ငပေါဦးတည်ချက် ၄-ရပ်

* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

Monday, March 8, 2010

မြန်မာ ဘလော့ဂ် အကယ်ဒမီ ဆုပေးပွဲကြီး (၃)

အကယ်ဒမီပွဲတက်လာသော ငပေါကြီးငယ် အသွယ်သွယ်တို့မှာ ဆုရသည် မရသည် အပထား... လေထဲ တိုက်အိမ်ဆောက်ကာ စိတ်ကူးကိုယ်စီ၊ ရင်ခုန်သံကိုယ်စီနဲ့ အပျော်ကြီးပျော် အပေါကြီးပေါနေ ကြတော့သည်။ အဝတ်အစားများကလည်း မင်းသား၊ မင်းသမီးများရှုံးလောက်အောင် တောက်ပြောင် မော်ကြွားနေလိုက်သည်မှာဖြင့် မြင်ရသူ မျက်စိကျိန်းလောက်သည်အထိပင်။

အကယ်ဒမီဆိုသည်မှာ ဘယ်ဆီနေမှန်းမသိ... ငပေါတွေကတော့ဖြင့် ဆုကြီးကို လက်ဝယ် ပိုက်ထားသကဲ့သို့ပင် လောကကို ထီမထင်သလို မာန်တက်နေသည်ကိုလည်း အခြားအခြားသော ဘလော့ဂ်များ၊ လူတည်လူခန့်များက နည်းနည်မျှ ကြည့်မရဖြစ်နေလေတော့သည်။

ငပေါများနှင့် ယခု လောလောဆယ် ဓာတ်ကျနေသည်ကတော့ မီဒီယာသမားများဖြစ်လေသည်။ လူသတင်း လူချင်းဆောင်သော ခေတ်ကို လွန်မြောက်ခါ ယခုအခါ လူသတင်း မီဒီယာဆောင်ဟုပင် ဆိုရမည့်ခေတ် ဖြစ်ရာ ငပေါတို့သည်လည်း “မီဒီယာကို ပေါဂေဟာဖြင့် ဖုံးလွှမ်းမည်” ဟူသော ဆောင်ပုဒ်ဖြင့် မီဒီယာတို့နှင့် တရုံးရုံးတစီစီ လုပ်ကာ ခေတ်ကို ပုခုံးခြင်းယှဉ်ရန် ကြိုးစားနေလေတော့သည်။

မီဒီယာ။ ။ ဒီဘက်က ဝန်ကြီးက...

အသင်းသူ။ ။ ဟွန်း... တစ်ခါလာ ဝန်ကြီး... နှစ်ခါလာ ဝန်ကြီး... ကြာရင် ခင်ဗျားတို့ မီဒီယာတွေ ကိုဝန်ကြီးတွေနဲ့ ဖြစ်ကုန်မယ်...

မီဒီယာ။ ။ ဗျာ...

အသင်းသူ။ ။ မဟုတ်ဘူးလား... ဒီမယ်ရှင့်... ခေါင်းဆောင်ပဲ ရှိပြီး နောက်လိုက်ကောင်း မရှိရင် အသင်းအဖွဲ့တစ်ခု ရေရှည်မခံနိုင်ဘူးဆိုတာ ရှင်တို့ မသိလေရော့သလား...

မီဒီယာ။ ။ အော်...

အသင်းသူ။ ။ မအော်ပါနဲ့... ရှင်တို့တွေက အထက်ဖားအောက်ဖိ သိပ်လုပ်ချင်တဲ့ လူတွေ... ခုခေတ်ဟာ ခေတ်မီဖွန်ဖြိုးသော Democrazy ဆိုတဲ့ ငပေါလူထုကို ဦးတည်တဲ့ခေတ်ဖြစ်နေပြီဆိုတာ ရှင်တို့ မသိဘူးလား...

မီဒီယာ။ ။ အော်... ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ... ကျွန်တော်တို့က...

အသင်းသူ။ ။ ဘာမှ ဟုတ်မနေနဲ့... ခု ကျွန်မကို အင်တာဗျူးပါ... ဒါပဲ...

မီဒီယာ။ ။ ဟုတ်ကဲ့ဗျာ... နာမည်က...

အသင်းသူ။ ။ ချောသမှ ပြောသတင်းယူရလေတဲ့... ပေါမမ ပေါအသင်းသူပါရှင့်

မီဒီယာ။ ။ အော်... အခုလို ပွဲတက်လာတဲ့ ရင်ခုန်သံနဲ့

အသင်းသူ။ ။ အကယ်ဒမီ မမ တစ်ယောက်အနေနဲ့ ရင်ဖွင့်ရမယ်ဆိုရင်...

မီဒီယာ။ ။ နေ၊ နေပါဦး... ခင်ဗျားက အကယ်ဒမီ ရပြီးပြီမို့လို့လား

အသင်းသူ။ ။ ဒီမှာ... မရှည်နဲ့... အကယ်ဒမီပွဲကို လာတယ်ဆိုကတည်းက အကယ်ဒမီဖြစ်သွားပြီ... ဒါပဲ...

