ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Friday, October 8, 2010

ငပေါဂေဟာ ၂ နှစ်ပတ်လည် အခမ်းအနား


ပဏာမအစည်းအဝေး


နေရာ။ ။ ငပေါဂေဟာ
အချိန်။ ။ ညီအကို မသိတသိအချိန်
အကြောင်းအရာ။ ။ ငပေါများဂေဟာ ၂ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား
တက်ရောက်သူများ။ ။ ငပေါများ
အစည်းအဝေး မှတ်တမ်းယူသူ။ ပေါငြိမ်


ပျံဝံ။ ။ အားလုံးပဲ မင်္ဂလာပါခင်ညာ။ ကျွန်တော်တို့ရဲ့ ငပေါများ ဂေဟာဟာ ဆိုရင်ဖြင့် အခုဆိုရင် အသာဖယ်ထားလို့ မရတဲ့ နှစ်ခါလည်သားလေး ဘဝကို ရောက်ရှိလို့ လာတာ လူချီးမြင်းများ အားလုံး အသိပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ကျွန်တော်တို့ရဲ့ ငပေါများဂေဟာကြီးဟာ အခုဆိုရင် ပေါခြင်းတွေတိုးပွားလို့ ငပေါသတင်း ငပေါချင်းဆောင်လို့ သိပ်မကြာသေးခင်က အကယ်ဒမီဆုကြီးကိုတောင် ထိုက်ထိုက်တန်တန် ဆွတ်ခူးခဲ့တာ အားလုံးအသိပဲ ဖြစ်ပါတယ်။

တက်ရောက်လာသူများ။ ။ သိရင်လည်း ဘာလို့ ထပ်ပြောနေတာလဲ။ အချိန်ကုန်တယ်ကွာ။

နာယကဂျီး။ ။ အားလုံးတိတ်စမ်း... !!!!

ဝေ... ဝူ...

နာယကဂျီးအော်သံအဆုံးမှာပဲ ပေါင်ချိန်ကားထဲကလို “ဝေ... ဝူ...” အသံကြီးထွက်လာပြီး အားလုံးတိတ်သွားသည်။

ပျံဝံ။ ။ ဟုတ်ကဲ့ပါ အားလုံးသိကြသလိုပါပဲ။ ဒါကြောင့်ပဲ ခု ဆိုရင် ၂ နှစ်ပြည့်လာပြီ ဖြစ်တဲ့ ငပေါများ ဂေဟာအတွက် အခမ်းအနားတစ်ခု စည်ကားသိုက်မြိုက်စွာ ကျင်းပဖို့အတွက် အခုလို အစည်းအဝေးဖိတ်ခေါ်ရခြင်း ဖြစ်ပါတယ်။ ဖိတ်စာထဲမှာလည်း ပါတော့ အားလုံးလည်း သိပြီး ဖြစ်မှာပါ။ ဒါကြောင့် အခုလို အစည်းအဝေးကြီးမှာ...

တက်ရောက်လာသူများ။ ။ ဟာ... တယ်လေရှည်တဲ့ ပျံဝံပဲ... ပြောစရာမရှိလည်း ဆင်းကွာ၊

တက်ရောက်လာသူများ။ ။ အေး... ဟုတ်တယ်။ အက်ကြောင်းထပ် ဓာတ်ပြားဖွင့်မနေနဲ့၊ ဆင်းဆင်း...

ဆင်းကွ၊ ဆင်းကွ၊ ပျံဝံ ဆင်းကွ။။။

နာယကဂျီး။ ။ အားလုံးတိတ်စမ်း... !!!!

ဝေ... ဝူ...

နာယကဂျီး။ ။ ပျံဝံ... နင်ဆင်းခဲ့တော့။ အလုပ်မဖြစ်ဘူး။ ငါတက်ပြောမယ်။

ဒီလိုနဲ့ တိုက်ပုံကြီးတကားကားနဲ့ ပျံဝံလည်း ဟန်လုပ်ချိန်မရဘဲ ဆင်းလာရတော့တယ်။ နာယကဂျီးက စင်ပေါ်တက်ခါနီး သူ့ခေါင်းကို ဒေါက်ခဲနဲ လှမ်းခေါက်ပြီး တက်သွားသည်။

နာယကဂျီး။ ။ ငပေါများအားလုံး မင်္ဂလာပါ။

တက်ရောက်လာသူများ။ ။ မကလာပင်...

