ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Sunday, February 7, 2010

အလှု

ရေဖန်ခွက်  ၅ ခွက်ကို ကြမ်းပြင်သို့ ပစ်ပေါက်လိုက်သော ခွမ်းဆိုတဲ့ အသံနှင့် ငပေါ  long live ဆိုတဲ့ အသံဖြင့် ညနေခင်းက အယောင်ယောင်အမှားမှားနဲ့ နိုးထလာခဲ့တယ်။ ဆောင်းနှောင်းရာသီရဲ့ ညနေခင်းဖြစ်ကြောင်း ဖော်ပြဖို့ မြူတွေက အပို ကယိုနဲ့ အရှက်သည်းစွာ ရစ်ဆိုင်းလာတယ် အပျိုစင် ဆန်ဆန်ပေါ့ ။ ဒီလိုသာယာတဲ့ ဆောင်းညနေခင်းလေးမှာ ချစ်သူနဲ့ နှစ်ယောက်တည်း ထိုင်ပြီး ချစ်စကား တီတီတာတာလေးတွေ ပြောနေရမှာ (သည်းခံပါ ခင်ဗျာ မြန်မာပြည်ရဲ့ များပြားလှသော စာရေးဆရာတွေ ရေးတဲ့ ၀တ္ထူများကို လေ့လာအား ကောင်းသွားလို့ပါ . . . . မှတ်ချက်= စာရေး ဆရာ အာဘော်) အခုတော့ ငပေါဂေဟာရဲ့ အရမ်းချောသော ကောင်လေး သဘာပတိ၊ ပလွေရိုး ရေချိုးသလို ရုပ်နဲ့ ကူးသန်းဝ ပေါညီံ၊ ခပ် ၀၀ အစ်မကြီး အသင်းသားချုပ် ဒေါ်ခေါင်၊ အသက်ငယ်ပြီး ၀တုတ်နေတဲ့ အဖွဲ့ဝင် သစ် လက်လက်တောက်၊ အနည်းငယ် ပြည့်ဖြိုးပြီး ချစ်စရာကောင်းတဲ့ ကောင်မလေး တစ်ယောက် (ငတိ တဖက်သက် ကြိတ်ကြွေနေတာ {ခလွမ်း ကြွေကျသံ}စာရေးဆရာ အာဘော်) တို့ အရေးကြီး ကိစ္စဖြစ်တဲ့ ထိုင်နေသော ဆိုင်မှ ဘာမှစားကြရင် ကောင်းမလဲ ဟု အပြင်းအဖန် တိုင်ပင် ဆွေးနွေး ငြင်းခုန်ကာ နောက်ဆုံး မဲဆန္ဒအရ ကိုယ်ကြိုက် တာကိုယ် မှာစားကြရန် ပူတပြင်း ဆုံးဖြတ်လိုက်သည်။ (အစားအသောက်ထက် ဘာအရေးကြီးလဲပြော) စားလို့သောက်လို့ ပြီးတော့ ဘေလ်ကို ရအောင်ယူကာ အတုပြုလုပ်၍ ကိုယ့် ညီမဖြစ်သော ဘန်ဒါရေးမှုးနှင့် လက်ဝါး ရိုက်ရန် အကြံရ၏။ (အဲ မွှားလို့ နောက်တာနော် တကယ် အထင်နဲ့ နော်လို့  နော် . . .)
စားပွဲခုံ (စား . . . ပွဲခုံ ဟု ဖတ်ပါလေ) ထိပ်ဆုံးမှာ နေရာယူထားတဲ့ ငတိက "အဟမ်း အဟမ်း ကဲ ကဲ စားလို့ သောက်လို့လဲ ပြီးပြီ ပြန်ကြတာပေါ့ " လို့လဲ ပြောစကားတောင် မဆုံးသေး အားလုံး ထကန့်ကွက်ကြ၏။ " ဟေး . . ပျော်လိုက်တာ ပြောပါ့ ပြောပါမလားလို့ စိတ်ပူနေတာ" အဲ့မှာ ချစ်စရာ အကောင်းဆုံး  ကောင်မလေးက ထအော်၏ " ဒီနေ့ အရေးကြီးတဲ့ အရေးကြီးကိစ္စကို အရေးတကြီး ဆွေးနွေးဖို့ အရေးတကြီးတွေ့တာဆို  အခုတော့ အရေးကြီး ကိစ္စကို အရေးတကြီး ဆွေးနွေးတာလဲ မတွေ့ဘူး ဒီက အရေးတကြီး ဆွေးနွေးမဲ့ အရေးတကြီးကိစ္စ သိချင်လို့ လိုက်တာကို ဟွန့်" ဆိုတော့မှ " ဟုတ်သား " ပဲဟု တယောက်တပေါက် ထောက်ခံကြ၏။ ဘာပြောပြော ထေက်ခံတာ အကျင့်ပါနေတာကိုး ဒါနဲ့ ကျွန်တော်ကလဲ မျက်နှာချို သွေးကာ " ကဲ ကဲ မင်းပဲ ပြောလိုက်လေ " ဆိုပြီး မသိမသာလေး နေရာ ပေးလိုက်တယ်။ အဲ့တော့မှ " နင် ပြောထားတာ ဒါပဲလေ ငါလဲ ငါသိတာ ထပြောကြည့်တာ " အဲ့တော့မှ ငတိလဲ အရှက်လုံးလုံးကွဲတော့တာပဲ "ကဲပါ ငါကပဲ သေချာ ပြောပြတော့မယ် ဒီလိုပါ 