မီဒီယာ။ ။ ဟုတ်... ခင်ဗျားကတော့ အကဲဒမီပဲ ရသင့်တယ်၊ ကဲလွန်းလို့...

အသင်းသူ။ ။ ဟွန်း၊ ဒီတော့ အကယ်ဒမီ ပေါမမအနေနဲ့ ရင်ဖွင့်ရမယ်ဆိုရင်... အရမ်းအရမ်းကို ရင်သိမ့်တုန် ရင်ခုန် ရင်နင့်အောင် ပေါဟောဟော... ပါတယ်လို့ ပြောချင်ပါတယ်။ ပြီးတော့...

မီဒီယာ။ ။ ဟုတ်ကဲ့ ကျေးဇူးပါ... ဒီဘက်က...

အသင်းသူ။ ။ အဲ... ပြီးသေးဘူးလေ... ဒီမှာ ဖြေနေတာ

မီဒီယာ။ ။ ဟုတ်ကဲ့၊ ဒီလောက်ဆို ရပါပြီ၊ ကျေးဇူးတင်ပါတယ်။

အသင်းသူ။ ။ ဟွန်း...

မီဒီယာ။ ။ ဒီဘက်က အသင်းသား ထင်ပါတယ်။

ယာယီ အသင်းသား။ ။ ဟုတ်ပါတယ်။ ကျွန်တော်က ယာယီအသင်းသားဖြစ်ပါတယ်။ အမှတ်စဉ် ယပက်လက် မျဉ်းစောင်း သုညသုညတစ်ကို ကိုင်ဆောင်ထားတဲ့...

မီဒီယာ။ ။ ဟုတ်၊ ရပါပြီ... ဘာဖြစ်လို့ ယာယီ ဖြစ်ရတာပါလဲ။ ဂေဟာက အစမ်းခန့်ထားတဲ့ သဘောလား။

ယာယီ အသင်းသား။ ။ အမှန်က Permanent လို့ခေါ်တဲ့ အမြဲတမ်း အသင်းသားလုပ်လိုက်ရင် အမြဲတမ်း ပေါနေတဲ့သူလို့ အထင်ခံရမှာ ဆိုးလို့ပါ။

မီဒီယာ။ ။ အော်... ခုလို ပွဲတက်ရခြင်းရဲ့ ရင်ခုန်သံ...

ယာယီ အသင်းသား။ ။ ရင်ခုန်တာ လမ်းမကောင်းလို့ နေမှာပေါ့ဗျာ...

မီဒီယာ။ ။ ဘယ်လို... မရှင်းလို့...

ယာယီ အသင်းသား။ ။ အော်... ယာဉ်တွေ ခုန်တာ... လမ်းမကောင်းလို့၊ ချိုင့်တွေနဲ့ မို့လို့ နေမှာပေါ့လို့ ပြောတာ...

မီဒီယာ။ ။ အော်... ဟာဗျာ... ကျေးဇူးပါပဲ။ ဒီဘက်က ဝန်ကြီး ထင်ပါတယ်။

ချက်တွယ်ရေး ဝန်ကြီး။ ။ ဟုတ်ပါတယ်၊ တချက်အလွယ်လေး ပြင်ပြီးသုံးနိုင်တဲ့ ဆက်သွယ်ရေးဝန်ကြီး ငတုံးပါ...။

မီဒီယာ။ ။ အော်... ငပေါ ဆက်သွယ်ရေးအနေနဲ့... အကယ်ဒမီပေးပွဲအပေါ် ဘယ်လိုများ ရင်ခုန်ပါသလဲ

ချက်တွယ်ရေး ဝန်ကြီး။ ။ အော်... ပျော်ပါတယ်။ ဘာလို့လဲ ဆိုတော့ ငပေါဂေဟာက အကောင်းဆုံး အတင်းအဖျင်း အဖွဲ့ ဆုရမှာ မို့လို့ပါ

မီဒီယာ။ ။ ဗျာ... ဘယ်လို... အကောင်းဆုံး အတင်းအဖျင်း အဖွဲ့ဆု ရတယ်၊ ဟုတ်လား...

ချက်တွယ်ရေး ဝန်ကြီး။ ။ ဟုတ်တယ်၊

မီဒီယာ။ ။ ဗျာ... ဘယ်လို သိတာပါလဲဗျာ... ဗေဒင်ဆရာ မေးလာလို့လားခင်ဗျာ...

ချက်တွယ်ရေး ဝန်ကြီး။ ။ ဟေ့ ဒီမှာ ဗေဒင်မေးရင်တောင် လွဲမယ်။ ဆက်သွယ်ရေးက နားထောင်ပြီးသွားပြီ။ သေချာတယ်...

မီဒီယာ။ ။ ဗျာ... နားထောင်တယ်

ချက်တွယ်ရေး ဝန်ကြီး။ ။ ဟုတ်တယ်လေ... မယုံစောင့်ကြည့်ပေါ့... ဘာကြောင့်လဲဆိုတော့... ဒီလိုဗျ... ဘယ်နေရာကနေ ဘယ်နေရာကိုပြောပြော... ဘယ်သူက ဘယ်သူ့ကိုပဲ ပြောပြော ငပေါဂေဟာ ဆက်သွယ်ရေးက ကြားတယ်လေ... သိဘူးလား။

မီဒီယာ။ ။ ဗျာ...

