ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Friday, December 4, 2009

၂၀၁၃

၂၀၁၂ ခုနှစ်တွင် ကမ္ဘာကြီးပျက်စီးသော် ငပေါဂေဟာမှာလဲ မနေနိုင်မထိုင်နိုင်ဖြစ်ကာ မီးပုံးပျံကြီးများ တီထွင်ကာ ရှောင်ပြေး ကြရတော့သည် ။ ( ဒါတောင် အမှုရှောင်က မီးပုံးပျံပေါ်က ခုန်ချမယ်လုပ်နေလို့ လိုက်တားရသေးတာ ) မီးပုံးပျံပေါ်တွင် မည်သူမှ အမေ့မခံသော ၊ ဂေဟာ၏ အမှတ်အသားလဲဖြစ်သော Grand ပုလင်းများ နှင့်ဖဲထုပ်များ ပါလေသည် ။

----------------------------------------------------------------------------------------------------
ကဗာကြီးသည် အာရားပါရား ပျက်ပီးသော် ပေါဂေဟာမှာ မြေပြင်ပေါ်သို့ပြန်လည် ဆင်းသက်လာကြကာ ငပေါဂေဟာကြီးအား ပြန်လည် တည်ဆောက်နေကြသည် ။ ဂေဟာမှ ၀ံဂျီးများ နှင့် ငှက်ကထ ၊ ငတိ ၊ အမှုရှောင် ၊ နယက ၊ တွင်း (၁)(၂) စသည်ဖြင့် ဂေဟာအုပ်ချုပ်သူတို့ သည် လေအား၁ ဟုအမည်ရသော ဖိနပ် (အဲမှားလို့) မီးပုံးပျံကြီးမှ ဆင်းလာကြသည် ။ ရှောက်လုပ်ရေးဝံဂျီးမှာ ဆယ်ထပ်ရှိသော ဂေဟာအားပြန်တည် ဆောက်ရန် ငှက်ပျောရွက်များနှင့် အုန်းရွက်များ လိုက်လံ စုဆောင်းလျှက်ရှိသည် ။

ငှက်ကထမှာ သူ့ကိုလိုက်ကိုက်သောခြင်တစ်ကောင်အားပြန်ကိုက်ရန်အလစ်ချောင်းနေသည် ။

တွင်း ၂ မှာလည်း "ကဗာကြီးကငါတို့အပေါ်သေးထိုင်မပေါက်ခင် ငါတို့က ကဗာပေါ် သေးထိုင်ပေါက်ရမည်" ဟူသောရှေးသုံးစကားအားလည်းကောင်း "ငါ့ပန်းသီးကို အပေါင်ဆိုင်ပို့လိုက်လို့ အချဉ်ပေါက်သွားတယ်"ဟု လည်းကောင်းရွှတ်ဆို
လျှက်ရှိသည် ။

ငတိ ၊ အမှုရှောင် နှင့် ကူးသန်းဝံတို့၏ အိမ်မှာ ပျက်သွားပြီး ပြန်ပြင်နေကြရာ ငတိမှာ အိမ်ဟောင်းပေါ်မှာပဲ အသစ်ထပ်ဆောက်မလား ? နောက်ထပ် တစ်နေရာမှာပဲ အသစ်ဆောက်မလားဟု ပလတ်ဖောင်းပေါ် ထိုင်ကာစဉ်းစားနေသည် ။

နန်းညီမှာ အိမ်ဆောက်ပစ်စည်းများ ပျောက်ကုန်သောကြောင့် မြက်ခင်းပေါ်တွင်သာ ဇောက်ထိုးနေတော့မည့် သဘောရှိကြောင်း ဝေဖန်သံများ ကြားရသောကြောင့် အိမ်သစ်ဝယ်တော့မည် ဖြစ်ကြောင်းသတင်းလွှင့်ထားသည် ။

နာယက ကြီးမှာ ဓါတ်ခွဲခန်းတစ်ခုတွင် သချာင်္တွက်ရန် ပြင်ဆင်နေကြောင်း ၊ တွင်း၁ မှာလည်း ဂစ်တာကြိုးများနှင့် ကိုယ့်ကိုကိုယ်ချည်နေကြောင်း ၊

ပညာရေးဝံမှာ စာသင်စရာစာအုပ် မရှိသောကြောင့် အိမ်မက်ထဲမှာပင် စာသင်ကာ ကျောင်းကပြန်လာနေကြောင်း ၊

ထောက်ချုပ်ကြီးမှာလဲ သူ၏အိပ်ယာမှာ အိပ်နေရင်းနဲ့ပျောက်သွားသောကြောင့် ပြန်လိုက်ရှာနေကြောင်း ၊

