ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Sunday, November 29, 2009

ပေါပေါချောချော ဆေးရုံ

Plastic Surgery ပြုလုပ်ကာ အရေပြားပြုပြင်ခြင်း ကိစ္စတွေသည် တကမ္ဘာလုံးမှာတင် မက မြန်မာနိုင်ငံကိုပါ ကူးဆက်လာလေသည်။ ဒါကို ငပေါဂေဟာရဲ့ ခေတ်ရှေ့ပြေး သဘာပတိကလဲ စီးပွားရေး သမားပီပီ ကွက်ကျော်မြင်ပြီး ကောက်ခါ ငြင်ကာ plastic surgery ဆေးရုံ တစ်ရုံ ဖွင့်မည်ဖြစ်ကြောင်း ခိုင်လုံသော သတင်းရပ်ကွက်ရဲ့ ပြောရဲ ဆိုရဲ ရှိသူ ဖိုးဂျယ်မှ အတိပြုပြောကြား လိုက်ကြောင်း ငပေါဂေဟာ သတင်းထောက် ဂျယ်ဂျယ်မှ ငပေါဂျာနယ်သို့ ထုတ်ဖော် ပြောကြားလိုက်သည်။


ဆေးရုံ၏ အမည်မှာ ပေါပေါချောချော ဖြစ်ကြောင်း၊


ထိုနာမည် ပေးရသည့် အကြောင်းရင်းမှာ ဈေးပေါပေါဖြင့် ချောမောလှပစေရန်
ပြည်တွင်းဖြစ် ပစ္စည်းများကို အရည်သွေးမြှင့်ကာ သုံးစွဲမည်ဖြစ်ကြောင်း နှင့် ပြည်တွင်းက တက်ကျွမ်းသော ပန်းပု ပညာရှင်များကို ခန့်အပ်ထားကြောင်း၊ ပြည်တွင်းက နည်းပညာများကို စနစ်တကျ ဓာတ်ခွဲ စမ်းသပ်ကာ သုံးစွဲမည် ဖြစ်ကြောင်း၊ (အင်တာဗျူးခါနီး တခါလောက် ဓာတ်ခွဲခန်းကို သန့်ရှင်းရေး လုပ်လိုက်တယ်။ လာဗျူးတော့မှ အားနေတဲ့ သန့်ရှင်းရေး သမားကို ဖြစ်ဖြစ်၊ ဒရဝမ်ကို ဖြစ်ဖြစ် အဖြူရောင် ဂျူတီကုတ် ဝတ်ခိုင်းလိုက်တယ်။ ဘာခက်တာမှတ်လို့ )
ဥပမာ - အဆီတွေ လျှော့ကျစေရန် ဘစ်ကား တိုးစီးခိုင်းခြင်း၊ ဆီလျှော့စားရန်တော့ ပြောစရာ မလိုပေ။ (ဆီကို ဝယ်မှ မစားနိုင်ပဲ)


နှာခေါင်း ချွှန်စေရန် ရေဘော်ထိုးပေးခြင်း၊ ကော်ပတ်စားခြင်း၊


ကြီးချင်တာ ကြီးစေရန် ဓာတုဗေဒနည်းများဖြစ်သော ဆီလီကွန် ထည့်ခြင်း၊ ဆေးထိုးခြင်း ကိစ္စများသည် ဘေးထွက်ဆိုးကျိုးများစွာ ဖြစ်ပေါ်စေ၍ မြန်မာနည်း မြန့်မာဟန်ဖြစ်သော ရည်းစားများများ ထားခိုင်းခြင်း၊ ( မှတ်ချက်- မကြီးသင့်တာ ကြီးလာက တာဝန်မယူ။ )


ခန္ခာကိုယ် လှစေရန် ရွာတွေသို့ ပို့ဆောင်၍ ကောက်စိုက်၊ စပါးရိတ် ပြုလုပ်ခိုင်းခြင်း၊ ကိုယ်ခန္ဓာလဲ လှ ဝင်ငွေလဲရ၊


အသားဖြူစေရန် ထုံးသုတ်ပေးခြင်း၊ ရေနွေးပေါင်းအိုးဖြင့် ပြုတ်ခြင်း၊ ခရုသင်းစွဲစေရန် နည်းလမ်းကောင်းများ ပေးခြင်း၊


ချေးညှော်များ ကင်းစင်စေရန် သံ ဘရပ်စ်ဖြင့် တိုက်ပေးခြင်း၊ ရေကန်ထဲတွင် နာရီ ၁၀၀ လောက် စိမ်ပေးခြင်း၊


