ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Friday, October 31, 2008

ရူးပေါဂိုဏ်း ဖွင့်ပွဲအခမ်းအနား

ခြံစည်းရိုးဘေးမှာ မူးနေတဲ့ အမှုရှောင်က သူကိုယ်တိုင်ကျတော့ ရှောင်ပြီး ငှက်ကထ၊နာယက၊သဘာငတိတို. ပိုစ့်တင်ပါဗျို.တဲ့။ ကိုယ်ထက်ကြီးတဲ့ ငှက်ကထက သတင်းရေးထားတော့ ကိုယ်လဲမအားတဲ့ကြားက ရေးရတော့တာပေါ့။ မအားဆို အမေရိကန်က စတော့ရှယ်ရာတွေ ကစားတော့ ကျတော့် ကုန်ပါပြီတွေလဲ ဒေဝါလီခံရတာပေါ့ တော်သေးတာပေါ့။ အကုန်မကုန်လို. ၄ ပုံ ပုံမှ ၁ ပုံပဲပါတယ်။ ဒါတောင်အခု စင်ကာပူက Starhub ကုန်ပါပြီတောင် နည်းနည်းထိချင်သေးတယ်။ တစ်ချို. သေးသေးလေးတွေတော့ ကုန်တာပေါ့။ ထားပါလေ ဒီပြဿနာတွေ ရှင်းနေရတော့ ကောင်းကောင်းမပေါနိုင်ဘူးလေ ကဲပါလေ စပေါတာပဲ ကောင်းပါတယ်။
ရူးပေါဂိုဏ်းဖွင့်ပွဲ အထိမ်းအမှတ်နေနဲ့ Marina Bay မှာ ကျင်းပရန် ကြိုတင်မှာတော့ ဒီနေ.က မရဘူးတဲ့ မရရင်မဖြစ်ဘူး ရှိတဲ့ ဘွတ်ကင်ကို လျော်ကြေးပေးမယ်ကွာဆိုတော့ စင်ကာပူဒေါ်လာ ၁၀၀၀၀၀၀ တဲ့ ဟားဟား ဒီလောက်တော့ ပါးပါးလေးပေါ့။ ရော့ အင့် ဆိုပြီးပေးလိုက်တာပေါ့ ဟုတ်တယ်လေ ဖွင့်ပွဲဆိုတာ အရေးကြီးတယ်လေ။ စားစရာကလဲ ကြိုက်ရာကြိုက်သလောက်စားပေါ့ Hotel တစ်ခုလုံးကို ၀ယ်ထားတာ ဒါတောင် အတွင်းရေးမှုး ၂ က ပါဆယ်ထုပ်မယ်ဆိုပြီး ကျွတ်ကျွတ်အိပ်နဲ. ထည့်လာသေးတယ်။ ကိုဗီလိန်ရယ်မလုပ်ပါနဲ.ဆိုတာ မရဘူး အကျင့်ပါနေပြီကွတဲ့။ ကဲပါလေ
အခန်းနားမှုးကို နာယကမတူးတူးသာနဲ. အမှုရှောင်နန်းညီက ဆောင်ရွက်တယ်။
အစီစဉ်ကြေငြာသူကိုတော့ မဒမ်လောင်းပဲ လုပ်ခိုင်းလိုက်တော့တယ်။ အခွင့်ရေးရတုန်းလေး ပွဲထုတ်ရတာ သူ.ကိုကြောက်နေရတယ်လေ သူက မထင်ရင် မထင်သလို လက်သီးနဲ. ထိုးမဲ့ပုံဆိုတော့ ဒါတောင် နာယကမတူးတူးသာနဲ. အမှုရှောင်နန်းညီက နပန်းလုံးမယ်လုပ်နေလို. မနည်းတားထားရတယ်။ လုပ်ချင်တဲ့သူတွေက တန်းစီနေတာ ဒါနဲ. မဖြစ်ပါဘူးလေဆိုပြီး နောက်ဆုံးတာ့ အွန်စောကိုပဲ လုပ်ခိုင်းလိုက်တော့တယ်။ရှေ.ဆုံးခုံတွင် သဘာငတိငှက်ကထဏာယကာ့ဂျီးစည်းလုံးရေးအမှုရှောင်အတွင်းရေးမှုး-၁အတွင်းရေးမှုး-၂အသင်းသားချုပ်ကြီးအကြံပေးအရာရှိ ကြီးများ ရုပ်တည်ကြီးနဲ. သူ.တို.မဟုတ်သလိုပဲ ထိုင်နေကြတယ်လေ။ နောက်မှာတော့ နေ.စားနဲ.ခေါ်ထားတဲ့ လူအုပ်က နည်းတာမဟုတ်ဘူး။ ကဲထားပါလေ

