။ အားလုံးကို ဥပက္ခာပြုပြီး ဂေဟာအတွက် ရေပက်မဏ္ဍပ်တစ်ခု လုပ်ချင်တယ်။

စိတ်ဝင်စားသူများ လိုအပ်သလိုအရေးတယူ မှာစား စာရင်းသွင်းနိုင်ကြပါကြောင်း။

မဏ္ဍပ်အမည်- ရင်ထဲဗလာ ပေါဂေဟာ

မဏ္ဍပ်နေရာ- U.K.(Upper kanaungto)

ဘာမဆို U.K မှ ဆိုလို့များ တို့လည်း U.K နိုင်ပါတယ်နော် . . .ဟွန်း

ဖွင့်လှစ်မည့်ရက်စွဲ- ၂၀၀၉ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့မှ ဧပြီလ ၁၈ ရက်နေ့ထိ

ကြိုဆိုရေး -sugar မင်း သို့မဟုတ် suger king ကို Hip Hop band များက ထိန်းမနိုင် သိမ်းမနိုင် အကများဖြင့် ဖြေဖျော်ကြိုဆိုရန်၊

အထူးလုံခြုံရေးအစီအစဉ်ဖြင့်၎င်း သယ်ဆောင်လာသော Hip Hop Band များကို out of service
ဖြစ်စေရန် အချိန်ပြည့် ကာဗာ ဆားဗစ် လုပ်နိုင်ရန် ဂေဟာမှ စီစဉ်ထားကြောင်း။

ဝတ်စုံ - ကိုးရီးယား ဒီဇိုင်း၊ တရုပ်ပြည်ဒီဇိုင်းများ ရိုးအီနေပြီဖြစ်သောကြောင့် ဂေဟာမှ ၀န်ထမ်းများအတွက် မိုင်၉၀ အကွာမှ ကွင်းကွင်း ကွက်ကွက် လင်းလင်းလက်လက် မြင်စေရန်အလို့ငှာ
သစ်ရွက် အစိုများဖြင့် စနစ်တကျပြုလုပ်ထားသော တာဇံ အကျီ င်္များအား အထူးမှာကြားပြီးဖြစ်ကြောင်း၊
(အနောက်တိုင်း ယဉ်ကျေးမှုကိုပယ်ဖျက်၍ အရှေ့တိုင်းကိုသာ ဦးစားပေးထားကြောင်း အနောက်က တိုင်းစရာမလို၍ ဖြစ်ပါသည်။)

ဝတ်စုံများမှာ မိန်းမ၀တ် နှင့် ယောက်ကျားဝတ် ဟူ၍ ခွဲခြားထားခြင်း မရှိကြောင်း (ရောင်းရန်လုံးဝ မရည်ရွယ်ပါ)
အကယ်၍ ဈေးကွက်များတွင် တွေ့ရပါက သက်ဆိုင်ရာ ဌာနဆိုင်ရာဝံကြီးများ အကြံအဖန်လုပ်ထုတ်၍သာ ဖြစ်ကြောင်း)

(သတိ- သစ်ရွက်ခြောက်လျှင် ကော်ပီ သာဖြစ်သည်)

မဖြစ်မနေရံပုံငွေ - မဏ္ဍပ်ကြီးဖြစ်မြောက်ရေးအတွက် ဒေါ်လာစား များအားမျှော်ကိုးပြီး စင်္ကာပူဒေါ်လာ ၁၀၀၀ မှစ၍ ရှိလျှင် ရှိသလို ထည့်နိုင်ကြောင်း၊

(ပေါဂေဟာမှ ရာထူးကြီးကြီး ရထားသော ၀ံကြီးများက အပြိုင်အဆိုင် အားရပါးရ စေတနာများ ထက်သန်စွာဖြင့် အလုအယက် လှူဒန်းကြမည်ဟုလည်း ယုံကြည်ထားပါကြောင်း . . ဂေဟာ ရန်ပုံငွေအတွက်လည်း စိတ်မအေးဖွယ်ရာများ ထပ်ကြုံရန်လည်းရှိကြောင်း။

ပျော်ရွှင်ရပိုင်ခွင့် - ရောင်စုံရေပိုက်တစ်ခုကို ၁၀ မိနစ်ကို စင်္ကာဒေါ်လာ ၅၀၀ ဖြင့် credit card or cash ဖြင့် လွယ်လင့် တကူပေးနိုင်ရန်၊ cash machine, ATM စက်များ မဏ္ဍပ်အတွင်း ထားရှိကြောင်း၊ ငွေသားများ ရေစို ပေါက်ကွဲ စုတ်ပြတ် မည်ကိုစိုးရိမ်၍ ပလပ်စတစ် ကာဘာများနှင့် အထပ်ထပ် လုံခြုံစိတ်ချစွာ စီမံထားပါသဖြင့် မလုပ်တတ် မကိုင်တတ်ဖြစ်နေလျှင် နီးရာဝန်ထမ်းအား အကူအညီတောင်းနိုင်ရန် အဆင်သင့် ရှိကြောင်း၊