ချက်တွယ်ရေး ဝန်ကြီး။ ။ မဗျာနဲ့... “နံရံတွေမှာ နားတွေ ရှိတယ်” ဆိုတာ ခု မဟုတ်တော့ဘူး၊ “ဆက်သွယ်ရေးမှာ နားတွေ ရှိတယ်” လို့ ပြင်လိုက်တော့...

မီဒီယာ။ ။ အော်... ဟုတ်ကဲ့၊ ကျေးဇူးအများကြီး၊ အကြီးကြီးကို တင်ပါတယ်။ ဒီသတင်းကို သူများ သတင်းဌာနတွေထက် အလျင်ကို ကြေညာပါ့မယ်။ ဒါနဲ့ ဒီဘက်က ဝန်ကြီးလို့ ထင်ပါတယ်။

ကြမ်းမာရေး ဝံဂျီး။ ။ ဟုတ်ပါတယ်... ချမ်းသာအေးစေဖို့ လှမ်းလာမေးနေကြတဲ့ ကျန်းမာရေးမြေကပါ။

မီဒီယာ။ ။ အော်... ဟုတ်ကဲ့ပါ။ ကျန်းမာရေးနဲ့ အကယ်ဒမီနဲ့ ဘယ်လိုများ ပတ်သက်လို့ လာရောက်ရပါသလဲ...

ကြမ်းမာရေး ဝံဂျီး။ ။ အော်... အကယ်ဒမီ ရတယ်၊ မရဘူးဆိုတာ စိတ်နဲ့ပတ်သက်တယ်လေဗျာ။ တကယ်လို့ အကယ်ဒမီမရဘူးဆိုရင် ငပေါတွေ ပေါရုံမက သွပ်ချောင်ချောင်ဖြစ်တာတို့၊ စိတ်ဖောက်သွားတာတို့ ဖြစ်သွားနိုင်တယ်လေ... အဲလိုတွေ ဖြစ်တဲ့အခါ ကျန်းမာရေးက လိုအပ်လာပြီလေ...

မီဒီယာ။ ။ ဝန်ကြီးကရော... အကယ်ဒမီကို မျှော်မှန်းပါလား...

ကြမ်းမာရေး ဝံဂျီး။ ။ အင်း... ကျွန်တော်က ဂေဟာကို အကယ်ဒမီ အရမ်းရစေချင်ပါတယ်။ အဲဒါဆို နောက်ပိုင်းမှာ ပေါကျန်းမာရေး ပညာပေးကားတွေ များများ ရိုက်လို့ ပိုရလာမှာ မို့လို့ပါ

မီဒီယာ။ ။ တကယ်လို့ အကယ်ဒမီ မရရင် ကျန်းမာရေး ဝန်ကြီးကရော သွပ်ချောင်ချောင်ဖြစ်သွားမှာလား... အဲလို ဖြစ်သွားရင် ကျန်တဲ့ ငပေါတွေကို...

ကြမ်းမာရေး ဝံဂျီး။ ။ ဟ၊ ဟ... အဟေ့... မောင်ရင်... သိပ်မစဉ်းစားနဲ့၊ မောင်ရင်ပါ သွပ်ချောင်ချောင် ဖြစ်သွားမယ်၊ မီဒီယာက မီဒီယာလိုနေ...

မီဒီယာ။ ။ ဟုတ်၊ ဟုတ်ကဲ့ပါ။ ကျေးဇူးတင်ပါတယ်။

အားလုံးပဲ မင်္ဂလာပါရှင်...

ငပေါများ အားလုံး နေရာယူပြီး သိပ်မကြာခင်မှာပဲ... စင်မြင့်ထက်မှ အစီအစဉ်တင်ဆက်သူ၏ အသံကို ကြားရတော့သည်။

ကျွဲရောင်းလာကြတဲ့... ဘလော့ဂါရပ်ဝန်း အချီးအကဲများ၊ လူချီးမြင်းများ... ငပေါများ... ရုပ်တည်များ... ပေါက်လွတ်ပဲစားများ၊ ဘလော့အာပလာရှင်များ... အားလုံးအားလုံးကို စီစဉ်သူများကိုယ်စား ကျွန်မကပဲ ဒီစင်မြင့်ထက်ကနေ နှုတ်ခွန်းဆက်သ ဂါရဝ ပြုပါရစေ။

မကြာမီ အချိန်တောအတွင်းမှာ အားလုံးမျှော်လင့် စောင့်စားနေကြတဲ့ ၂၀၀၉ ခုနှစ်ရဲ့ အကောင်းဆုံး ဘလော့ဂ် အကယ်ဒမီများကို ကြေငြာပေးအပ်သွားမှာဖြစ်ပါတယ်။