၁- ငပေါဂေဟာရဲ့ နာယကဂျီးနဲ့ ငပေါရဲ့ မရှိမဖြစ် ပေါမမတို့က မိဘမဲ့ ကလေးတွေကို လိုအပ်တာ ဝယ်ယူ
၂- လှုတန်းဖို့ မြန်မာပြည်ရဲ့ ငပေါဂေဟာသို့ ယူရို ငွေ သန်း ၁၀၀ကို လွှဲအပ် လိုက်ကြောင်း 
၃- တခြား ရည်ရွယ်ချက်မှာ ငပေါများ စည်းလုံးစွာ ပျော်ရွှင်စွာ ရင်းနှီးစွာ နေထိုင်စေရန်လဲ တခုပါဝင်ကြောင်း
၎- မြန်မာပြည်သို့ ရောက်သော အခါ ယူရိုငွေ သန်း ၁၀၀မှာ ငပေါငွေ ၁သိန်းကျော် ဖြစ်သွားကြောင်း
၅- ထိုငွေတွေကို ဆန် ဆီ ဆားနဲ့ တခြား လိုအပ်တာတွေ ဝယ်ယူရန် ခေါ်ယူ ဆွေးနွေးရခြင်းဖြစ်ကြောင်း
၆- သွားရောက် လှုတန်း ပေးအပ်ရန် မိဘမဲ့ ဂေဟာကိုတော့ မသတ်မှတ်သေးရကြောင်း
(အခုတော့ သန်လျင်ကိုပဲ သွားရောက်မည် ဖြစ်ကြောင်း)
၇- နေ့ရက်ကတော့ ၁၂ရက်နေ့ ပြည်ထောင်စုနေ့မှာ သွာရောက်လှုတန်းမည် ဖြစ်ကြောင်း
၈- ပစ္စည်းဝယ်ယူမဲ့ နေရာနဲ့ ဝယ်ယူမဲ့ ပစ္စည်းတွေတော့ စဉ်စားဆဲဖြစ်ကြောင်း
(အခုတော့ သယ်ယူရ လွယ်ကူရန် သန်လျင်မြို့မဈေးမှာပဲ ဝယ်ယူမည်ဖြစ်ကြောင်း)
၉- မြန်မာပြည်ရှိ အခြားသော ငပေါများမှလဲ အလှုငွေများ ဆက်လက် အားဖြည့်ကာ ပျော်ရွှင် စည်းလုံးစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
၁၀- နောက်နောင်များတွင်လဲ ယခုလို တတ်နိုင်သလောက် တွေ့ဆုံကာ (အနည်းဆုံး ၁ လ တစ်ကြိမ်ခန့်) ပရဟိတများအား လုပ်ဆောင်သွားရန် နှင့်
၁၁- ငပေါအချင်းချင်း ချစ်ခင်ကြရန် သဘာပတိမှ မှာ . . .စား. . . သွားကြောင်း သတင်း စုံလင်ပါ။

3 comments:

aungnyinyi said...

ဘယ်အစီအစဉ်ပဲ ဖစ်ဖစ် ခေါက်တံပါဒယ်ဗျို့ 

tututha said...

ကောင်းလှောင့်တေး ကောင်းလှောင့်တေး သာဓု အကြိမ် တသောင်း ခေါ်တယ်

အမှုရှောင်နန်းညီ said...

ဘာကြီးတုန်း ဒါက