(ဂေဟာဝန်ထမ်းများနှင့်အတူ ပတ်သက်ရာ ပတ်သက်ကြောင်း အတွယ်အတာများပါလာလျှင် ပလပ်စတစ်ရေပုံးနှင့် နို့ဆီခွက်များလည်း အလုံလောက်စီစဉ်ထားကြောင်း)

အစီအစဉ်များ - ကြွရောက်လာသမျှ 7 ရက်သားသမီးများ လွယ်လင့်တကူ စားသောက်နိုင်ရန် ဆန်ပြုတ်များကို ကျွတ်ကျွတ်အိတ်ဖြင့်ထည့်၍ အဆင့်သင့် ချိတ်ဆွဲထားကြောင်း၊ တန်းစီစရာ မလိုအောင် တစ်ယောက် တစ်ထုတ်နှုန်းဖြင့် ယူနီဖောင်းပြည့် ၀န်ထမ်းများက အပီအပြင် ၀န်ဆောင် ကြီးကြပ် စီမံ့ ပေးထားကြောင်း၊

အလွန်ဆာနေသောအချိန် အားရပါးရ စားသုံးနိုင်ရန်အတွက် အိုက်စကလင် များကိုလည်း သက်ဆိုင်ရာကောင်တာတွင် မှာစားနိုင်ကြောင်း၊

အုန်းသီး၊ ဖရဲသီး၊ ပိန္နဲသီး နှင့် ဒူးရင်းသီးများကို self service ဖြင့် ကိုယ့်ခွန်၊ ကိုယ့်အားဖြင့် နွှစားနိုင်ရန်လည်း အသင့်ထားပေးကြောင်း၊

မဏ္ဍပ်အတွင်း မူးယစ်သောက်စား ရမ်းကားခြင်းလုံးဝ မလုပ်ရန်အလို့ငှာ၊ မဏ္ဍပ်ဘေးတွင် လွတ်လပ်စွာ လုပ်နိုင်ကြောင်း နေရာ သတ်မှတ်ထားရှိ၊

ဖျော်ဖြေရေးများအတွက် ဆဲရန်ရှိ အစီအစဉ်ဖြင့် ၀ံကြီးများမှ ပါမစ်ချပေးရန် စောင့်ဆိုင်းနေပါသည်။
(သေချာလျှင် ထပ်မံကြေငြာပါမည်)

နှစ်ဆန်းတစ်ရက်နေ့တွင် သက်ကြီးရွယ်အို စာရင်းအရ ငှက်ကဌ၊ နာယကကြီး၊ ၀ံကြီးချုပ်၊ အသင်းသားချုပ်ကြီးနှင့် ၀ံကြီး အချို့အား ကတုံး တုံးရန် နှင့် ခြေသည်း လက်သည်းများကို ဂျပန် ခွာနည်းဖြင့် ပူဇော်မည်ဖြစ်ကြောင်း၊

ဧည့်သည်များ ယခုလို အင်တာနက်တွင် တင်လိုက်ပြီးသကာလ-ကိုနေကိုတိုး၊ အိန္ဒြာကျော်ဇင် ၊ မိုးဟေကို၊ ဖြိုးဝေစိုး၊ ပြေတီဦး တို့နှင့် အခြားမယ်တော်၊ ရုပ်ရှင်သရုပ်ဆောင်များသည်၎င်း၊ victoria Backham, Paris Hilton မှ သည် Ronadol7 etc နှင့် Prince William, Obama တို့မှ လာရောက်ရန် လျှောက်လွှာများနှင့် မိသားစုများသော brit pitt တို့အတွက် ဂေဟာမှ အလွန်ခေါင်းကိုက်စွာ လက်ခံရန် စဉ်းစားနေရပါကြောင်း၊ များတို့ ဂေဟာက မြန်မာမှု မြန်မာ့ ဟန်စစ်စစ်ဖြင့် ဖန်တီးထားသော် မဏ္ဍပ်ဖြစ်ပါ၍ နိုင်ငံခြားယဉ်ကျေးမှုများ မပါဝင်စေရန် ရည်ရွယ်ပါကြောင်း (သူတို့လာရင် ပေါက်ကရတွေ လုပ်ကြအုံးမှာ)