ထိုသို့ ပေးအပ်တဲ့နေရာမှာ စနစ်မကျ... အဲ... စနစ်တကျ ကောက်ယူထားတဲ့ စစ်တမ်းကို အခြေခံပြီး... ၂၀၀၉ ခုနှစ်မှာ ထွက်ရှိသမျှ ဘလော့ဂ်တွေ အားလုံးထဲကနေ... အလွဲဖြတ်ဒိုင်တွေ စိတ်ရှိသလို... အဲ... စိတ်ထင်သလို... အဲ... သီးခံပါရှင်... အလွဲဖြတ်ဒိုင်လူကြီးတွေက စည်းမျဉ်းစည်းကမ်းများနှင့် တခြားစီ မတရားသဖြင့်... အဲ... သီးခံပါ... စည်းမျဉ်း စည်းကမ်းများနှင့် အညီ တရားသဖြင့် ဆုံးဖြတ်ရွေးချယ်ထားတာ ဖြစ်ပါတယ်။

ဏာယကဂျီး။ ။ ဆယ်သွယ်ရေးဝန်ကြီးရဲ့ သတင်းသာ အမှန်ဆိုရင် ဆုပေးတဲ့အခါ ငပေါအားလုံးက “လောင်းလစ်ဗ် သပေါစ်” လို့ အော်ကြမယ်။

လျှောက်လုပ်ရေးဝန်ကြီး။ ။ ဟုတ်ပါပြီ၊ ဆုကို ဘယ်သူက တက်ယူမှာလဲ... အကုန်လုံးသာ တက်ယူရင် စင်ကျိုးကျမှာ သေချာတယ်။

တွင်း (၁)။ ။ တကယ်လို့ ဆုမရရင်... အကောင်းဆုံး အတင်းအဖျင်းအဖွဲ့ ဆုရတဲ့ ဘလော့ဂ်ကို အပြန်ကျရင် ပြန်ပေးဆွဲသင့်ဆွဲရမယ်

တွင်း (၂)။ ။ ဟာ... ပြန်ပေးဆွဲပြီး ဘာလုပ်မှာလဲ... ရွှေပြားဆုကို လုပြေးရင် ရပြီပဲလေ...

အသင်းသူ။ ။ နေပါဦး... မမတစ်ခုလောက် ပေါ... အဲ ပြောပါရစေ... တကယ်လို့ ဆုရရင်... တစ်ဦးတည်းသော အသင်းသူလေးကို အသိမှတ်ပြုတဲ့အနေနဲ့ ဆုတက်ယူခွင့် ပြုပါလို့... တောင်းဆို...

ကာကွယ်ရေး ဝန်ကြီး။ ။ အာ... အရေးထဲမှာ၊ တိတ်တိတ်နေ... ဆုတကယ်ရရင် ညည်းကို တက်ယူခိုင်းမယ်၊ ခု ပါးစပ်ပိတ်နေ...

အသင်းသူ။ ။ ဂယ်... ဒဂယ်။။။ မမကို တက်ယူခိုင်းမယ်... ဏာယကဂျီး ဟုတ်လားဟင်...

ကာကွယ်ရေး ဝန်ကြီး။ ။ ဟာ။ ညည်း ပါးစပ်ပိတ်ပါဆို... ဒီမှာ... ကျွန်တော့် ကျောပိုးအိတ်ထဲမှာ လက်နက်တွေ အများကြီး ပါလာတယ်။

ဏာယကဂျီး။ ။ လက်နက်တွေ... ဟုတ်လား၊ အဝင်တုန်းက စစ်ဆေးရေးမှာ အသံမမြည်ဘူးလား။

ကာကွယ်ရေး ဝန်ကြီး။ ။ အာ... ဏာယကဂျီးကလည်း လက်နက်ဆိုတာ လက်အိတ်အနက်တွေကို ပြောတာဗျ။

ဏာယကဂျီ။ ။ ဟာ... နင့် အဲဒီ လက်အနက်တွေက ဘာလုပ်လို့ ရမှာလဲ၊ ကာကွယ်ရေးဝန်ရ...

ကာကွယ်ရေး ဝန်ကြီး။ ။ ဟာ... ဟုတ်ဘူးဗျ၊ ကျွန်တော့်ဟာတွေက လက်ဝှေ့ထိုးတဲ့ အိတ်အနက်တွေဗျ။ အဲဒီတော့ ဂေဟာသာ ဆုမချိတ်ဘူး ဆိုရင်... ခုရှေ့က စင်မြင့်ဟာ လက်ဝှေ့စင်မြင့် ဖြစ်သွားစေရမယ်။ သိပြီလားဗျ။

ဏာယကဂျီး။ ။ နင့်ဟာက ဖြစ်ပါ့မလားဟယ်။ ဟိုမှာ လျှောက်လုပ်ရေးဝန်ဆို လူရိုးလေး... လူက အရိုးပဲ ရှိတာလို့ ပြောတာ... အတွင်းထဲမူးဆိုတဲ့ ကောင်တွေကလည်း အတွင်းထဲမှာပဲ မူးနေတာလေ... လူမပြောနဲ့ ပုလင်းတောင် ကုန်အောင် ဖြိုနိုင်ပါ့မလား သိဘူး။

ငှက္ကဌ။ ။ ဒါတော့ ဏာယကဂျီး အချင်းချင်း ကပ်ကျောတာပဲ... ပုလင်းတော့ ဖြိုနိုင်ပါတယ်ဗျာ... ဒီလူတွေ