နာယကဂျီး။ ။ အခုလို အဝေးအစည်းမဟုတ်ဘဲ အစည်းအဝေးဖြစ်အောင် စုံညီစွာနဲ့ တက်ရောက်လာတဲ့ ငပေါများအားလုံးကို ကျေးဇူးအထူး တင်ပါတယ်။ ဒီနှစ် အခမ်းအနားကို ခမ်းနား၊ ဆန်းပြားသွားအောင်... ဝမ်းသွား... အဲ… သီးခံပါရှင်။ ခမ်းခမ်းနားနား ဖြစ်အောင် ပြဇာတ်ကရင် ကောင်းမယ်လို့ စဉ်းစားမိပါတယ်။ ဘယ်လိုများ သဘောရကြပါသလဲ။

တက်ရောက်လာသူများ။ ။ ကောင်းပါတယ်၊ ကောင်းပါတယ်။ ထောက်ခံပါတယ်၊ ခေါက်တံပါတယ်။။။

နာယကဂျီး။ ။ ခုလို အားလုံးသဘောတူတဲ့အတွက် ပြဇာတ်ကဖို့ စဉ်းစားကြပါမယ်။ ပြဇာတ်အတွက် ဇာတ်လမ်း၊ ဇာတ်အိမ်တွေကို အားလုံးက တာဝန်ယူပြီး ကိုယ်နိုင်ရာကဏ္ဍကနေ တာဝန်ယူကြပါလို့ ဆိုချင်ပါတယ်။

ပေါငြိမ်။ ။ ရေးတာက ဟုတ်ပါပြီ။ ဘယ်လို ကကြမှာလဲ ဇာတ်လမ်းက ဘာအကြောင်း ရေးရမှာလဲဗျ။

နာယကဂျီး။ ။ အကြောင်းအရာက ဒီလိုပါ။ ခုဆို ငပေါဂေဟာ ၂ နှစ်ပြည့်ပြီဆိုတော့ ငပေါဂေဟာရဲ့ သမိုင်းကို ပြဇာတ်ကရမှာပေါ့...။

ပေါငြိမ်။ ။ သမိုင်း... ဟုတ်လား၊ သမိုင်းဆိုရင် ပျင်းစရာကြီးပေါ့ ပြီးတော့ ဘယ်လိုမျိုး ဇာတ်အိမ်တွေ၊ ဖရိန်တွေချမှာလဲဗျ။ ခုခေတ်က အက်ရှင်တို့၊ ရိုမန်းတစ်တို့၊ ဒါမှမဟုတ် ဟော်ရာ ဆိုလည်း မဆိုးသေးပါဘူးဗျာ။

နာယကဂျီး။ ။ တယ်။ ငပေါဖြစ်ပြီး ဒုံးဝေးလိုက်တာ။ တို့ငပေါတွေကိုပဲ အချာပင် မှတ်နေလား ပေါငြိမ်။ ဘယ်လို လုပ် တက္ကသိုလ် ဝင်တန်းအောင်ခဲ့တာလဲကွယ်၊ သမိုင်းဆိုတာ မေ့ထားအပ်တဲ့ အရာဟုတ်ဘူးလေ။

ပေါငြိမ်။ ။ သိဘူးဗျာ။ ကျုပ်တို့က သင်ချင်လို့ သင်ခဲ့ရတာမဟုတ်ဘူး။ သိပ်လည်း စိတ်ပါတာ မဟုတ်ဘူး။

နာယကဂျီး။ ။ ကဲကဲ။။။ မသိတော့လည်း ပြောပြရမှာပေါ့... အားလုံးသေချာနားထောင်ကြ... ခုပြောသွားတဲ့ ဇာတ်လမ်း ဖရိန်ကို အခြေခံပြီး ကကြတာပေါ့ကွယ်။ အဲ တစ်ခုတော့ ပြောမယ်။ နာယကဂျီးရေးတဲ့ သမိုင်းလို့တော့ မမှတ်ပါနဲ့။ သမိုင်းလို့ပဲ မှတ်ပါ။

ပေါငြိမ်။ ။ ဟုတ်ပါပြီ။ သူလုပ်ချင်ရာ လုပ်ပြီးမှ ခေါင်းရှောင်ဦးမယ်ပေါ့...။

နာယကဂျီး။ ။ ကဲ... ကဲ၊ သေချာနားထောင်ကြ ကလေးတို့... အဲ... ငပေါတို့။ တို့ ငပေါတွေဟာ အချာပင်တွေ ဟုတ်ဘူးကွဲ့၊ မျိုးနဲ့ရိုးနဲ့၊ ငပေါဇာတိနဲ့ လာခဲ့တဲ့ သူတွေပေါ့။ တို့ငပေါ ဘိုးဘွားတွေဟာ ပေါချစ်စိတ်ဓာတ် ထက်သန်စွာနဲ့ ကိုယ်ပိုင် ငပေါမှု၊ ကိုယ်ပိုင်ငပေါရာတွေကို ထိန်းသိမ်းခဲ့ကြတယ်လေ။

