သတင်းခေါင်းစဉ်
၁၂ ရက် လေးလ ၂၀၀၉ နှစ်
စင်ကာပူ စံတော်ချိန် နေ့လည် ၁ နာရီခန့်
စင်ကာပူနိုင်ငံတွင် ပထမဆုံး ကျင်းပသော မြန်မာနှစ်သစ်ကူးပွဲတော်ကို စင်ကာပူနိုင်ငံ pennisula ဌာနချုပ်မှ သဘာပတိ၊ တွင်း ၂၊ ပြန်ကြားရေး ၀န်ကြီး၊ တရားရေးရာ ၀န်ကြီးတို့ တက်ရောက်အားပေးခဲ့ပါတယ်။ စင်ကာပူဒေါ်လာ ၁ သိန်းခွဲ အသုံးပြုထားသော နှစ်သစ်ကူးပွဲတော်ကို MAI Airline နှင့် M1 Mobile Services တို့က အဓိက တာဝန်ယူ အကုန်ကျခံ ဆောင်ရွက်ထားတယ်လို့ ကြော်ငြာထားပါတယ်။ ( ချွင်းချက်=တကယ့် အဖြစ်မှန်ကတော့ ငပေါဂေဟာက အဓိက တာဝန်ယူထားတာပါ။ နာမည် ၀င် မယူချင်လို့ အမည်မခံထားတာပါ။)
ထိုပွဲတော်တွင်
ဗွက်ထနေသော ကွင်းပြင်ထဲတွင် သဘာပတိကိုယ်တိုင် ယဉ်ကျေးလိမ်မာစွာ မြန်မာဆန်ဆန် ကွေးနေအောင် ကပြ အသုံးတော်ခံခြင်း၊
မူးယစ်စေသော အရည်များ အများသူငှါ သောက်သုံးမှုမှ ကာကွယ်ရန် သဘာပတိ၊ တွင်း ၂၊ ပြန်ကြားရေး ၀န်ကြီးတို့မှ ကူသောက်သုံးပေးခြင်း၊
တွင်း ၂ နှင့် ပြန်ကြားရေး ၀န်ကြီးတွင် မဒမ်များပါလာ၍ လိမ်မာချင်ယောင်ဆောင်ခြင်း၊ (ဒါက ဖွတာ)
ပွဲတော်အတွင်း သဘာပတိသည် တွင်း ၂ နှင့် ပြန်ကြားရေး ၀န်ကြီး ဂါဝရပြု နှုတ်ဆက်တာကိုပင် ကောင်းစွာ မခံယူနိုင်ပဲ အလုပ်ရှုပ်နေခြင်း၊ (ကဲလို့ ကောင်းနေတော့ သူတို့ကို ဂရုစိုက်မအားဘူး။)
သဘာပတိသည် အလုပ်များ ရှုပ်နေသည့် ကြားထဲမှ ပွဲပြီးသည် အထိ ကွေးနေအောင် ကပြီး ဂုဏ်ပြု နှုတ်ဆက်သွားခြင်း၊ (ပွဲပြီးပါပြီဆိုမှ နေလို့ရပါဦးမလား)
သဘာပတိ၊ တွင်း ၂ နှင့် ပြန်ကြားရေးတို့၏ ဓာတ်ပုံများကို တင်ပြချင်သော်လည်း မြန်မာပြည်ရှိ မင်းသားများ၊ ကိုရီးယား မင်းသားများအား သနားသော အားဖြင့် ဖော်ပြခြင်း မပြုတော့ပေ။
မှတ်တမ်းတင်ထားသော ဗီဒီယိုများမှာ မော်ဒန် အရမ်းဆန်နေသဖြင့် ကြည့်ရှု့သူ အပေါင်း လည်ပင်း ညောင်းခံနိုင်ပါက ကြည့်နိုင်ပါတယ်။ အညောင်း မခံနိုင်ဘူးဆိုရင်တော့ Ctrl+Alt+Left Arrow Key နှိပ်ပြီးကြည့်ကြပါ။ ပြီးသွားရင် Ctrl+Alt+Up Arrow Key နဲ့ ပြန်တည့်နိုင်ပါတယ်။ :) (ဗီဗီပြောတာပါ)
ငပေါဂေဟာ၏ မြန်မာနှစ်သစ်ကူး ပွဲတော် သတင်း အကျဉ်း ဤတွင်ပြီး၏။
ရွှင်လန်း ချမ်းမြေ့ကြပါစေလို့ ဆုတောင်းရင်း ပျော်ရွှင်စရာ မြန်မာနှစ်သစ်ကူးလေး ဖြစ်ပါစေ ခင်ဗျာ
ငပေါဦးတည်ချက် ၄-ရပ်
* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။
Subscribe to:
Post Comments (Atom)
8 comments:
သြော်သြော်သြော်...။
တယ်တော်တဲ့ သဘာ ငတိပဲ...။
သဘာငတိ က တုန်း ကဘောင်းဘီနဲ့ရား
ပုဆိုးနဲ့ ရား...။ ပုဆိုးနဲ့ ဆိုရင်တော့..
အောင်မငီး ဆက်မတွေးရဲဘုး..။
မူးယစ်စေတဲ့ အရည်တွေ သောက်သုံးမှု ကာကွယ် မယ်ဆို ဏာ့လည်း လာခေါ်..။
ဏာ ပါကူညီမယ်..။ ဒါမျိုး ဆိုတာ လက်မရှောင် သ့င်ဘူး...။
:P
နှစ်သစ်မင်္ဂလာ ပါ..။
သွားပြီ လည်ပင်စောင်းသွားသည် ပြန်တည့်ပေးပါ။ အမြန်ဆုံး ဟွန်းးးးးးးးး
လေးစားလျက်
တောင်ပေါ်သား
ဒါများအလွယ်လေး Ctrl+Alt+Left Arrow Key နှိပ်ပြီးကြည့်ကြပါ။ ပြီးသွားရင် Ctrl+Alt+Up Arrow Key နဲ့ ပြန်တည့်နိုင်ပါတယ်။ :)
ဟဟဟ
ငဂျယ်ရာ လုပ်လိုက်ရင်သောက်ရမ်းကြီးပဲ...။
ဇါတ်တောင် လိမ်ချင်သွားတယ်..။
တော်သေးတယ်ဗီလိန်ကယ်. လို့ ..။
အွန်း...
အခြေအနေမကောင်းရင်
နတ်ကနား ဘက်များ လှည်.မလို.
မြို.လည်ခေါင် training ဆင်းနေတာလားလို.
ကေလာမမ
ha! it's not my madam :O
phwa tar ler!!
ဦးထုပ်နဲ့ကောင်ကဲတယ်
ဟီး ..
Post a Comment