ဝန်ကြီးချုပ်။ ။ ဟေ့လူတွေ၊ ငြင်းမနေကျနဲ့တော့ ဟိုမှာ ပွဲပြန်စနေပြီ။

အခု... အခမ်းအနားအစီအစဉ်အရ မြန်မာဘလော့ဂ် အကယ်ဒမီဆုများကို ကြေငြာရန် အမ်အမ် ဘလော့ဂ်ပရက်စ်မှ တာဝန်ရှိလူချီးမြင်း ဦးပြောင်ပြောင်ပွင့်ကို ဖိတ်ခေါ်ပါတယ်။

ဒီလိုနဲ့ ဦးပြောင်ပြောင်ပွင့် စင်ပေါ်တက်လာသည်။

မင်္ဂလာပါ။ အားလုံးလည်း သိကြမှာပါ။ ဘလော့ဂါဆိုတာ ဘလာဂေါ်တဲ့ လူတွေပါ။ ဒါပေမယ့် ၂၀၀၇ နောက်ပိုင်းမှာ သူတို့တွေရဲ့ တန်ဖိုးကို ကျွန်တော်တို့ သိလာပါတယ်။ သူတို့တွေဟာ ဘယ်ဝန်ကြီးက ဘယ်အုတ်နံရံမှာ သေးနဲ့ပန်းသွားတယ်။ ဏာယကဂျီး ဘယ်ဆိုင်မှာ ပုလွေတစ်ရာသောက်တယ် အဲသလို အရာတွေကအစ အချိန်နဲ့ တပြေးညီ တင်ဆက်နိုင်တော့ ကျွန်တော်တို့ဟာ သူတို့တွေရဲ့ အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့... တနည်းအားဖြင့် ကျွန်တော်တို့ အတင်းတွေကို မရေးဖို့... အဲ... အဲ... တနည်းအားဖြင့် နိုင်ငံကို ပိုမို အကျိုးပြုနိုင်ဖို့အတွက် ဒီလိုဆုတွေကို ပေးအပ်ရတာပါ။

အခု... အကောင်းဆုံးစားရင်ဝင်တဲ့ ဆုရဘလော့ဂ်များကို ကြေငြာပါတော့မယ်...

အကောင်းဆုံး တိုလီမိုလီ ဘလော့ဂ်ဆုကို မြန်မာ အီးတုံး ဘလော့ဂ်က ရရှိပါတယ်။

အကောင်းဆုံး ဘာသာကူးရသစာပေ ဘလော့ဂ်ဆုကိုဖြင့် ကိုပါတီရဲ့ အကူးပုံရိပ်များ ဘလော့ဂ်က ရရှိပါတယ်

အကောင်းဆုံး ရင်တွင်းညှစ် ခံစားမှုစာပေ ဘလော့ဂ်ဆုကို မြောင်းကျိုးတစ်စင်း ဘလော့ဂ်က ရရှိပါတယ်။

အကောင်းဆုံး လူမှုဘဝ အရှုပ်ဖော် စာပေ ဘလော့ဂ်ဆုကိုဖြင့် ဟင်းနဲ့ ပလာတာ ဘလော့ဂ်က ရရှိပါတယ်။

အကောင်းဆုံး ပညာမပေး စာပေ ဘလော့ဂ်ဆုကို အာပလာ အာဝါဒါး ဘလော့ဂ်က ရှိပါတယ်။

အကောင်းဆုံး နိုင်ငံ အပုပ်ချ သတင်းနှင့် စာပေ ဘလော့ဂ်ဆု အီးကုန်းခြင်းရဲ့ အင်အား ဘလော့ဂ်က ရရှိပါတယ်။

အကောင်းဆုံး ရွှီးပညာ ဘလော့ဂ်ဆုကို သေလမင်း ဘလော့ဂ်က ရရှိပါတယ်။

အားလုံးကို ကျေးဇူး အထူးပဲ တင်ရှိပါတယ်။ အခု ဆုများကို ပေးအပ်ဖို့အတွက်...

ဏာယကဂျီး။ ။ ဟာ... ဟေ့ကောင်တွေ... တို့ ဂေဟာ ဆုမရဘူးကွ

လျှောက်လုပ်ရေး ဝန်ကြီး။ ။ ဟာဗျာ... ရကို ရရမှာဗျ။ ဆယ်သွယ်ရေးဝန်ကော... သူပြောတော့ ရမယ်ဆို...

တွင်း (၁)။ ။ အဲဒီတော့ ရရင်ရ မရရင် သမ လုပ်ရတော့မှာပေါ့

အသင်းသူ။ ။ အဟင့်... အကယ်ဒမီ မမ မဖြစ်တော့ဘူးပေါ့နော်... ဟင့်...

ကာကွယ်ရေး ဝန်ကြီး။ ။ ဟာ... အရေးထဲ... နင်က တမှောင့်၊ အကျန်ပေးရယ် လုပ်ပါဦး၊ အကျန်လေး

အကျန်ပေးအရာရှိ။ ။ ဒီလိုလုပ်ရင်ရမယ်။ ကျွန်တော်တို့က ခု အလည်လောက်မှာ ထိုင်နေတာ... ဟိုနောက်တန်းက ဆုတက်ယူမှာ သုံးယောက်လောက် ရှိတယ်... ဒီအလည်လောက်ယောက်ရင် အဲလူကို မေ့ဆေးနဲ့ အုပ်ပြီး ကျွန်တော်တို့ထဲက တစ်ယောက်က ခပ်တည်တည်နဲ့ တက်ယူမယ်ဗျာ...