အသင်းသူမှာ ၄င်း၏ အပေါင်ဆုံးမြေမှာ စွန့်ပစ်ပစ်စည်းများနှင့် ပြည့်နေသောကြောင့် စိတ်ညစ်နေကြကြောင်းသိရပါသည် ။

၎င်းအတင်းများကို ကြည့်ရှုခြင်းဖြင့် ၂၀၁၃ ခုနှစ်သည် ငပေါတို့အတွက် အထူးအရှုပ်လုပ်ကြသော နှစ်တစ်နှစ်ဖြစ်လာမည်ဟုခန့်မှန်း
ရကြောင်း ငကြင်းဂေါင်း ပါးအပ်လိုက်ပါသည်ခင်ဗျား ...........

ပေါညီမှ လက်မှတ်ရေးထိုး မှာစားသည် ။

{ နှစ်လုံးထပ် စကားလုံးများအား ငပေါပီပီ မရေးတတ်ပါသောကြောင့် လာပေါသူများ ကိုယ့်ဘာသာ ပြင်သင့်သည်များ ပြန်လည်ပြင်ဆင် ဖတ်ရှုပေးပါရန် ... }

မှတ်ချက် ။ ။ ၂၀၁၂ (ကမ္ဘာပျက် တဂ်ပို့စ်) ရေးသားထားသော ငပေါများအားလုံး မိမိရေးထားသည့် ၂၀၁၂ ပို့စ်၏ နောက်ဆက်တွဲ အဖြစ် ၂၀၁၃ အတွက် အတည်ပေါက် တဂ်ပို့စ် ရေးရန် တဂ်လိုက်သည်။ ဘလော့လောက သို့ လက်ဆင့်ကမ်းကြကုန်။
ပုံ။ အတွင်းရေးမှူး ၂ (ခေတ္တ လိန်လိန်) စင်္ကာပူ

7 comments:

ဗီလိန် said...

၂၀၁၂ မရေးထားလို့ ၂၀၁၃ ရေးစရာမလိုဘူး။ အဟိ။ :P ဗီလိန် မင်းပိုင်သကွာ။

အမှုရောင်နန်းညီ said...

ဒီမယ် ဒီမယ်.. ပြောလိုက်ပါဦးမယ်.. ၂၀၁၂ မှာ ကမ္ဘာပျက်မယ်လို့ ခံယူထားမှတော့.. ၂၀၁၃ ဆိုတာ မရှိရတော့ဘူး.. ၀၀၀၁ ခုနှစ်ကနေ ပြန်စမှာ.. ခု ၂၀၁၃ ကိုရေးခိုင်းတာဆိုတော့.. မရှိတဲ့အတွက် ရေးစရာမလိုတော့ဘူး.. ဒါဗြဲ..

sait phay yar said...

၂၀၁၂ မှာကဗာ (ကမ္ဘာ) ပျက်ပါပြီဆိုမှ
၂၀၁၃ မှာ ဂေဟာကလူတွေဘဲကျန်မှာဆိုတော့ ရေးတော့ဘူးလေ တူတူပြန်လာမှာဘဲ (ဖိနပ်ကြီးနဲ့)
အဲလေ လုံး ကြီးနဲ့လေ။။ဒါဆို ရေးစရာမလိုတော့ဘူး
အိုကေ...

မေဇင် said...

းဝ 2013 မှာ... အမှိုက် မကြုံးရရင် တော်ပါပြီ...။

ဖိုးဂျယ် said...

ဒါဆို တားလဲ ရေးစရာ မလိုဘူးပေါ့ ဟေးဟေး

ငှက်ကထ အန်ဒီ said...

ဒို့ဗုဒ္ဓဘာသာအယူအရတော့ ကမ္ဘာပျက်ရင် အကုန် မာလကဈာန်ကြွ ကြမှာဆိုတော့ ၂၀၁၃ လဲမရှိဘူး ၀၀၀၁ လဲမရှိဘူး။ ဒါ့ကြောင့်ရေးစရာမလိုတော့ဘူး။ ဟီဟိ

tututha said...

အောင်မယ် ရေးစရာလိုတယ်လေ ... နာယကဂျီးတို့က တသက်လုံးစာရေးပြီး ရေခပ်စားလာတာ၊ မရေးရင် ဘာနဲ့သွားစားမတုန်း ... မရေးရဘူးဆိုရင်တော့ ကျွေးထားကြပေတော့ .. ခုကစပြီး ဂေဟာသူ ဂေဟာသားအပေါင်းတို့အိမ်တွေမှာ တအိမ်တပတ်ကျ တက်စားမည်။

ပုံ နာယကဂျီး (ဆိုင်ဆိုင်မဆိုင်ဆိုင် ဟီဟိ)