ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Thursday, July 9, 2009

တညင်သွား တောလား

အားလုံးသိတော်မှုတဲ့ အတိုင်းပါပဲ ပြီးခဲ့တဲ့ ၄ရက်နေ့ မနက်ခင်းမှာ ရင်ညိုတစ်ယောက် BAK ရှေ့မှာ၈နာရီမထိုးခင်ကတည်းက ရောက်နေပါပြီ။ မျက်နှာမှာလည်း mask ကြီးတတ်လို့ပေါ့။ ခဏနေတော့ ပေါညီတစ်ယောက် ရှည်တောင်ရှည်တောင် နဲ့ရောက်လာပါတယ်။ ခေါင်ကတော့ ကားနှစ်စီးပိုက်ပြီး ရောက်လာပါတယ်။ မယ်နန်းညီကတော့ လိပ်နင်ဂျာလိုဒီဇိုင်း နဲ့ ယက်ကန်ယက်ကန်လေး ရောက်လာပါတယ်။ ကျွန်တော်နဲ့သူ ပေါင်းပြီး H.C တစ်လုံးကို မသိမသာ သွားခေါ်ခဲ့ပါတယ်။ တပြိုင်ထဲမှာပဲ အားကိုးရဆုံးသော ကိုမိုးသား ရောက်လာပါတယ်။ ဒီအင်အားစုကြီးဟာ ဆောက်လုပ်ရေး မှတ်တိုင်ကို ချီတက်လာခဲ့ပါတယ်။ အမောင်ဂျယ်ဂျဲ ဆိုသောအမျိုးကောင်း သမီးလေးကို ခေါ်ရန်အတွက်ပါ။
ကလစ် ကလစ် ကလစ် ကလစ် ကြားကာလများကို တင်ပြချင်ပါသော်လည်း အချိန်ကိုငဲ့ကွက်ပါသောကြောင့် ကောင်းနိုးရာရာ ဇာတ်ကွက်များကိုသာ အရှည်ချဲ့ ဖော်ပြသွားပါတော့မည်၊

ပီကေတစ်ခုစာခန့် ကြာလတ်သော်
ဟတ်ခဲ့ ကျွန်တော်ရင်ညိုပါ ခုတညင် ပဲခူးစုမှ တင်ပြနေပါတယ်။ ဒါက မမိုးပါ။ မိန်းစပွန်ဆာပါ။ ဟတ်ကဲ့ အန်ဒီ ရောက်လာပါပြီ။ ကျွန်တော်တို့ မတူးရဲ့အိမ်ကိုရွှေ့ ကြပါပြီ။ မတူး၏အိမ်တွင် ဟယ်လို သုံးဆယ့်ငါးခါ ခန့်ကြာ ပီးနောက်
ဟတ်ကဲ့ မမိုးအိမ်မှ တင်ဆက်နေပါတယ် ခေါင်ပန်းဂေါ်ဖီကို ဘဝဖျက်နေပါတယ်။ ပန်းကန်ဆေးနေတာက ပေါညီပါ။ ခေါင်ရဲ့ဘော်ဒါ ပေါက်စလေးက ဘဲဥအစ ရှာနေပါတယ်။ နန်းညီ၊ အန်ဒီ နဲ့မိုးသားက ရွှေဝါရောင် စစ်ဆင်ရေးလုပ်နေပါတယ်။ တစ်မျိုးမထင်ပါနဲ့။
ဘီယာ သောက်နေကြတာပါ။ ကျွန်တော်ကတော့ အီးယောင်ဝါးလုပ်နေပါတယ်။
စားစရာ၊ သောက်စရာ၊ မှောက်စရာများ ready ဖြစ်လတ်သော်
ခေါင် _ ပန်းကန်လေးလှမ်းပါဦး
နန်းညီ _ အားရေရေပေးပါ
အန်ဒီ _ ချညီလေးချ
ပေါညီ _ ကျွန်တော့ကို ထည့်ပေးပါဦး
ရင်ညို _ ရော့ရော့ရေ
မောင်မိုးသား _ မမိုးရေ တစ်ခါတည်း ဝင်စားလိုက်ပါလား
မမိုး _ တော်ပါပြီ
ခေါင် _ လာပါတစ်ခါတည်းဝင်စားလိုက်ပါ
မောင်မိုးသား _ အမလည်းသောက်တယ်မဟုတ်လား
မမိုး _ အင်း အရင်ကပါ။ ခုတော့ မသောက်တော့ဘူး
ညီညီ _ နည်းနည်း လောက်ထည့်ပေးပါ
မောင်မိုးသား _ လာလာ cheer
ခွက်များကိုတပြိုင်ထဲ မော့သောက်ကြ

ထိုသို့ ဖြင့် H.C တလုံးခန့် ကုန်လတ်သော်
ပြန်ဦးမယ်နော်အစ်မ
မောင်မိုးသား _ နောက်လည်း အားရင်လာခဲ့မယ်နော်
မမိုး _ အေးအေး လာခဲ့ကြ
ခေါင် _ ခုလိုကျွေးမွေးတာ ကျေးဇူးတင်ပါတယ်
ပေါညီ _ ပြန်ပါဦးမယ်
ရင်ညို _ အမပြန်ပြီနော်
အန်ဒီ _ ဟေ ဟေ့ ကျွန်တော်ကတော့ မူးနေပြီ
ဒီလိုနဲ့ ကျွန်တော်တို့ ပြန်ခဲ့ကြပါတယ်
အသွားလမ်း၊အသောက်လမ်း ဖြောင့်ဖြူးသာယာ ခဲ့ပါတယ်။ အပြန်ခရီးတွင်မူ
အပိုင်း(၂) မျှော်......

4 comments:

NangNyi said...

အခွက်သိပ်မရှဲနဲ့လေဂျာ

Anonymous said...

သတင်းများ မပြည်.မစုံ ထုတ်ပြန်လျှင်
သတင်းများ မပြည်.မစုံ တင်ပြမှုနှင်.
ကော်ပလိန်းပြန်လုပ်ရန်အဆင်သင်.ဖြစ်နေကြောင်း
သတင်းဓါတ်ပုံများနှင်..မြိုင်ဆိုင်ဝေဆာ သတင်းကို
စောင်.မျှော်နေကြောင်း
ကေလာမမ

sait phay yar said...

မူးပွဲလေးပေါ့
နောက်နာမည်ပြောင်းမလားလို့
ငမူးများဂေဟာ.. အမူးသမားတွေဘဲလာစုနေလို့

ဗန်ပိုင်းယား said...

တန်းလန်းကြီး ..