အစီစဉ် ၀ အရ အွန်စောမှ သဘာငတိငှက်ကထဏာယကာ့ဂျီးစည်းလုံးရေးအမှုရှောင်အတွင်းရေးမှုး-၁အတွင်းရေးမှုး-၂အသင်းသားချုပ်ကြီးအကြံပေးအရာရှိ ကြီးများကို ဘယ်သူဘာပြောပြော ခေါင်းငြိတ်ပေးရန် ကြိုတင်သတိပေး ပြောကြားခြင်း
အစီစဉ် ၁ အရ အခမ်းနားအောင့်မြင်စွာ ဖွင့်လင့်ကြောင်း ကြေငြာခြင်း
အစီစဉ် ၂ အရ ငှက်ကထ မှ အဖွင့်အမှာစကားပြောကြားပေးပါရန်
အစီစဉ် ၃ အရ သဘာငတိ မှ ပေါကြရတဲ့ အကြောင်းရင်း ပြောကြားပေးပါရန်
အစီစဉ် ၄ အရ နာယကမှ စိတ်လွတ်လက်လွတ်ပေါကြရန် သတိပေး စကားပြောကြားခြင်း
အစီစဉ် ၅ အရ စည်းလုံးရေးအမှုရှောင်မှ ဘယ်လို ပေါရမယ်ဆိုတာ ပြောကြားပေးပါရန်
အစီစဉ် ၆ အရ အတွင်းရေးမှုး-၁ မှ စိတ်ကူးနဲ.ပေါပုံပြောကြားပေးပါရန်
အစီစဉ် ၇ အရ အတွင်းရေးမှုး-၂ မှ ရေးသားထားသော အပေါဦးတည်ချက်တွေ ပြေကြားပေးပါရန်
အစီစဉ် ၈ အရ အသင်းသားချုပ်ကြီး မှ ပေါပေါလေးပြောကြားပေးပါရန်
အစီစဉ် ၉ အရ အကြံပေးအရာရှိ မှ ပေါချင်ရတဲ့အကြောင်းပြောကြားပေးပါရန်
အစီစဉ် ၁၀ အရ သုံးဆောင်ကြတဲ့ အစည်းဝေးမှာ လာရောက်အိပ်ငိုက်ကြတဲ့ ပြည်သူများမှ လက်ခုပ်တီးဆိုပါက တီးပေးရန်
အစီစဉ် ၁၁ အရ အောင်မြင်စွာ ပြီးဆုံးကြောင်းကြောင်ငြာခြင်း

