ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Friday, October 31, 2008

အပေါဂိုဏ်း သတင်းစဉ် အမှတ်-၁ (၃၁-၁၀-၀၈)

ဒန်တန်တန်....Ladies and Gentlemen. ယခုအချိန်မှ စတင်ပြီးသကာလ အများပေါသူအကျိုးအတွက် စေတနာဗလဗျစ်နဲ့ ဖွဲ့စည်းတည်ထောင်လိုက်သော ရူးပေါဂိုဏ်းကြီး...လာပါပြီ..။ ယခု အချိန်မှ စတင်ပြီး သတင်းများကို ကြေငြာပါတော့မည်...။

ရန်ကုန်မြို့ရှိ အထပ် ၁၁၀၀ ရှိ ကမ္ဘာ့ကမ္ဘာ ကုန်သွယ်ရေးအဆောက်အဦးကြီးတွင် ဗံဒါအခွံ ဝန်ကြီး ဗိုလ်မှုးကြီးဖြတ်စား ခေါင်းဆောင်သော ကမ္ဘာ့ခေါင်းဆောင်ကြီးများ ယနေ့ကမ္ဘာတွင် ဗံဒါအကြပ်အတည်းဆိုက်နေသည်ကို မည်သို့ဖြတ်စားလတ်စားလုပ်ရမည်ကို ဆွေးနွေးနေကြခိုက် အကြမ်းဖက်သမား အိုစမာဘင်လာဒင်နှင့်မည်သို့မှ မပတ်သက်သော်လည်း အိုစမာကိုအားကျကာ အိုစမာညီညီဟု မိမိကိုယ်ကိုယ်ခံယူထားသောသူခေါင်းဆောင်လျက် အကြမ်းဖက်သမားတစုမှ ဝန်ကြီးနှင့်အဖွဲ့အား ကော်စေ့သေနတ်များဖြင့် လာရောက်ပစ်ခတ်လုပ်ကြံရာ လုံခြုံရေးအဖွဲ့ဝင်များက ရေသေနတ်များ မီးသတ်ပိုက်များဖြင့် နှိမ်နင်းခဲ့ရသည်..။ သေဆုံးသူမရှိသော်လည်း အမေရိကန် သမ္မတ H.B Andy နှင့် ဝန်ကြီး ဗိုလ်မှူးကြီးဖြတ်စားမှာ နှာခေါင်းနှင့် ပါးစပ်အတွင်းသို့ ကော်စိများဝင်သွားသဖြင့် ယခုအခါ နေပြည်တော်သို့ ခေါ်ဆောင်ကာ အတွင်းလူနာအဖြစ်ကုသပေးနေရကြောင်း ၄င်းအမှူကို သက်ဆိုင်ရာမှ ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်...။
သတင်းထောက် Andy
အင်အာ အယ်လ် ခါလီ

6 comments:

ဗီလိန် said...

အတွင်းလူနာ မြန်မြန်သက်သာပါစေဗျာ။

Unknown said...

ပြန်ကြားရေးဝန်ကြီးနေရာရောမလွတ်ဘူးလားဟင်...
သတင်းတွေပြန်ကြားချင်လွန်းလို့..ဟီဟီ

tututha said...

ကော်စေ့သနပ်ရယ်လို့မကြားဖူးဘူးဟေ့ သရပ်သီးသနပ်ဆို စားလို့ကောင်းသေးတယ်။

ပုံချင်ပုံ မပုံချင်နေ
နာယက

ဖိုးဂျယ် said...

တို. ရူးပေါဂိုဏ်းထဲက ဘယ်သူမှ မပါရင် ပြီးတာပဲ။ တေချင်တဲ့တူတွေ တေပါလေ့စေပေါ့။

tututha said...

အမေရိကန်သမ္မတ သောပေါက်စ် အန်ဒီ မဟုတ်ဘူးလား

NangNyi said...

ဘယ်က အိုစမာညီညီလဲ ငါ့နာမည်ကို အလွဲသုံးစားလုပ်နေတယ်.. ဂါး