ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Thursday, July 16, 2009

ကမ္ဘာလူတုပ်ကွေးရောဂါကာကွယ်ကုသရေး သတိပေးနှိုးဆော်ချက်

ငပေါများဂေဟာ… ကျန်းမာရေးဝန်ကြီးဋ္ဌာန… ငပေါများရောဂါကာကွယ်ရေးဆပ်ကော်မတီ

ယခုအခါ ကမ္ဘာပေါ်တွင် ကမ္ဘာလူတုပ်ကွေးရောဂါကြီးမှာ လွန်စွာမှ ပျံ့နှံ့များပြား ရေပန်းစားလျက် ရှိနေသည်။ မိမိတို့ ငပေါနိုင်ငံကြီးသည်လည်း လွန်စွာမှ တိုးတက် ဖွံ့ဖြိုးစည်ကား များပြား လွန်းအားကြီးသော နိုင်ငံကြီးဖြစ်သည့် အားလျော်စွာ ဟိုတိုင်းပြည်၊ ဒီတိုင်းပြည်စသော တုပ်ကွေးပျံ့နှံ့ကူးစက်ရာနေရာများမှ တစ်ရာ့တစ်ပါး လူမျိုးများစွာ ဝင်လာမစွတ် တသွတ်သွတ် နေကြသောကြောင့် ကူးစက်ခံရချေ ရာနှုန်းများစွာရှိချေ၏။ ထို့ကြောင့် ငပေါများ ရောဂါကာကွယ်ရေး ဆပ်ကော်မတီအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများဖြစ်သော လူဝံမှုကျီးကျက်ရေး၊ နိုင်ဂျံငါးရေး စသောဌာနများနှင့် ပူးပေါင်းကာ အချိန်နှင့်တပြေးညီ ကာကွယ်တားဆီးရေး လုပ်ငန်းများ၊ ကုသရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ပထမဆုံးအနေဖြင့် ငပေါနိုင်ငံအတွင်းသို့ ဝင်ရောက်လာသူများကို (မလာပါနှင့်ဟုလည်း တား၍မရသဖြင့်)
စောင့်ကြပ် ကြည့်ရှုရန်အတွက် ရှိရှိသမျှ ဝင်ပေါက်ထွက်ပေါက် အားလုံးတွင် “ပါဝါရိမ်းဂျားများ” “ပေါအားရှင်” အဖွဲ့များကို ထားရှိပေးထားပါသည်။ အဆိုပါအဖွဲ့ဝင်များမှာ အထူးလေ့ကျင့် သင်ကြားထားပြီးသော ပါဝါအားကြီးသူများ ဖြစ်ကြသဖြင့် မြန်မာ့ယဉ်ကျေးမှုနှင့် မညီညွတ်သော အနောက်တိုင်း လွှမ်းမိုးသည့် ကိရိယာ တန်ဆာပလာများ အကူအညီ လုံးဝမလိုအပ်ပဲ လူတစ်ယောက်ကို ကြည့်လိုက်ရုံဖြင့် တုပ်ကွေးရှိမရှိ သိရှိနိုင်သော စွမ်းအားမြင့် လူသားများ ဖြစ်ကြပါသည်။ ဘန်ကီမွန်းပင်လျှင် ထိုသူများ၏ စွမ်းအင်ကို မျက်ဝါးထင်ထင် တွေ့မြင်အံ့သြ ရင်သပ်ရှုမော သွားရသည်ဖြစ်ရာ WHO တွင်သုံးရန် အယောက် ၇၅၀၀ အော်ဒါမှာသွားသဖြင့် ရှေ့အပတ်ထဲတွင် တင်ပို့ပေးရမည် ဖြစ်ပါသည်။ ပေါသူလူထုအနေဖြင့်လည်း ရောဂါကာကွယ်ရေးအတွက် အောက်ပါနည်းလမ်းများကို စနစ်တကျ လုပ်ဆောင်သင့်ပါသည်။