အစီစဉ် ၀ အရ သတိပေးထားတာ မှတ်မိပါစေနော် (အွန်စောမှပြောကြားခြင်း)
အစီစဉ် ၁ အရ အခမ်းနားအောင့်မြင်စွာ ဖွင့်လင့်ကြောင်း ကြေငြာပါတယ်။ ကဲ လက်ခုပ်တီးကြဟု စည်းလုံးရေးအမှုရှောင်က ပြောကြားသဖြင့် ဖျောင်းဖျောင်း (ခုံရိုက်ချိုးသံတွေပါ)
အစီစဉ် ၂ အရ ငှက်ကထ မှ အဖွင့်အမှာစကားပြောကြားပေးပါရန် ဖိတ်ကြားပါတယ်။ ကဲ တီးကြဟေ့ ဖျောင်းဖျောင်း
ငှက်ကထက ကဲ သားသားပေါချင်တာပေါလို.ရပြီ Blog အသစ်ရပြီ ပျော်လိုက်တာ အဲ့တာ အားလုံးပေါလို.ပေါ့
အစီစဉ် ၃ အရ သဘာငတိ မှ ပေါကြရတဲ့ အကြောင်းရင်း ပြောကြားပေးပါရန်
အဟမ်း တကယ်ချောင်းဆိုးတာပါ အလကားရတဲ့ ဟာတွေမျိုဆို.ထားတာလေ ပေါရတဲ့ အကြောင်းရင်းကတော့ ပေါချင်လို.ပေါနော် ဘယ်လိုပြောရမလဲ အဲလို.ပေါ့နော် ဒါပါပဲ
အစီစဉ် ၄ အရ နာယကမှ စိတ်လွတ်လက်လွတ်ပေါကြရန် သတိပေး စကားပြောကြားခြင်း
ပေါလိုက်ကြဆို. သူငယ်ချင်း သွပ်သွပ် သွပ် ကဲ စိတ်လွတ်လက်လွတ်သာပေါကြပေတော့
အစီစဉ် ၅ အရ စည်းလုံးရေးအမှုရှောင်မှ ဘယ်လို ပေါရမယ်ဆိုတာ ပြောကြားပေးပါရန်
အင်း ပေါတယ်ဆိုတာ ပါရမီရှိရမယ် သုဝဏ္ဏရှိရမယ် မှားကုန်ပါပြီ ပေါချင်သလိုသာ ပေါကြပါကုန်
အစီစဉ် ၆ အရ အတွင်းရေးမှုး-၁ မှ စိတ်ကူးနဲ.ပေါပုံပြောကြားပေးပါရန်
အင်းပေါ့ကျတော်က အမြဲပဲ စိတ်ကူးနဲ.ပေါနေတာ တော်တော်ကြာနေပြီ ပေါချက်က ရင်နင့်စရာ အရူးပေါဂိုဏ်းကိုသွားခဲ့ ပေါခဲ့ ရူးခဲ့ အာဟာ အာဟာ (ကျော်ဟိန်းလေသံ)
အစီစဉ် ၇ အရ အတွင်းရေးမှုး-၂ မှ ရေးသားထားသော အပေါဦးတည်ချက်တွေ ပြေကြားပေးပါရန်
* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက်ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက် ဖက်နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။
အစီစဉ် ၈ အရ အသင်းသားချုပ်ကြီး မှ ပေါပေါလေးပြောကြားပေးပါရန်
လာထားပေါချင်နေတာကြာပြီ ဘယ်လိုပေါရမှန်းမသိလို. ကျွန်မက တစ်ခါတစ်လေ ကြောင်တောင်တောင်လေ..
အစီစဉ် ၉ အရ အကြံပေးအရာရှိ မှ ပေါချင်ရတဲ့အကြောင်းပြောကြားပေးပါရန်
ဟဟ ပေါချင်လွန်းလို. သဘာငတိကိုမေးပြီး ၀င်လာတာ လျှောက်လွှာမှာ ဘယ်လောက် ပေါထားလဲသာ ကြည့်ပေတော့
ကဲ လက်ခုပ်တီးကြပေတော့ (အစီစဉ် ၁၀ အရ) ပြီးရင် နေ.စားခ စင်ကာပူ၁၀၀၀ရမယ် ဟုတ်ပြီလား
အစီစဉ် ၁၁ အရ အောင်မြင်စွာ ပြီးဆုံးကြောင်းကြောင်ငြာခြင်း ဒီအစီအစဉ် အကောင်းဆုံးပဲဖြစ်ကြောင်း ပြောသံများကြားရသည်။ ဟေး ဟုအော်သံမှာတော်တော်ကျယ်သွားပြီး စင်ကာပူမြို.ကြီး တုန်လှုပ်သွားလောက်သည်။ တစ်ချို.တွေက ငါတော့ ပါမစ်ရပြီ၊ တစ်ချို.တွေက ငါတော့ GSM ရပြီဟု အော်ဟစ်သံမှာ ဆူညံနေသည်။ ဘာတွေပြောသွားတာလဲဆိုတာတော့ တစ်ယောက်တစ်လှည့် မေးနေသော်လည်း မသိကြချေ။

မှတ်ချက်- အားလုံးစိတ်မဆိုးကြဘူးလို့ယူဆပါတယ်။ မတော်တဆ စော်ကားသလိုဖြစ်ပါက တောင်းပန်ပါတယ်။ ပေါပေါလေးစဉ်းစားပြီးရေးလိုက်လို့ပါ။ ပေါ့ပေါ့ပါးပါးသာဖတ်ကြပါကုန်။

1 comment:

tututha said...

ပေါ့ပေါ့ပါးပါး ပေါတယ် .. ဟေ့ ပေါနေရင် သတိထားနော် ... ပေါကမ္ဘာလေးထဲမှာ ပေါနေမယ်