ပညာရေးဝန်ဂျီး ဇင်ဇင်အတွက် နှစ်သစ်ကူးလက်ဆောင်
သို့
ပညာရေးဝန်ဂျီး
နာယကဂျီးအနေနှင့် နောင်လာ နောက်ပေါများ ကောင်းစားရန်အလို့ငှာ အချိန်နှင့် အမျှ ကြိုးစားလျှက်ရှိကြောင်း ပဏာမ ပြောကြားလိုပါသည်။ ယခု ပညာရေးဝန်ဂျီး ပြည်တော်ပြန် နေစဉ် လာမည့်နှစ် ဆယ်တန်း သင်ရိုး၌ ထည့်သွင်း သင်ကြားနိုင်ရန်အတွက် ကဗျာ တပုဒ် ကို အပူတပြင်း ရှာဖွေစဉ်းစား ရေးစပ်ပေး ပို့လိုက်ပါသည်။ ထိုသို့ ပေးပို့သည် ဆိုရာဝယ် နာယကဂျီးတဦးတည်း စဉ်းစားပါက တကိုယ်ကောင်းဆန်ရာ ကျမည် ဆိုးသော ကြောင့် ငှက်ကထကြီး ကိုပါ ခေါင်းစားလိုက်ပါသည်။ ငှက်ကထကြီးကလည်း ဝင်၍ ခေါင်းစား အကြံဥာဏ်ပေး ထားပါသည်။ ဤကဗျာတော်ဂျီးကို ပညာရေး ဝန်ကြီး အတွက် နှစ်သစ်ကူး လက်ဆောင် အဖြစ် ပေးပို့အပ်ပါသည်။ ဆယ်တန်းသင်ရိုးတွင် ထည့်သွင်း၍ သင်ကြားကာ နောင်ပေါ များကို ပညာပေးပါကုန်။
လေးဇားဇွာဖြင့်
နာယကဂျီး (ငှက်ကထ ကူညီသည်)
ချစ်တဲ့သူငယ်လေ
သူငယ်ချင်းကောင်း ယောင်းမတို့ရေ
သူများမောင်မှာ ဗျက်သံကြားလျှင်
ပိုကာလား ရှိုးလား မေးကြတယ်
နှမလေးမယ်တို့မောင်မှာ ဗျက်သံကြားလျှင်
အိမ်ဂရမ်ပိုက်လို့
ဇလုံစားဖက်ကို လိုက်လို့ရှာသည်
ရဲကလည်းဖမ်း
ဇယားလည်းခမ်းလို့
ဘယ်အသုဘ ကယ်ပါလိမ့်မလားတော်
ဗျက်မှာတမူ နှမလေး မယ့်ထက် အူသူ ရမလားတော်
ဗျက်မှာတမူ နှမလေး မယ့်ထက် ဘူသူရှိမလားတော်
ဗျက်မှာဆွေမျိုး ဂျိုကာမောင့်မှာရှိသလားတော်
ဗျက်မှာတမူ နှမလေးမယ့်ထက် အူသူမရှိဘူးဗျာ
ဗျက်မှာတမူ နှမလေး မယ့်ထက်ဘူသူကို မရဘူးဗျာ
ဗျက်မှာဆွေမျိုး ဂျိုကာမောင့်မှာ မရှိဘူးခင်ဗျာ
ရပ်ကွက်လူကြီး ဝဝဖီးက
ဝရမ်းစာနှင့် အပါချသည်
လိုက်ရတော့မယ်
လက်ထိပ်ငယ်နှင့်
စပိတ်မှာ ၁
ဒိုင်းမွန်းမှာ ၇
ဝင်းပလေးလည်းတိုက်
ဂျိုကာအပူးပါ
ဇလုံစားဖက်စုံ
ဗျက်သည်ပုံမှာ
မထတမ်း ဒေါင်းမိလို့
မောင်ကလေးမောင်သာလိုက်တဲ့
အုတ်ရိုးပတ်လည်နှင့်
အင်းစိန်ဆိုသည် ပြာတဲ့မြို့မှာ ပျို့လွမ်းဖွယ်လေး။ ။
ခက်ဆစ်အဓိပ္ပာယ်
ဗျက် = ဖဲ
ဇလုံစားဖက် = တဇလုံတည်းစားဖော်စားဖက် (ဖဲရိုက်ရာတွင် တဝိုင်း၌ ငါးယောက်ပါ ဝင်ရပြီး ထမင်း တဇလုံထဲ ရောနယ်ကာ ဝိုင်းတွင်လှည့်၍ စားသောက်ကြသည်)

-------------------------------------
ဗျက်မှာတမူ

9 comments:
အခုမှဘဲ အဖော်ကောင်းတွေ တွေ.တော.တယ်..
