ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Thursday, December 11, 2008

ညစာစားပွဲ

နာယကကြီးဆီက ဖုန်းဝင်လာတယ်။ ဖုန်းကို ထုံးစံအတိုင်း ပြောရေးဆိုခွင့်ရှိသူ ဘေထယ်ရောင်းက လက်ခံစကားပြောတယ်။ နာယကကြီးက ဒီနေ့ည ၈နာရီလောက် ညစာစားပွဲတစ်ခု စီစဉ်လိုက်ပါတဲ့ ဒါနဲ့ Orchard Roadရှိ နာမည်ကြီး Hotel တစ်ခုမှာ စီစဉ်ခိုင်းလိုက်တယ်။ ဘေကတော့ ထုံးစံအတိုင်း ဂိုဏ်းကြီးရဲ့ ဘဏ္ဏာထဲကပဲ ယူရမှာပေါ့။ နာယကကြီးက တွင်း ၂ ရယ်၊ အသင်းသားချုပ် ရယ်ကို ဖုန်းဆက်ပြီး ချိန်းထားလိုက်ပြီတဲ့ ဒါနဲ့ ညစာစားပွဲရှိတယ်ဆိုတော့ သဘာပတိမှာ ရှိတဲ့ အရေးကြီး ကိစ္စတွေဖြစ်သော ညနေဘက် ရုံးချုပ်၌ အိပ်ခြင်းအမှုကိစ္စကို ရှောင်ရှားပြီးသကာလ ရေချိုးသန့်စင်ပြီး နာမည်ကြီး Desinger သီးသန့် ချုပ်ပေးထားသော ပွဲတက်ဝတ်စုံကို အဆင်သင့်ပြင် ခိုင်းထားပြီး အိမ်လည်ခြင်း အမှုကိစ္စကို ပြုလုပ်နေလေသည်။ ညစာကလဲ Hotel ကျမှ အ၀တီးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။ ဒါနဲ့ Iphoneကို ဘေးနားထားလိုက်တယ် ဒီတခါတော့ နာယကဆက်ရင် သဘာပတိကိုယ်တိုင်ကိုင်မှ ကောင်းတော့မှာလေ ပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့ ကျတော်ပဲ ကိုင်နေရင် မလေးစားရာကျမယ်ဆိုတာ နားလည်တယ်လေ။ ဒါနဲ့ တရားရေးဝန်ကြီးကလဲ အိမ်မှာ ကြမ်းတိုက်၊ အ၀တ်လျှော်၊ ပန်းကန်ဆေးစရာတွေ ရှိသောကြောင့် နှင့် အိမ်သားတွေ စားထားသော အကျန်တွေ မသွန်ခင် အမှီပြန်ရမှာ ဖြစ်သောကြောင့် မလာနိုင်ကြောင်း၊ ဒါကြောင့် သူ့ကို နားလည် ခွင့်လွှတ်စေချင်ကြောင်း အစီရင်ခံလေသောကြောင့် သဘာပတိမှ သဘောထားကြီးစွာ နားလည် ခွင့်လွှတ်ပေးလိုက်သည်။ ဒါနဲ့ နာယကကြီးက ၈နာရီ ၀န်းကျင်လောက် ဖုန်းဆက်လာတယ် အသင်းသားချုပ်ကြီးက MRT Cadr ထဲကို Top-up မလုပ်တတ် Bank Cardကလဲ မရှိဘူး၊ ပိုက်ပိုက်ကလဲ မရှိ။ ရန်ကုန်မှလို ဒီရောက်မှရှင်းမယ် လုပ်လို့မရဘူးလေ။ သဘာပတိက ကားလွှတ်ပေးမယ်ဆိုတော့ သူနေတဲ့ နေရာကို မပြောတတ်။ သဘာပတိ အိမ်မှာက Ferrari/ Lamborghini / Audi ကြိုက်တဲ့ကား လွှတ်ပေးလို့ရတယ်။ ခက်တာက အသင်းသားချုပ်က ကိုယ်နေတဲ့နေရာ မသိတာပဲ။ အဲ့လောက်တောင် တုံးတဲ့ အသင်းသားချုပ်။ ငပေါဂိုဏ်းကြီးကို သဘာပတိက ထိမ်းထားရတာ ထားပါတော့လေ သိပ်အရေးမကြီးတဲ့ ပွဲပဲလေ အခုပွဲက နာယကနဲ့ တွေ့ဆုံရင်းနှီးယုံပဲလေ။ ဒါနဲ့ အ၀တ်စားလဲပြီး ဂိုဒေါင်ထဲက Ferrari အနီရောင်တစ်စီး ထုတ်ခိုင်းလိုက်တယ်။ ကားကတော့ သဘပတိက ကိုယ်တိုင်မောင်းရမှ ကျေနပ်တာဆိုတော့ သဘာပတိကိုယ်တိုင်ပဲ မောင်းသွားတယ်။ နာယကကို သွားကြိုမလို့လေ နာယကကြီးက သိပ်မသွားတတ်ဘူး။ ရောက်တာ မကြာသေးတော့ မသွားတတ်မလာတတ် ရုံးကို လာတာတောင် လမ်းပျောက်နေတတ်တယ်။ ဒါနဲ့ လမ်းတ၀က်ရောက်တော့ နာယကကြီးက သဘာပတိရဲ့ Iphoneကို ဖုန်းဆက်လာတယ်။ တွင်း ၂က အီးပေါက်ရင်း ပစ်လှဲရာကနေ ခေါင်းကိုက်၊ နှာစေး၊ လည်ချောင်းနာ၊ ကိုယ်နွေး၊ လေးဘက်နာ၊ ကျပ်မပြည့်စတဲ့ ရောဂါတွေကြောင့် ညစာစားပွဲကို မတက်ရောက်နိုင်ကြောင်း သတင်းပို့တဲ့ အကြောင်းပြောပြတယ်။ ထို့ကြောင့် ညစာစားပွဲကို ၀မ်းနည်းစွာနဲ့ ဖျက်သိမ်းဖို့ အမိန့်ပေးလာတယ်။ သဘာပတိကလဲ အစောတည်းက ထင်ထားကြောင်း ပြောပြတယ်။ ဒါကြောင့် ၀မ်းနည်းသော်လဲ ကြိုတင် တွေးဆထားသောကြောင့် သိပ်မခံစားရကြောင်း ကျတော်ကို ၀မ်းနည်းသံကြီးနဲ့ ပြောပြတယ်။ ဒါနဲ့ နီးစပ်ရာ Restaurant တခုကိုပဲ ၀င်ပြီး ညစာကို တစ်ယောက်တည်း အ၀ကြိတ်ပြီး ရှက်ရှက်နဲ့ အိမ်ပြန်လာတယ်။ အိမ်က လူတွေကို မတော်တဆ ညနက်ပါက စိတ်မပူဖို့နဲ့ ဖုန်းဆက်မယ်ဖြစ်ကြောင်း အစီရင်ခံ ပြောဆိုခဲ့သောကြောင့်ဖြစ်သည်။ တီ . . . တီ . . . . ဒါနဲ့ ရုတ်တရက် ဖုန်းသံကြောင့် လန့်နိုးလာတယ်။ ကျတော့်ရဲ့ ဖုန်းဆိုမှ ဘုရားဆူးဖုန်းလေ တခါတခါ အသံတောင် မကြားရတတ်ဘူး။ အော် ငါအိမ်မက် မက်နေတာပါလားပေါ့။ ဒါနဲ့ နည်းနည်းတော့ ၀မ်းသာသွားတယ် ဟုတ်တယ်လေ အိမ်မက်ထဲမှာ ကိုယ်လိုချင်တာတွေ တ၀ကြီးမက်လိုက်ရတာ လူဖြစ်ရကျိုး နပ်ပါဘိပေါ့။

3 comments:

Yaminnie’s Daydream said...

သဘာငတိတော့လေ... တွေ့မယ်...
သူများတွေကို ပိုးဂျိုးပက်ဂျက် ပြောထားလိုက်တာများ...
အိမ်မက်လို့ ထည့်ပြောလို့ တော်သေးတာပေါ့...
မဟုတ်ရင်တော့ ယမမင်းတို့အကြောင်းသိသွားမယ်...
သတင်းဖွပစ်လိုက်ရမလားဟင်... ဟင်းဟင်း ... :P

Andy said...

မကျေနပ်ဘူးတွ....
GRRRRRRRRRRr

ခေါင်ခေါင် said...

ဟင်.. စက်ရက်လိုက်တာ.. MRT card ကို Top up မလုပ်တတ်တာ.. Bank Card .. မရှိဒါတွေ အဲလိုဘဲ လူသိရှင်ကြား ပြောရလား သဘာငပိရဲ့.... ရုပ်တည်ကြီးနဲ့နေနေတာကို.. တုံးတာတွေတော့ လူသိကုန်ပါဘီ... မကျေနပ်ရင်လဲ ပြောလေ သဘာငပိ ရယ်...