ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Saturday, March 28, 2009

.com ၀ယ်မယ်

ဒီနေ့ပဲ ကျွန်တော်တို့ .com တစ်ခု ၀ယ်ဖို့ ဆွေးနွေးဖြစ်ပါတယ်။ co.cc က Free မရတော့တာ ပြီးတော့ ကိုယ်ပိုင် websiteလေး ပိုင်ဆိုင်ချင်တာ နဲ့ တခြား အကြောင်း ကိစ္စတွေကြောင့် အခုလို .com ၀ယ်ဖို့ ဆွေးနွေးဖြစ်တာပါ။ ကျွန်တော်ကတော့ czygov.com or czgov.com ဆိုပြီး ရှာလိုက်တာ ရပါတယ် (အတည် မယူရသေးပါ။ ကိုယ်ကြိုက်တဲ့ နာမည်လေးရှိရင်လဲ တင်ပြနိုင်ပါတယ်)။ တိုတိုလေးနဲ့ မှတ်မိလွယ်မဲ့ name လေးပါ။ တစ်နှစ်ကို US $ 90 ကျော် ကုန်ကျမယ်လို့ သိရပါတယ်။ အဲ့ .com မှ တဆင့် တခြား အသင်းသားတွေကို ကိုယ်ပိုင် sub domain name တွေ ခွဲပေးဖို့ ရည်ရွယ်ပါတယ်။ ဥပမာ - www.jeljel.czygov.com or www.jeljel.czgov.com ဆိုပြီး sub domain name တွေ ခွဲပေးဖို့ စီစဉ်ထားပါတယ်။ သို့သော် FTP Access နဲ့ data base Access တော့ လောလောဆယ် ပါဝင်မှာ မဟုတ်ပါဘူး။ နောက်နှစ်တွေ အတွက် ထပ်ဝယ်ဖို့ကို ကြော်ငြာတွေ လက်ခံပြီး ၀င်ငွေရှာလို့ရတဲ့ ads google and http://www.bidvertiser.com တွေကို ကြော်ငြာပြီး ၀င်ငွေ ရှာမယ်လို့ စဉ်းစားထားပါတယ်။ ၀င်ငွေ ကောင်းရင်တော့ အသင်းသားတွေကို ကိုယ်ပိုင် domain name ၀ယ်ပေးဖို့ စဉ်းစားထားပါတယ်။ :) ဒါက အသင်းသားတွေ အားလုံးနဲ့အတူ ဂေဟာအကျိုးအတွက်ကို ပြောပြတာပါ။ အခုဆို ကျွန်တော်တို့ ငပေါဂေဟာလေးဟာ ၅ လ ပြည့်တော့ပါမယ်။ အားလုံး ဒီထက် အောင်မြင်အောင် ကူညီပေးပါဦးလို့ တောင်းဆိုလိုက်ပါတယ်။ တခြား ဆွေးနွေးချင်တာနဲ့ သိချင်တာလေးတွေ ရှိရင် မေးလ် ပို့ပြီး ဆွေးနွေးလို့ရပါတယ်။ ဒါမှ မဟုတ် ကျွန်တော်ကို တိုက်ရိုက် မေးလဲရပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

သဘာပတိ ဖိုးဂျယ်

14 comments:

ဗီလိန် said...

ထောက်ခံပါဒယ်။ တစ်ယောက် ၁၀ :P ပိုတာ မုန့်ချားမယ်။ :)

Anonymous said...

ဟီး..မိုက်တယ်...ရန်ပုံငွေ များ အထူးသတိနော်..
ပိုးစိုးပက်စက်ထောက်ခံပါသည်။
အဲ.လို ကိုဖြစ်နေရမှာလေ..
ဘယ်ရမလဲနော်..ဘယ်သူတွေ ဘာလုပ်လုပ်...အီစကိုတို.က ပါးပါးလေးပါနော်..
အမြန် အကောင်အထည်ပေါ်ပါစေ...
ကေလာမမ

Anonymous said...

ဂေဟာမှ လူကြီးမြင်းများနှင်.တကွ ဂေဟာကို သံယောဇဉ်ရှိကြသူများအားလုံးက ရင်ထဲမှာကိုယ်ပိုင်နာမည်လေးတွေရှိနေကြမှာပါ..
နာမည်လေးတွေရှိရင် အကြံပြုတင်ပြကြရင် ကောင်းမယ်နော်..
နောက်ဆုံး အကောင်းဆုံး နာမည်လေးတစ်ခုကို
ရွေးချယ်လို.ရတယ်လေ.
ဥမမာ...မမ က crazygayhar.com
လို...vote ပေးမယ်လေ..
အဲလိုဘဲ လူတိုင်းလူတိုင်းမှာ idea တွေ ရှိကြမယ်။
အားလုံး ဂေဟာအကျိုးအတွက် နာမည်လေးတွေ ၀ိုင်းစဉ်းစားကြရအောင်နော်..
နောက်ဆုံးရက်လည်း သတ်မှတ်ထားလိုက်ရင်
ပိုအဆင်ပြေမယ်လို.ထင်တယ်လေ..
အားလုံးကို လေးစားပါတယ်.
ကေလာမမ

တီချမ်း said...

how about foolcool.com,
i am not a member but just an idea
:D

ဟန်သစ်ငြိမ် said...