ရှိုး ဆော.မယ်လေနော်..
မမ က တော. ဂ(ရှစ်ပူး)လောက်နဲ.
တစ်ဝိုင်းလုံးကို ဟောက်စား ကောက်စား လုပ်လာတာ
ကြာပေါ.နော်...
လူကနေပေမယ်..ပညာက မနေဘူး
အချဉ်တော.ဟုတ်ဘူး
ချဉ် မချဉ် မြည်းမယ်ဆို
အမြန်ဆုံးနည်းနဲ. ပုဂံလုံးကြီးစီးလို.လာပါမည်ရှင်..
သတိ...pagan air ဟုတ်ဘူးနော်.
ကေလာမမ
ကဲကဲ စလိုက်ကြစို့ သူငယ်ချင်း။ ဝမ်းတူး...... သရီးဖိုး ရှိုး
ကဲကဲ.. ဆွဲချင်တဲ့ သူတွေ..ရှိုးချင်တဲ့သူတွေ ..လာထား.. လာထား..
မီးက မရှိုးတတ်တော့ အပေါက်ဝ ကပဲ ထိုင်အကောက်ကောက်တော့မယ်...
ဇလုံစားဖက် တဲ့ ကြံကြံ ဖန်ဖန် ရေးတက်တယ်။
တားက ဗျကိနဲ့ ရှိုးတက်ဝူးရော်
ဟို ဒိုးစက် ကပ်လေးနဲ့ ပဲ ရှိုးတက်တာ
ဒီက ဘော်ဘော်များ ..။
အိမ်မပြည့်ရင်လှမ်းအော်လိုက်...။
မှီရာအရပ်က
ဆုက္ကားဆီး ပြီးလာခဲ့မယ်..။
အင်းကေလာမမ ဗီခိန် ခေါင် ဂျယ် မောင်ငယ်
တ၀ိုင်းစာတော့ရပြီ
ကဲကဲ လာကြ တီချမ်း အသုဘ က စီတယ် ကြားတယ်
ဝိုင်းထောင်ကြမယ်
ပြီးရင် ကူငွေ ကို ဘူးဖေးအတွက်ထည့်ပြီးအတန်ပြန်တုတ်ကြတာပေါ့
ဂျိုကာ ပါအောင် သီဟသစ်ကိုဝင်ခေါ်မယ် လာလာ
မြန်မြန်လာကြ
အင်း အဖျက်သမားတွေ ပေါနေပါရောလား...
ဂျိုကာ ပါမှာတော. မပူပါနဲ..
ဂျိုကာ ၂ ကောင် မမ သိမ်းထားတယ်..
မဟုတ်ရင် ဒီကောင်၂ကောင် ဟိုရောက် ဒီရောက်နဲ.
လူတိုင်း တရှုံ.ရှုံ.နမ်းနေကြတာ
ဖဲခိုးတာလို. ပြောမလို.လား
ဒါလည်း ပညာဘဲလေ.
သိရင်လည်း မသိသလိုနေနော်
ဘီယာတိုက်မယ်
ကေလာမမ
ကောင်းလိုက်တဲ့ ကဗျာလေး နောင်လာနောက်သားတွေအတွက်ကတော့ အကျိုးဖြစ်ဦးမယ်
Post a Comment