ဒီလို ကိုယ့်ပေါကိုယ့်လမ်းနဲ့ အုပ်ချုပ်နေတဲ့တို့ ဂေဟာကို နယ်ချဲ့ လူတည်တွေက ကျူးကျော်ဝင်ရောက် လာခဲ့တယ်လေ။ သူ့ကျွန်ဘဝအောက်မှာ သူ့ဆန်စားလို့ သူ့စပါလုံးကောက်ပေးခဲ့ရတဲ့ ဘဝကို ဖြတ်သန်းခဲ့ရတယ်လေ။ ငပေါစာပေ၊ ပေါမှု၊ ပေါရာတွေကိုလည်း သင်ကြားခွင့် ကောင်းကောင်း မရခဲ့ကြဘူးပေါ့ကွယ်။

ဒီလို လူတည်တွေရဲ့ ကျွန်သဘောက် ဘဝအောက်မှ နေရတာကို နည်းနည်းမှ မနှစ်မြို့တဲ့ ပေါချစ်စိတ်ဓာတ် ပြင်းထန်တဲ့ တို့ ငပေါဘိုးဘွားတွေဟာ အဲဒီလူတည်တွေကို လက်နက်တွေ၊ လက်ဖြူတွေ ကိုင်ပြီး တော်လှန်ခဲ့ကြတယ်လေ။ ဒီလိုနဲ့ ပေါသွပ်ရေးကြီးကို ရရှိပြီး တို့ ငပေါဂေဟာကြီး ဆိုပြီး ဖြစ်တည်လာတာပေါ့။

သဘာငတိ။ ။ ဟုတ်ပါပြီလေ။ အဲဒီတော့ ကျွန်တော်တို့က ဘယ်လို ကရမှာလဲ။ အဲဒီလို ပေါတောတော သမိုင်းကြီးကို...

နာယကဂျီး။ ။ တယ်၊ တယ်ခက်တာပဲ။ ခုနက ပြောပြတာက အကြမ်းဖျင်းလေ၊ ခြုံပြီး ကြည့်မယ်ဆိုရင် ပြဇာတ်ကို ၃ ပိုင်းခွဲပြီး ကလို့ ရမယ်။

  • ကိုယ့်ပေါကိုယ့်လမ်းနဲ့ အုပ်ချုပ်ခဲ့တဲ့ ကာလရယ်
  • လူတည်တွေရဲ့ သူ့ကျွန်ဘဝအောက်မှာ နေရတဲ့ ဘဝရယ်
  • ပေါသွပ်ရေးကြီး ရရှိတဲ့ ကာလဆိုပြီး သုံးခုပေါ့။

အဲဒီ သုံးပိုင်းမှာမှ ခုနက ပေါငြိမ် ပြောသွားသလို... အက်ရှင်တွေ၊ ရိုမန်းတစ်တွေ၊ ဟော်ရာတွေ လုပ်ကြတာပေါ့လေ။။။

ပေါညီ။ ။ ဟော်ရာဆိုတော့ ဟိုဟာ၊ ဒီဟာ ဖြတ်တာတွေ ပါမှာပေါ့နော်၊ ညီက ကြောက်တတ်လို့ပါ။

ပေါဂျယ်။ ။ ဟ၊ ရိုက်မှတော့ သဏ္ဍာန်လုပ် သရုပ်တူရတော့မှာပေါ့။

ပေါညီ။ ။ ဘြား၊ ဘြား... ဒါဆိုရင် ပေါညီကို သရဲပေးလုပ်...