၁။ အဆိုပါ A/H1N1 ရောဂါပိုးသည် အသက်ရှုလမ်းကြောင်း မှတဆင့် အဓိက ကူးစက်ခြင်း ဖြစ်သည့်အားလျော်စွာ လွန်စွာမှကူးစက်မှုနှုန်း မြန်ဆန်လှပေသည်။ သို့ရာတွင် ငပေါကျန်းမာရေးဋ္ဌာနမှ နောက်ဆုံးဖော်ထုတ်ချက်အရ အသက်မရှုပဲနေလျှင် အဆိုပါရောဂါကို ရာနှုန်းပြည့် ကာကွယ်နိုင်ကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် လူထုအနေဖြင့် အသက်ရှုခြင်းကို သတိထား ရှောင်ကြဉ်ကြရန်။ မလိုအပ်ပဲ အသက်မရှုကြရန်။ သို့ရာတွင် ကျန်းမာရေးဌာန၏ နောက်ဆုံးတွေ့ရှိချက်အရ နှာခေါင်းတစ်ဖက်ကို ပိတ်၍ရှုပါက
ရောဂါဖြစ်ပွားနိုင်ချေ ၅၀% အထိကျဆင်းသွားကြောင်း လေ့လာတွေ့ရှိရပါသည်။ ထို့အတွက် လိုအပ်ပါက နှာခေါင်းတစ်ဖက်ပိတ်၍ ကျန်တစ်ဖက်ဖြင့်သာ အသက်ရှုကြရန်။

၂။ အဆိုပါ A/H1N1 ရောဂါပိုးသည် ကိုယ်ခံအားနည်းသူများကို အဓိက ကူးစက်တတ်သောကြောင့် ကိုယ်ခံအား များစေရန်အတွက် အားဆေးများများ ထိုးသင့်ပါသည်။ အားဆေးမတတ်နိုင်ပါက နေပူထဲပြေးခြင်း၊ ရေကူးခြင်း၊ မိုးရွာထဲ ဘတ်စ်ကား တွယ်စီးခြင်း စသည်ဖြင့် မိမိကိုယ်ခံစွမ်းအားများ မြင့်မားလာအောင် လေ့ကျင့်ယူနိုင်ပါသည်။ ထို့အပြင် ခွန်အားဖြိုးမောက် အေဘီစီစတောက်ဟု ဆိုထားသဖြင့် အေဘီစီများများ သောက်ရန်။ နောက်ဆုံးဖော်ထုတ် လေ့လာတွေ့ရှိချက်များအရ အောက်စီဂျင်ဓာတ်သည် ကိုယ်ခံစွမ်းအား မြင့်မားစေသည့်အတွက် အောက်စီဂျင် ဓာတ်ငွေ့အိုးကြီးများကို သွားလေရာ ယူသွား၍ရှုကြရန်။ အောက်ဆီဂျင် အိုးမတတ်နိုင်ပါက ရေခဲသည် အောက်ဆီဂျင်ဓာတ် အပြည့်ပါဝင်သော ပစ္စည်းဖြစ်သဖြင့် အမှတ်စဉ်၁တွင် ဖော်ပြထားသည့်အတိုင်း လက်တစ်ဖက်ဖြင့် နှာခေါင်းတစ်ဖက်ကိုပိတ်၍ အခြားလက်တစ်ဖက်ဖြင့်
ကျန်ရှိနေသောနှာခေါင်းဝ၌ ရေခဲကိုတေ့၍ရှုခြင်းအားဖြင့် ကိုယ်ခံစွမ်းအား တိုးမြှင့်ရာလည်းရောက်၊ ရောဂါပိုးကို ရာနှုန်းပြည့် ကာကွယ်ရာလည်းရောက်ကြောင်း ငပေါများ ရောဂါကာကွယ်ရေးဆပ်ကော်မတီမှ သတိပေး ထုတ်ပြန်လိုက်ရပါသည်။

ငပေါဂေဟာငှက်ကထကြီးအောင်ဒီကန်
ငှက်ကထ
ငပေါများရောဂါကာကွယ်ရေးဆပ်ကော်မတီ
စာကြွင်း။ ။
ကျန်းမာရေးဝန်ကြီး တုပ်ကွေးဖြစ်နေသဖြင့် ငှက်ကထကိုယ်တိုင် ကြေငြာရခြင်း ဖြစ်ပါသည်။

6 comments:

Anonymous said...

