ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Tuesday, April 21, 2009

ကြော်ငြာစာတမ်း

ပေါဂေဟာက လူစုံရုံးမတတ်ကြသေးဘူး . . သင်္ကြန်မှာ ကဲမိလို့ အသားမဲသွားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အိမ်မှာ နှပ်နေကြတာလေ
ပေါညီကတော့ သင်္ကြန်အတွင်း မကဲထားတော့ (လူလိမ်မာ လေးလေ) ရုံးလဲ ပြန်ဖွင့်ရော အလုပ်ထဲမှာ လာအိပ်ပါရော ( အိမ်မှာ အိပ်တာ အားမရလို့ )
ကူးသန်းရောင်းဝယ်ရေးတွေလဲ ပုံမှန်ပြန်ဖြစ်ဖို့ ကျိုးစားရဦးမယ်လေ (ကြက်ပေါင်ကျိုး) .. အိုဘားမားနဲ့ လဲသွားတွေ့ ရသေးတယ်။
ဆီကိစ္စတွေ ဆွေးနွေးစရာရှိလို့တဲ့ .. အစကတော့ မူနေသေးတာ နောက်တော့ တစ်ပိုင်း တိုက်မယ်ဆိုတာနဲ့ အားနာနာနဲ့ လိုက်သောက်ရင်း သွားဆွေးနွေးတာလေ ..
အဲဒါကို သဘာငတိ သိသွားတော့ သူ့ကိုမခေါ်လို့ ဖုန်းဆက်ပြီး ရန်ရှာသေးတာ နောက်တော့မှ ဆိုက်ကျဲရိုးးလက်မှတ်ပို့လိုက်မှ ရောက်တဲ့နေရာက ဆိုက်ကျဲရိုးနဲ့ အမြန်မီအောင်လာတာ
အဲဒါတောင် ကေလာမမက လမ်းကြုံခိုးစီးလာသေးတယ် .. ဟိုရောက်တော့ အိုဘားမားနဲ့ စည်းအဝေးလုပ်ပြီး ပေါဂေဟာ တိုးတက်ရေးအတွက်
အောက်ပါ ကြေငြာချက်များပေါညီမှ ကြေငြာလိုက်သည် . . . .

၁) ဂေဟာတွင် အလုပ်လုပ်ရင်း နေထိုင်နိုင်ရန် ဂေဟာအဆောက်အဦး ချဲ့ထွင်ရန် လိုအပ်သည် ။ ထို့အတွက် ဆောက်လုပ်ရေးဝန်ကြီးကို အုပ်တစ်ချပ် သဲတပွင့် ထောက်ပံ့လိုက်သည် ။

၂) သင်္ကြန်တွင်းကဲထားကြပြီး နေမကောင်းသေး သူများအတွက် ဆေးခန်းတစ်ခန်း လိုအပ်သည် ။ ငှက်ကထကြီး ကိုယ်တိုင်လာ တက်မည်ဖြစ်ပါသဖြင့် အဆင့်မြင့်မြင့် ဓနိ ဖြင့်ဆောက်ရန် ။

၃) သင်္ကြန်အတွင်းအသုံးပြုထားသော ရေများ ပြန်လည်သုံးပြုနိုင်ရန် စီစဉ်ရေး ။ မဏပ်များတွင် အသုံးပြုထားသော သစ်သားများကိုလည်း သစ်တောပြုန်းတီးမှု မဖြစ်စေရန် ပြန်လည်စိုက်ပျိုးရေး ။

၎) သင်္ကြန်တွင်း ပိတ်ပင်ထားသော အ၀တ်အစားများကို ၀တ်ဆင်သူများ အားရေးယူပေးရန် ။ ဥပမာ ။ ။ တကိုယ်လုံး လုံလုံခြုံခြုံဝတ်ဆင်ထားသူများ

ပေါညီမှ အထက်ပါ တို့ကို ကိုယ်တိုင်မှာစား လက်မှတ်ရေးထိုးလိုက်သည်။

လက်မှတ်

5 comments:

ဟန်သစ်ငြိမ် said...

တိုးချဲ့ဂေဟာတွင်...
၁) ဘီယာဘား ၁ ခု
၂) နိုက်ကလပ် ၁ ခု
၃) အနှိပ်ခန်း ၇ ခန်း
၎) ဘိလိယက်ခန်း ၂ ခန်း
၅) ဘိုးလင်းခန်းမ ၁ ခန်း
၆) Play Station ဂိမ်းကစားခန်း ၁ ခန်း
၇) အကြွေထည့် ဂိမ်းစက်များ ၃ ခန်း

စသည်တို့ကိုပါ ခေတ်မီဖွံ့ဖြိုးသော ငပေါဂေဟာသစ်ကြီးကို ရည်သန်၍ ထည့်သွင်းတည်ဆောက်သွားပါမည်။

သို့ဖြစ်ပါ၍ အုတ်တစ်ချပ်၊ သဲတစ်ပွင့်အပြင်... ရံဘုံးငွေများထဲမှ အမေရိကန် ဒေါ်လာ ဘီလျံ သန်းနှစ်ရာ ပါမစ်ချပေးပါရန် တောင်းဆိုအပ်ပါသည်။

လျှောက်လုပ်ရေးဝံဂျီး

Anonymous said...

အွန်း..အဲလိုတောင်းလို. ရတယ်လား?
အဲဒါဆို
မမ တို.လည်း တောင်းမှာပေါ.လို.


ဟန်သစ်ငြိမ်းတောင်းတာတွေ
လူဂျီးမြင်းများပေးမည်ဆိုလျှင်
ဝန်ထမ်းအသစ်တွေလိုတော.မယ်
မိုးဟေကို၊န၀ရတ်၊နန္ဒာလှိုင် တို.နှင်.
ပြေတီဥိး၊ကိုနေကိုတိုး၊
တို.ကိုခန်.မှဖြစ်မှာ
စီးပွားရေး ကျနေရတဲ.ထဲ
စဉ်းစားအုံး-ဟီး
ကေလာမမ

Anonymous said...

အွန်း..အဲလိုတောင်းလို. ရတယ်လား?
အဲဒါဆို
မမ တို.လည်း တောင်းမှာပေါ.လို.


ဟန်သစ်ငြိမ်းတောင်းတာတွေ
လူဂျီးမြင်းများပေးမည်ဆိုလျှင်
ဝန်ထမ်းအသစ်တွေလိုတော.မယ်
မိုးဟေကို၊န၀ရတ်၊နန္ဒာလှိုင် တို.နှင်.
ပြေတီဥိး၊ကိုနေကိုတိုး၊
တို.ကိုခန်.မှဖြစ်မှာ
စီးပွားရေး ကျနေရတဲ.ထဲ
စဉ်းစားအုံး-ဟီး
ကေလာမမ

aungnyinyi said...

တောင်းဆိုချက်များအား ငှက်ကထကြီး ၊ ၀ံကြီးချုပ်
သဘာငတိ တို့ကဖြည့်စည်းပေးရန် ထပ်ဆင့်တောင်းဆိုလိုက်သည်။

Myanmar Cities said...

ဒါဆိုရင်တော့မိန်းကလေးတွေဂေဟာကို လာတော့မှာမဟုတ်ဘူး သူတို့ဖို့လည်းတိုးချဲ့ဦးလေ