ချောစေရန် ငါးရှဥ့်မှ ထွက်သော အဆီ သုတ်လိမ်းပေးခြင်း၊


ထို့အပြင် ပန်းပုပညာရှင်ကြီးများ နှစ်ပေါင်းများစွာ ကိုင်ဆောင်လာသော ဆောက် အရွယ်စုံ၊ တူ စသည့် ပစ္စည်းများဖြင့်
ခုတ်ထစ် ပါးပါး လှီးပေးမည်ဖြစ်ကြောင်း


မှတ်ချက် - လူပြောင်းများပြီး ဈေးပေါသော မျက်နှာများမှာ လီရောင်ဂျေး၊ ထယ်ဆောက်၊ ဒါရိုက်တာရင်၊ အွန်စော၊ စသည့် ကိုရီးယား အနုညာရှင်များ
ငပေါဂေဟာတွင်း ၂၊ ငှက်ကထ၊ နာယကကြီး၊ စည်းရုံးရေး အမှုရှောင်၊ စသည့် ငပေါဂေဟာ၏ အရာရှိများစွာ

အထူးအစီစဉ်မှာ အရမ်းချောမော လှပသော လူတွေ များပြားလာသော အခါ လူအများကြားတွင် ထင်ပေါ်ချင်၍သော်လည်းကောင်း၊ နာမည်ကြီး ရုပ်ရှင် မင်းသား၊ အဆိုတော်၊ စာရေးဆရာ၊ ဒါရိုက်တာ ဖြစ်ချင်၍သော်လည်းကောင်း၊ ပိုက်ဆံရှိတိုင်း လုပ်ခွင့်မရပဲ ခက်ခဲသော မျက်နှာကျပုံရှိရာ ကံကောင်းသော လူအချို့သာ လုပ်ခွင့်ရှိသော မျက်နှာ အချို့မှာ ဗေလုဝ မျက်နှာနှင့် အရပ်အမောင်း၊ ကင်းကောင် မျက်နှာ၊ ရာဇာနေဝင်း မျက်နှာအချိုးအစားနှင့် အမူရာ၊ သဘာပတိ ဖိုးဂျယ် မျက်နှာ၊ မိန်းကလေးများအတွက်မှု ပွင့် ခန္ခာကိုယ် ရရှိစေရန် ပြုပြင်ပေးခြင်း၊ လူကောင်ကြီးသော သူများအား ကြီးပေါဖြစ်စေရန် သင်တန်းပေးခြင်း စသည့် ထိပ်တန်း ပြုပြင်ခြင်း အချို့လဲ ရှိ၏။ ပိုက်ဆံ မရှိသော်လည်း အထက်ပါ အချက်များဖြင့် သင့်တော်သော လူဖြစ်ပါက အထူးအခွင့်ရေး အနေဖြင့် ကျသင့်ငွေကို အရစ်ကျ စနစ်ဖြင့်သော်လည်းကောင်၊ အကြွေး စနစ်ဖြင့်သော်လည်းကောင်း ပြုပြင်ပေးမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုမျက်နှာ ပိုင်ရှင်များသည် အထူးအောင်မြင်ကြော်ကြားသည့် အပြင် ဝင်ငွေများစွာရရှိသောကြောင့် ဖြစ်သည်။ လတ်တလော ရုပ်ရှင်များစွာသည် ပေါပေါတောတော ဟာသကားများ ရိုက်လာခြင်း၊ ထိုဇာတ်ကားတွင် သရုပ်ဆောင်အများစုမှာ ရုပ်အလွန်ဆိုးခြင်း၊ အရမ်းဝသော သရုပ်ဆောင်များပါခြင်း၊ ကြီးပေါပေါင်း မြောက်မြားစွာ ပါဝင်ခြင်း စသည့် အချက်များကြောင့် အမြော်မြင်ကြီးစွာဖြင့် အရစ် စနစ်သော်လည်းကောင်း၊အကြွေး စနစ်သော်လည်းကောင်း ပြုလုပ်ပေးခြင်းဖြစ်၏။

ပုံ /
ဖိုးဂျယ်

3 comments:

aungnyinyi said...

ထောက်ခံပါတယ် . .ထောက်ခံပါတယ်
ပေါညီ

Andy said...

ပြောင်းတာပါ ဆားဗစ်ပေးသင့်တယ်

tututha said...

ငှက်ကပြောင်းချင်လို့လားမသိဘူး ပြောင်းပေးလိုက်ပါ