ယခုကဲ.သို. အလွန်ရခဲသော် အသိပညာပေးများအား
ကမ္ဘာသူ ကမ္ဘာသား၊ဂေဟာသူ ဂေဟာသားများအတွက်
သတိပေးကြော်ငြာပေးသည်.အတွက် ငှက်ကထကြီး
အောက်ဆီဂျင်အိုး မပိခင် စီစဉ်နိုင်စရာရှိတာတွေကို
အမြန်ဆုံး အကောင်အထည် စီစဉ်နိုင်ပါစေ..
ဂေဟာမှာတော. လမ်းလာမလျှောက်ကြေးနော်..
မမ

tututha said...

တုပ်ကွေးမိနေသော ကျန်းမာရေးဝန်ကြီးကို မန်ကျီးသီးတပိသာ ရှိန်းခိုတပိသာ ရောစပ်၍ လက်သီဆုပ်ခန့် ဆုပ်ကာ အာမထိ လျှာမထိမြိုခိုင်းရန် ထပ်ဆင့်ညွှန်ကြားလိုက်သည်။

ပုံ
နာယကဂျီး

သမီးပျို said...

သမီးပျိုမှ ထပ်မံဖြည့်စွပ် လိုသည်က ယခုကဲ့သို့ကျန်းမာရေးအသိပညာများကို မကွယ်မ၀ှက် စေတနာဗရဗွ ဖြင့်တင်ပြပေးသော ငှက်ကထကြီးအား အထူးလေးစားပါသောကြောင့် ပြည်သူများမှ စေတနာရှင် ငှက်ကထအား ကြေး ပိသာချန်၂၀၀၀ခန့်ရှိဂုဏ်ပြုတံဆိပ်အားလည်းကောင်း ၊ ၀က်တုတ်ကွေး ကူးစက်မခံရေး နည်းလမ်းများကို အပတ်တကုတ်ကြိုးစားရှာဖွေခဲ့ရခြင်းများအား အသိအမှတ်ပြုသည့်အနေဖြင့် ပြည်သူတရပ်လုံးအား သရုပ်ပြဂုဏ်ပြုပေးပါရန် ငှက်ကထအားဂုဏ်ပြုခဲ့သော ပိသာချိန် ၂၀၀၀ခန့်ဂုဏ်ပြုတံဆိပ်ကိုလည်တွင် ဆွဲကာ အောက်ဆီဂျင်ပိုက်ကိုကျောတွင်ပိုး၍ နှာခေါင်းဝတွင် ရေခဲတုန်းဆို့ကာ အသက်မရှုပဲ ပြည်သူများအား သရုပ်ပြပေးပါရန် ပြည်သူများမှတောင်းဆိုထား ပါတယ် ငှက်ကထကြီးရှင့်.....

sait phay yar said...

ယနေ့မှစ၍ ဂေဟာမှလူများ နှခေါင်းတစ်ဖက်နှင့်အသက်ရှုကြပါရန်.......၀က်တုတ်ကွေးဖြစ် ပွားနေသော ငှက်ကဥမှ ပြောသွား....

ဗန်ပိုင်းယား said...

~!@#$%^&*()_+

Anonymous said...

ကျွန်မ တို.ရဲ. တစ်ဦးတည်းသော် ငှက်ကထကြီးအား
ယခုကဲ.သို. သောင်းသောင်းဖျဖျ မေတ္တာ သရကာများ
ထားရှိကြသည်ထဲမှာ အသင်းသားကေလာ၏ မေတ္တာစာသည် အထိရောက်ဆုံးး အပြောင်မြောက်ဆုံး
ဖြစ်သော်ကြောင်...ထိုမေတ္တာစာအား ငှက်ကထကြီး
ရောက်လေဘ၀မှ ဖတ်နိုင်ပါစေသား...
ငှဲလျောင် ငှဲလျောင် ငှဲလျောင်
မမ