သူကိုယ်တိုင်ကပင်..
"ဟေ့... ငပေါဟာ.. ငပေါပဲ။ ငပေါဟာ ငပေါဂေဟာ မှာပဲ နေရမယ် ၊ ငပေါဂေဟာမှာပဲ သေရမယ် ။ အကြောင့်အမျိုးမျိုးကြောင့် (အခြား ဟ၀ှာ) ဂေဟာကိုရောက်နေပေမယ့် တနေ့မှာ ငပေါဂေဟာကို ပြန်ရမယ် ။ ပုံ/ ဦးချမ်းရဲ" ဟုဟစ်ကြွေးခဲ့ဖူး ၏။
ထို့ပြင် အောက်ပါအချက်အလက်များမှာ ဂေဟာအကျိုးအတွက် ပြန်/၀န် လုပ်ဆောင်ခဲ့သော လုပ်ငန်းအကျဉ်းချုပ်ဖြစ်သည်။
- ၂၀၀၉ ခု မေလ ၂ ရက်နေ့တွင် အားကစားဝန်ကြီးနှင့် ဆွေးနွေးတိုင်ပင်ပြီး ဖဲရိုက်ကစားနည်းကို အားကစားတစ်ရပ်အနေဖြင့် သတ်မှတ်ပြဌန်းခဲ့။ ဂေဟာအတွင်း အလောင်းကစားသင်းဥက္ကဌချုပ်အနေဖြင့် ၂ရက်တိတိ(မမွဲမချင်း) တာဝန်ယူဆောင်ရွက်ပြီး ဖဲကြည့်ပုံအခြေခံဥပဒေသစ်ရေးဆွဲ။
- ကမ္ဘာတ၀ှမ်းဖြစ်ပွားခဲ့သော ၀က်တုပ်ကွေးကူးစက်ရောဂါကြီး ဂေဟာအတွင်းကူးစက်ခြင်းမှ တားဆီးကာကွယ်ရေးအတွက် သာမန်နှာခေါင်းစည်းများထက် အဆင့်မြင့်သော ဘုရားပွဲဈေးမှ မျက်နှာဖုန်းများ (စွန်းဝူခုန်းရုပ်၊ စပိုက်ဒါမန်းရုပ်၊ ကျန်ကျောင်းရုပ်များ ) ကို ဂေဟာသူ ဂေဟာသားများထံ ဖြန့်ဖြူးပေးဝေ ။
ထို့ပြင် (အောက်ပုံတွင်ပြထားသည့်အတိုင်း) အလွယ်တကူ တိုင်းတာသိရှိနိုင်သော ခေတ်မီ ဒစ်ဂျစ်တယ်သာမိုမီတာများကိုအသုံးပြုပြီး ၀န်ထမ်းများ ကျန်းမာရေးကိုစစ်ဆေးခဲ့ ။

စာကြွင်း။ ။ ထိုကဲ့သို့ အဖျားအပူချိန်စမ်းသပ်ရာတွင် ကိုင်နေကျ ပစ်စတိုသေနတ်ကို ဒစ်ဂျစ်တယ်သာမိုမီတာနှင့် မှားယွင်းတိုင်းတာ ခလုတ်နှိပ်မိခြင်းကြောင့် ၀န်ထမ်းတဦး နှဖူးကျည်ဆံမှန်ပြီး ပွဲချင်းပြီးသေဆုံး)
- ထို့ပြင် စီးပွားပျက်ကပ်ကြီးကြောင့် ဂေဟာသူ/သားများ အလုပ်လက်မဲ့မဖြစ်စေရန် အဖွဲ့ဝင်တိုင်းကို တံမြက်စည်းတစ်ချောင်းစီးပေးဝေကာ ကေလာမမအားဦးစီးစေ၍ ဂေဟာသန့်ရှင်းရေးကိုအဆက်မပြတ် ခိုင်းစေခဲ့။
- ထို့ပြင် ဂေဟာသူလေးများအား ကိုယ်လုံးအချိုးအစား ပြေပြစ်လှပလာစေရန် စေတဏှာဖြင့် ဖစ်နက်ဆင်တာတခု ဂေဟာတွင်းဖွင့်လိုကြောင်း တွင်း(၂)ကအကြံပေးရာ အကောင်ထည်ပေါ်အောင် ဆောင်ရွက်ပေးခဲ့
BEFORE ....... AF


ထိုကဲ့သို့ ဂေဟာအကျိုးအတွက် အားလပ်သည်မရှိအောင် လုံ့လ၀ီရိယအပြည့်ဖြင့် ကြိုးစားဆောင်ရွက်ခဲ့ပါလျှက် အလုပ်မလုပ်ဟု အများအထင်လွဲခံနေရခြင်းမှာ ကျွန်တော် ပြန်/၀န်ကိုယ်တိုင်အနေဖြင့် မခံချိမခံသာ ဖြစ်မိရပါကြောင်း....။
ချမ်းရဲ
ပြန်ကြားရေးဝန်ကြီး (ခေတ္တဂေဟာ)
5 comments:
နောက်ဆုံး အဆိုပြုထားသော "ဖစ်တနပ်" စင်တာဖွင့်ရန်ကို ငှက်ကထကိုယ်တိုင် တခဲနက်ထောက်ခံကြောင်း၊ လိုအပ်သော အကူအညီများလဲ ပေးမည်ဖြစ်ကြောင်း။
ဖဲကြည့်ပုံအခြေခံဥပဒေမူကြမ်း အမြန်ပြပါဗျို့ .. ဖဲခိုးနည်းကော ပါသေးလား
ဖဲခိုးနည်းပါတယ်ဆိုတော့ ဂွင်ကောင်းဘဲ ငှဲငှဲ မမ နဲ့ ပေါညီ ညစ်လို့ရတော့ဘူးနော်....
“ဖစ်တနစ်“ စင်တာလေးတော့ အတက်ချင်သား ဘီဖိုး နဲ့ အာဖတာ ကိုသဘောကျလို့ အဟီး.............
Post a Comment