သဘာငတိ။ ။ နေဦးဗျ။ ဆုကြေငြာတာ တချို့တွေ ကျန်သေးသလိုပဲ... ဟိုလူကြီး မေ့သွားပုံရတယ်...

ဏာယကဂျီး။ ။ ဟုတ်တယ်... အကောင်းဆုံး အတင်းအဖျင်း အဖွဲ့ဆုကို မကြေငြာရသေးဘူး

ထိုစဉ်မှာပဲ... စင်ပေါ်သို့ ဦးပြောင်ပြောင်ပွင့် ပြန်တက်လာသည်။

သီးခံပါ ခင်ဗျာ။ နည်းပညာ အခက်အခဲကြောင့် ခုနက ဆုများကို ကြေငြာတဲ့အခါမှာ ဘလော့ဂ်တချို့ ကျန်သွားပါတယ်။ အဲဒါတွေကို ဆက်လက် ကြေငြာပါ့မယ်။

အကောင်းဆုံး အတင်းအဖျင်းအဖွဲ့ ဘလော့ဂ်ဆုကို ငပေါများဂေဟာ ဘလော့ဂ်မှ ရရှိသွားပါသည်။

ဆက်လက်ပြီး အကောင်းဆုံး...

ဝေး... ဟေး... ဝေးးးးး

ပျော်တယ်ဟေ့၊ ပေါတယ်ဟေ့...

ငါကွ... အကယ်ဒမီ မမကွ။

ဝေး... ဟေးလားမောင်ရို့ပေါ...

ခန်းမတစ်ခုလုံး ကြွက်ဆီညံကာ ပွက်လောရိုက်သွားသည်အထိ ငပေါတွေ ထခုန် ထအော်ကြတော့သည်။ မီဒီယာတွေ၊ စာနယ်ဇင်းတွေကလည်း ကင်မရာတွေ၊ ဗီဒီယိုတွေ တဖြတ်ဖြတ်၊ တဖုတ်ဖုတ်ရိုက်... ငပေါတွေကလည်း တဖတ်ဖတ်၊ တဖုတ်ဖုတ် အမူအရာတွေနဲ့ ပေါပြ။

အခြားအခြားသော မနာလူသူတွေက နှာခေါင်းတွေရှုံ့ကြ... ခင်မင်တဲ့ ဘလော့ဂ်တွေ၊ မိတ်ဆွေတွေက လာရောက် လက်ဆွဲနှုတ်ဆက်၊ ပခုံးဖက်၊ ဒူးတိုက် နဖူးတိုက်တွေ၊ kissing တွေ လာလုပ်ကြ။

အသင်းသူ။ ။ ဟ၊ ဟ၊ မမတို့တော့ ပွတာပဲ... စင်ပေါ်တက်ရတော့မယ်။

တွင်း (၁)။ ။ ဟာ... နင်တက်လို့ ဘယ်ဖြစ်မှာလဲ... နင်က ဘာအဆင့်ရှိလို့လဲ...

အသင်းသူ။ ။ ဘာလို့ မရရမှာလဲ... ဟိုမှာ ကာကွယ်ရေးဝန်ကြီးက ကတိပေးထားတယ်၊ ဏာယကဂျီးလည်း စောစောက ခေါင်းညိတ်ထားတယ်။

ဏာယကဂျီး။ ။ ဘာ... ကတိပေးထားတယ်။။။ ဟုတ်လား၊ ဘယ်တုန်းကလဲ...

အသင်းသူ။ ။ ဟင့်... ခုနကပြောတာလေ... ဆုရရင် မမကို စင်ပေါ်တက်ခွင့်ပြုမယ်ဆို...

ယာယီ အသင်းသား။ ။ ဟုတ်တယ်လေဗျာ... ခုနက ခင်ဗျားတို့ပဲ ပြောတာပဲ...

ဏာယကဂျီး။ ။ ကဲကဲ... ဂေဟာအနေနဲ့ ချောက်ထဲကျဖို့ လက်တစ်ကမ်းသာ လိုတော့တယ်။ ဏာယကဂျီးက ဂေဟာရဲ့ ရှေ့ရေးကို ရှေးရှုကြင်နာသောအားဖြင့် စင်ပေါ်ကို ကိုယ်တိုင်တက်မှ ဖြစ်မယ်။

ပြောရင်း တဆက်တည်း ဏာယကဂျီးက ကာကွယ်ရေးဝန်နား ကပ်သွားပြီးတိုးတိုးပြောလိုက်သည်။

(((ဏာယကဂျီး။ ။ ဒီမယ်... ကျုပ်စင်ပေါ်တက်ရတဲ့အခါ ခင်ဗျားကို မမေ့ပါဘူးဗျ။ ခင်ဗျားအတွက် ရန်ဘုန်းငွေတွေထဲကနေ လက်အိတ်နက်တွေ ဝယ်ဖို့ထပ်ထုတ်ပေးပါမယ်။)))
(((ကာကွယ်ရေးဝန်ကြီး။ ။ သေချာတယ်နော်... ဏာယကဂျီး)))
(((ဏာယကဂျီး။ ။ သိပ်သေချာတာပေါ့...)))