ပေါဂျယ်။ ။ အောင်မယ်၊ တော်တော် တရားတယ်၊ ရမလား၊ ဇာတ်လမ်းအရ ကျရာနေရာ နင်ကရမှာပေါ့။ ပြီးတော့... သရဲဖြစ်ချင်ရင် ကားတိုက်ခံရတဲ့ အခန်းတို့၊ ဆယ်ထပ်တိုက်ပေါ်က ခုန်ချတာတို့ နင်အရင် လုပ်ရမှာလေ... လုပ်မှာလား။

နာယကဂျီး။ ။ ကဲ၊ ကဲ။။။ တော်ကြပါလေ။။ ပေါငြိမ်မေးတဲ့ ဇာတ်လမ်း ဖရိန်ကို ရပြီလေ...။ ဒီတော့ ဘယ်သူတွေက မင်းသားလုပ်ကြမယ်။ ဘယ်သူတွေက မင်းသမီး လုပ်မယ်၊ ပြီးတော့ ကင်မရာမန်းတွေ၊ ဗီဒီယို မှတ်တမ်းတင်မယ့် သူတွေက ဘယ်သူတွေ လုပ်ကြမှာလဲ။ ဇာတ်ရံတွေ၊ ဇာတ်ပို့တွေ၊ ဇာတ်ခေါင်းတော့ ကွဲလို့ မဖြစ်ချေဘူး။ ဝိုင်းစဉ်းစားကြဦးလေ။။။

ဗီလိန်။ ။ ဟာ... ဒါကတော့ ဇာတ်လမ်းရေးပြီးမှပဲ ပုံပေါ်တော့မှာပေါ့ဗျ။

နာယကဂျီး။ ။ ဒါဆိုရင်လည်း လုပ်ကြ၊ ဇာတ်လမ်းကို အမြန်ရေးကြ၊ မနက်ဖြန်၊ သန်ဘက်ခါ အမြန်ဆုံး ဂေဟာမှာ လာတင်ကြ ဒါပဲ။ ရေဗူးပေါက်တာ မလိုချင်ဘူး။ အဲဒီဗူးထဲ အရက်ပါလာတာပဲ လိုချင်တယ်။ ဒါပဲ။

ဝေ... ဝူ...


ပြောပြီးတာနဲ့ နာယကဂျီးမှာ ချက်ချင်းပဲ အစည်းအဝေးခန်းမမှ ပြန်လည်ထွက်ခွာသွားလေသည်။ ထိုအချိန်မှာပဲ ပျံဝံက စင်ပေါ်သို့ ပြန်တက်လာလေသည်။

ပျံဝံ။ ။ အခုလို... နာယကဂျီးရဲ့ အကြံပြု ပြောကြားချက် အပြီးမှာ ကျွန်တော်က... အဲ...

နာယကဂျီး ထွက်သွားပြီ ဖြစ်သဖြင့် ကျန်ရှိနေသော ဝံကြီးများ အဖွဲ့သားများလည်း အလျှိုလျှိုဖြင့် ကြက်ပျောက်ငှက်ပျောက် လစ်ပြေးကုန်ကြရာ စင်ပေါ်တွင် ပျံဝံတစ်ဦးတည်းသား ငေါင်တောင်တောင် ကျန်ရှိတော့သဖြင့် ငပေါဂေဟာ ၂နှစ်ပတ်လည် ပဏာမအစည်းအဝေးကြီးကို လူမသိ၊ သူမသိ တိတ်ဆိတ်စွာ ပိတ်သိမ်း လိုက်ရပါတော့သည်။

လျှောက်လုပ်ရေးဝန်ကြီး
ပေါငြိမ်။

5 comments:

tututha said...

ပြဇာတ် နာမည်ကို နာယကဂျီး စဉ်းစားမိပြီ “မွန်းတည့်ချိန်မှာ ပေါသည့် ပြာ” လို့ ပေးလိုက်။ မီးမလာလို့ ထင်းမီးနဲ့ ထမင်းဟင်း တည်ရတော့ မွန်းတည့်ချိန်မှာ ပြာတွေ အရမ်း ပေါနေပြီ ဆိုတဲ့သဘော :|

မိုးယံ said...

သရဲမက တောင့်တောင့်ဖြောင့်ဖြောင်း လေးဆို အနော် တရဲ ရုပ်မယ် ဂျာ။ ကဲ နာကကဂျီး တဘော တူ ရား။

ဒို့ကတော ခပ်တည်တည် တရဲ မဟုတ်ဘူးနော်။ ပေါချစ်စိတ် အပြည့်ရှိတဲ့ တရဲ

Han Thit Nyeim said...

ပေါချစ်စိတ် အပြည့်နဲ့ လူတည်တွေကို လောက်လေးဂွနဲ့ သွားအပစ်မှာ ဟိုဘက်က ရော့ကက်လောင်ချာနဲ့ ပြန်ဆော်လိုက်တော့ မာလကီးယားသွားတာမျိုး လုပ်ရင် မကောင်းဘူးလား... :P

Anonymous said...

တရဲပဲ လုပ်ဂျင်သယ်

ပေါညီ

Anonymous said...

ပြောင်မြောက်ပါပေတယ်