ကျွန်တော်ကတော့ အရင်အတိုင်း crazyvilla ပဲ ဖြစ်စေချင်တယ်ဗျာ။ ဒါပေမယ့် .com ကို ၀ယ်ထားတဲ့သူ ရှိတယ်။ .net ကတော့ ရှိပုံမရဘူး။

Anonymous said...

ကိုဟန်သစ်ငြိမ်ပြောသလိုပဲ crazyvilla.netဆို ပိုကောင်းမယ်ထင်တယ်....။ အဲဒါမှတ်ရအလွယ်ဆုံးပဲ...။ အတိုကောက်မှတ်ရင်က လာနေကျမဟုတ်ရင် မှားနိုင်တယ်လေ...

ဟီး.... ရုံးတစ်နှစ်လောက်မတက်ဘဲ စကားတစ်ခွန်းလောက်ဝင်ပြောတာ... အပိုဆုကြေးပေးသင့်တယ်နော်... :P :P

ကွန်ဘယ်လောက်ကောင်းလဲဆို အကောင့်ဝင်မရလို့ အမည်မသိနဲ့ပဲ မန့်ခဲ့ရတယ်ဗျို့...။

ဆက်တွယ်ရေးဝံဂျီးဘာတွေလုပ်နေလဲ မတိ..... :P

ပုံ

ပို့ဆောင်ရေးဝံဂျီး...

Anonymous said...

အိမ်သစ်၊ယာသစ်၊သန်.ရှင်းရေးပစ္စည်းသစ်၊စိတ်သစ်၊လူသစ်
နှင်..နှစ်သစ်မှာ များတို.ဂေဟာအသစ်လေးကို နွေးထွေးစွာ ကြိုဆိုနေပါကြောင်း..
အကောင်းဆုံး၊အလှပဆုံးနှင်. အခန်.ငြားဆုံး ဖြစ်မယ်လို.လည်း လုံးဝမျှော်လင်.နေပါကြောင်း..
ခဏ ခဏ comment ပေးနေတာ..ခဏ ခဏ
ရင်ထဲရောက်နေလို.ပေါ.လို..
ကေလာမမ

ဗီလိန် said...

www.crazyvilla.net က အကောင်းဆုံးဖြစ်ပါလိမ့်မယ်ဗျ။

ဗန်ပိုင်းယား said...

www.crazyvilla.net ပဲအဆင်ပြေဆုံး ထင်ပါတယ်...... ... ဒါမှမဟုတ်ရင် vote လုပ်မယ်..

ဖိုးဂျယ် said...

အားလူံးက www.crazyvilla.net ၀ယ်ဖို့ သဘောတူကြပါတယ်။
မြန်မြန်လေးသာ ၀ယ်တော့ ကိုကေလာရေ

Anonymous said...

အွန်း.
သူ.သာ အားကိုးနေလို.ကတော.
ဝယ်ဖြစ်အုံးတော.မှာဘဲ..
ဒီလောက် တိုင်ပတ်နေတာ.
ကေလာမမ

tututha said...

မမရေ နာယကဂျီးက အဲဒီ ခရေးဇီးဂေဟာ ဆိုတာကို အကြံပြုတယ် သို့သော် အဲသဟာကို အင်းဂလိပ်လို စာလုံးပေါင်းလိုက်ရင် “ခရေးဇီး ဂေးဟာ” ဆိုပြီးဖြစ်မယ်တဲ့ ဟီဟိ .. တွင်း ၂ လေ။ ဒင်းတို့က ဒါပဲစဉ်းစားနေတာ သိလား။ ဒါ့ကြောင့် နာယကဂျီးလည်း ငြိမ်နေလိုက်ရတယ်။ တူတို့ပြောတာ ဟုတ်လည်းဟုတ်နေသကိုး .. :P

Anonymous said...

အင်း.ဟုတ်တယ်နော်.
နောက်ပြီး သူတို.ကိုယ်စားပြုအသင်းကြီးဖြစ်သွားမှ
ဟုတ်ပေ.ဖြစ်နေမယ်..နာမည်ပေးတဲ.လူခေါင်းဘဲ ကျမှာ..
ဘာဘဲဖြစ်ဖြစ်..အားလုံးကောင်းအောင်လုပ်နေကြလို.
လုပ်နေတာတွေ အားလုံးကောင်းပါသည်။
စက်စက်ရက်ရက်.ပိုးစိုးပက်စက်.ပက်ပက်ဟက်ဟက်
ခေါက်ထံပါသည်။
ကေလာမမ

ဖိုးဂျယ် said...

ဟုတ်ပါ့ တော်ကြာ မယ်မယ်ဗီ၊ မယ်မယ်ဖြိုး၊
မယ်မယ်ကေ၊ မယ်မယ်ဂျယ် ဆိုပီး
နာမည်ကြီးနေဦးမယ်။ :)