ကာကွယ်ရေး ဝံဂျီး။ ။ ဒီမယ်... အသင်းသား၊ အသင်းသူတွေ... ညည်းတို့နှစ်ယောက် ခုလို အခြေအခြေအနဲ့ အငြင်းပွားနေလို့ မသင့်ဘူး

အသင်းသူ။ ။ ဘာမှ အငြင်းမပွားဘူး၊ ဒီမယ် ရှင်တို့ လူလည်မကျနဲ့နော်... ငိုလိုက်မှာ... အဟင့်... ဒီနေ့တော့ အကယ်ဒမီ မမအဖြစ် စင်ပေါ်ကို တက်ရမှ ဖြစ်မယ်။။။

ကာကွယ်ရေး ဝံဂျီး။ ။ ဟေ့... လူလည်ကျရအောင် ငါတို့က ဘာလုပ်နေလို့လဲ... ဂေဟာအရေးတွေးပြီး ကယ်တင်ဖို့ လုပ်နေတာ နားလည်ထား...

အသင်းသူ။ ။ ဘာပဲဖြစ်ဖြစ် ကတိက ကတိပဲ၊ ငါးပိက ငါးပိပဲ...

ကာကွယ်ရေး ဝံဂျီး။ ။ ဘာမှ ကတိတွေ ကတက်တွေ လာလုပ်မနေနဲ့... ငြိမ်ငြိမ်နေ... စင်ပေါ်ကို ဏာယကဂျီးတက်မယ်... အသံထပ်ထွက်ရင် လက်အိတ်အနက်နဲ့ တွေ့သွားမယ် ဘာမှတ်လဲ...

အသင်းသူ။ ။ အဟင့်... လူချိုးဂျီးဒွေ... လူညာဂျီးဒွေ... အဟင့်...

ဒီလိုနဲ့ ဘီဒို အာဏာသုံးပြီး ဏာယကဂျီး စင်ပေါ်ရောက်သွားလေတော့သည်။

ဖြောင်း၊ ဖြောင်း... ရွှီး... လောင်းလစ် သပေါစ်စ်စ်... ဖြောင်း၊ ဖြောင်း... ဖြောင်း... လောင်းလစ် သပေါစ်စ်စ်...

အောက်က ဝန်ကြီးတွေကလည်း ကာကွယ်ရေးရဲ့ လက်အိတ်အနက်ကို ကြောက်သဖြင့် လက်ခုပ်တွေ၊ လက်ဖြောက်တွေကို မတီးချင် တီးချင်ဖြင့် တီးရလေတော့သည်။ ဆုယူအပြီးမှာတော့ ဏာယကဂျီးရဲ့ အကယ်ဒမီ ရင်ခုန်သံကို ကြားရလေတော့သည်။

ဏာယကဂျီး။ ။ ဆုရသည်ဖြစ်စေ မရသည်ဖြစ်စေ... ကျွန်မတို့ကတော့ ဆက်ပေါမှာပဲ ဖြစ်ပါတယ်။ ဆုရဖို့ ပေါခဲ့တာလည်း မဟုတ်ပါဘူး။ ပေါချင်လွန်းလို့ကို ပေါခဲ့တာပါ။ ဒါပေမယ့် ဆုရတယ်ဆိုတော့ ငပေါရဲ့ဝန်ကြီးတွေ အကုန်ကတော့ အားတက်တာပေါ့... ဒါပါပဲ... လောင်းလစ် သပေါစ်စ်...

ငပေါများ အားလုံး။ ။ လောင်းလစ် သပေါစ်စ်စ်...

ငပေါဂေဟာ အကယ်ဒမီ အစီအစဉ် ဤတွင် ပြီး၏။


လျှောက်လုပ်ရေးဝန်ကြီး
ပေါငြိမ်

13 comments:

sait phay yar said...

အားလုံးဟာ အကယ်ဒမီငပေါများဖြစ်သွားသည့်အတွက် လစာ တိုးပေးသင့်ပါတယ်။
သဘောတူလျှင် လက်မှတ်လာထိုးကြပါရန်။

tututha said...

ဒီပုံလေးကို တီရှပ် ထုတ်ချင်တယ် ဂယ်ပြောတာ။ စီစဉ်ကြည့်ပါလား။

ဟန်သစ်ငြိမ် said...

အဲဒါဆို ပုံအသစ်ကို ပြန်ဆွဲခိုင်းမှ ဖြစ်မယ်ဗျ.. ခုဟာက အင်တာနက်က သူများပုံကို ယူသုံးထားတာ ဆိုတော့... တမျိုးကြီးပဲဗျာ...

အကျန်လေးတွေ ပေးကြပါဦး။

ဗီလိန် said...