ရေပက်ခံထွက်လိုသော လူများအတွက် ထိုင်းနိုင်ငံမှ သုံးဘီးများကို ဘန်ကောက်မြို့တွင် နေထိုင်သော အသင်းသားက တစ်ပတ် တစ်စီးနှုန်းဖြင့် ချင်းမိုင်းမှ အဆင့်ဆင့် လိုင်စင်ပျောက် ကိုယ်တိုင် မောင်းယူလာမည်ဖြစ်ကြောင်း။

ဤကဲ့သို့ ဂေဟာ အတွက် အကြီးစားစီမံ ခန့်ခွဲမှုများဖြင့် မြိုင်ဆိုင်နေသောမဏ္ဍပ်မှာ နောက်ဆုံး အထူး အစီအစဉ်အနေဖြင်..

အကယ်၍ မပြောကောင်း မဆိုကောင်း အခိုက်အတန့်လေး မီးများမလာခဲ့သည် ရှိသော် ဓါတ်အားလေးများ ဖုတ်ကနဲ့ စက္ကန့်ဝက်လောက် ကျသွားခဲ့သည်ရှိသော်၊ ရောင်စုံ မော်တာပိုက်များ ဈေးကြီးပေးပြီး အပီအပြင် မြန်မာ့ ရိုးရာသင်္ကြန်ကို ကြိုဆိုခံစားနေကြသော မိကောင်းဖသား လူဂျီးများ အီလက်ထရိုက် ကြောင့် စိတ်အနှောင့် အယှက်မဖြစ်စေရန်အလို့ ငှာ မမ တို့ မဏ္ဍပ်ကို နီးစပ်ရာ U.K ဆိပ်ကမ်းတွင် ဆောက်လုပ်ရန် စီစဉ်ထားပါကြောင်း၊ နို.ဆီခွက် ပလပ်စတစ်ရောင်စုံပုံးများနှင့် သရက်ရွက်၊ ပိန္နဲရွက်များကိုလည်း အကုန်အကျများစွာ စီစဉ်ထားကြောင်း

လိုအပ်သည်များကို ထပ်ဆင့် မှာစားနိုင်ရန်အတွက် ဂေဟာမှ သက်ဆိုင်ရာဝံကြီးများအား
ပါမစ်ချပေးပါရန် တင်ပြလိုက်ရပါသည်။
ကေလာမမ

4 comments:

tututha said...

တခုပဲ စိုးရိမ်တယ် မမရာ .. မမ က ကလုန်းလုပ်မယ် ဆိုရင် ကေလာတော့ ဒွတ်ခပဲ .. တူ့ခညာ ဘယ်ကလုန်းနား ကပ်ရမှန်းမသိဖြစ်နေမယ်။ နည်းနည်းတော့ ကွဲကွဲပြားပြား ဖြစ်အောင်လုပ်ဦး။ နာယကဂျီးကတော့ ဒီနှစ်သင်္ကြန် ကောင်းမှုလုပ်တဲ့အနေနဲ့ အရက်ပုလင်း သက်စေ့လှူမလို့ အဲဒါ အလှူခံမယ့်သူ စာရင်းကောက်နေတယ်လို့ ကြေညာပေးပါ .. ဒါဗြဲနော်။

ဗန်ပိုင်းယား said...

ဘုရား ဘုရား .. . တစ်ယောက်တည်းတောင် ... တော်တော်အရစ်ခံနေရတာ .ကလုန်းများလုပ်လိုက်လို့ ကတော့ .. ကေလာ တေဘီ ...

ဗီလိန် said...

တစ်ခုပဲကြောက်တယ်။ ရန်ပုံငွေ... တဲ့။
ရန်ပုံးငွေ ဖြစ်နေဦးမယ်။ ဟိုအကြောင်းပြလိုက် ဝိုက်လိုက် ဒီအကြောင်းပြလိုက် ဝိုက်လိုက် လုပ်နေတာ ဘယ်လောက်ကြာဘီလဲပြော။ :)

Anonymous said...

မမရေ

အပေါများဂေဟာကို ပထမဦးဆုံးအခေါက်လာလည်သွားပါတယ်။ ဖတ်ရင်းဖတ်ရင်းပေါချင်စိတ်တွေတစ်ဖွားဖွားပေါ်လာတယ်ဗျာ။

ပေါဖို့အတွက် ပါမစ်လိုမယ်ဆိုရင် ပါမစ်ချပေးနိုင်အောင် Comment ထဲမှာ ၀င်ပေါသွားတယ်နော်။