ဒါဆို ပုံ အသစ်ထပ်ဆွဲကြတာပေါ့။ တစ်ခုပဲ ဘယ်ဘက်ရင်အုံမှာ ပေါငြိမ်ရဲ့ ပေါတံဆိပ် တပ်ချင်တယ်။

ဖိုးဂျယ် said...

ထောက်ခံပါတယ်။ ကောင်းမယ် ထင်ရင် လုပ်သာ လုပ်ကြပါ။း)

ငတိ

mama said...

အဲဒါကြောင်.လည်း
နာယက၈ျီးဖြစ်တာမို..
နာယက၈ျီးနဲ.ကို
နာယက၈ျီးလို.သာ အ၇မ်းအ၇မ်းခေါ်လိုက်ပါတယ်
နာယကဂျီးရယ်..
ကောင်းလိုက်တဲ.အကျန်
ခေါက်တံပါတယ်..

အဖွဲ.သူ အဖွဲ.သားတွေ တစ်နေ.နေ. တချိန်ချိန်မှာ
အပြင်မှာ အားလုံး တွေ.ကြတဲ.အခါ အဲဒီ စတင်ကာ
အကျီိ မ၀တ်ထားတဲ.လူကေ၈ဟာက လူ အတု ဘဲ..
ကမ္ဘာ.ဈေးကွက်တွင် အတုများ မပေါ်ရန်-ဈေးကွက်ထိန်းသိမ်းရေး မာကက်တင်းမန်နေ၈ျာအဖြစ်..များက ဘယ်သူပေးပေး မပေးပေး တာဝန်ယူလိုက်ပြီ...
အဟိ ဈေးကိုတော. ဂေဟာ ကာရဲစီနဲ. ဘဲ ပေးရမယ်နော်..ဖြစ်တယ်မဟုတ်လား
မမ

ဖိုးဂျယ် said...

တားလဲ အကျီင်္ထုတ်ဖို့ ဒီမှာ သူငယ်ချင်းတွေကို လိုဂို ဆွဲခိုင်းထားတယ်။
ရတော့ မရသေးဘူး။ ပရဟိတ သွားရင် ဝတ်မလားဆိုပြီး
ဆွဲနေတာပါ။ မပြီးသေးလို့ မပြောဖြစ်သေးတာ
မသေချာ သေးပဲ မပြောချင်သေးလို့ပါ။
ရတော့မှ ပြပြီး အကြံဥာဏ်တောင်းမလို့ပါ။

mama said...

အွန်း..
ဆုတော.တက်ယူရပြီဆိုပြီး
ရင်ခုန်သံတွေ ၀ုန်းဒိုင်း အုံးဂွှိုင်းနဲ.
စင်အောက်ကနေ ၃ လက်မ လေဒီးရူးကြီးဝတ်
မီနီစကတ်လေးကို တက်သလို မတက်သလိုနဲ.
ပဲ နဲ. ဆွဲဆွဲချပြီး ထိုင်ရမလို ထ ရမလိုနဲ.
မမ အကယ်ဒမီ ရတဲ. မျက်နှာနဲ..
ရေလည် ရူပါကို ရှိုင်းနည်း ၈ွီုင်းနည်းလုပ်နေတာ.
၈ယ်ဘဲ ဂယ်ဘဲ..
ဒီတစ်ခါ ဟတ်ကော.ကြီးတင်မကဘူး
ဟတ်ပါ ထိတယ်..

နာယဂဂျီးဆိုတော.လည်း
ပါဝါတွေ စတေးရှင်းတွေ နဲ..ရှိုးသွားတာ
ရှိပါစေတော..

အယ်...
ဒါပေမယ်..
ထပ်ဆင်.အကယ်ဒမီ ကျရင်တော..
များ အလှည်.နော်...များ တက်ယူမှာ.
အခုထဲက အသားကုန် လာဒ်ထိုးထားတယ်..
အဲလ်...ဘွတ်ကင် လုပ်ထားတယ်..
တက်ယူချင်တဲ.လူတွေ
အနောက်က တန်းစီ...
ဒါဘဲ..

အမှုမရှောင်တရှောင် said...

လုပ်ချင်ရာသာ လုပ်ကြပါ.. အားလုံး သဘောတူပါသည်.. (ဘာလို့ဆို ကိုယ်ကမှ မလုပ်နိုင်တာ)

aungnyinyi said...

ပေါညီ
ထောက်ခံကြောင်းလက်မှတ်လာထိုးပါတယ်
လက်မှတ်

မိုးသား said...

ထောက်ခံပါတယ်..ထောက်ခံပါတယ်...

သြော်ဒါနဲ့ ..
ကျွန်တော် ထောက်ချုပ်ပါ..
(သရဲခြောက်တယ် ထင်မှာစိုးလို့ ..ဟီး)

mama said...

ထောက်ချုပ်ကို အခုလို
အရှင်လတ်လတ်ကြီးတွေ.လိုက်ရတော.
သံဝေဂ ရတယ်..
အော်..
နေ့ မြင် ညပျောက်
ဆိုတာ..ဟိဟိ
မမ

Yaminnie’s Daydream said...

ထောက်ခံကြောင်း လက်မရော ခြေမပါ လာထိုးသွားတယိ.... ဇွပ် ဇွပ်... :P